← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃) ဤမြေဧကတစ်ရာပေါ်တွင် အာလူးများ စိုက်ပျိုးကြပါစို့

ယခုအခါ ယုန်မွေးမြူရေးစခန်းတွင် ယုန်ကောင်ရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။

တောယုန်များသည် အံ့မခန်းဖွယ် နှုန်းထားဖြင့် မျိုးပွားကြသည်ဟု ဆိုရပေမည်။ ၎င်းတို့သည် တစ်ကြိမ်မွေးလျှင် ယုန်ကောင်လေး ဆယ်ကောင်ခန့် မွေးတတ်သည်မှာ အဆန်းမဟုတ်ပေ။

ကျောက်လင်၏ ယုန်မွေးမြူရေးခြံရှိ ယုန်များ၏ နေ့စဉ်အစာတွင် ၎င်းတို့၏ ကြီးထွားမှုနှုန်းကို နှစ်ဆတိုးစေသော လွင့်ပျံငှက်မွှေးနှင်းရည် ပါဝင်သောကြောင့် ၎င်းတို့ကို ပိုမိုမြန်ဆန်စွာ ကြီးထွားစေပြီး တစ်ကြိမ်လျှင် ယုန်ပေါက်လေး ဆယ့်ငါးကောင် သို့မဟုတ် ဆယ့်ခြောက်ကောင်ခန့် မွေးဖွားစေသည်။

"အမေ... ဒီတောယုန်တွေကိုလည်း အုပ်စုဆယ်စုခွဲပြီး မတူညီတဲ့ တောင်ထိပ်ဆယ်ခုဆီ ရွှေ့ပြောင်းလို့ရတယ်..."

ကျောက်လင်က ထပ်ပြောလိုက်၏။

"ကောင်းပြီလေ... သားဘာသာသာ စီစဉ်လိုက်ပါ..."

"အမေက သူတို့ကို အစာကျွေးဖို့ တာဝန်ယူမယ်... မွေးမြူရေးစခန်းအတွက် တိကျတဲ့ စီစဉ်မှုတွေကိုတော့ သားပဲ တာဝန်ယူလိုက်တော့..."

ကျီစုဖျင်က သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အပြည့်ဖြင့် ပြုံး၍ ပြောလိုက်သည်။

သူမ၏ ဇာတိရွာတွင် ရှိနေစဉ်က ကျီစုဖျင်သည် တောရိုင်းဟင်းရွက်များကိုသာ အမြဲတူးဖော်စားသောက်ခဲ့ပြီး သစ်ခေါက်များကိုပင် စားခဲ့ရ၏။ သူမသည် နောက်တစ်နပ်အတွက် မည်သည့်နေရာမှ ရမည်ကိုပင် မကြာခဏ မသိခဲ့ရဘဲ သူမ၏ဘဝမှာ အလွန်တရာ ခက်ခဲကြမ်းတမ်းခဲ့ပေသည်။

ထင်းရှူးနက်ကျေးရွာသို့ ရောက်ရှိပြီးနောက် ကျီစုဖျင်သည် တောရိုင်းတိရစ္ဆာန် အများအပြားကို ကိုယ်တိုင်ကိုယ်ကျ မွေးမြူခဲ့ရာ သူမကိုယ်တိုင်အတွက် အသားလုံလောက်စွာ စားနိုင်ရုံသာမက လူထောင်ပေါင်းများစွာကိုပါ ကျွေးမွေးနိုင်ခဲ့သည်။

ဤသို့ အောင်မြင်မှုရရှိသည်ဟူသော ခံစားချက်က ကျီစုဖျင်အား နေ့စဉ်နှင့်အမျှ ခွန်အားများနှင့် ပျော်ရွှင်မှုများကို ပြည့်ဝနေစေ၏။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်သည်။

ရစ်ငှက်များနှင့် ယုန်များကို မွေးမြူရန် မည်သည့် တောင်ထိပ်ဆယ်ခုကို ရွေးချယ်ရမည်ဆိုသည်နှင့် ပတ်သက်၍ ကျောက်လင်သည် ဆုံးဖြတ်ချက် မချမီ မောင်းသူမဲ့ယာဉ်ဖြင့် လေထဲသို့ ပျံသန်းကာ အပေါ်စီးမှနေ၍ ဧရိယာကို စစ်ဆေးရန်သာ လိုအပ်ပေသည်။

တောင်ထိပ်ပေါင်း နှစ်ထောင်ကျော်ရှိရာ ကျောက်လင်သည် ဆုံးဖြတ်ချက်မချမီ တောင်ထိပ်တစ်ခုစီအတွက် မည်သည့်လုပ်ငန်းများ သင့်လျော်ကြောင်းကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးခဲ့၏။

အခြားဘဲမွေးမြူရေးစခန်းတစ်ခုတွင် ဘဲကောင်ရေမှာ သိပ်မများသေးဘဲ အကောင်နှစ်ရာထက် မကျော်သေးပေ။

အလျင်စလို လုပ်စရာမလိုပေ။ မည်သို့ပင်ဖြစ်စေ ကြက်နှင့် ယုန်ကောင်ရေမှာ တိုးပွားလာနေပြီဖြစ်ရာ လူထောင်ပေါင်းများစွာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်နေပြီဖြစ်သည်။ ဤဘဲများကို မွေးမြူခြင်းကိုတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်သည်။

ထိုအခိုက်တွင် ကျောက်လင်သည် သူ၏ ဘေးရှိ ငါးကန်ကို ခံစားသိရှိနိုင်ရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်၏။

မီတာငါးဆယ်အထိ အာရုံခံနိုင်သော စိတ်စွမ်းအား အကွာအဝေးကြောင့် တစ်ကန်လုံးသည် ကျောက်လင်၏ စိတ်စွမ်းအား အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်း၌ သဘာဝကျကျ ရှိနေပေသည်။

အတွင်းရှိ အမျိုးမျိုးသော ငါးမျိုးစိတ် အရေအတွက်မှာ သေချာပေါက် တစ်သောင်းကျော်နေပြီဖြစ်သည်။

ဤမျှသေးငယ်သော ငါးကန်လေးထဲတွင် ငါးအများအပြားရှိနေခြင်းမှာ အနည်းငယ် ရူးသွပ်စရာကောင်းလှ၏။

စဉ်းစားပြီးနောက် ကျောက်လင်သည် တောင်ပေါ်တွင် အခြားငါးကန်ကြီးတစ်ခု ထပ်တူးရန် သို့မဟုတ် ရေလှောင်ကန်တစ်ခုကို ကိုယ်တိုင်တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ခံစားလိုက်ရသည်။

ကျောက်လင်က ဤအစီအစဉ်ကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။

"အမေ... သား တခြားနေရာတွေကို သွားကြည့်လိုက်ဦးမယ်..."

ထိုအခိုက်တွင် ကျောက်လင်က လှမ်းပြောလိုက်သည်။

"သွားလေ... ဒီမွေးမြူရေးစခန်းသုံးခုကို အမေ ဂရုစိုက်နိုင်ပါတယ်... သား စိတ်ချလက်ချ သွားပါ..."

ကျီစုဖျင်က ပြန်ဖြေလိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်က ချောင်းဆီသို့ တည့်တည့်မတ်မတ် ထွက်ခွာသွားခဲ့သည်။

ယွီချီတောင်ထွတ်သို့ မထွက်ခွာမီ ကျောက်လင်သည် အလယ်တွင် မြေဧကတစ်ရာ ပါဝင်သော ရေမြောင်းတစ်ခုကို တစ်ညလုံး အချိန်ယူကာ တူးဖော်ခဲ့၏။ ဤသည်မှာ သုံးရာ့သတ်သမား ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် သူရရှိခဲ့သည့် ဆုကြေးပင်ဖြစ်သည်။

ကျောက်လင်သည် ငါးကန်မှ စတင်ထွက်ခွာလာပြီး တဲကြီးဆီသို့ လမ်းတစ်လျှောက် လျှောက်လာသောအခါ စောစောထနေကြသော ဒုက္ခသည်များက သူ့ကို မြင်သည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းရံလာကြသည်။

"မင်္ဂလာပါ သူဌေး.."

ထိုလူများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။

ဟုတ်ပေသည်။ ကျောက်လင်သည် သူတို့အား သူ့ကို သခင်ဟု ခေါ်ဆိုခြင်းမှ တားမြစ်ခဲ့ပြီး ထိုအစား သူဌေးဟုသာ ခေါ်စေခဲ့သည်။

သူတို့အားလုံးသည် အလုပ်အကျွေးခံစာချုပ်များကို လက်မှတ်ရေးထိုးထားကြသော်လည်း သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများမှာ ယခုအခါ ကျောက်လင်၏ လက်အောက်တွင် ရှိနေသောကြောင့် ကျောက်လင်အား သခင်ဟု ခေါ်ဆိုခြင်းမှာ မှန်ကန်ပေသည်။

သို့သော်လည်း ကျောက်လင်က ထိုအမည်နာမကို သဘောမကျခဲ့ပေ။

လုပ်ငန်းများအားလုံးသည် ဖွံ့ဖြိုးတိုးတက်နေပြီး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျောက်လင်သည် သူတို့ကို သူ၏ ဝန်ထမ်းများအဖြစ် သတ်မှတ်လိုပြီး သူတို့ကို အမျိုးမျိုးသော အလုပ်ရုံများတွင် တာဝန်ချထားပေးမည်ဖြစ်သည်။

ထို့ကြောင့် ကျောက်လင်သညါ သူတို့က သူ့ကို သူဌေးဟုခေါ်ခြင်းကို သဘောကျပေသည်။

"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ..."

ကျောက်လင်သည် လမ်းတစ်လျှောက်လုံး အခြေအနေကို ကိုင်တွယ်ဖြေရှင်းရင်း မည်သည့်အခါမျှ ရပ်တန့်မနေဘဲ ဧကတစ်ရာကျယ်ဝန်းသော စစ်တပ်ပိုင်မြေဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။

ထိုအခိုက်တွင် သူ၏ ဇနီးများဖြစ်သော ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့က အပြေးအလွှား ရောက်ရှိလာပြီး ကျောက်လင်၏ နောက်မှ လိုက်ပါလာကြသည်။

ဇနီးသုံးယောက်စလုံးသည် စိုက်ပျိုးခြင်းတွင် ကျွမ်းကျင်ကြပြီး ယခင်မြေဧကသုံးဆယ်နှင့် ယခုဧကတစ်ရာကျယ်ဝန်းသော စစ်တပ်ပိုင်မြေများကိုပါ သူတို့ထံသို့ စီမံခန့်ခွဲရန် လွှဲအပ်ထားခဲ့သည်။

"ခင်ပွန်း... ကျွန်မတို့ အဲ့ဒီမြေဧကတစ်ရာကို ခွဲဝေပြီးသွားပြီ... တစ်ဧကကို တစ်ကွက်နှုန်းနဲ့ စုစုပေါင်း အကွက်တစ်ရာရှိတယ်..."

နောက်မှ လိုက်ပါလာသော ယန်ရွှမ်ရွှမ်က ဦးဆောင်၍ ရှင်းပြလိုက်၏။

"ဒါနဲ့... ဒီဧကတစ်ရာပေါ်မှာ ဘယ်လို သီးနှံတွေ စိုက်ပျိုးဖို့ စဉ်းစားထားလဲ..."

ကျောက်လင်က ပြုံး၍ မေးလိုက်သည်။

ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့မှာ ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။

"ခင်ပွန်း... အခုချိန်မှ စပါးစိုက်မယ်ဆိုရင် အချိန်လောက်မှာ မဟုတ်ဘူး..."

"ဒီမြေမူတစ်ရာကို မြေသြဇာကောင်းတဲ့ လယ်ကွင်းတွေ ဖြစ်လာဖို့အတွက် ရေသွင်းဖို့ အချိန်ယူရဦးမယ်... ပြီးတော့ စပါးပျိုးပင်တွေ ကြီးထွားလာဖို့နဲ့ စိုက်ပျိုးဖို့က အချိန်ပိုလိုသေးတယ်..."

လိန်ဝမ်ဝမ်က ဝင်ပြောလိုက်ပြီး ရှင်းပြချက် ပေးလိုက်သည်။

"ကျွန်မတို့ သုံးယောက်က ဒီမြေဧကတွေပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ ဆွေးနွေးထားပေမဲ့ ဘယ်လို ဟင်းသီးဟင်းရွက် အမျိုးအစားတွေကို စိုက်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး..."

ကုမုမုက တည်ငြိမ်စွာ ရှင်းပြလိုက်၏။

ထိုအခိုက်တွင် ကျောက်လင်က ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကိုယ်က ဒီမြေဧကတစ်ရာပေါ်မှာ ဘယ်သီးနှံတွေ စိုက်ရမလဲဆိုတာ ဆုံးဖြတ်ပြီးသွားပြီ..."

"ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် အာလူးတွေနဲ့ ကန်စွန်းဥတချို့ ယူလာပေးထားတယ်... ဒီနေ့ သူ လာပို့လိမ့်မယ်..."

"ဒီမြေမူတစ်ရာထဲက မူရှစ်ဆယ်ကို အာလူးတွေ စိုက်ဖို့ သုံးပြီး ကျန်တဲ့ မူနှစ်ဆယ်ကိုတော့ ကန်စွန်းဥတွေ စိုက်ဖို့ သုံးမယ်..."

ကျောက်လင်က သူ၏ အတွေးများကို ဦးဆောင်၍ ထုတ်ဖော်ပြောဆိုလိုက်၏။

ထိုညက ရေသွင်းမြောင်းတူးပြီး မြေဧကတစ်ရာကို ထွန်ယက်ပြီးနောက် ကျောက်လင်သည် ဤသီးနှံနှစ်မျိုးကို အကြီးအကျယ် စိုက်ပျိုးရန် ရည်ရွယ်ကာ စနစ်ဈေးဆိုင်မှ အာလူးများနှင့် ကန်စွန်းဥများကို ဝယ်ယူခဲ့သည်။

အာလူးနှင့် ကန်စွန်းဥတို့၏ အထွက်နှုန်းများမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဤမြေဧကတစ်ရာကို ရေသွင်းခြင်းမှာ အထူးအဆင်ပြေပြီး အာလူးများနှင့် ကန်စွန်းဥများသည် တစ်လအတွင်း အသီးအပွင့်များ ရရှိစေမည်ဖြစ်သည်။

ကျောက်လင်သည် စနစ်ဈေးဆိုင်မှ အစားအစာများကို အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒုက္ခသည် တစ်ထောင်ကျော် အသက်ရှင်ရပ်တည်ရေးအတွက် မည်သည့်အခက်အခဲမျှ မရှိစေရန် သေချာစေနိုင်သော်လည်း ကျောက်လင်သည် ဆက်၍ ထိုသို့ မလုပ်ချင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ကျောက်လင်က အစားအစာများကို အကန့်အသတ်မရှိ ဆက်တိုက် ထောက်ပံ့ပေးနေမည်ဆိုလျှင် ကျောက်လင် ဤအစားအစာများကို မည်သည့်နေရာမှ ရလာသည်ကို မည်သူမဆို သံသယဝင်ကြမည်ဖြစ်သည်။

ဤသည်က စနစ်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားသွားစေနိုင်သည့် အန္တရာယ်ရှိပေသည်။

ကျောက်လင်သည် မိမိကိုယ်ကို ဖူလုံပြီး ကိုယ်တိုင်ထုတ်လုပ်ကာ ကိုယ်တိုင်ရောင်းချသည့် ထုတ်လုပ်မှုပုံစံကိုသာ ပို၍ သဘောကျဆဲဖြစ်သည်။

အစောပိုင်းအဆင့်များတွင် ကျောက်လင်သည် အာလူးနှင့် ကန်စွန်းဥ မျိုးစေ့များကို ထောက်ပံ့ပေးနိုင်သော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အငှားလုပ်သားများကိုသာ အားကိုးရမည်ဖြစ်ပြီး ရှိပြီးသား မြေယာများကို အသုံးပြုကာ အစားအစာများ ထုတ်လုပ်ရန် အစွမ်းကုန် ကြိုးပမ်းကြရမည်ဖြစ်သည်။

"အာလူး..."

အာလူးဆိုသည်မှာ အဘယ်အရာနည်း။

ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့အားလုံးက ထိုမေးခွန်းကို မေးလိုက်ကြ၏။

ကန်စွန်းဥကိုတော့ သူတို့သုံးယောက်စလုံး သိကြပေသည်။

သို့သော် ၎င်းတို့သုံးဦးစလုံးသည် အာလူးများကို မြင်ဖူးရန်နေနေသာသာ ကြားပင် မကြားဖူးကြပေ။

"ကိုယ့်သူငယ်ချင်း ယူလာတဲ့အခါကျရင် မင်းတို့ သိရမှာပါ..."

"အာလူးရဲ့ အထွက်နှုန်းက အရမ်းမြင့်ပြီး တစ်မူကို ကျင်းငါးထောင် ထွက်တာက ပုံမှန်အဆင့်ပဲလို့ ကိုယ် ကြိုပြောထားနိုင်တယ်..."

"ဒီမူတစ်ရာအကွက်ရဲ့ ရေသွင်းတဲ့ အခြေအနေတွေအရဆိုရင် တစ်မူကို ကျင်းခြောက်ထောင် အထိ ထွက်နိုင်ခြေရှိတယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

ယင်းကို ကြားပြီးနောက် ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့သည် အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ကျောက်လင်အား ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့ကြ၏။

"ခင်ပွန်း... အဲ့ဒါက တကယ်လား..."

ဤသတင်းက လူသုံးယောက်၏ နားလည်မှုကို အပြတ်အသတ် ရိုက်ချိုးလိုက်ပေသည်။

"ကိုယ်က မင်းတို့ကို ဘယ်လိုလုပ် လိမ်ပြောရက်မှာလဲ..."

"ဘယ်လိုပဲဖြစ်ဖြစ် အာလူးအထွက်နှုန်းက တကယ်ကို ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို တစ်လအတွင်းမှာ မင်းတို့ မြင်တွေ့နိုင်မှာပါ..."

ကျောက်လင်က ပြုံး၍ ပြန်ဖြေလိုက်၏။

ချက်ချင်းပင် ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့အားလုံးက ခုန်ပေါက်သွားကြသည်။

အကယ်၍ အာလူးများသာ ထိုကဲ့သို့သော နှုန်းဖြင့် ထွက်ရှိမည်ဆိုပါက ဤလူထောင်ပေါင်းများစွာအတွက် အစားအစာ ထောက်ပံ့မှုသည် စိုးရိမ်စရာ ဖြစ်တော့မည် မဟုတ်ပေ။

သူတို့လေးယောက်သည် ရေသွင်းမြောင်းဆီသို့ လျင်မြန်စွာ ရောက်ရှိသွားကြ၏။ ဝန်းကျင်ကို ကြည့်လိုက်ရာ မြေဧကတစ်ရာမှာ အလွန်ပြန့်ပြူးနေပြီး ရေသွင်းမြောင်းထဲတွင် ရေများ ပြည့်နေကာ ရေမျက်နှာပြင်မှာ မြေပြင်ထက် ဆယ်စင်တီမီတာခန့်သာ နိမ့်နေပေသည်။

လူလုပ် ရေသွင်းခြင်းမရှိလျှင်ပင် ဤမြေဧကတစ်ရာ၏ မြေဆီလွှာသည် စိုစွတ်နေမည်ဖြစ်ကြောင်း ပြော၍ရနိုင်ပေသည်။

ထိုအခိုက်တွင် ကျောက်လင်က ဝန်းကျင်ကို ကြည့်လိုက်ရာ ထင်းရှူးနက်ကျေးရွာမှ ဒေသခံများသည်မြစ်ကို ဖြတ်ကူးကာ တစ်ဖက်ကမ်းသို့ ဦးတည်သွားနေကြသည်ကို မြင်လိုက်ရ၏။

"ဒီနေရာကနေ မြစ်ကို ဖြတ်ကူးရင် မင်ချွမ်မြို့ကို တိုက်ရိုက် ရောက်သွားလိမ့်မယ်... အဲ့ဒါက တောင်ပေါ်လမ်းထက် ခြောက်မိုင်လောက် ပိုတိုတယ်..."

"ဒီနေရာမှာ တံတားတစ်စင်း ဆောက်ဖို့ လိုအပ်နေပုံရတယ်..."

ကျောက်လင်က ရုတ်တရက် တစ်ခုခုကို ပြောလိုက်သည်။

All Chapters