Chapters

အခန်း ၁၃၅

Vol. 13 Ch. 135

အခန်း ၁၃၅

Vol. 13 Ch. 135

အခန်း ၁၃၅ - ပီပီတုံ၏ တုန်လှုပ်မှု။

ဖူလန်ဒါမှာ အခွင့်အရေးယူရန်ကိုသာ အမြဲချောင်းနေတတ်သူ ဖြစ်သည်။ ယုတ္တိဗေဒအရဆိုလျှင် သူကဲ့သို့သော လူမျိုးမှာ အသက်ရှည်ရှည် နေသင့်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ရှောင်ချန်ယွီနှင့် တွေ့ဆုံမိကာ သံမဏိပြားကို ကန်မိသကဲ့သို့ ဖြစ်သွားရသည်။

ရှောင်ချန်ယွီမှာ ဖူလန်ဒါ၏ လှည့်ကွက်များကို စိတ်မဝင်စားပေ။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို ပိုင်ဆိုင်ထားသော ရှောင်ချန်ယွီအတွက် လက်သီးတစ်ချက်တည်းဖြင့်ပင် ပင်လယ်နတ်ဘုရားကိုပင် မခံမရပ်နိုင်အောင် လုပ်နိုင်စွမ်းရှိရာ ဖူလန်ဒါမှာမူ ပြောစရာပင် မလိုတော့ပေ။

"မင်းသမီး ကျွန်တော်လည်း ဒီသတင်းကို မှားယွင်းတဲ့ အချက်အလက်တွေလို့ ထင်ခဲ့မိပါတယ်။"

"ဒါပေမဲ့ ဖူလန်ဒါနဲ့ ရှောင်ချန်ယွီတို့ တိုက်ပွဲရဲ့ အငွေ့အသက်တွေက ထိပ်တန်းတုံ့လော အဆင့်နဲ့ပင် ယှဉ်နိုင်လောက်အောင် ပြင်းထန်လွန်းပါတယ်။ ဖူလန်ဒါ တကယ်သေသွားပြီး သူ့အလောင်းလည်း အဲ့ဒီနေရာမှာ ရှိနေဆဲပါ။"

အဆင့် ၈၁ ရှိသော ဖူလန်ဒါကဲ့သို့သူပင် ရှောင်ချန်ယွီ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ဆိုခြင်းမှာ ရှောင်ချန်ယွီ၏ အနာဂတ်မှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို ညွှန်ပြနေသည်။

အကြီးအကဲများနန်းတော်အတွင်း၌။

"လက်ရှိ သတင်းအချက်အလက် ထောက်လှမ်းရေးတွေက ပိုပိုပြီး ပေါ့ဆလာကြပြီ။ ဖူလန်ဒါ သေတယ်ဟုတ်လာ။ အဲ့ဒီ အဘိုးကြီးက ဘယ်လိုလုပ် သေနိုင်မှာလဲ။ ရှောင်ချန်ယွီလက်ချက်နဲ့ဆို ပိုတောင် မဖြစ်နိုင်သေး။"

ပီပီတုံ က ခေါင်းခါလိုက်သည်။ သူမအတွက်မူ ဤသတင်းမှာ မှားယွင်းနေသည်ဟုသာ ပထမဆုံး အထင်ရောက်မိသည်။ ဖူလန်ဒါသည် ယွီရှောင်ကန်းနှင့် ရင်းနှီးသူဖြစ်ရာ ပီပီတုံသည် သူ့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။

သူမသည် ဖူလန်ဒါကို မနှစ်မြို့သော်လည်း သူ၏ သန်မာမှုနှင့် အသက်ရှင်သန်နိုင်စွမ်းကိုမူ အသိအမှတ်ပြုထားသူ ဖြစ်သည်။

"ပီပီတုံ ဒါကသတင်းမှား မဟုတ်ပါဘူး။ ဖူလန်ဒါ တကယ်သေသွားတာပါ။"

သူမဘေးမှ ချန်တောက်လျိူ က ပြုံး၍ ပြောလိုက်သည်။ ဤသတင်းမှာ သူ့အတွက်မူ ဝမ်းသာစရာ ဖြစ်နေသည်။ ယွီရှောင်ကန်းကို မနှစ်မြို့သော ချန်တောက်လျိူအတွက် ဖူလန်ဒါ၏ သေဆုံးမှုမှာ ဝမ်းသာစရာပင် ဖြစ်သည်။

"တကယ်ပဲ သတင်းမှန်လား... ဖူလန်ဒါ သေသွားပြီပေါ့ ဒါဆိုလည်း ကောင်းတာပဲ။"

ပီပီတုံ၏ မျက်နှာမှာ အေးစက်သွားပြီး ဒေါသမှာလည်း ချက်ချင်းပင် ငြိမ်သက်သွားသည်။ သူမ ဒေါသထွက်နေသည်မှာ သတင်းမှားရသည်ဟု ထင်၍သာ ဖြစ်သည်။

ယွီရှောင်ကန်းသာ အသက်ရှင်နေပါက ကျန်သူများမှာ သူမအတွက် အရေးမကြီးပေ။

ဝိဉာဥ်ကုန်းမြေရှိ လူအများစုမှာ ပီပီတုံကို အမှန်တကယ် နားမလည်ကြပေ။ ထန်စန်း၊ ချန်းရန်ရွှယ်သို့မဟုတ် ယွီရှောင်ကန်း မည်သူမျှ ပီပီတုံ၏ စစ်မှန်သော နှလုံးသားကို မသိကြပါ။

သူမ အခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လာရခြင်းမှာ ကံကြမ္မာ၏ ရက်စက်မှုကြောင့်သာ ဖြစ်သည်။ တစ်ချိန်ကယွီရှောင်ကန်း၏ တာဝန်ယူမှု မရှိမှုများကြောင့် သူမ၏ ဘဝမှာ ပျက်စီးခဲ့ရသည်။

ပီပီတုံ၏ နှလုံးသားထဲတွင် ယွီရှောင်ကန်းကိုသာ ထားရှိခဲ့ပြီး သူ့ကို ကာကွယ်ရန်အတွက် အဆိုးရဆုံးသော စကားများကိုပင် ပြောခဲ့ဖူးသူ ဖြစ်သည်။

"ရှောင်ချန်ယွီက ဖူလန်ဒါကို သတ်တာ အပြစ်ပြောစရာမရှိအောင် ကောင်းပါတယ်။ ဒါပေမဲ့ ယွီရှောင်ကန်းကိုပါ သတ်ပစ်လိုက်ရင် ပိုတောင် ကောင်းဦးမယ်။"

ပီပီတုံ၏ အမူအရာကို ကြည့်ရင်း ချန်တောက်လျိူက သက်ပြင်းချလိုက်မိသည်။