အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း (၂၇၀) ကြံစည်သူ သုံးဦးစလုံး အသတ်ခံရခြင်း
ညဉ့်နက်ချိန် မင်ချွမ်မြို့ အလယ်ပိုင်းရှိ ခြံဝင်းကြီးတစ်ခုထဲတွင် ဖြစ်သည်။
ထိုနေရာတွင် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားပြီး ချမ်းသာကြွယ်ဝကာ သြဇာလွှမ်းမိုးမှုရှိကြောင်း သိသာလှသည့် လူလတ်ပိုင်းသုံးဦး ထိုင်နေကြ၏။
မင်ချွမ်မြို့၏ စီးပွားရေးလောကနှင့် ရင်းနှီးသူ မည်သူမဆို ဤလူသုံးဦးမှာ သာမန်လူများ မဟုတ်ကြောင်းကို လွယ်ကူစွာ သိရှိနိုင်ပေသည်။
အလယ်တွင် ထိုင်နေသူမှာ သူဌေးဟွမ်ဖြစ်သည်။ မဟာလီမင်းဆက် အုပ်ချုပ်စဉ်ကာလက သူသည် မင်ချွမ်မြို့၏ ဒေသခံ အာဏာရှင်တစ်ဦးဖြစ်ခဲ့ပြီး မှောင်ခိုအင်အားစုတစ်ခုကို ထိန်းချုပ်ထားခဲ့၏။ မင်ချွမ်မြို့ရှိ မြေအောက်အင်အားစုများအားလုံးသည် သူ၏ လက်အောက်တွင်သာ ရှိသည်။
သူဌေးဟွမ်၏ ဘယ်ဘက်ရှိ အမျိုးသားမှာ မင်ချွမ်မြို့ရှိ တာ့ချန်ငွေလဲဌာန၏ အကြီးအကဲ ကျိုးလီကျစ်ဖြစ်သည်။ ကောလာဟလများအရ သူသည် ယွီရွှေခရိုင်၏ ခရိုင်ဝန်နှင့် ဆွေမျိုးတော်စပ်သည်ဟု ဆိုကြ၏။ သူသည် မင်ချွမ်မြို့ရှိ ကုန်သည်အသီးသီး၏ ငွေအိတ်များကို ထိန်းချုပ်ထားပြီး ငွေချေးလိုသူတိုင်း ကျိုးလီကျစ်၏ ခွင့်ပြုချက်ကို ရယူရပေသည်။
သူဌေးဟွမ်၏ ညာဘက်ရှိ အမျိုးသားမှာ အအေးသံသတ္တုတွင်း၏ ပိုင်ရှင်ဖြစ်ပြီး လောဟေးဇီဟု လူသိများသည်။ သူသည် သတ္တုတွင်းများစွာကို ထိန်းချုပ်ထားကာ သတ္တုတွင်းထဲတွင် နေ့စဉ် အလုပ်လုပ်နေရသဖြင့် သူ၏ အရေပြားမှာ သာမန်လူများထက် ပိုမို မည်းနက်နေသောကြောင့် ဤအမည်ပြောင်ကို ရရှိထားခြင်း ဖြစ်သည်။
"သူဌေးဟွမ်... ခင်ဗျား လွှတ်လိုက်တဲ့ လူတွေ အခုလောက်ဆို ပြန်ရောက်နေလောက်ပြီမလား..."
ထိုအခိုက်တွင် လောဟေးဇီက ပြုံး၍ ပြောလိုက်၏။
"အဲ့ဒီဖေးဟိုဇီက ထင်းရှူးနက်ကျေးရွာကို ကင်းထောက်ဖို့ ရက်အနည်းငယ်လောက် သွားခဲ့ပေမဲ့ ထင်းရှူးနက်တောင်နားကို မကပ်ရဲလို့ ကျောက်လင်ရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မသိခဲ့ရဘူး..."
"ဒီနေ့ မွန်းလွဲပိုင်းမှာ ငါက ဖေးဟိုဇီကို သေချာ စုံစမ်းစစ်ဆေးဖို့နဲ့ ကျောက်လင်ရဲ့ နောက်ခံသမိုင်းကို သေချာပေါက် သိအောင်လုပ်ဖို့ အမိန့်ပေးထားတယ်..."
သူဌေးဟွမ်က ယုံကြည်မှုရှိပြီး သေချာဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့ဆီက သတင်းတွေအရ ကျောက်လင်က မင်ချွမ်မြို့က တာ့ချန်ငွေလဲဌာနမှာ ငွေပြားတစ်သိန်း လဲလှယ်ခဲ့ပြီး ခရိုင်မြို့မှာရှိတဲ့ တာ့ချန်ငွေလဲဌာနမှာ ငွေပြားသုံးသိန်း ထပ်လဲခဲ့တယ်..."
"အဲ့ဒီငွေပြားလေးသိန်းကို လုယူလိုက်ရုံနဲ့တင် ငါတို့ တစ်သက်လုံး ဇိမ်ကျကျ နေသွားလို့ ရပြီ..."
"မကြာသေးခင်ကပဲ ကျောက်လင်က ထင်းရှူးနက်ကျေးရွာမှာ မွေးမြူရေးစခန်း သုံးခု တည်ဆောက်ထားပြီး ကြက်နဲ့ ယုန် အကောင်ရေ တစ်သောင်းနီးပါးစီ ရှိတယ်လို့လည်း ငါ ကြားထားတယ်... အဲ့ဒီ နှစ်ခုကနေရတဲ့ ဝင်ငွေကတင် ငွေပြားတစ်သောင်းလောက် တန်ဖိုးရှိနိုင်တယ်..."
"သူ့လှည်းဆွဲဖို့ သုံးတဲ့ တောရိုင်းတိရစ္ဆာန်ကြီးတွေအားလုံးကိုပါ လုယူနိုင်မယ်ဆိုရင် အဲ့ကောင်တွေကို သတ်ပြီး အသားရောင်းရင်တောင် ငွေပြားထောင်ချီ ရနိုင်သေးတယ်..."
"ဒါပေါ့... တန်ဖိုးအရှိဆုံးကတော့ ဆေးဖက်ဝင်အပင်ဥယျာဉ်ပဲ... အဲ့ဒီမှာ ဧကတစ်ရာလောက်ကို ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးထားပြီးပြီလို့ ကြားတယ်..."
"ငါ အစိတ်ဝင်စားဆုံးက အဲ့ဒီ ဆေးဖက်ဝင်အပင်ဥယျာဉ်ကို သိမ်းပိုက်ဖို့ပဲ... အဲ့ဒါက အဖိုးတန်ဆုံး အစိတ်အပိုင်းလေ..."
ကျိုးလီကျစ်က ပြုံး၍ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ရက်စက်ယုတ်မာသော အရိပ်အယောင်များ ပေါ်လွင်နေ၏။ သူသည် ငွေများကို လုယူလိုရုံသာမက ကျောက်လင်ကိုပါ သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုများအားလုံးကို သူတစ်ဦးတည်း သိမ်းပိုက်လိုခြင်း ဖြစ်သည်။
သူတို့သုံးဦး တိတ်တဆိတ် ကျေနပ်နေကြစဉ်မှာပင် ခြံဝင်းကြီးထဲသို့ လူရိပ်တစ်ခု ကျော်ဝင်လာခဲ့၏။
"ဘယ်သူလဲ..."
သူဌေးဟွမ်က အော်မေးလိုက်သည်။
"သူဌေး... ကျုပ်ပါ ဖေးဟိုဇီပါ..."
ခြံကျော်ဝင်လာသော အမျိုးသားက ပြန်ဖြေလိုက်၏။
"ဝင်ခဲ့စမ်း..."
ထိုစကားကို ကြားသောအခါ သူဌေးဟွမ်က ကျောက်လင်ကို စုံစမ်းရန် သူ လွှတ်လိုက်သော ဖေးဟိုဇီ ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာအားရ အာမေဍိတ်သံ ပြုလိုက်သည်။
ဖေးဟိုဇီက တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ပြီး သူ၏ ဘယ်ဘက်နားရွက်ကို လက်ဖြင့် အုပ်ထားရာ လက်ပေါ်ရှိ သွေးကွက်များကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
သူဌေးဟွမ်၊ ကျိုးလီကျစ်နှင့် လောဟေးဇီတို့သည် ဖေးဟိုဇီ၏ အခြေအနေကို မြင်သောအခါ အားလုံး မတ်တပ်ရပ်လိုက်ကြသည်။
"မင်းရဲ့ နားရွက်က ဘာဖြစ်လာတာလဲ..."
သူဌေးဟွမ်က ချက်ချင်း မေးမြန်းလိုက်၏။
"ထင်းရှူးနက်တောင်ပေါ်မှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်က ကျုပ်ကို တိုက်ခိုက်ခဲ့တာပါ..."
ဖေးဟိုဇီက ထိတ်လန့်နေသော အမူအရာဖြင့် သူဌေးဟွမ်ကိုကြည့်ကာ တုန်ရီစွာ ပြန်ဖြေလိုက်သည်။
"မင်း ဆိုလိုတာက..."
"မင်း ဘာမှလည်း စုံစမ်းလို့မရခဲ့ဘဲနဲ့ တောရိုင်းတိရစ္ဆာန်ရဲ့ တိုက်ခိုက်တာကိုတောင် ခံခဲ့ရသေးတယ်ပေါ့..."
သူဌေးဟွမ်၏ မျက်နှာမှာ အလွန် အကျည်းတန်သွား၏။
လွန်ခဲ့သောအချိန်လေးကမှ သူဌေးဟွမ်သည် သူ လွှတ်လိုက်သော ကောင်က ကျောက်လင်၏ နောက်ခံသမိုင်းကို သေချာပေါက် စုံစမ်းနိုင်လိမ့်မည်ဟု သူ၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးအား ကတိပေးထားခဲ့ခြင်းဖြစ်သည်။
ရယ်စရာကောင်းစွာပင် ဖေးဟိုဇီသည် အသုံးဝင်သော သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခဲ့ရုံသာမက တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ခြုံခိုတိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရသေးသည်။
"ကျုပ်ကို အပြစ်ပေးပါ သူဌေး..."
သူဌေးဟွမ် ဒေါသပေါက်ကွဲတော့မည်ကို မြင်သောအခါ ဖေးဟိုဇီက ချက်ချင်းပင် ဒူးနှစ်ဖက်ထောက်၍ ထိုင်ချလိုက်၏။
"မင်း... မင်း... မင်း..."
သူဌေးဟွမ်သည် အလွန်ဒေါသထွက်သွားပြီး ဖေးဟိုဇီကို တိုက်ရိုက် လက်ညှိုးထိုးလိုက်သော်လည်း နောက်ဆုံးတွင်တော့ သူ့ကို အပြစ်မပေးခဲ့ပေ။
မည်သို့ပင်ဆိုစေ ဖေးဟိုဇီသည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်တွင်ရှိနေပြီး သူ၏ အရည်အချင်းအရှိဆုံး တပည့်များထဲမှ တစ်ဦးဖြစ်သည်။ အကယ်၍ သူသာ ဒဏ်ရာရသွားပါက ညစ်ပတ်သော အလုပ်များစွာကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်သူ အခြားမရှိတော့ပေ။
ထိုအခိုက်တွင် ကျိုးလီကျစ်က ဖေးဟိုဇီထံသို့ လျှောက်လာခဲ့၏။
"မင်းက တောရိုင်းတိရစ္ဆာန်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ပြောတယ်နော်..."
"အဲ့ဒါကို အသေးစိတ် ပြန်ပြောပြလို့ရမလား... မင်း ဘယ်လိုများ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာလဲ..."
ကျိုးလီကျစ်က တည်ငြိမ်စွာ မေးလိုက်သည်။
ဖေးဟိုဇီက ဆက်၍ ဒူးထောက်နေကာ ထင်းရှူးနက်တောင်ပေါ်တွင် သူ ကြုံတွေ့ခဲ့ရသမျှအားလုံးကို အလေးအနက် ပြန်လည် စဉ်းစားလိုက်၏။
ရုတ်တရက် ဖေးဟိုဇီက တစ်ခုခုကို သတိပြုမိသွားသည်။
"ကျုပ်က ကျောက်လင်ရဲ့ ဇနီးတွေ ဘာလုပ်နေလဲဆိုတာကို သစ်ပင်နောက်ကနေ ပုန်းပြီး စောင့်ကြည့်နေတုန်း ရုတ်တရက် တောရိုင်းတိရစ္ဆာန်လေးတစ်ကောင်က ကျုပ် ပခုံးပေါ် ခုန်တက်လာပြီး ကျုပ်ရဲ့ နားရွက်ကို ကိုက်သွားတာပဲ..."
"အခု ပြန်စဉ်းစားကြည့်မှပဲ အဲ့တာ ကြွက်တစ်ကောင်ဖြစ်ရမယ်..."
"အဲ့ဒီကြွက်က အရမ်းမြန်တော့ ကျုပ်တောင် သေသေချာချာ မမြင်လိုက်ရဘူး..."
"အဲ့ဒီနောက် ကျုပ်လည်း ချက်ချင်း ထွက်ပြေးလာတာ မင်ချွမ်မြို့ကို ရောက်တဲ့အထိပဲ... အဲ့ဒီကြွက်ကလည်း ကျုပ်နောက်ကို လိုက်မလာဘူး..."
ဖေးဟိုဇီက သူသိထားသည့် အချက်အလက်များအားလုံးကို မှန်ကန်စွာ ပြန်လည် ပြောပြလိုက်၏။
နားထောင်ပြီးနောက် ကျိုးလီကျစ်က ဂရုတစိုက် စဉ်းစားသုံးသပ်လိုက်သည်။
"မကောင်းတော့ဘူး..."
"ငါတို့တွေ စောင့်ကြည့်ခံနေရဖို့ အရမ်းများတယ်..."
ရုတ်တရက် ကျိုးလီကျစ်က ထိတ်လန့်တကြား အော်ပြောလိုက်၏။
သူဌေးဟွမ်နှင့် လောဟေးဇီတို့မှာ ခေတ္တမျှ မှင်တက်သွားကြပြီး သူတို့၏ မျက်လုံးများက ကျိုးလီကျစ်ထံတွင် စူးစိုက်နေကြသည်။
"ကျောက်လင်က တောင်ပေါ်ကနေ တောရိုင်းတိရစ္ဆာန်တွေ အများကြီးကို ဖမ်းလာပြီးတော့ ဘာလို့ အဲ့ဒီလောက်မြန်မြန် ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလဲ... အဲ့ဒါက ကျောက်လင်ရဲ့ ဘေးနားက တစ်ယောက်ယောက်က တောရိုင်းတိရစ္ဆာန်တွေကို ဘယ်လို ယဉ်ပါးအောင် လုပ်ရမလဲဆိုတာ သိနေလို့ပဲ..."
"ဖေးဟိုဇီကို တိုက်ခိုက်ခဲ့တဲ့ ကြွက်လေးကလည်း ကျောက်လင် ယဉ်ပါးအောင် လုပ်ထားတဲ့အကောင်ဖြစ်နိုင်ပြီး ကျောက်လင်ရဲ့ မိသားစုကို တောက်လျှောက် လျှို့ဝှက်ကာကွယ်ပေးနေတာ ဖြစ်ရမယ်..."
"ကြွက်က ဖေးဟိုဇီကို တိုက်ခိုက်ပေမဲ့ မသတ်ခဲ့ဘူး... အဲ့ဒါက ဖေးဟိုဇီကို တမင်သက်သက် ပြန်လွှတ်ပေးလိုက်တဲ့ သဘောပဲ... ကျောက်လင်က ဒီကိစ္စရဲ့ နောက်ကွယ်က လူကို ရှာချင်နေတာ..."
"ငါ ထင်တာ မမှားဘူးဆိုရင် ကျောက်လင်က ဖေးဟိုဇီနောက်ကို လိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လောက်ပြီး ငါတို့ ခြံဝင်းအနီးကိုတောင် ရောက်နေလောက်ပြီ..."
ထို့နောက် ကျိုးလီကျစ်က သူ၏ ယူဆချက်ကို ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ သူဌေးဟွမ်နှင့် လောဟေးဇီတို့သည် နောက်ဆုံးတွင် ဘာဖြစ်နေသနည်းဆိုတာကို သဘောပေါက်သွားကြသည်။
"မကြောက်ကြပါနဲ့... ကျောက်လင် သိသွားတော့ရော ဘာဖြစ်လဲ..."
"ငါတို့ရဲ့ သတင်းတွေအရ ကျောက်လင်က ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှာပဲ ရှိသေးတာ... သူ ရောက်လာရင်တောင် တိတ်တဆိတ် ရွှေခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ ငါက သူ့ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်လို့ရတယ်..."
ထိုအခိုက်တွင် သူဌေးဟွမ်က လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
ရှင်းလင်းစွာပင် သူဌေးဟွမ် ရရှိထားသော သတင်းအချက်အလက်များမှာ အချိန်နှင့် နောက်ကျနေပြီဖြစ်သည်။
ကျောက်လင်သည် ဤမျှ အချိန်တိုအတွင်း ကျောက်စိမ်းနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်သွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ကျွီ..."
သူဌေးဟွမ်က မောက်မာစွာ လှောင်ပြုံးပြုံးနေစဉ်မှာပင် ကြွက်လေးက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့သုံးဦး ထိုင်နေသည့် ရှစ်ထောင့်စားပွဲပေါ်သို့ ခုန်တက်ကာ ပျော်ရွှင်စွာ အသံပြုလိုက်၏။
"အဲ့ဒါပဲ..."
"အဲ့ကောင်က ကျုပ်ကို တိုက်ခိုက်ခဲ့တဲ့ကောင်ပဲ..."
ကြွက်လေး၏ အသံကို ကြားပြီး ၎င်း၏ တည်ရှိမှုကို ခံစားလိုက်ရသောအခါ ဖေးဟိုဇီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူ သုံးဦးဖြစ်သည့် သူဌေးဟွမ်၊ ကျိုးလီကျစ်နှင့် လောဟေးဇီတို့သည် ကြွက်လေး၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် ထက်မြက်ပြီး ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာ၏။
"သတ်စမ်း..."
သူတို့သုံးဦးသည် တစ်ပြိုင်နက် ခုန်အုပ်လိုက်ကြပြီး ကြွက်လေး၏ ခန္ဓာကိုယ်ကို အသားပြားဖြစ်သွားစေရန် လက်တစ်ဖက်စီဖြင့် ရိုက်ချလိုက်ကြသည်။
"ကျွီ.."
ကြွက်လေး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွား၏။
သူတို့သုံးဦး မှင်တက်သွားသည့် အခိုက်အတန့်တွင် ကြွက်လေးသည် ဆူးချွန်များကို ကိုင်ဆောင်ရန် ၎င်း၏ ရှေ့လက်ဖဝါးများကို မြှောက်လိုက်ပြီး သူတို့၏ ခေါင်းပေါ်သို့ နေရာရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
"ဒုတ်..."
"ဒုတ်..."
"ဒုတ်..."
ရုတ်တရက် ထိုလူသုံးဦး၏ ခေါင်းများ ပေါက်ကွဲသွားတော့၏။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ဖေးဟိုဇီမှာ အလွန် ထိတ်လန့်သွားပြီး သေးထွက်ကျသွားခဲ့သည်။
ကြွက်လေးသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ နေရာရွှေ့ပြောင်းသွားကာ ဖေးဟိုဇီ၏ အသက်ကိုလည်း အဆုံးသတ်ပေးလိုက်သည်။