← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) သုံးကြိမ်ထက် မပိုသင့်ပါ၊ သုံးကြိမ်ကျော်လွန်သွားချိန်တွင် အခြေအနေ ကျဆင်းသွားမည်

သလင်းကျောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်နှင့် ချုပ်နှောင်ထားသော ချီလင်အဆီအနှစ်သွေးကို ရရှိနိုင်ရုံသာမက ချန်ရီသည် ထိုကြောက်မက်ဖွယ် သားရဲနတ်ဆိုးကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိသွားခဲ့သည်။

ဤဝိညာဉ်နယ်မြေအတွင်း၌ သူကို ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်ပေ၏။

ချင်လော့၏ စိတ်နှလုံးထဲတွင်လည်း အန္တရာယ်ရှိသော ခံစားချက်တစ်ခု တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။

သို့သော် ယခုအချိန်သည် အလွန်အကျွံ စဉ်းစားနေရမည့် အချိန် မဟုတ်ချေ။

ချန်ရီသည် သလင်းကျောက်ကို ဆုပ်ကိုင်ထားလျက် လေထဲသို့ ခုန်ထွက်လာပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။

"သူ့ကို သတ်လိုက်စမ်း!"

'ဝုန်း..!'

သားရဲနတ်ဆိုးကြီးက နာကျင်မှုကြောင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သလင်းကျောက်အတွင်း၌ ချုပ်နှောင်ထားသည်မှာ ချီလင်အဆီအနှစ်သွေးသာ မဟုတ်ဘဲ ၎င်း၏ ဝိညာဉ်မူလအရင်းအမြစ်ကိုပါ တစ်ပါတည်း ချုပ်နှောင်ထားခဲ့ခြင်းကြောင့်ပင်။

ချန်ရီ၏ အမိန့်ကို ထိုသားရဲက မဖီဆန်နိုင်ချေ။

ဧရာမ သားရဲလက်သည်းကြီးက ချင်လော့ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ရှီးဟွမ်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများကို ကာကွယ်ခြင်းမှ စွန့်လွှတ်လိုက်ရပေ၏။

ချင်လော့သည် စိတ်ထဲမှ တွေးလိုက်သည်နှင့် သူရပ်နေသော နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ပြင်းထန်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီး လူသားဧကရာဇ်အလံ အပြင်ဘက်ရှိ လူများကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့သည်။

လူအများအပြားသည် လူသားဧကရာဇ်အလံကို ကြည့်ကာ တွန့်ဆုတ်နေကြပြီး မည်သူကမျှ မလှုပ်ရှားရဲကြချေ။

သို့တိုင်အောင် လီရှောင်က ရဲရင့်စွာဖြင့် သူ၏ပုဆိန်ကို လွှဲကာ တိုက်ခိုက်လိုက်သော်လည်း မထင်မှတ်ဘဲ လူသားဧကရာဇ်အလံပေါ်တွင် မည်သည့် အရာမှမကျန်ရစ်ခဲ့ချေ။

သူက ခေါင်းယမ်းကာ လက်လျှော့လိုက်ရသည်။

"သွားတော့မယ်... ကျန်နေသေးတဲ့ ပစ္စည်းကောင်းတွေ ရှိမရှိ သွားရှာကြည့်ရမယ်... ဒီခရီးစဉ်မှာ လက်ချည်းသက်သက်တော့ ပြန်လို့မဖြစ်ဘူး"

သူ ထွက်သွားပြီးမှသာ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော လူဝကြီးက စကားပြောရဲတော့သည်။

"ဉာဏ်အလင်းပွင့်လက်ဖက်ရည် အရွက်တွေကို ခိုးသွားတာတောင် လက်ချည်းသက်သက် ပြန်ရမယ်လို့ ပြောနေသေးတာလား... သူက မဝပေမဲ့ သူ့ရဲ့ အစာစားချင်စိတ်က ငါ့ထက်တောင် ပိုကြီးမားနေသေးတယ်"

"သွားစို့... ငါတို့လည်း သွားလုယက်ကြရအောင်... ငါတို့ ထွက်မသွားခင် အချိန်နည်းနည်း ကျန်သေးတယ်လေ"

ဝိညာဉ်နယ်မြေသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဤနေရာသည် ပိတ်ဆို့သွားမည်ဖြစ်ပြီး အချိန်ပြည့်မှသာ အပြင်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်ပေ၏။

ထို့ပြင် ဝိညာဉ်နယ်မြေအတွင်းရှိ အချိန်စီးဆင်းမှုသည် အပြင်ဘက်နှင့် လုံးဝ ကွာခြားလှပြီး ဤနေရာ၌ အချိန်ကုန်လွန်မှုက အထူးသဖြင့် မြန်ဆန်လှပေသည်။

လူသားဧကရာဇ်အလံ အတွင်း၌ ချန်ရီက မထင်မှတ်ဘဲ ချင်လော့သည် သားရဲနတ်ဆိုး၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

ရှီးဟွမ်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများက သားရဲနတ်ဆိုးထံသို့ ကျရောက်သွားချိန်တွင်မှ ဤနေရာတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ရုတ်တရက် သတိပြုမိသွားခဲ့၏။

"ဒါက ဘယ်လို နေရာမျိုးလဲ"

ချင်လော့၏ အသံက သူနှင့် မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။

"ငါ့ရဲ့ ကမ္ဘာကနေ ကြိုဆိုပါတယ်"

"ငါ့ကမ္ဘာမှာ ငါက ဆုံးဖြတ်တယ်... မင်း ရောက်လာမှတော့ ပြန်မသွားပါနဲ့တော့"

ချင်လော့သည် မျက်တောင်တစ်ခတ်အတွင်း ချန်ရီ၏ဘေးသို့ ရောက်ရှိလာပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ထက်မြက်လှသော အငွေ့အသက်များ ပါဝင်နေသဖြင့် ချန်ရီမှာ ပြောပြ၍မရနိုင်လောက်အောင် ခံစားလိုက်ရပေသည်။

ဤနေရာတွင် သူသည် ဖိနှိပ်ခံထားရ၏။

"ချီလင်လက်မောင်း…ငါ့အတွက် ကာကွယ်စမ်း!"

ချန်ရီသည် ဤနေရာ၌ မည်သည့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကိုမျှ အသုံးမပြုနိုင်ကြောင်း သတိပြုမိသွားခဲ့ပြီး သူ အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ ခန္ဓာကိုယ်နှင့် လိုဏ်ဂူကောင်းကင်စွမ်းအင်သာ ဖြစ်ပေသည်။

ပြန်လည် ကြီးထွားလာသော ချီလင်လက်မောင်းကို ကြည့်ရင်း ချင်လော့၏ နှုတ်ခမ်းထောင့်တွင် ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်းက ဒီညာဘက်လက်မောင်းကို ဘယ်လောက်တောင် စွဲလမ်းနေတာလဲ... ဘာလို့ လက်မလွှတ်နိုင်ရတာလဲ"

"မင်းရဲ့ ညာဘက်လက်က မင်းရဲ့ အချစ်ဆုံး ချစ်သူများ ဖြစ်နေလို့လား"

စကားပြောနေစဉ်မှာပင် ချင်လော့က ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ချီလင်လက်မောင်းမှ မီးပွားများ ထွက်ပေါ်လာပြီး ချန်ရီမှာ သည်းမခံနိုင်လောက်အောင် နာကျင်သွားခဲ့သည်။

ဤဓားခုတ်ချက်က ယခင်က အပြင်ဘက်တွင် ခံစားခဲ့ရသည်ထက် ပို၍ နာကျင်လှပေ၏။

ဓားအလင်းက အလွန် ထက်မြက်လွန်းလှသည်။

ဓားသုံးချက်…ဓားသုံးချက်တည်းဖြင့် ချန်ရီ၏ ချီလင်လက်မောင်းမှာ ဖြတ်တောက်ခံလိုက်ရသည်။

"အား!"

ချန်ရီက နာကျင်စွာ ဟိန်းဟောက်လိုက်၏။

[ချန်ရီ၏ ချီလင်လက်မောင်းကို ထပ်မံဖြတ်တောက်လိုက်ပါသည်၊ သုံးကြိမ်ထက် မပိုသင့်ပါ၊ သုံးကြိမ်ကျော်လွန်သွားချိန်တွင် အခြေအနေ ကျဆင်းသွားမည်ဖြစ်ပြီး သက်တမ်းမူလအရင်းအမြစ်များစွာ ဆုံးရှုံးသွားပါမည်၊ ကံကြမ္မာတန်ဖိုး ၁၀၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်မှတ် ၁၀၀၀၀၀ မှတ် ရရှိပါသည်]

ချန်ရီသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ချင်လော့၏ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ခံရတော့မည့်ဆဲဆဲ သူ၏ အမိန့်ကြောင့် သားရဲနတ်ဆိုးက ဧရာမ လက်ကြီးဖြင့် ရှေ့မှ ကာကွယ်ပေးလိုက်သည်။

ချင်လော့က ဓားတစ်ချက်ဖြင့် သားရဲနတ်ဆိုး၏ ဧရာမလက်ကြီးကို ဖောက်ထွင်းလိုက်ရာ သွေးများက မြေပြင်ပေါ်ရှိ ချန်ရီအပေါ်သို့ ကျဆင်းလာသဖြင့် သူ့ကို အနည်းငယ် သတိဝင်လာစေခဲ့၏။

လက်ရှိ အခြေအနေသည် အထူး ခက်ခဲနေပြီဖြစ်ကြောင်း သူ သိရှိသွားပြီး ထွက်ပြေးရမည် ဖြစ်ပေသည်။

သို့သော် ဘာလုပ်နိုင်မည်နည်း။

သူက သလင်းကျောက်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သားရဲနတ်ဆိုး၏ နာကျင်စွာ ဟိန်းဟောက်သံများကို ဆက်တိုက် ကြားနေရချိန်တွင် သူ၏ အမူအရာက ပိုမို ကြမ်းတမ်းပြီး ရူးသွပ်လာခဲ့သည်။

သူ ဆက်ပြီး တွန့်ဆုတ်မနေနိုင်တော့ကြောင်း သိရှိလိုက်၏။

"ပေါက်ကွဲစမ်း…ပေါက်ကွဲ..ပေါက်ကွဲ!"

သူ၏ ဟိန်းဟောက်သံက အဆက်မပြတ် ထွက်ပေါ်လာသည်။

သားရဲနတ်ဆိုး၏ ဝိညာဉ်အတွင်းပိုင်းမှ ပြင်းထန်သော စိတ်ခံစားမှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစိတ်ခံစားမှု၏ လှုံ့ဆော်မှုအောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝ ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ခန္ဓာကိုယ်အတွင်း၌လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ အရူးအမူး စုစည်းလာခဲ့၏။

၎င်းသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မဟာသူတော်စင်အဆင့်နှင့် ညီမျှသော သားရဲနတ်ဆိုးတစ်ကောင်၏ ကိုယ်ပိုင်ဖောက်ခွဲမှုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေ၏။

သို့သော် ယင်းမတိုင်မီ သလင်းကျောက်က အရင် ပေါက်ကွဲသွားခဲ့သည်။

မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်သော အသံကြီးနှင့်အတူ သေးငယ်သော သားရဲနတ်ဆိုး ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာပြီး အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးရှသော အလင်းရောင်ဖြင့် တောက်ပနေသည့် သွေးတစ်စက်ကို ချင်လော့ မြင်တွေ့လိုက်ရသည်။

ယခင်က သူရရှိခဲ့သော ချီလင်အဆီအနှစ်သွေး ဆိုသည်များနှင့် နှိုင်းယှဉ်လျှင် ဤစွမ်းအင်က အလွန် အားကောင်းလွန်းလှပေသည်။

"ဒါကို ရအောင်ယူရမယ်... အဲ့ဒါ ငါ့ဟာပဲ"

ချင်လော့သည် တွန့်ဆုတ်မနေဘဲ ချန်ရီထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လူသားဧကရာဇ်အလံမှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိခဲ့ချေ။

ချန်ရီ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"မဖြစ်နိုင်ဘူး... ဒါက ဘယ်လို နေရာမျိုးလဲ"

ချင်လော့က အေးစက်စွာ လှောင်ပြောင်လိုက်၏။

"မဟာသူတော်စင်အဆင့်နဲ့ ညီမျှတဲ့ သားရဲနတ်ဆိုး တစ်ကောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရုံနဲ့ ငါ့ရဲ့ လူသားဧကရာဇ်အလံကို ဖျက်ဆီးချင်နေတာလား... မင်းက ငါ့ရဲ့ လူသားဧကရာဇ်အလံကို တကယ် အထင်သေးလွန်းနေပြီ"

ချင်လော့သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး ကြမ်းတမ်းသော အမူအရာဖြင့် ရှိနေသည့် ချန်ရီထံမှ ချီလင်အဆီအနှစ်သွေးကို တင်းကျပ်စွာ ဆွဲယူလိုက်သည်။

[ချန်ရီသည် ချီလင်အဆီအနှစ်သွေးကို ဆုံးရှုံးသွားပါသည်၊ ကံကြမ္မာတန်ဖိုး ၁၀၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်အမှတ် ၁၀၀၀၀၀ မှတ် ရရှိပါသည်]

"ဒါက စစ်မှန်တဲ့ ချီလင်အဆီအနှစ်သွေးလား"

ချင်လော့သည် ချီလင်အဆီအနှစ်သွေးကို ဆွဲယူလိုက်သည်နှင့် အစွမ်းထက်သော ပေါက်ကွဲမှုလှိုင်းက သူ့ထံသို့ ရိုက်ခတ်လာပြီး သူ့ကို ပြင်းထန်စွာ လွင့်စင်သွားစေခဲ့သည်။

"ချင်လော့! အားလုံးက မင်းကြောင့် ဖြစ်လာတာပဲ! ငါ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်သရွေ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး မင်းကို သတ်ဖို့အတွက်ပဲ အသက်ရှင်သွားမယ်!"

ချန်ရီက အံကြိတ်ကာ ပြောဆိုလိုက်သည်။

သားရဲနတ်ဆိုး၏ ဖောက်ခွဲမှုက သူ့ကို မကယ်တင်နိုင်ခဲ့ချေ။

သူ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ချက်ချင်း ခွဲပစ်ရန်သာ တတ်နိုင်တော့သည်။

သူ ထွက်ပြေးချင်နေသည်။

ဤအရာသည် ရွှမ်ထျန်းတာအိုဂိုဏ်းက သူ့အား ပေးအပ်ထားသော အသက်ကယ်ပစ္စည်းဖြစ်ပြီး ဝိညာဉ်နယ်မြေမှ လွတ်မြောက်ရန် ကူညီပေးနိုင်ပေသည်။

"ထွက်ပြေးချင်နေတာလား"

ချင်လော့က လှောင်ပြောင်လိုက်၏။

"ငါ့နယ်မြေမှာ မင်းက တကယ်ပဲ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား"

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ချန်ရီသည် သေဆုံးတော့မည့် အန္တရာယ်ကို ခံစားလိုက်ရသည်။

"ချင်လော့ရဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်... မဖြစ်ဘူး... ငါ ဒီသတင်းကို ဖြန့်ရမယ်... ချင်လော့က သေကိုသေရမယ်"

ချန်ရီသည် အပြင်းအထန် ထွက်ပြေးရန် ကြိုးစားနေသော်လည်း ဝိညာဉ်နယ်မြေနှင့် အပြင်ဘက်ကမ္ဘာသည် အတားအဆီးများဖြင့် ပိုင်းခြားထားသော ကွဲပြားသည့် ကမ္ဘာနှစ်ခုဖြစ်ပြီး ဤနေရာသည်လည်း အခြေခံအားဖြင့် သီးခြားကမ္ဘာတစ်ခုဖြစ်သော လူသားဧကရာဇ်အလံ အတွင်း၌ ဖြစ်ပေ၏။

သူ၌ လျှို့ဝှက်ရတနာ ရှိနေလျှင်ပင် အချိန်တိုအတွင်း ဝိညာဉ်နယ်မြေကို အပြည့်အဝ ဖွင့်လှစ်ရန် ခက်ခဲလှပေသည်။

" အခု မင်း ငြိမ်းချမ်းစွာ သေဆုံးသွားလို့ ရပြီ"

ချင်လော့က အေးစက်စွာဖြင့် ထောင်သောင်းချီသော ဓားစွမ်းအင်များကို ခုတ်ပိုင်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ချန်ရီကို ဖုံးလွှမ်းသွားခဲ့သည်။

လေထုကို စုတ်ဖြဲသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဓားစွမ်းအင်များသည် မုန်တိုင်းတစ်ခုကဲ့သို့ ရောယှက်ကာ ချန်ရီ၏ ခန္ဓာကိုယ်ကို ရက်စက်စွာ ခုတ်ပိုင်းသွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဓားဒဏ်ရာများ ပေါ်ထွက်လာခဲ့ပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံးပင် တွန့်လိမ်ပျက်ယွင်းသွားခဲ့သည်။

"ချီလင် အသွင်ပြောင်းခြင်း!"

သူက ဟိန်းဟောက်လိုက်ရာ သူ၏အနောက်တွင် ချီလင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သားရဲတစ်ကောင်အဖြစ် အပြည့်အဝ စတင်ပြောင်းလဲသွားခဲ့သည်။

ခုနက ဖြတ်တောက်ခံလိုက်ရသော လက်မောင်းနေရာတွင် ချီလင်လက်မောင်း ပြန်လည် ကြီးထွားလာပြီး သူ၏ တစ်ကိုယ်လုံးသည် ချီလင်ကဲ့သို့ပင် အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေပေ၏။

"ဖွင့်စမ်း!"

ချန်ရီသည် ဟင်းလင်းပြင် အတားအဆီး ဖွင့်လှစ်နေပြီဖြစ်ကြောင်း ခံစားမိနေပြီ ဖြစ်သည်။

သူ ထွက်ပြေးတော့မည်။

လွတ်မြောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ချင်လော့က နိမိတ်လေးပါးဓားသိုင်းကို အစွမ်းကုန် အသုံးပြုလိုက်ရာ နိမိတ်လေးပါး၏ စွမ်းအားများ သူ့ကို ဖုံးလွှမ်းသွားပြီး ဓားစွမ်းအင်များက ထောင်သောင်းချီအထိ ရုတ်တရက် တိုးလာခဲ့သည်။

ချန်ရီက ဆက်ပြီး သည်းမခံနိုင်တော့ချေ။

‘ဖူး!’

သူက လတ်ဆတ်သော သွေးများကို အကြိမ်ကြိမ် အန်ထုတ်လိုက်ရသည်။

ချင်လော့သည် ချန်ရီရှိရာဘက်သို့ ပြေးဝင်သွားပြီး ရှီးဟွမ်ကို သတိပေးရန်လည်း မမေ့ခဲ့ချေ။

"ဒါတွေက ပစ္စည်းကောင်းတွေပဲ... အလဟဿ မဖြစ်စေနဲ့... စုဆောင်းထားလိုက်"

ရှီးဟွမ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း ချင်လော့၏ အမိန့်ကို လိုက်နာကာ ပန်းကန်လုံးကြီးတစ်လုံးကို ထုတ်ယူပြီး ချန်ရီ အန်ထုတ်လိုက်သော သွေးအားလုံးကို ဖမ်းယူလိုက်ပေ၏။

ချန်ရီသည် အမည်းရောင် တွင်းပေါက်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

သူက လက်လှမ်းကာ အမည်းရောင် တွင်းပေါက်ကို ထိတွေ့လိုက်ရာ စုပ်ယူအားတစ်ခုကို ခံစားလိုက်ရသည်။

သူ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ချင်လော့က ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ထိုခုတ်ချက်က အလွန် ချောမွေ့နေပြီး ချန်ရီ၏ ညာဘက်လက်မောင်းကို နောက်တစ်ကြိမ် ထပ်မံ ဖြတ်တောက်လိုက်ပေ၏။

"အား! မလုပ်နဲ့!"

ချန်ရီက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ အမူအရာတွင် လက်မခံနိုင်မှုများ ပြည့်နှက်နေသည်။

သူ၏ ညာဘက်လက်မောင်း အမည်းရောင်တွင်းပေါက်ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်ကို သူ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလိုက်ရတော့သည်။

All Chapters