← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) ချီလင်နန်းတော် ပွင့်သွားပြီ၊ ဉာဏ်အလင်းပွင့်လက်ဖက်ပင်ကို ခုတ်လှဲလိုက်

"ချင်လော့!... ငါ မင်းကို သတ်မယ်!... မင်း သေသင့်တယ်!”

ဝိညာဉ်နယ်မြေအထက်တွင် ကြယ်များ တောက်ပနေပြီး အဆုံးမဲ့ ကြယ်တာရာစွမ်းအားများသည် လင်းဟောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

"ကျွတ်... သူက လိမ်ဖို့ စီစဉ်နေတာလား"

ချင်လော့၏ အရှိန်သည် မလျော့ကျသွားဘဲ လင်းဟောက်၏ လှည့်စားမှုများ အပြည့်အဝ မစတင်မီ လင်းဟောက်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခိုက်မှုတစ်ခု ကျရောက်သွားခဲ့သည်။

တောက်ပနေသော ကြယ်တာရာဒိုင်းလွှားတစ်ခု လင်းဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး ချင်လော့၏ တိုက်ခိုက်မှုကို ခိုင်မာစွာ ကာကွယ်ပေးထားခဲ့၏။

‘ဘန်း!’

သို့သော် ဤတိုက်ခိုက်မှု၏ အင်အားအချို့က လင်းဟောက်အပေါ် ကျရောက်သွားပြီး သူ့ကို လွင့်စဉ်သွားစေခဲ့သည်။

ချင်လော့၏ ရည်မှန်းချက်က ရှင်းလင်းပေသည်။

ဤနေရာရှိ ကြိုးကိုင်သူမှာ ရှေ့မှ ရှန်ချင်းယန်ပင် ဖြစ်ရာ မည်သို့လုပ်၍ လှည်းရှေ့ နွားဖြုတ် လုပ်၍ရမည်နည်း။

လူကြီးကို အရင်ဖမ်း၊ ပြီးမှ လူသေးလေးတွေကို သတ်ရမည်။

"ငါ နည်းနည်း လက်လွန် သွားနိုင်တယ်... နောက်ကျရင်တော့ မင်းက အခွင့်အရေးကို အသုံးချရုံပဲ ရှိတော့မှာပါ... ဟားဟားဟား"

လင်းဟောက်က ချက်ချင်း နားလည်သွားပြီး သူ၏ မျက်လုံးများ သွေးရဲရဲနီလာကာ ချင်လော့ထံသို့ ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"ချင်လော့!... မင်း သတ္တိရှိရင် ငါ့ဆီ လာခဲ့စမ်း!”

"မင်းက မထိုက်တန်ဘူး”

ချင်လော့ စကားဆုံးသည်နှင့် သူသည် ရှန်ချင်းယန်၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချင်လော့၏ နှုတ်အားဖြင့် စော်ကားမှုကို ခံလိုက်ရသော ရှန်ချင်းယန်၏ အမူအရာမှာ လေးနက်သွားပြီး သူမထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖြူလွတ်နေသော လရောင်တစ်စင်း သူမအပေါ် ကျရောက်လာပြီး သူမကို ပို၍ လျှို့ဝှက်ဆန်းကြယ်သွားစေသည်။

‘ဖူး!’

ချင်လော့၏ ဓားတစ်ချက်က ရှန်ချင်းယန်ကို ထိုးဖောက်သွားသော်လည်း မမျှော်လင့်ဘဲ ပုံရိပ်ယောင်တစ်ခု ဖြစ်နေခဲ့သည်။

‘လရောင်မာယာ!’

ဤသည်မှာ ရှန်ချင်းယန်က အမွေအနှစ်ထဲမှ ရရှိခဲ့သော ကိုယ်ခံသိုင်းပညာရပ်တစ်ခု ဖြစ်ပြီး ချင်လော့၏ မြင်ကွင်းတွင် ပုံရိပ်ယောင် အတော်များများ ပေါ်လာခဲ့သည်။

ရှန်ချင်းယန်သည် သူမ၏ စိတ်ဆန္ဒဖြင့် မည်သည့် ပုံရိပ်ယောင်ကြားကိုမဆို လွတ်လပ်စွာ ကူးပြောင်းနိုင်စွမ်း ရှိပေသည်။

"ဒါဆိုလည်း အကုန်လုံးကို ချေမှုန်းပစ်လိုက်ရုံပေါ့”

ချင်လော့က ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ဓားချီများ ကောင်းကင်ကို ဖြတ်သန်းသွားပြီး ထိုပုံရိပ်ယောင်များဆီသို့ ဦးတည်သွားသည်။

"သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်!”

ရှန်ချင်းယန်က တိုးတိတ်စွာ ပြောဆိုလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ၌ မှောင်မည်းပြီး ထိတ်လန့်ဖွယ်ကောင်းသော ဧရာမ လှောင်အိမ်ကြီးတစ်ခု ပေါ်လာကာ မရေမတွက်နိုင်သော နတ်ဆိုးခေါင်းများ၏ ဟိန်းဟောက်သံများနှင့် မျှော်လင့်ချက်မဲ့ အသံများ ထွက်ပေါ်လာသည့်အလားပင်။

‘ဂျောက်ဂျက်’

သံကြိုးများ တုန်ခါနေသော အသံက အထူးသဖြင့် နားကွဲမတတ် ဖြစ်နေ၏။

ဤသည်မှာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၏ အလယ်အလတ်အဆင့် မြင့်မြတ်သော လက်နက်တစ်ခု ဖြစ်ပြီး ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၏ ထူးခြားသော သိုင်းပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။

"သူ့ကို ဖိနှိပ်စမ်း!”

ရှန်ချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချင်လော့ထံသို့ ပြေးဝင်ကာ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။

"မြင့်မြတ်သော လက်နက်တစ်ခုပဲလေ... ငါ့ဆီမှာရော မရှိလို့လား"

ချင်လော့က လှောင်ပြောင်လိုက်ပြီး လူသားဧကရာဇ်အလံကို သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်နှင့် ပြင်းထန်စွာ ရင်ဆိုင်လိုက်သည်။

‘ဘန်း!’

နားကွဲမတတ် ဟိန်းဟောက်သံကြီးကြောင့် လူအများအပြား၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး မျက်နှာများ ဖြူလျော့သွားကြသည်။

လူသားဧကရာဇ်အလံသည် မြင့်မြတ်သော လက်နက်တစ်ခုနှင့် တိုက်ရိုက် ရင်ဆိုင်နိုင်ခြင်း မရှိသော်လည်း ယင်းက အဆင့်မြင့် ဧကရာဇ်လက်နက်တစ်ဝက်အဆင့် ဖြစ်ပေသည်။

လူသားဧကရာဇ်အလံ၏ သွေးများက သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်ကို စွန်းထင်းသွားစေပြီး သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်ကြီး ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

နာကျင်စွာ အော်ဟစ်နေသော အသံများက သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင် အတွင်းမှ ထွက်ပေါ်လာခဲ့၏။

"ဧကရာဇ်... ဒါက ဧကရာဇ်ရဲ့ သွေးပဲ!... ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ငါ့ကို အပြင်မထွက်ခိုင်းဘူး... တကယ်လို့ ငါသာ အပြင်ထွက်သွားရင် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက မိန်းမတွေ အကုန်လုံးကို ငါ့ရဲ့ ကျွန်မတွေ ဖြစ်အောင် လုပ်ပစ်မယ်... နှစ်တစ်သောင်းလောက် အသုံးချပစ်မယ်!... နှစ်တစ်သောင်း!"

"ဟင်"

ချင်လော့ အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်သည်။

"ဒီအထဲမှာ ပစ္စည်းကောင်းတစ်ခုခု ရှိနေတာလား"

"ငါ အဲဒါကို လိုချင်တယ်"

ချင်လော့က ရှေ့သို့ ဆက်တိုးသွားပြီး လူသားဧကရာဇ်အလံကို အပြည့်အဝ ဖြန့်ကြက်ကာ သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်ကို လွှမ်းခြုံလိုက်သည်။

ချင်လော့က သူမ၏ မြင့်မြတ်သော လက်နက်ကို လုယူရန် ကြိုးစားနေကြောင်း ရှန်ချင်းယန် သတိပြုမိသွားပြီး အော်ဟစ်လိုက်သည်။

"ချင်လော့... မင်း သေချင်နေတာပဲ!"

‘ရုပ်တစ်သောင်းကောင်းကင်ဆွဲငင်ခြင်း!’

‘ဝုန်း!’

ကောင်းကင်နှင့် မြေကြီး၏ အရောင်များ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များသည် ရှန်ချင်းယန်ထံသို့ စုစည်းလာခဲ့သည်။

အမှန်ပင်၊ ချင်လော့ တွေးခဲ့သည်မှာ မှန်ကန်ပေသည်။

ရှန်ချင်းယန်သည် အကြီးဆုံးကြိုးကိုင်သူပင် ဖြစ်သည်။

သူမ၏ ကျင့်ကြံမှုမှာ သိပ်မမြင့်မားသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းအားက ပိုမိုအားကောင်းပြီး ယခင် ချန်ရီထက်ပင် အချို့ကိစ္စများတွင် ပို၍ပင် သာလွန်ပေသည်။

သေချာပေါက် ချန်ရီသည် အပြည့်အဝ နိုးထလာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

အကယ်၍ အပြည့်အဝ နိုးထလာပါက မည်သူက ပိုသန်မာသည် သို့မဟုတ် အားနည်းသည်ကို မသိနိုင်သေးချေ။

‘ရုပ်တစ်သောင်းအရိပ်သတ်အစီအရင်!’

‘ဝုန်း!’

ဧရာမ အစီအရင်ပုံစံကြီးတစ်ခုက ချင်လော့ထံသို့ လွှမ်းခြုံလာခဲ့သည်။

မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာပြီး သူတို့၏ စွမ်းရည်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ ချင်လော့ကို တိုက်ခိုက်လာကြသည်။

မည်သူမျှ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည် လျှို့ဝှက်ပညာရပ်မျိုးကို မမြင်ဖူးကြချေ။

သို့သော် ချင်လော့ကိုမူ ကြီးမားသော ပြဿနာတစ်စုံတစ်ရာ မပေးနိုင်ခဲ့ပေ။

ထိုအချိန်မှာပင် ချီလင်နန်းတော်၏ မျက်စိကျိန်းမတတ် တောက်ပသော အနီရောင်အလင်းတန်းထဲတွင် ကြွယ်ဝသော သက်စောင့်စွမ်းအင်များ ပါဝင်လာခဲ့သည်။

ချီလင်နန်းတော် ပွင့်သွားပြီ ဖြစ်သည်။

"မင်းတို့နဲ့ ဆက်မကစားတော့ဘူး"

ချင်လော့က လူသားဧကရာဇ်အလံကို အသုံးပြု၍ ရှန်ချင်းယန်နှင့် သရုပ်တစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင်ကြားရှိ ဆက်သွယ်မှုကို အတင်းအကျပ် ဖြတ်တောက်လိုက်သည်။

သူက ခုန်ထွက်လိုက်ပြီး ချီလင်နန်းတော် ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေ၏။

ချီလင်အဆီအနှစ်သွေးသည် သူ့အတွက် အရေးကြီးပေသည်။

ထိုသွေးသည် သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ် တတိယမြောက် အဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိမရှိအတွက် သော့ချက်ပင် ဖြစ်သည်။

အခြားသူများ၏ အကြည့်များကလည်း ချီလင်နန်းတော် ရှိရာဘက်သို့ ရောက်ရှိသွားပြီး တစ်ယောက်ချင်းစီတိုင်းက တုံ့ဆိုင်းမနေဘဲ ချီလင်နန်းတော်ဆီသို့ အပြေးအလွှား သွားကြတော့သည်။

လက်ဖက်ရည် သောက်သုံးမည့် ကိစ္စကိုမူ သူတို့ လုံးဝ မေ့သွားကြပြီ ဖြစ်သည်။

လက်ဖက်ပင်အောက်တွင် ဝတုတ်တုတ်နှင့် ပိန်ပိန်ပါးပါး လူနှစ်ဦးက သစ်ပင်ပေါ်ရှိ လက်ဖက်ရွက်များကို လောဘတကြီး အမူအရာများဖြင့် ကြည့်နေကြသည်။

"ညီလေး... ငါတို့တော့ ချမ်းသာပြီ ဉာဏ်အလင်းပွင့်လက်ဖက်ရည်က ငါတို့အတွက်ပဲ"

"ဝန်ခံရမယ်... သူတို့အားလုံးက အရူးတွေပဲ... ချီလင်နန်းတော်က ပစ္စည်းတွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ နောက်ဆုံးမှာ လူဘယ်နှစ်ယောက်က တကယ် ရမှာလဲ"

"ဒီကိုလာပြီး ဉာဏ်အလင်းပွင့်လက်ဖက်ရွက်တွေကို လာယူတာကမှ ပိုကောင်းဦးမယ်... တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်၊ ငါးရွက်၊ ဆယ့်သုံးရွက်... တောက်... ငါတော့ ချမ်းသာပြီ! ချမ်းသာပြီ!”

ထိုနှစ်ဦး လှုပ်ရှားတော့မည့်ဆဲဆဲတွင် လက်ခုပ်တီးသံကို ကြားလိုက်ရသည်။

‘ဖြောင်း! ဖြောင်း! ဖြောင်း!’

"မှန်တယ်၊ မှန်တယ်... မင်းတို့ပြောတာ လုံးဝ မှန်တယ်... ချီလင်နန်းတော်က ပစ္စည်းတွေက ဘယ်လောက်ပဲ ကောင်းကောင်း လုယူနိုင်မယ်လို့ အာမမခံနိုင်ဘူး... ဒါပေမဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ရွက်တွေကတော့ မတူဘူးလေ... ငါ အကုန်လုံးကို ယူလို့ရတယ်... မင်းတို့ ဘယ်လိုထင်လဲ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ဦး သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

လုံးဝ သူစိမ်းဖြစ်ပြီး သူတို့က ဤလူကို မသိကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ချွင်းချက်မရှိ သတိထားရမည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"မင်းက ဘယ်သူလဲ... ငါတို့ ညီအစ်ကိုတွေဆီကနေ ပစ္စည်း လာလုရဲတယ်ပေါ့... ငါတို့က ရွှမ်မင်မြင့်မြတ်နယ်မြေက ရွှမ်မင်သားတော်နှစ်ပါး ဆိုတာ မင်း သိလား"

ရွှမ်မင်မြင့်မြတ်နယ်မြေတွင် သူတော်စင်သားတော်နှစ်ပါး ရှိပြီး ရွှမ်မင်အမြွှာများဟု လူသိများသည်။

ဝတုတ်တုတ်နှင့် ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့် အရပ်ပုပု၊ ထိုနှစ်ဦးသည် သူတော်စင်သားတော်များကြားတွင် အောက်ခြေ၌ ရှိသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ထိုနှစ်ဦးမှာ ခွဲမရနိုင်လောက်အောင် ရင်းနှီးကြပြီး အကယ်၍ သူတို့ အတူတကွ တိုက်ခိုက်ပါက ထိပ်တန်း အံ့မခန်းပါရမီရှင် စာရင်းဝင် သူတော်စင်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။

"မင်းတို့က ဒုတိယသားတော်ပဲဖြစ်ဖြစ်၊ သားတော်နှစ်ပါးပဲဖြစ်ဖြစ်၊ ဒီနေ့ ဒီဉာဏ်အလင်းပွင့်လက်ဖက်ရည်ကို ငါ ယူမယ်”

ထိုလူက ပြုံးလိုက်သည်။

"ဒီဉာဏ်အလင်းပွင့်လက်ဖက်ပင်ကိုလည်း ငါ ယူမယ်”

‘ဝုန်း!’

ထိုလူက ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ သူ၏အနောက်တွင် ဧရာမ အနက်ရောင် နတ်ဆိုးအရိပ်ကြီးတစ်ခု ပေါ်လာပြီး သူတို့နှစ်ဦးအပေါ် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့သည်။

"မင်းတို့ကို အသက်သုံးခါရှူဖို့ အချိန်ပေးမယ်... ချက်ချင်း ထွက်သွား... မဟုတ်ရင် မင်းတို့ကို လိုက်ပို့ပေးရတာ ငါ စိတ်မဆိုးဘူး”

"မင်းက ဘယ်သူလဲ"

ဝတုတ်တုတ် လူငယ်က လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

ထိုလူက အေးစက်သော အပြုံးဖြင့် ပြောဆိုလိုက်၏။

"လီရှောင်"

ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရချိန်၌ ဝတုတ်တုတ် လူငယ်၏ မျက်နှာပေါ်ရှိ အဆီများ တုန်ယင်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

"မင်းက မဟာနတ်ဆိုးဂိုဏ်းက နတ်ဆိုးသားတော် လီရှောင်လား"

သူက ချက်ချင်း နောက်ဆုတ်သွားသည်။

"ဆက်လုပ်ပါ... ဒါက မင်းအတွက်ပဲ... ငါတို့ ညီအစ်ကိုတွေ ဆုတ်ခွာလိုက်မယ်”

သူက သူ၏ အဖော်ကို ဆွဲခေါ်ကာ တမုဟုတ်ချင်း ပြေးထွက်သွားပြီး ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိတော့ချေ။

လီရှောင်က လှောင်ပြောင်လိုက်ပြီး ထိုနှစ်ဦးကို လိုက်ဖမ်းရန်ပင် အထင်သေးကာ ဤဉာဏ်အလင်းပွင့်လက်ဖက်ပင်နားသို့ လျှောက်သွားပြီး လက်ဖက်ရွက် အားလုံးကို ခြွေယူလိုက်သည်။

ထို့နောက် သူ၏လက်ထဲတွင် ဧရာမ ပုဆိန်ကြီးတစ်ခု ပေါ်လာပြီး လက်ဖက်ပင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေ၏။

"မင်းကို သောက်ခိုင်းလိုက်မယ်!”

"ငါ့ကို သောက်ခွင့်မပေးဘူးပေါ့!... ဟားဟား!"

"ဒါဆို နောက်တစ်ခါ ဘယ်သူမှ သောက်ဖို့ မစဉ်းစားနဲ့တော့!”

All Chapters