← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) အလွန်တရာ ကျေနပ်စရာကောင်းလှပေသည်၊ လီဝူ နှင်ထုတ်ခံရခြင်းနှင့် တပ်ဖွဲ့ခေါင်းဆောင်ကျိုးက လီလန်အား တောင်းပန်ခြင်း

"မနက်ဖြန် တပ်ဖွဲ့ဆီ လာစရာမလိုတော့ဘူး..."

"မင်းလည်း အတူတူပဲ..."

ကျိုးလျဲ့ရှန်သည် လီဝူနှင့် ကျိုးလျူတို့အား အေးစက်ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်..."

"ခေါင်းဆောင် ကျွန်တော် မှားသွားပါပြီ ကျွန်တော် မှားမှန်းသိပါပြီ..."

လျဲ့ရှန်တပ်ဖွဲ့မှ နှင်ထုတ်ခံရပြီဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ လီဝူသည် ပြာယာခတ်သွားပြီး ကျိုးလျဲ့ရှန်၏ ခြေရင်းသို့ ဒူးထောက်ချလိုက်လေသည်။

လျဲ့ရှန်တပ်ဖွဲ့သည် ရွှမ်းရွှေရွာရှိ ထိပ်တန်းမုဆိုးအဖွဲ့တစ်ခု ဖြစ်သည်။ အလုပ်မှတ် ပိုရရုံသာမကဘဲ အချိန်တန်လျှင် အသားဝေစုများကိုလည်း ရရှိတတ်ကြပေသည်။

ဤကဲ့သို့ ဝင်ငွေကောင်းသော အလုပ်ကိုသာ ဆုံးရှုံးလိုက်ရပါက သူ၏ မိသားစုဝင်ငါးယောက်စလုံး အငတ်ဘေးဆိုက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

"ခေါင်းဆောင် ကျွန်တော့်ကို မနှင်ထုတ်ပါနဲ့လို့ တောင်းပန်ပါတယ် ကျွန်တော် တကယ်ကို မှားသွားပါတယ်..."

လီဝူသည် ခါးသီးစွာ ငိုကြွေးနေပြီး စောစောက မောက်မာဝင့်ကြွားနေခဲ့သော သူ၏ပုံစံနှင့် လုံးဝကို ကွာခြားနေတော့သည်။

သို့သော်လည်း ကျိုးလျဲ့ရှန်ကမူ အေးစက်သော မျက်နှာထားဖြင့်သာ တိတ်ဆိတ်နေခဲ့သည်။

သူသည် စွတ်ဖားလှည်း သုံးစီးပေါ်ရှိ ကုန်ပစ္စည်းများကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး သူ၏ အကြည့်များက အလေးချိန် ကျင်းနှစ်ရာခန့်ရှိသော အမွှေးဝါတောဝက်ပေါ်သို့ ရောက်ရှိသွားသည်။

ထိုလီဝူဆိုသည့်ကောင်မှာ အလွန်တရာ အသုံးမကျလှပေ။

မိမိဖမ်းမိသော သားကောင်က ထွက်ပြေးသွားပြီး အခြားတစ်ယောက်က အမဲလိုက်သေနတ်ဖြင့် ပစ်ခတ်ကာ အိမ်သို့ဆွဲယူသွားသည်ကိုပင် ထိုလူ၏ အိမ်ပေါက်ဝအထိ သွားရောက်၍ ပြန်တောင်းရဲသေးသည်။

သူတို့တွင် ဤသို့ပြုမူရန် မည်သည့်သတ္တိများ ရှိနေသနည်းဆိုသည်ကို စဉ်းစား၍ပင် မရနိုင်ပေ။

ကျိုးလျဲ့ရှန်၏ စိတ်ထဲတွင် မှိုင်းညို့မှုများကိုသာ ခံစားနေရပြီး ဤကဲ့သို့သော လူမျိုးက သူ၏ လက်အောက်ငယ်သား ဖြစ်နေသည်ကို မယုံနိုင်အောင်ပင် ဖြစ်ရလေသည်။

တကယ့်ကို မယုံနိုင်စရာပင် ဖြစ်တော့သည်။

"ခေါင်းဆောင် ကျွန်တော့်ကိုတော့ မနှင်ထုတ်ပါနဲ့ ဒီကိစ္စအားလုံးက လီဝူ့အမှားတွေပါ သူက အသားရရင် ကျွန်တော့်ကို ဆယ်ကျင်းခွဲပေးမယ်ဆိုလို့ပါ အားလုံးက သူ့အမှားတွေချည်းပါပဲ..."

ကျိုးလျူသည်လည်း ဒူးထောက်လျက် တောင်းပန်လိုက်သည်။

လျဲ့ရှန်တပ်ဖွဲ့မှ အလုပ်ပြုတ်သွားခြင်းသည် ယခုမှစ၍ သူတို့ဖာသာ တစ်သီးတစ်ခြား အလုပ်လုပ်ရတော့မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များ ကျက်စားရာ ကျောက်ဘိုင်တောင်တန်းနှင့် ဝက်ဝံနက်တောင် သို့မဟုတ် ရှင်းအန်းလင်တောင်တန်းငယ်တို့ကဲ့သို့သော နေရာများသို့ တစ်ယောက်တည်း သွားရောက်ခြင်းသည် သေလမ်းကို ရှာနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

မုဆိုးတစ်ယောက် တောင်ပေါ်သို့ တစ်ယောက်တည်း သွားသည့်အခါ ဝက်ဝံနှင့် တွေ့ရန်မဆိုထားနှင့် ဂရုမစိုက်ပါက တောဝက်၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ချေရှိလေသည်။

အဖွဲ့ကြီးနှင့်အတူ တောင်ပေါ်သို့ လိုက်ပါသွားခြင်းဖြင့်သာ သားကောင်များကို အမဲလိုက်နိုင်ပြီး အသက်ရှင်သန်ရန် အခွင့်အလမ်း ရှိပေမည်။

ကျိုးလျူက နောင်တရနေခဲ့သည်။ လီဝူ၏ မြှောက်ပင့်သွေးထိုးမှုများကို နားထောင်ခဲ့မိသည်ကို သူ အလွန်ပင် နောင်တရနေမိလေသည်။

လီလန်သည် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြသော လူစုကို ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် ခေါင်းကိုသာ ခါရမ်းနေမိတော့သည်။

အရက်သောက်ဖော် သောက်ဖက်ဆိုသည်မှာ တကယ့်ကို အရက်သောက်ဖော် သောက်ဖက်များသာ ဖြစ်ပေသည်။

ပြဿနာ ပေါ်လာသည့်အခါ ပထမဆုံး လုပ်ရမည့်အရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

"လီလန် ကျေးဇူးပြုပြီး ခေါင်းဆောင်ကို ငါ့အတွက် တောင်းပန်ပေးပါ ငါမှားသွားပါတယ် မင်းရဲ့အသားတွေကို ငါမခိုးရဲတော့ပါဘူး..."

ခေါင်းဆောင်ဖြစ်သူက သူ့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ လီဝူသည် လီလန်ဘက်သို့ လှည့်၍ တောင်းပန်လေတော့သည်။

"ထွက်သွားစမ်း…”

လီလန်သည် ခြေထောက်ကိုမြှောက်၍ ကန်ထုတ်လိုက်သည်။ ဤမျှ ယုတ်မာကောက်ကျစ်သော သူနှင့် စကားပြောရသည်မှာ ကံဆိုးသည်ဟု သူ ခံစားလိုက်ရသည်။

"ဒီနေရာက ထွက်သွားကြစမ်း..."

ကျိုးလျဲ့ရှန်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ခေါင်းဆောင်ဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ လီဝူနှင့် ကျိုးလျူတို့သည် အမြန်ထကာ ခြံဝင်းထဲမှ ပြေးထွက်သွားရန် ပြင်လိုက်ကြသည်။

"ဘယ်သူလဲ..."

"လီလန်ရဲ့ အသားကို ခိုးရဲလောက်အောင် ဘယ်ကောင်က အဲဒီလောက်တောင် သတ္တိကောင်းနေရတာလဲ..."

"မင်းတို့က စုံစမ်းဖို့တောင် အချိန်မပေးကြဘူးလား လီလန်က ငါ ကျန်းဝေမင်ရဲ့ အကာအကွယ်အောက်မှာရှိတာကွ..."

ကျန်းဝေမင်က ခြံဝင်းအတွင်းသို့ အလောတကြီး ပြေးဝင်လာလေသည်။

သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့်ပင် တူနေတော့သည်။

“ လီလန်ရဲ့ အသားကို ခိုးသွားတာ မင်းတို့ကောင်တွေပေါ့လေ..."

"မင်းတို့နာမည်က လီဝူနဲ့ ကျိုးလျူ မဟုတ်လား ကောင်းပြီလေ ဒီနေ့ကစပြီး ငါ ကျန်းဝေမင်က မင်းတို့ဆီက ဘယ်သားကောင် ဒါမှမဟုတ် တောင်ပေါ်ထွက်ကုန်ကိုမှ ဝယ်ယူမှာ မဟုတ်တော့ဘူး..."

ကျန်းဝေမင်၏ စကားများမှာ ကြည်လင်နေသော ကောင်းကင်မှ ကျဆင်းလာသည့် မိုးကြိုးပစ်ခတ်သံကဲ့သို့ လီဝူနှင့် အခြားသူများ၏ စိတ်ထဲတွင် ပေါက်ကွဲသွားတော့သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိုးလျဲ့ရှန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လီလန်ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။

ဤကောင်လေးကို ကျန်းဝေမင်က အမှန်တကယ်ပင် အထင်ကြီးလေးစားနေခဲ့သည်။

ကျိုးလျဲ့ရှန်သည် စိတ်ထဲမှ အံ့အားသင့်သွားခဲ့သည်။ လီလန်သည် ကျန်းဝေမင်၏ အရေးပေးမှုကို မည်သည့်အချိန်က ရရှိသွားခဲ့သနည်း။

"ဒီနေရာကနေ ထွက်သွားကြစမ်း ခွေးကောင်တွေ မင်းတို့ ဘယ်လို ညစ်ပတ်တဲ့ အလုပ်မျိုးကို လုပ်နေကြတာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း..."

"လီလန်က သူ့ကိုယ်ပိုင် အမဲလိုက်သေနတ်နဲ့ ပစ်ဖမ်းထားတဲ့ သားကောင်ကို မင်းတို့က လာတောင်းရဲသေးတယ်ပေါ့လေ..."

"မင်းတို့ဖမ်းမိတဲ့ သားကောင် ထွက်ပြေးသွားတာက မင်းတို့ကိုယ်တိုင် အသုံးမကျလို့ဖြစ်တာပဲ လီလန်နဲ့ ဘာဆိုင်လို့လဲ..."

"ဒီနေရာကထွက်သွားကြစမ်း မင်းတို့က အရှက်မရှိတဲ့ကောင်တွေပဲ..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက လီဝူနှင့် သူ၏ လူစုကို စိုက်ကြည့်လိုက်သည်။

လီဝူ၏ ဦးရေပြားမှာ ကြောက်ရွံ့မှုကြောင့် ထုံကျင်သွားတော့သည်။ ဤသူများမှာ ရွှမ်းရွှေရွာမှ တစ်ဦးတည်းသော ဩဇာကြီးမားသူ သုံးဦးဖြစ်ကြပြီး သူတို့အားလုံးမှာ လီလန်ကို ထောက်ခံအားပေးရန် တစ်ချိန်တည်းတွင် ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤဩဇာကြီးမားသူများ အားလုံးမှာ မယုံနိုင်လောက်အောင် စွမ်းအားရှိကြပြီး သူတို့အထဲမှ မည်သူ့ကိုမျှ သူ မစော်ကားရဲပေ။

ဖြန်း ဖြန်း ဖြန်း...

လီဝူသည် သူ့ကိုယ်သူ ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရိုက်ချလိုက်သည်။ သူ နောင်တရနေခဲ့ပြီ၊ သူ တကယ်ကို နောင်တရနေခဲ့ပြီ ဖြစ်သည်။

"လီလန် ငါ့ရဲ့ ရိုင်းစိုင်းမှုတွေအတွက် ခွင့်လွှတ်ပေးပါ ဒီနေ့ ငါမှားသွားပါတယ် မင်းရဲ့ အသားတွေကို ငါမယူခဲ့သင့်ပါဘူး..."

ဒေါက်… ဒေါက်.. ဒေါက်…

လီဝူသည် ဒူးထောက်ကာ လီလန်ကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်ခါသီးလိုက်ပြီးနောက် ကျိုးလျူနှင့် အခြားသူများနှင့်အတူ ဖရိုဖရဲ ထွက်ပြေးသွားတော့သည်။

"လီလန် ဒါက သူတို့ကို သေချာမဆုံးမခဲ့တဲ့ ငါ့အမှားပါ သူတို့ကိုယ်စား ငါကပဲ မင်းကို တောင်းပန်ပါတယ်..."

ကျိုးလျဲ့ရှန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

လီဝူနှင့် သူ၏ လူဆိုးဂိုဏ်းမှာ ပြဿနာရှာရန် ဤနေရာသို့ ရှင်းလင်းစွာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ မုဆိုးများဖြစ်ကြသောကြောင့် အမွှေးဝါတောဝက်မှာ သွေးထွက်လွန်နေခဲ့ပြီး တောင်ပေါ်တွင် အသားများကို ခွဲဝေယူခဲ့ကြသည်ကို အသေအချာ သိရှိနေကြသည်။

ထိုအမွှေးဝါတောဝက်၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာများပင် ရှိနေသေးသည်။

ဤအမွှေးဝါတောဝက်ကို လီလန်က သတ်ဖြတ်ခဲ့သည်မှာ သေချာပေါက်ဖြစ်ပြီး လီဝူနှင့် လုံးဝကို သက်ဆိုင်ခြင်းမရှိပေ။

"ဘာမှမဟုတ်ပါဘူး သူက ကျွန်တော် ဟေးလုံကိုလွှတ်ပြီး သူ့ကို ကိုက်ခိုင်းလိုက်လို့ ဒေါသထွက်နေတာပါ..."

လီလန်က ခေါင်းခါရင်း ပြောလိုက်သည်။

လီဝူသည် အသားများကို ခိုးယူရန်နှင့် ပြဿနာရှာရန် ရောက်လာခြင်းမှာ ကျင်း နှစ်ရာကျော်ရှိသော အသားများကို လိုချင်တပ်မက်ခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သလို ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပေသည်။

"ဟေးလုံ..."

ကျိုးလျဲ့ရှန်က သံသယဖြစ်ဖွယ် အကြည့်ဖြင့် မေးလိုက်သည်။

သူသည် ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ခီတန်အမဲလိုက်ခွေးကို မြင်လိုက်ရသည်။

၎င်းမှာ ပိုးသားကဲ့သို့ ချောမွေ့သော အမွှေးအမျှင်များဖြင့် တစ်ကိုယ်လုံး အမည်းရောင်ဖြစ်နေသည့် အမဲလိုက်ခွေးတစ်ကောင်ဖြစ်ပြီး အရပ်မြင့်ကာ ခန့်ညားပြီး အလွန်တရာမှ ကျက်သရေရှိလှပေသည်။

"ဒီအကောင်က အဘိုးဝူဆီက မဟုတ်ဘူးလား..."

ကျိုးလျဲ့ရှန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်းဖူကွေ့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

ရှန်းဖူကွေ့သည်လည်း ထိုမွန်ဂိုလီးယား အမဲလိုက်ခွေးကို မှတ်မိနေခဲ့သည်။

သူသည် ဤမွန်ဂိုလီးယား အမဲလိုက်ခွေးကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူ၏ အမဲလိုက်ခွေးနှင့် မျိုးစပ်ရန်အတွက် အဘိုးဝူထံမှ ငှားရမ်းလိုခဲ့သော်လည်း အဘိုးဝူက ၎င်းကို အလွန်အမင်း တန်ဖိုးထားလွန်းသဖြင့် မည်သို့ပင်ဖြစ်စေ ငှားရမ်းရန် ငြင်းဆန်ခဲ့လေသည်။

ဤမွန်ဂိုလီးယား အမဲလိုက်ခွေးသည် တကယ်ပင် လီလန်၏ နောက်သို့ လိုက်ပါလာခဲ့သည်။

"အဖွဲ့ခေါင်းဆောင်လီ မင်းအမဲလိုက်ခွေးကို မင်း ဘယ်လိုရလာတာလဲ..."

လီလန်သည် ယခုအခါ မီးနဂါးမုဆိုးအဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်နေပြီ ဖြစ်သောကြောင့် သူ့ကို တပ်ဖွဲ့ခေါင်းဆောင်လီ းဟုခေါ်ခြင်းမှာ အပြည့်အဝ သင့်လျော်ပေသည်။

"ခေါင်းဆောင်က ဟေးလုံကို ပြောတာလား ဝူရှန်းလီဆီကနေ ကယ်တင်ခွင့်ရလိုက်တာ ကံကောင်းသွားတာပါ..”

လီလန်က ဟေးလုံကို မည်သို့ကယ်တင်ခဲ့ရပုံ ဇာတ်လမ်းတစ်ပုဒ်လုံးကို ရှန်းဖူကွေ့အား ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှန်းဖူကွေ့သည် မနာလိုစွာဖြင့် ရေရွတ်လိုက်သည်။

"ကန်စွန်းဥ နှစ်ကျင်းနဲ့ ခွေးတူဝက်တူအသား နှစ်ဆယ်ကျင်းဆိုတော့ တပ်ဖွဲ့ခေါင်းဆောင်လီ မင်း တကယ့်ကို ထီပေါက်သွားတာပဲ..."

လီလန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဟေးလုံရဲ့ ကျေးဇူးကြောင့်သာ ဒီအမွှေးဝါကောင်ကို ကျွန်တော် အမိဖမ်းနိုင်ခဲ့တာပါ..."

ဟေးလုံသည် ဤတောင်ပေါ်သို့ အမဲလိုက်ထွက်သည့် ခရီးစဉ်တွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။

"ရှောင်လန် မင်း တကယ့်ကို အံ့ဩစရာပဲကွာ တောင်ပေါ်ကို ပထမဆုံးအကြိမ် တက်တဲ့ ခရီးစဉ်မှာတင် သားကောင်တွေ အများကြီးကို အမဲလိုက်နိုင်ခဲ့တယ် တစ်ရက်တည်းနဲ့ ငါ့ရဲ့ လစဉ် ဝယ်ယူရေးပစ်မှတ်ကို မင်း ပြည့်မီသွားပြီပဲ..."

ကျန်းဝေမင်က လျှောက်လာရင်း ပြုံးကာ ပြောလိုက်သည်။

"ဦးလေးဝေမင် ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ငါတို့တွေက မိသားစုတွေပဲလေ သူစိမ်းတွေလို ပြောမနေပါနဲ့..”

ကျန်းဝေမင်က လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

"မင်း ဒီအသားတွေ အကုန်လုံးကို စားကုန်မှာ မဟုတ်ဘူးလေ ငါ့ကို နည်းနည်းလောက် ရောင်းပေးလို့ရမလား..."

ကျန်းဝေမင်က ကမ်းလှမ်းလိုက်သည်။

ထိုသို့ပြောနေစဉ် ကျန်းဝေမင်သည် ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်တို့ကို ရည်ရွယ်ချက်မရှိဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

ထိုသူနှစ်ဦးမှာ အတွေ့အကြုံရင့်ကျက်သူများဖြစ်ကြပြီး လီလန်အား နှုတ်ဆက်ကာ ခြံဝင်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

"တပ်ဖွဲ့ခေါင်းဆောင်ကျိုး ခဏလောက် စောင့်ပါဦး..."

လီလန်သည် ကျိုးလျဲ့ရှန်အား လှမ်းခေါ်လိုက်ပြီး စွတ်ဖားလှည်းပေါ်မှ တောဝက်သားတုံးကြီး တစ်တုံးကို ယူလိုက်သည်။

ဤအသားတုံးကြီးသည် အနည်းဆုံး ငါးကျင်း သို့မဟုတ် ခြောက်ကျင်းခန့် အလေးချိန် ရှိမည်ဖြစ်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ကျိုး ခင်ဗျားရဲ့ တောဝက်သားကို ပြန်ပေးပါမယ်လို့ ကျွန်တော်တို့ ကတိပေးပါတယ်..."

ကျိုးလျဲ့ရှန်က ဤအသားတုံးကြီးကို မြင်သောအခါ ဝင်ပြောလိုက်သည်။

"ရှောင်လီ မင်းက ငါ့ထက် နှစ်ကျင်းပဲ လျော့တာလေ ဒီလောက်အများကြီး မလိုပါဘူး..."

လီလန်က ပြန်ဖြေလိုက်သည်။

"ကျန်တာတွေကို တပ်ဖွဲ့ခေါင်းဆောင်ကျိုးနဲ့ အမြည်းအဖြစ် သုံးဆောင်ပေးပါ ကျွန်တော် မီးနဂါးမုဆိုးအဖွဲ့ကို စတင်တည်ထောင်လိုက်ပြီမို့ နောင်ကျရင် တပ်ဖွဲ့ခေါင်းဆောင်ကျိုးနဲ့ တပ်ဖွဲ့ခေါင်းဆောင်ရှန်းတို့က ကျွန်တော့်ကို သေချာစောင့်ရှောက်ပေးကြဖို့ မျှော်လင့်ပါတယ်..."

ထို့နောက် လီလန်သည် နောက်ထပ် အသားတုံးကြီးတစ်တုံးကို ယူထုတ်ကာ ရှန်းဖူကွေ့အား ကမ်းပေးလိုက်သည်။

ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဤကောင်လေးသည် လူမှုဆက်ဆံရေးစွမ်းရည် ကောင်းမွန်ပြီး လူများကို မည်သို့ကိုင်တွယ်ရမည်ကို သိရှိထားပေသည်။

[ဒင်... ရှန်းဖူကွေ့၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

[ဒင်... ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

"တပ်ဖွဲ့ခေါင်းဆောင်လီ နောက်ရက်အနည်းငယ်နေရင် ရပ်ရွာအဖွဲ့အစည်းက ကျောက်ဘိုင်တောင်တန်း အမဲလိုက်ကွင်းမှာ အမဲလိုက်ခရီးစဉ်တစ်ခု ကျင်းပလိမ့်မယ် ပါဝင်ဖို့ မမေ့နဲ့ဦးနော်..."

"ကောင်းပါပြီ..."

ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်တို့က ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။

ကျန်းဝေမင်က အပြုံးတစ်ခုဖြင့် လျှောက်လာခဲ့သည်။

"မင်းက တကယ့်ကို နတ်ဘုရားပါပဲကွာ ကျင်း နှစ်ရာကျော် အလေးချိန်ရှိတဲ့ အဲဒီအမွှေးဝါကောင်ကိုတောင် မင်း အမိဖမ်းနိုင်ခဲ့သေးတယ်..."

"မင်း တာဝန်ကို မပြီးမြောက်နိုင်မှာကို ဦးလေး စိုးရိမ်နေခဲ့တာ ဟားဟား ဒါပေမဲ့ ဦးလေး ထင်တာ မှားသွားတယ် တစ်ရက် နှစ်ရက်အတွင်းမှာတင် မင်းက သားကောင်တွေကို ဒီလောက်အများကြီး အမဲလိုက်နိုင်ခဲ့တာပဲ..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

"ဦးလေးဝေမင် ဒီဆားဖောင်ဇီက ပြီးခဲ့တဲ့အကြိမ်တုန်းက ခင်ဗျားဆီက ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ သဘောတူထားတဲ့ အကောင်ပါ..."

"ဒီတောဝက်သား ကျင်းရှစ်ဆယ်ထဲက တစ်ဝက်ကို ဦးလေးဆီ ရောင်းပေးပါ့မယ်..."

လီလန်သည် ကျန်းဝေမင်နှင့် စီးပွားရေးအကြောင်း ဆွေးနွေးရန် ပြင်လိုက်သည်။

ထိုစဉ် ခြံဝင်းအပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဟယ်လို ဒီအိမ်က ကျောက်ထျဲ့ကျွင်းရဲ့ အိမ်လားရှင့်..."

"ကျွန်မ လီလန်ကို လာရှာတာပါ သူ ရှိပါသလားရှင့်..."

၎င်းမှာ ညတေးဆိုငှက်တစ်ကောင်ကဲ့သို့ ကြည်လင်ပြီး နားဝင်ချိုလှသော မိန်းမပျိုလေးတစ်ဦး၏ အသံပင် ဖြစ်တော့သည်။

All Chapters