← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) - ကျိုးရီ၏ အတွေးများ (၂)

ယခုအချိန်တွင် ဤကိစ္စကို အဆုံးသတ်ရန် နည်းလမ်းမရှိတော့ပေ။ သို့သော် ဤလက်ရှိကိစ္စရပ်များက အရေးမကြီးပေ။

မိုးပြာနဂါး မြင့်မြတ်သားရဲသာ အန္တရာယ်ကင်းကငဖြင့် ပြန်လည်ရောက်ရှိလာမည်ဆိုပါက အခြားအရာများက အရေးမကြီးတော့ချေ။

ဤအချက်ကို တွေးမိပြီးနောက် သူက ချက်ချင်းပင် ပြောလိုက်သည်။

“မြင့်မြတ်သားရဲလေး၊ ငါ့နောက်ကို မြန်မြန်လာခဲ့၊ ငါက တစ်ဖက်လူရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုပေမဲ့ ငါ့အသက်ကို စတေးပြီးတော့ မင်းကို ဒီနေရာကနေ လွတ်မြောက်သွားအောင် သေချာပေါက် ကူညီပေးမယ်”

သို့သော် မိုးပြာနဂါးလေးကမူ သူ့ကို ဂရုမစိုက်ဘဲ ကျိုးရီကိုသာ လှည့်ကြည့်နေသည်။

သူ၏ မျက်လုံးများထဲရှိ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှသည်။ ကျိုးရီအနေဖြင့် သူ့မျိုးနွယ်စုဝင်များကို ခွင့်လွှတ်ပေးရန် သူက မျှော်လင့်နေခြင်းဖြစ်သည်။

ကျိုးရီက ခဏမျှတိတ်ဆိတ်သွားပြီးနောက် လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။

“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ မင်းမျက်နှာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ သူတို့ကို ငါ လွတ်ပေးလိုက်မယ်”

ထုံးစံအတိုင်းဆိုလျှင် တိုက်ပွဲအစပြုပြီးသည်နှင့် တစ်ဖက်လူကို သတ်ဖြတ်လေ့ရှိသော်လည်း နဂါးမျိုးနွယ်စုကတော့ အတော်လေးထူးခြားနေသေးသည်။

သူတို့၏ မျိုးနွယ်စုတွင် အစွမ်းထက်သိုင်းပညာရှင်များ အလွန် များပြားလွန်းလှသည်။

အကယ်၍ သူက ဤလူများအားလုံးကို သတ်လိုက်မည်ဆိုပါက ပို၍အစွမ်းထက်သော ထိပ်သီးသိုင်းပညာရှင်များကို ဆွဲဆောင်မိသလို ဖြစ်သွားပေမည်။

ထိုအခါ သူက ပြန်လည်ခုခံနိုင်မည် မဟုတ်တော့ချေ။

ယခု မိုးပြားနဂါးလေးက အသနားခံနေပြီဖြစ်ရာ ဤသည်က တစ်ဖက်လူ၏အသက်ကို ချမ်းသာပေးရန် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာပြီး မိမိကိုယ်ကို ထွက်ပေါက်တစ်ခု ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကိစ္စများ ဖြေရှင်း၍မရနိုင်လောက်သည်အထိ ကြီးမားလာခြင်းမှ ရှောင်ရှားနိုင်ရန်လည်း ဖြစ်ပေသည်။

ကျိုးရီ၏ ခွင့်ပြုချက်ကို ရရှိသည်နှင့် မိုးပြာနဂါးလေးက ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။

ထို့နောက် အကြီးအကဲလိန်ကိုကြည့်ကာ ပြုံးလျက်ဆိုလိုက်သည်။

“အကြီးအကဲလိန်၊ ခင်ဗျားတို့အားလုံး မြန်မြန်ပြန်သွားကြတော့၊ နဂါးမျိုးနွယ်စုရဲ့ကမ္ဘာကို ပြန်သွားကြတော့၊ အခုကစပြီး ဒီနေရာကို ထပ်မလာကြနဲ့တော့နော်”

“ဘာ... ဒါက”

ထိုစကားကို ကြားရသည်နှင့် အကြီးအကဲလိန်မှာ ချက်ချင်း ဆွံ့အသွားရသည်။ သူက အဇူရာနဂါးလေးကို အနည်းငယ် ဇဝေဇဝါဖြစ်စွာ စိုက်ကြည့်နေရင်း မေးလိုက်သည်။

“သူတော်စင်၊ မင်းက ငါတို့နဲ့ အတူတူမလိုက်ဘူးလား၊ မင်းက အပြင်မှာ တစ်ယောက်တည်းနေလို့မရဘူးလေ၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံးသွေးတွေ စီးဆင်းနေတာ”

” တကယ်လို့ မင်းသာ အပြင်မှာဆက်နေမယ်ဆိုရင် တခြား မသမာသူတွေရဲ့ ပစ်မှတ်ထားတာကို အလွယ်တကူ ခံရနိုင်တယ်။ အဲဒီအခါကျရင် ငါတို့အတွက် ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်”

အဇူရာနဂါးလေးက ခေါင်းယမ်းလိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။

“ကျွန်တော်က သူနဲ့ ပဋိညာဉ်ချုပ်ဆိုပြီးသွားပြီလေ၊ အခုကစပြီး ကျွန်တော်က သူနဲ့ ခွဲနေလို့မရတော့ဘူး၊ ခင်ဗျား ဘာပဲပြောပြော ကျွန်တော် သူ့ကို ထားခဲ့လို့မရဘူး”

“ဘာ”

ထိုစကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲလိန်၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားတော့သည်။ မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲက သူ့ရှေ့မှောက်ရှိ ဤလူနှင့် အမှန်တကယ်ပင် ပဋိညာဉ်ချုပ်ဆိုထားခဲ့လေပြီ။

ယခုအခါ ပြဿနာက တကယ်ကို ကြီးမားသွားပြီဖြစ်သည်။ မိုးပြာနဂါးက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ အမြင့်မြတ်ဆုံးရတနာကြီးဖြစ်သည်။

ယခုအခါတွင်မူ အခြားသူတစ်ဦးနှင့် အမှန်တကယ် ချည်နှောင်ခံထားရလေပြီ။

ဤသည်က မည်သို့သောသတင်းမျိုးနည်း။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက စကြဝဠာတစ်ခုလုံးရှိလူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရမည်မဟုတ်လော။

ထို့အပြင် ဤမျှသာမကသေး၊ အဇူရာနဂါးက သူ့ထံတွင် ရှိနေခြင်းကြောင့် အခြားသော ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်များစွာ၏ လောဘကို သေချာပေါက် ဆွဲဆောင်မိမည်ဖြစ်သည်။

အကယ်၍ ထိုအချိန်၌ မိုးပြာနဂါးလေးသာ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာခဲ့ပါက သူတို့နဂါးမျိုးနွယ်စု တကယ်ကို ပြီးဆုံးသွားပြီဖြစ်သည်။

အနည်းဆုံး သူတို့၏ မူလချီစွမ်းအင်များ ကြီးကြီးမားမား ဆုံးရှုံးသွားမည်ဖြစ်ပြီး အချိန်အတော်ကြာသည့်အထိ ပြန်လည်နာလန်ထူနိုင်မည် မဟုတ်ချေ။

ထိုအခါကျလျှင် တကယ့်ပြဿနာကြီး ဖြစ်လာတော့မည်။

“မင်း... မင်းက မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲနဲ့ ပဋိညာဥ်ချုပ်ဆိုခဲ့တယ်ပေါ့၊ ယုတ်မာတဲ့နည်းလမ်းတွေ သုံးခဲ့တာလား၊ ငါတို့ နဂါးမျိုးနွယ်စုက ဒီကိစ္စကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး”

“ဒီကိစ္စရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မင်းသိရဲ့လား၊ နဂါးမျိုးနွယ်စုတစ်ခုလုံးက မင်းကို လာပြီးသတ်ကြလိမ့်မယ်”

ကျိုးရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“တကယ်တော့ ငါ သူ့ကို ပထမဆုံးတွေ့ပြီး ပဋိညာဉ်ချုပ်ဆိုခဲ့တုန်းက သူက မင်းတို့ရဲ့ မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲမှန်း ငါမသိခဲ့ဘူး၊ တကယ်လို့ သိခဲ့ရင်တောင် အဲဒီလိုပဲ ဆက်လုပ်မှာ သေချာတယ်”

“မင်းတို့က စကြဝဠာတစ်ခုလုံးမှာ အစွမ်းအထက်ဆုံး မျိုးနွယ်စုလေ၊ မင်းတို့ လုပ်ချင်တာ အကုန်လုံးနီးပါး လုပ်လို့ရတယ်၊ ဘယ်သူမှ မင်းတို့ကို မဖိနှိပ်နိုင်ဘူး၊ ငါက သာမန် လူသားမျိုးနွယ်ဝင် တစ်ယောက်ပါ၊ ငါ့ရဲ့ စွမ်းအားတွေက ပိုပြီး မြန်မြန်တိုးတက်လာနိုင်တယ် ဆိုပေမဲ့ ငါက မင်းတို့လောက်တော့ မကောင်းသေးဘူးလေ”

“တကယ်လို့ ကိုယ့်အတွက် အသက်အာမခံချက်တစ်ခုမှ မချန်ထားဘူးဆိုရင် နောက်ကျရင် မင်းတို့က ငါ့ကို သတ်မှာမဟုတ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ငါက အဲဒီလောက် မမိုက်မဲသလို အဲဒီလောက်လည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး"

“အခုအရာအားလုံးက မင်းတို့အတွက် သီးသန့်ပြင်ဆင်ထားတာတွေချည်းပဲ။ မင်းတို့ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လက်ခံရမှာပဲ၊ ဒါက မင်းတို့ရဲ့ ကံကြမ္မာပဲ၊ ပြီးတော့ ငါ့ရဲ့ကံကြမ္မာလည်း ဖြစ်တယ်”

မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲနှင့် စာချုပ်ချုပ်ဆိုခဲ့သည့်အချိန်မှစ၍ သူတို့က အချင်းချင်း ခိုင်မာစွာ ချည်နှောင်ခံထားရပြီးဖြစ်သည်။ သူတို့၏ အကျိုးအမြတ်များက တူညီနေသည်။

ဤအချက်ကို အသုံးပြုခြင်းဖြင့်သာ သူက အစွမ်းထက်သော ကိုယ်ပိုင်ဒိုင်းကာတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။

နဂါးမျိုးနွယ်စုက အလွန်အမင်း အစွမ်းထက်လွန်းပြီး လုံးဝ ပြီးပြည့်စုံလှသည်။

မူလကတည်းက သူက မဟာကမ္ဘာကြီးဆီသို့ ကျော်ဖြတ်ဝင်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။

မဟာကမ္ဘာကြီးထဲသို့ ဝင်ရောက်ပြီးနောက် ပြဿနာများစွာ ရှိလာမည်ဖြစ်ပြီး အလွန်အမင်းအစွမ်းထက်သော ထိပ်သီးသိုင်းပညာရှင်များစွာက သူ့ကို လာရောက်ရင်ဆိုင်ကြမည်ဖြစ်ကြောင်း အလွယ်လေးစဉ်းစားကြည့်လျှင်ပင် သိနိုင်ပေသည်။

အကယ်၍ သူသာ အစွမ်းထက်သော မဟာမိတ်တစ်ခုကို ရှာဖွေနိုင်မည်ဆိုပါက အနာဂတ်တွင် မည်သည့်အရာကိုမျှ စိုးရိမ်နေရန် မလိုအပ်တော့ချေ။

အနည်းဆုံးတော့ သူ့အား ကျောထောက်နောက်ခံပေးမည့်သူ ရှိနေပြီမဟုတ်လော။

မဟုတ်ပါက ဤအတိုင်း မဟာကမ္ဘာကြီးထဲသို့ တဇွတ်ထိုး ဝင်ရောက်သွားခြင်းက သူ့အတွက်ရှောင်လွှဲ၍မရနိုင်သော ပြဿနာများကို သေချာပေါက် ယူဆောင်လာမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ နတ်ဘုရားဧကရာဇ်အဆင့်၏အထက်တွင် ပို၍အစွမ်းထက်သော တည်ရှိမှုများ ရှိနေသေးသည်။

ထို့အပြင် နတ်ဘုရားဧကရာဇ်အထက်တွင် မည်သည့်အဆင့် ရှိနေသေးသည်ကိုပင် သူ သိသေးချေ။ ဤအရာအားလုံးကို သူ့အား ပြောပြပေးမည့်သူ လိုအပ်နေပြီး သူကလည်း ပိုမိုများပြားသော အတွေ့အကြုံနှင့် သတင်းအချက်အလက်များကို ရယူရန် လိုအပ်နေသည်။

မဟုတ်ပါက တကယ်ကို ဒုက္ခရောက်ပေလိမ့်မည်။ သူက ဤကမ္ဘာငယ်လေးထဲတွင်သာ ပိတ်လှောင်နေ၍မဖြစ်ပေ။

“မင်း...”

အကြီးအကဲလိန်မှာ ဒေါသထွက်လွန်းလှသော်လည်း နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

“မင်းက တကယ်ကို ယုတ်မာလွန်းတယ်၊ ဒါပေမဲ့... မင်းက ဒီနည်းလမ်းကိုသုံးပြီး ငါတို့ရဲ့ နဂါးမျိုးနွယ်စုနဲ့ ဆက်နွယ်အောင် လုပ်ခဲ့တယ်ဆိုပေမဲ့ နဂါးမျိုးနွယ်စုက မင်းကို ဒီလောက် လွယ်လွယ်ကူကူ သဘောတူမှာမဟုတ်ဘူး”

“နောက်ဆုံး ဘယ်လို ဆုံဖြတ်မလဲဆိုတာ နဂါးမျိုးနွယ်စုထဲက အဲဒီထိပ်သီးသိုင်းပညာရှင်တွေနဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ မင်းကို ငါပြောနိုင်တာတစ်ခုက အဲဒီထိပ်သီးသိုင်းပညာရှင်တွေထဲမှာ အများစုက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်တဲ့ နဂါးအိုကြီးတွေပဲ"

“သူတို့ရဲ့ စိတ်ဓာတ်က လုံးဝ ခိုင်မာပြတ်သားပြီး သာမန်မျက်စိနဲ့ ကြည့်လို့မရဘူး။ အလားတူပဲ သူတို့ရဲ့ ပြတ်သားတဲ့လုပ်ရပ်တွေကလည်း သာမန်လူတွေနဲ့ ယှဉ်လို့မရဘူး။ အခြေအနေတွေသာ ပိုဆိုးလာခဲ့ရင် သူတို့က မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲကို တိုက်ရိုက် စွန့်ပစ်ဖို့ ရွေးချယ်ပြီး သူ့ကိုပါ မင်းနဲ့အတူ သတ်ပစ်လိုက်နိုင်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့အမြင်မှာ နဂါးမျိုးနွယ်စုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ထားရတာက အရမ်းအန္တရာယ်များလွန်းနေတယ်”

ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။

မည်သူကမျှ အခြားသူများ၏ ခြိမ်းခြောက်ခြင်းကို မခံချင်ကြသဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာနိုင်သည်ကို သူ သဘာဝကျကျပင် သိရှိထားသည်။

သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ မူလကတည်းက သူ့ထံတွင် အထက်ကမ္ဘာများနှင့်ပတ်သတ်သည့် မည်သည့်အရာမျှ မရှိခဲ့ရာ ဤအခြေအနေအတွင် အလောင်းအစားလုပ်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိခဲ့ချေ။

နောက်ဆုံးတွင် မည်သို့ဖြစ်လာမည်ကို မည်သူကမျှ တပ်အပ်မပြောနိုင်သော်လည်း မျှော်လင့်ချက်တစ်စွန်းတစ်စ ရှိနေသမျှကာလပတ်လုံး သူက သေချာပေါက် ဆုပ်ကိုင်ထားမည်သာ။

လက်ပိုက်ကြည့်နေမည့်အစား ကိုယ်က အရင်စတင်လှုပ်ရှားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အကယ်၍ အလောင်းအစားတွင် ရှုံးနိမ့်သွားပါက အစအနမကျန် ချေမှုန်းခံရမည်ဖြစ်သည်။ သူက ဤအလောင်းအစားတွင် မပါဝင်ခဲ့လျှင်ပင် ဤကဲ့သို့သော အခြေအနေမျိုးက အနာဂတ်တွင် ဖြစ်လာနိုင်သေးသည်။

သို့သော် အကယ်၍ အလောင်းအစားသာ နိုင်သွားပါက သူ့ထံတွင် အလွန်အမင်းအစွမ်းထက်သော ကျောထောက်နောက်ခံတစ်ခု ချက်ချင်းရရှိလာမည်ဖြစ်ပြီး ထိုအချိန်မှစ၍ စကြဝဠာတစ်ခုလုံးတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်မည်ဖြစ်သည်။

ထို့အပြင်... သူသာ အနည်းငယ် ပိုပြီးသတိထားကာ အဆင့်ထပ်မံတိုးတက်အောင် လုပ်နိုင်ခဲ့ပါက ဤလောကတွင် စစ်မှန်သော ပြိုင်ဘက်ကင်းအဆင့်အထိ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။

ထိုအချိန်ကျလာပါက ဤလောကရှိ မည်သူကမျှ သူ့အား ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ချေ။

………

“အကြီးအကဲလိန်၊ ကျွန်တော်တို့ ဒီအတိုင်း လက်လွှတ်လိုက်လို့ မရဘူး၊ အဲဒါက ကျွန်တော်တို့ရဲ့ မိုးပြာနဂါး မြင့်မြတ်သားရဲလေ၊ သူ့ကို ဒီလောက်အလွယ်တကူ လွှဲပေးလိုက်လို့မရဘူး”

“ပါးစပ်ပိတ်စမ်း၊ မင်းတို့ အသုံးမကျတဲ့ကောင်တွေ၊ မင်းတို့ကြောင့်သာမဟုတ်ရင် ဒီနေ့ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာစရာအကြောင်းမရှိဘူး”

အကြီးအကဲလိန်က လက်မြှောက်ကာ ရိုက်ချလိုက်ရာ ထိုလူအချို့မှာ ချက်ချင်းပင် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားတော့သည်။ သူ၏ လုပ်ရပ်များတွင် မည်သည့် သနားညှာတာမှုမျှ မပါဝင်ဘဲ ထိုလူများမှာ သူ၏ ကိုယ်ပိုင် မျိုးနွယ်စုဝင်များ မဟုတ်သည့်အလားပင်။

သို့သော် သေချာ တွေးကြည့်မည်ဆိုလျှင် ဤသည်မှာ အတော်လေးသာမန်ဆန်ကြောင်း တွေ့ရပေမည်။ မည်သို့ပင်ဆိုစေ ဤမျှကြီးမားသော လျှို့ဝှက်ချက်ကြီး ပေါက်ကြားသွားပြီးနောက်တွင် ကိုယ့်မျိုးနွယ်စုဝင်အပေါ်၌ပင် စာနာစိတ်ထားရန် ခက်ခဲသွားပြီမဟုတ်လော။

All Chapters