← Chapters

အခန်း (၂၁၃၉-၂၁၄၀)

Vol. 214 Ch. 2139-2140

အခန်း (၂၁၃၉-၂၁၄၀)

Vol. 214 Ch. 2139-2140

အခန်း (၂၁၃၉) သူ့ကို သတ်ဖြတ်ရန် မခက်ခဲပေ

တုန်းဖန်းဟို့နှင့် ချင်ဟောက်ယွီ တို့၏ တိုက်ပွဲမှာ တဖြည်းဖြည်းနှင့် အရှိန်အဟုန် မြင့်တက်လာကာ အကြိတ်အနယ် ရှိလှသော အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပေတော့သည်။

ထိုနှစ်ယောက်သည် တန်ခိုးစွမ်းအား တစ်ခုနှင့်တစ်ခု မတူညီသော ထူးခြားသည့် စွမ်းရည်ဝိသေသများကို အသုံးချလျက်၊ တစ်ဖက်လူအား ဖိနှိပ်နိုင်ရန်အတွက် တန်ခိုးစွမ်းအားများကို အဆက်မပြတ် ပြောင်းလဲထုတ်ဖော်နေကြ၏။

မူလက မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေခဲ့သော ချင်ဟောက်ယွီသည်၊ တုန်းဖန်းဟို့နှင့် လက်ရည်ယှဉ်ပြိုင်ရင်း မိမိ၏ တိုက်ကွက်များမှာ တစ်ဆို့နေသည့် အခြေအနေသို့ မသိမသာ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည့်အခါ၊ သူ၏ မျက်ဝန်းအစုံအောက်ခြေ၌ သူတစ်ပါး သတိမထားမိနိုင်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားခဲ့ရပေသည်။

သို့သော်လည်း ထိုစိုးရိမ်ပူပန်မှု အရိပ်အယောင်အနည်းငယ်ကို၊ ဤနေရာရှိ လူအများအပြားက ရိပ်မိ ဖမ်းဆုပ်မိသွားခဲ့ကြ၏။

ကော်ယန့်လီ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ်မျှ ကွေးညွတ်သွားခဲ့ပြီး။

ထိုက်ဟောင်ဖူ၏ မျက်ခုံးအစုံမှာမူ အလိုမကျသလို တွန့်ချိုးသွားခဲ့ရပေသည်။

ထင်မှတ်ထားခဲ့သည့်အတိုင်းပင်၊ တုန်းဖန်းဟို့က ထိုဟာကွက် အနည်းငယ်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး၊ ချင်ဟောက်ယွီ၏ စိုးရိမ်ပူပန်စိတ်ကို အသုံးချလျက် စစ်မြေပြင်တွင် အကောက်ကြံသည့် နည်းဗျူဟာ တစ်ခုကို ထုတ်ဖော်လိုက်ရာ၊ အလွန်ပြင်းထန်လှသော တန်ခိုးစွမ်းအားကြီးမှာ ချင်ဟောက်ယွီ၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝဆီသို့ အပြည့်အဝ တိုးဝင်ပေါက်ကွဲသွားခဲ့ရပေတော့၏။

ထိုကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ ပြင်းထန်မှုမှာ၊ တံခါးဝကို ဖြတ်ကျော်ပြီး အတွင်းထဲအထိ သက်ရောက်သွားခဲ့သဖြင့်၊ ချင်ဟောက်ယွီအား ဒဏ်ရာအချို့ပင် ရရှိသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ထိုနှစ်ယောက်၏ ခုနစ်ဆောင်နေမင်း တံဆိပ်များထံမှ တောက်ပလွန်းလှသော နတ်ဘုရားရောင်ခြည်တန်းများ တစ်ပြိုင်နက်တည်း ဖြာထွက်လာခဲ့ကြရာ၊ ဟင်းလင်းပြင် ဗလာနယ်ထဲတွင် ပူပြင်းလှသော နေမင်းကြီးနှစ်စင်း အချင်းချင်း ထိပ်တိုက် တိုးမိသွားကြသည့်အလား ထင်မှတ်ရပေသည်။

ကျင့်ကြံခြင်းအဆင့် အနည်းငယ် နိမ့်ကျသော သူတော်စင်များမှာမူ၊ မျက်စိကိုပင် တည့်တည့်မကြည့်ဝံ့ကြချေ၊ မျက်ဝန်းများကို မှေးစိုက်ထားကြရုံ သို့မဟုတ် လက်ဖဝါးဖြင့် မျက်ခုံးရိုးကို ကာကွယ်ထားကြမှသာ၊ မျက်မှောက်ရှေ့မှ မြင်ကွင်းကို အနည်းငယ်မျှ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြပေသည်။

“မင်း... ရှုံးသွားပြီ။”

တုန်းဖန်းဟို့က ပြုံးလျက် ပြောလိုက်၏။

နှုတ်ခမ်းထောင့်စွန်းမှ သွေးစများ စီးကျနေသော ချင်ဟောက်ယွီသည်၊ အလိုမကျမှု အပြည့်ဖြင့် တုန်းဖန်းဟို့ အား စိုက်ကြည့်နေခဲ့မိပေသည်။

တန်လင်ကျောင်းတော်၏ လူသားမျိုးနွယ်စု ကျောင်းဆောင်မှ လိုက်ပါလာကြသော အခြား ခုနစ်ဆောင်နေမင်း သူတော်စင်နှစ်ယောက်၏ မျက်နှာပေါ်တွင်မူ တည်ကြည်လေးနက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြပြီး၊ တုန်းဖန်းဟို့ အား လှမ်းကြည့်လိုက်သည့် သူတို့၏ အကြည့်များမှာလည်း စောစောကနှင့် လုံးဝ ခြားနားသွားခဲ့ကာ၊ လေးနက်တည်ကြည်မှုနှင့် ရိုသေခန့်ညားမှု အရိပ်အယောင်များ ကပ်ပါလာခဲ့ရပြီ ဖြစ်သည်။

သူတို့ကိုယ်တိုင်လည်း ခုနစ်ဆောင်နေမင်း ကျောင်းသားများ ဖြစ်ကြပေရာ၊ တုန်းဖန်းဟို့ အနေဖြင့် ချင်ဟောက်ယွီ အား အနိုင်ယူလိုက်နိုင်ခြင်းက ဘာကို ကိုယ်စားပြုသလဲ ဆိုသည်ကို သဘာဝကျကျ ကောင်းကောင်း သိရှိကြပေသည််။

ထိုအရာက တစ်ဖက်လူ၏ အဆင့်တက်လှမ်းမည့် လမ်းကြောင်းမှာ၊ အခုမှ စတင်ရုံသာ ရှိသေးကြောင်း ကိုယ်စားပြုနေခြင်း ဖြစ်သည်။

အဆင့်တစ်ရာ ဆိုသည်မှာ၊ သူ့အတွက် အစပြုမှတ်တစ်ခု မျှသာ ဖြစ်ပေလိမ့်မည်။

ယခုအခါ သူတို့ အကဲခတ်မိလိုက်သော တုန်းဖန်းဟို့၏ စွမ်းဆောင်ရည် အခြေခံအုတ်မြစ်အရ ဆိုလျှင်တော့။

ထိုတစ်ဖက်လူတွင် အနည်းဆုံးတော့ အဆင့်ကိုးဆယ့်ငါး အထိ တက်လှမ်းနိုင်မည့် သဘာဝပါရမီမျိုး ရှိနေခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော သာဓကမျိုးမှာ၊ တကယ်တော့ အလွန်တရာမှ ရှားပါးလှပေသည်။

ခုနစ်ဆောင်နေမင်း ခန်းမဆောင်အတွက် ဆိုလျှင်တော့၊ ပိုမိုများပြားလှသော သာဓကများမှာ မျက်နှာသစ် လူငယ်လေးတစ်ယောက်က ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်၊ အဆင့်တစ်ရာ နေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ သောင်တင်နေတတ်ကြပြီး၊ ထို့နောက်တွင် ခြေလှမ်းတစ်လှမ်းမျှပင် ရှေ့မတိုးနိုင်တော့ဘဲ၊ နောက်ဆုံး၌ အခြားသော ပါရမီရှင်များ၏ လာရောက်စိန်ခေါ်မှုကို ခံရကာ၊ ရှုံးနိမ့်ပြီး ကွင်းထဲမှ ထွက်ခွာသွားကြရခြင်း ဖြစ်ပေသည်။

အပေါ်သို့ ဆက်လက်တက်လှမ်းနိုင်မည့် စွမ်းရည်မျိုး ရှိနေသူများမှာမူ၊ တကယ့်ကို အနည်းစုထဲက အနည်းစုသာ ဖြစ်ကြ၏။

ခုနစ်ဆောင်နေမင်း ကျောင်းသားများ၏ အခွင့်အရေး နေရာများမှာ၊ တကယ်တော့ အလွန်တရာမှ အတည်တကျ ရှိလှပေသည်။

သူတို့သည် ယခင်က တုန်းဖန်းဟို့ အား ဤကဲ့သို့သော သမားရိုးကျ ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ဟု ထင်မှတ်ထားခဲ့ကြသဖြင့်၊ သူ့ကို ရင်ထဲ၌ အလေးဂရုပြုမထားခဲ့ကြချေ၊ တုန်းဖန်းဟို့ အနေဖြင့် ချင်းဟောက်ယွီ၏ လက်ထဲမှနေ၍ တိုက်ကွက်တစ်ကွက် အသာဖြင့် အနိုင်ရရှိသွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပါချေ။

“ငါ... ဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်”

ချင်ဟောက်ယွီက သွားကို တင်းတင်းကြိတ်ရင်း၊ ခပ်အေးအေး ပြောလိုက်သည်။

“မလိုအပ်တော့ဘူး”

ထိုက်ဟောင်ဖူက ခပ်ဖွဖွ ပြုံးလျက် -

“ရှုံးတာက ရှုံးတာပဲ၊ ဆက်ပြီး တိုက်ခိုက်နေလည်း၊ မင်း တစ်ဖက်လူကို အနိုင်ရမှာ မဟုတ်ဘူး ”

“ကျွန်တော်……”

ချင်ဟောက်ယွီက စကားအချို့ကို ဆက်လက် ဆင်ခြေပေးချင်နေသေးသော်လည်း၊ ထိုက်ဟောင်ဖူ၏ ပြုံးရွှင်နေသော မျက်နှာအမူအရာအောက်တွင်၊ ပြတ်သားတည်ကြည်လှသော အရှိန်အဝါတစ်ခု ကပ်ပါနေသည်ကို မြင်လိုက်ရသည့်အခါ၊ ချက်ချင်းပင် ဆက်လက်၍ စကားမပြောဝံ့တော့ချေ။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များမှာမူ၊ ဒီတစ်ခေါက်တွင် တကယ့်ကို အမြင်ကျယ်သွားခဲ့ကြရပြီ ဖြစ်သည်၊ အထူးသဖြင့် စွမ်းအင်စုစည်းခြင်း အဆင့်မြင့်အဆင့်ရှိသော သူတော်စင်များ ဖြစ်ကြပြီး၊ သူတို့အနေဖြင့် ယခုအခါမှပဲ၊ ခုနစ်ဆောင်နေမင်း ကျောင်းသားများနှင့် မိမိတို့ကြားရှိ ကွာဟချက်မှာ မည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနေသလဲ ဆိုသည်ကို သိရှိသွားခဲ့ကြရတော့သည်။

အသက်စွမ်းအင် အစောပိုင်းအဆင့်ရှိသော မျိုးနွယ်စု အကြီးအကဲအချို့မှာလည်း၊ အားလုံးက တည်လေးနက်သော မျက်နှာအမူအရာများဖြင့် စောစောက တိုက်ပွဲကို ပြန်လည် သုံးသပ်နေခဲ့ကြမိပေသည်။

ထိုနှစ်ယောက်၏ စွမ်းဆောင်ရည်မှာ၊ သူတို့ကဲ့သို့သော အဆင့်အတန်းမျိုးဆီသို့ပင် အနီးစပ်ဆုံး ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ဤအရာက အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်ရသည့် ပြဿနာမျိုး မဟုတ်တော့ချေ၊ စွမ်းအင်စုစည်းခြင်း နှင့် အသက်စွမ်းအင် ကြားထဲတွင်၊ ကြီးမားလှသော အဆင့်အတန်းကြီးတစ်ခု ခြားနားနေခဲ့ခြင်း ဖြစ်ပေသည်။

‘တကယ့်ကို ပြောင်မြောက်လှတဲ့ တိုက်ပွဲပဲ၊ ရွှေဟွေးကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က အနည်းငယ် အားနည်းနေသေးတယ် ဆိုပေမဲ့လည်း၊ ပျိုးထောင်ပေးလိုက်တဲ့ ခုနစ်ဆောင်နေမင်း ကျောင်းသားကတော့ တန်လင်ကျောင်းတော်ကို အနိုင်တိုက်သွားနိုင်ခဲ့တာပဲ။’

ဖန့်ရှောက်ထျန်းက ဖန့်ကျစ်ရွှယ်နှင့် ဖန့်ရှောက်ပန်း တို့ထံသို့ တိုးတိုးလေး အသံလွှင့်လိုက်သည်။

‘ငါတို့တွေ ဘယ်ကျောင်းတော်ထဲကို သွားရမလဲ ဆိုတာကို၊ သေသေချာချာလေး ထည့်သွင်းစဉ်းစားရတော့မယ်။’

ဖန့်ကျစ်ရွှယ်က တည်ငြိမ်လှသော အမူအရာဖြင့် အသံလွှင့်၍ ပြန်လည် ပြောကြားလိုက်သည်။

‘ဒါတွေကို ခဏနေမှ ထည့်သွင်းစဉ်းစားကြတာပေါ့၊ မျိုးနွယ်စုခေါင်းဆောင်ကြီးဘက်ကတော့၊ သေချာပေါက် ဆုံးဖြတ်ချက်တစ်ခု ရှိနေလောက်မှာပါ။

ငါတို့တွေလည်း မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ အကြံပြုချက်ကို စံနမူနာယူရမယ်။’

ထို့နောက်တွင်၊ သူမသည် ဖန့်ချန်နှင့် ထိုက်ဟောင်ယွီ တို့ထံသို့ လှမ်း၍ ကြည့်လိုက်မိပေသည်၊ နောက်ပိုင်းတွင် ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူးဆိုလျှင်တော့၊ ဤနှစ်ယောက် ကွင်းထဲသို့ တက်ရောက်ရမည့် အလှည့် ရောက်လာခဲ့ပြီ ဖြစ်သည်။

ဖန့်ကျစ်ရွှယ်၏ အကြည့်များက မိမိ၏ကိုယ်ပေါ်သို့ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ ကျရောက်နေသည်ကို မြင်လိုက်ရသည့်အခါ၊ ထိုက်ဟောင်ယွီကလည်း သူမအား လှမ်း၍ ခပ်ဖွဖွလေး ပြုံးပြလိုက်ပေသည်။

ဖန့်ကျစ်ရွှယ်မှာ ခဏမျှ ကြောင်အသွားခဲ့ရပြီး၊ ပြန်လည်၍ ပြုံးပြလိုက်ရင်း နှုတ်ဆက်ခြင်း သဘောအဖြစ်သာ တုံ့ပြန်လိုက်ရတော့သည်။

“အစ်ကိုကြီးကော်…… ဒီ တုန်းဖန်းဟို့ ရဲ့ နောင်တစ်ချိန် အလားအလာကတော့၊ အတိုင်းအဆမရှိ ကြီးမားလှပါတယ် တကယ့်ကိုပဲ”

ထိုက်ဟောင်ဖူက ခပ်ဖွဖွ ပြုံးလျက် -

“နောက်ထပ် တိုက်ပွဲနှစ်ပွဲ ကျန်သေးတာဆိုတော့၊ ငါတို့ ဆက်ကြရအောင်မလား ”

“နောက်ထပ် တစ်ပွဲပဲ ကျန်တော့တာပါ ”

ကော်ယန့်လီက ပြုံးလျက် ပြောလိုက်၏။

ထိုက်ဟောင်ယွီ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရသော်လည်း၊ ဘာမှတော့ ဆက်လက်၍ မပြောခဲ့ပါချေ။

သူသည် မိမိကိုယ်တိုင် ဒဏ်ရာရရှိထားခဲ့ခြင်းကြောင့်၊ ပြီးခဲ့သည့်အကြိမ်တုန်းက ကောင်းကင်ငါးပါး စစ်မြေပြင်ထဲတွင် ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်ခံရမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရမှန်း ကောင်းကောင်း သိရှိနေခဲ့ပေသည်၊ ယခုအခါတွင် သူသည် ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်၏ ပြိုင်ဘက် မဟုတ်သေးသဖြင့်၊ ကွင်းထဲသို့ တက်ရောက်ခွင့် မရရှိခဲ့ခြင်းကလည်း ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်၏။

“တစ်ပွဲပဲ ကျန်တော့တာလား”

ထိုက်ဟောင်ဖူက ဖန့်ချန် အား တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက်၊ ထိုက်ဟောင်ယွီ အား ပြန်လည်၍ ကြည့်လိုက်သည်။

“ထိုက်ဟောင်ကျိုး ပြောတာ ကြားမိသလောက်ဆိုရင်တော့ မင်းမှာ ခုနစ်ဆောင်နေမင်း ဖြစ်လာမယ့် ပါရမီအရည်အချင်း ရှိတယ်ဆို၊ ဘာဖြစ်လို့ အခုထိ ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်မခံရသေးတာလဲ။”

“ဘိုးဘေးကြီး…… ကျွန်တော် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒဏ်ရာအချို့ ရရှိထားခဲ့လို့ပါ၊ အခုအခါမှာတော့ ဒဏ်ရာတွေကို ကုသပျောက်ကင်းအောင် လုပ်ဆောင်နေပါတယ်။”

ထိုက်ဟောင်ယွီက ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊ လက်နှစ်ဖက်ကို ဆုပ်ကိုင် နှုတ်ဆက်ရင်း ပြောလိုက်၏။

ကော်ယန့်လီက ပြုံးလျက် -

“ဒီကလေးက နည်းနည်းလေး လျှောက်သွားရတာကို ဝါသနာပါတာမို့၊ သူ မသွားသင့်တဲ့ နေရာမျိုးဆီကို သွားမိသွားခဲ့ပြီး၊ အအေးစွမ်းအင်တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့၊ အခုအချိန်မှာတော့ ဒဏ်ရာတွေကို ကုသနေရတာပါ၊ သူ့ရဲ့ ဒဏ်ရာတွေ ကုသပျောက်ကင်းသွားပြီးတဲ့နောက်မှာတော့၊ ဘာအနှောင့်အယှက်မှ မရှိရင် ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲကို ဝင်ရောက်နိုင်မှာ သေချာပါတယ်”

ဤသို့ပြောကြားပြီးနောက်၊ သူ ဖန့်ချန် ထံသို့ လှမ်း၍ ကြည့်လိုက်သည်။

“ဒါကတော့ လူသားမျိုးနွယ်စု ကျောင်းဆောင်ထဲကနေ အသစ်စက်စက် ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲကို ဝင်ရောက်ထားတဲ့ ကျောင်းသားပါ၊ ကရုဏာတောင် ရဲ့ တပည့် ဖန့်ချန် ဖြစ်တယ်၊ နောက်လာမယ့် တိုက်ပွဲကိုတော့၊ သူ့ကိုပဲ တက်ရောက်ခွင့် ပေးလိုက်ကြရအောင် ”

“ကရုဏာတောင်ရဲ့ တပည့်လား”

ချင်ဟောက်ယွီနှင့် အခြားသော လူသားမျိုးနွယ်စု သူတော်စင်နှစ်ယောက်၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပြီး၊ အကြည့်များမှာလည်း ဆန်းကြယ်လှသော အသွင်သဏ္ဌာန်များဖြင့် ဖန့်ချန် အား စိုက်ကြည့်နေခဲ့ကြမိပေတော့သည်။

သူတို့သည် တကယ်တော့ ဖန့်ချန် အနေဖြင့် ခုနစ်ဆောင်နေမင်း ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်ခံရသည့် ကိစ္စရပ်ကို စောစောကတည်းက ကြားဖူးနားဝ ရှိခဲ့ကြပေသည်၊ အဓိက အကြောင်းရင်းအနေဖြင့် ကရုဏာတောင် ဆိုသည့် အမည်နာမအပေါ်မှာ ပိုမို၍ နက်ရှိုင်းလှသော အမှတ်တရ ရှိနေခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ အမှတ်သညာထဲတွင်မူ၊ ဤတောင်ကုန်းသည် ရွှေဟွေးကျောင်းတော်၏ လူသားမျိုးနွယ်စု ကျောင်းဆောင်ထဲ၌၊ ဘာမှမလုပ်ဘဲ ပစ်ထားသည့် အုပ်စု ထဲတွင် ပါဝင်နေခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ငါးပါး စစ်မြေပြင်ထဲတွင် အဆက်မပြတ် လေ့ကျင့်ကျောင်းဆင်းပြီး ရာထူးတိုးမြှင့်ခံရဖို့ စိတ်အားထက်သန်နေကြသော အခြားသော သူတော်စင်များနှင့် မတူညီဘဲ၊ ကရုဏာတောင်၏ တပည့်များမှာမူ ရှောင်တိမ်းလို့ရလျှင် ရှောင်တိမ်းတတ်ကြပြီး၊ တစ်ပါးသူနှင့် လိုက်လံပြိုင်ဆိုင်လိုစိတ် ပြင်းပြလှသော ရည်မှန်းချက်မျိုး အနည်းငယ်မျှပင် ရှိမနေခဲ့ကြချေ။

ဤကဲ့သို့သော တောင်ကုန်းမျိုးမှ၊ ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက် ပေါ်ထွက်လာနိုင်ခဲ့ခြင်းကလည်း၊ တကယ့်ကို ရှားရှားပါးပါး ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

“ဖန့်ချန်…… ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မင်းရဲ့အကြောင်းကို ငါ ကြားဖူးခဲ့ပါတယ် ”

ထိုက်ဟောင်ဖူက ဖန့်ချန် ထံသို့ လှမ်းကြည့်လိုက်ရင်း၊ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“မင်းက ခုနစ်ဆောင်နေမင်း စစ်ဆေးမှုတုန်းက၊ ဒန်ရှီးကျောင်းတော် ရဲ့ ခုနစ်ဆောင်နေမင်း ကျောင်းသား ဟန်ချွမ်းရှောင်းကို သတ်ဖြတ်ပစ်ခဲ့တယ်ဆို၊ အဲဒီကိစ္စကြောင့်မို့ ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ကြီး ရဲ့ လူကြီးအမြောက်အမြားက အလွန်ဝမ်းမြောက်ဂုဏ်ယူနေခဲ့ကြတာ ”

“……”

‘သူက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ကို သတ်ဖြတ်ဖူးတာလား ’

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များမှာ ကြောင်အသွားခဲ့ကြရတော့၏၊ အထူးသဖြင့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိသော သူတော်စင်များ ဖြစ်ကြပြီး၊ သူတို့အနေဖြင့် မိမိတို့ထက် အနည်းဆုံး ဆယ်ဆမက အခြေခံအုတ်မြစ် အားကောင်းလှသော ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ကို တောင်မှ၊ တစ်စုံတစ်ယောက်က သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု စိတ်ကူးထဲ၌ပင် တွေးတောရဲခြင်း မရှိခဲ့ကြပါချေ။

ဒါဆိုရင်တော့ ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းစွမ်းရည်မှာ၊ မည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနေရပေလိမ့်မလဲ။

“ငါတို့ ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ကြီးက ဒီရက်ပိုင်းအတွင်းမှာ၊ လင်ယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့ကြီး နဲ့ ဆက်ဆံရေးက သိပ်ပြီးတော့ အဆင်မပြေလှဘူး၊ မင်းအနေနဲ့ တစ်ဖက်က ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်ခဲ့တာကတော့၊ ငါတို့ဘက်က ရှေ့တန်းက စစ်သူရဲကောင်းတွေအတွက် စိတ်ဓာတ်ခွန်အားတွေ တိုးပွားစေခဲ့တာပေါ့ ”

ထိုက်ဟောင်ဖူက ဖန့်ချန် အား ချီးမွမ်းစကားများ တရစပ် ပြောကြားလိုက်ပေသည်။

ထို့နောက်တွင် သူ စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

“ဒါပေမဲ့လည်း၊ ငါဒီတစ်ခေါက် ခေါ်ဆောင်လာခဲ့တဲ့ မင်းနဲ့ အဆင့်အတန်းတူတဲ့ ခုနစ်ဆောင်နေမင်း ကျောင်းသားကတော့၊ အဆင့်သတ်မှတ်ချက်အပိုင်းမှာ၊ မင်းထက် အများကြီးကို ပိုပြီးတော့ မြင့်မားလှပါတယ်။

သူက တန်လင်ကျောင်းတော်၏ လူသားမျိုးနွယ်စု ကျောင်းဆောင်ထဲမှာ၊ အဆင့်တူတွေထဲကမှ ထိပ်တန်း အဆင့်သုံး အတွင်းမှာ ပါဝင်နေခဲ့တာဖြစ်ပြီး၊ ခုနစ်ဆောင်နေမင်း ခန်းမဆောင်ရဲ့ အဆင့်ကိုးဆယ့်နှစ် မှာ တည်ရှိနေခဲ့တာပဲ။

မင်းတို့တွေ သာမန်ကာလျှံကာပဲ လက်ရည်ယှဉ်ပြိုင်ကြည့်လိုက်ကြရုံပါပဲ၊ အသက်ဘေးအန္တရာယ်အထိ ဖြစ်ပေါ်အောင် ခွဲခြားဖို့ မလိုအပ်ပါဘူး ”

အဆင့်ကိုးဆယ့်နှစ် လား။

တုန်းဖန်းဟို့၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပေသည်၊ သူသည် ခုနစ်ဆောင်နေမင်း ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် တန်ဖိုးက မည်မျှလောက်အထိ လေးနက်မှုရှိသလဲ ဆိုသည်ကို အပြည့်အဝ နားလည်ထားခဲ့သူ ဖြစ်၏၊ အဆင့်တစ်ခု ပိုမိုမြင့်မားသွားခြင်းကပင်၊ တကယ်တော့ သိသိသာသာ ထင်ရှားလှသော စွမ်းဆောင်ရည် ကွာဟချက်ကို ဖြစ်ပေါ်စေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤမျှလောက်များပြားလှသော အဆင့်များ ကွာခြားနေခဲ့ခြင်းကမူ၊ စွမ်းဆောင်ရည် ကွာဟချက်က ပိုမို၍ သိသာထင်ရှားနေရပေလိမ့်မည်။

အားလုံးက ထိပ်တန်းအဆင့်များ ဖြစ်ကြပေရာ၊ အနည်းငယ်မျှသော ကွာဟချက်ကပင် အသက်ဘေးအန္တရာယ်အထိ ဖြစ်ပေါ်စေနိုင်ခဲ့ခြင်း ဖြစ်၏၊ လွန်ခဲ့သည့်အချိန်တုန်းက သူ ချင်ဟောက်ယွီ အား အနိုင်ယူနိုင်ခဲ့ခြင်းကလည်း၊ တစ်ဖက်လူ၏ စိတ်နေစိတ်ထားက မိမိထက် အနည်းငယ် လိုအပ်ချက် ရှိနေခဲ့သည့် ဟာကွက်လေးတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင်၊ ထိုက်ဟောင်ဖူ၏ နောက်ကွယ်မှ လူငယ်လေးတစ်ယောက်သည် ဖြည်းညင်းစွာဖြင့် ရှေ့သို့ ထွက်လာခဲ့ပြီး၊ ဖန့်ချန် အား လှမ်း၍ ပြုံးပြလိုက်သည်။

“ငါနဲ့ ဟန်ချွမ်းရှောင်း တို့ လက်ရည်ယှဉ်ပြိုင်ခဲ့တာ ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ဖူးပါတယ်၊ သူကတော့ အမြဲတမ်း ရှုံးနိမ့်ခဲ့ရတာပါ။ သူ့ကို သတ်ဖြတ်ဖို့ဆိုတာကတော့၊ ငါ့အတွက် မခက်ခဲပါဘူး ”

အခန်း (၂၁၄၀) တပည့်ဖြစ်သူအနေဖြင့် တစ်စုံတစ်ရာ သဘောထားကွဲလွဲမှု မရှိပါ

ထိုလူငယ်လေး၏ လေသံမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်အဝ ဖုံးလွှမ်းနေခဲ့ပြီး၊ ဟန်ချွမ်းရှောင်း အပေါ်တွင်လည်း အနည်းငယ်မျှ အထင်သေးပြီး နှာခေါင်းရှုံ့လိုသည့် အရိပ်အယောင်များ ကပ်ပါနေခဲ့၏။

သို့သော်လည်း သူ၏ အဆင့်သတ်မှတ်ချက်အရ ကြည့်မည်ဆိုလျှင်တော့၊ သူသည် ဤကဲ့သို့ မာနထောင်လွှားနိုင်သည့် အရည်အချင်းမျိုး အမှန်တကယ်ပင် ရှိနေခဲ့ပေသည်။

“မင်းရဲ့ စွမ်းဆောင်ရည်က အားမနည်းပါဘူး၊ ဟန်ချွမ်းရှောင်းကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုကတည်းက မင်းမှာလည်း အပေါ်ကို ဆက်ပြီး တက်လှမ်းနိုင်မယ့် ပါရမီအရည်အချင်း ရှိတယ်ဆိုတာ ပြသနေတာပဲ၊ ခဏတာပဲ ပွင့်ပြီး ကြွေလွင့်သွားမယ့် အမျိုးအစားမျိုးတော့ မဟုတ်ဘူးပေါ့ ”

လူငယ်လေးက ဆက်လက်၍ ပြုံးလျက် ပြောလိုက်သည်။

“ဒါပေမဲ့ မင်းနဲ့ ငါ့ကြားက အဆင့်သတ်မှတ်ချက် ကွာဟချက်က ကြီးမားလွန်းနေတယ်၊ ငါက မင်းနဲ့ ဒီတိုင်း လက်ရည်ယှဉ်ပြိုင်မယ်ဆိုရင် မင်းအတွက် မတရားသလို ဖြစ်နေလိမ့်မယ်၊ ဒါကြောင့် ငါ့ရဲ့ ခုနစ်ဆောင်နေမင်း တံဆိပ်ကို ငါ့ဘာသာငါ ပိတ်ဆို့ထားလိုက်မယ်၊ ဒါမှပဲ တကယ့်ကို တရားမျှတပြီး သမာသမတ်ကျတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာ ဖြစ်တယ် ”

ထိုက်ဟောင်ဖူ၏ မျက်နှာပေါ်တွင် မူလက ခပ်ဖွဖွ အပြုံးတစ်ခု ချိတ်ဆွဲထားခဲ့သော်လည်း၊ ဤစကားကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာမှာ မသိမသာ ညှိုးမှိန်သွားခဲ့ရ၏၊ ထိုအခိုက်တွင် ကော်ယန့်လီက သူ့ထံသို့ လှမ်း၍ ကြည့်လာခဲ့သဖြင့်၊ သူသည် အပြုံးအရိပ်အယောင်တစ်ခုကို မနည်းပြန်လည် ဖန်တီးလိုက်ရရင်း၊ ထိုလူငယ်လေးအား လှမ်း၍ ပြုံးလျက် ပြောလိုက်ရတော့သည်။

“ချင်လန့်…… ပြိုင်ဘက်ကို အထင်မသေးစမ်းနဲ့၊ မင်းရဲ့ တကယ့် စွမ်းဆောင်ရည်အစစ်အမှန်ကို ထုတ်ဖော်ပြသတာကမှ၊ ပြိုင်ဘက်အပေါ် ရိုသေလေးစားမှုကို ပြသရာရောက်တာပဲ ”

ချင်လန့်

ဟော်ဆွေ့မျိုးနွယ်ခွဲရဲ့ မျိုးနွယ်စုခွဲဝင် တစ်ယောက်လား။

ဖန့်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပြီး၊ ချင်လန့် ထံသို့ လှမ်းကြည့်လိုက်သည့် သူ၏ အကြည့်များထဲတွင် စူးစမ်းစစ်ဆေးလိုသည့် အရိပ်အယောင်များ ပိုမို၍ ပါဝင်လာခဲ့မိပေသည်။

တစ်ဖက်လူအနေဖြင့် မျိုးနွယ်စုခွဲဝင် တစ်ယောက်ဖြစ်သည့် အဆင့်အတန်းဖြင့် တန်လင်ကျောင်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့ရုံသာမက၊ ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ပင် ဖြစ်လာနိုင်ခဲ့သည်ဆိုကတည်းက၊ သူ၏ သဘာဝပါရမီမှာ ချင်ဟောက်ရွှမ် တို့လို လူမျိုးများထက် အများကြီး ပိုမိုသာလွန် အားကောင်းနေရပေလိမ့်မည်။

သို့မှသာလျှင် ကျောင်းတော်ကို ရွေးချယ်သည့် အပိုင်းတွင်၊ မျိုးနွယ်စုခွဲဝင်များအနေဖြင့် ပင်မမျိုးနွယ်စု သွေးသားများ၏ ဖိနှိပ်ချုပ်ချယ်မှုကို ကျော်လွန်ပြီး၊ ထိပ်ဆုံးသို့ ခေါင်းပြူထွက်လာနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဆရာဖူ…… ကျွန်တော်ကတော့ သူနဲ့ မျှမျှတတပဲ လက်ရည်ယှဉ်ပြိုင်ချင်တာပါ၊ မဟုတ်ရင် ကျွန်တော် သူ့ကို အနိုင်ရသွားခဲ့ရင်တောင်မှ၊ တစ်ပါးသူတွေက ကွယ်ရာမှာ အတင်းပြောကြပါလိမ့်မယ် ”

ချင်လန့်က ထိုက်ဟောင်ဖူ အား လက်နှစ်ဖက်ကို ဆုပ်ကိုင် နှုတ်ဆက်ရင်း ပြောလိုက်၏။

ချင်ဟောက်ရွှမ်ကမူ မသိမသာဖြင့် ချင်လန့် အား တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ပေသည်။

ထိုက်ဟောင်ဖူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ရပြီးနောက်၊ ဖြည်းညင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင်တော့ မင်းသဘောအတိုင်းပဲ လုပ်ပေါ့ ”

‘ဒီကောင်က အနိုင်ရလိုစိတ် တကယ့်ကို ပြင်းပြနေတာပဲ၊ ဒါကို ကြည့်ခြင်းအားဖြင့် သူက တန်လင်ကျောင်းတော်ထဲမှာလည်း ပင်မမျိုးနွယ်စု သွေးသားတွေရဲ့ ဖိနှိပ်မှုကို ခံနေရတာ ဖြစ်ရမယ်၊ ဒါကြောင့်မို့ပဲ သူက တစ်ပါးသူတွေရဲ့ အပြောအဆို ခံရမှာကို အလွန်အမင်း ကြောက်လန့်ပြီး၊ မိမိကိုယ်ကိုယ် သက်သေပြဖို့ ဒီလောက်တောင် လောဆယ်နေရတာပဲ။’

ဖန့်ချန်သည် ယခုအခါတွင် ချင်လန့်၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်းအားဖြင့် ရိပ်မိနားလည်သွားခဲ့ရပြီ ဖြစ်သည်။

“ဖန့်ချန်…… သူက သူ့ရဲ့ ခုနစ်ဆောင်နေမင်း တံဆိပ်ကို ပိတ်ဆို့တာကို မင်းအနေနဲ့ သဘောတူရဲ့လား ”

ကော်ယန့်လီက ဖန့်ချန် အား လှမ်းကြည့်လိုက်ရင်း၊ ပြုံးလျက် မေးလိုက်၏။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များကလည်း အားလုံးပင် ဖန့်ချန် ထံသို့ လှမ်း၍ ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့ကြပေသည်။

သူတို့သည် ဖန့်ချန် အနေဖြင့် မည်ကဲ့သို့သော ရွေးချယ်မှုမျိုးကို ပြုလုပ်မလဲ ဆိုသည်ကို အလွန်ပင် စိတ်ဝင်စားနေခဲ့ကြမိသည်။

အားလုံးက ခုနစ်ဆောင်နေမင်း ကျောင်းသားများ ဖြစ်ကြပေရာ၊ အကယ်၍ တစ်ဖက်လူက ခုနစ်ဆောင်နေမင်း တံဆိပ်ကို ပိတ်ဆို့လိုက်မည်ဆိုလျှင်၊ ဤအရာက သိသိသာသာပင် အခြားတစ်ဖက်လူအပေါ်တွင် ရိုသေလေးစားမှု မရှိခြင်းကို ပြသနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း လူတိုင်း ထင်မှတ်မထားခဲ့ကြဘဲ၊ ဖန့်ချန်က ဘာမှ တွန့်ဆုတ်မနေဘဲ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“ချင်လန့်အစ်ကို ရဲ့ အဆင့်သတ်မှတ်ချက်က ကျွန်တော့်ထက် အများကြီး ပိုပြီး မြင့်မားပါတယ်၊ အခုလို ခုနစ်ဆောင်နေမင်း တံဆိပ်ကို ပိတ်ဆို့တာကလည်း တကယ့်ကို ဒီတိုက်ပွဲ မျှတသွားအောင် လုပ်ဆောင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို ကျွန်တော်သဘောတူပါတယ်"

ကော်ယန့်လီက ဆန်းကြယ်လှသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး၊ ခပ်အေးအေး ပြောလိုက်သည်။

“ဒါဆိုရင်လည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့ ”

ချင်လန့်က ဖန့်ချန် အား လှမ်းကြည့်လိုက်ရင်း၊ သူ၏ မျက်ဝန်းများထဲတွင် ခပ်ဖျော့ဖျော့ အပြုံးအရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရပြီး၊ ထို့နောက်တွင် လူအများ၏ မျက်မှောက်ရှေ့၌ပင်၊ မိမိ၏ ခုနစ်ဆောင်နေမင်း တံဆိပ်ကို စတင်၍ ပိတ်ဆို့လိုက်ပေတော့သည်။

သူ၏ တန်ခိုးစွမ်းအားကြီးများမှာ တစ်ခုပြီးတစ်ခု၊ ခုနစ်ဆောင်နေမင်း တံဆိပ်ဆီသို့ အဆက်မပြတ် တိုးဝင်သွားခဲ့ကြ၏။

ထိုတန်ခိုးစွမ်းအားများ၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင်၊ ခုနစ်ဆောင်နေမင်း တံဆိပ်မှာ တဖြည်းဖြည်းနှင့် ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။

ချင်လန့်၏ အတွင်းကမ္ဘာနယ်မြေ အရှိန်အဝါမှာလည်း၊ လူတိုင်း၏ မျက်စိရှေ့မှောက်၌ပင် သိသိသာသာ အဆက်မပြတ် ကျဆင်းသွားခဲ့ရပေ၏။

အနည်းဆုံးတော့ သုံးပုံတစ်ပုံခန့်အထိ ကျဆင်းသွားခဲ့ရပြီးမှသာ၊ ဖြည်းညင်းစွာဖြင့် ရပ်တန့်သွားခဲ့တော့သည်။

ဤလုပ်ငန်းစဉ်ကြီးအတွင်း၌၊ သူ၏ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်တစ်ခုလုံးမှာ၊ လူတိုင်း၏ မျက်မှောက်ရှေ့တွင် အားလုံး အထင်အရှား ပေါ်ထွက်လာခဲ့ရပေသည်။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိသော သူတော်စင်များမှာ၊ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်နှင့် လုံးဝ ခြားနားမှုမရှိဘဲ အားကောင်းလှသော ထိုအတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်ကို ခံစားမိလိုက်ကြရသည့်အခါ၊ အားလုံးက ထိတ်လန့်အံ့အားသင့်သွားခဲ့ကြရတော့၏။

သူတို့နှင့် အဆင့်တူဖြစ်သော စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိသည့် သူတော်စင်တစ်ယောက်က၊ မည်ကဲ့သို့သော နည်းလမ်းမျိုးဖြင့် မိမိ၏ အခြေခံအုတ်မြစ်ကို ဤမျှလောက်အထိ ထူထပ်သိပ်သည်းအောင် စုဆောင်းထားနိုင်ခဲ့ရသလဲ ဆိုသည်ကို၊ သူတို့အနေဖြင့် စိတ်ကူးထဲ၌ပင် တွေးတောရဲခြင်း မရှိခဲ့ကြပါချေ။

ဒါက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတာ ဖြစ်ပေသည်၊ သူတို့နှင့် ကြားထဲတွင် ပြန်လည်၍ အစားထိုးကုသ၍ မရနိုင်လောက်အောင် ကြီးမားလှသော ကွာဟချက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့ရပြီ ဖြစ်သည်။

နောင်ပိုင်းတွင်မူ၊ ထိုကွာဟချက်က ပိုမို၍ ကြီးမားလာဖို့သာ ရှိပေတော့သည်။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များမှာ၊ ရင်ထဲ၌ စိတ်ပျက်အားလျော့မှုနှင့် ကျရှုံးမှု ခံစားချက်တို့ကို ခံစားလိုက်ကြရပေသည်။

သို့သော်လည်း သေသေချာချာ ပြန်လည် စဉ်းစားကြည့်လိုက်သည့်အခါ၊ တစ်ဖက်လူက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက် ဖြစ်ပေရာ၊ နောင်တစ်ချိန်တွင် ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင် တစ်ယောက် ဖြစ်လာမည့်သူဖြစ်သဖြင့်၊ ဤကဲ့သို့သော အခြေခံအုတ်မြစ်မျိုး ရှိနေခြင်းကလည်း သဘာဝကျကျ ပုံမှန်ပင် ဖြစ်သည်။

အကယ်၍ ဤသို့သာ မဟုတ်ခဲ့ဘူးဆိုလျှင်၊ ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ကြီးက ဘာဖြစ်လို့ ဤကဲ့သို့သော ပါရမီရှင် များကို အင်တိုက်အားတိုက် ပျိုးထောင်ပေးနေရပါ့မလဲ။

ပြီးတော့ သူတို့ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်တွင်လည်း၊ မကြာမီအချိန်အတွင်းမှာ ချင်လန့်ထက် ပိုမိုအားကောင်းလှသော ပါရမီရှင် သုံးယောက် ပေါ်ထွက်လာတော့မည် မဟုတ်ပါလား။

“ငါ့ရဲ့ ခုနစ်ဆောင်နေမင်း တံဆိပ်ကိုတော့ ခဏ ပိတ်ဆို့ထားလိုက်ပြီ၊ အခု ငါ့ရဲ့ စွမ်းဆောင်ရည်က မင်းနဲ့ သိပ်ပြီး ကွာခြားမှာ မဟုတ်တော့ဘူး ”

ချင်လန့်၏ အကြည့်များက ဖန့်ချန်၏ ကိုယ်ပေါ်သို့ ပြန်လည်ကျရောက်လာခဲ့ပြီး၊ ပြုံးလျက် ပြောလိုက်သည်။

“မင်းရဲ့ တန်ခိုးစွမ်းအားတွေကြောင့် ငါ့ကို ထိခိုက်ဒဏ်ရာရရှိသွားစေမလား ဆိုတာကို စိုးရိမ်မနေနဲ့၊ မင်းရဲ့ အားအကောင်းဆုံး တန်ခိုးစွမ်းအားကိုပဲ သုံးပြီးတော့၊ ငါနဲ့ တိုက်ခိုက်ကြည့်လိုက်စမ်းပါ ”

“ကောင်းပါပြီ ”

ဖန့်ချန်က ချက်ချင်းပင် မိမိ၏ အတွင်းကမ္ဘာနယ်မြေထဲမှ ကရုဏာတော်တံဆိပ် ကို လှုပ်နှိုးလိုက်ပေတော့သည်။

ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါကြီးမှာ၊ ကောင်းကင်ယံကို လွှမ်းမိုးမည့် ရေလွှမ်းမိုးကြီးအလား တစ်ဟုန်ထိုး တိုးထွက်လာခဲ့ရပေ၏။

ထိုအခိုက်အတန့်တွင်၊ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များ အားလုံးနီးပါးက တစ်ပြိုင်နက်တည်း သတိပြုမိလိုက်ကြသည်မှာ၊ ရွှေဟွေးကျောင်းတော်၏ ဤအသစ်စက်စက် ခုနစ်ဆောင်နေမင်း ကျောင်းသား၏ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်မှာ၊ ချင်လန့်ထက်ပင် တစ်ပန်းသာပြီး ပိုမိုအားကောင်းနေသကဲ့သို့ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

တုန်းဖန်းဟို့နှင့် ထိုက်ဟောင်ယွီ တို့၏ အကြည့်များမှာလည်း ဖန့်ချန်၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့ကြရပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် တည်ကြည်လေးနက်လှသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရတော့၏။

တစ်ချိန်တည်းမှာပင်၊ ကရုဏာတော်တံဆိပ်၏ သော့ခတ်ခြင်းကို ခံလိုက်ရသော ချင်လန့်သည်၊ မိမိ၏ ခေါင်းပေါ်သို့ တကယ့်ကို ကြီးမားလှသော ကပ်ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာတော့မည့်အလား၊ ဗီဇစိတ်အရ ခံစားမိလိုက်ရပေတော့သည်။

စောစောကတင် ပိတ်ဆို့ထားခဲ့သော ခုနစ်ဆောင်နေမင်း တံဆိပ်မှာလည်း၊ လူတိုင်း၏ မျက်စိရှေ့မှောက်၌ပင် အလျင်အမြန် ပြန်လည် ပွင့်ဟလာခဲ့ရပြီး၊ တောက်ပလွန်းလှသော နတ်ဘုရားရောင်ခြည်တန်းများကို ထုတ်ဖော်လိုက်ရင်း၊ ကရုဏာတော်တံဆိပ်ထံမှ လာရောက်သော ထိုဖျက်ဆီးခြင်း စွမ်းအားကြီးကို ခုခံတိုက်ဖျက်နိုင်ရန် ကြိုးစားလိုက်ပေတော့သည်။

သို့သော်လည်း ထိုနတ်ဘုရားရောင်ခြည်တန်းများမှာမူ၊ ကရုဏာတော်တံဆိပ်၏ စွမ်းအားအောက်တွင် အပြည့်အဝ ဖိနှိပ်ခြင်း ခံလိုက်ရရှာပြီး၊ လေပြင်းထဲမှ ဖယောင်းတိုင်မီးအလား၊ အချိန်မရွေး ငြိမ်းသတ်ခြင်း ခံလိုက်ရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရပေသည်။

ချင်လန့်သည် ဆွံ့အမှင်တက်နေသော မျက်နှာအမူအရာဖြင့်၊ ထိုစွမ်းအားကြီးက မိမိ၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝကို ပွတ်တိုက်သွားသည်ကို ငေးကြည့်နေခဲ့မိရပြီး၊ သူ၏ နားထဲတွင်လည်း ရေခဲပြင်ကြီးများ အက်ကွဲသွားသည့်အလား အသံများကို ကြားလိုက်ရသကဲ့သို့ ရှိနေခဲ့မိသည်။

အတွင်းကမ္ဘာနယ်မြေ တံခါးဝပေါ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ရပြီး၊ အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပြန့်နှံ့သွားခဲ့ရပေတော့သည်။

အကယ်၍ ဆက်လက်ပြီး တိုက်ဖျက်နိုင်မည့် အခြားသော နည်းလမ်းမျိုးသာ မရှိခဲ့ဘူးဆိုလျှင်တော့၊ အတွင်းကမ္ဘာနယ်မြေ တံခါးဝမှာ သေချာပေါက် ကွဲအက်ပျက်စီးသွားရပေလိမ့်မည်၊ ထိုအခါတွင် သူသည် ဤဖျက်ဆီးခြင်း အရှိန်အဝါကြီးကို ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

“တော်ပြီ…… သူ ရှုံးသွားပြီ ”

ထိုက်ဟောင်ဖူက လက်ကို ခပ်ဖွဖွလေး တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ကရုဏာတော်တံဆိပ်ထံမှ လာရောက်သော ဖျက်ဆီးခြင်း အရှိန်အဝါကြီးမှာ ချက်ချင်းပင် နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့ရပေတော့သည်။

ဖန့်ချန်က ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ၊ မိမိ၏ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်ကို ထပ်မံ၍ လှုပ်နှိုးလိုက်ပြီး၊ ထိုက်ဟောင်ဖူက နောက်သို့ ရိုက်ထုတ်လိုက်သော၊ မူလက မိမိ၏ကိုယ်ပိုင် စွမ်းအားဖြစ်သည့် ထိုတိုက်ကွက်ကို အတင်းအကျပ်ပင် တောင့်ခံပြီး ဖျက်ဆီးပစ်လိုက်ပေသည်။

“ဆရာဖူ…… ကျွန်တော်……”

ချင်လန့်က ဆွံ့အစွာဖြင့် ထိုက်ဟောင်ဖူ အား လှမ်း၍ ကြည့်လိုက်မိပြီး၊ သူ၏ မျက်ဝန်းများထဲတွင် မိန်းမောတွေဝေမှု အရိပ်အယောင်များ ပြည့်နှက်နေခဲ့ရပေသည်။

“ဒါက မင်းတစ်ပါးသူကို အထင်သေးခဲ့တဲ့ အကျိုးဆက်ပဲ၊ ပြန်ရောက်ရင် တံခါးပိတ်ပြီး သေသေချာချာ နောင်တရအောင် လုပ်စမ်း၊ ဒီလို မှားယွင်းမှုမျိုးက မင်းရဲ့ကိုယ်ပေါ်မှာ မပေါ်ထွက်လာသင့်ဘူး။

မဟုတ်ရင်တော့၊ မင်းရဲ့ ခုနစ်ဆောင်နေမင်း ကျောင်းသားဆိုတဲ့ ရာထူးက မင်းနဲ့ ထိုက်တန်မှုမရှိဘူးလို့ပဲ ပြောရလိမ့်မယ်၊ နှေးကွေးတာနဲ့ တစ်ပါးသူရဲ့ လုယူခြင်းကို ခံလိုက်ရလိမ့်မယ် ”

ထိုက်ဟောင်ဖူက ခပ်အေးအေး ပြောလိုက်သည်။

ချင်လန့်၏ မျက်နှာမှာ တစ်လှည့်စိမ်း၊ တစ်လှည့်ဖြူ ဖြစ်သွားခဲ့ရပြီး၊ ရင်ထဲ၌လည်း အခုထိ ဝေခွဲမရနိုင်လောက်အောင် ဖြစ်နေခဲ့မိပေသည်၊ တစ်ဖက်လူက မည်ကဲ့သို့သော နည်းလမ်းမျိုးကို အသုံးချလိုက်သလဲ ဆိုသည်ကို သူ နားမလည်နိုင်ဘဲ၊ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းပကားမျိုး ရှိနေရသနည်း၊ သူသည် တစ်ဖက်လူ၏ ရှေ့မှောက်တွင် တုံ့ပြန်နိုင်စွမ်းပင် မရှိခဲ့ပါချေ။

ထိုအခိုက်တွင်၊ ကော်ယန့်လီနှင့် ထိုက်ဟောင်ဖူ တို့သည် ဤတိုက်ပွဲ၏ နှစ်ဖက်စလုံးမှ စွမ်းဆောင်ရည် ကွာဟချက်ကို အရှင်းလင်းဆုံး မြင်တွေ့လိုက်ကြရပြီ ဖြစ်သည်။

သိသိသာသာပင်၊ ဖန့်ချန် ပြသလိုက်သော စွမ်းဆောင်ရည် အဆင့်အတန်းမှာ၊ သူတို့နှစ်ယောက် ယခင်က ဖန့်ချန်၏ စွမ်းဆောင်ရည်အပေါ် သုံးသပ်ထားခဲ့ကြခြင်းထက် များစွာ ကျော်လွန်နေခဲ့ရပြီ ဖြစ်သည်။

“မင်း ရှုံးသွားတာကလည်း ပုံမှန်ပါပဲ၊ သူပြသလိုက်တဲ့ စွမ်းဆောင်ရည် အဆင့်အတန်းအရ ဆိုရင်တော့၊ အဆင့်ရှစ်ဆယ် ပတ်ဝန်းကျင်မှာ ရှိနေရမယ်၊ မင်းထက် အများကြီး ပိုပြီး မြင့်မားလွန်းနေတယ် ”

ထိုက်ဟောင်ဖူက ခပ်အေးအေး ပြောလိုက်သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……”

ချင်လန့်မှာ အနည်းငယ်မျှ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့မိသည်။

ချင်ဟောက်ယွီ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်အံ့အားသင့်ရသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရပေသည်။

တုန်းဖန်းဟို့ နှင့် ထိုက်ဟောင်ယွီ တို့ပင်လျှင်၊ ဗီဇစိတ်အရ ဖန့်ချန် ထံသို့ လှမ်း၍ ကြည့်လိုက်ကြမိပြီး၊ သူတို့၏ အကြည့်များမှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲသွားခဲ့ရပေတော့၏။

ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်၏ သူတော်စင်များမှာမူ၊ ပိုမို၍ ထိတ်လန့်အံ့အားသင့်နေခဲ့ကြရပေသည်။

နှစ်ပွဲဆက်တိုက် တိုက်ပွဲများတွင်၊ အားလုံးက ရွှေဟွေးကျောင်းတော်ကပဲ အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

ဒါဆိုရင်တော့ ကောလာဟလတွေက အမှန်လား၊ အတုလား။ အမှန်တကယ်တော့ ဘယ်ကျောင်းတော်က အခြေခံအုတ်မြစ် ပိုမိုအားကောင်းနေခဲ့တာလဲ။

“သူ မင်းကို အနိုင်ယူလိုက်နိုင်တာက၊ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်က မင်းထက် အားကောင်းနေလို့ မဟုတ်ဘူး၊ သူထုတ်ဖော်လိုက်တဲ့ အဲဒီ တန်ခိုးစွမ်းအားက တကယ့်ကို အံ့မခန်း ဖြစ်နေလို့ပဲ ”

ထိုက်ဟောင်ဖူက ဖန့်ချန် ထံသို့ လှမ်းကြည့်လိုက်ရင်း၊ ပြုံးလျက် ပြောလိုက်သည်။

“ထူးခြားတဲ့ နတ်ဘုရားစွမ်းအား ကရုဏာတော်တံဆိပ် ပဲ၊ ဒီတန်ခိုးစွမ်းအားက မင်းတို့ ကရုဏာတောင်ထဲမှာ မပေါ်ထွက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီပဲ၊ မင်းရဲ့ သဘာဝပါရမီကတော့ တကယ့်ကို ထူးခြားတာပဲ ”

All Chapters