← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) - နဂါးသတ်ဖြတ်သူ (၂)

တစ်ဖက်လူက မည်မျှ အစွမ်းထက်နေစေကာမူ ဂရုစိုက်ရန်မလိုပေ။ သူတို့၏ အရေးအကြီးဆုံးအရာက သူ့လက်အတွင်း၌ ရှိနေသည်။

မိုးပြာနဂါးလေး ရှိနေသမျှကာလပတ်လုံး သူတို့က သူ့အား ဖျက်ဆီးပစ်နိုင်မည်ကို စိုးရိမ်နေရန် မလိုအပ်ချေ။

သူတို့၏ မြင့်မြတ်သားရဲ မိုးပြားနဂါးလေးအား မလိုချင်တော့လျှင်တော့ မသိပေ။

သူက ထိုသုံးဦးကို ချေမှုန်းလိုက်သည်နှင့် နောက်တစ်စက္ကန့်မှာပင် အခြားပုံရိပ်အချို့ လျှပ်တစ်ပြက် ရောက်ရှိလာကြသည်။ ဤနေရာရှိ အငွေ့အသက်များကို အာရုံခံမိသည်နှင့် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း အပြင်းအထန် ပြောင်းလဲသွားကြသည်။

“မျိုးနွယ်စုဝင်တစ်ယောက် အသတ်ခံလိုက်ရပြီ”

“အောက်မှာရှိနေတဲ့လူ သတ်လိုက်တာပဲ”

“ဒီလောက်အချိန်တိုလေးအတွင်းမှာ ငါတို့မျိုးနွယ်စုဝင်တွေ အားလုံးကို သတ်နိုင်တယ်ဆိုတော့ ဒီကောင်က အရမ်းအစွမ်းထက်တာပဲ”

ကျိုးရီကလည်း သူတို့ကို မြင်လိုက်‌လေသည်။ သူက သိပ်ပြီး လက်တွန့်မနေဘဲ လက်မြှောက်ကာ သူတို့အားလုံးကို အစအနမကျန် ချေမှုန်းပစ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ အတားအဆီးတစ်ခု ရုတ်တရက် အက်ကွဲသွားပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုနောက် ချက်ချင်းဆိုသလိုပင် အလွန်အမင်း အစွမ်းထက်ပြီး ထိတ်လန့်ဖွယ်ကောင်းလှသော အငွေ့အသက်တစ်ခု အက်ကွဲကြောင်းအတွင်းမှ ပျံ့နှံ့လာခဲ့သည်။

ဤအစွမ်းထက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်က နတ်ဘုရားဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။ ဆိုလိုသည်မှာ ရောက်ရှိလာသူမှာ နတ်ဘုရားဧကရာဇ်အဆင့်ရှိ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သည်။

“ဘယ်သူက ငါ့ရဲ့ နဂါးမျိုးနွယ်စုဝင်တွေကို အန္တရာယ်ပြုရဲတာလဲ၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

ကောင်းကင်ယံရှိ နဂါးမျိုးနွယ်စုဝင်များမှာ ဤအခိုက်အတန့်တွင် ဝမ်းသာလုံးဆို့သွားကြသည်။

“အရမ်းကောင်းတာပေါ့၊ ငါတို့ရဲ့ အကြီးအကဲရောက်လာပြီ၊ အကြီးအကဲကိုယ်တိုင် ဝင်ပါပြီဆိုတော့ ဒီကောင်လေး ငါတို့ကို ဆက်ပြီး အန္တရာယ်မပေးနိုင်တော့ဘူး”

ထိုသူ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ဖြစ်သွားရသည်။

ဤကမ္ဘာပေါ်ရှိ သက်ရှိအားလုံး ကြောက်ရွံ့တုန်ယင်သွားကြသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အငွေ့အသက်လဲ၊ ဒီနေရာက ဘာနေရာလဲ၊ ဒီကိုရောက်လာတဲ့ ထိပ်သီးသိုင်းပညာရှင်က ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်တာလဲ”

“ဒီကောင်ရဲ့ စွမ်းအားက ဟိုတစ်ယောက်ထက် မနိမ့်လောက်ဘူးထင်တယ်၊ ငါတို့ကမ္ဘာကြီးကို တခြားလူတွေ လာကျူးကျော်နေကြတာလား”

“သူ့ရဲ့ လေသံကို နားထောင်ရတာ နဂါးမျိုးနွယ်စုက ဖြစ်ပုံရတယ်၊ စကြဝဠာထဲမှာ အစွမ်းအထက်ဆုံး နဂါးမျိုးနွယ်စုလေ၊ တစ်ယောက်ယောက်က သူ့ကိုများ ပြစ်မှားမိလို့လား”

“သွားပါပြီ၊ ငါတို့ကမ္ဘာကြီးတော့ ပြဿနာအကြီးကြီး တက်တော့မယ်ထင်တယ်”

လီရွှန်ကျိုးနှင့် အခြားနှစ်ဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် စိုးရိမ်ပူပန်သွားကြ၏။

“ဆရာ၊ သူတို့ရဲ့ ထိပ်သီးသိုင်းပညာရှင် ရောက်လာပြီ၊ ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ”

ကျိုးရီက မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

“ငါရှိနေတာပဲ ဘာကြောက်စရာရှိလို့လဲ”

ထိုစကားကို ကြားရသည်နှင့် ထိုသုံးဦးမှာ ချက်ချင်း အနည်းငယ် စိတ်သက်သာရာရသွားကြသည်။

ကျိုးရီသည် အလွန်အမင်း စိုးရိမ်ပူပန်နေသော စိတ်ခံစားမှုများကို မပြသလာသဖြင့် ပြဿနာမရှိနိုင်ကြောင်း ဆိုလိုနေသည်။

ထိုသို့ဆိုလျှင် သူတို့ အရမ်းကြီး စိုးရိမ်နေရန် မလိုအပ်တော့ချေ။

မကြာမီမှာပင် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ကြီးမားသောပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က အခြားသူများကဲ့သို့ ကြီးမားခြင်း မရှိဘဲ လူလတ်ပိုင်းအရွယ် ပညာရှိတစ်ဦးနှင့်ပင် တူနေသည်။

သို့သော် သူ ထုတ်လွှတ်နေသော အငွေ့အသက်များက လူများကို ကြောက်ရွံ့တုန်ယင်သွားစေလောက်အောင် အလွန်အမင်း ဖိနှိပ်နိုင်စွမ်းရှိလှသည်။

လီရွှန်ကျိုးနှင့် အခြားသူများပင် အနည်းငယ် တုန်ယင်သွားကြ၏။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ၊ သူ့ရဲ့ စွမ်းအားက ဆရာ့ထက် မနိမ့်သလိုပဲနော်”

“အဲဒီလိုတော့ မဟုတ်လောက်ပါဘူး၊ ငါတို့က အစကတည်းက ဆရာ့ရဲ့ စစ်မှန်တဲ့စွမ်းအားကို တစ်ခါမှ မမြင်ဖူးခဲဘူးလေ၊ ဒါပေမဲ့ သူတို့အဆင့်ရှိတဲ့ ထိပ်သီးသိုင်းပညာရှင်တွေက ငါတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်ဆိုတာတော့ သိထားသင့်တယ်”

“ဒါကြောင့်မို့လို့ ဆရာ့ရဲ့ စွမ်းအားက တစ်ဖက်လူထက် အားနည်းတယ်လို့ ပြောလို့မရသေးဘူး”

နဂါးမျိုးနွယ်စုဝင်များက ပေါ်ထွက်လာသူ၏ ဘေးနားသို့ အလျင်အမြန် ပျံသန်းသွားကြသည်။

“အကြီးအကဲလိန်၊ ပိုင်ယွီ၊ ဟေးယွီနဲ့ ဟွမ်လုံတို့အားလုံး ဒီကောင်သတ်တာ ခံလိုက်ရပြီ၊ စောစောက သူက ကျွန်တော်တို့ကိုပါ သတ်ချင်နေသေးတာ၊ အကြီးအကဲသာ အချိန်မီ ရောက်မလာခဲ့ရင် ကျွန်တော်တို့လည်း အခုလောက်ဆို ဖုန်မှုန့်တွေဖြစ်နေလောက်ပြီ”

အကြီးအကဲလိန်က ခေါင်းညိတ်ပြလိုက်ပြီး အောက်ဘက်ရှိ ကျိုးရီကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်နှစ်ဦး အကြည့်ချင်း ဆုံသွားသည့် အခိုက်အတန့်မှာပင် သူ့မျက်လုံးများထဲ၌ လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“အရမ်းအစွမ်းထက်တာပဲ”

ဤအတွေးက သူ၏ စိတ်ထဲသို့ ချက်ချင်းတိုးဝင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှောက်ရှိ လူငယ်လေး၏ စွမ်းအားကို ဖောက်ထွင်းမမြင်နိုင်သောကြောင့်ဖြစ်သည်။ ဤသည်က တကယ်ကို ယုံနိုင်စရာမရှိပေ။

သို့သော် သူက ခဏမျှသာ အံ့အားသင့်သွားခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ့မျိုးနွယ်စုဝင်များက တစ်ဖက်လူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီမဟုတ်လော။

တစ်ဖက်လူထံမှ ရှင်းလင်းချက်တစ်ခုကို မဖြစ်မနေ တောင်းခံရမည်ဖြစ်သည်။ မဟုတ်ပါက သူ မျက်နှာပျက်ရုံသာမက မျိုးနွယ်စုတစ်ခုလုံးလည်း မျက်နှာပျက်ရလိမ့်မည်။

“မင်းက ဘာလို့ ငါ့ရဲ့ နဂါးမျိုးနွယ်စုဝင်တွေကို သတ်ရတာလဲ”

ကျိုးရီက တည်ငြိမ်စွာ ဖြေလိုက်သည်။

“သူတို့ထဲက တစ်ယောက်ကို အရင်ဘဝတုန်းက ငါ သတ်ခဲ့ဖူးတယ်၊ ဒါကြောင့် သူက အခွင့်ကောင်းယူပြီး ပြဿနာလာရှာချင်နေတာလေ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ခွန်အားက မလုံလောက်တော့ ငါသတ်တာ ခံလိုက်ရပြန်တယ်”

“မင်းက သူ့အတွက် လက်စားချေချင်တယ်ဆိုရင် လာခဲ့လေ၊ စကားတွေအများကြီး ပြောနေစရာမလိုဘူး”

အကြီးအကဲလိန်က ခေါင်းညိတ်ပြလိုက်သည်။

“မင်းက ရိုးရိုးသားသားဝန်ခံရဲတာကို ကြည့်ရင် လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သိနိုင်တယ်”

“ဒါပေမဲ့ ငါ့ရဲ့ နဂါးမျိုးနွယ်စုကို မင်း တိုက်ခိုက်ခဲ့တယ်ဆိုမှတော့ ငါလည်း လက်ပိုက်ကြည့်နေလို့ မရတော့ဘူး၊ မဟုတ်ရင် ငါ့ရဲ့နဂါးမျိုးနွယ်စုက ဘယ်နေရာမှာ မျက်နှာသွားထားရတော့မလဲ”

ကျိုးရီက ဆက်လက်၍ ပြောဆိုလိုက်သည်။

“ကောင်းပြီလေ၊ ဒါပေမဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ဘယ်သူမှ ကြိုမသိနိုင်ဘူးနော်၊ မင်းလည်း ပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်”

“ကောင်းပြီ”

အကြီးအကဲလိန်က တုံ့ပြန်လိုက်သော်လည်း သူ့ရင်ထဲတွင် သံသယအချို့ ဖြစ်ပေါ်လာသည်။ တစ်ဖက်လူက ဤမျှအလွယ်တကူ သဘောတူလိုက်သည်ကို ကြည့်လျှင် သူ့ထံတွင် တကယ်ကြီး လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ပေ၏။

‘ထားလိုက်တော့၊ လျှောက်ခန့်မှန်းနေလည်း အပိုပဲ၊ အရင် စလှုပ်ရှားလိုက်တာက ပိုကောင်းမယ်၊ လူတွေ အများကြီး ကြည့်နေကြတယ်၊ ငါသာ လက်စွမ်းနည်းနည်းပါးပါး မပြရင် တကယ်ကို အထင်သေးခံရလိမ့်မယ်’

အကြီးအကဲလိန်က လေကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ပြတ်သားစွာ စတင်လှုပ်ရှားလိုက်တော့သည်။

သူက လက်မြှောက်ကာ လက်ဝါးတစ်ချက်ရိုက်ချလိုက်သည်။ ထိုလက်ဝါးထဲတွင် စုစည်းထားသော စွမ်းအားများက ဤကမ္ဘာခံနိုင်ရည်ရှိသည့် ကန့်သတ်ချက်များကိုပင် ကျော်လွန်နေလေပြီ။

လက်ဝါးစွမ်းအားများ ပေါက်ကွဲထွက်သွားသည့် အခိုက်အတန့်မှာပင် လေဟာနယ်က တိုက်ရိုက်ပြိုကျပျက်စီးသွားသည်။ တိုက်ပွဲက ဤကမ္ဘာ၏ အနီးအနားတွင်သာ ရှိနေသေးသော်လည်း လေဟာနယ်အတိုင်းတာကတော့ ပြောင်းလဲသွားပြီဖြစ်သည်။

ဆိုလိုသည်မှာ သူတို့၏ အစစ်အမှန်စစ်မြေပြင်က ဤကမ္ဘာမဟုတ်တော့ချေ။ သို့မဟုတ် လက်ရှိကမ္ဘာအတွင်း ကန့်သတ်ထားခြင်း မဟုတ်တော့ပေ။

ကျိုးရီက သဘာဝကျကျပင် သူ့ကို မကြောက်ရွံ့နေချေ။ အင်မတန်အစွမ်းထက်လှသော တိုက်ခိုက်မှုက သူ့ထံသို့ ဦးတည်လာသည်ကို မြင်လိုက်ရချိန်တွင် လက်မြှောက်ကာ လေထဲသို့ ပေါ့ပေါ့ပါးပါး တစ်ချက်တောက်လိုက်ရုံသာ ပြုလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိုမိုအစွမ်းထက်သော စွမ်းအားတစ်ခုက တိုက်ရိုက်ပစ်ထွက်သွားပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်လေသည်။

ထို့အပြင် သူ၏တိုက်ခိုက်မှုက အရှိန်လျော့မသွားဘဲ တစ်ဖက်လူထံသို့ တိုက်ရိုက်ဦးတည်သွားသည်။

အကြီးအကဲလိန်၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားပြီး နောက်တစ်ကြိမ်တားဆီးရန် သူ့တိုက်ကွက်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏ တိုက်ခိုက်မှုက မျက်တောင်တစ်ခတ်မျှသာ ခံနိုင်ရည်ရှိခဲ့ပြီး နောက်တစ်စက္ကန့်မှာပင် ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရသည်။

ဘုန်း...

အစွမ်းထက်လှသော တိုက်ခိုက်ရေးစွမ်းအားကြောင့် တိုက်ရိုက်လွင့်စင်သွားပြီး နေရာမှာတင် မေ့မြောသွားတော့သည်။

“ကြောက်စရာကောင်းလိုက်တာ၊ ဆရာ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ နဂါးမျိုးနွယ်စုက အကြီးအကဲတစ်ယောက်တောင် သူ့လက်ချက်နဲ့ ရှုံးနိမ့်သွားတယ်ဆိုတော့”

မိစ္ဆာဧကရာဇ်ရွှမ်ရဲနှင့် အခြားသူများမှာ ယုံနိုင်စရာမရှိလောက်အောင် အံ့အားသင့်နေကြသည်။ အထူးသဖြင့် ရွှမ်ရဲပင်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က မိစ္ဆာမျိုးနွယ်ဝင်တစ်ဦးဖြစ်ရာ နဂါးမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုက ကမ္ဘာပေါ်ရှိ အခြားမျိုးနွယ်စုများအပေါ် ဖိနှိပ်ထားမှုကို ပိုမိုရှင်းလင်းစွာ နားလည်ထားသောကြောင့်ပင်ာ

ထိုဖိနှိပ်မှုမျိုးက လုံးဝကို ကျော်လွှား၍မရနိုင်သလောက်ပင်။ သွေးမျိုးဆက်အရဖြစ်စေ၊ ပါရမီအရဖြစ်စေ နဂါးမျိုးနွယ်စုက စကြဝဠာတစ်ခုလုံးရှိ အခြား မျိုးနွယ်စုများအပေါ် လွှမ်းမိုးထားသော အနေအထားတွင် ရှိနေသည်။

သို့သော် ယခုအခါ သူ့ဆရာဖြစ်သူ၏လက်ထဲတွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိတော့ချေ။

ထို့အပြင် ဆရာဖြစ်သူက ထိူလူနှင့် အဆင့်တူတည်ရှိမှုတစ်ခုလည်း ဖြစ်နေသေးသည်။ ဤသည်က အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏ယ

ကျိုးရီက လက်ရှိစွမ်းအားကိုရရှိရန် မည်မျှ အစွမ်းထက်နေရမည်နည်း။ သူက ဘယ်လို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသနည်း။

စကြဝဠာထဲမှာ အင်မတန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ခန္ဓာကိုယ်တစ်ခုခုကိုများ ပိုင်ဆိုင်ထားခြင်းလော။

“အကြီးအကဲလိန်”

နဂါးမျိုးနွယ်စုအစောင့်အကြပ်များမှာလည်း ဤမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားကြသည်။ တစ်ဖက်လူ၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ကို သူတို့ ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း သူတို့၏ အကြီးအကဲက တစ်ဖက်လူကို မယှဉ်နိုင်ဖြစ်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အကြီးအကဲက နတ်ဘုရားဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခု ဖြစ်သောကြောင့်ပင်။

All Chapters