← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) လက်မောင်းတစ်ဖက် ပြန်ပေးပြီး ဓားတစ်သောင်းကျင့်စဉ်ကို ဆုအဖြစ် ရရှိခြင်း

သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးပြီ။

ဤသည်မှာ ချင်လော့၏ တိုက်ခိုက်မှုကြောင့် သူ၏ ညာဘက်လက်မောင်း ဖြတ်တောက်ခံရသည်မှာ စတုတ္ထအကြိမ်မြောက် ဖြစ်နေပြီဖြစ်ရာ ချန်ရီ၏ တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။

[ချန်ရီ၏ စိတ်နှလုံးထဲတွင် အိပ်မက်ဆိုးများ ကြီးထွားလာပြီး သူ၏ စိတ်နှလုံးကို ဆုံးရှုံးသွားပါသည်၊ ကံကြမ္မာတန်ဖိုး ၁၀၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်မှတ် ၁၀၀၀၀၀ မှတ် ရရှိပါသည်]

အိပ်မက်ဆိုးက မည်သူနည်း။

သေချာပေါက် ချင်လော့ပင် ဖြစ်ပေ၏။

ချန်ရီသည် နှုတ်မှ ဝန်မခံသော်လည်း သူက ချင်လော့ကို စတင် ကြောက်ရွံ့နေပြီ ဖြစ်သည်။

ထို့ပြင် ချင်လော့နှင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် သူသည် မည်သည့်အခါကမျှ အသာစီး မရခဲ့ချေ။

အကြိမ်တိုင်းတွင် သူက ချင်လော့၏ ဒဏ်ရာပေးမှုကို ခံရပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အကောင်းပကတိကျန်ရစ်သော နေရာဟူ၍ ဘာမှမရှိတော့ပေ။

"အား!"

ချန်ရီက စိတ်ပျက်လက်ပျက်ဖြင့် ဟိန်းဟောက်လိုက်သည်။

"ချင်လော့! ဒီနေ့ ငါမသွားတော့ဘူး! မင်းသေရင်သေ မဟုတ်ရင် ငါသေရမယ်!"

ချင်လော့က လှောင်ပြောင်လိုက်၏။

"အဲ့ဒါ မင်း ထွက်မပြေးနိုင်လို့ ဖြစ်သွားတာလေ"

စိတ်နှလုံးကို နာကျင်စေပြီး ရက်စက်လှသော်လည်း ချန်ရီက မကြားသလို ဟန်ဆောင်နေလိုက်သည်။

သူ၏ အငွေ့အသက်က ဆက်လက် မြင့်တက်လာပြီး မကြာမီ အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။

သူက သူ၏ သက်တမ်းမူလအရင်းအမြစ် အားလုံးကို မီးရှို့လိုက်ပြီး မည်သည့် အရန်အစီအစဉ်ကိုမျှ ချန်ထားရန် ရည်ရွယ်ချက် မရှိတော့ချေ။

သူက ချင်လော့နှင့် အသေအကြေ တိုက်ခိုက်ချင်နေသည်။

သေရမည်ဆိုလျှင်တောင် ချင်လော့၏ ခန္ဓာကိုယ်မှ အသားတစ်စကို ကိုက်ဖြတ်သွားရမည် ဖြစ်ပေသည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ... မင်းနဲ့ ငါ့ကြားက ကွာခြားချက်က မိုးနဲ့မြေလိုပဲဆိုတာ မင်းသိအောင် လုပ်ပေးရတာပေါ့"

ချင်လော့က အေးအေးဆေးဆေး ပြောဆိုလိုက်ပြီးနောက် ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။

ကောင်းကင်ဘုံမှ ဆင်းသက်လာသော မသေမျိုးတစ်ပါး၏ ကွပ်မျက်ချက်တစ်ခုကဲ့သို့ပင်။

"ကာကွယ်စမ်း!"

ချန်ရီက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သူ မည်မျှပင် နည်းလမ်းများစွာ အသုံးပြုစေကာမူ ချင်လော့ကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

"အား… မဖြစ်နိုင်ဘူး... ငါချန်ရီက ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ တာအိုသားတော်ကွ... မင်းလို အသုံးမကျတဲ့ မင်းသားတစ်ပါးရဲ့ သတ်ဖြတ်တာကို ဘယ်လိုလုပ် ခံရမှာလဲ"

"ဖွင့်စမ်း… ဖွင့်.. ဖွင့်… ငါ့အတွက် ဖွင့်ပေးစမ်း!"

ချန်ရီက မျက်လုံးများ ပြူးထွက်မတတ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်ရတနာ အားလုံးကို ထုတ်လွှတ်လိုက်ရာ သူ၏ သက်တမ်းမူလအရင်းအမြစ်က ကန့်သတ်ချက်အထိ လောင်ကျွမ်းသွားခဲ့သည်။

သို့သော် ချင်လော့က ပေါ့ပါးသော ဓားတစ်ချက်သာ ခုတ်ပိုင်းလိုက်သည်။

လေကိုခွင်းသည့်အသံနှင့်အတူ ဓားတစ်ချက်တည်းဖြင့် ကာကွယ်ရေး နည်းလမ်းအားလုံး အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

"မလုပ်နဲ့!"

ချန်ရီ၏ စိတ်ပျက်လက်ပျက် ဟိန်းဟောက်သံနှင့်အတူ ချင်လော့၏ ဓားခုတ်ချက်က သူ့ကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ပေ၏။

"သေသွားရင်လည်း သေသွားပါစေ"

ချင်လော့က ရှေ့သို့ လှမ်းသွားပြီး ရှီးဟွမ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"အဲ့ဒါကို အရင်သိမ်းထားလိုက်"

[သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ကံကြမ္မာသားတော် ချန်ရီကို တိုက်ခိုက်ပြီး သူ၏ ကံကြမ္မာတန်ဖိုး အားလုံးကို ရယူလိုက်ပါသည်၊ ဗီလိန်အမှတ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားပါမည်]

[ရရှိသော ဆုလာဘ်များ - ဓားတစ်သောင်းကျင့်စဉ် (နားလည်သဘောပေါက်ခြင်း)]

[သူတော်စင်အဆင့် အဆင့်မြင့်ဓားသိုင်း - လူတစ်ယောက်က လူတစ်သောင်းကို ရင်ဆိုင်နိုင်ပြီး မည်သည့် နည်းလမ်းဖြင့်မဆို ပြိုင်ဘက်ကင်းပါသည်]

"ဓားတစ်သောင်းကျင့်စဉ်လား"

ဓားတစ်သောင်းကျင့်စဉ်၏ ဓားကွက်များက ချင်လော့၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။

ဓားကွက် နှစ်ကွက်သာ ရှိသည်။

ပထမအကွက်မှာ 'ဓားတစ်သောင်း တစ်ပြိုင်နက် ထုတ်လွှတ်ခြင်း' ဖြစ်ပြီး ထောင်သောင်းချီသော ဓားစွမ်းအင်များကို ချက်ချင်း အသက်သွင်းခြင်း သို့မဟုတ် ဓားထောင်ပေါင်းများစွာကို ထိန်းချုပ်ခြင်း ဖြစ်၏။

ဒုတိယအကွက်မှာ 'ဓားတစ်သောင်း တစ်ခုတည်းသို့ ပေါင်းစည်းခြင်း' ဖြစ်ပြီး ဓားတစ်သောင်းကို ဓားတစ်လက်တည်းအဖြစ် စုစည်းခြင်း ဖြစ်ပေသည်။

အုပ်စုလိုက် တိုက်ခိုက်နိုင်သကဲ့သို့ တစ်ဦးချင်း သတ်ဖြတ်ခြင်းလည်း ပြုလုပ်နိုင်ရာ လက်တွေ့တွင် သတ်ဖြတ်ရန်အတွက် မွေးဖွားလာခြင်းပင်။

"ကျွတ် ကျွတ် ကျွတ်... ဒါက ကျင့်ကြံခြင်း နည်းလမ်းတစ်ခုလို့ သတ်မှတ်လို့ရတယ်မလား... ဒါပေမဲ့ ဝိညာဉ်စွမ်းအား လိုအပ်ချက်ကတော့ မနိမ့်ဘူး"

"ဝိညာဉ်စွမ်းအား တိုးတက်လာဖို့ကိုပဲ အာရုံစိုက်ရမယ်"

ချင်လော့က သူ့ဘာသာ ရေရွတ်လိုက်သည်။

ချန်ရီ သေဆုံးသွားပြီဖြစ်ရာ ချင်လော့၏ တစ်ခုတည်းသော နောင်တမှာ စတုတ္ထမြောက် ချီလင်လက်မောင်း မကျန်ရစ်ခဲ့ခြင်းပင်။

အမည်းရောင် တွင်းပေါက်ကြီး ပိတ်သွားပြီး ချန်ရီ၏ လက်မောင်းတစ်ဖက်ကို သယ်ဆောင်ကာ ရွှမ်ထျန်းတာအိုဂိုဏ်းရှိရာသို့ ထွက်ခွာသွားခဲ့သည်။

ရွှမ်ထျန်းတာအိုဂိုဏ်း အတွင်း၌ လူအများအပြား စုဝေးနေကြပြီး ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားသော ချန်ရီ၏ လက်မောင်းကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာဖြင့် မယုံကြည်နိုင် ဖြစ်နေကြသည်။

"ဒါက ချန်ရီလား"

"ဟုတ်လောက်တယ်"

"ဒါဆို ချန်ရီ တစ်ခုခု မှားယွင်းသွားတာလား"

မည်သူကမျှ မဖြေကြားခဲ့ချေ။

လေးလံသော လေထုက လူတိုင်းကို ဖုံးလွှမ်းသွားပြီး သူတို့၏ မျက်နှာများကို အထူးသဖြင့် ခက်ထန်သွားစေခဲ့သည်။

ရှောင်ယာသည် ချန်ရီ ပြန်လာမည့် သတင်းကို ကြားသိရန် အလျင်စလို ပြေးလာခဲ့သည်။

"စီနီယာအစ်ကိုချန်ရော... သူ ဘယ်မှာလဲ"

"သူ ချင်လော့ကို သတ်လိုက်ပြီလား"

ရှောင်ယာ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

မကြာသေးမီက ချင်လော့က ရဲ့ချန်ကို သတ်ခဲ့သည့် မြင်ကွင်းကို သူမ နေ့ရောညပါ တွေးတောနေခဲ့မိပြီး ကျင့်ကြံခြင်းကိုပင် လျစ်လျူရှုထားခဲ့မိပေ၏။

မုရုန်းရွှဲ့က သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်ရှိ လက်မောင်းတစ်ဖက်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"အဲ့ဒါ ချန်ရီပဲ"

ရှောင်ယာက ထိုလက်မောင်းဆီသို့ အကြည့်လွှဲရန် ရုန်းကန်လိုက်ရပြီး သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

"စီနီယာအစ်ကိုချန်က"

"သူ သေသွားလောက်ပြီ"

'ဝုန်း!'

ရှောင်ယာမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။

[ရှောင်ယာသည် နှလုံးကွဲကြေပြီး ဝိညာဉ်ရေးရာ ထိခိုက်ဒဏ်ရာရသွားပါသည်၊ ကံကြမ္မာတန်ဖိုး ၅၀၀၀၀ မှတ် ဆုံးရှုံးသွားပါသည်၊ ပိုင်ရှင်သည် ဗီလိန်အမှတ် ၅၀၀၀၀ မှတ် ရရှိပါသည်]

"ငါ့ အပြစ်... အားလုံးက ငါ့ကြောင့်ပါ... တကယ်လို့ စီနီယာအစ်ကိုချန်က ငါ့အတွက် လက်စားချေဖို့ ဝိညာဉ်နယ်မြေကို မသွားခဲ့ဘူးဆိုရင် သူ သေချာပေါက် ဒုက္ခရောက်မှာ မဟုတ်ဘူး"

"စီနီယာအစ်ကိုချန်ကို ဘယ်သူသတ်ခဲ့သတ်ခဲ့... ငါ သူ့အတွက် လက်စားချေပေးမယ်... အား!"

ရှောင်ယာက ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။

မုရုန်းရွှဲ့က သက်ပြင်းချလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

"အခြေအနေက ပြောင်းလဲသွားပြီ... ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ အစီအစဉ်က ကျရှုံးသွားပြီ... အနာဂတ်မှာလည်း မသေချာမှုတွေ ရှိလာလိမ့်မယ်"

မျိုးဆက်သစ်များ၊ အထူးသဖြင့် သူတော်စင် တာအိုသားတော်များနှင့် ပါရမီရှင်များကဲ့သို့သော သူများအားလုံးသည် ဂိုဏ်း၏ အနာဂတ်အတွက် မျှော်လင့်ချက်ဖြစ်ပြီး ဤကမ္ဘာကို စီမံကိန်းချရာတွင် အဓိက သော့ချက်များ ဖြစ်ပေသည်။

ယခုအခါ သူတို့ အပြည့်အဝ မရင်ကျက်သေးမီ ကျဆုံးသွားခြင်းက ဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုနှင့် ညီမျှပေ၏။

ချင်လော့သည် တွန့်ဆုတ်မနေဘဲ ချီလင်အဆီအနှစ်သွေးကို ယူကာ ချက်ချင်း စုပ်ယူလိုက်သည်။

'ဝုန်း!'

ထူထပ်သော သက်တမ်းစွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်း၌ စတင်လှည့်ပတ်သွားပြီး သူ၏ ဒဏ်ရာအများစုကို ချက်ချင်း ကုသပေးလိုက်သည်။

ချင်လော့သည် ချီလင်အဆီအနှစ်သွေးကို သန့်စင်ပြီးမှ အပြင်ထွက်မည့် အတွေးကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

ချီလင်အဆီအနှစ်သွေးကို သန့်စင်ခြင်းသည် သူ့အတွက် အတော်လေး အချိန်ယူရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေ၏။

ဝိညာဉ်နယ်မြေ အတွင်း၌ သားကောင် အများအပြား ရှိနေသေးပြီး သူ အမဲလိုက်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

"ဖြည်းဖြည်းချင်း သန့်စင်လို့ရပါတယ်... အလောတကြီး လုပ်စရာမလိုပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ငါ့ဟာ ဖြစ်နေပြီလေ"

ချင်လော့သည် လျင်မြန်စွာ လှည့်လိုက်ပြီး လူသားဧကရာဇ်အလံ၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လူသားဧကရာဇ်အလံ၏ အပြင်ဘက်၌ လူတစ်ယောက်တည်းသာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့၏။

သူ ပေါ်လာသည်ကို မြင်ချိန်တွင် ကျွမ်းရှီစန်းက မတ်တတ်ထလိုက်ပြီး ချင်လော့ကို ခေါင်းညိတ်ပြလိုက်သည်။

"မင်းထွက်လာပြီလား… ဒါဆို ငါ ထွက်သွားတော့မယ်"

"မင်းက ငါ့ကို ကာကွယ်ပေးနေတာလား"

ချင်လော့က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ကျွမ်းရှီစန်းက ရပ်တန့်သွားပြီး ချင်လော့ကို လှည့်ကြည့်ကာ ပြောဆိုလိုက်၏။

"မင်းကြောင့် ငါ ဓားဆန္ဒကို ပေါင်းစည်းနိုင်ခဲ့တာလေ... ငါ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငါလုပ်နိုင်တာကိုပဲ လုပ်ပေးခဲ့တာပါ"

ဤကဲ့သို့ ချစ်စရာကောင်းသော လူတစ်ယောက် ရှိနေလိမ့်မည်ဟု ချင်လော့ မထင်ထားခဲ့ချေ။

ဤကောင်လေး၏ စရိုက်ကို သူ သဘောကျမိသွားသည်။

"မင်း ပြောလိုက်တဲ့ စကားတွေကြောင့် အနာဂတ်မှာ မင်း ဒုက္ခရောက်တဲ့အခါ အကူအညီတောင်းဖို့ ငါ့ဆီ လာခဲ့လို့ရတယ်"

ကျွမ်းရှီစန်းက ပြန်မဖြေဘဲ ထွက်သွားခဲ့ပြီး သူ၏ အခွင့်အရေးကို စတင် ရှာဖွေနေတော့သည်။

ချင်လော့သည် ဉာဏ်အလင်းပွင့်လက်ဖက်ပင် ရှိရာသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

လက်ဖက်ရွက်များ မရှိတော့သော်လည်း လက်ဖက်ပင်ကိုတော့ ချင်လော့ အလိုရှိပေ၏။

သို့သော် မထင်မှတ်ဘဲ သူ ဉာဏ်အလင်းပွင့်လက်ဖက်ပင် ရှိရာသို့ ရောက်ချိန်တွင် ထိုနေရာသည် လုံးဝ ဗလာဖြစ်နေခဲ့သည်။

ပျောက်သွားပြီလား။

"လက်ဖက်ပင်ရော ဘယ်ရောက်သွားတာလဲ"

"လီရှောင် ခုတ်သွားတာလား... ဟုတ်တယ်... သူပဲ ဖြစ်ရမယ်"

အသံတစ်သံ ထွက်ပေါ်လာသည်နှင့်အတူ ဝဝပိန်ပိန် လူနှစ်ယောက်က အဝေးမှ လွင့်မျောလာကြသည်။

သူတို့က လက်ဖက်ရွက် အချို့ကို ရှာတွေ့နိုင်မလားဆိုပြီး လာကြည့်ခြင်းဖြစ်သော်လည်း မထင်မှတ်ဘဲ ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် ချင်လော့ မေးမြန်းချိန်တွင် သူတို့က ဖြေကြားလိုက်ခြင်း ဖြစ်ပေ၏။

ချင်လော့၏ အကြည့်များက သူတို့နှစ်ဦးထံ ကျရောက်သွားရာ သူတို့က ချက်ချင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြသည်။

"ငါက ရွှမ်မင် သူတော်စင်သားတော် ဝူတာ့ဟိုင်ပါ"

"ငါက ရွှမ်မင် သူတော်စင်သားတော် လုရှောင်ရှန်းပါ"

သူတို့နှစ်ဦးက အဝေးမှနေ၍ ချင်လော့ကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်ကြသည်။

"ငါတို့က ဒီတိုင်း ဖြတ်သွားရုံပါပဲ... ငါတို့ပြန်ဆုံတွေ့ကြဦးမှာပါ... နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးမှာ ထိုနေရာမှ ထွက်ပြေးရန် မစောင့်ဆိုင်းနိုင်တော့ချေ။

"ပြောပါဦး .. ဘာလို့ မင်းက သွားနှုတ်ဆက်ချင်နေရတာလဲ"

လုရှောင်ရှန်းက ဆက်လက် ညည်းညူနေခဲ့သည်။

"ငါ သူ့ကို လီရှောင်ကို ရှင်းစေချင်လို့လေ... အဲ့ဒါက ငါတို့ရဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ရည် အရွက်တွေလေ... အခုတော့ လက်ဖက်ရွက်တွေရော လက်ဖက်ပင်ပါ ပျောက်သွားပြီ... အနာဂတ်မှာ ငါ့ကလေးရလာရင်တောင် ဒီကိုလာပြီး လက်ဖက်ရည် သောက်လို့မရတော့ဘူး"

"တိရစ္ဆာန်ကောင်"

ဝူတာ့ဟိုင်က နာကြည်းချက်များ အပြည့်ဖြင့် ပြောဆိုလိုက်သည်။

ချင်လော့က ထိုနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ခေါင်းယမ်းကာ ပြုံးလိုက်၏။

ဝူတာ့ဟိုင်၏ လှည့်ကွက်လေးများကို သူ အမှန်တကယ် မမြင်နိုင်ဘဲ နေမည်လား။

သို့သော် လီရှောင်က လူသားဧကရာဇ်အလံ အပြင်ဘက်တွင် သူ့ကို ခုတ်ပိုင်းခဲ့သဖြင့် ဤရန်ငြိုးကို သူ မှတ်သားထားခဲ့ပြီး ဖြစ်ပေသည်။

သေချာပေါက် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

ဉာဏ်အလင်းပွင့်လက်ဖက်ပင်နှင့် မလှမ်းမကမ်းတွင် လင်းဟောက်သည် ရှန်ချင်းယန်၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီးနောက် ရှန်ချင်းယန်မှာ ကျင့်ကြံမှု အလွန်အကျွံ သုံးစွဲလိုက်ရ၍လား သို့မဟုတ် အခြားအကြောင်းအရင်း တစ်ခုခုကြောင့်လား မသိရဘဲ ယခုအခါ လင်းဟောက်၏ဘေးတွင် သတိလစ်နေခဲ့သည်။

လှပပြီး ဆွဲဆောင်မှုရှိသော ရှန်ချင်းယန်ကို ကြည့်ရင်း ယခင်က ချင်လော့ ပြောခဲ့သော စကားများက နတ်ဆိုးတစ်ကောင်၏ တီးတိုးစကားများကဲ့သို့ လင်းဟောက်၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

သူက ရှန်ချင်းယန်၏ လှပသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ၏ ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့သည်။

သူ နောက်တစ်ဆင့် တက်ရန် ပြင်လိုက်ချိန်မှာပင် ရင်းနှီးနေသော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ကျွတ် ကျွတ် ကျွတ်... ဖိနပ်ရက်တဲ့သူက... အားနည်းနေတဲ့တဲ့သူကို အခွင့်ကောင်းယူဖို့ စီစဉ်နေတာလား... အခွင့်အရေးကို အသုံးချပြီးတော့ ကိုယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်ကို ဓားနဲ့ထိုးမလို့လား"

All Chapters