← Chapters

အခန်း (၂၁၅၇-၂၁၅၈)

Vol. 216 Ch. 2157-2158

အခန်း (၂၁၅၇-၂၁၅၈)

Vol. 216 Ch. 2157-2158

အခန်း (၂၁၅၇) ငါ့ရဲ့ လတ်တလောနှစ်တွေအတွင်း တစ်ခုတည်းသော နောင်တပဲ

“ရွှမ်ကျောင်းတော်သား…… ဒါက ဒီတစ်ခေါက် ကျောင်းသားသစ်တွေပဲ ”

ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။

ရွှမ်ပုထုံက ဤကျောင်းသားသစ်အုပ်စုအပေါ်သို့ အကြည့်တစ်ချက် ဝေ့ယမ်းလိုက်ပြီး၊ မျက်ဝန်းထဲ၌ သက်ပြင်းချဟန် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

“ငါးရာကျော်တောင်ပဲ၊ အရေအတွက်က ငါတို့တုန်းကထက် အများကြီး ပိုများတာပဲ။

တကယ်လို့ အကြိမ်တိုင်းမှာ ဒီလောက်များပြားတဲ့ ကျောင်းသားသစ်တွေ လူသားမျိုးနွယ်ကျောင်းဆောင်ကို ဝင်ရောက်လာနိုင်မယ်ဆိုရင်။ လူသားမျိုးနွယ်ကျောင်းဆောင်ကြီး အထွတ်အထိပ်မရောက်မှာကို ဘာလို့ စိုးရိမ်နေရတော့မှာလဲ ”

လူအုပ်ကြီးက ဤသူသည်လည်း ဖန့်ချန်နှင့် တစ်သုတ်တည်းဆင်း ကျောင်းတော်သားတစ်ဦး ဖြစ်ကြောင်း မြင်တွေ့လိုက်ကြရသည့်အခါ၊ မျက်ဝန်းထဲ၌ ချက်ချင်းပင် ရိုသေလေးစားသော အရိပ်အယောင်များ ပိုမိုထွက်ပေါ်လာကြသည်။

“ဒီတစ်ခေါက် ကျောင်းသားသစ်အရေအတွက်က ဒီလောက် များပြားနိုင်တာက၊ ငါကြားသိရသလောက်တော့ ဖန့်ကျောင်းတော်သားနဲ့ စီနီယာအစ်ကို တုန်းဖန်််််််းဟို့ နေမင်းခုနစ်ပါး ကျောင်းတော်သားအဖြစ် ရာထူးတိုးမြှင့်ခံရတာနဲ့လည်း သက်ဆိုင်နေတယ်၊ မင်းတို့နှစ်ဦးရဲ့ ပါရမီက လူသားမျိုးနွယ်ကျောင်းဆောင်ကြီးကိုပါ ဂုဏ်တက်စေခဲ့တာပဲ ”

ရွှမ်ပုထုံက ထပ်မံ၍ ရင်ထဲက ခံစားချက်ကို ပြောဆိုလိုက်သည်။

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း။

“အဓိကကတော့ ရှီးမျိုးနွယ်စုကျောင်းဆောင်က သူနဲ့ ပတ်သက်နေလို့ပဲ ”

ရွှမ်ပုထုံရဲ့ စိတ်အာရုံက လှုပ်ခတ်သွားခဲ့ရပြီး၊ ချက်ချင်းပင် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ငါကြားတာတော့ သူ့ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာက . အထွတ်ထိပ်တာအို အဆင့် တဲ့၊ အဲဒီတုန်းက ဖန့်ချန်ကျောင်းတော်သားကိုယ်တိုင် သွားရောက်ကြိုဆို လမ်းညွှန်ပေးခဲ့တာလို့လည်း ကြားတယ်၊ အထွတ်ထိပ်တာအိုအဆင့်ရှိတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာက ဘယ်လိုမျိုး အခြေအနေ ရှိနေလဲဆိုတာ မသိရဘူးလား ”

အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာ တဲ့လား

ဤနေရာရှိ ကျောင်းသားသစ်များအားလုံး ဆွံ့အမှင်သက်သွားကြရပြီး၊ ယခုအချိန်၌ ကျိုကျိတောင်တန်းရဲ့ စွမ်းအင်စုစည်းခြင်း ကနဦးအဆင့် သူတော်စင်အချို့ကလည်း ဤဘက်သို့ လှမ်း၍ လျှောက်လှမ်းလာနေကြသည်။

သူတို့က ဖန့်ချန်အား ကြည့်ရှုလိုက်သည့် မျက်ဝန်းများက အလွန်အမင်း ရှုပ်ထွေးနေကြသည်။

ဘာပဲဖြစ်ဖြစ် အတိတ်တုန်းက ဖန့်ချန်က ကျိုကျိတောင်တန်းရဲ့ စွမ်းအင်စုစည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူအားလုံးကို တစ်ယောက်မကျန် ဘာမှမဟရဲအောင် ဆော်ပလော်တီးခဲ့ဖူးသည် မဟုတ်ပါလော။

သို့သော်လည်း ကိစ္စရပ်များက နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သလို၊ ယခုအချိန်၌ တစ်ဖက်လူကလည်း နေမင်းခုနစ်ပါး ကျောင်းတော်သားတစ်ဦး ဖြစ်နေပြီ ဖြစ်ရာ၊ လူအုပ်ကြီးရဲ့ နှလုံးသားထဲ၌ ထိုကဲ့သို့သော နာကျည်းမုန်းတီးမှုမျိုးကတော့ မရှိတော့ပါချေ၊ ယခုအချိန်၌ ရွှမ်ပုထုံက ဖန့်ကျစ်ရွှယ်ရဲ့ သတင်းကို မေးမြန်းနေသည်ကို ကြားသိလိုက်ရသည့်အခါ၊ သူတို့ကလည်း စူးစမ်းလိုစိတ်ဖြင့် နားစွင့်လိုက်ကြသည်။

“အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာ ဟုတ်လား ”

“ဒီလောကမှာ တကယ်ပဲ ဒီလိုမျိုး ပါရမီရှင် ရှိနေတာလား ”

“ငါဆိုရင် ကောင်းကင်နိမိတ်ဖြစ်စဉ် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ ရဲ့ ကြောက်မက်ဖွယ် စွမ်းအားကိုတောင် စိတ်ကူးမယဉ်ရဲဘူး၊ အထွတ်ထိပ်တာအို ဆိုတော့……”

ဤနေရာရှိ ကျောင်းသားသစ်များက တစ်ဦးကိုတစ်ဦး မျက်မှောက်ကုတ်လျက် ကြည့်ရှုလိုက်ကြပြီး၊ တစ်ဖက်လူရဲ့ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို အသီးသီး မြင်တွေ့လိုက်ကြရသည်။

“အထွတ်ထိပ်တာအိုအဆင့်ရှိတဲ့ အတွင်းကမ္ဘာကတော့…… သူ့ရဲ့ အခြေခံအုတ်မြစ်က အလွန်အမင်း တောင့်တင်းတယ်လို့ပဲ ပြောရမယ်၊ သူမက အခု စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်လို့၊ သာမန်အဆင့်တူ ကျင့်ကြံသူက သူမနဲ့ ယှက်တိုက် မယ်ဆိုရင် ဘယ်လိုမှ နိုင်ခြေမရှိဘူး။ နေမင်းခုနစ်ပါးခန်းမ ထဲမှာတော့ သူမအတွက် နေရာတစ်နေရာ ရှိလိမ့်မယ်လို့ ခန့်မှန်းရတာပဲ ”

ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။

“စီနီယာအစ်ကို ဖန့်…… ဒီလူက ဘာဖြစ်လို့ ငါတို့နဲ့အတူ ကျောင်းတော်ထဲကို ဝင်မလာခဲ့တာလဲဟင် ”

ကျောင်းသားသစ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ကျိုကျိတောင်တန်းရဲ့ စွမ်းအင်စုစည်းခြင်း သူတော်စင်တစ်ဦးက တည်ငြိမ်စွာ ပြုံးလိုက်ရင်း။

“ဒီလိုမျိုး ပါရမီရှင်က၊ မင်းတို့လိုမျိုး လုပ်ထုံးလုပ်နည်းအတိုင်း ဘယ်လိုလုပ် လျှောက်လှမ်းပါ့မလဲ။

သူတို့တွေက ကျောင်းတော်ကြီးဘက်က အဖိုးတန်အရာတွေကို အများကြီး ပေးပြီးတော့မှ လုယူလာခဲ့ရတာ။ စင်ကြယ်သောဗောဓိသီး ကို ကတိပေးခဲ့ရုံတင်မကဘဲ၊ ဖန့်ချန်ကျောင်းတော်သားလိုမျိုး နေမင်းခုနစ်ပါးခန်းမ ကျောင်းတော်သားကိုယ်တိုင် မျက်နှာပြပြီးတော့မှ၊ တန်လင်ကျောင်းတော်ကြီးရဲ့ လက်ထဲကနေ တစ်ယောက်ကို လုယူနိုင်ခဲ့တာ။ သေချာပေါက် ကျောင်းတော်ထဲကို ကြိုတင်ပြီးတော့ ဝင်ရောက်ဖို့ စီစဉ်ပေးထားတာပေါ့ ”

ကျောင်းသားသစ်အုပ်စုက ရင်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်ကြမိသည်၊ မူလက မိမိတို့ အနေဖြင့် ကျောင်းတော်ကြီးထဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းက၊ ဒီလောကရဲ့ အထက်တန်းလွှာတွေ ဖြစ်နေပြီ ဖြစ်ပြီး၊ သာမန်သူတော်စင်တစ်ပိုင်း တွေ မရှိကြတဲ့ အထူးအခွင့်အရေးတွေ၊ ခံစားခွင့်တွေကို ပိုင်ဆိုင်ထားရပြီဟု ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုအချိန်ကျမှသာလျှင် တောင်ထက်မြင့်တဲ့ တောင် ရှိနေသေးကြောင်း သိရှိလိုက်ရပြီး၊ အချို့လူများကမူ မိမိတို့ ကျောင်းမဝင်ရသေးခင်ကတည်းက၊ ဤနေရာသို့ ကြိုတင်၍ ဝင်ရောက်နေခဲ့ကြပြီ ဖြစ်သည်။

“စည်းကမ်းဆိုတာက၊ တကယ့်ကို အားနည်းတဲ့သူတွေအတွက် သတ်မှတ်ထားတာပဲ…… ”

ကျောင်းသားသစ်တစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ဒါကြောင့်မလို့ သန်မာအောင် လုပ်ရမှာပေါ့၊ မသန်မာသေးဘူးဆိုရင်တော့၊ စည်းကမ်းအတိုင်း ရိုးရိုးသားသားပဲ လုပ်ဆောင်ရမှာပဲ ”

ထိုကျိုကျိတောင်တန်း သူတော်စင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

ဖန့်ချန်က တစ်ချက်ပြုံးလိုက်ပြီး၊ စာရင်းဇယားကို ထုတ်ယူကာ ကြည့်ရှုလိုက်ရင်း၊ အမည်နာမ ဆယ်ခုကျော်ကို လှမ်း၍ ခေါ်ဆိုလိုက်သည်။

အမည်ခေါ်ဆိုခြင်း ခံလိုက်ရသည့် ကျောင်းသားသစ်များက တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြပြီး၊ မျက်နှာထက်၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ရှိနေကြသည်။

မလာခင်ကတည်းက သူတို့ စုံစမ်းထားခဲ့ကြပြီး ဖြစ်သည်၊ ကျိုကျိတောင်တန်းက လူသားမျိုးနွယ်ကျောင်းဆောင်ထဲမှာ၊ အခြေခံအုတ်မြစ် အလွန်အမင်း ထူထဲသိပ်သည်းလှပေသည်။

နောက်ကွယ်မှာ အမွေအနှစ် ရှိနေခဲ့သည်။

ဤနေရာရှိ ဆရာက၊ တစ်စုံတစ်ယောက်သော ကာကွယ်ရေးဆရာရဲ့ တပည့် ဖြစ်ပေသည်။

ဤကဲ့သို့သော တည်ရှိမှုမျိုးရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်နိုင်ခြင်းက၊ သေချာပေါက် အကောင်းဆုံး ဖြစ်ပြီး၊ သဘာဝအတိုင်း မိမိရဲ့ လူမှုကွန်ရက်ကိုပါ ချဲ့ထွင်နိုင်မည် ဖြစ်သည်။

ဖန့်ချန်က အမည်များ ခေါ်ဆိုပြီးသည့်နောက်တွင်၊ အတွင်းကမ္ဘာနယ်မြေ တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့ပြီး၊ ဝေကွမ်ရှောင်က ထွက်ပေါ်လာလျက်၊ မျက်ဝန်းထဲ၌ အေးစက်သော အရိပ်အယောင်များဖြင့် ဖန့်ချန်အား စိုက်ကြည့်လိုက်သည်။

“ဆရာဝေ ”

ဖန့်ချန်က လက်နှစ်ဖက်စုစည်းလျက် ဦးညွှတ်လိုက်သည်။

“လွန်ခဲ့တဲ့ တစ်ခေါက်က မင်း ဒီနေရာကို လာတုန်းက၊ ထိုက်ရှီဝမ်ကျန်းက မင်းကို ခေါ်လာခဲ့တာ ”

ဝေကွမ်ရှောင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ဖန့်ချန်ရဲ့ မျက်ဝန်းထဲ၌ အတိတ်ကို ပြန်လည်အမှတ်ရဟန် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး၊ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“ စီနီယာအစ်ကို ထိုက်ရှီက ကျွန်တော်ကို ခေါ်လာခဲ့တာပါ ”

“ငါ အဲဒီတုန်းကတည်းက မင်းက ကောင်းကင်နိမိတ်ဖြစ်စဉ်အောက်ဆင့် အတွင်းကမ္ဘာ ဖြစ်မှန်း သိထားခဲ့ပြီးသားပဲ၊ ကာကွယ်ရေးဆရာရဲ့ စကားကြောင့်သာ မဟုတ်ခဲ့ရင်၊ မင်းကို တပည့်အဖြစ် လက်မခံဘဲ နေမှာ မဟုတ်ဘူး။

တကယ်လို့ ငါ့ကို နောက်ထပ်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်ဆိုရင်တော့၊ ရှူရှန့်က တံခါးဝအထိ လာပြီး လုပွဲဆင်နွှဲဦးတော့၊ အဲဒီကာကွယ်ရေးဆရာက စကားပြောလာ ဦးတော့၊ ငါ မင်းကို ကျိုကျိတောင်တန်းမှာ သေချာပေါက် ဆွဲထားပြီး၊ ငါ့ရဲ့ တပည့် အဖြစ် သတ်မှတ်မှာပဲ ”

ဝေကွမ်ရှောင်ရဲ့ မျက်ဝန်းထဲက အေးစက်မှုများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ပြီး၊ ပြုံးလျက် ပြောဆိုလိုက်သည်။

“မင်းကို ငါ့လက်ထဲကနေ လွတ်ထွက်သွားစေခဲ့တာက၊ ငါ့ရဲ့ လတ်တလောနှစ်တွေအတွင်း တစ်ခုတည်းသော နောင်တပဲ ”

ကျောင်းသားသစ်အုပ်စုက နှလုံးသားထဲ၌ တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားကြရပြီး၊ ခံစားချက်မျိုးစုံ ပြည့်နှက်သွားခဲ့ရသည်။

နေမင်းခုနစ်ပါး ပါရမီကို ပိုင်ဆိုင်ထားတဲ့ ဖန့်စီနီယာအစ်ကိုမျိုးသာလျှင်၊ ဆရာတစ်ဦးရဲ့ ဤမျှလောက် မြင့်မားတဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်တာ ဖြစ်ရမည် မဟုတ်ပါလော။

ဝေကွမ်ရှောင်က စကားပြောပြီးသည့်နောက်တွင်၊ ဖန့်ချန်အား စကားပြောခွင့် မပေးတော့ဘဲ၊ မိမိရှေ့မှောက်ရှိ ဆယ်ယောက်ကျော်သော ကျောင်းသားသစ်များကို လှမ်း၍ ကြည့်ရှုလိုက်ရင်း၊ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“မင်းတို့က နောင်ကျရင်၊ ကျိုကျိတောင်တန်းရဲ့ လက်အောက်ခံတွေ ဖြစ်ပြီ ”

ထိုကျောင်းသားသစ်အုပ်စုက အလျင်အမြန်ပင် ဂါရဝပြုလိုက်ကြသည်။

“တပည့်တို့ ဆရာဝေကို ဂါရဝပြုပါတယ် ”

“ဆရာဝေ…… ဒါဆိုရင် တပည့် အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်ဗျာ ”

ဖန့်ချန်က လက်နှစ်ဖက်စုစည်းလျက် နှုတ်ဆက်လိုက်သည်။

ဝေကွမ်ရှောင်က ဘာမှထပ်မပြောတော့ဘဲ၊ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။

ထို့နောက်တွင်၊ ဖန့်ချန်က ကျောင်းသားသစ်အုပ်စုကို ခေါ်ဆောင်လျက် အခြားတောင်ထွတ်အသီးသီးဆီသို့ ဆက်လက်ထွက်ခွာခဲ့သည်။

တောင်ထွတ်အသီးသီးက ဆရာများက ဖန့်ချန်အား မြင်တွေ့လိုက်ရသည့်အခါ၊ အားလုံးက ချီးမွမ်းစကား အနည်းငယ် ပြောဆိုကြသဖြင့်၊ ဤကျောင်းသားသစ်များကိုလည်း နေမင်းခုနစ်ပါး ကျောင်းတော်သားရဲ့ လူသားမျိုးနွယ်ကျောင်းဆောင်အတွင်းက အဆင့်အတန်းကို မြင်တွေ့သွားစေခဲ့သည်။

တောင်ထွတ်တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်နှင့်အမျှ၊ ကျောင်းသားသစ်အရေအတွက်က ပိုမိုနည်းပါးလာခဲ့သည်။

ဤတစ်ကြိမ်တွင် တောင်ထွတ်တစ်ခုချင်းစီက လက်ခံသည့် ကျောင်းသားသစ် အရေအတွက်က၊ လွန်ခဲ့တဲ့ နှစ်တွေထက် အများကြီး ပိုမိုများပြားလှပေသည်။

ဖန့်ချန်က ကျောင်းသားသစ် တစ်ရာကျော်ကို ခေါ်ဆောင်လျက်၊ ရွှမ်ထျန်တောင်တန်း ဆီသို့ ရောက်ရှိလာခဲ့သည်။

ဤကျောင်းသားသစ်အုပ်စုက ရွှမ်ထျန်တောင်တန်းရဲ့ ပတ်ဝန်းကျင်အခြေအနေက၊ အခြားတောင်ထွတ်တွေနဲ့ မတူညီကြောင်း သတိပြုမိလိုက်ကြသည်။

ဤနေရာရှိ သူတော်စင်များက၊ မျက်နှာအမူအရာများ အားလုံး အလွန်အမင်း ဆိုးရွားနေကြပြီး၊ သွားလာလှုပ်ရှားရာတွင်လည်း အလျင်စလို ဖြစ်နေကြသည်။

သူတို့ကို မြင်တွေ့လိုက်ရသည့်တိုင်အောင်၊ မျက်ဝန်းထဲက ထူးဆန်းသော အရိပ်အယောင်က အလွန်အမင်း ထင်ရှားနေခဲ့သည်။

ရွှမ်ထျန်တောင်တန်း မဟာခန်းမကြီးရဲ့ တံခါးဝရှေ့၌။

ဖန့်ချန်က စာရင်းဇယားကို ထုတ်ယူကာ ကြည့်ရှုလိုက်ပြီး၊ အတန်ငယ် ဆွံ့အသွားခဲ့ရသည်။

ထို့နောက်တွင်၊ သူက တပည့်တစ်ဦးတည်းရဲ့ အမည်ကိုသာ လှမ်း၍ ခေါ်ဆိုလိုက်သည်။

အမည်ခေါ်ဆိုခြင်း ခံလိုက်ရသည့် ကျောင်းသားသစ်က ဖန့်ချန်က အခြားသူများကို ဆက်လက်၍ မခေါ်တော့သည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ မျက်နှာထက်၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ခုနတုန်းက ကရုဏာတောင်ကုန်းမှာတောင်မှ၊ ကျောင်းသားသစ်နှစ်ယောက်တောင် တပည့်အဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့သေးသည်။

ဘာဖြစ်လို့ ဤနေရာသို့ ရောက်သည့်အခါကျမှ၊ သူတစ်ယောက်တည်းသာ ရှိနေရတာလဲ။

ကျန်ရှိနေသည့် ကျောင်းသားသစ်များကလည်း မျက်နှာထက်၌ ထူးဆန်းသော အရိပ်အယောင်များ ရှိနေကြပြီး၊ အချို့သူများကမူ တစ်စုံတစ်ခုကို တွေးတောမိသွားကြဟန်ဖြင့်၊ ထိုကျောင်းသားသစ်အား ကြည့်ရှုသည့် မျက်ဝန်းများထဲ၌ သနားဂရုဏာသက်မှု အရိပ်အယောင်တစ်ခု ထည့်သွင်းလိုက်ကြသည်။

မဟာခန်းမကြီးအတွင်းထဲကနေ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ဖြည်းညင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ထိုလူလတ်ပိုင်းအမျိုးသားက ဖန့်ချန်အား မြင်တွေ့လိုက်ရသည့်အခါ၊ မျက်ဝန်းထဲ၌ အတန်ငယ် ရှုပ်ထွေးသွားခဲ့ရပြီး၊ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

“ဖန့်ချန်…… ဒီတစ်ခေါက် ကျောင်းသားသစ်တွေကို လမ်းညွှန်ပေးဖို့ မင်း တာဝန်ယူထားတာလား ”

“ဆရာချီကွမ်း…… တပည့်ပါ ”

ဖန့်ချန်က ကိုယ်ကိုညွတ်လျက် ဂါရဝပြုလိုက်သည်။

လူလတ်ပိုင်းအမျိုးသားက တစ်ယောက်တည်း အထီးကျန်စွာ ရှိနေသည့် ထိုကျောင်းသားသစ်အား လှမ်း၍ ကြည့်ရှုလိုက်ပြီး၊ မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်ရင်း။

“တစ်ယောက်တည်းပဲလား ”

ဖန့်ချန်က နှလုံးသားထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိပြီး၊ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

“စာရင်းဇယားပေါ်မှာတော့၊ တစ်ယောက်တည်းပဲ ရှိပါတယ်ဗျာ ”

“ကရုဏာတောင်ကုန်းက ဒီနှစ် ဘယ်နှစ်ယောက် လက်ခံလဲ ”

“နှစ်ယောက်ပါဗျာ ”

“ဟဟ…… ငါ့ရဲ့ ရွှမ်ထျန်တောင်တန်းက အခု ကရုဏာတောင်ကုန်းကိုတောင် မမှီတော့ဘူးပေါ့။ တစ်ယောက်တည်း တဲ့လား…… အထက်က ကာကွယ်ရေးဆရာက ဒီလို သဘောထားမျိုး ထားရှိတာလား ”

လူလတ်ပိုင်းအမျိုးသားရဲ့ အပြုံးထဲ၌ နာကျည်းဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့ပြီး၊ ထို့နောက်တွင် တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ကြည့်ရတာ သိပ်မကြာခင်မှာပဲ၊ ငါ့ရဲ့ ရွှမ်ထျန်တောင်တန်းလည်း တောင်ထွတ်ကို ဖျက်သိမ်းပြီး၊ ကျောင်းတော်သားတွေကို အခြားနေရာတွေဆီ ပေါင်းထည့်ရတော့မယ် ထင်ပါရဲ့ ”

ဖန့်ချန်ကမူ ရွှမ်ထျန်တောင်တန်းက ဘယ်လိုလူမျိုးကို သွားရောက်ပြစ်မှားမိထားသလဲဆိုတာ အသေအချာ မသိပါချေ၊ သူ သိထားသည်ကတော့ ကောင်းကင်ငါးပါး စစ်တလင်း နှစ်ကြိမ်စလုံးမှာ၊ ရွှမ်ထျန်တောင်တန်းရဲ့ ကျဆုံးမှုနှုန်းက အမြင့်မားဆုံး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတုန်းက ထိုအကြီးအကဲစီနီယာပင်လျှင် စစ်တလင်းမှာ ကျဆုံးသွားခဲ့ရပြီ ဖြစ်ရာ၊ ယခုအချိန်၌ လူသားမျိုးနွယ်ကျောင်းဆောင်ဘက်က ရွှမ်ထျန်တောင်တန်းအတွက် ကျောင်းသားသစ်တစ်ဦးတည်းကိုသာ စီစဉ်ပေးခဲ့ခြင်းက၊ ရွှမ်ထျန်တောင်တန်းက မိမိရဲ့ လက်အောက်က ကျောင်းသားသစ်တွေကို အားလုံး အဆုံးစီရင် ပစ်မိမှာကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

အခန်း (၂၁၅၈) ဘယ်လို လှိုင်းတံပိုးမျိုးကို ထအောင် လုပ်နိုင်မှာလဲ

လူလတ်ပိုင်းအမျိုးသားက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်၊ ဖန့်ချန်အား လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်သည်။

“ငါ မင်းကို အကျပ်မကိုင်ပါဘူး၊ သွားတော့လေ ”

“ဆရာချီကွမ်း…… ဒါဆိုရင် တပည့် အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်ဗျာ ”

ဖန့်ချန်က လက်နှစ်ဖက်စုစည်းလျက် ပြောဆိုလိုက်သည်။

ရွှမ်ထျယ်တောင်တန်းမှာ ကျန်ရစ်ခဲ့သည့် ထိုကျောင်းသားသစ်က ငိုချင်ရက်လက်တို့ ဖြစ်သွားခဲ့ရပြီး၊ လူအုပ်ကြီး ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်လံကြည့်ရှုရင်း၊ နှလုံးသားထဲ၌ အလွန်အမင်း နောင်တရသွားမိတော့သည်။

ဒီလိုမှန်း သိခဲ့ရင်၊ သူ ကရုဏာတောင်ကုန်းမှာပဲ နေခဲ့ရမှာ ဖြစ်သည်။

လမ်းခရီး၌၊ ကျောင်းသားသစ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် ဖန့်ချန်အား မေးမြန်းလိုက်သည်။

“စီနီယာအစ်ကို ဖန့်…… ရွှမ်ထျယ်တောင်တန်းမှာ ဘာကိစ္စ ဖြစ်ပျက်ခဲ့လို့လဲဟင်၊ ဘာဖြစ်လို့ အဲဒီဘက်က ပတ်ဝန်းကျင်အခြေအနေက ဒီလောက်အထိ လေးလံထိုင်းမှိုင်းနေရတာလဲ ”

“ငါလည်း မသိဘူး ”

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

တစ်ဖက်လူက အတန်ငယ် ဆွံ့အသွားခဲ့ရသည်။

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း။

“ငါက ပုံမှန်ဆိုရင် ကျင့်ကြံခြင်းကလွဲလို့၊ အပြင်မှာ သွားလာလှုပ်ရှားတာ အရမ်းနည်းတယ်၊ ဒါကြောင့်မလို့ ရွှမ်ထျယ်တောင်တန်းမှာ ဘာကိစ္စ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါလည်း အသေအချာ မသိဘူး။

ဒါပေမဲ့ ဒီနောက်ပိုင်း ကောင်းကင်ငါးပါး စစ်တလင်း နှစ်ကြိမ်စလုံးမှာတော့၊ ရွှမ်ထျယ်တောင်တန်းရဲ့ သေကျေဒဏ်ရာရမှုက အလွန်အမင်း ပြင်းထန်ခဲ့တယ်။ ကြည့်ရတာ တစ်စုံတစ်ယောက်သော အင်အားစုကို သွားရောက်ပြစ်မှားမိထားတာ ဖြစ်လိမ့်မယ် ”

အတိအကျပင် ထိုအချိန်၌၊ အလွန်အမင်း လူမသိသူမသိ နေတတ်သည့် ကျောင်းသားသစ်တစ်ဦးက ရုတ်တရက် ပြောဆိုလိုက်သည်။

“ရွှမ်ထျယ်တောင်တန်းရဲ့ အစောပိုင်းတုန်းက စီနီယာ ရှန်သောက်ယူက၊ ကောင်းကင်ငါးပါး စစ်တလင်းအတွင်းမှာ၊ ကန်ယောင်ကျောင်းတော်ကြီးက လာတဲ့ သူတော်စင်တစ်ဦးကို ဆော်ပလော်တီးပြီး သတ်ပစ်ခဲ့ဖူးတယ်။

အဲဒီသူတော်စင်က၊ ကောင်းကင်အရှင်သူတော်စင် တစ်ဦးရဲ့ တိုက်ရိုက်သွေးရင်း မျိုးဆက် ဖြစ်နေခဲ့တာ။ ကိစ္စရပ် ဖြစ်ပွားပြီးတဲ့နောက်မှာ၊ ကောင်းကင်အရှင်သူတော်စင်က အလွန်အမင်း ဒေါသထွက်သွားခဲ့တာကြောင့်၊ ရွှမ်ထျယ်တောင်တန်းကို စတင်ပြီးတော့ ဦးတည်နှိပ်ကွပ်နေခဲ့တာပဲ ”

ဖန့်ချန်ရဲ့ စိတ်အာရုံက လှုပ်ခတ်သွားခဲ့ရပြီး၊ ထိုကျောင်းသားသစ်အား လှမ်း၍ ကြည့်ရှုလိုက်ရာ၊ ၎င်းရဲ့ စာရင်းဇယားပေါ်က အချက်အလက်တွေအရဆိုလျှင်၊ နောက်ခံအသိုင်းအဝိုင်းက သာမန်ကာလျှံကာမျှသာ ဖြစ်ပြီး ဘာအရှိန်အဝါမျှ မရှိပါချေ။

ရွှေဟွေးကျောင်းတော်ကြီးရဲ့ လက်အောက်ခံ နန်းတော်ဆောင်ကြီးတွေဆီကနေ အဆင့်ဆင့် ရွေးချယ်ခံရပြီး တက်လှမ်းလာခဲ့သူ ဖြစ်သည်။

ဤကဲ့သို့သော တည်ရှိမှုမျိုးက ဤသတင်းကို သိရှိနေနိုင်ခြင်းက၊ ၎င်းရဲ့ နောက်ခံအသိုင်းအဝိုင်းက စာရင်းဇယားပေါ်က အချက်အလက်တွေလောက် မရိုးရှင်းကြောင်း သက်သေပြနေခဲ့သည်။

ကျန်ရှိနေသည့် ကျောင်းသားသစ်များက ထိုစကားကို ကြားသိလိုက်ရသည့်အခါ ရင်ထဲ၌ အေးစိမ့်သွားခဲ့ရပြီး၊ မသိစိတ်အရ ထိုကျောင်းသားသစ်အား လှမ်း၍ ကြည့်ရှုလိုက်ကြရင်း၊ မျက်ဝန်းထဲ၌ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ကျန်ရှိနေခဲ့သည်။

ကောင်းကင်အရှင်သူတော်စင်ရဲ့ တိုက်ရိုက်သွေးရင်း မျိုးဆက် ဆိုသည်က၊ မွေးဖွားလာကတည်းက ကိုယ်ပိုင်အလင်းရောင် အရှိန်အဝါတွေ ပါလာခဲ့သည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။

ဤကဲ့သို့သော တည်ရှိမှုမျိုး အသတ်ခံလိုက်ရခြင်း ဖြစ်ရာ၊ ရွှမ်ထျယ်တောင်တန်းက ဤမျှလောက်အထိ ဦးတည်နှိပ်ကွပ်ခြင်း ခံနေရတာကလည်း မဆန်းတော့ပါချေ။

“အန်းယူချင်း…… မင်းက ဒါကို ဘယ်လိုလုပ်ပြီး သိနေတာလဲ ”

ကျောင်းသားသစ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

အန်းယူချင်းက ပြုံးလိုက်ရင်း။

“ကျောင်းတော်ကြီးကို မလာခင်တုန်းက၊ ငါ့ရဲ့ ဆရာက ငါ့ကို အချက်အချို့ မှာကြားခဲ့ဖူးတယ်၊ ဒီကိစ္စကလည်း အဲဒီအထဲက တစ်ခုပဲလေ ”

“ဒါကြောင့်မလို့ကိုး…… ”

လူအုပ်ကြီးက သဘောပေါက်သွားခဲ့ကြသည်။

သို့သော်လည်း၊ ကျောင်းသားသစ်အချို့က မိမိတို့ရဲ့ ကွဲပြားခြားနားတဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုလာကြသေးသည်။

“တကယ်လို့ ကောင်းကင်ငါးပါး စစ်တလင်းထဲက တိုက်ပွဲမှာတောင်မှ၊ ဒီလိုမျိုး ပတ်သက်မှုတွေကြောင့် လက်တွန့်ခြေတွန့် ဖြစ်နေရမယ်ဆိုရင်၊ ဒါက မတရားဘူး မဟုတ်လား ”

“စီနီယာအစ်ကို ဖန့်…… မင်းကော ဘယ်လိုထင်လဲ ”

အန်းယူချင်းက ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ရင်း။

“ဒီကိစ္စမှာ၊ ရွှမ်ထျယ်တောင်တန်းရဲ့ သူတော်စင်တွေက တကယ့်တော့ ဘာမှ မမှားခဲ့ဘူး၊ ကောင်းကင်ငါးပါး စစ်တလင်းထဲမှာ၊ ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင် သွေးချင်တယ်ဆိုရင်၊ လက်ရဲဇာရဲပဲ လုပ်ဆောင်ရမှာပဲ၊ ဒါကို ဒီလောက်များပြားလှတဲ့ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေကြောင့်၊ လက်တွန့်ခြေတွန့် ဖြစ်နေရဦးမှာလား ”

ကျောင်းသားသစ်အုပ်စုက တစ်ဦးပြီးတစ်ဦး ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ကြသည်။

ဤကျောင်းသားသစ်အုပ်စုရဲ့ စိုက်ကြည့်ခြင်းအောက်၌၊ ဖန့်ချန်က စက္ကန့်အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက်၊ တည်ငြိမ်စွာ ပြုံးလိုက်ရင်း။

“ငါလည်း မသိဘူး၊ ငါသိတာကတော့ မင်း ဘာကိစ္စပဲလုပ်လုပ်၊ ကံကြမ္မာအကျိုးဆက် ဆိုတာ ဖြစ်ပေါ်လာမှာပဲ။

တကယ်လို့ မင်း အနေနဲ့ အဲဒီအကျိုးဆက်ကို ခံနိုင်ရည်ရှိတယ်လို့ ထင်ရင် လုပ်လိုက်ပေါ့၊ ခံနိုင်ရည်မရှိဘူးဆိုရင်တော့၊ တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ နည်းလမ်းရှာရမှာပဲ။

တကယ်လို့ မင်း ခုနက ပြောတာက အမှန်ပဲဆိုရင်၊ ရွှမ်ထျယ်တောင်တန်းက သေချာပေါက် မိမိရဲ့ ကံကြမ္မာအကျိုးဆက်ကို ခံနိုင်ရည်မရှိခဲ့လို့သာ၊ အခုလိုမျိုး အကျပ်ရိုက်စရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်လိမ့်မယ်။

ကျောင်းတော်ကြီးရဲ့ အထက်လူကြီးတွေ၊ ဒါမှမဟုတ် လူသားမျိုးနွယ်ကျောင်းဆောင်ရဲ့ အထက်လူကြီးတွေက ဒီလို ကိစ္စရပ်အတွက် စကားမဟကြတာကလည်း၊ အကျိုးနဲ့ အပြစ်ကို ချိန်ဆနေကြလို့ ဖြစ်လိမ့်မယ် ”

သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး။

“ဖြစ်နိုင်တာက၊ အခု ရွှမ်ထျယ်တောင်တန်း ရင်ဆိုင်နေရတဲ့ အခြေအနေက၊ ကျောင်းတော်ကြီးရဲ့ အထက်လူကြီးတွေ ဝင်ရောက်စွက်ဖက်ပေးပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ရလဒ် ဖြစ်နေနိုင်တယ်။

တကယ်လို့ ကောင်းကင်အရှင်တစ်ဦးက ဒေါသပေါက်ကွဲပြီး၊ လူသားမျိုးနွယ်ကျောင်းဆောင်ဆီကို ရုတ်တရက် ရောက်လာပြီး တောင်ထွတ်တစ်ခုလုံးကို အမြစ်ပြတ်အောင် ချေမှုန်းပစ်ခဲ့မယ်ဆိုရင်၊ သူ ပြစ်မှားမိမယ့် ကံကြမ္မာအကျိုးဆက်ကလည်း ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေလိမ့်ဦးမယ် ”

ဖန့်ချန်ရဲ့ စကားက လူအုပ်ကြီးကို တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားစေခဲ့သည်။

ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာအတွင်း ဆိုသည်က၊ တစ်ဖက်လူက တကယ်ပဲ ဤနေရာသို့ လာရောက်ပြီး ရွှမ်ထျယ်တောင်တန်းကို အမြစ်ပြတ်အောင် ချေမှုန်းပစ်ခဲ့ဦးတော့၊ ထိုကောင်းကင်အရှင်သူတော်စင်အတွက်မူ၊ ဘာမှ ဖြစ်ပျက်လိမ့်မည် မဟုတ်ကြောင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဖန့်ချန်ရဲ့ နောက်ကွယ်၌ ဆယ့်နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကျန်ရှိနေသည့်သူများကိုမူ တောင်ထွတ်အသီးသီးက လက်ခံသွားခဲ့ကြပြီ ဖြစ်သည်။

ဤဆယ့်နှစ်ယောက်ထဲတွင်၊ ထိုချင်ယွဲ့လည်း ပါဝင်နေခဲ့သည်။

ဖန့်ချန်က သူတို့ကို ခေါ်ဆောင်လျက် တိမ်မြူများ ဝန်းရံရစ်သိုင်းနေသည့် တောင်တန်းကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး၊ မဟာခန်းမကြီးရဲ့ ရှေ့၌၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေသည့် ချင်ဝူဆန့်ကို မြင်တွေ့လိုက်ရသည်။

ချင်ဝူဆန့်က ဟော်ဆွေ့မျိုးနွယ်စု ရဲ့ တိုက်ရိုက်သွေးရင်း မျိုးဆက်တစ်ဦး ဖြစ်ရာ၊ ရွှေဟွေးကျောင်းတော်ကြီးဆီသို့ နယ်နှင်ဒဏ်ပေးခြင်း ခံထားရသော်လည်း၊ ကိုယ်ပေါ်၌ အမြဲတမ်း အေးစက်မြင့်မြတ်သည့် အရှိန်အဝါတစ်ခု ကိန်းဝပ်နေဆဲ ဖြစ်ပြီး၊ ထိုနေရာရှိ ဆရာများနှင့် ထင်ထင်ရှားရှား ကွဲပြားခြားနားနေခဲ့သည်။

“ဆရာချင် ”

ဖန့်ချန်ရဲ့ ကိုယ်ဟန်က မြေပြင်သို့ သက်ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်၊ ရှေ့သို့တစ်လှမ်း တိုးလိုက်လျက်၊ လက်နှစ်ဖက်စုစည်းကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။

ချင်ဝူဆန့်ရဲ့ မျက်ဝန်းများက ဖန့်ချန်ရဲ့ ကိုယ်ပေါ်၌ အဆက်မပြတ် ဝေ့ယမ်းသွားခဲ့ပြီးနောက်၊ ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း။

“သိပ်မကြာခင် ကာလမှာ၊ မင်း အနေနဲ့ ကောင်းကင်ငါးပါး စစ်တလင်းထဲကို နောက်ထပ်တစ်ကြိမ် ဝင်ရောက်ရတော့မယ်၊ ဒီတစ်ခေါက်မှာကော၊ အဆင့် ဘယ်နှစ်နေရာလောက်အထိ တိုးမြှင့်နိုင်မလဲ ”

“တပည့် မသိပါဘူးဗျာ၊ နေမင်းခုနစ်ပါးခန်းမထဲက သူတော်စင်တွေက၊ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်တွေ အားလုံး မနိမ့်ကြပါဘူး ”

ဖန့်ချန်က လက်နှစ်ဖက်စုစည်းလျက် ပြောဆိုလိုက်သည်။

“မကြောက်မရွံ့ဘဲနဲ့သာ သွားရောက်တိုက်ခိုက်လိုက်စမ်းပါ၊ တကယ်လို့ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့မယ်ဆိုရင်၊ ဟော်ဆွေ့မျိုးနွယ်စုက မင်းအတွက် တာဝန်ယူပေးလိမ့်မယ်။

ဒီလတ်တလောနှစ်တွေအတွင်းမှာ၊ လူသားမျိုးနွယ်က နေမင်းခုနစ်ပါးခန်းမထဲမှာ၊ လှိုင်းတံပိုးထအောင် မလုပ်နိုင်ခဲ့တာ အလွန်အမင်း ကြာမြင့်နေခဲ့ပြီ ”

ချင်ဝူဆန့်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ၊ တပည့် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ် ”

ဖန့်ချန်က ပြောဆိုလိုက်သည်။

ချင်ဝူဆန့်က မျက်လုံးတစ်ချက် ဝေ့ယမ်းလိုက်ရင်း၊ ဖန့်ချန်ရဲ့ နောက်ကွယ်ရှိ ဆယ့်နှစ်ယောက်သော ကျောင်းသားသစ်များရဲ့ မျက်နှာထက်သို့ ကျရောက်သွားခဲ့ပြီး၊ နောက်ဆုံးတွင် ချင်ယွဲ့အား လှမ်း၍ ကြည့်ရှုလိုက်ကာ၊ တည်ငြိမ်စွာ ပြုံးလိုက်သည်။

“မင်းက ချင်ယွဲ့ မဟုတ်လား ”

“တပည့် ချင်ယွဲ့၊ စီနီယာကို ဂါရဝပြုပါတယ် ”

ချင်ယွဲ့က အလျင်အမြန်ပင် လက်နှစ်ဖက်စုစည်းလျက် ဂါရဝပြုလိုက်ပြီး၊ အမူအရာက အလွန်အမင်း ရိုသေနေခဲ့သည်။

သူမက ချင်ချန်ရဲ့ နှုတ်ကနေ ဤချင်ဝူဆန့်ရဲ့ တည်ရှိမှုကို ကြားသိဖူးခဲ့ပြီး ဖြစ်ရာ၊ ၎င်းရဲ့ နောက်ခံအသိုင်းအဝိုင်းက တစ်ခုလုံးသော လူသားမျိုးနွယ်ကျောင်းဆောင်မှာဆိုလျှင်၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်အတန်းမျိုး ဖြစ်ကြောင်း အသေအချာ သိရှိထားခဲ့သည်။

ဟော်ဆွေ့မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက် တပည့် ဖြစ်ပေသည်။

၎င်းက ခုနတုန်းက အန်းယူချင်း ပြောခဲ့သည့်၊ ရှန်သောက်ယူ ဆော်ပလော်တီးပြီး သတ်ပစ်ခဲ့သည့် ထိုသူနှင့် အဆင့်အတန်းချင်း အတူတူပင် ဖြစ်သည်။

တကယ်လို့ မိမိရှေ့မှောက်ရှိ ဤသူသာ သေဆုံးသွားခဲ့မယ်ဆိုရင်၊ ကောင်းကင်အရှင်သူတော်စင်တစ်ဦးက သေချာပေါက် ဒေါသပေါက်ကွဲလိမ့်မည် ဖြစ်သည်။

“ငါ့ကို စီနီယာလို့ ခေါ်နေစရာ မလိုပါဘူး၊ ဆရာလို့ တစ်ခွန်း ခေါ်ရင် ရပြီ ”

ချင်ဝူဆန့်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဆရာ ”

ချင်ယွဲ့က အလျင်အမြန်ပင် စကားလုံး ပြောင်းလဲလိုက်တော့သည်။

ကျန်ရှိနေသည့် ဆယ့်တစ်ယောက်သော ကျောင်းသားသစ်များကလည်း အလျင်အမြန်ပင် ရှေ့သို့တိုးလျက် ဂါရဝပြုလိုက်ကြသည်။

နောက်ဆုံးကျန်ရှိနေသည့် ကျောင်းသားသစ်အုပ်စုကို ပို့ဆောင်ပြီးသည့်နောက်တွင်၊ ဖန့်ချန်ရဲ့ ဤတစ်ကြိမ် တာဝန်ကလည်း ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူက ချင်ဝူဆန့်အား နှုတ်ဆက်စကား ဆိုလိုက်သည်။

“သွားတော့လေ ”

ချင်ဝူဆန့်က ဘာမှထပ်မပြောတော့ဘဲ၊ လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်သည်။

ဖန့်ချန်က ချက်ချင်းပင် အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်လိုက်ပြီး၊ ဟင်းလင်းပြင်ကြီးထဲသို့ ပျံသန်းကွယ်ပျောက်သွားခဲ့တော့သည်။

မျက်နှာပြင်ကြီးရဲ့ အောက်၌၊ ချင်ဝူဆန့်က ချင်ယွဲ့တို့ လူစုကို အစီအစဉ်များ ချမှတ်ပေးပြီးသည့်နောက်တွင်၊ မဟာခန်းမကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာခင် ကာလမှာပင်၊ အလွန်အမင်း အေးစိမ့်သော အရှိန်အဝါတစ်ခုက မဟာခန်းမကြီးအတွင်းထဲ၌ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ဝိညာဉ်ဖမ်းတမန် တစ်ဦးက ချင်ဝူဆန့်ရဲ့ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး၊ တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်စုစည်းလျက် ဂါရဝပြုလိုက်သည်။

“ဝူဆန့်ညီနောင်…… ဒီတစ်ခေါက် ကိစ္စက ငါ့ရဲ့ စွမ်းအင်တွေကို အများကြီး အကုန်အကျခံခဲ့ရပေမဲ့၊ ဘာပဲဖြစ်ဖြစ် မင်းအတွက်တော့ အသေအချာ စုံစမ်းပေးနိုင်ခဲ့ပြီ ”

ချင်ဝူဆန့်ရဲ့ မျက်ဝန်းထဲ၌ အမူအရာတစ်ခု လှုပ်ခတ်သွားခဲ့ရပြီး။

“ရလဒ်က ဘယ်လိုလဲ ”

“အဲဒီသုံးယောက်ရဲ့ နောက်ခံအသိုင်းအဝိုင်းက အလွန်အမင်း စင်ကြယ်တယ်၊ လူဝင်စားခြင်း သံသရာရဲ့ မှတ်တမ်းတွေကို ဝေးကွာလှတဲ့ အတိတ်ကာလအထိ လိုက်လံစုံစမ်းလို့ ရတယ် ”

“ဒါဆိုရင်…… သူတို့က ရှန်းဟုန်အကြွင်းအကျန် တွေရဲ့ လူဝင်စားတွေ မဟုတ်ဘူးပေါ့ ဟုတ်လား ”

ချင်ဝူဆန့်က မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်ပြီးနောက်၊ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိရင်း။

“ဒါလည်း ဟုတ်တာပေါ့၊ ရှန်းဟုန်အကြွင်းအကျန်တွေက လူဝင်စားခဲ့ဦးဦးတော့၊ ဘယ်လိုလုပ်ပြီးတော့ အထွတ်ထိပ်တာအိုအဆင့်ရှိတဲ့ အတွင်းကမ္ဘာ ပါရမီရှင် သုံးယောက်တိတိ လွယ်လွယ်ကူကူနဲ့ ထွက်ပေါ်လာနိုင်ပါ့မလဲ ”

“ဒါပေမဲ့ သူတို့က ရှန်းဟုန်မျိုးနွယ်စု မဟုတ်ဘူးလို့တော့လည်း အပြတ်အသတ် ငြင်းပယ်လို့ မရသေးဘူး ”

ထိုဝိညာဉ်ဖမ်းတမန်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ရင်း၊ တည်ငြိမ်စွာ ပြုံးလိုက်သည်။

“ရှန်းဟုန်မျိုးနွယ်စုက ဒီတစ်ခေါက်မှာ ငါတို့မျိုးနွယ်စုရဲ့ လူကြီးအချို့ရဲ့ ကူညီမှုကို ရရှိခဲ့လို့သာ လူဝင်စားခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာ၊ မင်းတို့မျိုးနွယ်စုရဲ့ ဟော်ဆွေ့ဘိုးဘေး ကိုယ်တိုင်တောင်မှ၊ ဒီလို ကိစ္စရပ်ကို ဝင်ရောက်စွက်ဖက်ဖို့ ခဲယဉ်းတယ်။

ဒါကြောင့်မလို့ နောက်ခံအသိုင်းအဝိုင်း အချက်အလက်ပိုင်းမှာတော့၊ ဖြစ်နိုင်တာက အားလုံး အစအန ဖျောက်ဖျက်ခြင်း ခံထားရလောက်ပြီ ”

ချင်ဝူဆန့်ရဲ့ မျက်နှာအမူအရာက နောက်ထပ်တစ်ကြိမ် ဆိုးရွားသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ တစ်ဖက်လူက မထိန်းနိုင်ဘဲ ရယ်မောလိုက်ရင်း။

“တကယ်တော့…… မင်း ဘာဖြစ်လို့ ဒီလိုမျိုး ကိစ္စတွေကို စိုးရိမ်နေရတာလဲ။ သူတို့က လူဝင်စားပြီး ရောက်လာခဲ့ကြပြီ ဖြစ်လို့၊ သူတို့ရဲ့ နောင်အနာဂတ်ကလည်း ရှန်းဟုန်မျိုးနွယ်စု မဟုတ်တော့ပါဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်နိုးထလာခဲ့ဦးတော့၊ ကမ္ဘာကြီးအဆင့် အလယ်မှာ၊ ဘယ်လို လှိုင်းတံပိုးမျိုးကိုမှ ထအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ”

“မင်း ပြောတာကလည်း ဟုတ်တာပေါ့၊ ဒါပေမဲ့လည်း…… ရှန်းဟုန်မျိုးနွယ်စုက လူတွေကိုတော့ လျှော့တွက်လို့ မရဘူး၊ တကယ်လို့ အခွင့်အရေး ရှိမယ်ဆိုရင်တော့၊ မြင်တဲ့သူကို ချက်ချင်း သတ်ပစ်နိုင်တာက အကောင်းဆုံးပဲ ”

ချင်ဝူဆန့်က စကားပြောပြီးသည့်နောက်တွင်၊ လက်နှစ်ဖက်စုစည်းလျက် ပြုံး၍ ပြောဆိုလိုက်သည်။

“ဒီတစ်ခေါက် မင်းကို ဒုက္ခပေးမိပြီ ”

“အားနာနေစရာ မလိုပါဘူး ”

တစ်ဖက်လူက ကိုယ်ကိုတစ်ချက် လှည့်လိုက်ပြီး ချက်ချင်းပင် ယင်လောကဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။

ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ဖန့်ချန်ရဲ့ စိတ်အာရုံက လှုပ်ခတ်သွားခဲ့ရပြီး၊ မျက်နှာပြင်ကြီးရဲ့ အထက်၌ မတူညီသည့် ပုံရိပ်အမျိုးမျိုး ထွက်ပေါ်လာခဲ့ကာ၊ တိတ်ဆိတ်စွာဖြင့် အာရုံစိုက် စောင့်ကြည့်ဆန်းစစ်နေခဲ့သည်။

ချင်ဝူဆန့်နှင့် ပတ်သက်ပြီးတော့မူ၊ ယခုအချိန်၌ ဖန့်ချန်ရဲ့ စဉ်းစားတွေးတောမှုအတွင်းမှာ မရှိတော့ပါချေ။

တစ်ဖက်လူ လုပ်ဆောင်နေသမျှ အရာအားလုံးက၊ အချည်းနှီးသော အလုပ်တစ်ခုမျှသာ ဖြစ်ပေသည်။

သေခြင်းတရားမှတစ်ဆင့် ရှင်သန်ခြင်းသို့ ကူးပြောင်းမည့် ကမ္ဘာ့ရေစီးကြောင်းကြီးက အခြေတည်သွားခဲ့ပြီ ဖြစ်ရာ၊ သာမန်ကမ္ဘာကြီးအဆင့်သူတော်စင် မျှသာ ဖြစ်သည့် တည်ရှိမှုတစ်ခုက၊ ဘယ်လို လှိုင်းတံပိုးမျိုးကို ထအောင် လုပ်နိုင်မှာလဲ။

All Chapters