အခန်း ၂၆၂
Vol. 27 Ch. 262
အခန်း (၂၆၂) ချင်းလန်အာကို အထူးဂရုစိုက်သင့်သည်
ကျောက်လင်က နံနက်စောစောအချိန်တွင် ထင်းရှူးနက်ကျေးရွာသို့ ပြန်ရောက်လာပြီး နောက်တစ်နေ့ နံနက်အထိ ထိုနေရာတွင် နေထိုင်ခဲ့၏။
သူတို့က အာကာသတဲထဲမှ လုံးဝ ထွက်မလာခဲ့ပေ။
ထင်းရှူးနက်ကျေးရွာတွင် နေထိုင်သော ဇနီးများမှာ စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်၊ ချင်းလန်အာ၊ နာလန်ယွီ၊ ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့ဖြစ်ပြီး စုစုပေါင်း ဆယ်ယောက် ရှိသည်။
မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်နှင့် ညတစ်ကြိမ် ဖြစ်၏။
( စာရေးသူ be like - Ó╭╮Ò)
ကံကောင်းထောက်မစွာဖြင့် ကျောက်လင်သည် ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ကျောက်ကပ်စွမ်းအင်မှာ ဝိညာဉ်စွမ်းအင်၏ အထောက်အပံ့ဖြင့် အမြဲတမ်း အမြင့်ဆုံးအဆင့်တွင် ရှိနေနိုင်ခဲ့သည်။
သို့ဖြစ်၍ ကျောက်လင်က အဆုံးအစမရှိ တိုက်ပွဲဝင်နိုင်ပြီး တိုက်ပွဲတိုင်းတွင် သူ၏ ဇနီးများအား ကြည်နူးမှု အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့၏။
ကျင့်ကြံမှု +၃၀။
အရုဏ်တက်ချိန်မှသာ ကျောက်လင်က သတိပြန်လည်လာခဲ့သည်။
စိတ်အာရုံဖြင့် စနစ်၏ ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်၏။
[ပိုင်ရှင် - ကျောက်လင်]
[ဇနီး - စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်၊ အိုယန်ပင်း၊ တန်ထိုက်ပေါင်ပေါင်၊ ချင်းလန်အာ၊ နာလန်ယွီ၊ ယွီဝမ်ချန်၊ ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်၊ ကုမုမု၊ လုယွီပင်း၊ လုထင်ရွှယ်၊ လုနင်ရွှမ်း]
[ကျွမ်းကျင်မှု - အမဲလိုက်ကျွမ်းကျင်မှု၊ ပန်းချီစွမ်းရည်၊ ရှန်းနုန်ဆေးဖက်ဝင်အပင်မှတ်တမ်း]
[အထူးစွမ်းရည် - လင်းယုန်မျက်လုံး၊ ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း]
[ကျင့်စဉ်များ - ဟောက်ယန်ကျင့်စဉ် (ပဉ္စမအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (ပဉ္စမအဆင့်)၊ သွေးနတ်ဘုရားဓား (စတုတ္ထအဆင့်)၊ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် (စတုတ္ထအဆင့်)]
[နယ်ပယ်အဆင့် - ကျောက်စိမ်းဝမ်းတွင်းနယ်ပယ် ကနဦးအဆင့်]
[ကျင့်ကြံမှုအဆင့် - ၅၅+]
"ဒါက တစ်ရက်နဲ့တစ်ည ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်ပဲ... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နှစ် ၅၅ နှစ်အထိ ရောက်လာခဲ့ပြီ..."
"တလောက အဆင့်(၁) လုပ်ကြံသူနဲ့ အနီးကပ် တိုက်ပွဲဖြစ်ခဲ့တယ်... အဲ့ဒီတုန်းက သုံးခဲ့တဲ့ သွေးမြစ်တေးသံ ဓားသိုင်းက အဲ့ဒီလုပ်ကြံသူနဲ့ သရေလောက်ပဲ ကျခဲ့တာ..."
"အဓိကပြဿနာက သွေးမြစ်တေးသံရဲ့ အဆင့်က ငါ့ရဲ့ ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်စွမ်းအားနဲ့ လိုက်ဖက်အောင် မမြင့်မားနေတာပဲ..."
"ဒီ ၅၅ နှစ်စာ ကျင့်ကြံမှုကို သွေးနတ်ဘုရားဓား အဆင့်မြှင့်တင်ဖို့ သုံးရမယ်..."
ထိုသို့တွေးတောရင်း ကျောက်လင်က သူ၏ စိတ်ထဲမှ အမိန့်ပေးလိုက်၏။
"စနစ်... သွေးနတ်ဘုရားဓားကို ကျင့်ကြံမှု အနှစ် ၃၀ ထပ်ပေါင်းထည့်လိုက်..."
မကြာမီတွင် အချက်အလက်မြောက်မြားစွာက ကျောက်လင်၏ စိတ်ထဲသို့ စီးဝင်လာပြီး သူ၏ ဓားပညာက သိသိသာသာ တိုးတက်လာခဲ့သည်။
သွေးနတ်ဘုရားဓားကလည်း ပဉ္စမအဆင့်ဖြစ်သော ဓားဝိညာဉ်ပင်လယ်သို့ အဆင့်တက်သွားခဲ့၏။
ဤ ဓားဝိညာဉ်ပင်လယ်အကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ၎င်းက ဓားပိုင်နက်စွမ်းအားကို သယ်ဆောင်လာပြီး ပစ်မှတ်အနေဖြင့် ဓားရည်ရွယ်ချက်က ပတ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာသည်ဟု ခံစားရကာ ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။
ကျန်ရှိနေသော ကျင့်ကြံမှု ၂၅ နှစ်ဖြင့် မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် ကို အဆင့်တစ်ဆင့် မြှင့်တင်ရန် မလုံလောက်ပေ။
ထိုအချိန်တွင် ကျောက်လင်က ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
သူ၏ စိတ်စွမ်းအားကို အသက်သွင်းလိုက်ပြီးနောက် ကျောက်လင်က အာကာသတဲတစ်ခုစီ၏ အတွင်းပိုင်း လှုပ်ရှားမှုများကို အာရုံခံလိုက်၏။
"စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနဲ့ ထျန်ကျီလင်... ကိုယ်ဝန်အရင်ရတဲ့ ဒီဇနီးငါးယောက်က ဗိုက်တွေတောင် ထွက်နေပြီပဲ..."
"သူတို့ထိခိုက်မှာစိုးလို့ အခုကစပြီး ငါ သူတို့နဲ့ ထပ်မပတ်သက်တော့ဘူး..."
"ချင်းလန်အာ၊ နာလန်ယွီ၊ ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နဲ့ ကုမုမု... ဒီဇနီးငါးယောက်ကတော့ နောက်ထပ် တစ်လလောက် ဆက်ပြီး ပတ်သက်လို့ ရသေးတယ်... အဲ့ဒီအချိန်ကျရင် သူတို့ဗိုက်တွေလည်း ထွက်လာမှာပဲ..."
"တန်ထိုက်ပေါင်ပေါင်က အနီးနားက တာ့လျန်တောင်တန်းမှာဆိုတော့ ရံဖန်ရံခါ အတူနေလို့ရတယ်... အိုယန်ပင်းနဲ့ လုညီအစ်မသုံးယောက်ကတော့ တခြားနေရာတွေမှာ ရောက်နေကြတာ... သူတို့ဆီကနေ ကျင့်ကြံမှုအမှတ်တွေ စုဆောင်းဖို့ဆိုတာ သိပ်ပြီး အဆင်မပြေလှဘူး..."
ကျောက်လင်က ပြုံးယောင်သမ်းလိုက်ပြီး အာကာသတဲ တံခါးကို ဖွင့်လိုက်၏။
ထိုအချိန်တွင် မိုဟုန်လျန်ကလည်း အလွန်စောစော ထလာခဲ့သည်။ သူမ တံခါးဖွင့်လိုက်ချိန်တွင် ကျောက်လင်၏ ပုံရိပ်ကို ချက်ချင်း မြင်လိုက်ရပြီး ရှက်သွေးဖြာကာ မျက်နှာ ရုတ်တရက် နီရဲသွား၏။
"နှာဘူး..."
မိုဟုန်လျန်က ရုတ်တရက် ရေရွတ်လိုက်ပြီးနောက် ကျောက်လင်ကို ကဲ့ရဲ့ဟန်ဖြင့် စိုက်ကြည့်ကာ အနီးရှိ နံပါတ်(၃) ဂူထဲသို့ ကမန်းကတန်း ပြေးဝင်သွားသည်။
ကျောက်လင်မှာ ခဏတာ မှင်တက်သွားပြီး မိုဟုန်လျန်က အဘယ်ကြောင့် ထိုစကားများ ပြောသွားရသနည်းဟု တွေးတောကာ သူ၏ ပါးကို စမ်းလိုက်၏။
"ငါ သူ့ကို ဘာမှမလုပ်မိဘူးလို့ ထင်တာပဲ..."
ဂူထဲသို့ ပြေးဝင်သွားသော မိုဟုန်လျန်မှာ အပြင်းအထန် မျက်နှာနီရဲနေခဲ့သည်။
"အဲ့ဒီလိုကိစ္စမျိုးက တကယ်ပဲ အဲ့ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေတာလား..."
"ကျောက်လင် ပြန်ရောက်ကတည်းက တစ်ရက်နဲ့တစ်ညလုံး အပြင်ထွက်မလာဘူး... ဘာလို့ သူက အဲ့ဒီကိစ္စကို ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ..."
ဤအခိုက်အတန့်တွင် မိုဟုန်လျန်၏ မျက်လုံးများ ပြောင်းလဲသွားပြီး သံသယအချို့နှင့်အတူ တောင့်တမှု အရိပ်အယောင် အနည်းငယ်လည်း ပေါ်လာ၏။
မိုချန်းချွမ်း၏ တင်းကျပ်သော စည်းကမ်းများကြောင့် မိုဟုန်လျန်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှု မဆိုထားနှင့်၊ အချစ်ရေးကိုပင် မတွေ့ကြုံဖူးခဲ့ပေ။
သို့သော် မိုဟုန်လျန်မှာ အရွယ်ရောက်ချိန်ကို ကျော်လွန်လာခဲ့ပြီး ယခုအခါ လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ရာ သူမတွင် ကိုယ်ပိုင် လေ့လာနိုင်စွမ်း ရှိနေသည်။
ကျောက်လင်နှင့် သူ၏ ဇနီးများသည် အခန်းထဲမှ ထွက်လာတိုင်း ကျောက်လင်က ခွန်အားများ ပြည့်ဝနေပြီး သူ၏ ဇနီးများကလည်း ပျော်ရွှင်မှုများဖြင့် တောက်ပကာ အသားအရေများ နီမြန်းနေတတ်၏။ ထို့အပြင် ထိုဇနီးများအတွင်းရှိ ဝိညာဉ်စွမ်းအင်ကလည်း ပိုမိုအားကောင်းလာခဲ့သည်။
ပါရမီရှင် အဂ္ဂိရတ်မိန်းကလေး တစ်ယောက်အနေဖြင့် မိုဟုန်လျန်မှာ အရူးမဟုတ်ပေ။ ကျောက်လင်နှင့် သူ၏ ဇနီးများကြား ရင်းနှီးမှုက နှစ်ဖက်စလုံးကို ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ကို သူမ သေချာပေါက် နားလည်ထားသည်။
ထို့ကြောင့်ပင် မိုဟုန်လျန်မှာ ရှုပ်ထွေးနေသလို မျှော်လင့်ချက်လည်း ရှိနေခြင်းဖြစ်၏။
ကျောက်လင်က လူယုတ်မာဟု ကျိန်ဆဲလိုက်ပြီးနောက် မိုဟုန်လျန်အား လျစ်လျူရှုကာ ငါးကန်ဆီသို့ သွားလိုက်သည်။
မိခင်ဖြစ်သူ ကျီစုဖျင်က မွေးမြူရေးစခန်း သုံးခုကို ကိုယ်တိုင်ဦးဆောင်စီမံနေပြီး သူမက အလွန်စောစော ထတတ်သည်။
ကျောက်လင် ငါးကန်သို့ ရောက်သည်နှင့် သူ၏ ကျီစုဖျင်က ကြက်ခြံတွင် ဟင်းသီးဟင်းရွက် အရွက်များကို ကြဲချနေသည်ကို ချက်ချင်း မြင်လိုက်ရ၏။
သေချာပေါက် ဤဟင်းသီးဟင်းရွက် အရွက်များအားလုံးကို ငှက်မွှေးနှင်းရည်နှင့် ရောစပ်ထားခြင်း ဖြစ်သည်။
"ဟုတ်တယ်... ဒီကြက်ခြံမှာ ကြက်ကောင်ရေ တစ်သောင်းလောက်ရှိမယ်... အဲ့ဒါအပြင် သူတို့က နေ့တိုင်း ငှင်မွှေးနှင်းရည်ကို စားနေရတော့ မူလက တောကြက်တွေဖြစ်တဲ့ ဒီကြက်တွေက အခုဆို ငန်းအရွယ်လောက်ထိတောင် ကြီးလာကြပြီ..."
ကျောက်လင်က ပျော်ရွှင်စွာ ပြောလိုက်ပြီးနောက် ကြက်ခြံဆီသို့ ပြေးသွားကာ သူ၏ မိခင်အနားသို့ ရောက်သွား၏။
"အမေ... အမေ အရမ်းပင်ပန်းနေပြီပဲ..."
"အခု ကျွန်တော်တို့ဆီမှာ ကြက်တစ်သောင်းရှိနေပြီ... သူတို့ကို အုပ်စုဆယ်စုခွဲပြီး မတူညီတဲ့ တောင်ထိပ်ဆယ်ခုဆီ လွှတ်ပေးရမယ့် အချိန်ရောက်ပြီ..."
ကျောက်လင် ရောက်ရောက်ချင်းပင် ပြုံး၍ ပြောလိုက်သည်။
ယွီချီတောင်ထွတ်သို့ မသွားမီ ကျောက်လင်က သူ၏ဇနီး ရှန်ချန်းရွှယ်ကို ဒေသတွင်းရှိ ပိုင်ရှင်မဲ့ တောင်ထွတ်နှစ်ထောင်ခန့် အားလုံးကို ဝယ်ယူရန် ညွှန်ကြားခဲ့၏။
ရှန်ချန်းရွှယ်က လုပ်ရည်ကိုင်ရည်ရှိပြီး တရားဝင် လုပ်ထုံးလုပ်နည်း အားလုံးကို ပြီးစီးနေပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ကျောက်လင်က တောင်ထိပ်ပေါင်း နှစ်ထောင်ကျော်ကို ပိုင်ဆိုင်နေပြီဖြစ်ကာ သူ မွေးမြူထားသော တောရိုင်းတိရစ္ဆာန် အမျိုးမျိုးကို ထိုတောင်ထိပ်များတွင် ယုံကြည်မှုရှိရှိ လွှတ်ထားနိုင်သည်။
ကြက်တစ်သောင်းဆိုသည်မှာ များသည်ဟု ထင်ရသော်လည်း ကျောက်လင်၏ လူတစ်ထောင်ကျော်အတွက် ကြက်များကို လွတ်လွတ်လပ်လပ် စားသုံးနိုင်ရန် မလုံလောက်သေးပေ။
အနည်းဆုံး ကြက်တစ်သိန်း မွေးမြူရန် လိုအပ်သည်။ ထိုအခါမှသာ နေ့စဉ် ကြက်နှစ်ထောင်ကို သတ်နိုင်မည်ဖြစ်ပြီး တောင်ပေါ်တွင် မွေးမြူထားသော ကြက်များက နေ့စဉ် ကြက်ပေါက်လေး တစ်သောင်းနီးပါးခန့် ပေါက်နိုင်မည်ဖြစ်၏။ ဤနည်းဖြင့်သာ ကြက်သားကို လွတ်လွတ်လပ်လပ် စားသုံးနိုင်မည် ဖြစ်သည်။
"ကောင်းပြီ... အမေလည်း အဲ့ဒီလို တွေးထားတာပဲ..."
ကျီစုဖျင်က ကျောက်လင်အား ကြင်နာစွာ ကြည့်၍ အတည်ပြု ပြန်ပြောလိုက်၏။
ချက်ချင်းပင် ကျီစုဖျင်က ကျောက်လင်ကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"လင်အာ... မင်းရဲ့ အမေတစ်ယောက်အနေနဲ့ မင်း ဇနီးတွေ အများကြီးယူတာကို သဘာဝကျကျပဲ ဝမ်းသာမိပါတယ်... ပြီးတော့ သူတို့တွေက ကျောက်မိသားစုရဲ့ မျိုးဆက်ကို ဆက်ခံပေးနိုင်ဖို့လည်း မျှော်လင့်တယ်..."
"ဒါပေမဲ့ မင်းက... ဒီလောက်ကြီး အလိုမလိုက်သင့်ဘူးလေ..."
"မင်း မနေ့မနက်စောစောက ပြန်ရောက်လာတာ... အမေ့ကိုတောင် နှုတ်ဆက်ဖို့ အချိန်မရဘူးလား..."
"မင်းက တကယ့်ကိုပဲ..."
ထိုသို့ပြောရင်း ကျီစုဖျင်၏ မျက်နှာမှာ နီရဲသွားပြီး ဆက်၍ ဘာပြောရမှန်း မသိဖြစ်သွား၏။
ကျောက်လင်မှာ မျက်နှာနီရဲသွားပြီး ၎င်းက သူ၏အတွက် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သို့သော် ကျောက်လင်ကလည်း အစစ်အမှန် အကြောင်းရင်းကို ထုတ်ဖော် မပြောနိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ကျောက်လင်၏ တိုးတက်လာသော စွမ်းအားက သူ၏ ဇနီးများနှင့် ပတ်သက်မှုမှ ရရှိလာခြင်းဖြစ်၏။
"အမေ... ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတွေကြားမှာ ဘာဖြစ်နေလဲဆိုတာ ကျွန်တော် သိပါတယ်..."
"စိတ်မပူပါနဲ့... ကျွန်တော့်ဇနီးတွေ အားလုံး ကိုယ်ဝန်ရပြီး ဗိုက်ထွက်လာတာနဲ့ ကျွန်တော် သူတို့နဲ့ အတူအိပ်တာကို ရပ်လိုက်ပါ့မယ်..."
ကျောက်လင်က ဤရှင်းပြချက်ကိုသာ ပေးနိုင်ခဲ့သည်။
"ကောင်းပြီ... အဲ့ဒါကိုပဲ မှတ်ထားလိုက်..."
"အိုး... စကားမစပ်... မင်း လန်အာကို အထူးဂရုစိုက်ရမယ်နော်..."
ကျီစုဖျင်က ချင်းလန်အာနှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေ ထင်းရှူးနက်ကျေးရွာသို့ ရောက်သည့်တိုင်အောင် ချင်းလန်အာကို သူမက ကူညီထောက်ပံ့ပေးခဲ့ပြီး သူတို့နှစ်ဦးမှာ တိုက်ပွဲဝင် ရဲဘော်ရဲဘက်များကဲ့သို့ပင် ဖြစ်နေ၏။ သူ၏ အခြားဇနီးများရှေ့တွင် ချင်းလန်အာအပေါ် မျက်နှာလိုက်ပြရန် သူမက တစ်ခါမျှ ဝန်မလေးခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်မှာ ခဏတာ မှင်တက်သွားသည်။
စနစ်၏ တုံ့ပြန်မှုအရ သူ၏ ဇနီးများထဲတွင် ချင်းလန်အာတစ်ယောက်သာလျှင် ကိုယ်ဝန်မရသေးကြောင်း ပေါ်လွင်နေ၏။
"ကျွန်တော် နားလည်ပါပြီ..."
ကျောက်လင်က အတည်ပြု ပြန်ပြောလိုက်သည်။