← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) တစ်ကြိမ် တိုက်ခိုက်ပြီးနောက် ချန်ရီ၏ အခြေအနေ

မင်ရည်ကဲ့သို့ နက်မှောင်သော အမည်းရောင်စွမ်းအင်များသည် ဝိညာဉ်အာရုံများကို ချိတ်ပိတ်ထားသဖြင့် လူတိုင်း၏ အာရုံခံနိုင်စွမ်းမှာ ကန့်သတ်ခံထားရ၏။ သို့သော် ခဏအကြာတွင် သူတို့၏ အမြင်များမှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့သည်။

ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီးတစ်ကောင် လေထဲတွင် ရပ်တန့်နေခြင်းကြောင့်ပင်။

၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှ လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ်အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် အခိုက်အတန့်တွင် လူအများစုမှာ ဦးခေါင်းများ ကွဲထွက်သွားမတတ် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပေ၏။

လေထဲမှ လူများ ဆက်တိုက် ပြုတ်ကျလာခဲ့သည်။

လေကိုခွင်းသည့်အသံ ထွက်ပေါ်လာပြီး ချင်လော့နှင့် မလှမ်းမကမ်းတွင် ဧရာမ သားရဲလက်သည်းကြီးတစ်ခု ပေါ်လာကာ လှပသော အမျိုးသမီးတစ်ဦးကို ဖမ်းဆုပ်လိုက်သည်။

"ငါ့ကို ကယ်ပါ! ငါ မင်းရဲ့ မိန်းမ လုပ်ပါ့မယ်!"

ထိုအမျိုးသမီးက ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ခွန်အားကို ခံစားလိုက်ရပြီး ချင်လော့ ရှိရာဘက်သို့ အော်ဟစ်လိုက်ပေ၏။

နောက်တစ်စက္ကန့်တွင် ‘ဖူး’ခနဲမြည်သံနှင့်အတူ ဧရာမ လက်သည်းကြီးက တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ ထိုအမျိုးသမီးမှာ အသားစိုင်များအဖြစ် ကြေမွသွားတော့သည်။

"ကျွတ် ကျွတ် ကျွတ်... နှမြောစရာပဲ"

ချင်လော့က ထိုသူတော်စင်မလေးကို မှတ်မိသည်။ အဝေးတစ်နေရာအထိ နာမည်ကြီးသော ပါရမီရှင်တစ်ဦးဖြစ်ကာ ယခင်က ထိုက်ရွှီမြင့်မြတ်နယ်မြေရှိ လူတိုင်းက ဖားယားခဲ့ရသောသူ ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် ထိုဧရာမ သားရဲကြီးတွင် အလှအပကို ခံစားတတ်သည့် စိတ်မရှိချေ။

"ဟားဟားဟား!... သေလိုက်ကြ!... မင်းတို့အားလုံး သေလိုက်ကြ!"

ချန်ရီက အရူးတစ်ယောက်ကဲ့သို့ ရယ်မောကာ ပြောဆိုလိုက်သည်။

ဤဧရာမ သားရဲကြီးသည် ချီလင်နန်းတော် အောက်တွင် ချုပ်နှောင်ခံထားရသော သားရဲနတ်ဆိုးဖြစ်ပြီး ယခုအခါ လွတ်မြောက်လာပြီဖြစ်ရာ ဤနေရာရှိ မည်သူကမျှ ထိုသားရဲကြီး၏ ပြိုင်ဘက် မဟုတ်ကြတော့ချေ။

သားရဲကြီး၏ တိုက်ခိုက်မှုတိုင်းက ဤနေရာဟင်းလင်းပြင် ခံနိုင်ရည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီး ထိုသားရဲ၏၏ စွမ်းအားက သူတော်စင်တစ်ပိုင်း ကန့်သတ်ချက်အထိ ရောက်ရှိနေပေ၏။

ဧရာမ လက်ဝါးကြီးက ချင်လော့ထံသို့ ရောက်ရှိလာသည်။

ချင်လော့က လက်သီးတစ်ချက်ဖြင့် ရင်ဆိုင်လိုက်ရာ ပြင်းထန်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီး သူ နောက်သို့ လွင့်စင်သွားခဲ့သည်။

"အေး... တော်တော် ကြမ်းတာပဲ... ဒါဆိုလည်း မင်းတို့ဘာသာ ဆော့ကြတော့... ငါအရင် သွားပြီ"

လေကိုခွင်းသည့်အသံနှင့်အတူ ချင်လော့သည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး ပွဲကြည့်ရန် ပုန်းအောင်းနေလိုက်သည်။

ချန်ရီက ဤသားရဲကြီးကို လွှတ်ပေးရဲမှတော့ ထိန်းချုပ်ရန် နည်းလမ်း ရှိရမည်ဟု သူ ထင်မြင်ထားသည်။

ဂုဏ်သိက္ခာရှိသော ကံကြမ္မာသားတော်သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေသည့် အခြေအနေမျိုးသို့ မရောက်သေးသရွေ့ အခြားသူများနှင့်အတူ သေမည့်လမ်းကို မည်သို့ ရွေးချယ်မည်နည်း။

သူက ခွင့်ပြုလျှင်ပင် ကောင်းကင်တာအိုက ခွင့်ပြုမည် မဟုတ်ချေ။

ဤသားရဲနတ်ဆိုးကြောင့် လူအများအပြား သဘာဝမကျဘဲ သေဆုံးသွားခဲ့ရပြီး လီရှောင်မှာလည်း ရင်ဆိုင်ရသည်မှာ အတော်လေး ပင်ပန်းနေခဲ့သည်။

နောက်ဆုံးတွင် ဤအရေးကြီးသော အခိုက်အတန့်၌ ချင်လော့က ချန်ရီ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။

ဤအခိုက်အတန့်တွင် ချန်ရီ၏ ကံကြမ္မာတန်ဖိုးမှာ အတော်လေး မြင့်မားသောအဆင့်သို့ ရောက်ရှိနေပေပြီ။

[အမည် - ချန်ရီ]

[ကံကြမ္မာအဆင့် - စတုတ္ထအဆင့်]

[ကံကြမ္မာတန်ဖိုး - ၄၈၀၀၀၀ မှတ်]

ချန်ရီက ခုန်တက်ကာ သားရဲနတ်ဆိုးထံသို့ ပြေးဝင်သွားပြီး သူ၏ ချီလင်လက်မောင်းဖြင့် သားရဲနတ်ဆိုး၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးဝင်သွားခဲ့သည်။

"လခွမ်း! အစားအစာက ပါးစပ်ထဲကို သူ့ဘာသာ ဝင်သွားတာလား"

"အဆင့်မြင့် အစားအစာတွေကို အထူးခြားဆုံး နည်းလမ်းနဲ့ စားသောက်ကြတာပဲ"

လူဝကြီးက ဤမြင်ကွင်းကို ကြည့်ရင်း တံတွေးမြိုချလိုက်သည်။

တစ်နေ့နေ့တွင် ဤကဲ့သို့သော ထိပ်တန်း အစားအစာမျိုးကို ကြုံတွေ့ရမည်ဟု သူ စိတ်ကူးယဉ်နေမိ၏။

"သူ သေပြီလား"

လီရှောင်က ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

ချန်ရီသာ အရူးမဟုတ်လျှင် မိမိကိုယ်မိမိ သေတွင်းထဲသို့ မည်သို့ ဆင်းသွားမည်နည်း။

"ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ သော့ချက်က သားရဲနတ်ဆိုးရဲ့ ပါးစပ်နဲ့ ဗိုက်ထဲမှာ ရှိနေတာများလား"

ချန်ရီသည် အထဲသို့ ဝင်ရောက်သွားပြီးနောက် တန်းတန်းမတ်မတ် ရှေ့တိုးသွားရာ အတွင်း၌ ရေပေါက်ကဲ့သို့သော သလင်းကျောက်တစ်ခုက စူးရှသော အလင်းရောင်များဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ စစ်မှန်သော နတ်သားရဲ ချီလင်၏ အမွေအနှစ်ဖြစ်ပြီး အတွင်း၌ နတ်သားရဲ ချီလင်၏ နှလုံးသား အဆီအနှစ် တစ်စက် ရှိနေပေ၏။

ချင်လော့ ရရှိခဲ့သည့်အရာမှာ ချီလင်၏ သာမန် အဆီအနှစ်သွေးမျှသာ ဖြစ်သည်။

ချန်ရီက သူ ဤချီလင် အဆီအနှစ်သွေးကို ရရှိပြီးနောက် သူ၏ ချီလင်သွေးကြောများ အပြည့်အဝ နိုးထလာမည်ဖြစ်ပြီး ထိုအချိန်တွင် သူက ဤကမ္ဘာ၏ ဇာတ်လိုက် ဖြစ်လာမည်ဟု ခံစားနေရသည်။

"သောက်ကျိုးနည်း... ငါလည်း အစွမ်းကုန် ကြိုးစားရမှာပဲ"

ချင်လော့က သားရဲနတ်ဆိုးကို ကြည့်ကာ ရူးသွပ်သော ဆုံးဖြတ်ချက်တစ်ခုကို စိတ်ထဲ၌ ချမှတ်လိုက်သည်။

"တစ်ကြိမ် တိုက်ခိုက်ပြီး သုံးနှစ်စာလောက် ချမ်းသာအောင် လုပ်မယ်... မရူးသွပ်ရင် မရှင်သန်နိုင်ဘူး"

ဝုန်းခနဲမြည်သံနှင့်အတူ သားရဲနတ်ဆိုးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး နာကျင်စွာ ဟိန်းဟောက်ကာ အထဲမှ ချန်ရီကို အတင်းအကျပ် တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

ဤအခိုက်အတန့်တွင် ချင်လော့က လှုပ်ရှားလိုက်ပြီး ခုန်တက်ကာ လေထဲသို့ ပျံသန်းသွားသည်။

လူသားဧကရာဇ်အလံကို ဆင့်ခေါ်လိုက်၏။

"ငါ့အတွက် ဖိနှိပ်စမ်း.. ဖိနှိပ်..ဖိနှိပ်"

အမည်းရောင် စွမ်းအင်များ တက်လှမ်းခြင်းနှင့်အတူ လူသားဧကရာဇ်အလံသည် ချင်လော့၏ အင်ပါယာစွမ်းအင် လှုံ့ဆော်မှုအောက်တွင် ရူးသွပ်စွာ စတင်ကြီးထွားလာပြီး ချင်လော့သည် သူ၏ မဟာလိုဏ်ဂူကောင်းကင်ဆယ်ခုအတွင်းရှိ အရင်းအမြစ် အားလုံးနီးပါးကို ရင်းနှီးမြှုပ်နှံလိုက်ပေသည်။

ဧကရာဇ်လက်နက်တစ်ဝက်အဆင့်ကို အပြည့်အဝ အသက်သွင်းရန် ချင်လော့၏ ကျင့်ကြံမှုမှာ သဘာဝကျကျ လုံလောက်မှု မရှိသကဲ့သို့ သူက အပြည့်အဝ ထုတ်လွှတ်လိုလျှင်ပင် သာမန် သူတော်စင်ရတနာများ၏ စွမ်းအားကို သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် မယှဉ်နိုင်ချေ။

ထို့ကြောင့် သူက အရင်းအမြစ်များကိုသာ အသုံးပြု၍ စုဆောင်းရမည် ဖြစ်သည်။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ် လည်ပတ်သွားပြီး အရင်းအမြစ် အားလုံးကို စားသုံးကာ ပြန်လည်ထုတ်လွှတ်လိုက်ရာ ချင်လော့၏ ခန္ဓာကိုယ်မှာ ကြားခံစခန်းတစ်ခု ဖြစ်လာခဲ့သည်။

'ဝုန်း!' 'ဝုန်း!' 'ဝုန်း!'

သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မြည်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကလည်း ရူးသွပ်စွာ လည်ပတ်နေပေ၏။

လူသားဧကရာဇ်အလံ၏ ဝင်ပေါက်မှာ ကြီးမားလာပြီး သူ၏ရှေ့ရှိ ဧရာမ သားရဲနတ်ဆိုး၏ ဦးခေါင်းကို ဝါးမြိုနိုင်လောက်အောင် ကြီးမားနေပြီဖြစ်သည်။

"မလုံလောက်သေးဘူး... ဆက်လုပ်စမ်း!"

ချင်လော့က ဟိန်းဟောက်လိုက်ပြီး ထုတ်လွှတ်မှုကို တိုးမြှင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ပြိုကျလုမတတ် ဖြစ်နေပြီဖြစ်သည်။

လူသားဧကရာဇ်အလံက ရုတ်တရက် ကျယ်ပြန့်လာပြီး ဝါးမြိုလိုက်ပေ၏။

လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ချင်လော့ က လေထဲတွင် ရပ်နေပြီး သူ၏လက်ထဲမှ လူသားဧကရာဇ်အလံက ဖြောင့်မတ်သော စွမ်းအင်များကို ထုတ်လွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသားရဲနတ်ဆိုး၏ အမြီးတစ်ချောင်းသာ လူသားဧကရာဇ်အလံအပြင်၌ ကျန်ရှိနေသေးချိန်တွင် ချင်လော့က ၎င်းကို အတင်းအကျပ် ပြန်လည် ဖိသွင်းလိုက်၏။

လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြပြီး ပါးစပ်များပင် ပြဲဟသွားခဲ့ကြသည်။

ယခုလေးတင် ပြိုင်ဘက်ကင်းသကဲ့သို့ လွှမ်းမိုးနေခဲ့သော သားရဲနတ်ဆိုးကြီးမှာ ဒီလိုပဲ ပျောက်ကွယ်သွားခဲ့ရပြီလား...

"ဒီကောင်လေးက တော်တော်လေး ကောင်းကင်ကို ဆန့်ကျင်နိုင်တာပဲ"

လီရှောင်က ချင်လော့ကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။

သူက လက်ထဲရှိ ဧရာမ ပုဆိန်ကို ချိန်ဆကာ ဂနာမငြိမ် ဖြစ်နေသည်။

"သူက အားနည်းနေပြီထင်တယ်... သူ့ကို သတ်ရမလား"

သူက ခေါင်းလှည့်ကာ ကြည့်လိုက်ရာ ရှန်ချင်းယန်မှာ ပျောက်ကွယ်နေပြီ ဖြစ်၏။

"ဘာလို့ အလှလေးက မရှိတာလဲ... အလှလေး မရှိမှတော့ ကတိကို ဘယ်သူက ဖြည့်ဆည်းပေးမှာလဲ"

ချင်လော့က သူ့ကို စဉ်းစားရန် အခွင့်အရေး မပေးဘဲ လူသားဧကရာဇ်အလံ အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။

တိုက်ပွဲက အခုမှ စတင်ခြင်းပင်။

လူသားဧကရာဇ်အလံ အတွင်းပိုင်းသည် ဝိညာဉ်နယ်မြေနှင့် လုံးဝ မတူညီသော ကမ္ဘာတစ်ခုဖြစ်ပြီး ဤနေရာသို့ ရောက်ချိန်တွင် သားရဲနတ်ဆိုး၏ စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။

"သားရဲဘုရင်... မဟုတ်ဘူး သားရဲဘုရင် အထွတ်အထိပ်ပဲ... တိုးတက်နေတုန်းပဲ"

ရှီးဟွမ်၏ အမူအရာတွင် အံ့အားသင့်မှု အချို့ ပါဝင်နေခဲ့သည်။

"သားရဲဘုရင်ပဲဖြစ်ဖြစ် သားရဲဧကရာဇ်ပဲဖြစ်ဖြစ် ဒီနေ့တော့ လုံးဝ ဖိနှိပ်ပစ်ရမယ်"

ချင်လော့က အံကြိတ်ကာ ပြောဆိုလိုက်သည်။

သားရဲနတ်ဆိုး၏ ကျင့်ကြံမှု ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ချန်ရီမှာ အဆက်မပြတ် ညည်းညူနေရပေ၏။

သူက ချီလင် အဆီအနှစ်သွေးကို ရရှိတော့မည့်ဆဲဆဲ နောက်တစ်စက္ကန့်တွင် သားရဲနတ်ဆိုး၏ အတွင်း၌ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ကို လွင့်စင်သွားစေမတတ် ဖြစ်သွားခဲ့သည်။

ရှီးဟွမ်နှင့် အခြားသူများအားလုံး ထွက်ပေါ်လာခဲ့ကြ၏။ ထိုအချိန်တွင် ချင်လော့သည် ဓားအကျဉ်းထောင်ကို တင်းကြပ်စွာ ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ် ဓားဆန္ဒများက ၎င်းကို အပြည့်အဝ ဖုံးလွှမ်းထားခဲ့သည်။ ထို့ကြောင့် ဓားအကျဉ်းထောင်သည် ယာယီအားဖြင့် ချင်လော့၏ လက်အောက်ခံ လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ အမိန့်များကို နာခံနေရပေသည်။

"ခုတ်ပိုင်းလိုက်စမ်း!"

ချင်လော့က ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏ အပြင်းထန်ဆုံး ဓားခုတ်ချက်ကို စုစည်းလိုက်သည်။

သူတော်စင်ရတနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်ရိုက်နှက်ကြာပွတ်၊ ထိုက်ရွှီခေါင်းလောင်း၊ ချင်းဖုန်းဓား၊ ဝိညာဉ်ချည်ကြာပွတ်တို့အပြင် အခြားသူတော်စင်နယ်မြေများမှ လုယက်ထားသော သူတော်စင်ရတနာများကိုပါ အသုံးပြု၍ သားရဲနတ်ဆိုးထံသို့ ဖိနှိပ်လိုက်ကြသည်။

အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် သားရဲနတ်ဆိုးသည် အတွင်းနှင့် အပြင် ပြဿနာများကို ရင်ဆိုင်ရကာ ချက်ချင်းပင် အားနည်းသွားခဲ့သည်။

ချင်လော့က ချန်ရီကို မမေ့သေးချေ။

သူက သားရဲနတ်ဆိုးကို ချိန်ရွယ်ကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ မထင်မှတ်ဘဲ ထိုဓားက အလွန် ထက်မြက်နေပြီး သားရဲနတ်ဆိုး၏ ဝမ်းဗိုက်ကို အားပြင်းပြင်းဖြင့် ခွဲဟသွားခဲ့သည်။

ဤအခိုက်အတန့်တွင် စူးရှသော အနီရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ချင်လော့၏ မျက်လုံးများကို ကန်းသွားမတတ် ဖြစ်စေခဲ့၏။

တိုက်ဆိုင်စွာပင် ချန်ရီ၏ လက်တစ်ဖက်က ထိုချီလင် အဆီအနှစ်သွေးကို ကိုင်ဆောင်ထားပြီး သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားရာ ချန်ရီ၏ မျက်လုံးများတွင် နက်ရှိုင်းသော မယုံကြည်နိုင်မှုများ ထင်ဟပ်နေခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူက ရယ်မောလိုက်သည်။

"ဟားဟားဟား!"

"ချင်လော့.. အပြင်ထွက်လာပြီး ငါ ပထမဆုံး မြင်ရတဲ့သူက မင်းဖြစ်နေမယ်လို့ မထင်ထားဘူး... အရမ်းကောင်းတယ်!"

"အခု မင်းကို သေလမ်းပို့ပေးရင်ရော ဘယ်လိုလဲ"

ဤအခိုက်အတန့်တွင် ချန်ရီမှာ အတော်လေး မာနကြီးနေပုံရသည်။

ချင်လော့ကလည်း ရယ်မောလိုက်၏။

"ကောင်လေး... မင်းရဲ့ အခြေအနေကို မင်း သတိမထားမိသေးဘူး ထင်တယ်"

"လူသားဧကရာဇ်အလံကနေ ကြိုဆိုပါတယ်"

All Chapters