← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) တန်ဖိုးရှိတာကို အကုန်အသုံးချရမယ်.... အစစ်အမှန် နဂါးက ပုရွက်ဆိတ်တွေရဲ့ မုန်းတီးမှုကို ဘာလို့ ဂရုစိုက်ရမှာလဲ

သူမ၏ကျန်ရှိနေသေးသော အသိစိတ်သည် ဒီရေတစ်ခုအလား လျင်မြန်စွာ ပျောက်ကွယ်သွားပေ၏။ သူမ၏စိတ်နှလုံးသားတွင် အလွန်အမင်း အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသော်လည်းလုံရှီးသည် မည်သည့် စိတ်ခံစားချက် အရိပ်အယောင်ကိုမျှ မပြသနိုင်တော့ချေ။ သူမ သိလိုက်သည်မှာ သူမသည် တိုက်ခိုက်မှုတစ်ခုကို တောင့်မခံနိုင်ခဲ့ခြင်းပင်။ သို့သော် သူမသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် နဝမအဆင့်တွင် ရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ သိသာရှင်းလင်းနေသည်။ ထို့ပြင် သူမသည် လူငယ်မျိုးဆက်၏ ထိပ်တန်း ပါရမီရှင်များကြားတွင် ရပ်တည်နေသူ တစ်ယောက်ပင်။ တစ်ဖက်လူက မည်သို့ တိုက်ခိုက်သွားသည်ကိုပင် သူမ မည်သည်ကြောင့် မမြင်နိုင်ခဲ့ရသနည်း။"ဒါက..."ကြွင်းကျန်သော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ပါရမီရှင်များ၏ မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျဉ်းမြောင်းသွားပေ၏။ သူတို့၏ စိတ်များ ဗလာဟင်းလင်းဖြစ်သွားကာ အူဝေသွားပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များသည် ဤအခိုက်အတန့်တွင် သူတို့၏ ခန္ဓာကိုယ်ပြင်ပသို့ လွင့်မျောသွားပုံရသည်။ ဤှကိစ္စ၌ ပါဝင်ပတ်သက်နေသူ တစ်ဦးဖြစ်သော လုံရှီးသည် မည်သို့ဖြစ်သွားသည်ကို နားမလည်ခဲ့ချေ။ သို့သော် စောင့်ကြည့်နေသူများကမူ အလွန်ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။အစောပိုင်းက ဒေါသထွက်လွယ်သော လုံရှီး စကားပြောလိုက်သည့် အချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏ ပုံရိပ်သည် သူမ၏ မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားပေ၏။ထို့နောက် သူမ၏နူးညံ့ချောမွတ်သောလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ခြင်းဖြင့် သူမသည် လုံရှီးကို မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ လေထုထဲသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့ပြင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး တိုက်ခိုက်လိုက်သည့် အချိန်မှစ၍ လုံရှီး သေဆုံးသွားသည့် အချိန်အထိ ဤလုပ်ငန်းစဉ်သည် အသက်တစ်ရှိုက်စာ အချိန်ထက်ပင် လျော့နည်းခဲ့သည်။ လုံရှီးသည် သူတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ကာ အနာဂတ် မဟာနဂါးဘုရင်ခြောက်ဦးအနက်မှ တစ်ဦးပင်။သူမသည် ဤနေရာတွင် ချက်ချင်းသေဆုံးသွားခဲ့သည်။ လူတိုင်း အံ့အားသင့်ပြီး မှင်သက်နေစဉ်မှာပင် အေးစက်ပြီး ကြည်လင်သော အလင်းရောင်အောက်တွင် အံ့အားသင့်မှုကြောင့် သူတို့၏ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်မျောနေခဲ့သော သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များ ရုတ်တရက် သူတို့၏ရုပ်ခန္ဓာကိုယ်များဆီသို့ ပြန်လည်၍ ရောက်ရှိလာကြသည်။ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ၏ အသွင်အပြင်သည် အေးစက်ပြီး ကြည်လင်နေဆဲပင်။ သို့သော် သူမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများသည် ကျန်ရှိနေသော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ပါရမီရှင်များ၏ ဦးရေပြားကို ထုံကျင်သွားစေပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များကို တုန်ယင်သွားစေခဲ့သည်။"နင်တို့ဆီမှာ အစစ်အမှန်နဂါးသွေးမျိုးဆက် နည်းနည်းရှိနေပုံရတယ်...""နင်တို့အားလုံးက ဘာပဲဖြစ်ဖြစ် သေရတော့မှာဆိုတော့... နင်တို့ကို အကောင်းဆုံး အသုံးချလိုက်ရမယ်... နင်တို့ရဲ့ အစစ်အမှန်နဂါးသွေးမျိုးဆက်ကို ငါ အရင် ထုတ်ယူမယ်... အဲ့ဒါက ခုံးဝူတောက်အတွက် လက်ဆောင်တစ်ခု ဖြစ်လာနိုင်တယ်...""မင်း..."အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုဝင် အများအပြား၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူတို့သည် တန်ပြန်တိုက်ခိုက်ရန် ချက်ချင်းဟန်ပြင်လိုက်ကြ၏။ဝုန်း....သို့သော် နောက်တခဏတွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။ ဤစွမ်းအား လုံးလုံးလျားလျား ဆင်းသက်လာသည်နှင့်အမျှ ကျန်ရှိနေသော အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ပါရမီရှင်များသည် သူတို့၏ တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက အေးခဲစေပြီး ဖိနှိပ်ထားသည်ဟု ခံစားလိုက်ရသည်။အနာ​ဂတ်မဟာနဂါးဘုရင်တစ်ဦးဖြစ်သော လုံဟန်မှလွဲ၍ တခြားသူများသည် သူတို့၏စွမ်းအားများအားလုံးကို အသုံးချသည့်တိုင် တစ်လက်မမျှ မလှုပ်ရှားနိုင်တော့ချေ။ဝှစ်...အဖြူရောင်အလင်းတန်းတစ်တန်း လင်းလက်သွားခြင်းနှင့်အတူ သွေးများ ဖြာကျလာသည်။ သို့သော် ဤတစ်ကြိမ်တွင် မြင်ကွင်းသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး သွေးပျက်ဖွယ် ကောင်းနေပေ၏။ခေါင်းဆယ့်သုံးလုံးသည် ကောင်းကင်ယံသို့ လွင့်စင်သွားပြီး သူတို့၏ မျက်နှာများတွင် သူတို့ အသက်ရှင်စဉ်က ရှိခဲ့သော အံ့အားသင့်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများပင် ကျန်ရှိနေဆဲပင်။နောက်တခဏတွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူမ၏နူးညံ့ချောမွတ်သောလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ လွှမ်းမိုးနိုင်သော ဥပဒေသ စွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်မှ တလိမ့်လိမ့်ထလာပေ၏။ ထိုစွမ်းအားများသည် မဟာတာအို မီးဖိုကြီးတစ်ခုအလား အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်ဆယ့်သုံးဦး၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားပြီး သူတို့ကို အနှစ်သာရသွေးစက်ငယ်လေးများအဖြစ် ချက်ချင်းသန့်စင်လိုက်သည်။"မင်းက တကယ်ကြီး ရဲတင်းတာပဲ..."လုံဟန် အလွန်ဒေါသထွက်နေသည်။ သူ့မျိုးနွယ်ဝင်များ၏ ကြေကွဲဖွယ်သေဆုံးမှုများကို သူကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် သူ၏ကြောက်ရွံ့မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။ဤအခိုက်အတန့်တွင် သူသည် ဤ ကျိန်ဆဲချင်စရာကောင်းသော လူသားမျိုးနွယ် အမျိုးသမီးကို မည်သည့် တန်ကြေးအား ပေးဆပ်ရပါစေ သတ်ဖြတ်နိုင်ရန်သာ လိုလားတော့သည်။ သူ၏မရီဒါန်းများအားလုံး တုန်ခါပြီး စွမ်းအားများ တလိမ့်လိမ့်ထလာသည်။ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံးသည် ရေခဲ မုန်တိုင်းများ တိုက်ခတ်ခြင်းကို ခံလိုက်ရပြီး အပူချိန် လျင်မြန်စွာ ကျဆင်းသွားကာ ကျယ်ပြန့်သော ဟင်းလင်းပြင်ကို အေးခဲသွားစေသော အသံများအား ထွက်ပေါ်လာစေခဲ့သည်။ သို့သော် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူ၏စွမ်းအားပြည့် ထုတ်လွှတ်မှုကို လုံးလုံးလျားလျား လျစ်လျူရှုထားပုံရသည်။ သူမသည် သူမ၏ ညာဘက် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရုံသာ ဖြစ်ပေ၏။ထို့နောက် သူမသည် သွယ်လျပြီး အပြစ်အနာအဆာကင်းသော ကျောက်စိမ်းရောင် လက်ချောင်းလေး တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လုံဟန်၏ ဦးတည်ရာသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။"ထျန်းကွမ် တားမြစ်ကျမ်းစာ.... ဟင်းလင်းပြင်ပုံရိပ်ယောင်"ခရက်...လုံဟန်သည် သူ၏ မူလဘူတ အနှစ်သာရသွေးကို လောင်ကျွမ်းစေခြင်းဖြင့် စုစည်းထားသော ကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်သည့် ရေခဲသလင်းကမ္ဘာကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ချက်ချင်း ခံလိုက်ရသည်။ ထိုအရာသည် မှန်တစ်ချပ်ကဲ့သို့ တဖြည်းဖြည်း ပြိုကျကာ တစ်လက်မချင်းစီ ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။ သူ စုစည်းထားသော ဥပဒေသ နတ်ဘုရားစွမ်းရည်သာမက သူ၏ခန္ဓာကိုယ်သည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ သက်ရောက်မှုကို ခံရပြီး မြင်နိုင်သော အရှိန်နှုန်းဖြင့် တစ်လက်မချင်း ကြေမွှပျက်စီးသွားသည်။လုံဟန်၏မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျဉ်းမြောင်းသွားပေ၏။ သူ၏ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသော ခြေလက်များ သူ့ရှေ့တွင် လွင့်မျောနေသည်ကို သူ အမှန်တကယ် မြင်တွေ့လိုက်ရသည်။'ငါ့လို ဂုဏ်သိက္ခာရှိတဲ့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုဝင် တစ်ယောက်...အနာဂတ်မဟာနဂါးဘုရင်ခြောက်ယောက်ထဲက တစ်ယောက်က ဒီလိုပဲ သေရတော့မှာလား...''ငါက တိုက်ခိုက်မှုတစ်ခုကိုတောင် တောင့်မခံနိုင်ဘူးလား...'သူ၏ အသိစိတ် လုံးလုံးလျားလျား မပျောက်ကွယ်မီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ကြည်လင်ပြီး အေးစက်သောအသံ လှိုင်းထသွားသည်ကို သူ အံ့အားသင့်ဖွယ်ကောင်းစွာ ကြားလိုက်ရသည်။"ငါ မတော်တဆ စွမ်းအားတွေ အရမ်းသုံးလိုက်မိတယ်... ခုံးဝူတောက်အတွက် လက်ဆောင်တစ်ခု ယူသွားပေးမယ်လို့ ငါ ပြောခဲ့တယ်...""ဒီလို ကြေမွှပျက်စီးသွားတော့... သူ့ရဲ့ခန္ဓာကိုယ်ထဲက အစစ်အမှန်နဂါးသွေးကို ငါ ဘယ်လိုလုပ်ပြီး ထုတ်ယူရမှာလဲ...""ခုံးဝူတောက် ဒေါသမထွက်ဖို့ ငါ မျှော်လင့်မိတယ်..."လုံဟန်သည် သွေးတစ်လုတ်ကို အန်ထုတ်ချင်စိတ် ပေါက်သွားလေ၏။'ဒီနတ်မိစ္ဆာမက ခုံးဝူတောက်ထက်တောင် ပိုပြီး ရက်စက်တယ်''ငါ့ကို သတ်တာက တစ်ပိုင်း... ဒါပေမယ့် သူက ငါ့ကိုသတ်ပြီး ငါ့ရဲ့စိတ်နှလုံးသားကိုပါ ဒီလိုမျိုး ချိုးဖဲ့ချင်သေးတယ်'မကြာမီ....လုံဟန်၏ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသော ခန္ဓာကိုယ်သည် သဲမှုန်လေးများအလား တဖြည်းဖြည်း လွင့်မျောသွားပြီး ကြယ်တာရာကောင်းကင်ယံထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ တခြားအစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုဝင်များ၏ သဲလွန်စများသည်လည်း တစ်ခုတစ်လေမျှ မကျန်ရစ်ခဲ့ချေ။ သူတို့သည် ဤလောကကြီးတွင် တစ်ကြိမ်တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလားပင်။.........တစ်ချိန်တည်းမှာပင် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အနက်ရှိုင်းဆုံး နေရာတွင်....ပလ္လင်​ခွေထိုင်၍ ကျင့်ကြံနေသော လုံအောင်းယွီ သည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ပါဝင်သော အေးစက်သည့် အလင်းရောင် တစ်ခုသည် သူ၏ရွှေရောင် ဒေါင်လိုက် မျက်လုံးသူငယ်အိမ်များမှ ပေါက်ကွဲထွက်လာပေ၏။"လုံဟန်နဲ့ လုံရှီးတို့ ငါနဲ့ ချိတ်ဆက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုက... ဘာလို့ ပြတ်တောက်သွားတာလဲ"ဤလူနှစ်ဦးသည် သူ၏စွမ်းအားကြီးမားသော ညာလက်ရုံးများ ဖြစ်ရုံသာမက သူတို့သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ၏ အနာဂတ် မဟာနဂါးဘုရင်ခြောက်ဦးမှ နှစ်ဦးလည်း ဖြစ်နေသည်။ နဂါးနီမျိုးနွယ်စုကို လုံယန်၏ကိစ္စနှင့် ပတ်သက်၍ မည်သို့ ရှင်းပြရမည်ကို သူ မဆုံးဖြတ်ရသေးချေ။ယခု အချိန်တခဏအတွင်း နောက်ထပ်နှစ်ယောက် ထပ်မံ၍ သေဆုံးသွားလေပြီ။ယခင်ထက် ပို၍ပို၍ တလိမ့်လိမ့်ထလာသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် လုံအောင်းယွီ၏ မျက်လုံးများတွင် ထင်ဟပ်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အနည်းငယ် တွန့်လိမ်သွားစေသည်။"အဲ့ဒီ သေသင့်တဲ့ ခုံးဝူတောက်ဆိုတဲ့ကောင်က လှုပ်ရှားလိုက်တာများလား..."သူသည် အခြေအနေအတိအကျကို နားမလည်သော်လည်း ဤအရာအားလုံးကို ခုံးဝူတောက်နှင့် ဆက်စပ်တွေးတောပြီးဖြစ်သည်။ မကြာမီ လုံရှီး၊ လုံဟန်နှင့်တခြားအစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ပါရမီရှင်ဆယ့်သုံးဦး သေဆုံးသွားကြောင်း သတင်းကို အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အဆင့်မြင့်အကြီးအကဲများ သိရှိသွားကြသည်။"တောက်....ဘယ်သူက ဒီလောက်ထိ မောက်မာဖို့ ရဲတင်းနေတာလဲ.... ငါတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုက ပါရမီရှင်တွေ အများကို ဘယ်သူက အတင့်ရဲပြီး သတ်ဖြတ်ခဲ့တာလဲ""သခင်လေးအောင်းယွီရဲ့ အဆိုအရ... ဒီကိစ္စကို အချိန်လေဟာနယ် တားမြစ်နယ်မြေက တစ်ယောက်ယောက် လုပ်သွားတာ ဖြစ်နိုင်ခြေ အရမ်း များတယ်""အချိန်လေဟာနယ် တားမြစ်နယ်မြေ.... ထပ်ပြီးတော့လား ...ပထမဆုံး သူတို့က ငါတို့မျိုးနွယ်စုက လုံယန်ကို သတ်တယ်... ပြီးတော့ အခု ငါတို့မျိုးနွယ်စုရဲ့ ပါရမီရှင်တွေ အများကြီးကို သတ်ပြန်ပြီ....ဒီရန်ငြိုးက ပြေလည်နိုင်စရာ အကြောင်းမရှိဘူး""အချိန်လေဟာနယ် တားမြစ်နယ်မြေက အဲ့ဒီအဘိုးကြီးတွေက စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး နောက်ကွယ်ကနေ လှုပ်ရှားခဲ့တာလား"အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု တစ်ခုလုံး လုံးလုံးလျားလျား ဒေါသထွက်နေကြ၏။ သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် ယခင်ကတည်းက သဘောထားကွဲလွဲနေခဲ့သည်။ အထူးသဖြင့် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်တွင် လုံယန် သေဆုံးပြီးနောက်၌ ဖြစ်သည်။ဒေါသထွက်နေသော နဂါးနီ ဘုရင်သည် သူ၏သားကို ဆုံးရှုံးလိုက်ရသဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အဆင့်မြင့် အကြီးအကဲများထံမှ ရှင်းပြချက်တစ်ခု တောင်းဆိုရန် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ပင် သွားချင်နေခဲ့သည်။ သို့သော် ဤသည်မှာ လူငယ်မျိုးဆက်များကြား အငြင်းပွားမှု ဖြစ်သည့်အပြင် သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေကို အနည်းငယ် စိုးရိမ်နေကြသည်။ ထို့ကြောင့် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ တခြားအဆင့်မြင့် အကြီးအကဲများသည် နဂါးနီဘုရင်ကို ယာယီ တည်ငြိမ်စေရန် သေသေချာချာ နှစ်သိမ့်ပေးခဲ့သည်။သို့သော် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုသည် ဤရန်စစော်ကားခံရမှုကို မျိုသိပ်မထားနိုင်တော့ချေ။"ငါတို့အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုက ပါရမီရှင်တွေအားလုံး အမိန့်နာခံကြစမ်း.... ဒီမြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေခရီးစဉ်မှာ အခွင့်အလမ်းတွေက အရေးမကြီးဘူး... ခုံးဝူတောက်ကို သတ်ဖို့ကို ပထမဦးစားပေးအနေနဲ့ ထားကြစမ်း""ငါတို့အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုကို ဒီလိုစော်ကားဖို့ အတင့်ရဲတဲ့ မောက်မာတဲ့ကောင်ကို ငါတို့က ကြီးမားတဲ့ တန်ကြေးတစ်ခု ပြန်ပေးဆပ်ခိုင်းရမယ်".........တခြားတစ်ဖက်တွင်....မြေအောက်ကမ္ဘာကိုးထပ် မြို့စားစံအိမ်၏ ယာယီ နန်းတော်၌....ပလ္လင်ခွေထိုင်၍ ကျင့်ကြံနေသော ခုံးဝူတောက်သည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလေ၏။"အမ်...."အမြဲတစေ တည်ငြိမ်နေသော သူသည် ဤအချိန်အခိုက်အတန့်တွင် မျက်မှောင်အနည်းငယ် ကြုတ်သွားလိုက်သည်။ တခြားသူများ သူ့အပေါ် ထားရှိသော အမုန်းတရားများသည် ဤအချိန်အခိုက်အတန့်တွင်ထပ်မံ၍ တိုးလာပုံရသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် သူ ထိုအရာကို များစွာမစဉ်းစားခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ ဤလမ်းကြောင်းတလျှောက်တွင် သူသည် မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့ပြီး အင်အားစု အများအပြားကို စော်ကားခဲ့ပြီးဖြစ်သည်။ ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် လူအများအပြားက သူ့ကို ကြောက်ရွံ့ကြပြီး အလားတူပင် လူအများအပြားက သူ့ကို မုန်းတီးကြပေသည်။ သို့သော် ကောင်းကင်ကိုးထပ်သို့ ပျံသန်းနေသော အစစ်အမှန် နဂါးတစ်ကောင်သည် ပုရွက်ဆိတ်များ၏အမုန်းတရားကို မည်သည်ကြောင့် ဂရုစိုက်မည်နည်း။

All Chapters