← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း (၃၂၂) - ကံကြမ္မာကျိန်စာ

"ဘာလဲ"

ဟယ်ရှန်းက သူတို့ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်လေသည်။

သူက လှောင်ပြောင်လိုက်၏။

"ငါသာ မြားနဲ့ သစ်ပင်ကို မပစ်ခဲ့ရင် ငါတို့တွေ ဒီနေရာကို အလွယ်တကူ ဖြတ်သွားနိုင်လိမ့်မယ်လို့ ထင်ရလောက်တဲ့အထိ မင်းတို့တွေက ရိုးအနေကြတာတော့ မဟုတ်ဘူးမလား"

ထိုသုံးယောက်၏ အမူအရာများအား ကြည့်ရသည်မှာ ဟယ်ရှန်းက မိုးမခပင်ကို အရင်တိုက်ခိုက်ခဲ့ကြောင်း ပြောလိုက်ချိန်တွင် ထိုသို့တွေးတောခဲ့ကြသည်မှာ သိသာထင်ရှားလှသည်။

သူသာ ထိုသို့မလုပ်ခဲ့ပါက အနီရောင်သရဖူ နှုတ်သီးရှည်ငှက် ပေါ်လာမည်မဟုတ်ဘဲ မိုးမခပင်သည်လည်း ၎င်း၏ နွယ်ပင်များဖြင့် လက်တုံ့ပြန်မည် မဟုတ်ပေ။

သို့သော်လည်း ၎င်းမှာ သူတို့၏ စိတ်ကူးယဉ်ဆန္ဒမျှသာဖြစ်ကြောင်း သူတို့၏ နှလုံးသား အနက်တစ်နေရာ၌ သိရှိထားကြလေသည်။

"ငါတို့တွေက အချင်းချင်း ကောင်းကောင်းမသိကြပေမဲ့ ငါက ကိုယ့်အသက်နဲ့ကိုယ် ကစားတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာတော့ ပြောရဲတယ်"

ဟယ်ရှန်းက သက်ပြင်းချကာ ပြောလိုက်၏။ သူ ဆက်လက်လှောင်ပြောင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။

တိုက်ခိုက်မှုအတွင်း သူတို့၏ တုံ့ပြန်ပုံက သူ့ကို မကျေမနပ်ဖြစ်စေကာ စိတ်အခြေအနေ ဆိုးရွားသွားစေခဲ့သည်။

သူ မျှော်လင့်ချက်ထားခဲ့သော ကျိုးရီပင်လျှင် အခြေအနေကို အရင်မသုံးသပ်ဘဲ ညီမဖြစ်သူထံသို့ ပြေးသွားသောကြောင့် သတိလွတ်ကာ ဘေးအန္တရာယ်ကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်သွားခဲ့ချေသည်။

အကယ်၍ သူတို့၏ စွမ်းဆောင်ရည်သာ ဤသို့ဖြစ်နေမည်ဆိုပါက တစ်ယောက်တည်းသွားလိုက်သည်ကပင် ပိုကောင်းမည်ဟု ဟယ်ရှန်း ခံစားလိုက်ရသည်။

အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူသာ သတိထားရန်လိုပြီး ထိုသုံးယောက်ကို စောင့်ကြည့်ရန် သူ၏ အာရုံစူးစိုက်မှုများကို ဖြုန်းတီးရန် လိုမည်မဟုတ်ပေ။

သို့ရာတွင် ကျိုးပဲ့လုနီးပါးဖြစ်နေသော သူ၏ပုဆိန်ကို မြင်လိုက်ရချိန်၌ သူ၏ ထိတ်လန့်စိုးရိမ်မှုများ လျော့ကျသွားလေတော့သည်။

ထိုပုဆိန်က အဘိုးဖြစ်သူထံမှ သူ ပထမဆုံးရရှိခဲ့သော အရာများထဲမှ တစ်ခုဖြစ်သည်။ လက်တွေ့အသုံးပြုရန်မှာ ဟိုးအရင်ကတည်းက အသုံးမဝင်တော့သော်လည်း သံယောဇဉ်ကြောင့် ထိုအရာကို သူ ကိုင်ဆောင်ထားဆဲပင်။

ယင်းက အဘိုးဖြစ်သူ၏ အမှတ်တရပစ္စည်းများထဲမှ တစ်ခုဖြစ်လေသည်။

'အဘိုး ငါ့ကို ခေါ်လာတုန်းကလည်း ငါက သူတို့နဲ့ ဘာမှမကွာပါဘူးလေ'

"ငါတို့ ဖြတ်သွားတဲ့အခါ ရုတ်တရက်ကိုက်တတ်တဲ့ မိုးမခပင်က တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ မတိုက်ခိုက်တာပဲဖြစ်ဖြစ်၊ အနီရောင်သရဖူ နှုတ်သီးရှည်ငှက်က ငါတို့ကို သေချာပေါက် တိုက်ခိုက်မှာပဲ”

“သူက ဒေါသကြီးတယ်၊ နယ်မြေစိုးမိုးချင်စိတ် ပြင်းထန်တယ်၊ ရန်ငြိုးဖွဲ့တတ်တယ်၊ ကောက်ကျစ်ပြီးတော့ အရမ်းကို သွေးဆာတတ်တဲ့အကောင်ပဲ”

“ငါသာ သစ်ပင်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် သူက ခုနကလို တုံ့ပြန်တာထက် အပြင်ထွက်မလာခင်မှာ သူ့ရဲ့လှုပ်ရှားမှုကို ကြိုတွက်ထားနိုင်ခြေရှိတယ်”

“အဲဒီလိုသာ ဖြစ်ခဲ့ရင် ငါတို့ထဲက တစ်ယောက်က သူ့နှုတ်သီးအောက်မှာ ကျဆုံးသွားနိုင်ပြီး ယုမေဖြစ်ဖို့ အများဆုံးပဲ”

“အဲဒီငှက်က အရမ်းပါးနပ်တယ်။ သူက အားနည်းတဲ့သူဆီကို အရင်သွားပြီးမှ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နောက်ဆုံးလူဆီကို အဆင့်ဆင့် တက်လာမှာပဲ..."

ဟယ်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ ယုမေ အနည်းငယ် တုန်ယင်သွားသည်။ သူမ၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးများ ဖြတ်ပြေးသွားသဖြင့် ဦးရေပြားကို အလိုအလျောက် ကိုင်ကြည့်မိလေ၏။

သူမတစ်ယောက်တည်းသာ မဟုတ်ပေ။ နှုတ်သီးရှည်ငှက်က သူတို့ကို ပစ်မှတ်ထားချိန်တွင် ကျိုးလီချင်းသည်လည်း သူမနှင့်အတူ ရှိနေခဲ့သည်။ ကျိုးရီအနေဖြင့် ထိုသို့ကြုံတွေ့ပြီးနောက်ပိုင်း သစ်ပင်ထက် ငှက်ကို ပို၍သတိထားလာခဲ့သည်။

သို့သော် ဟယ်ရှန်း၏ ပြောပြချက်အရ မိုးမခပင်ပေါ်တွင် နေထိုင်နိုင်ခြေရှိသည့် အခြားရန်သူများအကြောင်းကို ကြားလိုက်ရချိန်တွင် သူတို့၏ စွမ်းအားမှာ နှုတ်သီးရှည်ငှက်နှင့် တူညီမည်လားဆိုသည်ကို သူ မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

သူ၏စိတ်ကို ဖတ်လိုက်ရသည့်အလား ဟယ်ရှန်းက ဆက်ပြောလိုက်သည်။

"ငါတို့က ရန်သူငါးယောက်ကို ရင်ဆိုင်ရနိုင်ခြေရှိပေမဲ့ အဲဒါက သူတို့အားလုံး တိုက်ခိုက်ဖို့ ဆုံးဖြတ်မှသာ ဖြစ်မှာမို့..."

ဟယ်ရှန်းသည် သူ၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်လေသည်။

ထိုသုံးယောက်သည် တိုက်ခိုက်ခံရမည်ကို မျှော်လင့်လျက် ပတ်ဝန်းကျင်ကို သတိဖြင့် အလိုအလျောက် ကြည့်လိုက်ကြသော်လည်း စက္ကန့်အနည်းငယ်ကြာသည်အထိ မည်သည့်တိုက်ခိုက်မှုမျှ ဖြစ်မလာသောအခါ သူတို့အားလုံးက ဟယ်ရှန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။

"ငါ ကျိန်စာတိုက်မိတော့မလို့"

ဟယ်ရှန်းက အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"ဘယ်လိုကျိန်စာတိုက်တာလဲ"

ကျိုးရီက မေးလိုက်၏။

"မင်းတို့အားလုံး ကံကြမ္မာကျိန်စာဆိုတာကို မကြားဖူးကြဘူးလား"

ထိုသို့မေးလိုက်သော ဟယ်ရှန်းမှာ သူတို့အားလုံး ခေါင်းယမ်းပြသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းဆိုသလို ဆွံ့အသွားသော အမူအရာ ဖြစ်သွားလေသည်။

သူက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်၏။

"ဒါပေမဲ့ အဘိုးက ဒါကို အခြေခံဗဟုသုတလို့တော့ ပြောခဲ့တာပဲ..."

"ကံကြမ္မာကျိန်စာဆိုတာ လူတစ်ယောက်ရဲ့ စကားတွေကြောင့် အသက်ဝင်လာလေ့ရှိတယ်”

“တကယ်လို့ မင်းက တစ်ခုခု ဖြစ်လာဖို့မရှိဘူးလို့ ပြောလိုက်ရင် ပြောလိုက်တဲ့စကားကြောင့် မဟုတ်ရင်တောင်မှ အဲဒါက တကယ်ဖြစ်လာတတ်တယ်”

“ငါသာ အချိန်မီ မရပ်လိုက်ဘူးဆိုရင် ကျိန်စာတိုက်မိသွားလိမ့်မယ်"

'ဒါက ဘယ်လိုကျိန်စာမျိုးလဲ။ ရိုးရိုးအယူသည်းတာပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်မိုက်မဲတဲ့အရာကို ယုံကြည်နိုင်ရတာလဲ'

ကျိုးရီက တွေးလိုက်သည်။

ဟယ်ရှန်း၏ အမူအရာတွင် ရိုးသားမှုကို မြင်လိုက်ရသောအခါ သူ ခေါင်းယမ်းလိုက်မိ၏။ သူက ၎င်းကို စိတ်ရောကိုယ်ပါနှစ်လျက် ယုံကြည်နေပုံရသည်။

"အဲဒါ တကယ်ရှိတယ်။ အဘိုးဆီမှာ အကြိမ်သန်းပေါင်းများစွာ ဖြစ်ခဲ့တာကို ငါ မြင်ဖူးတယ်။ သူက တစ်ခုခုဖြစ်ဖို့ မရှိဘူးလို့ပြောပြီး စက္ကန့်ပိုင်းလောက်အကြာပဲဖြစ်ဖြစ်၊ မိနစ်ပိုင်း၊ တစ်နာရီ၊ ဒါမှမဟုတ် ရက်အနည်းငယ်ကြာတဲ့အချိန်မှာ သူ ဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တဲ့အခြေအနေက တကယ်ဖြစ်လာတော့တာပဲ”

“ဒါကြောင့် ငါတို့တွေ အများကြီး ဒုက္ခရောက်ခဲ့ရတယ်"

ကျန်သူများထံမှ သံသယနှင့် မယုံကြည်နိုင်သော အမူအရာများကို မြင်လိုက်ရသောအခါ ဟယ်ရှန်းက ပြောလိုက်သည်။

သို့သော် သူ ရှင်းပြပြီးနောက်တွင်ပင် သူတို့၏ မသင်္ကာဖြစ်နေဆဲ အကြည့်များကို မြင်လိုက်ရသောအခါ သူ ဆက်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

အနှေးနှင့်အမြန်ဆိုသလို သူတို့အားလုံး ကံကြမ္မာကျိန်စာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိလာရလိမ့်မည်ပင်။ ထိုသို့ဖြစ်လာချိန်တွင် သူတို့နှင့်အတူ ရှိမနေဖို့သာ သူ မျှော်လင့်နိုင်တော့သည်။

'သူတို့ အဆိုးရွားဆုံးအရာမျိုးနဲ့ ကြုံရဖို့ မျှော်လင့်ပါတယ်။ အဘိုးက ပြီးပြည့်စုံပေမဲ့ ပါးစပ်တော့ သိပ်ဖွာတာပဲ'

ဟယ်ရှန်းက ပူဆွေးသောကရောက်စွာဖြင့် အတိတ်အကြောင်း တွေးလိုက်လေသည်။

"ပြိုင်ဘက်ငါးယောက်ထဲမှာ နှုတ်သီးရှည်ငှက်က အခက်ခဲဆုံးပဲ။ မိုးမခပင်ကတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေကို ခန့်မှန်းလို့မရဘူး။ မင်းအနေနဲ့ သူ့ရဲ့ အကွာအဝေးကို ဘယ်တော့မှ သိနိုင်မှာမဟုတ်သလို အဲဒီနွယ်ပင်တွေထဲမှာ တခြားအရာတွေကို ဖုံးကွယ်ထားတတ်တယ်”

“သူတို့ထဲမှာ အဆိပ် ဒါမှမဟုတ် သွက်ချာပါဒလိုက်စေတဲ့ အာနိသင်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ သူက ရွေ့လျားလို့မရတာကြောင့် ရင်ဆိုင်ဖို့ အလွယ်ကူဆုံးပဲ”

“ငါတို့ ရွေ့လျားနေသရွေ့ သူ့ဆီကနေ လွတ်မြောက်နိုင်တယ်။ ဒါပေမဲ့ အဲဒီကျိန်စာသင့်ငှက်က ငါတို့ကို စောင့်ကြည့်နေရင်တော့ အဲဒီလို လုပ်လို့မရဘူး”

“နောက်ဆုံးသုံးကောင်ထဲက အနက်ရောင်စိမ်းလန်းဖြူကောင်က သဘာဝအရ နူးညံ့သိမ်မွေ့တယ်။ သူက သူ့အသက်အန္တရာယ် ဒါမှမဟုတ် မိုးမခပင်ကို ခြိမ်းခြောက်နေပြီလို့ မခံစားရမချင်း တိုက်ခိုက်ခဲတယ်”

“ကျန်တဲ့နှစ်ကောင်ဖြစ်တဲ့ ညှိုးနွမ်းပိုးကောင်နဲ့ မီးခိုးရောင် မြူသစ်ပင်ဖားတို့က သူတို့ရဲ့စွမ်းရည်တွေကြောင့် ခက်ခဲတဲ့ ပြိုင်ဘက်တွေဆိုပေမဲ့ နှုတ်သီးရှည်ငှက်လောက်တော့ အငြိုးမကြီးဘူး”

“ငါတို့သာ ဒီနေရာကနေ ထွက်သွားရင် သူတို့ လိုက်ဖမ်းမှာကို စိတ်ပူနေစရာမလိုဘူး။ အတိုချုပ်ပြောရရင် ငါတို့က အဲဒီငှက်ကို အချိန်ဆွဲပြီး ပြေးရမယ်”

“ဒါက ဒီကနေ အကောင်းပကတိအတိုင်း လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ... ပြီးတော့ အဲဒီကောင်စုတ်အကြောင်း ပြောရရင်..."

ဟယ်ရှန်း၏ မျက်လုံးများက မီးခိုးရောင်သစ်ရွက်များ ဖုံးလွှမ်းနေသော မိုးမခပင်ပေါ်သို့ ကြည့်လိုက်ရင်း ကျဉ်းမြောင်းသွားလေသည်။

ကျန်သူအားလုံးက ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်ကြသည်။ ယုမေတစ်ယောက်တည်းသာ အနေရခက်စွာ မတ်တတ်ရပ်ကျန်ခဲ့၏။

သူမက လက်နက်အဖြစ် အသုံးပြုရန် တစ်ခုခုရလိုရငြား ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လွန်ခဲ့သည့် မိနစ်အနည်းငယ်က အတွေ့အကြုံကို သတိရသွားသောအခါ ချက်ချင်း ရပ်တန့်လိုက်သည်။

တစ်ခုခုကို ကောက်ယူရန် ကိုယ်ကို ကိုင်းညွတ်ခြင်းကဲ့သို့သော မည်သည့်လှုပ်ရှားမှုမျိုးမဆို သေဆုံးခြင်းကို ဖြစ်စေနိုင်သောကြောင့် သူမလုပ်နိုင်သည့် အကောင်းဆုံးအရာမှာ တူညီသော ကိုယ်ဟန်အနေအထားဖြင့် နေရာတွင်သာ ငြိမ်ငြိမ်လေးနေရန်ဖြစ်သည်။

ဟယ်ရှန်းက သူမဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

'အသုံးမဝင်တဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သေးပေမဲ့ ဉာဏ်တော့ကောင်းသားပဲ'

"ငါက ငှက်ကို ကိုင်တွယ်ဖို့ ကြိုးစားမယ်။ မင်းတို့နှစ်ယောက်က မိုးမခပင်က နွယ်ပင်တွေကို ဖြေရှင်းကြ။ မင်းတို့နှစ်ယောက်အတွက် သူ့ရဲ့အမြန်နှုန်းကို လိုက်မီဖို့ မခက်ခဲလောက်ပါဘူး..."

ဟယ်ရှန်းက မြားသုံးစင်း အသင့်တပ်ဆင်ထားသော လေးကို ဆွဲတင်လိုက်ရင်း ပြောလိုက်သည်။

"ဪ... ပြီးတော့ အဖြူရောင်အမှုန်အမွှားလေးတွေ ပေါ်လာတာကို မြင်ရင် ပြေးကြနော်။ ညှိုးနွမ်းပိုးကောင်မှာ အန္တရာယ်အရှိဆုံး စွမ်းရည်ရှိတယ်”

“အဲဒါက သူ ထုတ်လွှတ်လိုက်တဲ့ အမှုန်တွေနဲ့ ထိတွေ့မိရင် မင်းတို့ရဲ့ အရေပြားက ပုပ်သိုးသွားလိမ့်မယ်။ ပြီးတော့ မင်းတို့ကိုယ်ပေါ်မှာ အဲဒီအမှုန်တွေ ပိုများလာရင်...

“လာနေပြီဟေ့"

ဟယ်ရှန်းက သူ၏ ရှင်းပြချက်ကို ရပ်တန့်လိုက်ပြီး လေးပေါ်ရှိ မြားသုံးစင်းကို အလျင်အမြန် ပစ်လွှတ်လိုက်လေတော့သည်။

မြားသုံးစင်းသည် ရှေ့မှ နီရဲနေသော အရိပ်ဝါးဝါးကို ပစ်မှတ်ထားသည့်အလား အထက်သို့ ကွေးညွတ်သော လမ်းကြောင်းဖြင့် ရွေ့လျားသွားသည်။ ထို့နောက် မြားသုံးစင်းက တြိဂံပုံစံကို ဖန်တီးလိုက်၏။

ထိုအနီရောင်အရိပ်ဝါးဝါးက လူတစ်ယောက် နှာချေရန် ကြာသည့်အချိန်အတွင်းမှာပင် ဘယ်နှင့်ညာ ယိမ်းထိုးသွားလေသည်။

မြားများသည် ပစ်မှတ်ကို လွဲချော်သွားပြီး ၎င်း၏အမြန်နှုန်းကြောင့် မြားများကို ဖြတ်သန်းသွားသည့်အလား ထင်မှတ်ရပေသည်။

All Chapters