← Chapters

အခန်း (၂၁၃၅-၂၁၃၆)

Vol. 214 Ch. 2135-2136

အခန်း (၂၁၃၅-၂၁၃၆)

Vol. 214 Ch. 2135-2136

အခန်း (၂၁၃၅) ကလေးသုံးယောက်

“ကျွေးတဲ့လက်ကို ပြန်ကိုက်ပြီး သစ္စာဖောက်တာ ဟုတ်လား……”

ဖန့်ခွေမှာ အလွန်တရာ ထိတ်လန့်သွားခဲ့ရသဖြင့် မုတ်ဆိတ်မွှေးများပင် တဆတ်ဆတ် တုန်ခါသွားခဲ့ရပြီး၊ အလျင်အမြန်ပင် ဆိုလိုက်တော့သည်။

“ဒီလို စွပ်စွဲချက်မျိုးက တကယ့်ကို ကြီးလေးလွန်းပါတယ်ခင်ဗျာ၊ ကျုပ် အဘိုးကြီးအနေနဲ့ ဘယ်လိုနည်းနဲ့မှ မခံယူဝံ့ပါဘူး၊ လူကြီးမင်းအနေနဲ့ ဒီစကားကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ။”

“ဒါဆိုရင် မင်းတို့ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ထဲကနေ ပါရမီရှင် သုံးယောက် ထွက်ပေါ်လာတဲ့ ကိစ္စကို၊ ဘာဖြစ်လို့ တန်လင်ကျောင်းတော်ဘက်က သိရှိသွားရတာလဲ ဆိုတာကို ရှင်းပြလေ။”

ကော်ယန့်လီက အေးစက်လှသော လေသံဖြင့် ဆိုလိုက်သည်။

“ဒါတင်မကသေးဘူး၊ မင်းတို့က ဒီမျိုးဆက်သစ် သုံးယောက်ကို မိမိတို့ စိတ်ကြိုက် ကျောင်းတော်ကို ရွေးချယ်ခွင့် ပေးမယ်ဆိုပြီးတော့ပါ ဗြောင်ကျကျ စကားချန်ထားခဲ့သေးတယ် ဟုတ်လား။

ဘယ်တုန်းကများ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်မှာ ဒီလို စည်းမျဉ်းမျိုး ရှိသွားတာလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတော့၊ မင်းတို့တွေဟာ နည်းလမ်းအမျိုးမျိုး သုံးပြီးတော့ကို ကိုယ့်ရဲ့ တပည့်တွေကို ရွှေဟွေးကျောင်းတော်ထဲ ရောက်အောင် ပို့ဆောင်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာ ငါ ကောင်းကောင်း မှတ်မိနေသေးတယ်။

ဒီတစ်ခေါက်ကျမှ ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။ တန်လင်ကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က ငါတို့ထက်စာရင် အနည်းငယ် ပိုပြီး ထက်မြက်နေတာကို မြင်တွေ့သွားလို့ မဟုတ်ဘူးလား၊ ဒါကြောင့်မလို့လည်း မင်းတို့က မြက်ပင်ပေါ်က နှင်းပေါက်လို ဟိုဘက်ဒီဘက် ယိမ်းထိုးပြီး၊ တန်လင်ဘက်ကို ခြေစုံပစ် ဝင်ဖို့ ကြံစည်နေကြတာပေါ့ ”

တုန်းဖန်းဟို့ကမူ ကော်ယန့်လီသည် တစ်ဖက်လူအား အာဏာပြ ခြိမ်းခြောက်ပြီး လက်ဦးမှု ရယူနေခြင်း ဖြစ်ကြောင်းကို ကောင်းကောင်း ရိပ်မိနားလည်သွားခဲ့ပေသည်။

ထို့ကြောင့် သူက စကားတစ်ခွန်းမှ ဝင်မပြောဘဲ၊ ဘေးနားကနေ တည်ငြိမ်အေးဆေးစွာဖြင့်သာ အခြေအနေကို စောင့်ကြည့်နေခဲ့တော့၏။

ဖန့်ချန်ကမူ လူအုပ်ကြီးထဲ၌ မိမိ ရှာဖွေချင်နေသော ထိုကောင်လေး ကောင်မလေး သုံးယောက်ကို တွေ့ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

“ငါလည်း တွေးနေတာ…… ဘာဖြစ်လို့ အတွင်းကမ္ဘာနယ်မြေက အထွတ်ထိပ်တာအိုအဆင့် ရှိတဲ့ ပါရမီရှင် သုံးယောက် ရုတ်တရက်ကြီး ပေါ်ထွက်လာရတာလဲလို့……”

ဖန့်ချန်၏ ရင်ထဲ၌ ဗဟုသုတအလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပေသည်။

သို့သော်လည်း ဝမ်းသာမှုနှင့်အတူ ရင်တဖိုဖို ဖြစ်ရသည့် စိုးရိမ်စိတ်နှင့် မမျှော်လင့်ဘဲ အံ့ဩရသည့် စိတ်အခြေအနေအချို့လည်း ရောပြွမ်းနေခဲ့၏။

ဤသုံးယောက်မှာ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင်၊ နိုးထလာသည့် အတွင်းကမ္ဘာနယ်မြေ၏ အဆင့်အတန်းမှာ ဤမျှအထိ မြင့်မားလွန်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

တကယ်လို့ ထိုအချက်ကြောင့် ဟော်ဆွေ့ဘိုးဘေးကြီး ရဲ့ သတိပြုမိခြင်းကို ခံလိုက်ရမယ်ဆိုရင်၊ သူတို့ရဲ့ မူလသရုပ်မှန်က လူသိရှင်ကြား ပေါက်ကြားသွားနိုင်မလား။

“ဒီလောက်အထိတော့ လွယ်ကူမှာ မဟုတ်ပါဘူး၊ အကယ်၍ သရုပ်မှန် ပေါက်ကြားသွားခဲ့ရင်တောင်မှ…… လူသားမျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲက ရေတွက်လို့မကုန်နိုင်တဲ့ လူမျိုးနွယ်စုတွေထဲက တစ်ခုသက်သက်ပဲဟာ။

ဒီလို အဆင့်အတန်းမျိုးရှိတဲ့ ပါရမီရှင်တွေကို၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီး ကိုယ်တိုင်က သေချာပေါက် တန်ဖိုးထား စောင့်ရှောက်မှာပဲ၊ လူသားမျိုးနွယ်စု တစ်ခုတည်းကနေ သူတို့ရဲ့ အသက်ရှင်သေဆုံးမှုကို စီမံခန့်ခွဲဖို့ ဆိုတာကတော့၊ ကြည့်ရတာ အရည်အချင်း မပြည့်မီသေးတဲ့ ပုံစံမျိုးပဲ ”

ဤအချက်ကို တွေးတောမိလိုက်သည့်အခါမှသာ၊ ဖန့်ချန်၏ ရင်ထဲ၌ အနည်းငယ် ပိုမို၍ တည်ငြိမ်အေးဆေး သွားခဲ့ရတော့သည်။

ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးသည် အစွမ်းထက်လှသော လူမျိုးနွယ်စု ပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အထူးသဘာဝမျိုး ရှိနေသောကြောင့်၊ ဆန့်ကျင်ဘက်အနေဖြင့် ရှန်းဟုန်မျိုးနွယ်စု အတွက် အကောင်းဆုံးသော အကာအကွယ်အတားအဆီးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင်၊ ကော်ယန့်လီ၏ ဖိအားပေး ခြိမ်းခြောက်မှုများ၏ ရှေ့မှောက်တွင်မူ၊ ဖန့်ခွေက ကြောက်ရွံ့တုန်လှုပ်စွာဖြင့်သာ တောင်းပန်စကားများကို အဆက်မပြတ် ဆိုနေခဲ့ပြီး၊ ၎င်းမှာ အထင်အမြင်လွဲမှားမှုတစ်ခု သက်သက်သာဖြစ်ကြောင်း၊ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်အနေဖြင့် ကျွေးတဲ့လက်ကို ပြန်ကိုက်မည့် အပြုအမူမျိုး လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောကြားနေခဲ့တော့သည်။

သူ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံနှင့် အပြုအမူ အပြောအဆိုများကို ကြည့်ရသည်မှာ၊ တစ်ဖက်လူသည် ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်အဆင့် တစ်ဦး ဖြစ်နေသည်ဟု ထင်မှတ်ရန်ပင် ခက်ခဲလွန်းလှပေသည်။

“တော်လောက်ပြီ၊ တန်လင်ကျောင်းတော်က လူတွေ ရောက်လာကြပြီလား။ အဲဒီ မျိုးဆက်သစ် သုံးယောက်ကော ဘယ်မှာလဲ၊ ရှေ့ကို ခေါ်ထုတ်လိုက်ဦး ငါ ကြည့်ချင်တယ်၊ တကယ်လို့ ကိုက်ညီမှု ရှိတယ်ဆိုရင်တော့၊ ကျောင်းတော်ကို တိုက်ရိုက် ခေါ်ဆောင်သွားပြီး ပျိုးထောင်ပေးမယ် ”

ကော်ယန့်လီက တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏။

ဖန့်ခွေက ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် သူ၏ နောက်ကွယ်ရှိ ဖန့်မျိုးနွယ်စုဝင်များဘက်သို့ လှည့်ကာ လက်လှမ်းပြလိုက်သည်။

“မင်းတို့ သုံးယောက် မြန်မြန် ရှေ့ကို တိုးလာပြီး၊ ရွှေဟွေးကျောင်းတော်က လူကြီးမင်းကို နှုတ်ဆက်လိုက်ကြဦး။”

“ငါ့ရဲ့ မျိုးရိုးက ကော် ပါ၊ ရှီးမျိုးနွယ်စုရဲ့ ကာကွယ်ရေးဆရာဖြစ်သူ ကော်ယန့်လီပဲ ”

ကော်ယန့်လီက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။

“ဩော်…… မြန်မြန် လာပြီး စီနီယာကြီး ကော် ကို နှုတ်ဆက်လိုက်ကြစမ်း။”

ဖန့်ခွေက အလျင်အမြန်ပင် တိုက်တွန်းလိုက်တော့သည်။

လူအုပ်ကြီးထဲမှနေ၍ လူငယ်ပုံရိပ် သုံးခုမှာ ဖြည်းညှင်းစွာ လှမ်း၍ ထွက်ပေါ်လာခဲ့ကြပေသည်။

ဤအခိုက်အတန့်တွင်မူ ဖန့်မျိုးနွယ်စုဝင်များ၏ အကြည့်များသာမက၊ ထိုက်ဟောင်ယွီ၊ တုန်းဖန်းဟိုါနှင့် ဖန့်ချန် သုံးယောက်စလုံး၏ အကြည့်များကလည်း ဤလူငယ်ပုံရိပ် သုံးခု၏ ကိုယ်ပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားခဲ့ကြရတော့သည်။

အထွတ်ထိပ်တာအိုအဆင့်ရှိသော အတွင်းကမ္ဘာနယ်မြေ ဆိုသည်မှာ၊ နှစ်ပေါင်း မည်မျှကြာမှ တစ်ယောက် ပေါ်ထွက်လာနိုင်သည့် တည်ရှိမှုမျိုးလဲ။

သို့သော်လည်း ယခုအခါတွင်မူ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ထဲကနေ တပြိုင်နက်တည်း သုံးယောက်တောင် ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ၊ သဘာဝကျကျပင် လူအများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။

ထို့အပြင် ထိုက်ဟောင်ယွီနှင့် တုန်းဖန်းဟို့ ကိုယ်တိုင်ကလည်း ပါရမီရှင်များ ဖြစ်ကြသည့်အတွက်ကြောင့်၊ ယခုအခါ မိမိတို့ထက် သဘာဝပါရမီ သာလွန်ထက်မြက်လှသော မျိုးဆက်သစ်များ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ သူတို့၏ စိတ်ခံစားမှုမှာ အလွန်တရာကို ရှုပ်ထွေးနောက်ကျိသွားခဲ့ရတော့၏။

ထိုသုံးယောက်မှာ ကော်ယန့်လီ၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လှမ်း၍ ရောက်ရှိလာခဲ့ကြပြီး၊ အလွန်တရာ စိုးရိမ်ထိတ်လန့်စွာဖြင့် အရိုအသေ ပေးလိုက်ကြကာ မိမိတို့ကိုယ်မိမိ မိတ်ဆက်လိုက်ကြတော့သည်။

“ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်က ဖန့်ကျစ်ရွှယ် ၊ စီနီယာကြီး ကော် ကို ဂါရဝပြုပါတယ် ”

“ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်က ဖန့်ရှောက်ပန်း စီနီယာကြီး ကော် ကို ဂါရဝပြုပါတယ်”

“ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်က ဖန့်ရှောက်ထျန်း စီနီယာကြီး ကော် ကို ဂါရဝပြုပါတယ် ”

ထိုသုံးယောက်မှာ အရိုအသေ ပေးပြီးနောက်တွင်မူ၊ ခေါင်းများကို နိမ့်ချလျက် လိမ္မာယဉ်ကျေးစွာဖြင့် မတ်တပ်ရပ်နေခဲ့ကြပြီး တခြား စကားကိုမူ အများကြီး ပြောဆိုခြင်း မရှိကြပေ။

ဖန့်ခွေကမူ ထိုသုံးယောက်အား ပြုံးပြုံးလေးဖြင့် စိုက်ကြည့်နေခဲ့ပြီး၊ မျက်နှာတစ်ခုလုံးတွင်လည်း ကြည်နူးပီတိဖြစ်ရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ကလေးတို့…… လာစမ်း၊ မင်းတို့ရဲ့ အတွင်းကမ္ဘာနယ်မြေကို ဖွင့်လှစ်လိုက်စမ်း၊ ငါ နည်းနည်းလောက် ကြည့်ရှု စစ်ဆေးရအောင် ”

ကော်ယန့်လီ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ခပ်ဖွဖွ လေသံဖြင့် ဆိုလိုက်သည်။

ထိုသုံးယောက်မှာ ဤစကားကို ကြားရသည့်အခါ တစ်ယောက်ကိုတစ်ယောက် လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ နောက်ဆုံးတွင် ဖန့်ခွေဘက်သို့ လှမ်း၍ ကြည့်လိုက်ကြမိ၏။

ဖန့်ခွေက အလျင်အမြန်ပင် ပြုံးလျက် ကြိမ်းမောင်းလိုက်သည်။

“စီနီယာကြီး ကော် က မင်းတို့ကို ဘာလုပ်ခိုင်းသလဲ၊ မင်းတို့ အဲဒီအတိုင်း လုပ်ဆောင်လိုက်ကြလေ၊ ငါ့ကို လှမ်းကြည့်နေကြတာ ဘာလုပ်ဖို့လဲ ”

“ဟုတ်ကဲ့ပါ……”

ထိုသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် မိမိတို့၏ အတွင်းကမ္ဘာနယ်မြေများကို ဖွင့်လှစ်လိုက်ကြတော့သည်။

သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ရှိသေးသော ဤသုံးယောက်မှာ၊ မိမိတို့၏ အတွင်းကမ္ဘာနယ်မြေများကို ဖွင့်လှစ်လိုက်သည်နှင့် တပြိုင်နက်တည်း၊ အလွန်တရာကို ထည်ဝါခမ်းနားလှသော အတွင်းကမ္ဘာအငွေ့အသက်များက လူအများ၏ မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝှေ့ တိုက်ခတ်လာခဲ့တော့၏။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ဝင်များမှာမူ ဤအခြေအနေနှင့် ပတ်သက်ပြီး ရှေးယခင်ကတည်းက ကျွမ်းဝင်နေခဲ့ကြပြီ ဖြစ်ပုံရသဖြင့် ဘာမှမထူးဆန်းသလို ပြုမူနေကြပေသည်။

သို့သော်လည်း ထိုက်ဟောင်ယွီနှင့် တုန်းဖန်းဟို့ တို့နှစ်ယောက်ကမူ မျက်နှာပေါ်တွင် အံ့ဩဆွံ့အသွားသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့ရတော့၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခြေခံအုတ်မြစ် အငွေ့အသက်မျိုးမှာ၊ တကယ့်ကို ထည်ဝါခမ်းနားလွန်းလှသောကြောင့် ဖြစ်ပေသည်။

အနည်းဆုံးတော့ သူတို့နှစ်ယောက် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းစဉ်တုန်းက၊ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအုတ်မြစ်မှာ လက်ရှိမျက်မှောက်မှ သုံးယောက်၏ ဆယ်ပုံတစ်ပုံကိုပင် မမှီခဲ့ပေ။

သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးဖြင့်ပင်၊ သူတို့နှစ်ယောက်သည် အဆင့်တူ တည်ရှိမှုများထက်စာလျှင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ခဲ့ကြပြီးပြီ ဖြစ်သည်။

အကယ်၍ လက်ရှိ မျက်မှောက်မှ သုံးယောက်အား စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များ ဖြစ်ကြသည်ဟု တစ်စုံတစ်ယောက်က ပြောလာခဲ့မည်ဆိုလျှင်ပင်၊ ယုံကြည်မည့်လူများ ရှိနေပေလိမ့်မည်။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့၊ ဤသုံးယောက်မှာ သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ရှိကြသေးပြီး၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် ဆီသို့ ရောက်ရှိရန်ပင် အလွန်တရာ လိုအပ်နေသေးခြင်း ဖြစ်ပေသည်။

သူတို့နှစ်ယောက်အနေဖြင့် စိတ်ကူးထဲ၌ပင် ထည့်သွင်းစဉ်းစားရန် ခက်ခဲလွန်းလှသည်အကယ်၍ ဤသုံးယောက်သာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်သွားခဲ့မည်ဆိုလျှင်တော့၊ မည်မျှအထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အစွမ်းသတ္တိမျိုးကို ပိုင်ဆိုင်သွားကြမည်လဲ။

ဤအခိုက်အတန့်တွင်မှသာ၊ သူတို့နှစ်ယောက်သည် ကျောင်းတော်ကြီးဘက်က ဘာဖြစ်လို့ ဤသုံးယောက်ကို ဤမျှအထိ တန်ဖိုးထားနေရသလဲ ဆိုသည်ကို ကောင်းကောင်း နားလည်သွားခဲ့ကြတော့သည်။

ဤသုံးယောက်၏ သဘာဝပါရမီနှင့် အရည်အချင်းမှာ၊ လူတစ်ဦးချင်းစီတိုင်းက စင်ကြယ်သော ဗောဓိသီး အလုံးပေါင်း ရာချီကို ကြိုတင်၍ ဝါးမျိုထားခဲ့ကြသည့်အလား ဖြစ်နေပြီး၊ ထို့ထက်ပင် ပိုမို၍ သာလွန်ထက်မြက်နေသေးခြင်း ဖြစ်ပေသည်……

တစ်ယောက်ကို မိမိတို့ကျောင်းတော်ထဲသို့ ဆွဲဆောင်နိုင်ရုံဖြင့်တင်၊ ကျောင်းတော်ကြီးအနေဖြင့် စင်ကြယ်သောဗောဓိသီး အလုံးပေါင်း ရာချီကို အလကားရရှိလိုက်သလိုမျိုး အကျိုးအမြတ် ရရှိသွားမှာ ဖြစ်သည်။

“ဒီအခြေခံအုတ်မြစ်ကတော့…… တကယ်ပဲ ငါ အရင်တုန်းကထက်စာရင် အများကြီး ပိုပြီးတော့ အစွမ်းထက်လွန်းနေတာပဲ……”

ဖန့်ချန်၏ မျက်ဝန်းအစုံထဲ၌ ချီးကျူးအံ့ဩရသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့မိသည်။

ထိုသုံးယောက်၏ မျက်နှာသွင်ပြင်မှာ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ၊ ရှေးယခင်တုန်းကနှင့် ထပ်တူထပ်မျှပင် ဖြစ်ပေသည်။

သို့သော်လည်း ထိုသုံးယောက်၏ ရှေ့လျှောက် အနာဂတ်ခရီးလမ်းမှာမူ၊ နယ်မြေကိုးခု ထဲ၌ ရှိနေစဉ်တုန်းကထက်စာလျှင် အဆပေါင်း ရေတွက်လို့မကုန်နိုင်အောင် ပိုမို ကောင်းမွန်တောက်ပသွားခဲ့ပြီ ဖြစ်၏။

အကယ်၍ သူတို့သာ နယ်မြေကိုးခုထဲ၌ ဆက်လက် ရှိနေခဲ့ကြဦးမည်ဆိုပါက၊ လက်ရှိမျက်မှောက်မှ အခြေအနေမျိုး၏ ဆယ်ပုံတစ်ပုံကိုပင် ရောက်ရှိရန် အလွန်တရာ ခက်ခဲလွန်းလှပေလိမ့်မည်။

ကော်ယန့်လီ၏ မျက်ဝန်းထဲတွင်လည်း ကြုံတောင့်ကြုံခဲလှသော လေးနက်တည်ကြည်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက်၊ သူက ထိုအတွင်းကမ္ဘာနယ်မြေ သုံးခုထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လှည့်လည် စစ်ဆေးကြည့်ရှုလိုက်တော့သည်။ သူ ပြန်လည်၍ ပေါ်ထွက်လာသည့် အချိန်တွင်မူ၊ ဤသုံးယောက်၏ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းမှာ၊ တကယ့်ကို အထွတ်ထိပ်တာအိုအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သေချာပေါက် အတည်ပြုနိုင်သွားခဲ့ပြီ ဖြစ်၏။

၎င်းမှာ အထွတ်ထိပ်တာအို၏ အဆင့်နိမ့် လား သို့မဟုတ် အဆင့်မြင့် လား ဆိုသည်ကိုမူ၊ သူ ခွဲခြားနိုင်စွမ်း မရှိသလို၊ ခွဲခြားနေရန်လည်း မလိုပေ။

အထွတ်ထိပ်တာအိုအဆင့် ဖြစ်နေရုံမျှဖြင့်တင်၊ ရွှေဟွေးကျောင်းတော်အနေဖြင့် မည်သို့သော နည်းလမ်းမျိုးကို သုံး၍ဖြစ်စေ သေချာပေါက် လုယူရမည့် တည်ရှိမှုမျိုး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ကလေးတို့ သုံးယောက်…… ငါတို့ ရွှေဟွေးကျောင်းတော်ထဲကို ဝင်ရောက်ဖို့ လိုလားကြလား။ မင်းတို့ သုံးယောက်ရဲ့ သဘာဝပါရမီနဲ့ဆိုရင်တော့၊ ကျောင်းတော်ကြီးဘက်ကနေ စွမ်းအားရှိသမျှ အကုန်ထုတ်ပြီး ပျိုးထောင်ပေးမှာ အမှန်ပဲ။

ဘယ်လို ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်မျိုးမဆို မင်းတို့အတွက် လုံလောက်အောင် ပံ့ပိုးပေးမှာဖြစ်သလို၊ တခြားကြီးမားတဲ့ လူမျိုးနွယ်စုကြီးတွေရဲ့ နတ်ဘုရားစွမ်းရည် မဟာပညာရပ်တွေကိုပါ၊ မင်းတို့ စိတ်ကြိုက် လေ့လာဆည်းပူးနိုင်အောင် ခွင့်ပြုပေးသွားမှာ”

ကော်ယန့်လီက မျက်နှာတစ်ခုလုံး ပြုံးရွှင်လျက် ခပ်ဖွဖွ လေသံဖြင့် ဆိုလိုက်၏။

ထိုသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ မျက်နှာပေါ်တွင် ခက်ခဲကျပ်တည်းရသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့ကြရတော့သည်။

ဖန့်ကျစ်ရွှယ်က အလွန်တရာ စိုးရိမ်ထိတ်လန့်စွာဖြင့် ဆိုလိုက်မိသည်။

“စီနီယာကြီး …… ကျွန်မတို့ သုံးယောက် အသေအချာ တိုင်ပင်ပြီးကြပါပြီ၊ ကျုပ်တို့အားလုံး တန်လင်ကျောင်းတော် ဘက်ကိုပဲ သွားပြီး ကျင့်ကြံဖို့ ဆုံးဖြတ်ချက် ချထားကြပါတယ်……”

ကော်ယန့်လီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်ညှိုးငယ် သွားခဲ့ရသဖြင့်၊ ထိုကလေးသုံးယောက်အား လန့်ဖျန့်သွားစေခဲ့ပေသည်။ သူက ဤအချက်ကို သတိပြုမိသွားသည့်အခါတွင်မူ၊ ချက်ချင်းပင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ပြီးနောက် ဆိုလိုက်သည်။

“မင်းတို့တွေက တန်လင်ကျောင်းတော်ဘက်ကပဲ အကောင်းဆုံး နေရာတစ်ခု ဖြစ်နေလိမ့်မယ်လို့ ထင်မနေကြနဲ့ဦး။

အဲဒီနေရာရဲ့ အခြေခံအုတ်မြစ်က အစွမ်းထက်လှတာ မှန်ပေမဲ့၊ ပြိုင်ဆိုင်မှုကလည်း အလွန်တရာ ပြင်းထန်လွန်းလှတယ်။

အကယ်၍ မင်းတို့က တခြားလူတွေကို မယှဉ်နိုင်ခဲ့ကြဘူးဆိုရင်တော့၊ အဲဒီဘက်ကနေ ရရှိမယ့် ပျိုးထောင်ပေးမှုတွေကလည်း၊ ငါတို့ ရွှေဟွေးကျောင်းတော်ထဲမှာ ရရှိမယ့်အရာတွေထက် သာလွန်လိမ့်မယ်လို့ မပြောနိုင်ဘူး။

ငါတို့ ရွှေဟွေးကျောင်းတော်က မင်းတို့ရဲ့ သဘာဝပါရမီကို မြေမြှုပ်ပစ်လိမ့်မယ်လို့လည်း စိတ်မပူကြပါနဲ့။

ဒီမှာရှိနေတဲ့ နှစ်ယောက်ကလည်း၊ ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်စု ကျောင်းဆောင်ထဲက ထိပ်သီး ပါရမီရှင်တွေပဲ ဖြစ်ကြတယ်။ တစ်ယောက်က မင်းတို့နဲ့ မျိုးရိုးတူတူပဲ ဖန့် လို့ခေါ်တယ်၊ နာမည်က ဖန့်ချန် တဲ့၊ အခုတင်ပဲ ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် တက်လှမ်းအောင်မြင်ထားတာ။

နောက်တစ်ယောက်ကတော့ တုန်းဖန်းဟို့ လို့ ခေါ်တယ်၊ စွမ်းအင်စုစည်းခြင်း အဆင့်မြင့်အဆင့် ရှိပြီး၊ သူကလည်း အခုတင်ပဲ ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် တက်လှမ်းအောင်မြင်ထားတာ။

အကယ်၍ မင်းတို့ရဲ့ လူကြီးမိဘတွေက မင်းတို့ကို ခုနစ်ဆောင်နေမင်း ခန်းမဆောင် အကြောင်း ပြောပြဖူးတယ်ဆိုရင်တော့၊ ခုနစ်ဆောင်နေမင်း ကျောင်းသား ဆိုတာက ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို မင်းတို့ ကောင်းကောင်း သိကြမှာပါ။”

ကော်ယန့်လီက ပြုံးလျက် ဆိုလိုက်သည်

“ငါနဲ့အတူ လိုက်ခဲ့ကြပါ၊ မင်းတို့ သုံးယောက်စလုံးကတော့၊ မဝေးတော့တဲ့ အနာဂတ်ခရီးလမ်းမှာ၊ သေချာပေါက် ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲမှာ နေရာတစ်နေရာကို ပိုင်ဆိုင်ခွင့် ရရှိသွားမှာဖြစ်ပြီး၊ အဆင့်သတ်မှတ်ချက်က သူတို့နှစ်ယောက်ထက်တောင် ပိုပြီး မြင့်မားဦးမှာ သေချာတယ်”

ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း၊ တုန်းဖန်းဟို့၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ ပြောင်းလဲသွားခြင်း မရှိသော်လည်း၊ သူ၏ မျက်ဝန်းအစုံကမူ ထင်ရှားစွာပင် လှုပ်ခတ်သွားခဲ့ရတော့၏။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ဝင်များကမူ၊ ဖန့်ချန်၏ ကိုယ်ပေါ်သို့ စိတ်ဝင်စားမှုအပြည့်ဖြင့် လှမ်း၍ ကြည့်ရှုလိုက်ကြတော့သည်။

မည်သို့ပင်ဆိုစေဦးတော့ တစ်ဖက်လူသည် မိမိတို့နှင့် မျိုးရိုးချင်း တူညီနေသည့်အတွက်ကြောင့်၊ သဘာဝကျကျပင် ရင်ထဲ၌ ရင်းနှီးကျွမ်းဝင်မှု အချို့ ဖြစ်ပေါ်နေကြခြင်း ဖြစ်ပေသည်။

အခန်း (၂၁၃၆) ထိုက်ဟောင်မျိုးနွယ်စု

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ဝင်များသည် တစ်ဖက်မှ ဖန့်ချန်တို့နှစ်ဦးအား တိတ်တဆိတ် အကဲခတ်နေကြရင်း၊ အခြားတစ်ဖက်မှလည်း ကော်ယန့်လီ ပြောကြားသွားသည့် စကားများကို ရင်ထဲ၌ တိတ်တဆိတ် တွေးတောဆင်ခြင်နေကြပေသည်။

အကယ်၍သာ သူတို့နေရာ၌ ဖြစ်နေခဲ့ပါက၊ ရွှေဟွေးကျောင်းတော်၏ ကာကွယ်ရေးဆရာကိုယ်တိုင် အိမ်တိုင်ရာရောက် ကျောင်းသားလာရောက်ခေါ်ယူခြင်းကို ကြုံတွေ့ရလျှင်၊ သေချာပေါက် ချက်ချင်းပင် ဒူးထောက်ကာ ဦးခိုက်ပြီး ဆရာအဖြစ် ရိုသေစွာ လက်ခံမိကြပေလိမ့်မည်။

သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ၊ သူတို့၏ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းမှာ ထိုမျှအထိ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းမွန်မနေခဲ့ခြင်းပင် ဖြစ်၏။

မည်သည့်ကျောင်းတော်သို့ သွားရောက်ရမည်နည်း ဆိုသည့်အချက်မှာ၊ ဖန့်ကျစ်ရွှယ်တို့ သုံးယောက်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ အဓိက တည်မှီနေပေသည်။

၎င်းတို့၏ သဘာဝပါရမီနှင့် အရည်အချင်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်မားလွန်းနေသောကြောင့်သာ၊ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ဖန့်ခွေနှင့်တကွ ဂိုဏ်းခွဲအသီးသီးမှ မျိုးနွယ်စုအကြီးအကဲများပင်လျှင်၊ ထိုသုံးယောက်အတွက် ကိုယ်စားပြု၍ အလွယ်တကူ ဆုံးဖြတ်ချက် မချမှတ်ရဲကြခြင်း ဖြစ်ပေသည်။

အကယ်၍သာ ထိုသို့မဟုတ်ဘဲ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤသုံးယောက်သည် တကယ်ပဲ ထိပ်တန်းသို့ တက်လှမ်းအောင်မြင်သွားပြီး၊ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် ၊ ထိုမှတစ်ဆင့်…… အထွတ်ထိပ်တာအိုအဆင့်အထိ ရောက်ရှိသွားခဲ့ပါက၊ ရှေးယခင်က ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ စီမံခန့်ခွဲမှုများအပေါ် မကျေမနပ် ဖြစ်လာခဲ့လျှင် ဖြေရှင်းရ အလွန်ခက်ခဲသွားပေလိမ့်မည်။

ဖန့်ကျစ်ရွှယ်တို့ သုံးယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ ဖန့်ချန်နှင့် တုန်းဖန်းဟို့ တို့ကိုလည်း တဖန်ပြန်၍ စိုက်ကြည့်လိုက်ကြမိရာ၊ မျက်နှာပေါ်တွင် ခက်ခဲကျပ်တည်းရသည့် အရိပ်အယောင်များ ပေါ်ထွက်နေဆဲပင် ဖြစ်သည်။

ကော်ယန့်လီက ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

“ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ အမာခံတပည့်တွေဟာ၊ သူတော်စင်အဆင့်ဆီ မတက်လှမ်းခင် အချိန်မှာတင်၊ စင်ကြယ်သော ဗောဓိသီးလိုမျိုး ထိပ်တန်းအဆင့်ရှိတဲ့ အခြေခံအုတ်မြစ် တည်ဆောက်ရေး နတ်ဘုရားရတနာ ကို ချီးမြှင့်ခြင်း ခံရတတ်ကြတယ်။

အဲဒီအရာက မင်းတို့ရဲ့ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်ပြီး၊ နောက်နောင် ကျင့်ကြံမယ့် လမ်းခရီးကို ပိုပြီးတော့ ချောမွေ့သွားစေလိမ့်မယ်။

ဒီလိုမျိုး အဖိုးတန်ပစ္စည်းက တန်လင်ကျောင်းတော်ဘက်မှာဆိုရင် တော်တော်လေးကို ကြုံတောင့်ကြုံခဲလှတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ပါရမီရှင်တွေက အလွန်တရာ များပြားလွန်းတဲ့အတွက်ကြောင့်၊ လုံးဝကို ခွဲတမ်းမလောက်ငှနိုင်ဘူး ဖြစ်နေတာ။”

သူက ခေတ္တမျှ စကားကို ရပ်တန့်လိုက်ပြီးနောက်

“မင်းတို့တွေ ဆက်ပြီးတော့ တွေးတောမနေကြပါနဲ့တော့၊ ရွှေဟွေးကျောင်းတော်ကို လာရောက်တာကသာ၊ မင်းတို့အတွက်တော့ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်လိမ့်မယ် ”

“ဒီလူကြီးမင်းကော…… စင်ကြယ်သော ဗောဓိသီးကို ဝါးမျိုဖူးတာလားဟင် ”

ဖန့်ကျစ်ရွှယ်က ရုတ်တရက်ပင် ဖန့်ချန်ဘက်သို့ လှမ်း၍ ကြည့်ကာ မေးမြန်းလိုက်ပေသည်။

တုန်းဖန်းဟို့မှာ စွမ်းအင်စုစည်းခြင်း အဆင့်မြင့်အဆင့် ဖြစ်နေသည့်အတွက်ကြောင့်၊ နှိုင်းယှဉ်စရာ အကြောင်းမရှိသော်လည်း၊ လက်ရှိမျက်မှောက်မှ ဖန့်ချန်အား ခုနတုန်းက ကော်ယန့်လီ မိတ်ဆက်ပေးသွားစဉ်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် မျှသာရှိသေးပြီး၊ ကျင့်ကြံခြင်းအဆင့်အတန်းမှာလည်း သူတို့နှင့် နီးစပ်နေခဲ့ပေသည်။

သူတို့အနေဖြင့်လည်း ခုနစ်ဆောင်နေမင်း ကျောင်းသားအဆင့်ရှိသော စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တစ်ဦးနှင့်၊ လက်ရှိ မိမိတို့အကြားရှိ ကွာဟချက်မှာ မည်မျှအထိ ကြီးမားလှသလဲ ဆိုသည်ကို မြင်တွေ့လိုကြခြင်း ဖြစ်၏။

ကော်ယန့်လီက ဖန့်ချန်အား တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်ပြီးနောက်၊ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ သူလည်း စင်ကြယ်သော ဗောဓိသီးကို ဝါးမျိုဖူးတယ်၊ ဒါပေမဲ့ သူက မင်းတို့နဲ့ မတူဘူး၊ သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းက ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်နိမ့်ပဲ ရှိတာ၊ တုန်းဖန်းဟို့ရဲ့ ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်မြင့် အဆင့် ကိုတောင် မမှီသေးဘူး ”

“မင်းတို့ကျတော့ အထွတ်ထိပ်တာအိုအဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားကြတာဖြစ်လို့၊ အကယ်၍ မင်းတို့တွေ စင်ကြယ်သော ဗောဓိသီးကို မဝါးမျိုရသေးဘူးဆိုရင်တောင်မှ၊ အတွင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်က သူ သူတော်စင်တစ်ပိုင်းအဆင့် ရှိစဉ်တုန်းကထက်စာရင်၊ အဆပေါင်းများစွာ ပိုပြီးတော့ ထည်ဝါခမ်းနားနေခဲ့ပြီ ”

“ကာကွယ်ရေးဆရာကော် ပြောကြားသွားတာ မှန်ကန်ပါတယ်၊ ရွှေဟွေးကျောင်းတော်ဘက်က ပေးအပ်တဲ့ အခြေအနေတွေက တကယ့်ကို အထူးအခွင့်အရေးတွေ ဖြစ်နေပါပြီ၊ တကယ်လို့ မင်းတို့ သုံးယောက်သာ ရွှေဟွေးကျောင်းတော်ထဲ ဝင်ရောက်မယ်ဆိုရင်တော့၊ တစ်ယောက်ကို စင်ကြယ်သော ဗောဓိသီး ဆယ်လုံး ရရှိကြမှာပဲ”

ဖန့်ချန်က ပြုံးလျက် ဝင်ရောက်ပြောဆိုလိုက်သည်

“ဒီလိုမျိုး ရက်ရက်ရောရော ပေးအပ်တဲ့ အခြေအနေမျိုးကိုတော့၊ ကြည့်ရတာ တန်လင်ကျောင်းတော်ဘက်ကတောင် ပေးနိုင်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်က ကျောင်းသားအရေအတွက်က၊ ငါတို့ကျောင်းတော်ထက်စာရင် ဆယ်ဆမက ပိုပြီးတော့ များပြားလွန်းနေလို့ပဲ”

တုန်းဖန်းဟို့၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရပြီး၊ ဖန့်ချန်အား တိတ်တဆိတ် လှမ်း၍ ကြည့်လိုက်မိ၏။ တစ်ဖက်လူသည် မိမိတို့၏ အဆုံးသတ် ဖဲချပ်ကို မိမိနှင့် လုံးဝ တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ၊ ဗြောင်ကျကျ ထုတ်ပြောလိုက်ခြင်း ဖြစ်သောကြောင့်တည်း။

“တစ်ယောက်ကို စင်ကြယ်သော ဗောဓိသီး ဆယ်လုံးတောင်မှလား……”

ဖန့်ခွေက ရေရွတ်လိုက်မိသည်

“ဒီလို အခြေအနေမျိုးကတော့ တကယ့်ကို အလွန်ကောင်းမွန်လှပါတယ်၊ အမာခံတပည့်တွေ ကိုယ်တိုင်တောင်မှ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်သို့ မတက်လှမ်းခင်မှာ၊ စင်ကြယ်သော ဗောဓိသီး တစ်လုံးတည်းသာ ရရှိနိုင်တာကို……”

“ဒါပေမဲ့လည်း…… ရွှေဟွေးကျောင်းတော်နဲ့ တန်လင်ကျောင်းတော်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့၊ ဆရာဆရာမတွေရဲ့ အရည်အချင်း ပိုင်းမှာတော့ အနည်းငယ် ကွာဟချက် ရှိနေသေးတယ်၊ အဲဒီဘက်က ဆရာအများစုကတော့၊ ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲကို ဝင်ရောက်ဖူးတဲ့ အတွေ့အကြုံတွေ ရှိကြတာချည်းပဲ……”

ဤစကားလုံးများက ဖန့်ကျစ်ရွှယ်တို့ သုံးယောက်အား လေးနက်စွာ တွေးတောသွားစေခဲ့ပေသည်။

ကော်ယန့်လီက ဖန့်ခွေအား အမူအရာမပျက် တိတ်တဆိတ် လှမ်း၍ ကြည့်လိုက်ပြီးနောက်၊ ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

“အဲဒီဘက်က ဆရာအများစုမှာ ခုနစ်ဆောင်နေမင်း ခန်းမဆောင် အတွေ့အကြုံ ရှိကြတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်ကတော့…… သေချာပေါက် မြင့်မားချင်မှ မြင့်မားမှာပါ။

အကယ်၍ ဒီသုံးယောက်သာ ရွှေဟွေးကျောင်းတော်ထဲကို ဝင်ရောက်လာခဲ့မယ်ဆိုရင်၊ နောင်ကျရင် ငါကိုယ်တိုင် စိတ်ကြိုက် ပျိုးထောင်ပေးသွားမှာပဲ။

မင်းတို့တွေသာ ကြိုတင်ပြီး စုံစမ်းကြည့်ဖူးမယ်ဆိုရင်တော့၊ ငါ ကော်ယန့်လီဟာ စွမ်းအင်စုစည်းခြင်း အဆင့်မြင့်အဆင့် ရှိစဉ်တုန်းက၊ ခုနစ်ဆောင်နေမင်း ခန်းမဆောင်ရဲ့ ထိပ်တန်း သုံးယောက်စာရင်းထဲအထိ တက်လှမ်းအောင်မြင်ခဲ့ဖူးတယ် ဆိုတာကို သိကြမှာပါ။

ကောင်းကင်ငါပါးထဲမှာ အဆင့်တူ တည်ရှိမှုတွေထဲက ထိပ်တန်း သုံးယောက် ဆိုတဲ့ ဒီလိုမျိုး ရလဒ်ကောင်းကိုတော့၊ တန်လင်ကျောင်းတော်မှာ ရှာဖွေကြည့်မယ်ဆိုရင်တောင် ဘယ်နှစ်ယောက်မှ ရှိမှာမဟုတ်ဘူး။

ရှေးယခင်က ရှိခဲ့ဖူးရင်တောင်မှ၊ အခုအခါမှာတော့ သေချာပေါက် အထွတ်ထိပ်တာအိုအဆင့်ကို ရောက်ရှိသွားကြပြီဖြစ်လို့၊ တပည့်တွေကို ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီးတော့ သွန်သင်ပေးတော့မှာ မဟုတ်ဘူး ”

ခုနစ်ဆောင်နေမင်း ခန်းမဆောင်ရဲ့ စွမ်းအင်စုစည်းခြင်း အဆင့်မြင့်အဆင့် ထိပ်တန်း သုံးယောက် တောင်မှလား။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ဝင်များကြားထဲမှနေ၍ အံ့ဩဆွံ့အသံများ တစီစီ ထွက်ပေါ်လာခဲ့ရတော့သည်။

လူအများစုမှာ ကော်ယန့်လီနှင့် ပတ်သက်ပြီး အမှန်တကယ်ပင် သေချာစွာ မသိရှိကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့၌ ခုနစ်ဆောင်နေမင်း ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံဖူးသည့် အတွေ့အကြုံ များများစားစား မရှိခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့အပြင် ၎င်းမှာ ကော်ယန့်လီ ငယ်ရွယ်စဉ်အခါတုန်းက အကြောင်းအရာလည်း ဖြစ်ပေသည်။

ထိုအချိန်တုန်းက ဆိုလျှင်၊ ဖြစ်နိုင်သည်မှာ ဖန့်ခွေကိုယ်တိုင်ပင် သူတော်စင်အဆင့်သို့ မရောက်ရှိသေးတာမျိုးလည်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း သူတို့အားလုံးသည် ခုနစ်ဆောင်နေမင်း ခန်းမဆောင်၏ တန်ဖိုးနှင့် အရှိန်အဝါ မည်မျှအထိ ကြီးမားလှသလဲ ဆိုသည်ကိုမူ ကောင်းကောင်း နားလည်ထားကြပေသည်။

ခုနစ်ဆောင်နေမင်း ခန်းမဆောင်၏ အဆင့်တူ ထိပ်တန်း သုံးယောက် ဆိုသည်မှာ၊ အခြေအနေ အများစုတွင် ကောင်းကင်ငါးပါး၏ ထိပ်တန်း သုံးယောက်ကို လုံးဝ ကိုယ်စားပြုနိုင်စွမ်း ရှိပေသည်။

ကောင်းကင်ငါးပါး၏ ထိပ်တန်း သုံးယောက် ဆိုသည်မှာ မည်ကဲ့သို့သော သဘောတရားမျိုးလဲ။

၎င်းမှာ ကောင်းကင်ငါးပါး မဟာမိတ်အဖွဲ့ကြီး တစ်ခုလုံးထဲ၌ပင်၊ ဤနေရာကို ရယူနိုင်သည့် တည်ရှိမှု သုံးယောက်သာ ရှိသည်ဟူသည့် သဘောနှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။

သေချာပေါက်ပင် အလွန်တရာ ပြင်းထန်လှသော ပြိုင်ဆိုင်မှုများကို ဖြတ်သန်းခဲ့ရပြီး၊ စိတ်ကူးထဲ၌ပင် ထည့်သွင်းစဉ်းစားရန် ခက်ခဲလှသော ထိုပါရမီရှင် အမြောက်အမြားကို အဆင့်ဆင့် ဖယ်ရှားပစ်ခဲ့ပြီးမှသာ၊ နောက်ဆုံးတွင် ဤမျှအထိ ဂုဏ်ယူဝံ့ကြွားဖွယ်ကောင်းသော ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကော်ယန့်လီ၏ တောက်ပလှသော အတိတ်သမိုင်းကြောင်းနှင့် စွမ်းဆောင်ရည်များကို သိရှိသွားကြပြီးနောက်တွင်မူ၊ လူအပေါင်းတို့သည် သူ့အား ကြည့်ရှုသည့် အကြည့်များမှာ ပိုမို၍ ရိုသေခန့်ညား ထိတ်လန့်သွားခဲ့ကြရပြီး၊ ရွှေဟွေးကျောင်းတော်၏ စိတ်ရင်းစေတနာမှာ တကယ့်ကို အပြည့်အဝ ရှိနေကြောင်းကိုလည်း ရင်ထဲ၌ ခံစားမိသွားကြတော့သည်။

“လူကြီးမင်း ကော်…… ဒါဆိုရင် အခု လူကြီးမင်းရဲ့ ကျင့်ကြံခြင်းအဆင့်က……”

ဖန့်ကျစ်ရွှယ်က စူးစမ်းလိုစိတ်ဖြင့် သိချင်စနိုး မေးမြန်းလိုက်ပေသည်။

“ကောင်းကင်နိမိတ်ဖြစ်စဥ် တတိယအဆင့် ပါ”

ကော်ယန့်လီက ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်၏။

လူအပေါင်းတို့၏ ရင်ထဲ၌ တဖန်ပြန်၍ အံ့ဩထိတ်လန့်ခြင်း အငွေ့အသက်တစ်ခု ဖြတ်သန်းသွားခဲ့ရပြန်ပေသည်။

ကောင်းကင်နိမိတ်ဖြစ်စဥ် တတိယအဆင့် လားတစ်ဖက်လူ၏ သဘာဝပါရမီနှင့် အရည်အချင်းအရ ဆိုလျှင်တော့၊ ၎င်းမှာ အထွတ်ထိပ်တာအိုအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလို တည်ရှိမှုကြီး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

အကယ်၍သာ သူ့ထံ၌ ဆရာအဖြစ် ဆည်းကပ်ခွင့် ရရှိခဲ့မည်ဆိုပါက၊ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူသာ အထွတ်ထိပ်တာအို သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်သွားခဲ့လျှင်၊ သူတို့သည်လည်း အထွတ်ထိပ်တာအို သူတော်စင်ကြီး၏ တပည့်အရင်းအချာများ ဖြစ်လာကြတော့မှာ ဖြစ်သည်။

ဖန့်ကျစ်ရွှယ်တို့ သုံးယောက်၏ မျက်နှာပေါ်တွင်လည်း ခေတ္တမျှ စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့ရတော့သည်။

တုန်းဖန်းဟို့က ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါမှသာ၊ ဘာဖြစ်လို့ ရွှေဟွေးကျောင်းတော်ဘက်ကနေ ရှီးမျိုးနွယ်စုမှ ကော်ယန့်လီကို ဤနေရာသို့ စေလွှတ်ခဲ့ရသလဲ ဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက် နားလည်သွားခဲ့တော့သည်။

ကြီးမားလှသော ကျောင်းတော်ကြီးတစ်ခုလုံးထဲ၌၊ ကော်ယန့်လီသည် ရှေးယခင်က ထိုမျှအထိ ကောင်းမွန်လှသော ရလဒ်များကို ရရှိခဲ့ဖူးသည့်အပြင်၊ တခြားသော ထိပ်တန်း လူမျိုးနွယ်စုကြီးများထဲ၌ပင်လျှင် ကော်ယန့်လီထက် ပိုမိုပြောင်မြောက်သည့် ရလဒ်မျိုးကို ရရှိခဲ့ဖူးသူ မရှိသလောက်ပင် ဖြစ်ပေသည်။

ထို့အပြင် တစ်ဖက်လူသည် ကောင်းကင်နိမိတ်ဖြစ်စဥ် တတိယအဆင့်သို့ ရောက်ရှိနေသည့်အတွက်ကြောင့်၊ တပည့်များကို လက်ခံသင်ကြားပေးရန်အတွက်လည်း အဆင်ပြေဆုံး အချိန် ဖြစ်နေခဲ့ပြီး၊ အကယ်၍သာ အထွတ်ထိပ်တာအိုအဆင့်သို့ တက်လှမ်းသွားခဲ့မည်ဆိုလျှင်တော့၊ တပည့်များကို အလွယ်တကူ ထပ်မံလက်ခံတော့မှာ မဟုတ်ပေ။

၎င်းမှာ အဆင့်အတန်းချင်း ကွာဟချက်တစ်ခုပင် ဖြစ်၏၊ အထွတ်ထိပ်တာအိုအဆင့်ရှိသော အတွင်းကမ္ဘာနယ်မြေ ပိုင်ရှင် ပါရမီရှင်များ ဖြစ်ကြဦးတော့၊ အထွတ်ထိပ်တာအို သူတော်စင်ကြီးတစ်ဦး၏ ကိုယ်တိုင်ကိုယ်ကျ သွန်သင်ဆုံးမမှုကို ခံယူရန်အတွက် အရည်အချင်း မပြည့်မီသေးခြင်း ဖြစ်ပေသည်။

“ဘယ်လိုလဲ။ ကျောင်းတော်ဘက်က ပေးအပ်တဲ့ အခြေအနေတွေကတော့ ဒီမှာ အကုန်ရှိနေပြီပဲ၊ မင်းတို့ သုံးယောက် သေသေချာချာ စဉ်းစားလို့ ပြီးကြပြီလား။”

ကော်ယန့်လီက ပြုံးလျက် မေးမြန်းလိုက်၏။

“ဒါက မင်းတို့ ရွှေဟွေးကျောင်းတော်ဘက်က ပေးတဲ့ အခြေအနေတွေ သက်သက်ပဲဟာ၊ ငါတို့ တန်လင်ကျောင်းတော်ဘက်က ပေးမယ့် အခြေအနေတွေကိုကော နားထောင်ကြည့်ဖို့ မကောင်းဘူးလား ”

ဟိန်းထွက်လှသော အသံအကျယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။

လူအပေါင်းတို့သည် တပြိုင်နက်တည်း ခေါင်းများကို လှည့်၍ ကြည့်လိုက်ကြရာ၊ အတွင်းကမ္ဘာနယ်မြေတစ်ခုသည် ဟင်းလင်းပြင်ထဲမှနေ၍ ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် လူငယ်တစ်ဦးသည် ပုံရိပ် အချို့ကို ခေါ်ဆောင်လျက် အတွင်းကမ္ဘာနယ်မြေ တံခါးဝမှနေ၍ လှမ်းထွက်လာခဲ့ကာ လူအများ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြပေသည်။

“သူလည်း ရှီးမျိုးနွယ်စုပဲလား”

ဖန့်ချန်၏ စိတ်လှုပ်ရှားသွားခဲ့ရပြီး၊ သူသည် ရှီးမျိုးနွယ်စုများနှင့် အကြိမ်အနည်းငယ်မျှ ထိတွေ့ဆက်ဆံဖူးသည့်အတွက်ကြောင့်၊ ရှီးမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုကြားရှိ ကွာဟချက်ကို အလွယ်တကူပင် ခွဲခြားသိမြင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

ဤလူငယ်သည်လည်း၊ ကော်ယန့်လီ ကဲ့သို့ပင် ရှီးမျိုးနွယ်စုထဲမှ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

သူ ခေါ်ဆောင်လာခဲ့သည့် လူငယ်အချို့မှာမူ၊ လူသားမျိုးနွယ်စု သူတော်စင်များ ဖြစ်ကြပေသည်။

၎င်းတို့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ၊ သူနှင့် တုန်းဖန်းဟို့ တို့နှင့် ဆင်တူလှသဖြင့်၊ အကယ်၍ မမျှော်လင့်ထားသောအရာများ မရှိခဲ့လျှင်တော့ သူတို့အားလုံးသည် ခုနစ်ဆောင်နေမင်း ကျောင်းသားများ ဖြစ်ကြပေလိမ့်မည်။

ဖန့်ခွေက ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ အလျင်အမြန်ပင် ရှေ့သို့ တိုးသွားကာ လက်ယှက်၍ ဂါရဝပြုလိုက်ရင်း၊ လူကြီးမင်း ဟု လှမ်း၍ နှုတ်ဆက်လိုက်တော့၏။

ကော်ယန့်လီကမူ ထိုလူငယ်အား မည်သည့် အမူအရာမျှ မရှိဘဲ စိုက်ကြည့်နေခဲ့ပြီး စကားတစ်ခွန်းမှ ဝင်မပြောပေ။

ထိုလူငယ် ခေါ်ဆောင်လာခဲ့သည့် ခုနစ်ဆောင်နေမင်း ကျောင်းသားအချို့ကမူ၊ ဖန့်ချက်၊ တုန်းဖန်းဟို့နှင့် ထိုက်က်ဟောင်ယွီ တို့ကို အကဲခတ်ကြည့်ရှုနေခဲ့ကြပေသည်။

ဖန့်ချန်က ရုတ်တရက် သတိပြုမိလိုက်သည်မှာ၊ ဤလူငယ် ပေါ်ထွက်လာသည့် အချိန်တွင်၊ ထိုက်ဟောင်ယွီ၏ စိတ်ခံစားမှု အတက်အကျမှာ အလွန်တရာ ပြင်းထန်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းကို အလျင်အမြန်ပင် ပြန်လည်၍ ဖိနှိပ်ပစ်လိုက်သော်လည်း၊ သူ၏ အာရုံခံစားမှုအောက်မှတော့ လွတ်မြောက်သွားခြင်း မရှိခဲ့ပေ။

“အစ်ကိုကြီး ကော်…… ငါတို့တွေ မတွေ့ရတာ တော်တော်လေးကို ကြာသွားခဲ့ပြီနော် ”

ထိုလူငယ်က ဖန့်ခွေနှင့် ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုပြီးနောက်၊ ကော်ယန့်လီဘက်သို့ လှမ်းကြည့်ကာ မျက်နှာတစ်ခုလုံး တမ်းတရသည့် အရိပ်အယောင်များဖြင့် ဆိုလိုက်ပေသည်။

“ထိုက်ဟောင်ဖူ…… မင်းက ကောင်းကင်နိမိတ်ဖြစ်စဥ် ဒုတိယအဆင့် ကိုတောင် တက်လှမ်းအောင်မြင်သွားခဲ့ပြီလား။ မဆိုးဘူး မဆိုးဘူး၊ မင်းလည်း အထွတ်ထိပ်တာအိုအဆင့်ဆီကို တက်လှမ်းဖို့ မျှော်လင့်ချက် ရှိတာပဲ ”

ကော်ယန့်လီက တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏။

ထိုက်ဟောင်မျိုးနွယ်စု ကလား။

ဖန့်ချန်၏ စိတ်လှုပ်ရှားသွားခဲ့ရပေသည်။

အမှန်တကယ်ပင် ထိုက်ဟောင်ဝေ တစ်ယောက် ထိုမျှအထိ မောက်မာရိုင်းစိုင်းနေခဲ့ခြင်းမှာ သေချာပေါက် အကြောင်းရင်း ရှိနေခဲ့ခြင်း ဖြစ်၏။

ရှီးမျိုးနွယ်စုကြီး တစ်ခုလုံးထဲ၌၊ ထိုက်ဟောင်မျိုးနွယ်စု၏ အခြေခံအုတ်မြစ် အရှိန်အဝါမှာ၊ တကယ့်ကို သေးသေးဖွဲဖွဲဟု သတ်မှတ်၍ မရနိုင်လောက်အောင် ကြီးမားလွန်းလှပေသည်။

All Chapters