အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) ရှန်ချင်းယန်၊ ရန်သူအားလုံးကို ချေမှုန်းပစ်ခြင်း
"ဘယ်လောက်တောင် ရက်စက်လိုက်လဲ... ချန်ရီက အခုဆို လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ပဲ ကျန်တော့တာ မဟုတ်လား"
"ချန်ရီက ရှုံးနိမ့်သွားပြီ... ချင်လော့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို အံ့မခန်းပဲ”
လင်းဟောက်နှင့် အခြားသူတို့၏ အမူအရာများမှာ မှုန်ကုပ်သွားခဲ့သည်။
ချင်လော့သည် သူတို့ရှေ့တွင်ပင် ချန်ရီအား ဒဏ်ရာအပြင်းအထန် ရစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။
"ဒါပေမဲ့ စောစောက အလင်းတန်းက ဘာလဲ"
လူတစ်ယောက်က ချန်ရီ ပျောက်ကွယ်သွားသော နေရာကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ချင်လော့ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်ကိုသာ ကြားလိုက်ရသည်။
" ချီလင်နန်းတော်က အခုလောက်ဆို ပွင့်လောက်ပြီ မဟုတ်လား "
လူများစွာ၏ မျက်လုံးများ တောက်ပသွားသည်။
ဤနေရာသို့ လာရခြင်း အကြောင်းရင်းတစ်ခုမှာ လက်ဖက်ရည် သောက်သုံးရန်ဖြစ်ပြီး ဒုတိယအချက်မှာ ချီလင်နန်းတော်အတွင်း၌ အမွေအနှစ်အချို့ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
သူတို့၏ မျက်လုံးများက ချန်ရီ ပျောက်ကွယ်သွားသော နေရာသို့ ရောက်ရှိသွားပြီး သွားရန် အသင့်ဖြစ်နေကြသည်။
လင်းဟောက်နှင့် အခြားသူများလည်း လှုပ်ရှားသွားကြပြီး ချန်ရီ ပျောက်ကွယ်သွားသော နေရာသို့ သွားချင်နေကြသည်။
သို့သော် သူတို့ထဲမှ တစ်ယောက်က ခြေလှမ်းစလှမ်းလိုက်သည်နှင့် သူ့ခြေဖဝါးနားသို့ ဓားချီတစ်စင်း ခုတ်ပိုင်းလာခြင်းကို ခံလိုက်ရသည်။
"သူတို့ကို ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့ မရဘူး”
"ငါ့ကို တိုက်ခိုက်ရဲမှတော့ ဒီနေ့ မင်းတို့အားလုံး သေရမယ်! ”
စုစုပေါင်း လူငါးယောက် ရှိပြီး သူတို့ထဲမှ နှစ်ယောက်၏ အချက်အလက်များသည် ချင်လော့၏ မှတ်ဉာဏ်ထဲတွင် ရှိနေပေသည်။
ခရမ်းရောင်ကောင်းကင်မြင့်မြတ်နယ်မြေမှ လီရှိုးရန်နှင့် ဝူယင်မြင့်မြတ်နယ်မြေမှ စုန့်ယီဟန်တို့ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် ယခင်က သူ၏ ခန္ဓာကိုယ်ပိုင်ရှင် အားကျလေးစားခဲ့ရသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သို့သော် ယခု ချင်လော့၏ ရှေ့တွင်မူ ထိုနှစ်ဦးမှာ သတ်ဖြတ်ခံရမည့် သိုးသူငယ်လေးများသာ ဖြစ်ပေသည်။
"ချင်လော့! အရမ်းလွန်မလာနဲ့... ရွှမ်ထျန်းတာအိုဂိုဏ်းက ဂျူနီယာညီလေး ချန်ကို အနိုင်ရရုံနဲ့ ငါတို့ရှေ့မှာ ဒီလောက်တောင် ရိုင်းစိုင်းခွင့်ရှိတယ်လို့ မထင်နဲ့! ”
လီရှိုးရန်က အေးစက်ပြီး ပြင်းထန်သော အငွေ့အသက်များကို ထုတ်လွှတ်ကာ ပေါက်ကွဲထွက်လာသော ချင်လော့ကို မကျေနပ်သော အမူအရာဖြင့် ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဂျူနီယာညီလေး ချင်... ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲက ငါတို့ တောင်တန်းတစ်သောင်းနယ်မြေရဲ့ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကျင်းပတဲ့ ပွဲတစ်ခုပဲ... ဘာလို့ ဒီနေရာမှာ ပြဿနာ လာရှာနေရတာလဲ”
" တကယ်လို့ မင်းက မင်းသဘောအတိုင်း လုပ်မယ်ဆိုရင် တောင်တန်းတစ်သောင်းနယ်မြေက ပါရမီရှင်တွေ အားလုံးက မင်းကို ရမ်းကားခွင့်ပြုမှာ မဟုတ်ဘူး”
လင်းဟောက်က ရှေ့သို့ တက်လာပြီး ချင်လော့ကို ရင်ဆိုင်နေသည့် ခေါင်းဆောင်တစ်ဦးလို ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
"အရမ်း အနိုင်ကျင့်ခံရသလို ဟန်ဆောင်မနေနဲ့... ငါက ပြဿနာ ရှာနေတာလား"
ချင်လော့က လှောင်ပြောင်လိုက်သည်။
"ငါ့ကို ဒီခေါ်လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ... မင်းလို ဖိနပ်ရက်တဲ့ကောင်က အသိဆုံး ဖြစ်မှာပါ”
"မင်းက ရှန်ချင်းယန်ဆိုတဲ့ မိန်းမကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတာ မဟုတ်ဘူးလား... သူမ လေလည်တာတောင် မင်းက အနားသွားပြီး ရှူချင်နေတာလေ... အဲဒါကို မွှေးတယ်လို့တောင် ထင်နေသေးတယ်”
"သူမက သူမရဲ့ ယောက်ျားအတွက် လက်စားချေပေးဖို့ ပြောလိုက်တာနဲ့ မင်းက ကတိုက်ကရိုက် ရောက်လာတာပဲ”
"တောက်... ငါ ချင်လော့က မင်းကို နည်းနည်းတော့ အထင်သေးမိတယ်”
လင်းဟောက်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားပြီး ချင်လော့ထံသို့ လျှောက်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ချင်လော့... အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... မင်း ငါ့ကို စကားကြမ်းကြမ်း ပြောတာက တစ်ကဏ္ဍထား... ဒါပေမဲ့ မင်းက ဂျူနီယာညီမလေး ရှန်ကိုတောင် စော်ကားရဲတယ်... ဒီနေ့ မင်းကို သေချာပေါက် သင်ခန်းစာပေးရမယ်”
မလှမ်းမကမ်းရှိ ရှန်ချင်းယန်၏ မျက်နှာမှာလည်း နီရဲနေပြီး သူမ၏ မျက်လုံးများတွင် ရိုင်းစိုင်းသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
[ရှန်ချင်းယန်၏ ရှုပ်ထွေးမှုကြောင့် ကံကြမ္မာတန်ဖိုး အမှတ် ၅၀၀၀၀ ဆုံးရှုံးသွားပါသည်... ဗီလိန်အမှတ် ၅၀၀၀၀ ရရှိပါသည်]
"ချင်လော့... မင်း ငါ့ကို အရမ်း စော်ကားလွန်းနေပြီ! ”
"ငါ ရှန်ချင်းယန် ဒီနေရာမှာ သစ္စာဆိုတယ်”
"တကယ်လို့ စီနီယာအစ်ကို တစ်ယောက်ယောက်က ဒီသစ္စာဖောက်ကို သတ်ဖို့ ချင်းယန်ကို ကူညီပေးနိုင်ရင်... သူ့ကို ကိုယ်ရောစိတ်ပါ ပုံအပ်ဖို့ ဆန္ဒရှိပါတယ်... ဘယ်တော့မှ နောက်မဆုတ်ပါဘူး”
ချီလင်နန်းတော်သို့ သွားလိုကြသော ပါရမီရှင် အများအပြားမှာ ချက်ချင်းပင် ခေါင်းလှည့်လာကြပြီး သူတို့၏ မျက်လုံးများက ချင်လော့၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။
သူတို့၏ မျက်လုံးများသည် တစ်ယောက်ပြီး တစ်ယောက် ပြင်းထန်လာကြ၏။
အထူးသဖြင့် လင်းဟောက်၏ မျက်လုံးထဲရှိ တောက်လောင်နေသော မီးတောက်များက ချင်လော့ပင် တိုက်ရိုက် မကြည့်ရဲအောင် ဖြစ်စေခဲ့သည်။
အကယ်၍ ဖိနပ်ရက်သူတစ်ဦးသည် နတ်ဘုရားမလေး၏ ကုတင်ပေါ်သို့ တက်နိုင်မည့် အခွင့်အရေး ရလာပါက ချက်ချင်းပင် ခွေးရူးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
"ကျွတ်… ကျွတ်… ဒါက မင်းကို မင်း ရောင်းစားနေတာပဲ မဟုတ်ဘူးလား"
ချင်လော့က ရှန်ချင်းယန်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှု အချို့ ပေါ်လာခဲ့သည်။
ရှန်ချင်းယန်က သေချာ မသိသော်လည်း ချင်လော့၏ ဤစကားလုံးနောက်ကွယ်မှ အဓိပ္ပာယ်မှာ ပြင်းထန်သော အရှက်ခွဲမှုများ ပါဝင်နေကြောင်းကို ရှင်းလင်းစွာ သိရှိပေ၏။
"ချင်လော့! မင်း သေရမယ်!”
ရှန်ချင်းယန်က အံကြိတ်ကာ ပြောဆိုလိုက်သည်။
"ဒီနေရာမှာ ငါက ပြိုင်ဘက်ကင်းတယ်ဆိုတာ မင်းကို သိစေရမယ်... မင်းအတွက်တော့ ငါက အကြီးမားဆုံး အိပ်မက်ဆိုးပဲ”
ချင်လော့က လှောင်ပြောင်လိုက်သည်။
စကားဆုံးသည်နှင့် ချင်လော့သည် မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ ပြေးထွက်သွားသည်။
‘နိမိတ်လေးပါးဓားသိုင်းမှ မီးလျှံအကကောင်းကင်ဘုံကိုးလွှာ!’
‘ဝုန်း!’
တောက်လောင်နေသော မီးတောက်များ ထွက်ပေါ်လာပြီး ဧရာမ မီးဖီးနစ်ငှက်ကြီးတစ်ကောင်ကဲ့သို့ အဝေးရှိ ချင်လော့အနီးမှ လီရှိုးရန်ထံသို့ ပြေးဝင်သွားသည်။
"ကောင်းတယ်!”
လီရှိုးရန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်။
"စီနီယာအစ်ကို လီ... ခင်ဗျားကို ကူညီဖို့ ကျွန်တော်တို့ ရောက်လာပြီ”
"မလိုဘူး... ချင်လော့ တစ်ယောက်တည်းကို ငါ လွယ်လွယ်လေး ဖိနှိပ်နိုင်တယ်”
လီရှိုးရန်က ငြင်းပယ်လိုက်သည်။
သူက သူ့ကိုယ်သူ ပထမတန်းစား ပါရမီရှင်တစ်ဦးဟု သတ်မှတ်ထားပြီး ချင်လော့ထက် ဆယ်နှစ်ကျော်စော၍ ကျင့်ကြံခဲ့သဖြင့် ချင်လော့ကို ကြောက်ရွံ့နေမည်လား။
သူက အခြားသူများ၏ အကူအညီကို လက်ခံလိုက်ပါက မျက်နှာပျက်စရာ မဟုတ်လော။
လီရှိုးရန်က အစောပိုင်းတွင် ချန်ရီ ရှုံးနိမ့်သွားခြင်းမှာ ချန်ရီ၏ စွမ်းရည် မပြည့်မီခြင်းကြောင့်သာ ဖြစ်သည်ဟု ထင်မြင်ထားခဲ့သည်။
စောစောက ဓားသိုင်းမှ သိမြင်နားလည်မှု အချို့ ရရှိခဲ့သော ဓားကျင့်ကြံသူက လီရှိုးရန်ကို မော့ကြည့်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”
"ဓားကျင့်ကြံသူတွေရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို မင်း တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး... ကြီးမားသောအောင်မြင်မှုအဆင့် ဓားဆန္ဒကို မင်း တားဆီးနိုင်မှာ မဟုတ်ဘူး”
"အရူးပဲ"
ချင်လော့၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။
သူ၏ တိုက်ခိုက်မှု နီးကပ်လာချိန်တွင် လီရှိုးရန်သည် ချင်လော့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့သည်။
ကြီးမားသောအောင်မြင်မှုအဆင့် ဓားဆန္ဒသည် သူ ခံနိုင်ရည်ရှိသော အရာ မဟုတ်ပေ။
သူ ထိတ်လန့်သွားပြီး ချက်ချင်း အော်ဟစ်လိုက်၏။
"မြန်မြန်လာပြီး ငါ့ကို ကူညီကြပါဦး!"
စုန့်ယီဟန်နှင့် အခြားသူများမှာ စကားဆွံ့အသွားကြသည်။
စောစောကလေးတင် မလိုဘူးဟု ပြောခဲ့ပြီး ယခုကျမှ အကူအညီ တောင်းနေသည်မှာ အလွန် ရှေ့နောက်မညီလှပေ။
"နောက်ကျသွားပြီ”
‘ဝုန်း!’
ဧရာမ မီးတောက်လှိုင်းလုံးကြီး လီရှိုးရန်နှင့် ဝင်တိုက်သွားပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
‘ဖူး!’
သူ အန်ထုတ်လိုက်သော သွေးများသည် မီးတောက်များကြောင့် ချက်ချင်းပင် လောင်ကျွမ်းပျောက်ကွယ်သွားသည်။
ချင်လော့၏ ဓားအရှိန်သည် မလျော့ကျသွားဘဲ သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလာခဲ့သည်။
ချင်လော့က သူ၏ အသက်ကို လိုချင်နေကြောင်း သူ သဘောပေါက်သွားသည်။
"ချင်လော့!... မင်း လုပ်ရဲတယ်ပေါ့!... ငါက ခရမ်းရောင်ကောင်းကင်မြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ကွ!”
သူက ဟိန်းဟောက်လိုက်သည်။
"အသုံးမကျတဲ့ အမှိုက်ကောင်!”
သူ့အတွက် တစ်ခုတည်းသော အဖြေမှာ စကားသုံးခွန်းသာ ဖြစ်ပေသည်။
"မဟုတ်ဘူး!"
လီရှိုးရန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း လိုဏ်ဂူကောင်းကင်အဆင့် ခြောက်လွှာ၏ ကျင့်ကြံမှု စွမ်းအားများ ပေါက်ကွဲထွက်လာသည့်တိုင်အောင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
‘ဖူး!’
ဓားတစ်ချက်က သူ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဆွဲဖြဲပစ်လိုက်သည်။
လူသားဧကရာဇ်အလံက မှေးမှိန်စွာ လက်ခနဲ ဖြစ်သွားပြီး ရုပ်အလောင်းကို သိမ်းဆည်းသွားလေ၏။
လီရှိုးရန် သေဆုံးသွားခဲ့ပြီ။
"ချင်လော့... မင်း တော်တော် ရဲတင်းနေပါလား!"
စုန့်ယီဟန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ခရမ်းရောင်ကောင်းကင် သူတော်စင်သားတော်တစ်ပါးကို ချင်လော့ ဤသို့ လွယ်လွယ်ကူကူ သတ်ပစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"လူသတ်သမားက တခြားတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံရမှာပဲ”
ချင်လော့က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူက သူ၏တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော ဓားကျင့်ကြံသူထံသို့ အကြည့်ရွှေ့ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဓားကျင့်ကြံသူဆိုတာ အကြောက်တရား ကင်းမဲ့သင့်တယ်... တစ်လောကလုံးက ရန်သူဖြစ်နေရင်တောင် ဓားကျင့်ကြံသူရဲ့ နှလုံးသားထဲမှာ စကားတစ်ခွန်းပဲ လိုတယ်”
"သတ်စမ်း!”
ထိုစကားတစ်ခွန်းတည်းက ထိုလူ၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အလောင်းတောင်တန်းများ၊ သွေးပင်လယ်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။
‘နိမိတ်လေးပါးဓားသိုင်း ကောင်းကင်မိုးစက် ရွာသွန်းခြင်း!’
အဆုံးမဲ့ သိမ်မွေ့သော မိုးစက်များ ကောင်းကင်မှ ကျဆင်းလာပြီး ဓားချီ အဆုံးအစမရှိ ထွက်ပေါ်လာကာ ချင်လော့အား တုံ့ပြန်တိုက်ခိုက်လိုသော ပါရမီရှင် ဆယ်ဦးခန့်ထံသို့ ဦးတည်သွားသည်။
မိုးရာသီညတစ်ညမှ လူသတ်သမားတစ်ဦးကဲ့သို့ ချင်လော့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
‘ဝုန်း!’
လိုဏ်ဂူကောင်းကင်ဆယ်ခုက ပေါက်ကွဲထွက်လာပြီး အပြင်ဘက်တွင် သတ်ဖြတ်ခံခဲ့ရသော သူတော်စင်က စတင်ဝါးမြိုခံရကာ အဆုံးမဲ့ စွမ်းအားများကို ထောက်ပံ့ပေးနေခဲ့သည်။
ချင်လော့သည် မျက်တောင်တစ်ခတ်အတွင်း စုန့်ယီဟန်၏ အနားသို့ ရောက်ရှိလာပြီး သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ စုန့်ယီဟန်၏ ခေါင်း လွင့်စဉ်သွားတော့၏။
ဒုတိယမြောက် သူတော်စင်သားတော် ကျဆုံးသွားခြင်းပင်။
ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်။
‘ဘန်း! ဘန်း! ဘန်း!’
ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ ပြုတ်ကျသံများက လူအများအပြား၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ရှန်ချင်းယန်၏ ခန္ဓာကိုယ်တစ်လျှောက် အေးစက်သွားလေ၏။
ချင်လော့သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး သန်မာလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။
လင်းရွှမ် သေဆုံးရခြင်းမှာ တရားမျှတမှု မရှိကြောင်း သူမ ယခုမှ သတိပြုမိသွားခဲ့သည်။
အကြောင်းမူကား သူမရှေ့မှ လူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
အချိန်ကိုက်ပင် ချင်လော့က ရှန်ချင်းယန်ကို လှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"အခု မင်းအလှည့် ရောက်ပြီ”
"မင်းက မင်းရဲ့ ခန္ဓာကိုယ်ကို အလဲအလှယ်လုပ်မယ့် ပစ္စည်းတစ်ခုအဖြစ် အသုံးပြုဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား"
"ဒီနေ့ မင်းကို ဘယ်သူမဆို ပိုင်ဆိုင်နိုင်တဲ့ အပျက်မ တစ်ယောက်ဖြစ်အောင် ငါ လုပ်ပေးရင်ကော ဘယ်လိုလဲ"
သူက ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ သူ့ထံ ပြေးဝင်လာသော လင်းဟောက်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ငါ့ကို တောင်းပန်စမ်း!...ဒါဆို မင်းကို အရင်ဆုံး ပေးလုပ်မယ်”