အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆) နင်က သူ့ရဲ့ ရန်သူဖြစ်နေမှတော့ ဒီနေရာမှာပဲ သေလိုက်တော့
အချိန်တခဏအကြာ၌...မြေအောက်ကမ္ဘာကိုးထပ် မြို့စားစံအိမ်တွင် ခုံးဝူတောက်က ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်၏။ဒေါက် ဒေါက် ဒေါက်...တစ်ချိန်တည်းမှာပင် ခန်းမဆောင်အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။"ဝင်ခဲ့"ခုံးဝူတောက်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ခုံးကျန်းယွဲ့က တံခါးကို တွန်းဖွင့်လိုက်ပြီး ရိုသေလေးစားစွာဖြင့် သူမ၏လက်များကို ပူးဆုပ်ကာ ပြောလိုက်သည်။"နတ်ဘုရားသားတော်....ခုဏက ရှေးဟောင်းကချေသည်မိသားစုက တစ်ယောက်ယောက် လာလည်သွားတယ်""နှစ်ရက်အတွင်း ဝမ်ယွဲ့ခန်းမဆောင်မှာ စားသောက်ပွဲတစ်ခု ကျင်းပလိမ့်မယ်...ပြီးတော့ နတ်ဘုရားသားတော်က အဲ့ဒီနေရာကို ကြွရောက်ပေးဖို့ သူတို့ မျှော်လင့်နေကြတယ်""ရှေးဟောင်းကချေသည်မိသားစုလား...စားသောက်ပွဲလား"ခုံးဝူတောက်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ မရေမတွက်နိုင်သော ခေတ်ကာလများစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤရှေးဟောင်းကချေသည်မိသားစုနှင့် ပတ်သက်ပြီး သူ့ထံတွင် အမှတ်တရတချို့ ရှိနေဆဲပင်။အတိတ်တွင် ရှေးဟောင်းကချေသည်မိသားစုသည် ဝူရှန်းဟုခေါ်သော ကောင်းကင်ဧကရာဇ် တစ်ပါးကို မွေးထုတ်ပေးခဲ့သည်။ သူသည် ဤမိသားစုကို ကောင်းကင်ဘုံများအားလုံးတွင် ကြီးပွားတိုးတက်အောင် ဦးဆောင်ခဲ့ပေ၏။ သို့သော် လူတစ်ဦးသည် ပို၍မြင့်မားသော နေရာမှ ရှုခင်းများကို မြင်တွေ့ခွင့် ရသည်နှင့် တပြိုင်နက် သူတို့၏စိတ်ထဲရှိ ရည်မှန်းချက်သည် ဆန္ဒများကြောင့် အလွယ်တကူ အာဟာရ ဖြည့်တင်းခံရပြီး ထိုအရာကို အဆက်မပြတ်နှင့် ထိန်းချုပ်မရနိုင်အောင် ချဲ့ထွင်လာစေပေလိမ့်မည်။ ထိုအချိန်က ဝူရှန်းသည် ရှေးဟောင်းကချေသည်မိသားစုကို ယခင် တားမြစ်နယ်မြေ ဆယ့်ခြောက်ခုနှင့် တန်းတူတည်ရှိမှုတစ်ခု ဖြစ်လာအောင် တည်ဆောက်ချင်ခဲ့ခြင်းပင်။ နောက်ဆုံးတွင် သူ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း သူသည် ရှေးဟောင်းကချေသည်မိသားစုကို ပို၍မြင့်မားသော အဆင့်တစ်ခုအထိ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပေ၏။ယခုအချိန်၌ ပြန်လည်နိုးထခြင်းခေတ်သို့ ရောက်လာပြီဖြစ်ရာ ရှေးဟောင်း အင်အားစုအများအပြား တစ်ခုပြီးတစ်ခု နိုးထလာခဲ့ကြသည်။ ထို့ပြင် မရေမတွက်နိုင်သော ရှေးဟောင်း ပါရမီရှင်များ မြေအောက်ကမ္ဘာကိုးထပ်မြို့တော်တွင် စုဝေးနေသည်။ ရှေးဟောင်းကချေသည်မိသားစု၏ ပါရမီရှင်များသည် ထွက်လာပြီး အိမ်ရှင်အဖြစ် ဆောင်ရွက်ရန် အလွန်စိတ်အားထက်သန်နေကြ၏။ သူတို့သည် ဤ စားသောက်ပွဲကို အသုံးပြု၍ သူတို့ မိသားစု၏ ဂုဏ်သတင်းကို သွယ်ဝိုက်သော နည်းလမ်းဖြင့် တည်ဆောက်ချင်နေကြခြင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ ခုံးဝူတောက် ရယ်မောပြီး ခေါင်းယမ်းကာ သူ၏ မျက်လုံးများတွင် သရော်တော်တော် အရိပ်အယောင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသောအခါ ခုံးကျန်းယွဲ့သည် သူမ၏နတ်ဘုရားသားတော် စိတ်မဝင်စားဟုထင်ကာ ငြင်းဆိုတော့မည့် အချိန်မှာပင်..."တစ်ယောက်ယောက်က ငါတို့အတွက် လမ်းခင်းပေးထားပြီးပြီပဲ""ငါတို့က ဘယ်လိုလုပ်ပြီး ဒါကို လွဲချော်လို့ ရမှာလဲ""ပြန်သွားပြီး ငါ နတ်ဘုရားသားတော်က အဲ့ဒီအချိန်ကျရင် တက်ရောက်မယ်လို့ သူတို့ကို ပြောလိုက်"ရှေးဟောင်းကချေသည်မိသားစုတွင် မည်သည့် အကြံအစည်များ ရှိနေသည်ကို သူ လုံးဝစိတ်မဝင်စားချေ။ မည်သို့ပင်ဆိုစေကာမူ မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ပြီးနောက် သူတို့အားလုံး သူတို့၏ မျက်နှာဖုံးများကို ခွာချကြပေလိမ့်မည်။ အသေးအဖွဲ ပုရွက်ဆိတ်တချို့ကို ကြိုတင် ခြိမ်းခြောက်ရန် ရှေးဟောင်းကချေသည်မိသားစုက ကျင်းပသော ဤစားသောက်ပွဲကို အခွင့်ကောင်းယူခြင်းက ပို၍ကောင်းမွန်ပေမည်။ တစ်ဖက်လူက သေချာကြိုးစားအားထုတ်ပြီး ကျင်းပသော စားသောက်ပွဲဖြစ်သဖြင့် ထိုပွဲ၏ရလဒ်များကို သူက အပြုံးတစ်ခုဖြင့် ဝန်လေးစွာ လက်ခံပေးလိုက်ပေမည်။.........အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၌....လုံယန် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းကို ရရှိပြီးဖြစ်သော လုံအောင်းယွီက ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်၏။ ကျယ်ပြန့်ပြီး အားကောင်းသော နဂါး ချီစွမ်းအင်သည် လွှမ်းမိုးနိုင်သော ဒီရေတစ်ခုအလား တိုက်ခတ်သွားသည်။ ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အနည်းငယ် တွန့်လိမ်သွားပြီး ဟင်းလင်းပြင်အက်ကွဲကြောင်း အမြောက်အများ ပွင့်ထွက်သွားသည်။လုံအောင်းယွီ၏မျက်လုံးများတွင် အဆုံးအစမရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူသည် အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တစ်ဖက်လူထံသို့ သွားရောက်ကာ အရှင်လတ်လတ် ဝါးမြိုချင်နေသည့်အလားပင်။"ခုံးဝူတောက်... မင်းက သေလမ်းရှာနေတာပဲ"လုံအောင်းယွီက ဒေါသတကြီး အော်ငေါက်လိုက်သည်။ဝုန်း....ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး ဆူပွက်နေသော နဂါးချီစွမ်းအင် မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ပျံ့နှံ့သွားပေ၏။ ဤသည်က အက်ကွဲနေပြီးဖြစ်သော ဟင်းလင်းပြင်ကို အဆက်မပြတ် ပြိုကျပျက်စီးသွားစေခဲ့သည်။ သူနှင့်ခုံးဝူတောက်တို့ကြားတွင် နက်ရှိုင်းသော သွေးကြွေးရန်ငြိုးတစ်ခု ရှိနေနှင့်ပြီးဖြစ်သည်။ သူ၏အစ်ကိုဖြစ်သော လုံအောင်းထျန်းသည် ထိုသေသင့်သော လူသားမျိုးနွယ်ဖြစ်သည့် ခုံးဝူတောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခုအချိန်၌ အခြေအနေများကို ကြိုတင် စူးစမ်းလေ့လာရန် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်သို့ သူ စေလွှတ်လိုက်သော သူ၏ နောက်လိုက်သည်လည်း မည်သို့ဖြစ်ပျက်သွားသည်ကိုပင် နားမလည်လိုက်ဘဲ ထိုသေသင့်သောခုံးဝူတောက်၏ သတ်ဖြတ်ခြင်းကို ထပ်မံ၍ ခံလိုက်ရလေပြီ။ သူ၏ ထိပ်တန်းနဂါးမျိုးနွယ်စု သွေးမျိုးဆက်နှင့် ပါရမီကြောင့် သူ ဘယ်တုန်းကများ ဤသို့ အရှက်ခွဲခြင်းကို ခံခဲ့ရဖူးသနည်း။သူ၏ ကျင့်ကြံခြင်းကို နောက်ထပ်မြှင့်တင်ပြီး သူတို့၏ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ အမွေအနှစ်ကို အောင်မြင်ပြီးမြောက်သွားသည်နှင့် တပြိုင်နက် သူ ခုံးဝူတောက်ကို သွေးကြွေးပြန်ဆပ်ခိုင်းရပေမည်။ဤမျှထိ နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည့်တိုင် အချိန်တိုင်းလိုလို ခုံးဝူတောက်ကို အပိုင်းပိုင်းခုတ်ထစ်ရန် သူ တွေးတောနေခဲ့ခြင်း ဖြစ်ပေ၏။ သို့သော် သူသည် မဆင်မခြင် ပြုမူတတ်သော လူတစ်ယောက် မဟုတ်ချေ။ ခုံးဝူတောက်အပေါ် အမှန်တကယ် မလှုပ်ရှားမီ တစ်ဖက်လူ၏လက်ရှိခွန်အားကို စုံစမ်းရန် သို့မဟုတ် စမ်းသပ်ရန် နည်းလမ်းတစ်ခုကို သူ ရှာဖွေရပေမည်။ဤအကြောင်းကို တွေးတောပြီးနောက် သူသည် သူ၏ အရည်အချင်းရှိသော တခြားလက်ထောက် နှစဦးထံသို့ သတင်းစကားတစ်ခုကို ချက်ချင်းပေးပို့လိုက်၏။ မြေအောက်ကမ္ဘာကိုးထပ်မြို့တော်သို့ ရောက်ရှိပြီးနောက် အနာဂတ် အစီအစဉ်များအတွက် ပြင်ဆင်ရန်နှင့် ခုံးဝူတောက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းရန် သူတို့ကို ပြောလိုက်သည်။တစ်ချိန်တည်းမှာပင်...ကြယ်ပင်လယ် တစ်ခုတွင်...နတ်ဘုရားသက်တန့် ဆယ်စင်းကျော်သည် ကြယ်တာရာ ကောင်းကင်ယံကို ဖောက်ထွက်ကာ မြေအောက်ကမ္ဘာကိုးထပ်ဆီသို့ အလျင်အမြန် သွားနေခဲ့ကြ၏။ ဤလူစုသည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားကြီးမားသော ပါရမီရှင်များပင်။ ဦးဆောင်လာသော လူနှစ်ယောက်တွင် အားကောင်းသော အရှိန်အဝါများ ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးချီစွမ်းအင်များက သူတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံထားသည်။ဤလူနှစ်ဦးသည် ရေနဂါးမျိုးနွယ်စုနှင့် ရေခဲနဂါးမျိုးနွယ်စုတို့မှ အစွမ်းထက်ဆုံး ရှေးဟောင်းပါရမီရှင်များပင်။ သူတို့သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အနာဂတ် မဟာနဂါးဘုရင်ခြောက်ဦးထဲမှ နှစ်ဦးဖြစ်သော လုံရှီးနှင့်လုံဟန်တို့ပင်။"ကျက်သရေကို မရှိဘူး....အဲ့ဒီခုံးဝူတောက်က တကယ့်ကို သေသင့်တယ်.... ငါတို့အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုက လူတစ်ယောက်ကို အနိုင်ကျင့်ပြီး သတ်ဖို့ သူ ဘယ်လိုတောင် ရဲတင်းရတာလဲ"လုံရှီးက ဒေါသတကြီး ပြောလိုက်သည်။ သူမထံတွင် ဒေါသများ ပြည့်နှက်နေပြီး သူမ၏ ရေခဲပြာရောင် မျက်လုံးသူငယ်အိမ်များတွင် ဒေါသ မီးတောက်များ တောက်လောင်နေပုံရသည်။"အခု နတ်ဘုရားသားတော်အောင်းယွီက ငါတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ မူလဘူတအမွေအနှစ်ကို ဆက်ခံနေတယ်...သူ ဒီစွမ်းအားကို ပြီးပြည့်စုံအောင် ဆက်ခံပြီးတာနဲ့ သူ့ရဲ့ ခွန်အားနဲ့ ကျင့်ကြံခြင်းနယ်ပယ် သိသိသာသာ တိုးတက်လာလိမ့်မယ်""အဲ့ဒီအချိန်ကျရင် ဒီမြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေက ခုံးဝူတောက်ရဲ့ သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ်"လုံဟန်က လှောင်ပြောင်လိုက်သည်။သူတို့သည် ခရီးဆက်နေရင်း ခုံးဝူတောက်ကို ကျိန်ဆဲပြီး ရှုတ်ချနေကြစဉ်မှာပင် ဝေးလံသော နေရာတစ်ခုမှ ကြည်လင်ပြီး လောကီနှင့်ကင်းကွာသော အမျိုးသမီး အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာပေ၏။"နင်တို့က ခုံးဝူတောက်ရဲ့ ရန်သူ ဖြစ်ချင်နေတာလား"ထိုအသံက ရေလှိုင်းများကဲ့သို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤသည်က အလျင်အမြန် သွားနေကြသော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင် အများအပြားကို တုန်ယင်သွားစေသည်။ သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ တုန်ယင်နေကာ သူတို့သည် အလွန်အမင်း အံ့အားသင့်မှု သတိထားမှုတို့ဖြင့် နောက်သို့လှည့်ကြည့်လိုက်ကြသည်။"ဘယ်သူလဲ..."သူတို့၏အကြည့်များသည် တူညီသော နေရာတစ်ခုသို့ စုဆုံသွားကြပြီး သူတို့ အသက်ရှုမှားသွားပေ၏။ ဤနေရာနှင့် မနီးမဝေးရှိ ကြယ်တာရာကောင်းကင်ယံတွင် ကြည်လင်ပြီး လောကီနှင့်ကင်းကွာသော နတ်မိမယ်တစ်ပါးကဲ့သို့ လှပသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူမ၏ အလွန်လှပသော အသွင်အပြင်သည် လောကရှိ မဟာတာအို၏ ပြီးပြည့်စုံဆုံး အနုပညာလက်ရာ တစ်ခုနှင့် တူညီပြီး အင်မော်တယ်နယ်မြေမှ နတ်မိမယ်တစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းအောင် လှပသည်။ သူမ၏အကြည့်တစ်ချက်တည်းကပင် လောကရှိ မည်သည့် သက်ရှိကိုမဆို သူမနှင့်ယှဉ်လျှင် မှေးမှိန်သွားစေရန် လုံလောက်ပေ၏။ သေချာသည်မှာ ဤသည်က သူမ၏အသက်ရှူမှားလောက်အောင် လှပသော အသွင်အပြင် တစ်ခုတည်းကြောင့် မဟုတ်ခြင်းပင်။ ခန့်မှန်း၍မရနိုင်သော မြင့်မြတ်သည့် အရှိန်အဝါတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ သူမသည် လူတိုင်း၏အမြင်အာရုံအောက်တွင် ထွက်ပေါ်လာပြီး ဖြစ်သော်လည်း သူမသည် ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ယံနှင့် ပေါင်းစပ်နေပုံရလည်းရသည်။ ဤသည်မှာ သူမ ရှိနေကြောင်းကို မည်သူမျှ မသိရှိနိုင်စေရန် ဖုံးကွယ်ထားသည့်အလားပင်။'သူက အရမ်းစွမ်းအားကြီးမားပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်ပဲ'လူတိုင်း၏စိတ်ထဲတွင် အလိုအလျောက် အတွေးတစ်ခု ထွက်ပေါ်လာသည်။"တာအိုမိတ်ဆွေ...မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ရှေးဟောင်း ပါရမီရှင်များအနေဖြင့် လုံရှီးနှင့် လုံဟန်တို့၏ စိတ်သဘာဝသည် သာမန်လူများထက် သာလွန်ထူးကဲသည်။ သူတို့၏စိတ်နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို ဖိနှိပ်ပြီးနောက် သူတို့က ပထမဆုံး မေးမြန်းလိုက်ကြ၏။ သေချာသည်မှာ သူတို့၏အသံများကို တည်ငြိမ်နေစေရန် သူတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင် သူတို့၏လေသံထဲရှိ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကို သူတို့ ဖုံးကွယ်မထားနိုင်သေးချေ။ အကယ်၍ သူတို့သာ တစ်ဖက်လူနှင့် အမှန်တကယ် ပဋိပက္ခ ဖြစ်ခဲ့မည်ဆိုပါက သူမကို လုံးလုံးလျားလျား ဖိနှိပ်နိုင်မည်ဟု သူတို့ ယုံကြည်ချက် မရှိခဲ့ချေ။သို့သော် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အေးစက်နေဆဲဖြစ်ပြီး မည်သည့် စိတ်ခံစားချက်ကိုမျှ မပြသခဲ့ချေ။ ထိုအစား သူမသည် သူမ၏ ယခင် စကားများကို ထပ်ပြောလိုက်၏။"နင်တို့က ခုံးဝူတောက်ရဲ့ ရန်သူ ဖြစ်ချင်တာလား""ပြီးတော့ သူ့ကို မြေမြှုပ်စရာနေရာတောင် မရှိဘဲ သေအောင်လုပ်ချင်တာလား"အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏အသံက ပို၍ပို၍ အေးစက်လာခဲ့သည်။ သူမသည် နက်နဲသိမ်မွေ့ပြီး မှောင်မိုက်နေသော မျက်လုံးများဖြင့် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်အများအပြားကို စူးစိုက်၍ ကြည့်နေခဲ့သည်။ ဆောင်းဦးရေများကဲ့သို့ ကြည်လင်ပြီး ယှဉ်ပြိုင်၍မရနိုင်လောက်အောင် လှပနေသင့်သော သူမ၏ လှပသည့် မျက်လုံးများသည် ယခုအချိန်၌ သူတို့၏စိတ်ဝိညာဉ်များကို ဝါးမြိုချင်နေသည့်အလား လူများအား ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။အထူးသဖြင့် အာရုံခံနိုင်စွမ်း အလွန်ထက်ရှသော လုံရှီးနှင့်လုံဟန်တို့ပင်။ ဤအချိန်အခိုက်အတန့်တွင် ရှင်းပြ၍မရနိုင်သော အကျပ်အတည်း ခံစားချက်တစ်ခုဖြင့် ရစ်ပတ်ခံထားရသည်ဟု သူတို့ ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များ ချမ်းစိမ့်စိမ့် ဖြစ်လာပေ၏။"မင်းကလည်း အချိန်လေဟာနယ် တားမြစ်နယ်မြေကပဲလား"လုံဟန်က အစမ်းသဘောဖြင့် မေးလိုက်သည်။ သို့သော် ထိုအချက်သည် အနည်းငယ် မဖြစ်နိုင်ကြောင်းကိုလည်း သူ ခံစားခဲ့ရသည်။ အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီး တစ်ဦး မည်သည့်အချိန်က ထပ်မံ၍ ထွက်ပေါ်လာခဲ့သနည်း။"ဟမ့်....ဒီလျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတဲ့သူကို ဘာလို့ ဒီလောက်ထိ အများကြီး ပြောနေတာလဲ"သို့သော် သူမ၏နံဘေးတွင် ရှိနေသော လုံရှီးက သူ၏စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်ခဲ့ချေ။ သူတို့ဘက်တွင် အရေအတွက် များပြားနေပြီး သူတို့သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ဂုဏ်သိက္ခာရှိသော ထိပ်တန်းပါရမီရှင်များပင်။ ယခုအချိန်၌ ဇစ်မြစ်မသိရသော လူသားမျိုးနွယ် အမျိုးသမီး တစ်ဦးကြောင့် သူတို့ ဤမျှထိ ထိတ်လန့်ကြောက်ရွံ့နေခြင်းသည် အရှက်ရဖွယ် ကိစ္စတစ်ရပ် မဟုတ်လော။"ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်.... ငါတို့က ခုံးဝူတောက်ကို သေစေချင်တယ်"လုံရှီးက ပြောလိုက်သည်။'မြေမြှုပ်ဖို့ နေရာမရှိဘဲ သေအောင်' ဆိုသည့် စကားများကို သူမ မပြောရသေးမီမှာပင်...ဝုန်း ..နောက်တခဏတွင်...လုံရှီးသည် သူမ၏အမြင်အာရုံအတွင်း၌ တောက်ပသော အဖြူရောင်အလင်းတန်းများ ပြည့်နှက်သွားသည်ကိုသာ ခံစားမိပေ၏။ ရုတ်ချည်းဆိုသလိုပင် သူမ၏အသိစိတ်ကို ထိန်းချုပ်၍ မရတော့ဘဲ လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ သူမ၏ ကျန်ရှိနေသေးသော အသိစိတ်၏ နောက်ဆုံး အခိုက်အတန့်များတွင် ထိုလောကီနှင့် ကင်းကွာကာ အေးစက်သော အမျိုးသမီးအသံက သူမ၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်ကိုသာ သူမ ကြားလိုက်ရသည်။"နင်တို့က သူ့ရဲ့ ရန်သူတွေဖြစ်နေမှတော့ ဒီနေရာမှာပဲ သေလိုက်ကြတော့"