← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉) - တောအုပ်အတွင်း အပြေးပြိုင်ခြင်း (၂)

"မင်းအစ်ကိုရဲ့ လုံခြုံရေးကို စတေးပြီး စွန့်စားချင်တာ သေချာပြီလား။ တကယ်လို့ ငါတို့တွေ အနီရောင်သရဖူနှုတ်သီးရှည်ငှက် ဒါမှမဟုတ် ကိုက်တတ်တဲ့မိုးမခပင်လိုမျိုး အရမ်းမြန်တဲ့အရာတွေ တိုက်ခိုက်တာခံရရင် ဘယ်လိုလုပ်မလဲ”

“မင်းအစ်ကိုရဲ့ လက်ရှိအခြေအနေနဲ့ဆို အဲဒီလောက်အဆင့်ရှိတဲ့ ရန်သူကို ခုခံနိုင်ပါ့မလား”

“ဘေးထွက်ဆိုးကျိုးတွေကို ခဏဖယ်ထားလိုက်။ ငါတို့နောက်ကို လိုက်လာမယ့် သားရဲတွေနဲ့ အကွာအဝေးတစ်ခု ခြားသွားဖို့ဆို ဒီမှိုတစ်မျိုးပဲ ရှိတယ်”

“တကယ်လို့ မင်းက သူ့ကို မစားစေချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်လာခဲ့ရင်တော့ မင်းတာဝန်ပဲ"

ဟယ်ရှန်းက အေးစက်စွာ ပြောလိုက်လေသည်။

"လီချင်း... တော်တော့... ငါ စားမယ်"

ကျိုးရီသည် ကျိုးလီချင်းက တစ်ခုခုထပ်ပြောရန် ပြင်နေသည်ကို မြင်သောအခါ တားမြစ်လိုက်၏။

သူသည် ဒယိမ်းဒယိုင်ဖြစ်နေသော ခြေလှမ်းများဖြင့် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းနိုင်ရန်အတွက် ကျိုးလီချင်းကို မှီထားလိုက်သည်။

ဟယ်ရှန်းသည် အချိန်ဆွဲမနေဘဲ မှိုကို ဦးခေါင်းကွင်းပတ်လည်အထိ ပိုင်းဖြတ်လိုက်ပြီး ခြေတံကိုမူ ထရပ်ပြီးသားဖြစ်နေသော ယုမေအတွက် ချန်ထားလိုက်၏။

"ဝါးစရာမလိုဘူး၊ ပါးစပ်ထဲထည့်လိုက်ရုံနဲ့တင် သူ့အလိုလို ပျော်၀င်သွားလိမ့်မယ်"

ဟယ်ရှန်းက ပြောပြီးသည်နှင့် မှိုကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ကျိုးရီနှင့် ယုမေတို့သည် မှိုကို ပါးစပ်ထဲထည့်လိုက်စဉ် မသိစိတ်အရ မျက်လုံးများကို ပိတ်လိုက်ကြ၏။

ထိုမှို၏ ရွံရှာဖွယ်ကောင်းလှသော ပုံပန်းသဏ္ဌာန်အရ အရသာမှာလည်း အလွန်ဆိုးရွားမည်မှာ သေချာလှသည်။

ကျိုးလီချင်းမှာ သူတို့မျိုချလိုက်သည်ကို ကြည့်ရင်း စိုးရိမ်ပူပန်နေသော မျက်နှာပေး ဖြစ်သွားလေသည်။

"အွန်း..."

ကျိုးရီသည် အံ့အားသင့်စွာ ညည်းညူလိုက်မိ၏။ ရွံရှာဖွယ်ကောင်းသော အရသာ ရှိမနေခဲ့ပေ။

ထိုမှိုသည် ပါးစပ်ထဲသို့ ရောက်သည်နှင့် ချက်ချင်းပျော်ဝင်သွားပြီး ပင်မှည့်သီးနှင့် လိမ္မော်သီးအရသာ ရောနှောနေကာ အနည်းငယ်စပ်ရှိန်းရှိန်း အရသာကိုသာ ခံစားလိုက်ရသည်။

ထို့နောက် ချက်ချင်းပင် သူမျိုချလိုက်သော အရည်များသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများမှတစ်ဆင့် အရိုးများအထိ ပေါက်ကွဲထွက်လုမတတ် စွမ်းအင်များဖြင့် ပြည့်လျှံသွားသည်ကို ခံစားလိုက်ရလေသည်။

စက္ကန့်ပိုင်းအလိုက ရှိနေခဲ့သော ပင်ပန်းနွမ်းနယ်မှုများနှင့် နာကျင်မှုများအားလုံး ချက်ချင်းပျောက်ကွယ်သွားလေသည်။

ထိုမှို၏ အံ့ဖွယ်ကောင်းလှသော အာနိသင်ကြောင့် သူ အံ့အားသင့်သွားရ၏။

ထိုအရှိန်ပြင်းသော စွမ်းအင်များသည် သူ့အား လက်ရှိအခြေအနေဖြင့်ပင် ကိုက်တတ်သောမိုးမခပင်၏ နောက်ဆုံးတိုက်ခိုက်မှုကို လက်သီးဖြင့် ထိုးခွဲပစ်နိုင်သည်ဟူသော စိတ်ကူးယဉ်မှုကိုပင် ဖြစ်ပေါ်စေလေသည်။

သို့သော်လည်း သူ၏ကလဲ့စားချေလိုသော အတွေးစလေးမှာ ဟယ်ရှန်း၏ ထွက်ခွာရန်အမိန့်ပေးသံကြောင့် ပျက်ပြယ်သွားလေသည်။

သူတို့သည် ယခင်ပုံစံအတိုင်းပင် ဆက်လက်ချီတက်ခဲ့ကြသော်လည်း အနည်းငယ် ပြောင်းလဲသွားသည်မှာ ကျိုးရီ၏နေရာတွင် ကျိုးလီချင်းက အနောက်မှ လုံခြုံရေးယူပေးပြီး ကျိုးရီကမူ အလယ်တွင် ယုမေနှင့်အတူ လိုက်ပါလာခြင်း ဖြစ်၏။

"ငါသုံးလိုက်ရသမျှ အရာအားလုံးအတွက် မင်းတို့ ငါ့ကို ပြန်ပေးရမယ်"

ဟယ်ရှန်းသည် တီးတိုးရေရွတ်ရင်း သူတို့၏ဘယ်ဘက်နှင့် ညာဘက်သို့ မီးခိုးရောင်မီးခိုးများ ထွက်ပေါ်စေသော အိတ်ငယ်များကို ပစ်လွှတ်လိုက်၏။

"ဟယ်ရှန်း... အဲဒါ ဘာကြီးလဲ"

ကျိုးရီသည် ရွံရှာနေသော မျက်နှာထားဖြင့် တံတွေးများကို ထွေးထုတ်ရင်း အော်ဟစ်မေးလိုက်လေသည်။ သူသည် အော့အန်တော့မည့်ပုံစံ ဖြစ်နေ၏။

သူတစ်ဦးတည်းမဟုတ်ဘဲ ကျိုးလီချင်းနှင့် ယုမေတို့သည်လည်း အန်ချင်နေသော မျက်နှာများ ဖြစ်နေကြသည်။

"ဒါက ကျောက်ဖြူရောင်မီးလျှံခြင်္သေ့ရဲ့ မစင်တွေပဲ။ သားရဲတွေကို မောင်းထုတ်ဖို့အတွက် အရမ်းကောင်းတဲ့ ပစ္စည်းတစ်ခုပေါ့။ ဒီတစ်အိတ်တည်းတင် ရွှေပြားနှစ်ထောင်တန်တယ်။ မင်းတို့အားလုံး ငါ့ကို ရွှေပြားနှစ်ထောင် အကြွေးတင်သွားပြီ"

ဟယ်ရှန်းက အရှိန်မြှင့်လိုက်ရင်း ပြောလိုက်၏။

သူသည် ကျောက်ဖြူရောင်မီးလျှံခြင်္သေ့မစင်များ ထည့်ထားသော အိတ်တစ်လုံးအား ပစ်လွှတ်လိုက်တိုင်း တန်ဖိုးကို တတွတ်တွတ်ရေရွတ်နေလေသည်။

သူတို့ပြေးရသည့်လမ်းတစ်လျှောက်သည် ထိုသူသုံးဦးအတွက် နှိပ်စက်ညှဉ်းပန်းမှုတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။

ဟယ်ရှန်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ထိုမီးခိုးလုံးကြီးများဖြင့် ရက်စက်စွာ ဖုံးလွှမ်းစေခဲ့သဖြင့် မအန်မိစေရန် အစွမ်းကုန်အောင့်ထားရလေသည်။

သူတို့၏မျက်လုံးများမှာ တစ်ချက်တစ်ချက် နီရဲလာပြီး ပါးစပ်ထဲတွင်ပင် မစင်နံ့များကို ခံစားလာရ၏။

ထိုသို့ဆိုးရွားလှသော်လည်း ရလဒ်ကောင်းကို မြင်တွေ့နေရသဖြင့် သူတို့အားလုံး ဘာမျှမပြောနိုင်ကြပေ။

ထိုမီးခိုးများနှင့် ထိမိသော ဝိညာဉ်သားရဲအချို့၏ ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်ညည်းတွားသံများကို သူတို့ ကြားလိုက်ရ၏။

ဤနည်းဖြင့် ကျိုးရီတိုက်ခိုက်ခံခဲ့ရသော နေရာနှင့် သူတို့ကြား အကွာအဝေးသည် စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ပြီး ယုမေသည်လည်း မှို၏အာနိသင်ကြောင့် သူတို့နောက်သို့ အလွယ်တကူ လိုက်ပါနိုင်ခဲ့သည်။

ဟယ်ရှန်းက ကွေ့ကောက်ကာ ဦးဆောင်ပြေးနေပြီး ကျိုးရီတို့သုံးယောက်ကလည်း သူ့နောက်မှ သစ္စာရှိရှိ လိုက်ပါလာကြ၏။

ဆယ်မိနစ်ခန့် ကုန်လွန်သွားသော်လည်း ထူးခြားသော အန္တရာယ်မျိုး မကြုံတွေ့ရပေ။ လမ်းခရီးတွင် ဝိညာဉ်သားရဲအနည်းငယ်နှင့် တိုးခဲ့သော်လည်း သူတို့အတွက် မခက်ခဲခဲ့ချေ။

ဟယ်ရှန်းက နောက်ပိုင်း အသုံးတည့်စေရန် ထိုသားရဲအချို့အား သယ်ဆောင်လာရန်ပင် ပြောဆိုခဲ့သေး၏။

တစ်ဆယ့်ငါးမိနစ်တာ အချိန်ကာလ နီးကပ်လာသည်နှင့်အမျှ သူတို့သည် ခန္ဓာကိုယ် အကြောသေမည့် အချိန်အတွင်း နားခိုရန် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေခဲ့ကြရ၏။

သို့မှသာ အကြောသေသွားသော ထိုလူသုံးဦးကို တစ်နာရီ သို့မဟုတ် မိနစ်သုံးဆယ်ခန့်အထိ ကျိုးလီချင်းတစ်ဦးတည်းက စောင့်ရှောက်ပေးနိုင်မည် ဖြစ်သည်။

အကောင်းဆုံးနေရာမှာ အထူးနယ်မြေဖြစ်သော်လည်း သူတို့ ကံမကောင်းခဲ့ပေ။

သို့သော်လည်း လမ်းခရီးတစ်လျှောက်တွင် စာအုပ်ငယ်ထဲ၌ ပါဝင်သော ဆေးဖက်ဝင်အပင်အချို့ကို တွေ့ရှိခဲ့သဖြင့် အလျင်အမြန်ပင် ဆွတ်ခူးခဲ့ကြသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီး ဘေးကင်းမည့်နေရာကိုလည်း မတွေ့ရသေးသဖြင့် ယုမေမှလွဲ၍ ကျန်လူများ၏ မျက်နှာတွင် စိုးရိမ်စိတ်များ လွှမ်းမိုးလာတော့သည်။

"ယုမေ... ဘာဖြစ်လို့လဲ"

ကျိုးရီက မေးလိုက်၏။

လွန်ခဲ့သောမိနစ်အနည်းငယ်ကတည်းက ယုမေမှာ တစ်စုံတစ်ခုကို အပြင်းအထန် စဉ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်နေသည်ကို သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

"ဟိုဘက်ကနေ အသံတွေ ကြားနေရလို့"

ယုမေက သူတို့၏ဘယ်ဘက်ခြမ်းတွင် စီးဆင်းနေသော မြစ်တစ်စင်းဆီသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

ကျိုးရီ၊ ကျိုးလီချင်းနှင့် ဟယ်ရှန်းတို့အားလုံး ထိုမြစ်ဆီသို့ စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ထိုမြစ် မည်မျှရှည်လျားသည်ကို သူတို့မသိကြသော်လည်း သူတို့၏ လွတ်မြောက်ရာလမ်းကြောင်းတွင် ၎င်းကို တွေ့ရှိခဲ့ပြီးနောက် အနံ့အသက် ဖျောက်ဖျက်ရန်နှင့် သောက်ရေအတွက် အသုံးပြုနိုင်ရန် မြစ်နားကပ်၍ ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဟယ်ရှန်းက အကြောသေပြီးနောက်တွင် ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုကို ခံစားရမည်ဖြစ်သဖြင့် ရေအရင်းအမြစ်နှင့် နီးစပ်ရန် အရေးကြီးကြောင်း ပြောဆိုခဲ့ဖူး၏။

သို့သော်လည်း ယခု ယုမေ၏စကားအရ ထိုမြစ်တွင် ပုံမှန်မဟုတ်သောအရာတစ်ခုခု ရှိနေပုံရသည်။

ကျိုးရီသည် ယခင်က ယုမေညွှန်ပြခဲ့သော လမ်းကြောင်းအတိုင်း လိုက်ပါခဲ့ပါက သူ ဒဏ်ရာရရှိမည် မဟုတ်ကြောင်း တွေးတောမိလိုက်၏။

ယခု အခက်အခဲများစွာကို ကြုံတွေ့ပြီးနောက်တွင် သူသည် ယုမေ၏စကားကို ပိုမိုယုံကြည်ချင်လာခဲ့သည်။

"ဘာအသံတွေလဲ"

ကျိုးရီက ဂရုတစိုက် မေးလိုက်၏။

"အဲဒါက မတူညီတဲ့ သားရဲတွေရဲ့ အသံတွေ ရောနှောနေတာ။ အခုချိန်ထိတော့ နွားလားဥဿဘ၊ ကြိုးကြာငှက်၊ ပျံလွှားငှက်၊ ဖား၊ ပုရစ်၊ ပုစဉ်းရင်ကွဲ၊ ချုံပုရစ်၊ ဝက်ဝံ၊ ရိုင်နိုဆိုးရစ်တို့ရဲ့ အသံတွေကို ကြားရတယ်”

“ပြီးတော့ အဲဒီထဲမှာ အကျယ်ဆုံးအသံက ကျားတစ်ကောင်ရဲ့ အသံပဲ"

ယုမေက ကျားအကြောင်းပြောရင်း မျက်နှာတွင် သိသာထင်ရှားသော ကြောက်ရွံ့မှုများ ပေါ်လာ၏။

ထိုစကားကို ကြားသောအခါ သုံးဦးလုံး၏မျက်နှာများမှာ ပိုမိုညှိုးငယ်သွားတော့သည်။

ယုမေက အသံများကြားရသည်ဟု ပြောစဉ်က သူတို့သည် ငါးများ၏အသံ သို့မဟုတ် ဆန်းကြယ်သော တစ္ဆေဝိညာဉ်များ၏အသံ သို့မဟုတ် သူတို့တစ်ခါမျှမကြားဖူးသော သတ္တဝါဆန်းများ၏အသံကိုသာ မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။

ရေထဲတွင် မနေသော ငှက်များ၊ နို့တိုက်သတ္တဝါများနှင့် အင်းဆက်များ၏အသံများကို မဟုတ်ပေ။

ဟယ်ရှန်းသည် ဆက်လက်နားထောင်ရန် စိတ်မပါတော့သဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်၏။

ကျိုးရီသည်လည်း သူမဘက်မှ ကာကွယ်ပြောဆိုပေးလိုသော်ငြား သူကိုယ်တိုင်ပင် မည်သည့်အသံမျှ မကြားရသဖြင့် ယုံကြည်ရန် ခက်ခဲနေတော့သည်။

"နေဦး"

ကျိုးလီချင်းက ရုတ်တရက် အော်ပြောလိုက်၏။

All Chapters