အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) - လောကဧကရာဇ်အသစ်
ယခင်က လောကဧကရာဇ် ရွေးချယ်ခြင်းကို ကမ္ဘာဆန္ဒက ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ယခင်မျိုးဆက် လောကဧကရာဇ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု လောကဧကရာဇ် သေဆုံးသွားပြီဖြစ်ရာ အခြားအရာအားလုံးကို အပြီးသတ်ရန် ကမ္ဘာဆန္ဒထံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။
ကမ္ဘာ့ဆန္ဒက သခင်ဖြစ်သူကို စည်းမျဉ်းများကို လျင်မြန်စွာ ရှင်းပြပြီးနောက် သူတို့ကို အခြားဟင်းလင်းပြင်နယ်ပယ်တစ်ခုသို့ ခေါ်ဆောင်သွားလေသည်။
ကျိုးရီအနေဖြင့် ကျန်ရှိနေသော ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ရန် စိတ်ဝင်စားမှုမရှိချေ။
အဘယ်ကြောင့်ဆိုသော် မည်သူက လောကဧကရာဇ်ဖြစ်လာသည်ဖြစ်စေ သူ့အတွက် လုံးဝအသုံးမဝင်သောကြောင့်ဖြစ်ပြီး သူ အရမ်းကြီး ဂရုစိုက်နေရန်မလိုအပ်ပေ။
နောက်ပိုင်းတွင် ပိုမိုအစွမ်းထက်သော ရန်သူများကို ရင်ဆိုင်နိုင်ရန်အတွက် သူ၏ ကျင့်ကြံခြင်း ပိုမိုအားကောင်းလာစေဖို့ရာ ဆက်လက်ကျင့်ကြံရန် လိုအပ်နေသည်။
တစ်ချိန်တည်းမှာပင် ယွန်လော့ကမ္ဘာအတွင်း ကောင်းကင်နှင့် မြေကြီး တာအိုလမ်းစဉ်ကြားတွင် လေဟာနယ်ပုံပျက်မှုနှင့်အတူ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သူ၏ အကြည့်များက ရေခဲအလား အေးစက်နေပြီး အချိန်မြစ်ကိုဖြတ်ကျော်ကာ ဝေးကွာလှသော ကမ္ဘာဆီသို့ လှမ်းကြည့်နေရင်း သူ၏ဆန္ဒများကိုပါ ထုတ်လွှတ်လိုက်သည်။
မကြာမီမှာပင် ပုံရိပ်တစ်ခုက သူ့ရှေ့မှောက်သို့ ရောက်ရှိလာသည်။
“အရှင်မင်းကြီး... ကျွန်တော့်ကို ဆင့်ခေါ်တာလား”
သူက ခေါင်းညိတ်ပြလိုက်သည်။
“ပီလင်းနဲ့ တခြားလူတွေအားလုံး အသတ်ခံလိုက်ရပြီ”
“ဘာ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုပုံရိပ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး သူကြားလိုက်ရသည့် အရာကို မယုံကြည်နိုင်သည့်အလား ဖြစ်သွားရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူတို့ အားလုံးက ကျွန်တော်တို့ ကမ္ဘာက ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တွေချည်းပဲလေ၊ သူတို့က အရမ်းအစွမ်းထက်တာ၊ ဒီကမ္ဘာမှာဆိုရင် အစွမ်းထက် သိုငမးပညာရှင်ပေါင်း မရေမတွက်နိုင်အောင် အနိုင်ယူခဲ့ဖူးသလို တခြားကမ္ဘာတွေက ထိပ်သီးသိုင်းပညာရှင်တွေကိုတောင် အနိုင်ယူခဲ့ဖူးတယ်လေ။
သူတို့ထဲက အများစုက တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးတဲ့ ဝါရင့် စစ်သည်တော်တွေပဲ၊ ကမ္ဘာအသစ်ကို ရောက်ရောက်ချင်းမှာပဲ ဘယ်လိုလုပ် ချက်ချင်းရှုံးနိမ့်သွားရတာလဲ။ ပြီးတော့ သူတို့ သွားတဲ့ကမ္ဘာက ကျွန်တော်တို့ရဲ့ကမ္ဘာလောက် အစွမ်းမထက်ဘူး မဟုတ်လား”
ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်က ပြန်လည်ပြောဆိုလိုက်သည်။
“မင်းပြောတာလည်း မှန်ပါတယ်၊ အဲဒီကမ္ဘာက ငါတို့ရှိနေတဲ့ကမ္ဘာလောက် အစွမ်းမထက်တာ အမှန်ပဲ၊ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့ သေသွားကြတယ်။ ပြိုင်ဘက်က အသေခံတိုက်ခိုက်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တာများလား၊ ဒါမှမဟုတ် တခြား မမျှော်လင့်ထားတဲ့အရာတစ်ခုခုများ ရှိနေခဲ့တာလား။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ သသွားတာက ငါတို့အတွက် အရမ်းပြဿနာများတဲ့ကိစ္စပဲ။ အောက်ကမ္ဘာနဲ့ ဖြစ်နေတဲ့ စစ်ပွဲက ရပ်မသွားသေးဘူး။ အခုဆို အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီ။
ယုတ္တိကျကျ တွေးကြည့်ရင်တော့ ငါတို့က အသာစီးရသင့်ပေမဲ့ လက်ရှိ အခြေအနေတွေအရဆိုရင်တော့ ချက်ချင်းအရေးနိမ့်သွားမယ်လို့ ငါ ခန့်မှန်းမိတယ်။
ဒီအတိုင်းဆက်သွားရင် ငါတို့ သေချာပေါက် တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးကျရင် ငါတို့ လုံးဝရှုံးနိမ့်သွားတဲ့အထိတောင် ဖြစ်သွားနိုင်တယ်”
“ဒါဆို အရှင်သခင်ရဲ့ သဘောက...”
“မင်း အရင်သွားစုံစမ်းကြည့်၊ အဲဒီကမ္ဘာမှာ တခြားအစွမ်းထက်သိုင်းပညာရှင်တွေ ရှိနေသေးရင် သူတို့ကို တောင်းပန်ဖို့ရွေးချယ်လိုက်၊ ပြီးရင် ငါ့ကိုယ်စား သူတို့နဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုလိုက်၊ အနာဂတ်မှာ အချင်းချင်းစောင့်ရှောက်နိုင်အောင်လို့”
“အရှင်သခင်... သူတို့က ကျွန်တော်တို့ရဲ့ ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင် အများကြီးကို သတ်ခဲ့တာတောင်မှ သူတို့နဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုရဦးမှာလား၊ ကျွန်တော်တို့လူတွေက အလွယ်တကူ လက်ခံမယ်မထင်ဘူး”
“ဒါက ယာယီနည်းလမ်းတစ်ခု သက်သက်ပါ၊ တစ်ဖက်ကို အရင် တည်ငြိမ်အောင်လုပ်ထားရမယ်၊ သူတို့နှစ်ဖက် ပူးပေါင်းသွားရင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်။ အောက်ကမ္ဘာကို လုံးဝရှင်းလင်းပြီးတာနဲ့ ငါတို့ သူတို့ကို ရှင်းလို့ရတယ်၊
အဲဒီအခါ ဘာပြဿနာမှ မရှိတော့ဘူး။ အဲဒီအချိန်ကျရင် တခြားကမ္ဘာက အရင်းအမြစ်တွေကိုလည်း ငါတို့ ရလာဦးမှာဆိုတော့ ငါတို့အတွက် အမြတ်ချည်းပဲ”
“အရှင်သခင်က တကယ်ကို ဉာဏ်ပညာကြီးလွန်းပါတယ်”
“သွားပြီး ဒီကိစ္စကိုလုပ်လိုက်၊ အားလုံးကို မင်းဆီလွှဲထားလိုက်ပြီ”
“ဟုတ်ကဲ့ပါ”
အခြားတစ်ဖက်တွင် အောက်ကမ္ဘာ၏ လောကဧကရာဇ်ကလည်း တစ်စုံတစ်ရာကို သဲသဲကွဲကွဲ အာရုံခံမိသွားပုံရသည်။
သူကလည်း သူ့လက်အောက်ငယ်သားကို ဆင့်ခေါ်လိုက်သည်။ ဝတ်ရုံခြုံထားသော လူငယ် နယ်မြေနတ်ဘုရားတစ်ပါးက သူ့ရှေ့မှောက်သို့ ရောက်ရှိလာသည်။
“အရှင်သလင်”
“လင်းယွီ၊ မကြာသေးခင်က ရှေ့တန်းအခြေအနေ ဘယ်လိုရှိလဲ”
“အရာအားလုံး ပုံမှန်ပါပဲ၊ ဒါပေမဲ့ ရန်သူရဲ့ တိုက်ခိုက်မှုတွေက သိပ်မပြင်းထန်တော့သလိုပဲ၊ အရင်ကနဲ့စာရင် အများကြီး အရှိန်လျော့သွားတယ်”
“တကယ်ကိုပဲ”
“အရှင်သခင်၊ တစ်ခုခုများ အာရုံခံမိလို့လား”
“ဟုတ်တယ်၊ ယွန်လော့ကမ္ဘာရဲ့ စွမ်းအားက အနည်းငယ် လျော့ကျသွားတယ်လို့ ငါ အာရုံခံမိတယ်၊ ဒါက သူတို့ဆီက ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တချို့ ဆုံးရှုံးသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါပေမဲ့ ထိပ်သီးသိုင်းပညာရှင် ဘယ်နှစ်ယောက်လဲဆိုတာတော့ ငါ မသိဘူး။
သူတို့ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ငါ ခံစားမိတယ်၊ တခြားနေရာတစ်ခုခုက အစွမ်းထက်သိုင်းပညာရှင် တစ်ယောက်ယောက်ကို ပြစ်မှားမိတာ ဖြစ်နိုင်တယ်”
“ဒါဆို အရှင်သခင်ရဲ့ ရည်ရွယ်ချက်က အဲဒီကောင်ကို သွားရှာဖို့ပေါ့”
“ဟုတ်တယ်၊ ဒါပေမဲ့ မင်းက အဲဒီကောင်ကို ရှာရုံတင်မကဘူး၊ သူနဲ့ မဟာမိတ်ဖွဲ့ရမယ်။ တကယ်လို့ သူတို့ကြားမှာ ရန်ငြိုးတစ်ခု ရှိနေပြီးသားဆိုရင် ငါတို့က အခွင့်ကောင်းယူလို့ ရတာပေါ့။
အခု နှစ်ဖက်လုံးရဲ့ တိုက်ပွဲက အကြိတ်အနယ်ဖြစ်နေတော့ နောက်ထပ်မဟာမိတ်တစ်ယောက် ရလာတာ ဒါမှမဟုတ် တစ်ဖက်ကို တစ်ကိုယ်တည်းဖြစ်အောင် လုပ်လိုက်တာက စစ်ပွဲအခြေအနေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိလာလိမ့်မယ်”
“ဟုတ်ကဲ့ပါ၊ ဘယ်ကမ္ဘာလဲဆိုတာနဲ့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ကျွန်တော် ချက်ချင်း သွားပြီးစုံစမ်းပါ့မယ်”
“သဲလွန်စတစ်ခုခု ရထားပြီလား”
“ဟုတ်ကဲ့၊ ကျွန်တော့်မှာ ယွန်လော့ကမ္ဘာထဲက သတင်းပေးတချို့ ရှိပါတယ်၊ သူတို့ကို အခြေခံပြီး ရလဒ်ကို ဆုံးဖြတ်နိုင်လောက်ပါတယ်”
“ဒါဆို သွားတော့၊ ဒီကိစ္စကို အမြန်ဆုံးပြီးအောင်လုပ်”
ကျိုးရီဘက်တွင်မူ ရက်အနည်းငယ်ကျင့်ကြံပြီးနောက် ရုတ်တရက် အစွမ်းထက်လှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး အရာအားလုံး ချက်ချင်းနားလည်သွားတော့သည်။
လောကဧကရာဇ်သစ် ရွေးချယ်ပြီးသွားခဲ့လေပြီ။
“သူတို့ ဒီလောက်မြန်မြန် ရွေးချယ်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တိုက်ပွဲက သိပ်မကြာလိုက်ဘူးထင်တယ်”
ကျိုးရီက ခေါင်းညိတ်လိုက်သည်။ ဤသည်က အတော်လေး ကောင်းမွန်သည်။ မည်သို့ပင်ဆိုစေ တိုက်ပွဲသာ အရမ်းကြာသွားပါက တစ်ယောက်ယောက် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။
ယခုမူ အချိန်တိုအတွင်း ရလဒ်တစ်ခုထွက်လာပြီဖြစ်ရာ ငြိမ်းချမ်းသောတိုက်ပွဲတစ်ခု ဖြစ်ခဲ့မည်မှာ သေချာလှသည်။
လောကဧကရာဇ်၏အငွေ့အသက်ကို အကဲခတ်ကြည့်ရသလောက် ရွှမ်ရဲဖြစ်သင့်သည်။
“နောက်ဆုံးတော့ ဒီရာထူးကို ရောက်သွားတာ သူဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အတော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ”
ကျိုးရီ၏ မူလခန့်မှန်းချက်မှာ လီရွှန်ကျိုး ဖြစ်နိုင်ချေရှိသည်ဟုပင်။ မည်သို့ပင်ဆိုစေ သူ၏ကံကြမ္မာက အမှန်တကယ်ပင် အလွန်အမင်း အားကောင်းလွန်းလှသည်။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သူက အစွမ်းအထက်ဆုံးသူများထဲတွင် ပါဝင်သင့်သော်လည်း နောက်ဆုံးတွင်မူ အခြားသူက အကျိုးအမြတ်များကို ခံစားသွားရသည်။
ကံကြမ္မာဆိုသည်မှာ တစ်ခါတစ်ရံတွင် မှန်းဆရ အတော်လေးခက်ခဲကြောင်း ဝန်ခံရမည်ပင်။ အနာဂတ်တွင် မည်သို့သောကံကြမ္မာမျိုး ရှိလာမည်ကို မည်သူကမျှ အသေအချာ မပြောနိုင်ပေ။
ထိုအချိန်က ကံကြမ္မာ အလွန်ကောင်းနေလျှင်ပင် အနာဂတ်တွင် ရှင်းပြ၍မရနိုင်သော ပြဿနာများ ရှိလာနိုင်သေးသည်။
“အနာဂတ်ကျရင် ငါ့ရဲ့ ကံကြမ္မာက ဘယ်လိုများ ဖြစ်လာမလဲမသိဘူး။ ငါက အများကြီးပိုင်ဆိုင်ထားပြီး အရမ်းအစွမ်းထက်နေပြီဆိုပေမဲ့ ဒီကမ္ဘာမှာ အစွမ်းထက်တဲ့တည်ရှိမှုတွေ အများကြီးရှိနေသေးတယ်၊
နောက်ဆုံးကျရင် အဲဒီအဆင့်ကို ရောက်နိုင်ပါ့မလားမသိဘူး။ တကယ်လို့ အနာဂတ်မှာ ငါ အဲဒီအဆင့်ကို မရောက်နိုင်ခဲ့ဘူးဆိုရင် ငါ့ဝိညာဉ်က ကမ္ဘာမြေကို ပြန်ရောက်သွားမလားမသိဘူး”
ဤအခိုက်အတန့်တွင် အားလုံးက ထိုဟင်းလင်းပြင်နယ်ပယ် အတွင်းမှ ထွက်ပေါ်လာကြပြီး သူ့ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
“ဆရာ”
“အရှင်သခင်ကျိုး”
“နတ်ဘုရားဧကရာဇ်ကျိုး”
နယ်မြေနတ်ဘုရားဆယ်ပါး၊ မဟုတ်သေးပေ၊ တိတိကျကျ ပြောရလျှင် ယခုအခါ နယ်မြေနတ်ဘုရားကိုးပါးနှင့် လောကဧကရာဇ်တစ်ပါး ဖြစ်သည်။ အားလုံးက သူ့ရှေ့မှောက်တွင် တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြသည်။
ကျိုးရီက ခေါင်းညိတ်ပြလိုက်ပြီး လက်ကို အနည်းငယ် ပင့်တင်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက သူတို့ကို အတင်းအကျပ် မတ်တတ်ရပ်စေလိုက်သည်။
“အားလုံးထကြပါ၊ ဒီတစ်ခါ မင်းတို့အားလုံး ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်၊ နောက်ဆုံးမှာ မင်းတို့ ငါ့စကားကို နားထောင်ပြီး အချင်းချင်းသတ်ဖို့ မကြိုးစားခဲ့ကြဘူး။
မှတ်ထားပါ၊ ဒါက မင်းတို့ဘဝရဲ့ အဆုံးသတ်မဟုတ်ဘူး၊ မင်းတို့ဘဝရဲ့ စမ်းသပ်မှုတစ်ခု သက်သက်ပဲ၊ အရမ်းအလေးအနက်ထားဖို့ မလိုပါဘူး”
အားလုံးက သက်ပြင်းချလိုက်ကြသည်။
“ဒါပေမဲ့ တကယ်တမ်းမှာ ကျွန်တော်တို့က ဆရာ့လောက်ကြီးမြတ်တဲ့ ဉာဏ်ပညာမရှိတော့ ဒီစွဲလမ်းမှုကနေ အလွယ်တကူ ရုန်းမထွက်နိုင်ဘူးလေ”
“ဟုတ်တယ်၊ စွဲလမ်းမှုကို ဖျောက်ဖျက်ဖို့က ဘယ်လောက်တောင်ခက်ခဲလိုက်လဲ၊ လောလောဆယ်တော့ မင်းတို့အားလုံး ပြန်ကြတော့၊ နောက်တစ်နေ့ကျရင် သိုင်းတာအိုကျင့်ကြံခြင်း အတွေ့အကြုံတချို့ကို ငါကိုယ်တိုင် ရှင်းပြပေးမယ်၊
အဲဒါက မင်းတို့ရဲ့ နှလုံးသားတွေကို ဖွင့်ဟနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်၊ ပြီးတော့ မင်းတို့အတွက် အသုံးဝင်ကောင်း အသုံးဝင်နိုင်တယ်”
“ဟုတ်ကဲ့ပါ”
ထိုစကားကို ကြားရသည်နှင့် အားလုံးက အတွေးများမနေကြတော့ဘဲ ဤနေရာမှ ထွက်ခွာသွားကြသည်။ ရွှမ်ရဲတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
သူ့မျက်လုံးများထဲ၌ ကျေးဇူးတင်မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။ သူ့ကို ပထမဆုံးအကြိမ် လက်အောက်ခံအဖြစ် သိမ်းသွင်းခဲ့စဉ်က သူ၏နှလုံးသားမှာ နက်ရှိုင်းသော မျှော်လင့်ချက်ကင်းမဲ့မှုထဲသို့ ကျဆင်းသွားခဲ့သည်။
ထိုစဉ်က သူ့ဘ၀ လုံးဝပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင် ဤမျှကောင်းမွန်သော ကံကြမ္မာမျိုး ရှိနေသေးပြီး သူ၏ နောက်ဆုံးအိပ်မက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့မိပေ။
ဤအရာအားလုံးက သူ့ရှေ့မှောက်ရှိ တည်ရှိမှုကြောင့်ပင်။ အကယ်၍ သူသာ မရှိခဲ့ပါက လက်ရှိအနေအထားသို့ ဘယ်သောအခါမှ ရောက်ရှိလာမည်မဟုတ်ပေ။
ဤပြိုင်ပွဲတွင် တကယ်တမ်း ဝင်ရောက်ယှဉ်ပြိုင်ကြည့်မှသာ တစ်ဖက်လူ မည်မျှအစွမ်းထက်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။