← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) သွေးကြောနိုးထလာခြင်းနှင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားမ

ချန်ရီ၏ ခြေလက်လေးဖက်စလုံးသည် ချီလင်အသွင်သို့ ပြောင်းလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပေ၏။

ခြေလက်လေးဖက်စလုံး စတင်ကြီးထွားလာခဲ့သည်။

[ကံကြမ္မာသားတော်၏ သွေးကြောများ စတင်နိုးထလာပါပြီ]

[အမည် - ချန်ရီ]

[အသက် - ၃၀]

[ကံကြမ္မာအဆင့် - တတိယအဆင့်]

[ကံကြမ္မာတန်ဖိုး - ၁၃၈၀၀၀ မှတ် + ၁၀၀၀၀ + ၃၀၀၀၀ +...]

[ကံကြမ္မာအခြေအနေ မြှင့်တင်နေပါသည်]

[ခန္ဓာကိုယ် - ချီလင်သွေးကြော (အစောပိုင်း နိုးထခြင်း)]

[ကျင့်ကြံမှု - လိုဏ်ဂူကောင်းကင်အဆင့် ၈ ]

[ပြန်လည်မတည်ဆောက်မီ ဖျက်ဆီးခြင်း၊ ကျင့်ကြံမှုသည် ဆန့်ကျင်ဘက်သို့ တိုးတက်နေပါသည်]

"ဟင်"

ချင်လော့သည် ဤအရာကို မြင်ချိန်တွင် တစ်ခဏမျှ တွန့်ဆုတ်သွားပြီး ရပ်တန့်လိုက်ပေ၏။

ဤအခိုက်အတန့်တွင် အခြားသူများသည် ချင်လော့၏ အနီးသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

"ချင်လော့ သွားသေလိုက်စမ်း!"

ရှန်ချင်းယန်၏ လက်ထဲတွင် သူတော်စင်ရတနာ ဓားတစ်လက် ပေါ်လာပြီး အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

"ညီမလေးရှန် ငါကူညီပေးမယ်"

လုယွင်ဖေးသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိဘဲ လေးကိုဆွဲကာ မြားကိုတပ်၍ ချင်လော့ထံသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်ပေ၏။

"သတ်!"

အခြားသော မြင့်မြတ်နယ်မြေမှ သူတော်စင်သားတော် အနည်းငယ်ကလည်း ပြင်းထန်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။

"မင်းတို့က သေချင်နေမှတော့ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

ချင်လော့က ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။

ကံကြမ္မာသားတော်မှလွဲ၍ ကျန်သူများမှာ အမှိုက်များသာ ဖြစ်ပေ၏။

ချန်ရီကဲ့သို့သော ကံကြမ္မာသားတော်ကို ကြီးပြင်းလာအောင် မွေးမြူထားပြီးမှ နောက်ပိုင်းတွင် သတ်ဖြတ်ရန် ချင်လော့က ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူ့ကိုယ်သူ သေချာပေါက် အထင်ကြီးနေသော ပထမ သူတော်စင်ဆိုသူမှာလည်း ချင်လော့၏ ဓားတစ်ချက်ကိုပင် မခံနိုင်ဘဲ တစ်ချက်တည်းဖြင့် အဆုံးသတ်သွားခဲ့ရပေ၏။

ချင်လော့သည် ကံကြမ္မာတန်ဖိုးများ ရယူလိုသဖြင့် ချန်ရီကို နိုးထခွင့်ပေးထားလိုသော်လည်း အချို့လူများကမူ ထိုသို့မလိုလားကြချေ။

လီရှောင်က ဤအရေးကြီးသော အခိုက်အတန့်တွင် လှုပ်ရှားလိုက်ပြီး သူ၏ ဧရာမပုဆိန်ဖြင့် ချန်ရီထံသို့ ခုတ်ချလိုက်သည်။

"ချန်ရီ… ဒီနေ့ မင်းသေရမယ်!"

သူ၏ပုဆိန် မကျရောက်မီမှာပင် ချန်ရီ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မြေပြင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သားရဲလက်သည်းကြီးတစ်ခု ထွက်ပေါ်လာပြီး လီရှောင်အား ပြင်းထန်စွာ ရိုက်ချလိုက်ပေ၏။

ပြင်းထန်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာကာ လီရှောင်မှာ လက်ဝါးတစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့ရသည်။

"ဝါး... ဧရာမ သားရဲလက်သည်းကြီးပါလား"

လူဝကြီး၏ ပါးစပ်ထောင့်မှ တံတွေးများ ချက်ချင်း ကျဆင်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ချီလင်နန်းတော် တစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်လာတော့သည်။

"ဒီချီလင်နန်းတော် အောက်မှာ ချုပ်နှောင်ထားတဲ့ ကြောက်မက်ဖွယ် သားရဲနတ်ဆိုး ရှိနေတာများလား"

ချင်လော့၏ စိတ်ထဲတွင် ထိုအတွေး ဖြတ်ပြေးသွားခဲ့၏။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် သူ သတ်ဖြတ်ရပေမည်။

လေကိုခွင်းသည့်အသံနှင့်အတူ ဓားတစ်လက်က ရင်ဘတ်ကို ထိုးဖောက်သွားပြီး နောက်ထပ် သူတော်စင်သားတော်တစ်ဦး အသတ်ခံလိုက်ရပြန်သည်။

နောက်ထပ် ဓားခုတ်ချက်တစ်ခုက ပြိုင်ဘက်၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့ရာ ယခုတစ်ကြိမ်တွင် အတော်လေး လှပသော သူတော်စင်မလေးတစ်ဦး ဖြစ်ပေ၏။

ထိုအမျိုးသမီး၏ အသက်ရှင်လိုသော မျက်လုံးများက ချင်လော့ကို သနားကြင်နာမှု လုံးဝ မဖြစ်ပေါ်စေခဲ့ချေ။

"ချင်လော့ သွားသေလိုက်စမ်း!"

"ဖိနှိပ်စမ်း!"

ရှန်ချင်းယန်သည် ဧရာမ ကြေးဝါတံဆိပ်တုံးကြီးကို ကိုင်ဆောင်ကာ ချင်လော့ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

'ဖိနှိပ်' ဆိုသော စာလုံးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကာ ချင်လော့၏ ပတ်ဝန်းကျင်ရှိ လွတ်မြောက်နိုင်သော နေရာအားလုံးကို ပိတ်ဆို့ရန် ကြိုးစားလိုက်ပေ၏။

ဤအခိုက်အတန့်တွင် လုယွင်ဖေးကလည်း မြားသုံးစင်းကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ရာ ပစ်မှတ်မှာ ချင်လော့၏ ဦးခေါင်း၊ နှလုံးနှင့် အောက်ပိုင်းနေရာတို့ ဖြစ်ပေသည်။

ဤကောင်က အတော်လေး ရွံရှာဖွယ်ကောင်းသည်ဟု ဆိုရပေမည်။

ချင်လော့က ဓားတစ်ချက်ဖြင့် ရှေ့မှမြားကို ကာကွယ်လိုက်ပြီး နတ်ဆိုးမီးတောက် နဂါးအကြေးခွံများက အောက်ပိုင်းအပါအဝင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

မြားနှစ်စင်းက သူ့ကို ထိမှန်သွားသော်လည်း မည်သည့် လှုပ်ခတ်မှုမျှ မဖြစ်ပေါ်ခဲ့ချေ။

သူ၏ အဓိကပစ်မှတ်မှာ ရှန်ချင်းယန်ပင် ဖြစ်၏။

"မင်းက ဒီလောက် အစွမ်းနဲ့ ငါ့ကို တားချင်နေသေးတာလား!"

ချင်လော့က မဟာလိုဏ်ဂူကောင်းကင်ဆယ်ခုကို အပြည့်အဝ လည်ပတ်စေပြီး ရှန်ချင်းယန်၏ တိုက်ခိုက်မှုကို မရှောင်မတိမ်း ရင်ဆိုင်လိုက်၏။

ကြေးဝါတံဆိပ်တုံးကြီး တုန်ခါသွားပြီး ရှန်ချင်းယန်သည် ချင်လော့၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရကာ လွင့်စင်သွားခဲ့ပေ၏။

ချင်လော့သည် ရရှိလာသော အခွင့်အရေးကို အလွတ်မပေးဘဲ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ ရှန်ချင်းယန်၏ ရင်ဘတ်ဆီသို့ ဓားဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။

ထိုမြင်ကွင်းမှာ တောင်ထိပ်ပေါ်သို့ မိုးကြိုးလွှဲတိုင်တစ်ခု ရိုက်ချလိုက်သည့်အလားပင်။

နားကွဲမတတ် ပြင်းထန်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ရှန်ချင်းယန်၏ ခန္ဓာကိုယ်ပေါ်တွင် သံချပ်ကာတစ်ထည် ရှိနေသောကြောင့် ချင်လော့၏ ဓားချက်မှာ သူမ၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ချေ။

သို့သော် ထိုကြောက်မက်ဖွယ် ရိုက်ခတ်မှုအရှိန်ကြောင့် ရှန်ချင်းယန်သည် သွေးများ အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့၏။

"ဖူး!"

လတ်ဆတ်သော သွေးများ အန်ထုတ်လိုက်ရပြီးနောက် ရှန်ချင်းယန်၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာခဲ့သည်။

‘လရောင်နတ်ဘုရား ဆင်းသက်ခြင်း!’

တောက်ပသော လရောင်အောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ရှန်ချင်းယန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူမ၏ အငွေ့အသက်က ချက်ချင်း ပြောင်းလဲသွားပြီး လုံးဝ အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ကျင့်ကြံမှုကလည်း စတင်မြင့်တက်လာခဲ့၏။

လိုဏ်ဂူကောင်းကင်အဆင့် ၄..၅..၆..၇..၈..၉

ဝိညာဉ်နယ်မြေ ကန့်သတ်ချက်၏ အထွတ်အထိပ်ဖြစ်သော လိုဏ်ဂူကောင်းကင်အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။

ရှန်ချင်းယန်က သူမ၏ရှေ့ရှိ ချင်လော့ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

"မင်းက သေသင့်တယ်!"

အလင်းတန်းတစ်ခုကဲ့သို့သော လက်ဝါးရိုက်ချက်က ချင်လော့ထံသို့ ဝင်ရောက်လာရာ ချင်လော့ပင် ဖိအားတစ်ရပ်ကို ခံစားလိုက်ရပေသည်။

"ဒီလိုမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပေါ့... ခုနကဟာတွေက အမြည်းပဲ ရှိသေးတာ"

"ဝါးမြိုလိုက်စမ်း!"

ချင်လော့က စိတ်ထဲမှ အော်ဟစ်လိုက်သည်။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ် ရူးသွပ်စွာ လည်ပတ်သွားပြီး သူတော်စင် မူလအဆီအနှစ်များကို ဝါးမြိုလိုက်ရာ ယခင်က အပြည့်အဝ မဝါးမြိုရသေးသော သူတော်စင် မူလအဆီအနှစ်များနှင့် ပေါင်းစပ်သွားသဖြင့် ယခုတစ်ကြိမ်တွင် ချင်လော့၏ စွမ်းအားက မယုံနိုင်လောက်အောင် အားကောင်းလာခဲ့ပေ၏။

မဟာလိုဏ်ဂူကောင်းကင်ဆယ်ခု လည်ပတ်သွားပြီး ချင်လော့က ဓားဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"နတ်ဘုရားမလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေတဲ့ ကောင်မ... ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း!"

နိမိတ်လေးပါးပေါင်းစည်းခြင်း၏ အစွမ်းက သာမန်သူတော်စင်များထက် များစွာ သာလွန်နေရာ ရှန်ချင်းယန်၏ အေးစက်သော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်အချို့ ပေါ်လာခဲ့သည်။

အလင်းတန်း လက်ဝါးရိုက်ချက်ကို ချင်လော့၏ ဓားတစ်ချက်က ဖြတ်တောက်သွားပြီး ဓားစွမ်းအင်က အရှိန်မလျော့ဘဲ ရှန်ချင်းယန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။

ပြင်းထန်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့သည်။

သူမက စွမ်းအားအပြည့် ထုတ်လွှတ်ကာ သူတော်စင်ရတနာကို အသုံးပြုခဲ့သော်လည်း မတားဆီးနိုင်ခဲ့ချေ။

"ဖူး!"

လတ်ဆတ်သော သွေးများ အန်ထုတ်လိုက်ရပြီး ရှန်ချင်းယန်မှာ နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားတော့သည်။

[လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ရှန်ချင်းယန်၏ ကံကြမ္မာကို ထိခိုက်စေပြီး ကံကြမ္မာတန်ဖိုး ၅၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်မှတ် ၅၀၀၀၀ မှတ် ရရှိပါသည်]

"တစ်ဖက်လူက ငါ့ကို အကဲဖြတ်မှု အဆိုးပေးထားတာလား"

ချင်လော့က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားသည်။

ရန်သူ အားနည်းနေချိန်တွင် အပြတ်ရှင်းရမည် ဖြစ်၏။

"မလုပ်နဲ့!"

ချင်လော့၏ တိုက်ခိုက်မှုကြောင့် ရှန်ချင်းယန် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်ချိန်တွင် ဖိနပ်ရက်သူ လင်းဟောက်မှာ နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ချေ။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကျွမ်းရှီစန်းကို အတင်းအကျပ် တွန်းဖယ်ကာ ရှန်ချင်းယန် ရှိရာဘက်သို့ ပြေးဝင်သွားသည်။

ကောင်းကင်ကြယ်တာရာ ခန္ဓာကိုယ်က ရူးသွပ်စွာ လည်ပတ်နေပြီး တောက်ပသော ကြယ်တစ်ပွင့်ကဲ့သို့ ဖြစ်နေပေ၏။

နောက်သို့ လွင့်စင်သွားသော ရှန်ချင်းယန်သည် လင်းဟောက်၏ ကောင်းကင်ကြယ်တာရာ ခန္ဓာကိုယ်ကို မြင်ချိန်တွင် သူမ၏ စိတ်ထဲ၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ဘဲ ပြောဆိုလိုက်သည်။

"ဒါဆိုလည်း သူ့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ မင်း ငါ့ကို ကူညီပေးလိုက်ပါ"

လရောင်စွမ်းအင်များက လင်းဟောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရာ လင်းဟောက်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များ ပိုမိုတောက်ပလာပြီး ကြယ်တာရာစွမ်းအင်များ ပိုမိုအားကောင်းလာခဲ့သည်။

သို့သော် ချင်လော့၏ ဓားက လင်းဟောက်၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားခဲ့ပေ၏။

"ကျွတ် ကျွတ် ကျွတ်... ဖိနပ်ရက်တဲ့သူက အဆုံးမှာတော့ ဘာမှမရဘဲ အဆုံးသတ်သွားတာပဲ... မင်း တစ်ခါမှ မပိုင်ဆိုင်ဖူးတဲ့ မိန်းမတစ်ယောက်အတွက် တန်ရဲ့လား... သူမက နောက်ပိုင်းကျရင် တခြားယောကျာ်းတွေနဲ့ နေမှာလေ... သူမ နှစ်သက်တဲ့ အရာတွေကို လုပ်နေတဲ့ အချိန်မှာ ငါ့ဓားအောက်မှာ သူမအတွက် အသက်စွန့်ခဲ့တဲ့ ဖိနပ်ရက်သမားကို သတိရမယ်လို့ မင်း ထင်နေတာလား"

လူသတ်ရုံသာမက စိတ်ကိုပါ နှိပ်စက်လိုက်ခြင်းဖြစ်ရာ ရင်ဘတ်ကို ဖောက်ဝင်ခံရသော လင်းဟောက်မှာ ယခင်က နာကျင်မှုကို သိပ်မခံစားခဲ့ရသော်လည်း ယခုအခါတွင်မူ သည်းမခံနိုင်လောက်အောင် နာကျင်နေခဲ့သည်။

"ချင်လော့ မင်း ငါနဲ့အတူ သေရမယ်"

လင်းဟောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်ဆင်လိုက်သည်။

"မင်းရဲ့အသက်က ငါ့အသက်လောက် တန်ဖိုးမရှိပါဘူး"

ချင်လော့က သူ့ကို ကန်ထုတ်လိုက်ပြီး အရှိန်ဖြင့် နောက်သို့ လွင့်စင်သွားစေခဲ့ရာ ပစ်မှတ်မှာ လုယွင်ဖေးပင် ဖြစ်ပေ၏။

ကံကြမ္မာသားတော် တစ်ယောက်ကိုမျှ အသက်ရှင်ခွင့် မပေးနိုင်ချေ။

[လင်းဟောက်၏ နှလုံးဖောက်ထွင်းခံရပြီး သေလုမျောပါး ဖြစ်နေပါသည်၊ ကံကြမ္မာတန်ဖိုး ၁၀၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်အမှတ် ၁၀၀၀၀၀ မှတ် ရရှိပါသည်]

"ဟင်... မသေသေးဘူးလား... တကယ်ပဲ ကံကြမ္မာသားတော်ဆိုတဲ့အတိုင်း အသက်ပြင်းတာပဲ"

ချင်လော့က အံ့ဩစွာ ရေရွတ်လိုက်သည်။

ရှန်ချင်းယန်သည် လရောင်စွမ်းအင်များကို လင်းဟောက်၏ ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် ထည့်သွင်းပေးကာ သူ၏ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်၍ တည်ငြိမ်အောင် ထိန်းထားပေးခဲ့သည်။

ချင်လော့ ပြေးဝင်လာသည်ကို မြင်ချိန်တွင် လုယွင်ဖေးမှာ လုံးဝ ထိတ်လန့်သွားခဲ့သည်။

သူတို့အားလုံး ပေါင်းလျှင်ပင် ချင်လော့တစ်ယောက်တည်းကို မယှဉ်နိုင်ရာ သူက မည်သို့ ယှဉ်နိုင်မည်နည်း။

ကမောက်ကမ အခြေအနေတွင် လုယွင်ဖေးက ဗလုံးဗထွေး ပြောဆိုလိုက်သည်။

"ချင်လော့ ငါ့ကို ထိရဲရင် ရှန်ဝမ်နင် ဒုက္ခရောက်လိမ့်မယ်"

ချင်လော့က တကယ်ပင် ရပ်တန့်သွားခဲ့ပြီး ထိုအခိုက်အတန့်လေးတွင် သားရဲနတ်ဆိုးမှာ ပင်ပန်းနွမ်းနယ်မှုမှ လွတ်မြောက်သွားခဲ့ပေ၏။

'ဝုန်း!'

ကောင်းကင်နှင့် မြေကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီး ချင်လော့၏ ကိုယ်ဟန်မှာလည်း အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားတော့သည်။

All Chapters