အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) ပြန်လည်အသုံးပြုခြင်း...အလဟဿ မဖြစ်စေနဲ့...
လုံယန်၏စိတ်ထဲရှိ အံ့အားသင့်မှုသည် အချိန်တခဏသာ ကြာမြင့်ခဲ့သည်။ခုံးဝူတောက်သည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့ခြင်း မဟုတ်သော်လည်း...ခုံးပေ့ချန်၏ စွမ်းအားကလည်း သူ့ကို ကြီးမားသော ဖိနှိပ်ချုပ်ကိုင်နိုင်သည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။သူ၏ခန္ဓာကိုယ်ထဲရှိ နဂါးချီစွမ်းအင်သည် ချက်ချင်းဆိုသလိုပင် တလိမ့်လိမ့်ထလာပြီး လှိုင်းထသွားသည်။တလိမ့်လိမ့်ထနေသော နဂါး မီးတောက်များသည် သူ၏ခန္ဓာကိုယ်ကို ကြယ်မြစ်တစ်စင်းအလား လှည့်ပတ်နေသည်။သူ၏အရှိန်အဝါ အဆက်မပြတ် ခိုင်မာလာသည်နှင့်အမျှ ထိုအရှိန်အဝါသည် နောက်ဆုံးတွင် ကြက်သွေးရောင် အစစ်အမှန် နဂါးပုံရိပ်ယောင်တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးအနေဖြင့်...လုံယန်၏ရုပ်ခန္ဓာကိုယ်သည် အားကောင်းပြီး သူသည် ခုံးပေ့ချန်ကို တိုက်ရိုက်မဖိနှိပ်နိုင်လျှင်ပင် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ခုခံခြင်းကမူ လွယ်ကူနေဆဲပင်။သို့သော် ခုံးဝူတောက်သည် ထိုကဲ့သို့ အပြန်အလှန် တိုက်ပွဲများကို ကြည့်ရန် မနှစ်သက်ချေ။သူက နောက်လှည့်ကာ သူ၏နောက်ရှိ လူများကို ညွှန်ကြားလိုက်၏။"မင်းတို့ နည်းနည်း သွားကူလိုက်... ငါ အကြာကြီး မစောင့်ချင်ဘူး..."ခုံးကျန်းယွဲ့တို့လူစု ချက်ချင်းနားလည်သွားကြသည်။မမြင်နိုင်သော အရှိန်အဝါတစ်ရပ်သည် သူတို့၏ခန္ဓာကိုယ်များမှ ပျံ့နှံ့လာပြီး ဤနေရာရှိ လေထုကို ပို၍ပို၍ဖိနှိပ်လာခဲ့သည်။"ဟမ့်... မင်းတို့က ငါတို့ကို သေနေတဲ့ လူတွေလို့ ထင်နေတာလား"သူတို့ မလှုပ်ရှားနိုင်မီမှာပင်....ကြွင်းကျန်သော နဂါးနီမျိုးဆက် ပါရမီရှင်တချို့သည် ထိုအရာကို အာရုံခံမိပြီး ဖြစ်ပေ၏။ကျယ်ပြန့်ပြီး တလိမ့်လိမ့်နေသော နဂါးချီစွမ်းအင်များသည် သူတို့၏များခန္ဓာကိုယ်မှ ပျံ့နှံ့လာပြီး ကြားဖြတ်ဟန့်တားရန် ချက်ချင်းပြင်ဆင်လိုက်ကြသည်။"ဟမ့်... မင်းတို့က သခင်လုံယန်ရဲ့အနားကို ကပ်ချင်တယ်ဆိုရင်တော့... ငါတို့ကို အရင်ဆုံး ကျော်ဖြတ်ရလိမ့်မယ်..."ဝုန်း...ဝုန်း...ဝုန်း...နတ်ဘုရား အလင်းတန်းများ တုန်ခါလာပြီး ဥပဒေသများ တလိမ့်လိမ့်ထလာသည်။အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ် သားတော်များအနေဖြင့် ခုံးကျန်းယွဲ့တို့သည် မယုံကြည်လောက်အောင် သန်မာအားကောင်းကြပြီး ထိပ်တန်းပါရမီရှင်များကို လွယ်လင့်တကူ ဖိနှိပ်နိုင်ကြ၏။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ငါးရှဥ့်အနည်းငယ်မျှကို ဖြေရှင်းရသည်မှာ သူတို့အတွက် အလွန်လွယ်ကူလွန်းလှသည်။မရေမတွက်နိုင်သောလူများ၏ မယုံကြည်နိုင်မှုနှင့် ထိတ်လန့်တကြား အကြည့်များအောက်တွင်...ကြွင်းကျန်သော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုဝင် ပါရမီရှင်ခြောက်ဦးသည် အပြန်အလှန် တိုက်ခိုက်မှုတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ကြချေ။သူတို့ကို ခုံးကျန်းယွဲ့တို့လူစုက လွယ်ကူစွာ ရိုက်နှက်ခဲ့ပြီး မြေကြီးပေါ်တွင် လဲလျောင်းကာ နာကျင်မှုကြောင့် ညည်းတွားအော်ဟစ်နေကြတော့သည်။နောက်ဆုံးတွင် သူတို့၏ဆန္ဒ ပြည့်ဝသွားခဲ့လေပြီ။ခုံးကျန်းယွဲ့တို့လူစုသည် ရှေ့သို့လျှောက်လှမ်းလာကြပြီး မြေကြီးထဲသို့ ရိုက်သွင်းခံထားရသော အစစ်အမှန်နဂါးရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်များကို တက်နင်းလိုက်ကြ၏။ထို့နောက် အလွန်ရက်စက်ပြီး လွှမ်းမိုးနိုင်သော နည်းလမ်းများဖြင့် သူတို့သည် လုံယန်ကို မြေကြီးပေါ်သို့ ချက်ချင်းဖိနှိပ်လိုက်သည်။"မင်းတို့က ဂုဏ်သိက္ခာ မရှိဘူး... လူများတာကို အားကိုးပြီး အနိုင်ကျင့်နေတာပဲ... မင်းတို့မှာ အရှက် မရှိဘူးလား""ခုံးဝူတောက်... ဘာပဲဖြစ်ဖြစ် မင်းက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင်လေ... မင်းရဲ့ နောက်လိုက်တွေကို အုပ်စုဖွဲ့ပြီး ငါ့ကို တိုက်ခိုက်ခိုင်းတာက ဘယ်လိုအရည်အချင်းမျိုးလဲ""သတ္တိရှိရင်... ငါ့ကို တစ်ယောက်ချင်း လာတိုက်လေ"ဧကရာဇ်သားတော်အများအပြား၏ ပူးပေါင်း တိုက်ခိုက်မှုကို တောင့်မခံနိုင်သော လုံယန်သည် ယခုအချိန်၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အစွမ်းအစမဲ့ ဒေါသဖြင့် ကျိန်ဆဲနေရုံသာ တတ်နိုင်တော့သည်။"ဟမ့်..."ခုံးကျန်းယွဲ့က လှောင်ပြောင်လိုက်သည်။"နံစော်နေတဲ့ ငါးရှဥ့်ကောင်... မှန်ထဲကိုတောင် ပြန်ကြည့်ပြီး နင့်ကိုယ်နင် ထိုက်တန်ရဲ့လားလို့ မမေးဖူးဘူးလား..."ခရက်....အရိုးများ ကျိုးကြေသွားသည့် အသံတစ်သံ ပဲ့တင်ထပ်လာသည်။ခုံးကျန်းယွဲ့သည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ခြေကန်ချက်တစ်ချက်တည်းဖြင့် မြေကြီးပေါ်သို့ ဖိနှိပ်ခံထားရသော လုံယန်၏ခြေထောက်များကို သူမက ချိုးပစ်လိုက်သည်။ရုတ်တရက် နာကျင်မှုသည် ဒီရေတစ်ခုကဲ့သို့ ဆူပွက်လာခဲ့ပြီး ကျိန်ဆဲနေသော လုံယန်ကို ဝက်တစ်ကောင်ကဲ့သို့ ချက်ချင်းအော်ဟစ်သွားစေသည်။စူးရှသောအော်ဟစ်သံများသည် ရေလှိုင်းဂယက်များအလား ပျံ့နှံ့သွားပေ၏။ဤနေရာရှိ ကသောင်းကနင်းဖြစ်မှုကို အချိန်အတော်ကြာကတည်းက သတိပြုမိပြီး မှောင်ရိပ်ထဲမှနေ၍ စိတ်လှုပ်ရှားမှုစွာ စောင့်ကြည့်နေကြသော တခြား ပါရမီရှင်များသည် တပြိုင်နက်တည်း တုန်ယင်သွားပြီး သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ လုပ်ရပ်များက အမှန်တကယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းသည်။လုံယန်သည် အစစ်အမှန်နဂါးရှေးဟောင်းမျိုးနွယ်စု၏ ထိပ်တန်းအမွေဆက်ခံသူပင်။သူသည် နဂါးနီဘုရင် ချစ်မြတ်နိုးသော ပါရမီရှင်တစ်ယောက်လည်း ဖြစ်ပေ၏။သို့သော် ယခုအချိန်၌ သူသည် ခုံးဝူတောက်၏ အမိန့်ကြောင့် လူပုံအလယ်တွင် သူ၏ခြေထောက်များ ချိုးခံလိုက်ရသည်။အကယ်၍ ဒေါသထွက်လွယ်သော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုသာ ဤအကြောင်းကို သိပါက သူတို့သည် ထိုကိစ္စကို လွယ်လင့်တကူ အလွတ်ပေးမည် မဟုတ်ချေ။ဤအရာက သူတို့ကို အံ့အားသင့်သွားစေပြီး တစ်ချိန်တည်းမှာပင် စိတ်ခံစားမှုများ ဖြစ်ပေါ်လာစေခဲ့သည်။အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူငယ် မျိုးဆက်များ၏ ခွန်အားကိုလည်း သူတို့ နားလည်သွားကြ၏။ယခင်က သူတို့၏အာရုံစိုက်မှုသည် နာမည်ကျော်ကြားသော ခုံးဝူတောက်ထံသို့ အမြဲတစေ ရောက်ရှိနေခဲ့သည်။ထို့ကြောင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော် သမီးတော်များသည်လည်း မယုံကြည်နိုင်လောက်အောင် အားကောင်းကြောင်းကို သူတို့ မေ့လျော့နေခဲ့ကြသည်။ယခုအချိန်၌ သူတို့သည် ဤအချက်ကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ခုံးဝူတောက် ဟူသော ဤကြောက်မက်ဖွယ်ကောင်းသည့် နတ်မိစ္ဆာ သာမကဘဲ စွမ်းအားကြီးမားသော ဧကရာဇ်သားတော် သမီးတော်ကိုးဦးလည်း ရှိနေသည်။ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တာအို နယ်မြေကို ရင်ဆိုင်ရသောအခါ...ဤအရာက သူတို့ အသက်ရှူရ ခက်ခဲစေသည်အထိ ကြီးမားသောဖိအားကို ခံစားရစေခဲ့သည်။........"အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုက ဘာလို့ မင်းလို ငါးရှဥ့်တစ်ကောင်တည်း လာရတာလဲ...""မင်းတို့ထဲမှာ အားအကောင်းဆုံးက အဲ့ဒီ ခြေသည်းကိုးချောင်း ရွှေနဂါးမျိုးနွယ်စုက မဟုတ်ဘူးလား...""အဲ့ဒီ ရွှေငါးရှဥ့်က မလာဘူးလား..."ခုံးဝူတောက်သည် သူ၏လက်များကို နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏နှုတ်ခမ်းတွင် ကျီစယ်နောက်ပြောင်ချင်စိတ်ရှိသော အပြုံးတစ်ခု ရှိနေသည်။သူသည် ဖိနှိပ်ခံထားရပြီး သူ၏ရှေ့တွင် အတင်းအကြပ် ဒူးထောက်ခိုင်းခံထားရသော လုံယန်ကို ငုံ့ကြည့်လိုက်၏။လုံယန်၏ မျက်လုံးများသည် သွေးရောင်လွှမ်းနပြီး သူ၏မျက်လုံးသူငယ်အိမ်များ အနက်ရှိုင်းဆုံးနေရာရှိ ဒေါသနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများမှာ ရုပ်လုံးပေါ်လာပုံရသည်။သူ၏မျက်နှာအမူအရာသည် သူ၏ ကဏဦး မောက်မာမှုကို အချိန်အတော်ကြာကတည်းက ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ထိုနေရာတွင် အဆုံးမဲ့ဒေါသနှင့် အရှက်ရမှုတို့ဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။သူသည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အနာဂတ် မဟာနဂါးဘုရင်ခြောက်ဦးထဲမှ တစ်ဦးဖြစ်လာမည့် နဂါးနီမျိုးဆက်၏ ဂုဏ်သိက္ခာရှိသည့် ပထမ အမွေဆက်ခံသူပင်။နေ့ခင်းကြောင်တောင်တွင် ဤကျိန်ဆဲချင်စရာကောင်းသော လူသားမျိုးနွယ်ဖြစ်သည့် ခုံးဝူတောက်၏ ဤကဲ့သို့ အရှက်ခွဲခြင်းကို အမှန်တကယ် ခံလိုက်ရသည်။သူ၏ မူလခန့်မှန်းချက်အရ..ခုံးဝူတောက်သည် ဒေါသထွက်နေလျှင်ပင် ဤနေရာသည် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်တွင် ဖြစ်နေကြောင်းနှင့် သူ၏နောက်ရှိ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုကို ထည့်သွင်းစဉ်းစားကာ သူ့ကို သတိထားပေလိမ့်မည်။သို့သော် အခြေအနေများသည် ခန့်မှန်း၍ မရနိုင်ချေ။ခုံးဝူတောက်သည် စည်းမျဉ်းများအတိုင်း လုံးဝမကစားခဲ့ချေ။"ဟမ့်... ခုံးဝူတောက်... သိပ်ပြီးမမောက်မာနဲ့...""သခင် လုံအောင်းယွီကို ဒီလို စော်ကားဖို့ မင်း ဘယ်လိုများ ရဲတင်းရတာလဲ... သခင် လုံအောင်းယွီက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"လုံအောင်းယွီသည် လက်ရှိ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အားအကောင်းဆုံး ရှေးဟောင်းပါရမီရှင်ပင်။သူသည် အသန့်စင်ဆုံး ခြေသည်းကိုးချောင်း ရွှေနဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံသာမက ပြိုင်ဘက်ကင်း ဘိုးဘေးနဂါးဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။ဘိုးဘေးနဂါး... ဤသည်မှာ နဂါးမျိုးနွယ်စု၏ ဒဏ္ဍာရီလာ မူလနဂါးနတ်ဘုရားပင်။ထိုကဲ့သို့သော တည်ရှိမှုနှင့် ဆက်စပ်နေသော ရုပ်ခန္ဓာကိုယ်ကို နိုးထနိုင်ခြင်းက လုံအောင်းယွီ၏ သန်မာအားကောင်းသော ပါရမီကို ရှင်းပြရန် လုံလောက်သည်။ဤအရာကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က သူ၏စိတ်ထဲတွင် လှောင်ပြောင်လိုက်၏။လုံအောင်းယွီလား...သူ မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင်...သူသည် လုံအောင်းထျန်း၏ညီ ဖြစ်ပုံရသည် မဟုတ်လော...ဤ ညီအစ်ကို နှစ်ယောက်၏ နာမည်များသည် တစ်ယောက်ထက် တစ်ယောက် ပို၍အထင်ကြီးစရာ ကောင်းနေသည်။လုံအောင်းယွီဆိုသူ၏အကြောင်းကို သူ စဉ်းစားလိုက်မိသည်။ဖျက်ဆီးခြင်းခေတ်တွင် သူ၏ ပေါ့ပေါ့ပါးပါး ရိုက်သတ်ခြင်းကို ခံခဲ့ရသော လုံအောင်းထျန်းနှင့် နှိုင်းယှဉ်လျှင် မည်သူက ပို၍အားကောင်းမည်နည်း... သို့မဟုတ် ပို၍အားနည်းမည်နည်း...အကယ်၍ နာမည်ကသာ အထင်ကြီးစရာ ကောင်းနေခြင်း ဖြစ်မည်ဆိုလျှင်...ထို့ပြင် သူ၏စွမ်းအားက သေဆုံးသွားသော သူ၏အစ်ကို လုံအောင်းထျန်းထက်ပင် ပို၍အားနည်းနေမည်ဆိုလျှင် ဤသည်မှာ အမှန်တကယ်ကို ပျင်းစရာ ကောင်းလွန်းပေလိမ့်မည်။"ဟီးဟီး.... ကြည့်ရတာ မင်းက မင်းရဲ့ သခင် လုံအောင်းယွီ အကြောင်းကို သိပ်မသိသေးဘူးထင်တယ်..."ခုံးဝူတောက်က ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည်။လုံယန်ကို ကြည့်သည့် သူ၏အကြည့်သည် ပို၍ပင် လှောင်ပြောင်ချင်စိတ်များ ပါဝင်လာခဲ့သည်။"သူ့ရဲ့အစ်ကို အောင်းထျန်းကို ဒီနတ်ဘုရားသားတော်က သတ်လိုက်တယ် ဆိုတာကို မင်း မသိဘူးလား..""မင်း ဘာပြောလိုက်တာလဲ....."ဤစကားများသည် ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ဖြစ်ပြီး လုံယန်၏မျက်လုံးသူငယ်အိမ်များကို အပ်များကဲ့သို့ ချက်ချင်းကျဉ်းမြောင်းသွားစေသည်။သူသည် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း....စီနီယာကျမှုအရ ပြောရမည်ဆိုလျှင် ဖျက်ဆီးခြင်းခေတ်တွင် မွေးဖွားခဲ့သော ခုံးဝူတောက်ထက် သူသည် များစွာနိမ့်ကျပေ၏။ထို့ပြင် သူတို့ထဲတွင် အချိန်အကြာဆုံး ချိတ်ပိတ်ခဲ့သူမှာ သန်မာအားကောင်းဆုံးဖြစ်သော လုံအောင်းယွီပင်။သို့သော် သူသည် ဤအကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးချေ။သူ၏သခင် လုံအောင်းယွီတွင် အစ်ကိုတစ်ယောက်ပင် ရှိနေပြီး ခုံးဝူတောက်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသလော....သေချာသည်မှာ ဤအရာကလည်း ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ပင်။ထိုစဉ်က ဖြစ်ခဲ့သော အဖြစ်အပျက်သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုအတွက် ကြီးမားသော အရှက်ရမှုတစ်ခုသက်သက်ပင်။ ထို့ပြင် သူတို့အတွက် ဖုံးကွယ်ရန် ခက်ခဲသော အမာရွတ်တစ်ခုလည်း ဖြစ်ပေ၏။ဤသို့သော ဂုဏ်သိက္ခာ ကင်းမဲ့သည့်ကိစ္စကို သူတို့သည် အများပြည်သူသိအောင် ဖြန့်ဝေမည် မဟုတ်ပေ။ခုံးဝူတောက်၏စကားများသည် တခြားရှေးဟောင်း ပါရမီရှင်များကြားတွင်လည်း ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။သူတို့၏ အိပ်မောကျခြင်းမှ ပြန်လည်နိုးထလာသော ရှေးဟောင်း ပါရမီရှင် အများအပြား ဤနေရာတွင် ရှိနေသော်လည်း...သူတို့၏ အိပ်စက်ချိန်သည် ခုံးဝူတောက်လောက် မကြာမြင့်ခဲ့ချေ။ထိုကြောင့် သူတို့သည် ခုံးဝူတောက်၏လုပ်ရပ်များ အကြောင်းကို သိပ်မသိကြပေ။ယခုအချန်၌ သူကိုယ်တိုင် ဖွင့်ဟပြောဆိုမှုသည် သူတို့အား ကြီးမားစွာ အံ့အားသင့်သွားစေသည်။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုသည် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် အမြဲတစေ သဘောထားကွဲလွဲနေခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။အတိတ်တွင် ဤကဲ့သို့ နာကြည်းချက်မျိုး ရှိခဲ့ခြင်း ဖြစ်နေသည်။သို့သော် ခုံးဝူတောက်သည် နောက်ထပ် စကားမပြောချင်တော့ကြောင်း ရှင်းလင်းနေသည်။"ကျန်းယွဲ့... ဒီငါးရှဥ့်ကို သတ်လိုက်...သူက တကယ်ကို အမြင်ကတ်စရာပဲ..."ဤစကားများ ထွက်ပေါ်လာသည်နှင့်...ကြက်သေသေနေပြီဖြစ်သော လုံယန်နှင့် စောင့်ကြည့်နေကြသော ကျင့်ကြံသူ အများအပြားသည် ချက်ချင်းအေးခဲတောင့်တင်းသွားပြီး မှင်သက်သွားကြ၏။သူတို့ နားကြားမှားခဲ့သလောဟု အသည်းအသန် အတည်ပြုရန် ကြိုးစားနေကြသည်။သူက ခုံးဝူတောက်ကို ရွဲ့စောင်း၍ စကားပြောခဲ့သောကြောင့် နေရာမှာတင် အသတ်ခံရတော့မည်လော..."ခုံးဝူတောက်... မင်း....."လုံယန်၏မျက်နှာ ရုတ်တရက် ဖြူရော်သွားသည်။တစ်ဖက်လူကို ခြိမ်းခြောက်ရန် သူ၏နောက်ခံကို ပြောပြတော့မည့် အချိန်မှာပင်...ခုံးဝူတောက်သည် တစ်ခုခုကို ပြန်အမှတ်ရသွားပုံရပြီး နောက်သို့လှည့်ကာ ညွှန်ကြားလိုက်သည်။"ဒါနဲ့... ဒီငါးရှဥ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစစ်အမှန် နဂါး သွေး နည်းနည်းရှိနေတယ်...""သူ့ကို မသတ်ခင်... အဲ့ဒါတွေ အားလုံးကိုထုတ်ယူလိုက်စမ်း... အမှိုက်တောင်မှ အသုံးဝင်အောင် လုပ်သင့်တယ်... အလဟဿ မဖြစ်စေနဲ့..."