အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) နတ်ဘုရားသားတော်အရှင်က ဘယ်လိုလုပ်ပြီး သင်္ချိုင်းတွေကို တူးနိုင်မှာလဲ
ခရီးစဉ်သည် ချောမွေ့ပြီး အတားအဆီး မရှိခဲ့ပေ။ခုံးဝူတောက်သည် မြို့စားဟောင်း၏နောက်မှနေ၍ သူ၏ နားနေဆောင်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။ ခုံးကျန်းယွဲ့နှင့်တခြားသူများ လူစုခွဲသွားပြီးနောက် ခုံးဝူတောက်သည် မကြာမီ အဓိကခန်းမဆောင် အတွင်းတွင် သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ စနစ်၏အကူအညီဖြင့် ကူးပြောင်းလာသူ မော့ရှဲ့၏ တည်နေရာကို သူ လုံးလုံးလျားလျား မှတ်သားထားပြီးဖြစ်သည်။ မူလဘူတ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်၏ အထူးနတ်ဘုရားစွမ်းရည်ကို သူ အသက်သွင်းသရွေ့ မော့ရှဲ့ လက်ရှိကြုံတွေ့နေရသမျှကို သူ လွယ်လင့်တကူ သိမြင်နိုင်သည်။မရေမတွက်နိုင်သော နတ်ဘုရားသင်္ကေတများသည် သူ၏မျက်လုံးများ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်လာပြီး တောင်များနှင့် မြစ်များကို ဖောက်ထွင်းသွားကာ မကြာမီ မြင်ကွင်းတစ်ခုက ခုံးဝူတောက်၏အမြင်အာရုံထဲတွင် ထွက်ပေါ်လာပေ၏။မိုးကောင်းကင်ယံအထက်တွင် အင်မော်တယ်လှေ တစ်စင်းက တိမ်တိုက်များကို ဖြတ်သန်း၍ ပျံသန်းနေသည်။ အင်မော်တယ်လှေ၏ ကုန်းပတ်ပေါ်တွင် မြေအောက်ကမ္ဘာခန်းမမှ စွမ်းအားကြီးမားသော ပါရမီရှင် အများအပြား မတ်တတ်ရပ်နေကြသည်။ ခုံးဝူတောက်၏အကြည့်သည် ရှေ့ဆုံးရှိ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားအပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားခဲ့သည်။'အမည်...မော့ရှဲ့အထောက်အထား....ကူးပြောင်းလာသူ မြေအောက်ကမ္ဘာ ခန်းမ သူတော်စင်ကျင့်ကြံခြင်းဆင့်နယ်ပယ်... ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် နဝမအဆင့်ရုပ်ခန္ဓာကိုယ်....အမြဲစိမ်း မပျက်စီးနိုင်သော ခန္ဓာကိုယ် ကဏဦးအဆင့် (ရှေးကျပြီး သေမျိုးမရှိသော နှစ်ကာလများကို ဖြတ်သန်းကာ သာမန်လူများထက် များစွာကျော်လွန်သော သက်တမ်းကို ပိုင်ဆိုင်ထားပြီး အချိန်ဥပဒေသကို သာမန်လူများထက် ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသည်)ကောင်းကင် နတ်မိစ္ဆာ တာအို အရိုး...မပြည့်စုံသေး (ဤရုပ်ခန္ဓာကိုယ်ကို နိုးထသူသည် မွေးရာပါ နတ်မိစ္ဆာ လမ်းကြောင်း ကျင့်ကြံခြင်း ပါရမီရှင် ဖြစ်ပြီး အနာဂတ်တွင် နတ်မိစ္ဆာ လမ်းကြောင်း အထွတ်အထိပ်သို့ ရောက်ရှိရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်)ကျင့်စဉ်... စကြဝဠာ နက်နဲသိမ်မွေ့နည်းစနစ် ကောင်းကင် စကြဝဠာ အသွင်ပြောင်းခြင်း နည်းစနစ် အဖြူရောင် နက်နဲသိမ်မွေ့ မြေအောက်ကမ္ဘာ နန်းတော် ကျင့်စဉ်ရတနာများ...အရပ်ဆယ်မျက်နှာ အမြစ်ပြတ်သတ်ဖြတ်ခြင်း ဝင်္ကပါ(အထွတ်အထိပ် ရတနာ)၊ ကြယ် တောင်တန်းမြစ်မြေပုံ (အထွတ်အထိပ် ရတနာ)၊ နက်နဲသိမ်မွေ့ မြေအောက်ကမ္ဘာ ဓားသေတ္တာ (အထွတ်အထိပ်ရတနာ)၊ အင်မော်တယ် ဧကရာဇ် ခေါင်းတလား (ဧကရာဇ် အလောင်းတစ်ခု ပါဝင်သည်)လက်ရှိ ကောင်းကင်ကံကြမ္မာအမှတ်... ၃၀၀၀၀နိုးထလာသည်ဟု သံသယရှိရသော စနစ်... ရတနာရှာဖွေရေး စနစ်စနစ်၏ ခွဲခြမ်းစိတ်ဖြာမှုအရ ထိုစနစ်သည် ချည်နှောင်ထားသူအား အထူးအချက်ပြမှုများ ပေးစွမ်းနိုင်ပြီး မြေအောက်နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် အပျက်အစီးများ သို့မဟုတ် ရတနာများကို ရှာဖွေနိုင်စေသည်'ခုံးဝူတောက်၏မျက်လုံးများ အနက်ရှိုင်းဆုံး နေရာတွင် သရော်တော်တော် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ စနစ်နှင့် ချည်နှောင်ထားသော ဤ ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံသည် အလွန် မြင့်မားသော ကောင်းကင်ကံကြမ္မာအမှတ်များ ရှိရုံသာမက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ရတနာအများအပြားကိုပင် ပိုင်ဆိုင်ထားသည်။ သူ့ကို အံ့အားသင့်ဆုံး ဖြစ်စေခဲ့သောအရာမှာ တစ်ဖက်လူတွင် ဧကရာဇ် အလောင်းတစ်လောင်း အမှန်တကယ် ရှိနေခြင်းပင်။ဧကရာဇ်တစ်ပါး သေဆုံးပြီးနောက် သူတို့၏ နတ်ဘုရား အရှိန်အဝါများအားလုံး ပျောက်ကွယ်သွားပြီး ဧကရာဇ်တစ်ပါး၏ အစစ်အမှန် စွမ်းအားကို သူတို့ ထုတ်လွှတ်ရန် မဖြစ်နိုင်တော့သော်လည်း သူတို့၏ ရုပ်ခန္ဓာကိုယ်ခွန်အားမှာ ကျန်ရှိနေဆဲပင်။ ဂုဏ်သိက္ခာရှိသော ဧကရာဇ်တစ်ပါး၏ ရုပ်ခန္ဓာကိုယ်ကို ဧကရာဇ် နယ်ပယ်၏အောက်ရှိ သက်ရှိများနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ အကယ်၍ မော့ရှဲ့တွင် ဤဧကရာဇ် အလောင်းကို အသက်သွင်းရန် နည်းလမ်းရှိပါက ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော ဝှက်ဖဲတစ်ချပ် ဖြစ်လာပေလိမ့်မည်။ ဧကရာဇ်နယ်ပယ်၏ အောက်ရှိ မည်သည့် သက်ရှိမဆို ဧကရာဇ် အလောင်း၏ တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ မော့ရှဲ့ ထိုအရာကို မည်သည့်နေရာမှ ရရှိခဲ့သည်ကိုမူ သူ အကြမ်းဖျင်း တွေးတောမိပြီး ဖြစ်ပေ၏။'ရတနာရှာဖွေရေးစနစ်လို့ ခေါ်တာလား ဒါက သင်္ချိုင်းဖောက်ဖို့ သီးသန့်သုံးတဲ့ ရွှေလက်ချောင်းတစ်ခု မဟုတ်ဘူးလား'ခုံးဝူတောက်၏နှုတ်ခမ်း တွန့်ကွေးသွားသည်။'အဲ့ဒီကောင်လေးက အထွတ်အထိပ် ရတနာတွေ အများကြီးကို တူးဖော်ဖို့ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်ဘယ်နှယောက်ရဲ့ သင်္ချိုင်းတွေကို တူးဖော်ခဲ့တာလဲ'ထို့နောက် ထိုကောင်းကင် နတ်မိစ္ဆာတာအိုအရိုးကို ကြည့်လိုက်ရာ ဤကောင်လေးသည် သင်္ချိုင်းဖောက်နေစဉ် အလောင်းတစ်လောင်းကို တူးဖော်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် ထိုအရာကို လူသေတစ်ယောက်ထံမှ တူးထုတ်ပြီး သူ၏ခန္ဓာကိုယ်၌ တပ်ဆင်လိုက်ခြင်းပင်။ မူလက လေ့လာရန်အတွက် တစ်ဖက်လူ ချည်နှောင်ထားသော စနစ်ကို လုယူရန် သင့်မသင့် သူ စဉ်းစားခဲ့ဖူး၏။ ယခုအချိန်၌ ရိုးရိုးသားသား ပြောရလျှင် သူ အလွန်ရွံရှာမိသကဲ့သို့ ခံစားလိုက်ရသည်။ မြေအောက်တွင် မြှုပ်နှံထားသော ကောင်းမွန်သည့် ရတနာ အများအပြား ရှိနေသည်မှာ မှန်သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဂုဏ်သိက္ခာရှိသော နတ်ဘုရားသားတော် တစ်ဦးအနေဖြင့် ရတနာများ ရယူရန် သင်္ချိုင်းဖောက်ခြင်းကို အားကိုးရမည် ဆိုသည်မှာ သူ၏ဂုဏ်သိက္ခာအား အမှန်တကယ် ကျဆင်းသွားစေပေလိမ့်မည်။ခုံးဝူတောက်သည် တခြားတစ်ခုခုကို တွေးမိသွားပုံရပြီး သူ၏မျက်နှာပေါ်ရှိ သရော်တော်တော် အသွင်အပြင်သည် ပို၍နက်ရှိုင်းလာပေ၏။"ဒါပေမယ့် မြေကြွက်တစ်ကောင် အသင့်ရှိနေမှတော့ ဒီကောင်လေးကို သင်္ချိုင်းဖောက်တာတွေ တူးဖော်တာတွေ လုပ်ခိုင်းပြီး ငါလို နတ်ဘုရားသားတော်က အသင့်လုပ်ထားတဲ့ ပစ္စည်းတွေကို ကောက်ယူလိုက်တာ ပို မကောင်းဘူးလား""ချူယွန်ရှီးရဲ့ ပြောစကားအရဆိုရင် နယ်နိမိတ်ပင်လယ်ထဲမှာ ပုန်းကွယ်နေတဲ့ ကမ္ဘာဆီ ဦးတည်သွားမယ့် ယီရှန်းတံဆိပ်ပြားကို အရင်ဘဝက ကောင်လေးတစ်ယောက်က မြေကြီးထဲကနေ ပထမဆုံး တူးထုတ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်လား"အစောပိုင်းက ချူယွန်ရှီး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခုံးဝူတောက် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယခု မော့ရှဲ့ကို ထပ်တွေ့လိုက်ချိန်မှသာ သူ လုံးလုံးလျားလျား နားလည်သွားတော့သည်။ ရတနာရှာဖွေရေး စနစ်ကို နိုးထခဲ့သော မော့ရှဲ့သည် အခြေခံအားဖြင့် ရေဒါ တပ်ဆင်ထားသည့် ရတနာ ရှာဖွေရေး ကြွက်တစ်ကောင်ပင်။ မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် မြှုပ်နှံထားသည့် ထိုရတနာများသည် သူ၏ ထောက်လှမ်းမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ဤသည်မှာ အမှန်တကယ်ကို တစ်ယောက်ယောက် အိပ်ချင်နေချိန်တွင် ခေါင်းအုံးတစ်လုံး ယူလာပေးသည့် အခြေအနေမျိုးပင်။ သူသည် ယီရှန်း တံဆိပ်ပြား၏ တည်နေရာနှင့် ပတ်သက်ပြီး စိတ်ညစ်နေမှန်း သိသဖြင့် ယခုအချိန်၌ ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံက တိုက်ရိုက်လာရောက်၍ နွေးထွေးမှုများ ပေးနေခြင်းပင်။အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် တစ်ဖက်လူကို ကြယ်ငါးပွင့် ပြန်လည်သုံးသပ်ချက်တစ်ခု သူ အမှန်တကယ် ပေးချင်မိသည်။ သေချာသည်မှာ စနစ်နှင့် ချည်နှောင်ထားသော ဤ ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံကို ယဉ်ပါးအောင် သွေးဆောင်နိုင်မည်ဆိုပါက သူ ကြိုးစားကြည့်လိုသည်။ အနာဂတ်တွင် သူသည် တစ်ဖက်လူကို သင်္ချိုင်းဖောက်ခြင်းနှင့် ရတနာ ရှာဖွေခြင်းအတွက် အလုပ်သမားတစ်ဦးအဖြစ် သီးသန့်အသုံးပြုနိုင်ပြီး မော့ရှဲ့၏ စွမ်းရည်များကို အကောင်းဆုံး အသုံးချနိုင်ပေ၏။ အကယ်၍ တစ်ဖက်လူက ထိုအရူးယောင်ရှန်းကဲ့သို့ အတင်းအကျပ် ခေါင်းမာနေမည်ဆိုလျှင် သူ အသုံးပြုသည်ကို မခံချင်ဘဲ သူ့ကို မိုက်မဲစွာ ဆန့်ကျင်နေမည်ဆိုလျှင် စည်းမျဉ်းဟောင်းအရ သူသည် တစ်ဖက်လူ၏တန်ဖိုးအားလုံးကို အရင်ဆုံး ညှစ်ထုတ်ပြီးမှ သတ်ပစ်ပေမည်။..........အင်မော်တယ်လှေပေါ်တွင်....လေကိုဆန့်ကျင်၍ မတ်တတ်ရပ်ကာ အောက်ဘက်ရှိ မိုင်ထောင်နှင့်ချီရှည်လျားသော တောင်များနှင့် မြစ်များကို ငုံ့ကြည့်နေသည့် မော့ရှဲ့သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။"တစ်ယောက်ယောက်က ငါ့ကို ချောင်းကြည့်နေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ"မော့ရှဲ့က တီးတိုးရေရွတ်လိုက်သည်။"စီနီယာနတ်ဆိုးမ... မင်းမှာရော ဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုး ရှိလား"မော့ရှဲ့က တိုးညှင်းစွာ မေးလိုက်သည်။ သူ၏ အသံ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်မှာပင် သူ၏ ညာဘက်လက်ပေါ်ရှိ အရိုး လက်စွပ်သည် ရုတ်တရက် မှိန်ပျပျ တောက်ပလာပြီး တမလွန်ကမ်းပါး နတ်ဆိုးမ၏ လောကီနှင့် ကင်းကွာကာ သာယာသော အသံသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။"ရှင်းပြလို့မရနိုင်တဲ့ ဥပဒေသအတက်အကျတစ်ခု ရှိနေပုံရတယ်...အဲ့ဒီလူက တခြားတာအိုနယ်မြေက ဆင်းသက်လာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်... သူက ငါတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို သတိထားမိပြီးတော့ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံနဲ့ စုံစမ်းနေတာပဲ""ဒါပေမယ့် အဲ့ဒီအကြောင်းကို ပြောရရင် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲကို မင်း ဝင်ချင်တာ သေချာလို့လား""အခုဆိုရင် မရေမတွက်နိုင်တဲ့ ရှေးဟောင်းပါရမီရှင်တွေက မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေရဲ့ ဆွဲဆောင်မှုကိုခံရပြီးတော့ ဒီနေရာကို ရောက်လာကြပြီ.... မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲကို ဝင်တာက အရမ်းအန္တရာယ်များတဲ့ လုပ်ရပ်တစ်ခု ဖြစ်လိမ့်မယ်""စိတ်မပူပါနဲ့ စီနီယာ... ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိပါတယ်"မော့ရှဲ့က ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်၏။"ငါ့ရဲ့ကျင့်ကြံခြင်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ နီးကပ်နေပြီ....တကယ်လို့ ငါက မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲမှာ ရှေးဟောင်းအခွင့်အရေးတွေ ပိုရနိုင်မယ်ဆိုရင် သူတော်စင်နယ်ပယ်ကိုတောင် တစ်ခါတည်း ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် သူသည် နှစ်ပေါင်းများစွာကြာအောင် သင်္ချိုင်းဖောက်နေခဲ့သည်။ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ သက်ရှိထင်ရှား ရှိစဉ်က ဖန်တီးခဲ့သော ထိပ်တန်းမှော်ရတနာ အမြောက်အများကို သူ ရရှိခဲ့ရုံသာမက ဧကရာဇ်အလောင်း တစ်လောင်းကို ဖုံးကွယ်ထားသော ခေါင်းတလားတစ်လုံးကို တူးဖော်ရရှိသည့် ကံကောင်းမှုပင် သူ့ထံတွင် ရှိခဲ့ပေ၏။ သူ၏လက်ရှိကျင့်ကြံခြင်းဖြင့် ဧကရာဇ်အလောင်းကို အသုံးပြူရန် သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးမပြုနိုင်သေးသော်လည်း သူက ခေါင်းတလားအဖုံးကို အနည်းငယ် ဖွင့်ဟလိုက်သရွေ့ ဧကရာဇ်အလောင်း၏ အရှိန်အဝါ အရိပ်အယောင်တစ ယိုစိမ့်ထွက်လာပေမည်။ ဧကရာဇ်၏ အရှိန်အဝါကို အာရုံခံမိသော မည်သူက ကြောက်ရွံ့ပြီး အံ့အားမသင့်ဘဲ နေမည်နည်း။ ထို ရှေးဟောင်း ပါရမီရှင်များပင်လျှင် ထိုအရာကို အလွန်အမင်း သတိထားကြမည်ဖြစ်ပြီး သူ၏ ပြိုင်ဘက်များ ဖြစ်လာကြမည် မဟုတ်ချေ။ သို့သော် ဧကရာဇ်အမိန့်စာကို မီးရှူးမီးပန်းအဖြစ် အသုံးပြုခဲ့သော နတ်ဘုရားသားတော်တစ်ဦးကမူ ထိုအချက်ကို သဘောတူမည် မဟုတ်ချေ။'ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ခက်ခက်ခဲခဲ သင်္ချိုင်းဖောက်ပြီးတဲ့နောက် အခု ခေတ်ကာလမှာ ငါ မော့ရှဲ့ရဲ့ နာမည်က ကောင်းကင်ဘုံတွေအားလုံးမှာ ပဲ့တင်ထပ်နေသင့်ပြီ'မော့ရှဲ့က တွေးတောလိုက်သည်။စနစ်တစ်ခုကို နိုးထခဲ့သော ကူးပြောင်းလာသူတစ်ဦးအနေဖြင့် မော့ရှဲ့ထံတွင် သူ၏ကိုယ်ပိုင် ဇာတ်လိုက် အိပ်မက် ရှိသည်မှာ သဘာဝကျပေ၏။ ဤသည်မှာ ကျင့်ကြံခြင်း လောကတွင် စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်၊ တာအို၏ အထွတ်အထိပ်တွင် ရပ်တည်ရန်၊ မရေမတွက်နိုင်သောလူများ၏ လေးစားအားကျမှုကို ခံရရန်နှင့် မိန်းမလှသုံးထောင်ရှိသော အနောက်ဆောင် တစ်ခုကို ပိုင်ဆိုင်ရန် စသည်တို့ပင်။ ပြင်းပြသော ယုံကြည်မှု အရိပ်အယောင်တစ်ခု မော့ရှဲ့၏မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် တောက်ပသွားသည်။ သူ၏လက်ရှိ ကျင့်ကြံခြင်းပါရမီကို ထိပ်တန်းအဆင့်ဟု သတ်မှတ်၍ ရနေလေပြီ။ သူ့ထံတွင် ဝှက်ဖဲအမြောက်အများနှင့် စီနီယာ တမလွန်ကမ်းပါး နတ်ဆိုးမ၏ အကူအညီ ရှိသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။'သူတို့က ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ရင်ရော ဘာဖြစ်လဲ...ရှေးဟောင်း ပါရမီရှင်တွေ ဆိုရင်ရော ဘာဖြစ်လဲ... မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီးတဲ့နောက်မှာ သူတို့အားလုံးက ငါ့ရဲ့ ခြေနင်းတုံးတွေ ဖြစ်လာလိမ့်မယ်'မည်သို့ပင်ဆိုစေကာမူ သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုဇာတ်ကွက်များအရ သူသည် ကူးပြောင်းလာသူဖြစ်ပြီး စနစ်လည်း ရှိနေသည်။'ငါက ကူးပြောင်းလာတဲ့သူ ဖြစ်ပြီးတော့ ရွှေလက်ညှိုးလည်း ရှိနေတယ်လေ... တကယ်လို့ ငါက ဇာတ်လိုက် မဟုတ်ဘူးဆိုရင် ဘယ်သူ ဖြစ်မှာလဲ'မော့ရှဲ့က တွေးတောလိုက်သည်။