← Chapters

အခန်း (၂၁၂၉-၂၁၃၀)

Vol. 213 Ch. 2129-2130

အခန်း (၂၁၂၉-၂၁၃၀)

Vol. 213 Ch. 2129-2130

အခန်း (၂၁၂၉) ယင်သူတော်စင်

ဖန့်ချန်သည် မိမိကိုယ်တိုင်လည်း သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်ခဲ့သည်မှာ မကြာသေးသဖြင့် သူတော်စင်ဖြစ်တည်လာမည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အလွန်တရာ ကောင်းမွန်စွာ နားလည်သဘောပေါက်ထားခဲ့ပေသည်။

ဝမ်ချုံစန်းသည် အတွင်းကမ္ဘာ စွမ်းအင်များကို မနားမနေ စုပ်ယူဖြည့်တင်းလျက် မိမိကိုယ်ကိုယ် ပြန်လည်မွေးမြူနေသည်ကို စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းအစုံ၌လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးအံ့ဩရိပ်များ ထင်ဟပ်လာခဲ့ရတော့သည်။

“ဒီတစ်ဘဝမှာတော့ ဝမ်အိုကြီးလည်း သူတော်စင် ဖြစ်လာခဲ့ပြီပဲ၊ အားလုံးရဲ့ ကျင့်ကြံခြင်းလမ်းခရီးက အဆင်ပြေချောမွေ့နေကြတာ တကယ်ကို ကောင်းတာပေါ့……”

“ဖန့်ညီလေး… ဝမ်ညီလေးက သူတော်စင်အဆင့်ကို တက်လှမ်းတော့မှာလား၊ တကယ်ကို မဆိုးဘူးပဲ”

လင်းဖုန်းသည်လည်း မိမိ၏ အတွင်းကမ္ဘာမြေကို မောင်းနှင်လျက် ဤနေရာသို့ အပြေးအလွှား ဆိုက်ရောက်လာခဲ့ပြီး မျက်နှာထက်၌ အံ့ဩချီးကျူးမှုများ ပြည့်နှက်နေသည်။

“ငါက စီနီယာအစ်ကိုကြီး တစ်ယောက် ဖြစ်နေပြီးတော့မှ အခုဆို မင်းတို့နဲ့ ကျင့်ကြံခြင်းအဆင့်က တန်းတူ ဖြစ်တော့မှာပဲ၊ ငါလည်းပဲ တကယ်ကို ပိုပြီး ကြိုးစားအားထုတ်ရတော့မယ်”

“နင်ကတော့ တကယ်ကို ကြိုးစားဖို့ လိုနေပြီ”

လင်းဖုန်း၏ ဘေးနားတွင် အခြားသော အတွင်းကမ္ဘာမြေတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်ရာ ၎င်းမှာ စီနီယာအစ်မ ဝမ်ယန် ဖြစ်ပေသည်။

သူမ ဆိုက်ရောက်လာခြင်းနှင့်အတူ ကျန်ရှိနေသော အခြားသော စီနီယာအစ်ကိုကြီးများနှင့် အစ်မကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ကြပြီး၊ ထိုအထဲတွင် ကျန်းတောက်ယွဲ့လည်း ပါဝင်နေခဲ့သည်။

ကရုဏာတောင်တန်းမှ သူတော်စင်များအားလုံး ဤနေရာသို့ စုံစုံလင်လင် ရောက်ရှိလာကြခြင်း ဖြစ်ရာ၊ ဤအခြေအနေက ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ဝေဖန်ပြောဆိုနေကြသော အသံများကို သိသိသာသာ မှေးမှိန်သွားစေခဲ့ပြီး၊ ဝမ်ချုံစန်း သူတော်စင်အဆင့်သို့ တက်လှမ်းခြင်းအပေါ် သက်ရောက်မှု မရှိစေရန်အတွက် မည်သူမျှ ကျယ်ကျယ်လောင်လောင် ဆူညံခြင်း မပြုဝံ့ကြတော့ပေ။

ကျန်းတောက်ယွဲ့က ပတ်ဝန်းကျင်က မြင်ကွင်းကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် မျက်မှောင်ကို ရုတ်တရက် ကြုတ်လိုက်သည်။

“အားလုံးက ဘာဖြစ်လို့ ဒီလောက်အထိ အနားကို တိုးကပ်ပြီး ဝိုင်းအုံကြည့်နေကြတာလဲ။ မျောက်ပြပွဲ ကြည့်နေတာမှတ်လို့လား။ နည်းနည်းလောက် နောက်ဆုတ်ပေးကြပါ၊ ငါ့ရဲ့ ဝမ်ညီလေး သူတော်စင်အဆင့်ကို တက်လှမ်းတဲ့နေရာမှာ အနှောင့်အယှက် မဖြစ်စေနဲ့”

ပတ်ဝန်းကျင်၌ ရှိနေကြသော သူတော်စင်များနှင့် တစ်ပိုင်းသူတော်စင်များမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ တစ်ယောက်ပြီးတစ်ယောက် ဘေးသို့ အတော်အတန် ဝေးကွာသော အကွာအဝေးတစ်ခုအထိ ဆုတ်ခွာပေးလိုက်ကြတော့သည်။

ထိုသို့ဖြစ်ခြင်းကြောင့် ဝမ်ချုံစန်း၏ အတွင်းကမ္ဘာမြေနှင့် အနီးကပ်ဆုံးနေရာတွင် ကရုဏာတောင်တန်း အနွယ်ဝင် သူတော်စင်များသာ ကျန်ရှိနေခဲ့တော့ပြီး -

ကျန်ရှိသော အခြားလူများ အားလုံးမှာမူ မိုင်ပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ကြရသည်။

အကယ်၍သာ တစ်စုံတစ်ယောက်က ကြားထဲမှနေ၍ အနှောင့်အယှက်ပေးရန် သို့မဟုတ် ဖျက်ဆီးရန် ကြံစည်လာခဲ့မည် ဆိုပါကလည်း ကျန်းတောက်ယွဲ့တို့ အုပ်စုအနေဖြင့် ပထမဆုံး အချိန်အတွင်းမှာတင် ချက်ချင်း ဝင်ရောက် တားဆီးနိုင်မည် ဖြစ်ပေသည်။

“ဝမ်ညီလေးကလည်း တကယ်ပါပဲ ဒါက ကျောင်းတော်ကြီးထဲမှာမလို့ တော်သေးတာပေါ့၊ အကယ်၍သာ အပြင်လောကမှာဆိုရင် ဒီလိုမျိုး ဘာသံမှမပေး၊ ဘာပြင်ဆင်မှုမှလည်း မရှိဘဲနဲ့ သူတော်စင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာက တစ်ဖက်လူတွေအတွက် အခွင့်ကောင်းချောင်းပြီး ဝင်ရောက်တိုက်ခိုက်ဖို့ သိပ်လွယ်ကူတာပဲ၊ အဲဒီလိုဆိုရင် ကိုယ့်ရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်တွေကိုပါ အလုခံရနိုင်တယ်”

ကျန်းတောက်ယွဲ့၏ နောက်ကွယ်မှနေ၍ မျက်နှာအမူအရာ အနည်းငယ် အုံ့မှိုင်းမှောင်မိုက်နေသော လူငယ်တစ်ဦးက အေးစက်စွာဖြင့် ခပ်တိုးတက် ရေရွတ်လိုက်မိသည်။

ထိုသူမှာ ကရုဏာတောင်တန်းအတွင်း၌ ကျန်းတောက်ယွဲ့ပြီးလျှင် ဒုတိယအဆင့် အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်အဆင့် ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းမှာ ကနဦးအဆင့်တွင်သာ ရှိနေသေးခဲ့သည်။

နောက်ပိုင်းအဆင့်သို့ ရောက်ရှိရန်အတွက်မူ အလွန်တရာ ကွာဝေးလှသော ကွာဟချက်ကြီး တစ်ခု ရှိနေသေးဆဲ ဖြစ်ပေသည်။

“အတွင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်တွေကို အလုခံရနိုင်တယ် ဟုတ်လား”

ဖန့်ချန် စိတ်လှုပ်ရှားသွားခဲ့ရပြီး ထိုပုဂ္ဂိုလ်ဘက်သို့ အလွန်တရာ စူးစမ်းချင်စိတ်ဖြင့် လှမ်း၍ ကြည့်လိုက်မိသည်။

“မင်းကလည်း လီမော့ လျှောက်ပြောနေတာတွေကို လျှောက်ပြီး နားမယောင်ပါနဲ့”

ကျန်းတောက်ယွဲ့က ပြုံး၍ ဆိုလိုက်သည်။

လီမော့က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

“ဘာလို့ လျှောက်ပြောရမှာလဲ၊ ဟင်းလင်းပြင်ကြီး အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးအောက်မှာ ဒီလိုမျိုး ကိစ္စရပ်တွေက နည်းနည်းပါးပါး ဖြစ်ပျက်ခဲ့တာ မှမဟုတ်တာ။

အချို့လူတွေဆိုရင် ဂုဏ်သိက္ခာရှိတဲ့ ပုံစံမျိုးနဲ့ အောက်ခြေ သာမန် ပုဂ္ဂိုလ်တွေ နေထိုင်ရာ အရပ်ဒေသတွေဆီကို သွားပြီးတော့ ဒေသခံတွေကို သူတော်စင် ဖြစ်လာအောင် ပျိုးထောင်ပေးချင်ယောင် ဆောင်ကြသေးတယ်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ တစ်ဖက်လူ သူတော်စင်အဆင့်ကို တက်လှမ်းမယ့် အချိန်အတိအကျကို စောင့်ပြီးတော့မှ အတွင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်တွေကို တိုက်ရိုက် လုယူသွားကြတာပဲ။

အကြောင်းကတော့ တစ်ဖက်လူဟာ တကယ့် သူတော်စင်အဆင့်ကို အပြည့်အဝ မရောက်ရှိသေးတဲ့အတွက် မဟာမိတ်အဖွဲ့ကြီးရဲ့ ဥပဒေစည်းမျဉ်းတွေကိုလည်း အကွက်ကျကျ ရှောင်လွှဲနိုင်ခဲ့ကြသလို၊ တစ်ဆက်တည်းမှာပဲ ကိစ္စဖြစ်ပွားတဲ့နေရာက ဝေးလံခေါင်ဖျားတဲ့ နေရာဖြစ်တာမို့ အခြားလူတွေ သတိပြုမိဖို့လည်း မလွယ်ကူဘူးလေ”

ဤနေရာသို့ ရောက်သောအခါ လီမော့က အေးစက်စွာဖြင့် တစ်ချက် ပြုံးလိုက်သည်။

“ဒီလိုမျိုး လုပ်ရပ်တွေကို သုံးစားမရတဲ့ အောက်တန်းစား လူဆိုးဂိုဏ်းတွေက တိတ်တဆိတ် လုပ်ဆောင်နေကြရုံတင်မကဘူး၊ အချို့သော အင်အားကြီး မျိုးနွယ်စုကြီးတွေက သားသမီးတွေကလည်း နောက်ကွယ်ကနေ ဒီလို ယုတ်မာတဲ့ လုပ်ရပ်တွေကို တူတူပဲ ခိုးလုပ်နေကြတာ”

“သက်သေအထောက်အထား မရှိတဲ့ ကိစ္စတွေကိုတော့ လျှောက်မပြောတာ ပိုကောင်းပါတယ်”

ကျန်းတောက်ယွဲ့က တည်ငြိမ်စွာဖြင့်ပင် စကားကို ဖြတ်ပြောလိုက်သည်။

“စီနီယာအစ်ကို လီ… အတွင်းကမ္ဘာမြေရဲ့ အခြေခံအုတ်မြစ်တွေကို တကယ်ပဲ လုယူသွားလို့ ရတာလား”

ဖန့်ချန် စိတ်ဝင်တစားဖြင့် လေသံကို လျှော့လျက် တိုးတိုးလေး မေးမြန်းလိုက်မိသည်။

လီမော့က ဝမ်ချုံစန်း ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို ဖန့်ချန်အပေါ်သို့ ရွှေ့ပြောင်းလိုက်ရာ သူ၏ မျက်နှာထက်က အုံ့မှိုင်းမှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီး လေသံမှာလည်း အတော်လေး ညင်သာပျော့ပျောင်းသွားခဲ့သည်။

“အတွင်းကမ္ဘာမြေက အောင်မြင်စွာ တည်ဆောက်ပြီးသွားပြီဆိုရင်တော့ ဒါကို လုယူဖို့ဆိုတာ သေချာပေါက် ကောင်းကင်ကို တက်ရသလို ခက်ခဲလိမ့်မယ်။

တစ်ပိုင်းသူတော်စင် တစ်ဦးရဲ့ အတွင်းကမ္ဘာမြေ ဖြစ်နေဦးတော့ အဓမ္မ အတင်းအကျပ် လုယူဖို့ဆိုတာ အလွန်တရာ ခက်ခဲတယ်။

ဒါပေမဲ့ တစ်ပိုင်းသူတော်စင်အဆင့်ကနေ သူတော်စင်အဆင့်ကို တက်လှမ်းနေတဲ့ အချိန်အတောအတွင်းမှာတော့… အဲဒီအချိန်ဟာ အတွင်းကမ္ဘာမြေရဲ့ အခြေခံအုတ်မြစ်တွေ အရိုးအရင်းတွေ အပြင်းအထန် ပေါက်ဖွား ပျိုးထောင်နေတဲ့ အချိန်ပဲ။

အဲဒီအချိန်မှာ ရှိနေတဲ့ အတွင်းကမ္ဘာမြေဟာ အပြင်ပန်းကြည့်ရင် မာကြောထည်ဝါနေသလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ အလွန်တရာ နုနယ်ပြီး ထိခိုက်လွယ်နေတတ်တယ်။

အကယ်၍သာ အချို့ လျှို့ဝှက်ဆန်းကြယ်တဲ့ မန္တန်စွမ်းအင်တွေ၊ အတတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး အသုံးချလာမယ်ဆိုရင် အဲဒီထဲက အခြေခံအုတ်မြစ်တွေကို လုယူသွားနိုင်စွမ်း ရှိတယ်။

အခြေခံအုတ်မြစ်တွေ အလုခံလိုက်ရတဲ့ အတွင်းကမ္ဘာမြေဟာ ဆိုရင်တော့… တစ်ခုပဲ၊ ဖရိုဖရဲ ပေါက်ကွဲပျက်စီးသွားမလား၊ ဒါမှမဟုတ် သူတော်စင်ဖြစ်မယ့် ခရီးလမ်း လုံးဝ အဆက်ပြတ်သွားမလား၊ မဟုတ်ရင်လည်း ချက်ချင်း အသက်အန္တရာယ် ဆုံးရှုံးသွားရတတ်တယ်”

ဤနေရာသို့ ရောက်သောအခါ လီမော့က ခပ်ဖွဖွ ပြုံးလိုက်ပြီး -

“နောင်တစ်ချိန်မှာ မင်းတစ်ယောက်တည်း အပြင်ကို ခရီးထွက်လို့ ကျင့်ကြံခြင်းအဆင့် တက်လှမ်းဖို့ ကြုံလာခဲ့မယ်ဆိုရင်… ဘယ်လောက်ပဲ အလျင်လိုနေပါစေ၊ ကျောင်းတော်ကြီးကို ပြန်လာပြီးတော့ စီနီယာအစ်ကိုကြီးတွေ၊ အစ်မကြီးတွေကို ဘေးကနေ စောင့်ရှောက် ကာကွယ်ပေးဖို့ အကူအညီ တောင်းရမယ်နော်”

“ဖန့်ညီလေးက ဒီလို ကိစ္စတွေကို ထည့်သွင်းစဉ်းစားနေဖို့ မလိုပါဘူး၊ သူ အပြင်ကို ထွက်ရမယ့် အခွင့်အရေးက အများကြီး ရှိတာမဟုတ်ဘူး၊ တစ်ခါတရံ အပြင်ထွက်ခဲ့ရင်တောင်မှ အဲဒီလိုမျိုး သုံးစားမရတဲ့ လူဆိုးဂိုဏ်းတွေ ရှိတဲ့နေရာမျိုးဆီကို သွားမှာ မဟုတ်ဘူး”

ကျန်းတောက်ယွဲ့က တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းကလည်း သူ့ကို လျှောက်ပြီး လန့်အောင် မလုပ်ပါနဲ့တော့”

“စီနီယာအစ်ကိုကြီး… ဒါကလည်း မဟာမိတ်အဖွဲ့ကြီးရဲ့ အောက်က အန္တရာယ်တွေကို ကြိုတင်ပြီးတော့ သိရှိနားလည်ထားရတာမို့၊ စီနီယာဒုတိယအစ်ကိုကြီးကို ပိုပြီးတော့ ပြောပြခွင့် ပေးလိုက်ပါဦး”

ဖန့်ချန်က ပြုံးလျက် လက်နှစ်ဖက်ကို စုံမိုး၍ အရိုအသေ ပေးလိုက်သည်။

ကျန်းသောက်ယွဲ့က မတတ်သာသည့်အလား ခေါင်းကို ခါယမ်းလိုက်သည်။

“ဒါဆိုရင် ငါပဲ မင်းကို ပြောပြတော့မယ်၊ မဟာမိတ်အဖွဲ့ကြီးအတွင်းမှာ တကယ်ပဲ အဲဒီလိုမျိုး လူတစ်စု ရှိနေတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အရေအတွက်ကတော့ အများကြီး မရှိပါဘူး။

ဒီလိုလူတွေကို ငါတို့တွေက ယင်သူတော်စင် လို့ ခေါ်ကြတယ်။

သူတို့ကို ဘာဖြစ်လို့ ယင်သူတော်စင်လို့ ခေါ်ရသလဲဆိုရင်တော့… သူတို့ဟာ အခြားလူတွေရဲ့ အတွင်းကမ္ဘာမြေ အခြေခံအုတ်မြစ်တွေကို လုယူပြီးတော့မှ ကျင့်ကြံထားကြတာ ဖြစ်တဲ့အတွက်၊ သူတို့ရဲ့ အခြေခံက မခိုင်မာဘူးဆိုတဲ့ မကောင်းတဲ့ အကျိုးရလဒ်ကို ကြိုတင်ပြီး စိုက်ပျိုးထားခဲ့ကြလို့ပဲ။

သူတို့ ကိုယ်ပိုင် အတွင်းကမ္ဘာမြေထဲမှာလည်း အမျိုးမျိုးသော ပြဿနာတွေ၊ ချို့ယွင်းချက်တွေ တည်ရှိနေတတ်ကြတယ်။

အကယ်၍ တစ်နေ့နေ့မှာ အဲဒီချို့ယွင်းချက်တွေသာ ပေါက်ကွဲထွက်လာခဲ့မယ်ဆိုရင်၊ သူတို့ရဲ့ အတွင်းကမ္ဘာမြေဟာ တိုက်ရိုက်ပဲ ‘ယင်စွမ်းအင်’ တွေအဖြစ် ပြောင်းလဲသွားပြီး၊ အဆုံးမရှိတဲ့ အမှောင်ယင်စွမ်းအင်ထုကြီးတွေ တစ်ကိုယ်လုံး ဖုံးလွှမ်းသွားရတော့တာပဲ”

သူက ခေတ္တမျှ စကားကို ရပ်လိုက်ပြီးမှ -

“အဲဒီအချိန်ကျရင် အဲဒီ ယင်သူတော်စင်ဟာ မန္တန်စွမ်းအင်တွေကို ထုတ်ဖော်တာပဲဖြစ်ဖြစ်၊ နောင်ပိုင်း ကျင့်ကြံအားထုတ်တာပဲဖြစ်ဖြစ်၊ အားလုံးက ဒီအမှောင်ယင်စွမ်းအင်တွေရဲ့ ပတ်သက်ငြိတွယ်ခြင်းကို ခံကြရတော့မယ်။

ယင်စွမ်းအင်တွေက စိတ်နေစိတ်ထား အပါအဝင် အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားလိမ့်မယ်။

ဒါပေမဲ့ သေချာတာတစ်ခုကတော့… အကယ်၍ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အဲဒီ ချို့ယွင်းချက်တွေသာ ပေါက်ကွဲထွက်မလာသေးဘူးဆိုရင်၊ သူတို့က မင်းရဲ့ ရှေ့မှောက်မှာ ရပ်ပြီး စကားပြောနေရင်တောင်မှ မင်းအနေနဲ့ ဘာထူးခြားမှုကိုမှ ရိပ်မိနိုင်ဖို့ အလွန် ခက်ခဲလိမ့်မယ်”

ယင်သူတော်စင် ဟုတ်လား…

ဤစကားကြောင့် ဖန့်ချန်သည် ကျဆုံးမသေမျိုး မျိုးနွယ်စု ကို ရုတ်တရက် သတိရသွားခဲ့မိသည်။

မတူညီသည်မှာ ယခင်လူများက အခြားလူ၏ အတွင်းကမ္ဘာမြေ အခြေခံအုတ်မြစ်ကို လုယူကြခြင်း ဖြစ်ပြီး -

နောက်ဆုံးလူများကမူ မသေမျိုးများကို တိုက်ရိုက် ဝါးမြိုစားသောက်ကြခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ဝမ်ချုံစန်း၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုမှာ အရေးအကြီးဆုံးသော နောက်ဆုံး အဆင့်တစ်လှမ်းဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ကျန်းတောက်ယွဲ့သည် ချက်ချင်းပင် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို အေးစက်စွာ ထားလျက် ပတ်ဝန်းကျင်ဆီသို့ စူးစိုက်ကြည့်ရှုလိုက်တော့သည်။

လီမော့ကလည်း လက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်ရာ၊ မန္တန်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဤပတ်ဝန်းကျင် တစ်ဝိုက်လုံးကို လွှမ်းခြုံ ပိတ်ဆို့လိုက်ကာ အခြားသော သူတော်စင်များ၏ အကြည့်များနှင့် စွမ်းအင်များကို ဖြတ်တောက် ပစ်လိုက်တော့သည်။

ထိုနေရာသို့ ရောက်ရှိလာကြသော သူတော်စင်များမှာ ပိုမို၍ များပြားလာခဲ့ကြသော်လည်း၊ အားလုံးက အခြေအနေကို သိတတ်ကြသဖြင့် ရှေ့သို့ တိုးမလာကြဘဲ ဘေးကနေသာ ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေခဲ့ကြပေသည်။

အဆုံးသတ်တွင်မူ ဝမ်ချုံစန်း၏ အော်ရာစွမ်းအင်များသည် အထွတ်အထိပ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက်၊ တဖြည်းဖြည်းချင်း ငြိမ်သက်ကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်း သိပ်သည်းသွားခဲ့တော့သည်။

သူ၏ ခန္ဓာကိုယ်ထက်၌ တောက်ပလှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့ကာ၊ ဝမ်ချုံစန်းသည် မျက်လုံးအစုံကို ဖွင့်ဟလိုက်ရာ တစ်ကိုယ်လုံးတွင် တည်ရှိနေသော အရှိန်အဝါများမှာ ယခင်ကနှင့် လုံးဝ ဥဿုံ ခြားနားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော်လည်း ဤကဲ့သို့သော ပြင်းထန်ထည်ဝါလှသော အခြေအနေကို သူက စက္ကန့်ပိုင်းမျှသာ ပြသခဲ့ပြီးနောက် မိမိ၏ အရိုးထဲအထိ ပြန်လည် ဖုံးကွယ်သိမ်းဆည်းလိုက်၏။

“စီနီယာအစ်ကိုကြီးတို့ ဘေးကနေ စောင့်ရှောက် ကာကွယ်ပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ဝမ်ချုံစန်းက ကျန်းတောက်ယွဲ့တို့ အုပ်စုဘက်သို့ လှည့်ကာ လက်နှစ်ဖက်ကို စုံမိုး၍ အရိုအသေ ပေးလိုက်သည်။

သူသည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း နှလုံးသားထဲ၌မူ အတိုင်းအထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ရပြီ ဖြစ်ပေသည်။

ပြင်ပလူများ၏ ရှေ့မှောက်တွင် မချိမဆံ့ ဖြစ်မသွားစေရန်အတွက်သာ တမင်တကာ တည်ငြိမ်ရင့်ကျက်ဟန် ဆောင်နေခြင်း ဖြစ်သည်။

“ပျော်ရင်လည်း ပြုံးစမ်းပါ၊ အောင့်မထားပါနဲ့၊ မင်းက နှစ်ပေါင်း ငါးရာတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ၊ ဒီလို ပါရမီ အရည်အချင်းမျိုးက ကျောင်းတော်ကြီးအတွင်းမှာ တကယ့် ထိပ်တန်းအဆင့်ထဲမှာ ပါဝင်တယ်”

ကျန်းတောက်ယွဲ့က ပြုံး၍ ဆိုလိုက်သည်။

ထိုအခါမှသာ ဝမ်ချုံစန်း၏ မျက်နှာထက်တွင် ထိန်းချုပ်၍မရသော အပြုံးအရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်ပြီးနောက် ခံစားရသော ခံစားချက်များကို စိတ်လှုပ်ရှားစွာဖြင့် ဖလှယ်ပြောဆိုလာတော့သည်။

“မတိုင်ခင်တုန်းက ကျွန်တော် စင်ကြယ်သော ဗောဓိသီး တစ်လုံးကို သုံးစွဲခဲ့ဖူးတော့၊ အဲဒါကြောင့်မလို့ ဒီတစ်ခေါက် အဆင့်တက်လှမ်းရတာ အလွန်ပဲ အဆင်ပြေချောမွေ့ခဲ့ပြီး ဘယ်လို အဆီးအတား အဟန့်အတားမှ မရှိခဲ့ဘူး။

ကျွန်တော့်ရဲ့ စွမ်းအင်တွေရဲ့ အာနိသင်ကလည်း အများကြီး ပိုပြီးတော့ အစွမ်းထက်လာတယ်လို့ ခံစားရတယ်။

အတွင်းကမ္ဘာမြေဆီကနေ ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းလာတဲ့ စွမ်းအင်တွေက ကိုယ့်ကိုယ်ကို ဖြည့်တင်းပေးနေတော့… သုံးလို့မကုန်နိုင်တဲ့ ခွန်အားတွေနဲ့ စိတ်ဓာတ်တွေ ပြည့်ဝနေသလိုပဲ။

အော်… သူတော်စင်ဖြစ်ရတဲ့ ခံစားချက်က ဒါမျိုးကိုး”

လူတစ်ယောက် ပျော်ရွှင်နေချိန်တွင် အခြားတစ်ဖက်၌မူ စိတ်မကောင်းဖြစ်မှုများစွာ ရှိနေတတ်ကြပေသည်။

ဝမ်ချုံစန်း သူတော်စင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခြင်းက ဖန့်ချန်နှင့် တစ်သုတ်တည်း တက်လာခဲ့ကြပြီး ယခုအချိန်အထိ တစ်ပိုင်းသူတော်စင်အဆင့်မှာပဲ ရှိနေသေးသော ကျောင်းသားများ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ သက်ပြင်းပေါင်းစုံ ဖြစ်ပေါ်စေခဲ့ရသည်။

ဝမ်ချုံစန်းနှင့် တစ်သုတ်တည်း တက်လာခဲ့ကြသော ကျောင်းသားများကိုလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက်၊ လာမည့် နှစ်ပေါင်း ရာဂဏန်းအတွင်းမှာ သေချာပေါက် သူတော်စင်ဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း၊ ကျောင်းတော်ကြီးဆီကနေ မောင်းထုတ်ခြင်း မခံရစေရကြောင်း စိတ်ထဲကနေ ခိုင်မာစွာ သစ္စာဓိဋ္ဌာန် ပြုလိုက်ကြတော့သည်။

“ဒါပေမဲ့ သူ့ရဲ့ ပါရမီ အရည်အချင်းကတော့ ဖန့်ချန်နဲ့ ယှဉ်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်၊ ဒါပေမဲ့လည်း… သူ့ကို ငါတို့ရဲ့ စွမ်းအားရှင်အဖွင့် ထဲကို ဆွဲခေါ်လို့ ရမလားဆိုတာ စမ်းကြည့်ရမယ်၊ သူ့ရဲ့ နောက်ခံ မိသားစုကလည်း သာမန်ပဲလို့ ငါကြားထားတယ်”

မိုရှဲ့က ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

“စီနီယာအစ်ကို မိုရှဲ့… ဒီကိစ္စကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ၊ အခွင့်အရေး ရရင် သူ့ဆီ သွားပြီးတော့ စကားကမ်းလှမ်းကြည့်ပါ့မယ်”

လုကျိုဝမ်က ချက်ချင်းပင် တာဝန်ယူလျက် အာမခံလိုက်သည်။

ထိုအချိန်တွင်ပင်၊ ကောင်းကင်ထက်၌ တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်ခနဲ ပေါ်လာပြီး လူတစ်ယောက် ရောက်ရှိလာခဲ့သည်။

“ထျန်းလန် ဆရာကြီးလား……”

အားလုံး၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ကြရတော့သည်။

ထျန်းလန် ဆရာကြီး၏ မျက်လုံးအစုံက ဝမ်ချုံစန်းအပေါ်သို့ တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပြီး ခေါင်းကို သာသာ ညိတ်ပြလိုက်ကာ၊ ထို့နောက်တွင် ဖန့်ချန်ဘက်သို့ တိုက်ရိုက် ကြည့်လျက်...

“ဖန့်ချန်… နင်ကျောင်းအုပ်ကြီးက နင့်ကို အဲဒီဘက်ကို တစ်ခေါက် လာခဲ့ဖို့ ပြောခိုင်းလိုက်တယ်၊ လုပ်စရာရှိတာလေးတွေကို ညွှန်ကြားစရာ ရှိလို့တဲ့”

“ဟင်… ဘာကိစ္စများ ရှိလို့လဲ”

ကျန်းတောက်ယွဲ့၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး၊ ချက်ချင်းပင် ရှေ့သို့ တိုးလျက် ဖန့်ချန်၏ ရှေ့မှောက်၌ ကာကွယ်ပေးသည့်အလား ပိတ်ရပ်လိုက်တော့သည်။

အခန်း (၂၁၃၀) တစ်ယောက်ကိုတော့ မရရအောင် လုယူခဲ့ရမယ်

ထျန်းလန် ဆရာကြီး၏ နားရွက်ကြီးများမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး၊ ကျန်းတောက်ယွဲ့ကို တည်ငြိမ်စွာဖြင့်ပင် စိုက်ကြည့်လိုက်ကာ ခပ်အေးအေး ဆိုလိုက်တော့သည်။

“နင်နဲ့ ဘာဆိုင်လို့လဲ၊ နင်ကျောင်းအုပ်ကြီးက ဖန့်ချန်ကို ရှာခိုင်းတာ။ ဘာလဲ…… နင်က ကျောင်းတော်ကြီးထဲမှာ နင်ကျောင်းအုပ်ကြီးက သူ့အပေါ် မကောင်းကြံမှာကို စိုးရိမ်နေတာလား”

ကျန်းတောက်ယွဲ့သည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း အမူအရာ ဖြစ်သွားခဲ့ရပြီး -

“အဲဒါတော့ မဟုတ်ပါဘူးခင်ဗျာ၊ ဒါပေမဲ့ ဖန့်ညီလေး သွားမယ့်နေရာကို ကျွန်တော့်အနေနဲ့ ဆရာ့ဆီကို သတင်းပို့ရမှာမလို့ပါ၊ အဲဒါကြောင့်……”

“စိတ်ချစမ်းပါ၊ သူ့ကို လုပ်ခိုင်းစရာ ကိစ္စလေးအချို့ ရှိလို့ပါ၊ သူက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက် မဟုတ်ဘူးလား။ ငါတို့ရဲ့ ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ် စာပေကျောင်းဆောင်ရဲ့ မျက်နှာစာတစ်ခုလို့ သတ်မှတ်လို့ရတာပေါ့၊ အခုကိစ္စကလည်း အဲဒါနဲ့ ပတ်သက်နေတာမို့၊ မင်းတို့တွေ တခြား ဘာမှ လျှောက်ပြီး မတွေးကြနဲ့တော့”

စကားဆုံးသည်နှင့် ထျန်းလန် ဆရာကြီးက ဖန့်ချန်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

“ငါ့ရဲ့ အတွင်းကမ္ဘာမြေထဲကို ဝင်ခဲ့ပါ၊ မင်းကို နင်ကျောင်းအုပ်ကြီးဆီ ခေါ်သွားပေးမယ်”

ဖန့်ချန်သည် ကျန်းတောက်ယွဲ့ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ၊ ကျန်းတောက်ယွဲ့က ခေါင်းကို သာသာ ညိတ်ပြသည်ကို မြင်ရမှသာ ထျန်းလန် ဆရာကြီး၏ အတွင်းကမ္ဘာမြေထဲသို့ ဝင်ရောက်လိုက်တော့သည်။ ထို့နောက်တွင် သူတို့နှစ်ဦးလုံးသည် လူအများ၏ ရှေ့မှောက်မှနေ၍ တူတူ ကွယ်ပျောက် သွားခဲ့ကြရတော့သည်။

“ဟူး…… ဖန့်စီနီယာအစ်ကိုကြီးကို ဖိတ်ပြီးတော့ အရက်လေး ဘာလေး သောက်ရင်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းခဲ့တဲ့ ခံစားချက်တွေကို စကားစမြည် ပြောဆိုမလို့ပါဆို……”

ဝမ်ချုံစန်းက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိသည်။

လင်းဖုန်းက သူ၏ ပုခုံးကို သာသာလေး ပုတ်ပေးလိုက်သည်။

“စိတ်အေးအေးထားပါကွာ၊ အရက်သောက်ဖို့ အခွင့်အရေးကတော့ အမြဲတမ်း ရှိနေတာပဲ။ မင်းလည်း မင်းနဲ့ တစ်သုတ်တည်း တက်လာတဲ့ ကျောင်းသားတွေကို တစ်ချက်လောက် လှည့်ကြည့်လိုက်ဦး၊ အားလုံးက မင်းနဲ့ စကားပြောဖို့ စောင့်နေကြတာကို”

ဝမ်ချုံစန်း လှည့်ကြည့်လိုက်သည့်အခါတွင်မူ၊ တကယ်ပင် အတန်းဖော် အတော်များများမှာ သူ့ကို ကျားချောင်း ချောင်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အကယ်၍သာ ကျန်းတောက်ယွဲ့တို့ အုပ်စု ဘေးနားတွင် ရှိမနေခဲ့ပါက၊ ထိုလူစုမှာ အနားသို့ တိုးကပ် ဝိုင်းအုံလာကြပြီး ဖြစ်ပေလိမ့်မည်။

“စီနီယာအစ်ကိုကြီး…… နင်ကျောင်းအုပ်ကြီးက ဖန့်ညီလေးကို အနားကို ဆင့်ခေါ်လိုက်တာဆိုတော့…… ကျွန်တော်တို့ ဆရာ့ကို တစ်ချက်လောက် အကြောင်းကြားထားသင့်တယ်”

လီမော့က ထိုသို့ ပြောကြားပြီးနောက်၊ သူ၏ အတွင်းကမ္ဘာမြေထဲသို့ တိုက်ရိုက် ဝင်ရောက် ပျောက်ကွယ်သွားခဲ့တော့သည်။

ဝမ်ယန်က သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်မိသည်။

“စီနီယာအစ်ကို လီမော့ကတော့ ယင်သူတော်စင် ကိစ္စနဲ့ ပတ်သက်ရင်၊ စိတ်ထဲမှာ အခုထိ စွဲလမ်း နာကျင်နေတုန်းပဲကိုး”

“အဲဒါကတော့ သဘာဝကျပါတယ်၊ ဘာလို့လဲဆိုတော့ သူနဲ့ ယခင်က တွဲခဲ့ဖူးတဲ့ ကျင့်ကြံခြင်းအဖော်ဟာ ယင်သူတော်စင်ရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ် လုယူခြင်းကို ခံခဲ့ရလို့ပဲလေ။ အဲဒါကြောင့်မလို့ အဆင့်တက်လှမ်းတာ မအောင်မြင်ခဲ့တဲ့အပြင် ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ အမြစ်တွယ် ကျန်ရစ်ခဲ့ပြီးတော့၊ သိပ်မကြာခင်မှာတင်ပဲ ဆုံးသွားလို့ လူဝင်စားဘဝကို ကူးပြောင်းသွားခဲ့ရရှာတာ”

ကျန်းတောက်ယွဲ့က တည်ငြိမ်စွာဖြင့်ပင် ပြောပြလိုက်သည်။

လူအများမှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ခေါင်းကို ခါယမ်းကာ သက်ပြင်းချရင်း တစ်ယောက်ပြီးတစ်ယောက် တဖြည်းဖြည်းချင်း လူစုခွဲ ထွက်ခွာသွားခဲ့ကြတော့သည်။

လူအုပ်ကြီးထဲတွင်မူ၊ ကျိလင်သည် တစ်ဦးတည်း ဆိတ်ငြိမ်စွာဖြင့် ထောင့်တစ်နေရာ၌ မတ်တပ်ရပ်နေခဲ့သည်။

သူသည် ဝမ်ချုံစန်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

တစ်ဆက်တည်းမှာပင် ဖန့်ချန်ကို ထျန်းလန် ဆရာကြီးက ဆင့်ခေါ် ခေါ်ဆောင်သွားခဲ့သည့် မြင်ကွင်းကိုလည်း မြင်တွေ့လိုက်ရပေသည်။

“အခုဆိုရင် နင်ကျောင်းအုပ်ကြီးကအစ၊ သူ့အပေါ်ကို အလေးအနက် အာရုံစိုက်နေပြီပဲ……”

ကျိလင်သည် မိမိကိုယ်မိမိ တဖြည်းဖြည်းချင်း စိမ်းကား အေးစက်လာခဲ့သော ဝူချုံးကို သတိရသွားမိပြီး၊ နှလုံးသားတစ်ခုလုံး ဆစ်ခနဲ နာကျင်သွားခဲ့ရကာ၊ ထို့နောက်တွင် သွားကို ကျစ်ကျစ်ပါအောင် ကြိတ်လျက် လက်သီးကို ဆုပ်ကာ လှည့်ထွက်သွားခဲ့တော့သည်။

……

……

ဖန့်ချန်သည် ထျန်းလန် ဆရာကြီး၏ အတွင်းကမ္ဘာမြေထဲ၌ မတ်တပ်ရပ်နေခဲ့ရာ၊ တစ်ဖက်လူမှာ ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်အဆင့် တစ်ဦး ဖြစ်သည့်အလျောက်၊ အတွင်းကမ္ဘာမြေ၏ အခြေခံအုတ်မြစ် အရင်းအမြစ်များမှာ တကယ့်ကို အတိုင်းအဆမရှိ ခိုင်မာထည်ဝါလှပေသည်။

စွမ်းအင်စုစည်းခြင်း ကနဦးအဆင့်ရှိသော အတွင်းကမ္ဘာမြေနှင့် ဤကဲ့သို့သော တည်ရှိမှုမျိုး၏ အတွင်းကမ္ဘာမြေကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက၊ ၎င်းမှာ သူတောင်းစားနှင့် ဧကရာဇ်မင်းတို့ကဲ့သို့ ကွာခြားချက်ကြီး ရှိနေသကဲ့သို့ပင် ဖြစ်၏။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း မနားမနေ တရိပ်ရိပ် ပြောင်းလဲနေခဲ့သည်။

ခန့်မှန်းခြေ တစ်နာရီ မျှ ကြာမြင့်သွားပြီးနောက်တွင်မှ၊ ထျန်းလန် ဆရာကြီး၏ အတွင်းကမ္ဘာမြေသည် တဖြည်းဖြည်းချင်း တုန်ခါလျက် ရပ်တန့်သွားခဲ့တော့သည်။

တံခါးပေါက်၏ ပြင်ပတွင်မူ၊ အဆုံးမရှိ လှိုင်းတံပိုးသဖွယ် ထပ်ဆင့်နိမ့်မြင့် တည်ရှိနေသော တောင်တန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရပေသည်။

ထိုတောင်တန်းကြီးသည် တကယ်တမ်းကျတော့ ထိုင်ဆန်းကျောက်ဟွာတောင်တန်း နှင့် ပါပုရှန်းတောင်တန်း တို့ကဲ့သို့ပင်၊ လူသားမျိုးနွယ် စာပေကျောင်းဆောင်အတွင်း၌ တည်ရှိနေခြင်း မဟုတ်ဘဲ၊ အတွင်းကမ္ဘာ ဟင်းလင်းပြင်ကြီးထဲတွင် တည်ရှိနေခြင်း ဖြစ်၏။

၎င်းမှာ အတွင်းကမ္ဘာမြေနှင့် ဆင်တူသော်လည်း၊ တကယ့် ပိုင်ရှင် အရှင်သခင် ဟူ၍ မရှိပေ။

ထျန်းလန် ဆရာကြီးက ဖန့်ချန်ကို လှမ်း၍ နှုတ်ဆက်လိုက်ပြီး၊ သူ့ကို ခေါ်ဆောင်လျက် အတွင်းကမ္ဘာမြေပြင်ပသို့ ပျံသန်းထွက်ခွာခဲ့ကာ၊ အဆုံးသတ်တွင် ဆိတ်ငြိမ်ပြီး အလွန်တရာ ကျော့ရှင်းလှပသော ခြံဝင်းလေးတစ်ခုအတွင်းသို့ ဆိုက်ရောက်လာခဲ့ကြသည်။

ခြံဝင်းလေးအတွင်း၌မူ၊ လူရိပ်နှစ်ခုမှာ စောစီးစွာပင် ရောက်ရှိနေခဲ့ကြပြီး ဖြစ်ပေသည်။

တုန်းဖန်းဟို့က လှည့်၍ ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းကို သာသာ ညိတ်ပြကာ နှုတ်ဆက်လိုက်၏။

ဖန့်ချန်ကလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ ထျန်းလန် ဆရာကြီး၏ နောက်ကွယ်မှ လိုက်ပါလျက် နင်ကျောင်းအုပ်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က နင်ကျောင်းအုပ်ကြီးသည် မိမိ၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို လောင်ကျွမ်းစေလျက် ကော်ယန့်လီနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ပြီးနောက်၊ အချိန်ကာလအားဖြင့် ဆယ်စုနှစ် အနည်းငယ်မျှ ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော်လည်း ဖန့်ချန်အနေဖြင့် သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့်၊ အခြေအနေမှာ သိပ်ပြီး မကောင်းမွန်သေးကြောင်း ရိပ်မိနေခဲ့ဆဲ ဖြစ်ရာ၊ ၎င်းမှာ ထိုစဉ်က လောင်ကျွမ်းသွားခဲ့သော အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို အခုထက်ထိ ပြန်လည် ကုစားဖြည့်တင်းနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်နိုင်ပေသည်။

မိမိ၏ လက်အောက်ခံ ကျောင်းသားများအတွက် မဆုတ်မနစ် မားမားမတ်မတ် ရပ်တည်ပေးဝံ့သလို၊ မျိုးနွယ်စုအတွက်လည်း အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ဝံ့သော ထိုကဲ့သို့သော တည်ရှိမှုမျိုးအပေါ်၊ ဖန့်ချန်၏ နှလုံးသားထဲ၌ အလွန်တရာ ရိုသေလေးစားမှုများ ပြည့်နှက်နေခဲ့ရသည်။

သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး၊ လက်နှစ်ဖက်ကို စုံမိုး၍ အရိုအသေ ပေးလိုက်သည်။

“တပည့် ဖန့်ချန်… နင်ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်”

နင်ကျောင်းအုပ်ကြီးက ဖန့်ချန်ကို ခေတ္တမျှ စိုက်ကြည့်နေခဲ့ပြီးနောက်၊ ဆက်တိုက်ဆိုသလို

“မဆိုးဘူး၊ မဆိုးဘူး၊ တကယ်ကို မဆိုးဘူး” ဟု သုံးကြိမ်တိုင်တိုင် ချီးကျူး စကားဆိုလိုက်တော့သည်။

တုန်းဖန်းဟို့မှာ မှင်တက်သွားခဲ့ရသလို၊ ထျန်းလန် ဆရာကြီးသည်လည်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

နင်ကျောင်းအုပ်ကြီးက အသေးစိတ် ရှင်းလင်းပြောကြားခြင်း မပြုဘဲ၊ ခပ်ဖွဖွ ပြုံးလျက်သာ ဆိုလိုက်သည်။

“ဒီတစ်ခေါက် မင်းတို့နှစ်ယောက်လုံးကို ဒီနေရာဆီ ဆင့်ခေါ်လိုက်ရတာကတော့… ကိစ္စတစ်ခု ရှိလို့ပဲ၊ မင်းတို့တွေ အပြင်ကို တစ်ခေါက်လောက် သွားပေးကြရမယ်”

ဖန့်ချန်၏ စိတ်ထဲ၌ အနည်းငယ် ထူးဆန်းအံ့ဩသွားခဲ့ရသည်။

သူနှင့် တုန်းဖန်းဟို့ နှစ်ယောက်လုံး တူတူသွားပြီး လုပ်ဆောင်ရမည့်အထိ၊ ဘယ်လို ကိစ္စရပ်မျိုးများ ရှိနေလို့ပါလိမ့်။

“နောက်တစ်သုတ် ကျောင်းသားသစ်တွေက၊ မကြာခင်မှာ ကျောင်းတော်ကြီးဆီကို လာပြီး ပညာသင်ကြားကြတော့မယ်။ ဒီနေရာမှာ ပုံမှန်အားဖြင့် ငါတို့ ရွှေဟွေးကျောင်းတော်က တိုက်ရိုက် စီရင်အုပ်ချုပ်ပြီးတော့၊ ငါတို့ ရွှေဟွေးကျောင်းတော်ကပဲ ကျောင်းသားသစ် ခေါ်ယူခြင်းကို တာဝန်ယူရတဲ့ အရပ်ဒေသတစ်ခု ရှိတယ်။

ဒါပေမဲ့ မကြာသေးခင်က တန်လင်ကျောင်းတော် ရဲ့ လူသားမျိုးနွယ် ကျောင်းဆောင်ကလည်း အဲဒီထဲကို ကြားကနေ ဝင်ရောက် စွက်ဖက်လာခဲ့တယ်။

ငါတို့ လူသားမျိုးနွယ် ကျောင်းဆောင်ကနေ သဘောကျပြီး ရွေးချယ်ထားတဲ့ တပည့်အချို့ကို၊ သူတို့က ကြားဖြတ်ပြီးတော့ ခေါ်ဆောင်သွားချင်နေကြတာ”

နင်ကျောင်းအုပ်ကြီးက တည်ငြိမ်စွာဖြင့်ပင် ဆက်လက် ပြောပြလိုက်သည်။

“ငါက မင်းတို့နှစ်ယောက်လုံးကို လူကိုယ်တိုင် သွားရောက်ပြီးတော့၊ ဒီကိစ္စကို ဖြေရှင်းစေချင်တယ်။ အနည်းဆုံးတော့… အဲဒီအထဲက ကျောင်းသားတစ်ယောက်ကိုတော့ ငါတို့ဆီမှာ ကျန်ရစ်အောင် မရရအောင် ဆွဲဆောင် သိမ်းဆည်းခဲ့ရမယ်”

ဖန့်ချန် စိတ်ထဲ၌ ရုတ်တရက် သဘောပေါက် နားလည်သွားခဲ့ရပြီး၊ အော်…… ဤကိစ္စနှင့် ပတ်သက်နေခြင်းကိုး။

တစ်ဖက်လူက ခုနစ်ဆောင်နေမင်း ကျောင်းသားများကို လူကိုယ်တိုင် သွားရောက်စေချင်သည်မှာ၊ သေချာပေါက် သူတို့နှစ်ဦး၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း အရှိန်အဝါကို အသုံးချလျက်၊ ကျောင်းတော်ကြီးက ကြိုတင်သဘောကျထားသော တပည့်ကို ဆွဲဆောင်ချန်ထားရစ်ခဲ့ရန် ကြံရွယ်ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ၏ နှလုံးသားထဲ၌ အလွန်တရာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့မိသည်မှာ၊ ကျောင်းတော်ကြီးဘက်က ကြိုတင်ပြီး သဘောကျ နှစ်သက်နေသည့် ကျောင်းသားသစ်မှာ ဘယ်လို နောက်ခံမျိုး ရှိနေလို့များ၊ နင်ကျောင်းအုပ်ကြီးအနေဖြင့် ခုနစ်ဆောင်နေမင်း ကျောင်းသား နှစ်ဦးလုံးကို အပြင်သို့ လွှတ်ပြီးတော့မှ တစ်ယောက်ကို မရရအောင် လုယူခိုင်းရသည့်အထိ ဖြစ်နေရတာပါလိမ့်။

“ဒီတစ်ခေါက် ကိစ္စကတော့၊ ပြောရရင် တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

အဲဒီလိုမျိုး သာမန် မျိုးနွယ်စု သေးသေးလေး တစ်ခုထဲကနေပြီးတော့မှ… တိုက်တိုက်ဆိုင်ဆိုင်ပဲ အတွင်းကမ္ဘာမြေရဲ့ အဆင့်အတန်းက အထွတ်ထိပ်တာအို အဆင့်အထိ ရှိတဲ့ ကျောင်းသား သုံးယောက်လုံးလုံး ဆက်တိုက် ထွက်ပေါ်လာခဲ့တာကိုး”

နင်ကျောင်းအုပ်ကြီးက သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်မိသည်။

“သူတို့အားလုံးက ငါတို့ လူသားမျိုးနွယ်တွေထဲက မွေးဖွားလာကြတာ ဖြစ်တဲ့အတွက်၊ ကျောင်းတော်ကြီးရဲ့ အထက်လူကြီးတွေဘက်ကလည်း ငါတို့ လူသားမျိုးနွယ် ကျောင်းဆောင်အပေါ်ကို ဖိအားတွေ အပြင်းအထန် ပေးလာခဲ့ကြတယ်။ ငါတို့ကို တစ်ယောက်ကိုတော့ မရရအောင် လုယူခဲ့ရမယ်လို့ ညွှန်ကြားထားတယ်။

ကျန်ရှိနေတဲ့ နှစ်ယောက်ကိုတော့… ဘယ်သူပဲဖြစ်ဖြစ်၊ တန်လင်ကျောင်းတော်ဘက်က ခေါ်ဆောင်သွားမယ်ဆိုရင် ပေးလိုက်လို့ ရပါတယ်”

အထွတ်ထိပ်တာအိုအဆင့် ရှိတဲ့ အတွင်းကမ္ဘာမြေ ဟုတ်လား။

ဖန့်ချန်နှင့် တုန်းဖန်းဟောက် နှစ်ယောက်လုံး ချက်ချင်းပင် မှင်တက် အံ့ဩသွားခဲ့ကြရတော့သည်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ဦးလုံး၏ ကိုယ်ပိုင် အတွင်းကမ္ဘာမြေ အဆင့်အတန်းသည်ပင်လျှင်၊ ယခုအချိန်အထိ ဤကဲ့သို့သော အထွတ်ထိပ်တာအိုအဆင့် သို့ ရောက်ရှိရန် အလှမ်းဝေးကွာနေသေးသောကြောင့် ဖြစ်ပေသည်။

ထိုအချိန်တွင် နင်ကျောင်းအုပ်ကြီးက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“အထွတ်ထိပ်တာအိုအဆင့် ဆိုတာ…… ငါလည်း နှစ်ပေါင်းများစွာကြာအောင် ဒီလို ပါရမီ အရည်အချင်းမျိုးကို မမြင်တွေ့ခဲ့ရတော့ဘူးပဲ။ ဒီလို ပါရမီ အရည်အချင်းမျိုးကိုသာ အနည်းငယ်လောက် အသေအချာ ပျိုးထောင်ပေးလိုက်မယ်ဆိုရင်၊ နောင်တစ်ချိန်မှာ ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ သေချာပေါက် အသေအချာပဲ ဖြစ်လိမ့်မယ်”

သူက ဖန့်ချန်နှင့် တုန်းဖန်းဟို့ တို့ဘက်သို့ ကြည့်လျက်၊ ပြုံး၍ ဆိုလိုက်သည်။

“ဒီကိစ္စကို မင်းတို့နှစ်ယောက်ဆီပဲ လွှဲအပ်လိုက်မယ်၊ မှတ်ထားပါ…… ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကိုတော့ မရရအောင် ပြန်ပြီး လုယူခဲ့ရမယ်”

“နင်ကျောင်းအုပ်ကြီးခင်ဗျာ…… အကယ်၍ တန်လင်ကျောင်းတော်ဘက်က လူမလွှတ်ပေးဘူး ဆိုရင်ကော……”

တုန်းဖန်းဟို့ ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေး သွားခဲ့ရသည်။

တန်လင်ကျောင်းတော်၏ အခြေခံအုတ်မြစ် အင်အားမှာ၊ ရွှေဟွေးကျောင်းတော်ထက် ဆယ်ဆမက ပိုမို၍ အစွမ်းထက် ထည်ဝါလှပေသည်။

တစ်ဖက်လူကသာ လူမလွှတ်ပေးဘူး ဆိုပါက၊ ထိုကျောင်းသားသစ်က သူတို့နှင့်အတူ ရွှေဟွေးကျောင်းတော်သို့ လိုက်ပါလာရန် မည်သို့ စိတ်ဆန္ဒ ရှိပါတော့အံ့နည်း။

“ဒါဆိုရင်လည်း တိုက်ခိုက်လိုက်ပေါ့”

နင်ကျောင်းအုပ်ကြီးက ပြုံးလျက် ဆိုလိုက်သည်

“မင်းတို့က ခုနစ်ဆောင်နေမင်း ကျောင်းသားတွေ မဟုတ်ဘူးလား၊ သူတို့နဲ့ တိုက်ခိုက်လိုက်။ အကယ်၍ သူတို့တွေသာ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်၊ ဘယ်မျက်နှာနဲ့ သုံးယောက်လုံးကို အတင်းအကျပ် ခေါ်ဆောင်သွားရဲဦးမှာလဲ။

ဒီတစ်ခေါက် ကိစ္စကတော့ ကျောင်းတော်ကြီးဘက်ကနေ နောက်ကွယ်ကနေ အပြည့်အဝ တာဝန်ယူပေးထားမှာ ဖြစ်လို့၊ မင်းတို့တွေ လက်ရဲဇက်ရဲသာ ထုတ်ဖော် တိုက်ခိုက်ကြစမ်းပါ။ တစ်ဖက်လူကို ရိုက်သတ်မိသွားရင်တောင်မှ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး”

တုန်းဖန်းဟို့ ချက်ချင်းပင် နားလည် သဘောပေါက်သွားခဲ့ရပြီး၊ ခေါင်းကို သာသာ ညိတ်ပြလိုက်သည်။

“တပည့် အမိန့်တော်အတိုင်း နာခံပါ့မယ်”

“မင်းကော…… ဘာပြဿနာများ ရှိသေးလဲ”

နင်ကျောင်းအုပ်ကြီးက ဖန့်ချန်ဘက်သို့ လှည့်ကာ၊ ပြုံး၍ မေးမြန်းလိုက်၏။

ဖန့်ချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက်၊ လျှောက်တင်လိုက်သည်။

“ကျောင်းသားအသစ် ခေါ်ယူတယ်ဆိုတာ ကမ်းလှမ်းတဲ့ အခြေအနေတွေအပေါ်မှာလည်း မူတည်တာမလို့…… တိုက်ခိုက်ရုံတင်ဆိုရင်တော့၊ ကျွန်တော့်အထင် အခြေအနေက အနည်းငယ် လိုအပ်ချက် ရှိနေဦးမလားလို့ပါ။

ရွှေဟွေးကျောင်းတော်ဘက်က သူတို့ကို ဆွဲဆောင်ဖို့အတွက် ဘယ်လောက်အထိ အကောင်းဆုံး အခြေအနေမျိုးတွေကို ပေးအပ်ဖို့ ခွင့်ပြုထားလည်းဗျ”

“မဆိုးဘူး၊ ကျောင်းတော်ကြီးဘက်က ပေးနိုင်တဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ကတော့ စင်ကြယ်သော ဗောဓိသီး ဆယ်လုံးပဲ ဖြစ်တယ်။

ကျောင်းတော်ကြီးကလည်း မင်းတို့နှစ်ယောက်လုံးကို အလကား သက်သက် ခရီးပန်းအောင် လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ အကယ်၍ မင်းတို့တွေဘက်က ကျောင်းသားတစ်ယောက်ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီးတော့၊ တစ်ဖက်လူကို ဗောဓိသီး ရှစ်လုံးပဲ ကမ်းလှမ်း ကတိပေးခဲ့ရမယ် ဆိုရင် -

ကျန်ရှိနေတဲ့ ဗောဓိသီး နှစ်လုံးကို၊ မင်းတို့နှစ်ယောက် တစ်ယောက်တစ်လုံးစီ ခွဲဝေ ရရှိကြလိမ့်မယ်။

ဒီလိုမျိုး ပုံစံအတိုင်း တွက်ချက်သွားမှာ ဖြစ်ပေမဲ့၊ အကယ်၍သာ ဆယ်လုံးလုံးကို တစ်ဖက်လူကို ကတိပေး ကမ်းလှမ်းလိုက်ရမယ် ဆိုရင်တော့… မင်းတို့နှစ်ယောက်လုံးရဲ့ ဆုလာဘ်က အနည်းငယ် နောက်ကျပြီးမှ ရရှိမှာ ဖြစ်ပေမဲ့၊ အနည်းဆုံးတော့ စင်ကြယ်သော ဗောဓိသီး တစ်လုံးစီကို သေချာပေါက် ရရှိမှာပါ။

ဒီအချက်ကိုတော့ မင်းတို့တွေ စိုးရိမ်နေဖို့ မလိုပါဘူး”

နင်ကျောင်းအုပ်ကြီးက ပြုံး၍ ဆိုလိုက်တော့သည်။

တုန်းဖန်းဟို့၏ နှလုံးသားထဲ၌မူ တုန်လှုပ်အံ့ဩမှုများ တိတ်တဆိတ် ဖြစ်ပေါ်သွားခဲ့ရပြီး၊ ဤအခြေအနေအရ ကြည့်မည်ဆိုပါက ရွှေဟွေးကျောင်းတော်ကြီးသည် စင်ကြယ်သော ဗောဓိသီး ဆယ်လုံးလုံးကို အသုံးချပြီးတော့မှ အဲဒီအထဲက ကျောင်းသားတစ်ယောက်ကို မရရအောင် ဆွဲဆောင် သိမ်းသွင်းရန် ကြံရွယ်နေခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော အခွင့်အရေးနှင့် ခံစားခွင့်မျိုးက၊ သူကိုယ်တိုင်ပင်လျှင် ယခုအချိန်အထိ အဝေးကြီး အလှမ်းဝေးကွာနေသေးသော အခြေအနေမျိုး ဖြစ်ပေတော့သည်။

All Chapters