← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) ထိုမျှကောင်းမွန်သော သေနတ်ပစ်စွမ်းရည်ဖြင့် တောဝက်များကို ဘာလုပ်မည်နည်း၊ ယာ့လူမြစ်သို့ သွား၍ တောခွေးများကိုသာ အမဲလိုက်ချေတော့

နောက်ဖေးတံခါးမှာ ရုတ်တရက် ပွင့်သွားလေသည်။

ကျောက်ထျဲ့ကျွင်းသည် မှုန်ကုပ်နေသော မျက်နှာဖြင့် သူ၏အိမ်ဝိုင်းထဲမှ ထွက်လာ၏။

"ဟဲချွေ့ဟွာ မင်းက အသုံးမကျတဲ့ အဘွားကြီးတစ်ယောက်ပဲ ကွန်မြူနစ်အဖွဲ့ကို ကိုယ်စားပြုဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ... အခု ချက်ချင်း ထွက်သွားစမ်း..."

"ဒီနေ့ ငါ ဒီနေရာမှာ ရပ်နေတယ်... ရှန်းဖူကွေ့ကို သွားရှာပြီး ဒီအသားကို လာထိကြည့်ဖို့ ပြောလိုက်စမ်း..."

အဘိုးကျောက်သည် ကြီးမားကျယ်ပြန့်သော ခြေလှမ်းများဖြင့် လီလန်နှင့် အဒေါ်ဟဲတို့၏ လမ်းကို ပိတ်ရပ်လိုက်လေသည်။

အဒေါ်ဟဲသည် ကျောက်ထျဲ့ကျွင်း ပေါ်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ပြဿနာထပ်ရှာရန် မရဲတော့ပေ။

"အဘိုး..."

ကျောက်လျူသည် သူ၏အဘိုးကို မြင်လိုက်ရသဖြင့် အံ့သြဝမ်းသာ ဖြစ်သွားလေသည်။

အဘိုးကျောက်သည် ခေါင်းလှည့်၍ သားကောင်များ တင်ဆောင်လာသော စွတ်ဖားလှည်း သုံးစီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီလန်အား အလွန်အံ့သြစွာဖြင့် ကြည့်လိုက်လေသည်။

"ရှောင်လန် ဒီတောဝက်နဲ့ ဆားဖောင်ဇီကို မင်း အမဲလိုက်လာတာလား..."

လီလန်နှင့် လျူဇီတို့ တောင်ပေါ်သို့ အမဲလိုက်ထွက်သွားကြောင်း အဘိုးကျောက် သိထားလေသည်။

လီလန်သည် မကြာသေးမီကမှ သေနတ်ကိုင်ဖူးပြီး အမဲလိုက်အတွေ့အကြုံ မရှိသော လူသစ်တစ်ယောက်သာဖြစ်သည်။ လီလန်နှင့် လျူဇီတို့ တစ်စုံတစ်ရာ အမဲလိုက်နိုင်မည်ဟု အဘိုးကျောက် မမျှော်လင့်ထားခဲ့ဘဲ တောယုန်အနည်းငယ် ဖမ်းမိလာလျှင်ပင် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် လီလန်က သူ့အား ဤမျှကြီးမားသော အံ့အားသင့်မှုမျိုး ယူဆောင်လာပေးမည်ဟု အဘိုးအို မျှော်လင့်မထားခဲ့ပေ။

အလေးချိန် ကျင်းနှစ်ရာကျော်ရှိသော အမွှေးဝါကောင်ကြီး တစ်ကောင်ပင် ဖြစ်သည်။

ထို့အပြင် အလေးချိန် ကျင်းခြောက်ဆယ်ကျော်ရှိသော ဆားဖောင်ဇီ တစ်ကောင်လည်း ပါသေး၏။

စုစုပေါင်း အသား ကျင်းနှစ်ရာခြောက်ဆယ်တိတိ ဖြစ်လေသည်။

အဘိုးကျောက်သည် မိမိမြေး၏ စွမ်းရည်ကို သိရှိထားပြီး ထိုကျင်းနှစ်ရာကျော်ရှိသော အသားများကို လီလန်တစ်ယောက်တည်းကသာ အမဲလိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိနေလေသည်။

"ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး... လျူဇီနဲ့ အတူတူ တိုက်ခိုက်ခဲ့တာပါ..."

လီလန်က ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။

"ထားလိုက်ပါတော့ လျူဇီက ဘယ်လို ငကြောက်မျိုးလဲဆိုတာ ငါမသိဘူး ထင်နေလား..."

အဘိုးကျောက်က ပြန်ပြောလိုက်သည်။

လီလန်သည် မတတ်သာသဖြင့် ပြုံးလိုက်လေသည်။ ဤအဘိုးအိုသည် အမှန်တကယ်ပင် စိတ်သဘောထား ခိုင်မာပြတ်သားသူဖြစ်ပြီး သူ၏မြေးကိုပင် မျက်နှာသာ အနည်းငယ်မျှ မပေးချေ။

လျူဇီသည် အဘိုးဖြစ်သူ၏ စကားကို ကြားသောအခါ ရှက်ကိုးရှက်ကန်း ပြုံး၍ ခေါင်းကို ကုတ်လိုက်လေသည်။

အဘိုးက ဘာလို့ ဤမျှဉာဏ်ကောင်းနေရသနည်း။ ဤသားကောင်များအားလုံးကို အစ်ကိုလန်က အမဲလိုက်ခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်းပင် ခန့်မှန်းသိရှိသွားလေသည်။

"လီလန် မင်းက မွေးရာပါ မုဆိုးတစ်ယောက်ပဲ..."

ကျောက်ထျဲ့ကျွင်းက လီလန်၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

"ကျင်းနှစ်ရာကျော် အလေးချိန်ရှိတဲ့ တောဝက်တစ်ကောင်နဲ့ ကျင်းခြောက်ဆယ်ကျော် အလေးချိန်ရှိတဲ့ ဆားဖောင်ဇီတစ်ကောင်ကို မင်းတစ်ယောက်တည်း အမဲလိုက်နိုင်ခဲ့တယ်... မင်းတစ်ယောက်တည်းက မုဆိုးအဖွဲ့ တစ်ဖွဲ့စာနဲ့ ညီမျှနေပြီ..."

လီလန်အပေါ်ထားရှိသော ကျောက်ထျဲ့ကျွင်း၏ လေးစားအားကျမှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ဘဲ သူပြောလိုက်သော စကားတိုင်းတွင် လီလန်အား ချီးကျူးနေလေသည်။

လီလန်၏ အသက်မှာ ဘယ်လောက်ရှိပြီနည်း။

အသက် ၂၀ သာ ရှိသေးသည်။

အသက် ၂၀ အရွယ်တွင် တောဝက်တစ်ကောင်ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့ပြီး အလေးချိန် ကျင်းနှစ်ရာကျော်ရှိသော သားကောင်ကို တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့သည်။ သူ၏ စွမ်းရည်နှင့် ခွန်အားမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်လေသည်။

ကျောက်ထျဲ့ကျွင်းသည်လည်း အတွေ့အကြုံရင့်ကျက်သော မုဆိုးတစ်ဦးဖြစ်ရာ တောဝက်တောင်ကြောရှိ အခြေအနေကို အလွန်ကောင်းစွာ သိရှိထားလေသည်။

ထိုနေရာသည် ဝက်ဝံနက်ထက်ပင် ပို၍ အန္တရာယ်များလေသည်။ အလေးချိန် ကျင်းခြောက်ရာ၊ ခုနစ်ရာရှိသော အကောင်ကြီးများသာမက ဝံပုလွေအုပ်များ၊ ဝက်ဝံများနှင့် ဆိုက်ဘေးရီးယန်း ကျားများပင် ရှိသေး၏။

ရွာ၏ မုဆိုးအဖွဲ့သည် တောဝက်တောင်ကြော၌ အမဲလိုက်ရန် လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ပါဝင်သော အဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့စည်းပြီးမှသာ သွားရဲကြသည်။

လူများလျှင် စွမ်းအားပိုကြီးပြီး သေနတ်များလေလေ လမ်းတွင် ဝက်ဝံများ သို့မဟုတ် ဆိုက်ဘေးရီးယန်း ကျားများနှင့် ကြုံတွေ့ရလျှင်ပင် ထိတ်လန့်သွားမည် မဟုတ်ပေ။

သို့သော် လီလန်က လျူဇီကိုသာ ခေါ်ဆောင်သွားပြီး သူတို့နှစ်ယောက်တည်းဖြင့် တောဝက်တောင်ကြောသို့ သွားရဲခဲ့သည်။

ထိုရဲရင့်မှုနှင့် ပြတ်သားမှုအတွက်တင် အဘိုးကျောက်ပင်လျှင် အရှုံးပေးရမည် ဖြစ်လေသည်။

ဆိုရလျှင် လီလန်သည် အသားနှင့် အရေခွံ အလွန်ထူထဲသော အလေးချိန် ကျင်းနှစ်ရာကျော်ရှိသည့် အမွှေးဝါ သားရဲကြီးကိုပါ သတ်ဖြတ်နိုင်ခဲ့သေးသည်။

အမွှေးဝါကောင်ကြီး... တောဝက်…

တောဝက်များသည် သေနတ်မှန်ပြီးနောက်တွင်ပင် ကီလိုမီတာများစွာ ပြေးလွှားနိုင်သော ကြီးမားပြီး ကြမ်းကြုတ်သည့် သားရဲများ ဖြစ်ကြသည်။ ၎င်းတို့၏ အစွယ်များဖြင့် လူကို ဝင်တိုက်မိပါက သွေးထွက်သံယို အပေါက်ကြီးများစွာ ဖြစ်ကျန်ရစ်နိုင်လေသည်။

ထို့အပြင် ဤသားရဲသည် ဒေါသအလွန်ကြီးပြီး ရူးသွပ်ကြမ်းတမ်းလာတတ်သည်။ အကယ်၍ လူတစ်ယောက်ကိုသာ ဝင်တိုက်မိပါက အရိုးများ ကျိုးကြေသွားမည် ဖြစ်၏။

လီလန်က ထိုသို့သော ကြမ်းကြုတ်သည့် သားရဲကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်လား။

မည်သို့လျှင် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

မည်သို့မျှ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

အဘိုးကျောက်သည် လီလန်အား အဖိုးတန်ရတနာတစ်ပါးပမာ ပို၍ပို၍ နှစ်သက်သဘောကျစွာ ကြည့်ရှုနေလေသည်။

အဘိုးအို၏ မျက်လုံးထဲတွင် လီလန်သည် တောဝက်ကြီးတစ်ကောင်ကို တစ်ယောက်တည်း အနိုင်ယူနိုင်သော၊ တောင်ပိုင်နတ်မင်းက ခန့်အပ်ထားသည့် မုဆိုးဘုရင်တစ်ပါးပင် ဖြစ်နေလေတော့သည်။

မွေးရာပါ မုဆိုးတစ်ဦးပင်။

အဘိုးကျောက်မှာ အလွန်အံ့သြဝမ်းသာ ဖြစ်နေသည်။ လီလန်ရှိနေသမျှ ကာလပတ်လုံး ယခုချက်ချင်း သူ၏ ကျဆုံးသွားသော ရဲဘော်ရဲဘက်များနှင့် သွားရောက်တွေ့ဆုံရမည်ဆိုလျှင်ပင် လျူဇီကို လီလန်ထံ ယုံကြည်စိတ်ချစွာ အပ်နှံ၍ မျက်စိမှိတ်နိုင်ပြီ ဖြစ်သည်။

လျူဇီသာ သူ၏နောက်သို့ လိုက်ပါက သေချာပေါက် ငတ်မွတ်မည်မဟုတ်ပေ။

"အဘိုး…ကြည့်ပါဦး... ကျွန်တော် အစ်ကိုလန်နဲ့အတူ အမွှေးဝါကောင်ကြီးကို ရိုက်နှက်နိုင်ခဲ့တယ်..."

အဖိုးတန်ရတနာတစ်ခုကို ပြသသည့်အလား လျူဇီသည် စွတ်ဖားလှည်းကို အဘိုးဖြစ်သူ ကျောက်ထျဲ့ကျွင်း၏ အရှေ့သို့ ဆွဲယူလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ငါတို့ရဲ့ လျူဇီက တကယ့်ကို လူရာဝင်လာခဲ့ပြီပဲ... တောဝက်ကြီးတစ်ကောင်ကိုတောင် အမဲလိုက်နိုင်ခဲ့တယ်... ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်..."

"နောက်ဆိုရင် မင်း အစ်ကိုလန်နောက်ကို အမြဲလိုက်ပြီး သူပြောတာကို နားထောင်ရမယ်..."

အဘိုးကျောက်သည် သူ၏မြေးဖြစ်သူအား အချစ်ပိုသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"အဘိုး ကျွန်တော် ပြောပြမယ်... အစ်ကိုလန်က အရမ်းတော်တာပဲ..."

"ခုနက တောဝက်တောင်ကြောမှာ မီတာတစ်ရာအကွာကနေ သူ တစ်ချက်ပစ်လိုက်တာ ဒိုင်းခနဲပဲ... တောဝက်ရဲ့ လည်ပင်းကို တည့်တည့်မှန်သွားတာ..."

လျူဇီသည် အဘိုးဖြစ်သူ ကျောက်ထျဲ့ကျွင်းအား လီလန်၏ သေနတ်ပစ်စွမ်းရည်အကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြွားဝါပြောဆိုနေလေသည်။

“ဘာ... မီတာတစ်ရာအကွာက ဟုတ်လား”

တောဝက်ကို တစ်ချက်တည်းနှင့် မှန်သွားခဲ့သည်လား။

အဘိုးကျောက်သည် နားထောင်ရင်းဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ လီလန်၏ သေနတ်ပစ်စွမ်းရည်က ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့ဖူးသော စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် သူ၏စွမ်းရည်ထက် မည်သို့လုပ်၍ ပိုမိုတိကျနေရသနည်း။

မီတာတစ်ရာအကွာ၊ သစ်တောဟောင်းကြီးတစ်ခုအတွင်းတွင် အလေးချိန် ကျင်းနှစ်ရာကျော်ရှိသော တောဝက်ကို အမဲလိုက်နေခြင်း ဖြစ်သည်။

ပစ်မှတ်ကို တစ်ချက်တည်းဖြင့် ထိမှန်ရန်ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

ကျောက်ထျဲ့ကျွင်းသည် သဘာဝကျကျပင် ယုံကြည်လိုက်သည်။ သူ၏မြေးဖြစ်သူ၏ စရိုက်ကို သူ အလွန်ကောင်းစွာ သိရှိထားပြီး လျူဇီသည် ဘယ်သောအခါမှ လိမ်လည်ပြောဆိုလေ့ မရှိပေ။

လီလန်၏ သေနတ်ပစ်စွမ်းရည်က အမှန်တကယ်ပင် ထိုမျှ အံ့မခန်းဖြစ်နေသည်လား။

သို့သော် ဤကောင်လေးသည် ယနေ့မှသာ သေနတ်ကို ကိုင်တွယ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ကျောက်ထျဲ့ကျွင်းသည် လီလန်၏ ကျောပြင်ကို ငေးကြောင်စွာ ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဒီကောင်လေးက မုဆိုးကောင်းတစ်ယောက်သာမက လက်ဖြောင့်တပ်သားကောင်း တစ်ယောက်လည်း ဖြစ်နေတာပဲ..."

အဘိုးအိုက သက်ပြင်းချလိုက်လေသည်။

သူ၏ ထူးချွန်လှသော သေနတ်ပစ်စွမ်းရည်အပေါ် အခြေခံ၍ ပြောရလျှင် လွန်ခဲ့သော ဆယ်နှစ်က ကိုရီးယားစစ်ပွဲ စစ်မြေပြင်သို့သာ ရောက်ရှိခဲ့ပါက လီလန်သည် ထိုတောခွေးများကို မလွဲမသွေ တိကျစွာ ပစ်ခတ်နိုင်သော လက်ဖြောင့်တပ်သားတစ်ဦးထက် လျော့နည်းမည် မဟုတ်ပေ။

"ရှောင်လန် မင်းလည်း ပင်ပန်းနေလောက်ပြီ... လာ အထဲဝင်ခဲ့..အဘိုး မင်းအတွက် အသားဟင်း ချက်ပေးမယ်..."

အဘိုးကျောက်သည် အလွန်စိတ်ခံစားချက် ကောင်းမွန်နေပြီး လီလန်အား နှုတ်ဆက်ခေါ်ယူလိုက်သည်။

သူတို့သုံးယောက်သည် အဒေါ်ဟဲအား လျစ်လျူရှုကာ စွတ်ဖားလှည်းကို ခြံဝင်းအတွင်းသို့ ဆွဲသွင်းသွားကြလေသည်။

သူမအနေဖြင့် မည်သည့်အရာမျှ မရရှိလိုက်သည်ကို မြင်သောအခါ အဒေါ်ဟဲသည် နာကြည်းမှုများဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေတော့သည်။

"ဟွန့်... သားကောင်တွေ အများကြီး အမဲလိုက်နိုင်တာတောင်မှ ငါ့ကို နည်းနည်းလေး ဝေပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ... လီလန်လို ကပ်စေးနဲတဲ့လူမျိုးကို ငါ တစ်ခါမှ မမြင်ဖူးပါဘူး..."

အဒေါ်ဟဲသည် စဉ်းစားလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။ သူမသည် ဟင်းသီးဟင်းရွက်တောင်းကို ဆွဲယူကာ ကွန်မြူနစ်အဖွဲ့ဆီသို့ အလျင်အမြန် ထွက်သွားလေတော့သည်။

လီရှန်းဟွာ၏ အိမ်။

"အစ်မကြီး... အစ်မကြီး..."

လီဟူသည် လိုက်ကာကို အလျင်အမြန် ဆွဲဖွင့်၍ အပြေးအလွှား ဝင်လာလေသည်။

"လီဟူ မင်းက လူကြီးတစ်ယောက် ဖြစ်နေပြီကို ဘာလို့ ဒီလောက်စိတ်မရှည်နိုင်ဘဲ ဟိုပြေးဒီလွှား လုပ်နေရတာလဲ..."

မုဆိုးမဝူသည် အမောတကော ပြေးဝင်လာသော သူမ၏ သားငယ်ကို မြင်သောအခါ ဆူပူလိုက်လေသည်။

"အမေ အစ်မကြီးရော ဘယ်မှာလဲ..."

လီဟူက မေးလိုက်သည်။

"မင်းရဲ့ အစ်မကြီးက သူ့သူငယ်ချင်းတွေဆီ သွားလည်တာ ပြန်မလာသေးဘူး..."

မုဆိုးမဝူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"မင်းရဲ့ အစ်မကြီးကို ဘာလုပ်ဖို့လိုလို့လဲ..."

သူမသား၏ စိုးရိမ်တကြီးနှင့် စိတ်မရှည်သော အမူအရာကို မြင်သောအခါ မုဆိုးမဝူက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဟူ ဘာဖြစ်လို့လဲ..."

ထိုအချိန်တွင် လီရှန်းဟွာသည် လိုက်ကာကို ဆွဲဖယ်၍ ဝင်လာလေသည်။

သူမသည် ဖိနပ်ကို ချွတ်၍ ကန်းပေါ်တွင် ထိုင်လိုက်လေသည်။

"အစ်မကြီး ဟို... လီလန် ..သူက... သူက..."

"လီလန် ဟုတ်လား... အခုတစ်ခါရော သူ ဘာဖြစ်ပြန်ပြီလဲ..."

ယခုအခါတွင် လီရှန်းဟွာသည် ဤအမည်ကို ကြားရတိုင်း စိတ်မသက်မသာဖြစ်ကာ ခေါင်းကိုက်နေရလေပြီ။

မနေ့က သူမသည် ရှန်းဝူထံ သွားရောက်၍ အသနားခံကာ လီလန်အား ရှန်းဝူက ပညာပေးရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရလဒ်အနေဖြင့် ရှန်းဝူမှာ လီလန်ကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ ဖိအားပေးမှုကြောင့် လီလန့်အိမ်သို့ သွား၍ တောင်းပန်ခဲ့ရသည်။

ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်၏ တစ်ဦးတည်းသော သားက တောင်းပန်ရလောက်အောင် လီလန်က ဘာများထူးခြားနေ၍နည်း။

လက်ကျိုးသွားသူမှာ ရှန်းဝူဖြစ်ပြီး သူ၏ကိုယ်ပိုင်သားကသာ ဆုံးရှုံးနစ်နာကာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက အဘယ်ကြောင့် ရှန်းဝူအား လီလန်ကို တောင်းပန်ရန် အမိန့်ပေးခဲ့ရသနည်း။

လီလန်က ဘာများထူးခြားနေသနည်း။

ယွမ်တစ်ရာတန် တင်တောင်းစရိတ်ကိုပင် မတတ်နိုင်သော အသုံးမကျသည့်သူတစ်ယောက်ကို ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်က အဘယ်ကြောင့် ထုတ်လုပ်ရေးအဖွဲ့သို့ ဝင်ရောက်ရန် လိုလားတကြီး ဖိတ်ခေါ်ကာ ကွဲပြားစွာ ဆက်ဆံနေရသနည်း။

လီရှန်းဟွာသည် အလွန်စိတ်ဓာတ်ကျနေပြီး စိတ်ပျက်အားငယ်မှု နှစ်မျိုးစလုံးကို ခံစားနေရလေသည်။

သူမ အထင်သေးခဲ့သော အမျိုးသားတစ်ဦးကို ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်က မျက်နှာသာပေးနေသည်မှာ သူမအတွက် အလွန်ပင် စိတ်မသက်မသာ ဖြစ်စေလေသည်။

လီလန် ပို၍ စွမ်းဆောင်နိုင်လေလေ၊ အောင်မြင်လာလေလေ၊ သူမက သူ့အပေါ် အထင်အမြင်လွဲမှားခဲ့ပြီး သူ၏ စွမ်းရည်များကို မမြင်နိုင်လောက်အောင် မျက်ကန်းဖြစ်ခဲ့ကြောင်း ပို၍ သက်သေပြနေလေလေပင် ဖြစ်သည်။

သို့သော် လီရှန်းဟွာက သူမ မျက်ကန်းဖြစ်ခဲ့ကြောင်းကို မည်သို့လုပ်၍ ဝန်ခံနိုင်မည်နည်း။

လီရှန်းဟွာသည် လီလန်၏ ဘဝ တစ်နေ့တခြား ပိုပို၍ ကောင်းမွန်လာသည်ကို လက်မခံနိုင်ဘဲ ပို၍သာ မပျော်မရွှင် ဖြစ်လာတော့သည်။

"ဟူ... နင် ဘာပြောချင်တာလဲ... လီလန် ဘာဖြစ်လို့လဲ..."

"လီလန် သူ... သူ ဒီနေ့ တောဝက်တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့တယ်..."

"ပြီးတော့ အလေးချိန် ကျင်းနှစ်ရာကျော်ရှိတဲ့ အမွှေးဝါကောင်ကြီးကိုပဲ..."

"နင်ဘာပြောလိုက်တယ်..."

"လီလန်က တောဝက်ကို ပစ်ခဲ့တယ် ဟုတ်လား... သူကိုယ်တိုင် ပစ်ခဲ့တာလား..."

လီရှန်းဟွာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ စိတ်ထဲတွင် ချာချာလည်သွားတော့သည်။

သို့သော် သူမသည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားလေသည်။

"ဒါမဖြစ်နိုင်ဘူး... တပ်ဖွဲ့ခေါင်းဆောင်ကျိုး တောင်မှ တောင်ပေါ်က တောဝက်တွေကို တစ်ယောက်တည်း မရင်ဆိုင်နိုင်ဘူး... နင်တို့ရဲ့ မုဆိုးအဖွဲ့က လူတစ်ဒါဇင်လောက် သွားပြီးမှ အမဲလိုက်နိုင်တာလေ..."

"လီလန်မှာက လူနှစ်ယောက်တည်းရှိတာ၊ ပြီးတော့ အဲ့လျူဇီကလည်း သိပ်ထက်မြက်တာ မဟုတ်ဘူး... သူက ဘယ်လိုလုပ်ပြီး တောဝက်ကို ဖမ်းနိုင်မှာလဲ..."

လီရှန်းဟွာက ခေါင်းယမ်းလိုက်သည်။

"တကယ်ပြောတာပါ အဒေါ်ဟဲ ကွန်မြူနစ်အဖွဲ့ဆီ လာတုန်းက ပြောပြတာ သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာတဲ့..."

"လီလန်က တောဝက်ကို အမဲလိုက်နိုင်တာတင် မကဘူး ဆားဖောင်ဇီတစ်ကောင်ကိုပါ အမဲလိုက်နိုင်ခဲ့တာ..."

All Chapters