← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈) ကျောက်တံတားတိုင်များ ပြီးစီးသွားခြင်းနှင့် လာရောက်စူးစမ်းသူတစ်ဦး ရှိနေခြင်း

ညစာစားပြီးနောက်။

ကျောက်လင်က သူ၏ ဇနီးငါးယောက်ကို ခေါ်လိုက်၏။

ချင်းလန်အာ၊ နာလန်ယွီ၊ ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်၊ ကုမုမုတို့ ဖြစ်ကြသည်။

ချင်းလန်အာမှာ ကိုယ်ဝန် မရှိသေးသော်လည်း နာလန်ယွီမှာမူ ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်သော်လည်း ဗိုက်မထွက်သေးပေ။

ဤဇနီးငါးယောက်အနီးတွင် သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံခြင်းသာ ဖြစ်၏။

ကျောက်လင်သည် အလွန်တရာ ရဲစွမ်းသတ္တိရှိစွာဖြင့် မြို့ငါးမြို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။ (မြို့အစစ်မဟုတ်ပါဘူးနော် (⁠。⁠ŏ⁠﹏⁠ŏ⁠))

ကျင့်ကြံမှု +၅။

ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်တွင်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ သုံးဆယ်အပေါင်းသို့ ပြောင်းလဲသွား၏။

"စနစ်... မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် ကျင့်စဉ်ဆီကို ကျင့်ကြံမှုနှစ် သုံးဆယ် ပေါင်းထည့်လိုက်..."

ကျောက်လင်က တုံ့ဆိုင်းမနေဘဲ သူ၏ စိတ်ထဲမှနေ၍ အမိန့်ပေးလိုက်၏။

ချက်ချင်းပင် ကျောက်လင်၏ စိတ်ထဲတွင် ကျင့်စဉ်အကြောင်းအရာများ ပြည့်နှက်သွားပြီး သူ၏ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်သည် ပဉ္စမအဆင့်ဖြစ်သော သွေးကြောပိတ်ခြင်းအဆင့်သို့ တက်သွားသည်။

တစ်နည်းအားဖြင့် ကျောက်လင်က သွေးကြောပိတ်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအင်သည် ပစ်မှတ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သွေးကြောများကို ချိတ်ပိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ပုံမှန်လည်ပတ်ခြင်းကို တားဆီးနိုင်မည် ဖြစ်၏။

"ဒီသွေးကြောပိတ်ခြင်း ကျင့်စဉ်နဲ့ဆိုရင် ကျောက်စိမ်းသွေးကြောနယ်ပယ်က ဘယ်ကျင့်ကြံသူကိုမဆို ငါ အနိုင်ယူနိုင်ပြီ..."

ကျောက်လင်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

ဇနီးငါးယောက်သည် သူတို့၏ သက်ဆိုင်ရာ အာကာသတဲများဆီသို့ ပြန်သွားကြ၏။

ကျောက်လင်သည် အာကာသတဲထဲမှ ထွက်လာပြီး နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်အောက်ရှိ သူ၏ ဇနီးများကို လှမ်းပြောလိုက်၏။

"ဇနီးတို့ရေ... ကိုယ် အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်... မင်းတို့ ပင်ပန်းနေရင် သွားနားကြတော့..."

ကျောက်လင်က အော်ပြောလိုက်ပြီးနောက် လေထဲသို့ ပျံသန်းသွားသည်။

ရှန်ချန်းရွှယ်၊ စုယောင်နှင့် အခြားဇနီးများက ကျောက်လင်၏ လုပ်ရပ်များသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ကြောင်း သိထားကြပြီး သူသည် အဆိုပါ မိတ်ဆွေဆိုသူနှင့် သွားရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမိကြ၏။

ထို့ကြောင့် မည်သည့်ဇနီးကမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ကျောက်လင်သည် လေထဲတွင် ပျံသန်းသွားကာ မင်ချွမ်မြစ်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

မြစ်ရေသည် အရှိန်ပြင်းပြင်းဖြင့် လျင်မြန်စွာ စီးဆင်းနေ၏။

"ကျောက်တုံးခုံးတံတားကို ဘယ်နေရာမှာ တည်ဆောက်ရင် ကောင်းမလဲ..."

ကျောက်လင်က ရေရွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ကျောက်လင်က လေထဲသို့ ပျံတက်သွားပြီး ရေချိုးဆောင်၏ အထက်ဘက် မီတာသုံးရာခန့်အကွာရှိ မြစ်ညာပိုင်းသို့ ရောက်သောအခါ ဆင်းသက်လိုက်၏။

"ဒီနေရာမှာပဲ ဆောက်ကြတာပေါ့..."

ကျောက်လင်က အလွန်လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

မြစ်ပြင်အကျယ်မှာ မီတာသုံးဆယ်ခန့်ရှိပြီး ရေစီးမှာ အလွန်အမင်း မကြမ်းတမ်းလှသလို ရေအနက်မှာလည်း ယေဘုယျအားဖြင့် တစ်မီတာခန့်သာ ရှိ၏။

တံတားတစ်စင်း တည်ဆောက်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုပင် ဖြစ်သည်။

ကျောက်တုံးခုံးတစ်ခုလျှင် ဆယ်မီတာ အကျယ်အဝန်းရှိရာ ကျောက်တံတားတစ်စင်း တည်ဆောက်ရန်အတွက် ခုံးသုံးခုသာ လိုအပ်မည် ဖြစ်၏။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျောက်လင်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း အလုပ်စတင်လိုက်သည်။

ပထမဦးစွာ မြစ်ကမ်းပါးရှိ မြေကြီးကို သူ့လက်ဖြင့် ထိလိုက်ပြီး မြေကြီး တစ်ကုဗမီတာကို စုဆောင်းလိုက်၏။

သူသည် အောက်ဘက်သို့ သုံးမီတာအနက်အထိ ဒေါင်လိုက် တူးဆင်းလိုက်ရာ အောက်ဘက်ရှိ မြစ်ကြမ်းပြင်မှာ အလွန်မာကျောသော ကျောက်သားများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့လိုက်ရသည်။

ဤမျှခိုင်မာသော အခြေခံအုတ်မြစ်ရှိနေသဖြင့် ထပ်မံတူးဖော်ရန် မလိုအပ်တော့ပေ။

ချက်ချင်းပင် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ တစ်ကုဗမီတာအရွယ် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး တူးထားသော ပထမဆုံးတွင်းထဲသို့ စီထည့်လိုက်၏။

အကျယ် သုံးမီတာ၊ အလျား ရှစ်မီတာနှင့် အမြင့် ငါးမီတာရှိသော တံတားတိုင်တစ်ခုကို လွယ်ကူစွာ တည်ဆောက်နိုင်ခဲ့သည်။

ထိုအခိုက်တွင် ကျောက်လင်က သတ္တုစပ်ထန်ဓားကို ထုတ်ယူလိုက်၏။

"ရေနဲ့ မျက်နှာမူနေတဲ့ဘက်က လေးထောင့်ဖြစ်နေတော့ ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုက အရမ်းပြင်းထန်ပြီး တံတားတိုင်တွေရဲ့ ခိုင်ခံ့မှုကို ထိခိုက်စေနိုင်တယ်..."

"ဒါဆိုရင် နည်းနည်းပြုပြင်လိုက်တာပေါ့..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချက်ချင်းပင် ကျောက်လင်က သွေးနတ်ဘုရားဓား၏ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး စီထားသော တံတားတိုင်များကို လျင်မြန်စွာ ဖြတ်တောက်ကာ ရေနှင့် မျက်နှာမူနေသောဘက်ရှိ ကျောက်တုံးများကို လှေဦးပိုင်း ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးလိုက်၏။

ပထမဆုံး တံတားတိုင်ကို အပြီးသတ်ပြီးနောက် ကျောက်လင်သည် မည်သို့လုပ်ရမည်ကို ရှင်းလင်းစွာ သိရှိသွားသည်။ သူသည် ဆယ်မီတာအကွာရှိ မြစ်ထဲသို့ ချက်ချင်း ကူးသွားကာ ကိုယ်ကို မြှုပ်လိုက်ပြီး မြစ်ကြမ်းပြင်ပေါ်သို့ လက်တင်လိုက်၏။

တစ်ကုဗမီတာအရွယ် ကျောက်စရစ်ခဲများ ပျောက်ကွယ်သွားသည်။

နောက်ထပ် ပြင်းထန်သော စုဆောင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ငါးမီတာကျော်အထိ တူးဆင်းပြီးနောက်တွင်မူ ကျောက်သားမြစ်ကြမ်းပြင်သို့ အဆုံးသတ် ရောက်ရှိသွား၏။

ထို့ကြောင့် ကျောက်လင်သည် စနစ်နေရာလွတ်ထဲမှ နောက်ထပ်ကျောက်တုံး တစ်ကုဗမီတာကို ထုတ်ယူလိုက်သည်။

မကြာမီမှာပင် အမြင့်ငါးမီတာ၊ အကျယ် သုံးမီတာနှင့် အလျား ရှစ်မီတာရှိသော အခြားတံတားတိုင်တစ်ခုကို တည်ဆောက်နိုင်ခဲ့၏။

သဘာဝကျကျပင် ကျောက်လင်သည် ရေနှင့် မျက်နှာမူနေသောဘက်ရှိ ကျောက်တုံးများကို ဖြတ်တောက်ရန်နှင့် ပုံသွင်းရန်အတွက် သတ္တုစပ်ထန်ဓားကို ဆက်လက်အသုံးပြုခဲ့ပြီး လှေဦးပိုင်းပုံသဏ္ဍာန် ဖန်တီးလိုက်ခြင်းဖြင့် ရေစီးကြောင်း၏ ရိုက်ခတ်မှုကို များစွာ လျော့ကျသွားစေသည်။

ထို့နောက် ကျောက်လင်က နောက်ထပ် တံတားတိုင်နှစ်ခုကို တည်ဆောက်ခဲ့၏။

"တံတားတိုင်လေးခု တည်ဆောက်ပြီးသွားပြီ... တံတားကြမ်းခင်း တည်ဆောက်မယ့် အလုပ်ကိုတော့ ဟွဲ့သောက်၊ တာကျွမ်းနဲ့ ကျန်တဲ့ခြောက်ယောက်ဆီ လွှဲပေးရမယ်..."

ကျောက်လင်က ပြုံးလိုက်သည်။

ထို့နောက် ချက်ချင်းပင် ကျောက်လင်သည် တံတားကြမ်းခင်း တည်ဆောက်ရန် လုံလောက်သော ကျောက်တုံး အမြောက်အမြားကို ကမ်းပါးနှစ်ဖက်စလုံးတွင် ချထားပေးလိုက်၏။

ကျောက်တုံးများ အဆင်သင့်ဖြစ်သွားသည်နှင့် ကျောက်လင်သည် ကျောက်တံတားတည်ဆောက်မည့် လမ်းကြောင်းမှတစ်ဆင့် မင်ချွမ်မြို့ဘက်သို့ လမ်းလျှောက်သွားသည်။

လမ်းတစ်လျှောက်တွင် ကျောက်လင်သည် မြေကြီးကို ဆက်တိုက် ထိတွေ့သွားကာ သူ မှန်းဆထားသော လမ်းများကို ရှင်းလင်းပြီး မြေမျက်နှာပြင်ကို ညီညာအောင် ပြုလုပ်ခဲ့၏။

ယခုမှစ၍ ဒုက္ခသည်များသည် ဤလမ်းကြောင်းတစ်လျှောက် မင်ချွမ်မြို့အထိ ဘိလပ်မြေလမ်းကို ခင်းကြမည်ဖြစ်သည်။

သုံးမိုင်ခန့် လမ်းလျှောက်ပြီးနောက် ကျောက်လင်သည် မင်ချွမ်မြို့၏ လမ်းဆုံသို့ ရောက်ရှိသွား၏။

"ထင်းရှူးနက်ကျေးရွာနဲ့ မင်ချွမ်မြို့ကို ဆက်သွယ်ထားတဲ့ ဒီလမ်းကို ဘိလပ်မြေ ခင်းပြီးသွားရင် လူတွေ သွားလာရတာ ပိုလွယ်ကူသွားလိမ့်မယ်..."

"ထင်းရှူးနက်ကျေးရွာက လူတွေ နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ဖို့ မင်ချွမ်မြို့ကို သွားတာပဲဖြစ်ဖြစ်... မင်ချွမ်မြို့က ကုန်သည်တွေနဲ့ ဆိုင်ရှင်တွေ စီးပွားရေးလုပ်ဖို့ ထင်းရှူးနက်ကျေးရွာကို သွားတာပဲဖြစ်ဖြစ် လျင်မြန်စွာ ရောက်ရှိနိုင်မှာဖြစ်လို့ နှစ်ဖက်ကြားက စီးပွားရေး ဖလှယ်မှုတွေကို သေချာပေါက် မြန်ဆန်လာစေမှာပဲ..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

လမ်းအတွက် အခြေခံလုပ်ငန်းများကို ပြီးစီးသွားပြီဖြစ်ရာ ကျောက်လင်သည် ၎င်းအတွက် စိုးရိမ်ရန် မလိုအပ်တော့ပေ။ သူသည် သူ၏ အသံထက်မြန်သော ကျောပိုးအိတ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး တစ်မိနစ်ပင် မကြာမီမှာပင် ထင်းရှူးနက်တောင်၏ ကောင်းကင်ယံသို့ ပြန်လည်ရောက်ရှိသွား၏။

"ဟင်..."

"ညအမှောင်ကို အကာအကွယ်ယူပြီး ခိုးဝင်လာတဲ့သူ ရှိနေပါလား..."

ကျောက်လင်၏ လင်းယုန်မျက်လုံးများမှာ အလွန်စူးရှ၏။ လေထဲမှနေ၍ တောအုပ်ထဲတွင် သတိထားကာ လမ်းလျှောက်နေပြီး အာကာသတဲ စင်မြင့်ဘက်ရှိ လှုပ်ရှားမှုများကို စူးစမ်းနေသော အနက်ရောင် အရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

ထင်းရှူးနက်ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အချို့လူများ၏ လောဘကို ဆွဲဆောင်နေကြောင်း ကျောက်လင် ချက်ချင်း သဘောပေါက်လိုက်ပြီး သူ၏အကြောင်းကို စုံစမ်းရန်နှင့် အရာအားလုံးကို သိရှိရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ခြင်းပင် ဖြစ်သည်။

ပထမအချက်အနေဖြင့် ကျောက်လင်တွင် လှည်းအမြောက်အမြားရှိပြီး ၎င်းတို့ကို ဆွဲရန် အသုံးပြုသော မြင်းရိုင်းများ၊ စာမရီများ၊ ငွေရောင်ဦးချို သံမဏိကြံ့များနှင့် တောကျွဲများကဲ့သို့သော တောရိုင်းတိရစ္ဆာန်ကြီးများသည် မင်ချွမ်မြို့၏ လမ်းများပေါ်တွင် သွားလာနေသည့်အခါတိုင်း လူအများ၏ အာရုံစိုက်မှုကို များစွာ ရရှိခဲ့၏။

ထို့နောက် ကျောက်လင်သည် တာ့ချန်ငွေလဲဌာနသို့ သွားရောက်ကာ ငွေပြား တစ်သိန်းကို လဲလှယ်ခဲ့ခြင်းက တစ်မြို့လုံးတွင် သူ့ကို နာမည်ကြီးသွားစေသည်။ ကုန်သည်များ၊ ဆိုင်ရှင်များနှင့် သူဌေးများအားလုံးက ကျောက်လင် မည်သူဖြစ်ကြောင်း သိရှိသွားကြသည်။

သူသည် ဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ထောင်ကျော်ကို ဝယ်ယူခဲ့၏။ ငွေပြား ထောင်ပေါင်းများစွာ ကုန်ကျခဲ့သည်ဟူသော အချက်ကို ဖယ်ထားလိုက်လျှင်ပင် ကျောက်လင်က ဤမျှများပြားသော လူများကို မည်သို့ ထောက်ပံ့နိုင်မည်ကို စဉ်းစားကြည့်ရုံဖြင့် သူ၏ လက်ထဲတွင် ကောက်နှံ အမြောက်အမြား ရှိနေကြောင်း ပြသနေသည်။

နောက်ပိုင်းတွင် ကုန်သည်များသည် ထင်းရှူးနက်ကျေးရွာသို့ သွားရောက်ခဲ့ကြသောအခါ ကျောက်လင်၏ အမျိုးမျိုးသော လုပ်ငန်းများကို မျက်မြင်တွေ့ရှိခဲ့ကြပြီး ဧကတစ်ရာကျယ်ဝန်းသော ဆေးဖက်ဝင်အပင် ဥယျာဉ်ကို စိုက်ပျိုးထားကာ အလုပ်ရုံအမျိုးမျိုးကိုလည်း တည်ထောင်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေပြီ ဖြစ်၏။

အတိုချုပ်ပြောရလျှင် မင်ချွမ်မြို့ရှိ အင်အားစုကြီးများအားလုံးသည် ကျောက်လင်၏ ကြွယ်ဝချမ်းသာမှုက သူ့ကို မင်ချွမ်မြို့တွင် အချမ်းသာဆုံးလူ ဖြစ်လာစေကြောင်း ယခုအခါ နားလည်နေကြပြီ ဖြစ်သည်။

အချို့သော အင်အားစုများသည် ကျောက်လင်၏ ကြွယ်ဝမှုကို မက်မောကြပြီး စုံစမ်းရန် လူလွှတ်ခဲ့ခြင်းမှာ နားလည်နိုင်သော ကိစ္စပင် ဖြစ်၏။

"ငါ့ကို စုံစမ်းချင်တယ်ဆိုရင်တော့... လာသမျှလူ အကုန်သတ်ရမှာပဲ..."

"ဒီလိုယုတ်မာတဲ့ အကြံအစည်တွေကို မဟန့်တားဘူးဆိုရင် နောက်ဆို ငါ့ရဲ့ ထင်းရှူးနက်ကျေးရွာကိုလာပြီး ပြဿနာရှာမယ့်လူတွေ ပိုများလာလိမ့်မယ်..."

ကျောက်လင်သည် ခဏတာ ရပ်တန့်သွားပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် အနာဂတ်တွင် တောင်ပေါင်း နှစ်ထောင်ကျော်ပေါ်၌ အလုပ်ရုံများ တည်ဆောက်သွားမည်ဖြစ်ပြီး လုပ်ငန်းများမှာလည်း ပို၍ ကျယ်ပြန့်လာမည် ဖြစ်၏။

ယခုအခါ လူများသည် ကျောက်လင်ကို ရဲတင်းစွာ စုံစမ်းနေကြသည်။ ဤလူများကို မဟန့်တားနိုင်ပါက အနာဂတ်တွင် ပိုမိုများပြားသော အင်အားစုများက ကျောက်လင်ကို လျှို့ဝှက်စွာ နှောင့်ယှက်ကြမည် ဖြစ်သည်။

တောအုပ်ထဲတွင် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၌သာ ရှိသေးသော အနက်ရောင်ဝတ် မျက်နှာဖုံးစွပ်လူသည် အလွန်သတိထားကာ လှုပ်ရှားနေပြီး သူ၏ မျက်လုံးများက အာကာသတဲ စင်မြင့်ပေါ်ရှိ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေ၏။

ထိုလူသည် သူ၏နောက်ကျောရှိ သစ်ပင်ပေါ်တွင် ကြွက်လေးတစ်ကောင် ရုတ်တရက် ပေါ်လာသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

All Chapters