← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) - ပြိုင်ဘက်ကင်းလမ်းစဉ် (၂)

သူ တကယ်ကို မျှော်လင့်မထားခဲ့ပေ။ သို့သော် တစ်ဖက်လူ၏ အမူအရာကို သေချာတွေးကြည့်ပါက အရာအားလုံးက အလွန်ယုတ္တိတန်နေပုံရသည်။ တစ်ဖက်လူနှင့် အဓိပ္ပာယ်မရှိသည့်အရာများ ဆက်ပြောနေရန် ပျင်းရိလာသဖြင့် တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

“ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြစို့၊ နောက်မှ အချိန်ရရင် ဒီကိစ္စကို သေသေချာချာဆွေးနွေးဖို့ မင်းဆီကို ငါကိုယ်တိုင်လာခဲ့မယ်။ အခု မင်း ပြန်လို့ရပြီ၊ ငါက အနှောင့်အယှက်ပေးခံရတာကို သိပ်မကြိုက်ဘူး”

ကျိုးမင်က မည်သို့လုပ်၍ ဤအတိုင်း အလွယ်တကူ ပြန်သွားနိုင်မည်နည်း။ သူက တာဝန်တစ်ခုဖြင့် ရောက်လာခြင်းဖြစ်သည်။ အကယ်၍ တစ်ဖက်လူနှင့် သဘောတူညီချက် စာချုပ် မချုပ်ဆိုနိုင်ပါက ပြန်ရောက်သည့်အခါ သူတို့ကမ္ဘာမှ လောကဧကရာဇ်၏ အပြစ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။

ထို့ကြောင့် သူက ဤမျှအလွယ်တကူ ပြန်သွားရန် လုံးဝမဖြစ်နိုင်ပေ။ ဤအချက်ကို တွေးမိပြီးနောက် သူက ချက်ချင်းပင် ပြောလိုက်သည်။

“လောကဧကရာဇ်... ခင်ဗျားကို ပြောပြချင်တာ နောက်တစ်ခု ရှိပါသေးတယ်၊ တကယ်တော့ ခင်ဗျား သိပ်မသိလောက်သေးတဲ့ ကိစ္စတစ်ခုရှိတယ်၊ လက်ရှိ စကြဝဠာရဲ့အခြေအနေက အရမ်းကို ရှုပ်ထွေးနေတယ်”

“ကမ္ဘာပေါင်းများစွာက အရင်းအမြစ်တွေအတွက် စစ်ဖြစ်နေကြတယ်။ ဒီစစ်ပွဲတွေထဲမှာ ကမ္ဘာအတော်များများ ဖျက်ဆီးခံလိုက်ရပြီ။ ဖျက်ဆီးမခံရအောင်လို့ လူတော်တော်များများက မဟာမိတ်ဖွဲ့ဖို့ရွေးချယ်ပြီး ဒီဘေးဒုက္ခတွေကို အတူတကွ ရင်ဆိုင်ဖို့ရာ လက်တွဲရင်း ရှေ့ဆက်နေကြတယ်။

ကျွန်တော်တို့ကြားမှာ အထင်လွဲမှုတချို့ ရှိခဲ့တယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီအထင်လွဲမှုတွေကို ဖြေရှင်းလို့ရပါတယ်။ ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်လို့ ဒီတစ်ခါ ရိုးသားတဲ့စေတနာနဲ့ လာခဲ့တာပါ။

တကယ်လို့ ကျွန်တော်တို့ ပူးပေါင်းနိုင်ရင် ကမ္ဘာနှစ်ခုရဲ့ စွမ်းအားနဲ့ ကမ္ဘာအတော်များများကို သိမ်းပိုက်နိုင်တယ်။ ကျွန်တော်တို့ အရင်းအမြစ်တွေ ပိုရလာပြီး ပိုအစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ပြုစုပျိုးထောင်နိုင်လိမ့်မယ်။

ခင်ဗျားကိုယ်တိုင်တောင် အဲဒီကနေ အကျိုးအမြတ်တွေ ရနိုင်ပြီး ပိုအစွမ်းထက်တဲ့ အဆင့်တစ်ခုကို ကျော်ဖြတ်ဖို့ အရင်းအမြစ်အမျိုးမျိုး ရရှိနိုင်မှာပဲ”

‘တကယ်ကြီး မဟာမိတ်ဖွဲ့ဖို့ပါလား’

ရွှမ်ရဲသည် ကျိုးရီ၏စကားများအပေါ် ပို၍ပင် လေးစားအားကျသွားရသည်။ ကျိုးရီသည် တစ်ဖက်လူ မရောက်လာခင်ကတည်းက တစ်ဖက်လူ၏ ရည်ရွယ်ချက် အားလုံးကို ကြိုတင် ခန့်မှန်းပြီးသား ဖြစ်နေသည်။

ဤသည်က အံဩဖွယ်ရာပင်။

သို့သော် ကံမကောင်းစွာဖြင့် ကျိုးရီက တစ်ဖက်လူ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လက်မခံရန် သူ့အတွက် စည်းမျဉ်းတစ်ခုချမှတ်ပေးပြီးသား ဖြစ်နေသည်။

ထို့ကြောင့် မည်သို့ပင်ဆိုစေ တစ်ဖက်လူက မည်မျှပင် ကောင်းမွန်သော အခြေအနေများ ကမ်းလှမ်းလာစေကာမူ သူ သဘောတူ၍မရနိုင်ချေ။

“ကောင်းပြီ၊ မင်း ဘာမှဆက်ပြောနေစရာ မလိုတော့ဘူး၊ အခုချက်ချင်းထွက်သွားတော့၊ ငါ မင်းတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ ငါ့အချိန်တွေကို လာပြီးဖြုန်းတီးမနေနဲ့၊ ဒီအတိုင်းဆက်သွားရင် ငါ ရိုင်းတယ်လို့အပြစ်မတင်နဲ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးမင်၏ မျက်လုံးများထဲ၌ အေးစက်စက်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် လွန်ခဲ့သော နှစ်များစွာအတွင်း ကမ္ဘာတစ်ခုထက်မက သွားရောက်ခဲ့ဖူးသော်လည်း ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ရဖူးပေ။

ဤသည်က မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း သူ ဘာမျှ ပြန်ပြောနိုင်စွမ်းမရှိခဲ့ချေ။

မည်သို့ပင်ဆိုစေ သူ့ကိုယ်ပိုင်စွမ်းအားက တစ်ဖက်လူကို လုံးဝ မယှဉ်နိုင်ပေ။

အကယ်၍ ဤနေရာတွင် တစ်ဖက်လူကို ဒေါသထွက်အောင် လုပ်မိပါက သူ၏အဆုံးသတ်က သေချာပေါက် ကောင်းမည်မဟုတ်ပေ။ သူက ဤနေရာတွင် တိုက်ရိုက်ပင် သေဆုံးသွားနိုင်သည်။ ထို့ကြောင့် သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။

“လောကဧကရာဇ်က ကျွန်တော်တို့နဲ့ မပူးပေါင်းချင်ဘူးဆိုမှတော့ ဒီနေရာကနေ ထွက်သွားရုံပဲရှိတော့တာပေါ့။ တစ်နေ့နေ့ကျရင် ကျွန်တော်တို့ ပူးပေါင်းဖို့ အခွင့်အရေးရှိဦးမယ်လို့ မျှော်လင့်ပါတယ်။

အနာဂတ်မှာ တစ်ယောက်ယောက်က ဒီကမ္ဘာကို လာတိုက်ခိုက်ရင် လောကဧကရာဇ်အနေနဲ့ ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ အချိန်မရွေး လူလွှတ်ပြီး လာရှာလို့ရပါတယ်”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံရှိ လေဟာနယ်အက်ကွဲကြောင်းက တစ်ဖန်ပွင့်လာပြီး ထိုအထဲမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာသည်။

“ဒါက...”

ရွှမ်ရဲက မျက်မှောင်ကြုတ်လိုက်မိပြီး ကျိုးမင်၏ မျက်နှာအမူအရာကမူ တစ်ဖက်လူ၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက် ချက်ချင်း အပြင်းအထန်ပြောင်းလဲသွားတော့သည်။

သူက ချက်ချင်းပင် ပြောဆိုလိုက်သည်။

“လောကဧကရာဇ်... ဒီကောင်က အရမ်းယုတ်မာတဲ့ကောင်ပဲ၊ သူက စကြဝဠာအသီးသီးကို လှည့်လည်သွားလာပြီး လူတွေကို အများကြီးသတ်ဖူးတယ်၊ ဒီကမ္ဘာကို ကြိုတင်စူးစမ်းဖို့ သူ ရောက်လာတာဖြစ်ရမယ်၊ သူ့ကို ခင်ဗျား သတိထားရမယ်။

အခု သူ့ကို ပြန်ရိုက်ထုတ်လိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် သူလှည့်စားတာရို ခံလိုက်ရရင် ခင်ဗျားအတွက် ဆုံးရှုံးမှုတွေဖြစ်လာမှာပဲ၊ တစ်ကမ္ဘာလုံးကိုတောင် ထိခိုက်သွားနိုင်တယ်”

ရွှမ်ရဲက မထီမဲ့မြင်ပြုံးလိုက်သည်။

“မင်း စကားပြောတာ အရမ်းကောင်းတာပဲ၊ မင်းနဲ့ ငါနဲ့က အရင်က တစ်ခါမှတောင် မတွေ့ဖူးတာကို ပထမဆုံးတွေ့ဆုံမှုမှာ မင်းပြောတာကို ငါက ဘာလို့ယုံရမှာလဲ။ မင်းတို့က အခုလေးတင် ငါတို့ရဲ့ ရန်သူတွေ ဖြစ်ခဲ့တာလေ၊ ပြီးတော့ ငါတို့ တိုက်ပွဲကြီးတစ်ခုတောင် ဆင်နွှဲခဲ့သေးတယ်။

အခု မင်းက ငါ့အတွက်တွေးပေးနေတယ်လို့ပြောတော့ ငါ ဘယ်လိုလုပ် ယုံနိုင်မှာလဲ။ မင်းက ဟိုတစ်ယောက်ကို လူဆိုးလို့ပြောတိုင်း သူက လူဆိုးဖြစ်ရမှာလား၊ ငါက ဘာလို့ အဲဒါကိုယုံရမှာလဲ”

တစ်ဖက်လူက သူ့ရှေ့မှောက်ရှိ လူနှင့် ပြဿနာတစ်စုံတစ်ရာ ရှိနေမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ မဟုတ်ပါက ဤစကားမျိုး ပြောမည်မဟုတ်သလို ဤမျှလောက်လည်း စိုးရိမ်ပူပန်နေမည် မဟုတ်ချေ။

တစ်ဖက်လူနှင့် သူက ရန်သူအင်အားစု ဖြစ်နိုင်ချေ အလွန်များပြားပြီး သူက တစ်ဖက်လူ၏ အပြောထဲတွင် ကျရှုံးသွားကာ သူတို့နှင့် မဟာမိတ်ဖွဲ့သွားမည်ကို အလွန်စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ သူသာ တစ်ဖက်လူနှင့် မဟာမိတ်ဖွဲ့လိုက်ပါက သူတို့၏အင်အားစုအတွက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည်ဖြစ်၏။ ထို့ကြောင့် မည်သူကမျှ ဤအခြေအနေကို လက်ခံလိုမည် မဟုတ်ပေ။

သို့သော် ကံမကောင်းစွာဖြင့် သူက ဤသို့ပြုမူလာသဖြင့် ရွှမ်ရဲမှာ တစ်ဖက်လူနှင့် ပို၍ပင် မဟာမိတ်ဖွဲ့ချင်လာတော့သည်။

ဆိုရိုးစကား ရှိသည်မဟုတ်လော။ ရန်သူ၏ ရန်သူသည် မိမိ၏ မိတ်ဆွေပင်။

အကယ်၍ သူသာ တစ်ဖက်လူနှင့် ပူးပေါင်းနိုင်မည်ဆိုပါက သူ့ရှေ့မှောက်ရှိ အကောင်ကို သေချာပေါက် ကြီးမားသောဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ သူ့ကို ဒေါသထွက်ပြီး သေသွားအောင်ပင် လုပ်နိုင်ကောင်း လုပ်နိုင်ပေလိမ့်မည်

ထို့အပြင် တစ်ဖက်လူ၏ ကမ္ဘာကိုလည်း ကြီးမားသောသက်ရောက်မှုများ ဖြစ်စေနိုင်သည်။

‘ဒါက ဘယ်ဆိုးလို့လဲ'

တစ်ခုတည်းသောပြဿနာမှာ တစ်ဖက်လူက လူကောင်း ဟုတ်၊ မဟုတ် ဆိုသည်နှင့် သူတို့၏စွမ်းအားက မဟာစကြဝဠာတစ်ခုလုံးတွင် လုံလုံလောက်လောက် အစွမ်းထက်မှု ရှိ၊ မရှိ ဆိုသည်ကို သူ သေချာမသိခြင်းပင်။

အကယ်၍ တစ်ဖက်လူ၏ စွမ်းအားက မလုံလောက်ပါက သို့မဟုတ် တစ်ဖက်လူက လူပေါင်းများစွာကို ပြစ်မှားထားဖူးပါက တစ်ဖက်လူနှင့် ပူးပေါင်းခြင်းက သူ့အတွက် ပိုမိုကြီးမားသော ပြဿနာများကို ယူဆောင်လာနိုင်ပေသည်။

ဤကိစ္စအတွက် သူ ကျိုးရီနှင့် တိုင်ပင်ရဦးမည်ဖြစ်သည်။ ဤအချက်ကို တွေးမိပြီးနောက် သူက ကျိုးရီနှင့် ဆက်သွယ်ရန် သူ၏စိတ်စွမ်းအားကို ချက်ချင်းအသုံးပြုလိုက်သည်။

“ဆရာ... ဒီစွမ်းအားကို ဆရာအာရုံခံမိမှာသေချာတယ်၊ ဟုတ်တယ်မလား၊ ဒီကောင်က တခြားကမ္ဘာကနေလာတာ။ ပြီးတော့ သူက ကျွန်‌တော့်ရှေ့ကကောင်ကို သိနေပြီး သူ့ရဲ့ ရန်သူအင်အားစုဖြစ်ဖို့ အလားအလာ အရမ်းများတယ်။ ကျွန်တော်တို့ တစ်ဖက်လူနဲ့ စကားပြောကြည့်ရမလား”

ကျိုးရီသည် ဤနေရာတွင် မရှိသော်လည်း ကမ္ဘာတစ်ခုလုံးတွင် ဖြစ်ပျက်သမျှကိစ္စရပ်တိုင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်း ရှသည်။ ထို့ကြောင့် သူက တိုက်ရိုက်ပင် ပြန်ဖြေလာသည်။

“ဒီကိစ္စအတွက် မင်းမှာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိတယ်၊ မင်း ဘာပဲရွေးချယ်ရွေးချယ် ငါ သဘောတူတယ်၊ မင်း တစ်ခုခုမှားယွင်းသွားမှာကို ပူနေစရာမလိုဘူး၊ အခု မင်းက ဒီကမ္ဘာရဲ့ တစ်ဦးတည်းသောအရှင်သခင်ပဲ”

“ဆရာ”

ရွှမ်ရဲမှာ ကြည်နူးစိတ်လှုပ်ရှားသွားခဲ့သော်လည်း အမှန်တကယ်တွင် ကျိုးရီ ဤဆုံးဖြတ်ချက်ကို ချရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤကမ္ဘာမှ မိမိကိုယ်ကို ဖယ်ထုတ်ရန်ဖြစ်သည်။

ယခုအခါ သိုင်းတာအို လမ်းစဉ်အပေါ် ပိုမိုအာရုံစိုက်ရန် လိုအပ်နေပြီဖြစ်၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအင်များကို တတ်နိုင်သမျှ မြှင့်တင်ရန်နှင့် ကိုယ်ပိုင်စွမ်းအားများ ပိုမိုတိုးတက်လာစေရန် လိုအပ်နေသည်။

သို့သော် လောလောဆယ်တွင် အရေးအကြီးဆုံးအရာမှာ မိမိကိုယ်ကို အရင်ကာကွယ်ရန်ပင်။ မကြာမီက သူ၏ လှုပ်ရှားများက ပို၍ အန္တရာယ်များလာကြောင်း သူ ခံစားနေရသည်။

ဤအတိုင်းဆက်သွားပါက အခြားသူများအား လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်မိသလို ဖြစ်သွားနိုင်သည်။

အကယ်၍ သူသာ ဤကမ္ဘာမှ မိမိကိုယ်ကို ဖယ်ထုတ်လိုက်နိုင်ပါက အနည်းဆုံးတော့ လူအများအပြားက သူ၏အချက်အလက်များကို ရိပ်မိနိုင်တော့မည်မဟုတ်ချေ။

ဆိုရိုးစကား ရှိသည်မဟုတ်လော။

‘မဟာရသေ့ကြီးများက မြို့ပြတွင် ပုန်းအောင်းကြပြီး ရသေ့ငယ်များက တောတောင်များတွင် ပုန်းအောင်းကြသည်’

ယခု ကျိုးရီလုပ်ရမည့်အရာမှာ သူ၏ အချက်အလက်များကို နောက်တစ်ကြိမ် ပြန်လည်ပိတ်ဆို့ထားရန်ဖြစ်ပြီး မိမိကိုယ်ကို တတိယရှုထောင့်မှသာ ဆက်လက်ကြည့်ရှုနေနိုင်ရန် ဖြစ်သည်။

ထိုအခါမှသာ စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံနိုင်မည်ဖြစ်သည်။ အကယ်၍ ဤကမ္ဘာက အနာဂတ်တွင် ပြဿနာတစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက သူက တိတ်တဆိတ် ဝင်ရောက်ဖြေရှင်းပေးရုံသာ။

မဟုတ်ပါက လူတိုင်းက သူ့ကို လာရှာနေကြမည်ဆိုလျှင် သူ၏ကျင့်ကြံခြင်းကိုပင် အနှောင့်အယှက်ဖြစ်စေလိမ့်မည်။

သူ၏ လက်ရှိစွမ်းအားက ကမ္ဘာများစွာကို စီမံခန့်ခွဲရန် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။ နတ်ဘုရားဧကရာဇ်ဆိုသည်မှာ အခြေခံအားဖြင့် ထိုကဲ့သို့သော တည်ရှိမှုမျိုးပင်။

ကျိုးမင်သည် အငွေ့အသက်များ ပိုမိုပြင်းထန်လာပြီး တစ်ဖက်လူက လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာတော့မည်ကို ခံစားလိုက်ရချိန်တွင် သူ့ရင်ထဲ၌ ပို၍ပင် ဗျာများလာတော့သည်။ ဤသို့ ဖြစ်လာမည်ကို သူ လုံးဝခွင့်မပြုနိုင်ပေ။

အနည်းဆုံးတော့ နှစ်ဖက် ပူးပေါင်းသွားမည်ကို သူ ခွင့်မပြုနိုင်ချေ။ မဟုတ်ပါက သူပြန်ရောက်သည့်အခါ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

လောကဧကရာဇ်က တစ်ဖက်လူနှင့် မဟာမိတ်ဖွဲ့ရန်ဆွဲဆောင်ဖို့ သူ့ကို စေလွှတ်ခဲ့သော်လည်း ဤမဟာမိတ်ဖွဲ့ခြင်းကို သူ အောင်မြင်အောင် မလုပ်နိုင်ခဲ့ရုံသာမက တစ်ဖက်လူကိုပါ သူ၏ ရန်သူအင်အားစုနှင့် မဟာမိတ်ဖွဲ့ခွင့် ပြုလိုက်မိသည်။

ဤသည်က မည်သို့သော အခြေအနေမျိုးနည်း။ အကယ်၍ သူသာ လောကဧကရာဇ် ဖြစ်နေလျှင်တောင် ဤရလဒ်ကို လက်ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူက လေဟာနယ်အက်ကွဲကြောင်းကို တိုက်ခိုက်ရန် တိုက်ရိုက်ပင် စတင်လှုပ်ရှားလိုက်တော့သည်။ တစ်ဖက်လူ၏ လေဟာနယ်ကို အနှောင့်အယှက်ပေးနိုင်သမျှ ကာလပတ်လုံး တစ်ဖက်လူက ထိုအထဲတွင် သေဆုံးသွားနိုင်ချေ အလွန်များပြားသည်။

ထိုလူနှစ်ဦး မတွေ့ဆုံနိုင်ပါက သတင်းအချက်အလက်များကို ဖလှယ်နိုင်တော့မည်မဟုတ်ပေ။

မဟာမိတ်ဖွဲ့ရန်အခွင့်အရေး ရရှိနိုင်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူက လက်မြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

All Chapters