← Chapters

အခန်း ၁၀၇၅

Vol. 103 Ch. 1075

အခန်း ၁၀၇၅

Vol. 103 Ch. 1075

အခန်း ၁၀၇၅ ကျေနပ်မိခြင်း

ကံကြမ္မာနိယာမကိုလည်း တိုက်စစ်ဆင်နွှဲသည့်နေရာတွင် အသုံးပြု၍ မရချေ။

​ဝူလျာသည် လုံချန်း အနားသို့ ရောက်ရှိလာသောအခါမှ လုံချန်း၏ အခြေအနေကို သေသေချာချာ ပြန်လည်မြင်တွေ့လိုက်ရတော့သည်။ လုံချန်း၏ ဦးခေါင်းထက်မှ သွေးများ စီးကျနေခဲ့ပြီ ဖြစ်၏။ သူ၏ အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေနေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း ပွန်းပဲ့ပြတ်ရှရာများဖြင့် ပြည့်နှက်နေခဲ့သည်။

​"ဟူး... သူမကိုယ်တိုင်တောင် ကြောက်ရွံ့ရတဲ့သူနဲ့ ထိပ်တိုက်တွေ့ရမယ်ဆိုလို့ ငါကတော့ တကယ်ကို အထင်ကြီးပြီး မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ မင်းက တကယ်ကို စိတ်ပျက်စရာကောင်းလွန်းတယ်။ အနာဂတ်ဟောကိန်းဆိုတာ သောက်တလွဲတွေ ဖြစ်မှာ သေချာတယ်" ဝူလျာက နှာခေါင်းရှုံ့ရင်း ဆိုလိုက်ပြီးနောက် လက်ချောင်းကို တစ်ချက် တောက်လိုက်သည်။

​လုံချန်း၏ ခန္ဓာကိုယ်မှာ ကောင်းကင်ယံထက်သို့ ထပ်မံ၍ လွင့်တက်သွားခဲ့ပြီး ကောင်းကင်ပြင်၌ ရပ်တန့်နေသော ဝူလျာ၏ ရှေ့တည့်တည့်တွင် အရှိန်ဖြင့် ရပ်တန့်သွားခဲ့ရ၏။ သူ၏ လက်မောင်းများနှင့် ခြေထောက်များမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ဆွဲဆန့်ခြင်း ခံထားရပြီး ၎င်းက လက်နှင့်ခြေထောက်များအား ဆန့်ကျင်ဘက် နံရံနှစ်ဖက်တွင် ကြိုးဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည့်အလား ဖြစ်နေခဲ့သည်။

​"ဒါက ဘယ်လောက်အထိ စိတ်ပျက်စရာကောင်းလဲ မင်းသိလား" ဝူလျာက လုံချန်းကို မေးလိုက်ရင်း လက်မြှောက်လိုက်သည်။

​သူ့လက်အနားတွင် လင်းလက်သော အလင်းစက်အချို့ ပေါ်ပေါက်လာခဲ့ပြီး ထိုအလင်းစက်များမှာ တဖြည်းဖြည်း စုစည်းသွားကာ ဓားတစ်စင်း၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့၏။

​ထိုဓား၏ အလျားနှင့် အနံမှာ လုံချန်း ကိုင်ဆောင်ထားသည့် အချိန်ဓား၏ ထက်ဝက်ခန့်သာ ရှိပေသည်။

​ထိုတောက်ပသော ရွှေရောင်ဓားမြှောင်သည် ဝူလျာ၏ ရှေ့မှောက်တွင် မျောလွင့်နေခဲ့ပြီး ဝူလျာက ဓားရိုးကို လှမ်း၍ ဖမ်းကိုင်လိုက်သည်။

​"ငါ မင်းကို ဘာလုပ်မိလို့လဲ။ ငါ မင်းရဲ့ မိန်းမကို ခိုးပြေးခဲ့လို့လား၊ ဘာလဲ...။ မင်းက ဘာဖြစ်လို့ အရာရာတိုင်းက ငါ့အပြစ်လို တတွတ်တွတ် လာပြီး အပြစ်တင်နေရတာလဲ။ ငါ မင်းကို သိတောင်မသိဘဲနဲ့။ မင်းက ငါ့ဘဝကို ငရဲတွင်းဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေခဲ့ပြီးတော့၊ အခုကျတော့ ငါ့ကို ပြန်ပြီး အပြစ်ပုံချနေတယ်ပေါ့ ဟုတ်လား"

​လုံချန်းသည် မိမိ၏ ဒေါသအား မထိန်းချုပ်နိုင်တော့ဘဲ ဝူလျာကို ကြည့်ကာ ဟိန်းဟောက် ဆဲဆိုလိုက်တော့သည်။ ယင်းက ဝူလျာကို စကားဖြင့် အာရုံလွှဲ အချိန်ဆွဲထားရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း တစ်ဖက်တွင်လည်း ဤလူ၏ လုပ်ရပ်နှင့် စကားများအပေါ် သူ အမှန်တကယ်ပင် အပြင်းအထန် ဒေါသထွက်နေခြင်းကြောင့် ဖြစ်၏။

​"မင်းက ဘယ်လောက်တောင် စိတ်ရောဂါသည် ဆန်လိုက်သလဲ။ သူတပါးကို အနိုင်ကျင့် နှိပ်စက်နေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သနားစရာ အနစ်နာခံရသူလိုမျိုး ဟန်ဆောင်နေတာ မင်းမဟုတ်ဘူးလား" သူက နာကျည်းစွာ မေးလိုက်သည်။

​"ဟင်း... အနာဂတ်မှာ ကမ္ဘာကြီးကို လွှမ်းမိုးမယ့်သူတစ်ယောက်ကို သတ်မယ့်သူဆိုတဲ့ အနာဂတ်ဟောကိန်းတစ်ခုကြောင့် မင်းရဲ့ အိမ်ကနေ အတင်းအကြပ် ခေါ်ထုတ်ခြင်း ခံလိုက်ရတာကို မြော်မြင်ကြည့်စမ်း။ မင်းရဲ့ မိသားစုနဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး တည်ရှိမှုမရှိတဲ့ ဘဝမျိုးကို တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရတာ။ ဒီလူ ပေါ်ပေါက်လာမယ့် အချိန်ကို နှစ်ပေါင်းထောင်ချီကြာအောင် အထီးကျန်ကျန် စောင့်ဆိုင်းခဲ့ရတာ"

​"အဲဒါကို ပြောစမ်းပါဦး၊ ငါ့ရဲ့ နှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ နိမိတ်အတွက် အဲဒီလူကို ငါက အပြစ်မတင်သင့်ဘူးလား။ အထူးသဖြင့်... အဲဒီ နှစ်ပေါင်းထောင်ချီကြာအောင် ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလဒ်က အခုလို ငါ့ရှေ့မှာ တစ်မိနစ်တောင် ကြံ့ကြံ့မခံနိုင်တဲ့ သနားစရာ အားနည်းလွန်းတဲ့ ကောင်တစ်ယောက် ဖြစ်နေတာကိုက ပိုပြီး နာကျည်းဖို့ ကောင်းတာပေါ့"

​ဝူလျာသည်ပင် ဤနေရာတွင် အသံကို မြှင့်၍ အော်ဟစ်လိုက်မိသည်။ သူ့အသံထဲတွင် နာကျည်းဒေါသထွက်မှုများက အထင်အရှား ပါဝင်နေခဲ့၏။

​ထိုစကားလုံးများကို ကြားလိုက်ရသောအခါမှ လုံချန်းသည် ဤကိစ္စရပ်တစ်ခုလုံး၏ နောက်ကွယ်က အကြောင်းအရင်းအား သဘောပေါက်သွားခဲ့တော့သည်။ ဤကောင်က အဘယ်ကြောင့် မိမိအား ဤမျှအထိ အသေသတ်ချင်နေရသည်ကို သူ နောက်ဆုံးတော့ ကွင်းဆက်မိသွားခဲ့ပြီ ဖြစ်၏။

​ယင်းက... မိမိကိုယ်တိုင် ကံကြမ္မာနိယာမက တစ်ဆင့် မင်ယု သေဆုံးရမည့် အနာဂတ်ကို မြင်တွေ့ခဲ့ရသဖြင့် ထိုအနာဂတ်အား တားဆီးရန်အတွက် လုဝမ်ကို သတ်ပစ်ရန် နည်းလမ်းစုံ အသုံးပြုခဲ့ဖူးသည့် အခြေအနေနှင့် ဆင်တူပေသည်။

​လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက မိမိတစ်ဦးတစ်ယောက်အား သတ်ဖြတ်လိမ့်မည်ဟူသော တူညီသည့် အနာဂတ်ဟောကိန်းတစ်ခု ရှိခဲ့ဖူးဟန်တူ၏။ လုံချန်း မမွေးဖွားလာခင်ကတည်းက သူတို့အကြားက ရန်ငြိုးက တည်ရှိနေခဲ့ပြီဟု ထိုလူ ပြောဆိုခဲ့သည်မှာ မှန်ကန်ပေသည်။

​"ငါ မမွေးခင်ကတည်းက လူတွေကို ငါ့အပေါ် ကြောက်ရွံ့ထိတ်လန့်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့ ငါ့ကိုယ်ငါ တကယ်ပဲ ဂုဏ်ယူကျေနပ်မိတယ်။ မင်းရဲ့ တည်ရှိမှုကိုတော့ ငါ တကယ် သနားမိပါတယ်ကွာ။ မင်းက နှစ်ပေါင်းတစ်ထောင်လောက် စောင့်ဆိုင်းခဲ့ရပြီးတော့ ငါ့ကို သတ်ဖို့ကျတော့ တစ်မိနစ်ပဲ ကြာတယ်တဲ့လား။ ဟားဟားဟား... ဘယ်လိုပဲကြည့်ကြည့် ဒီအရောင်းအဝယ်မှာ ငါကပဲ ပိုပြီး အမြတ်ထွက်တာပဲ"

​လုံချန်း ထံမှ ကျေနပ်အားရသော ရယ်မောသံကြီးက ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

​လုံချန်း၏ ရယ်မောသံကို ကြားလိုက်ရသောအခါ ဝူလျာ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်ရှုံ့သွားခဲ့ရ၏။ လုံချန်းသည် ဤအခြေအနေတွင် ကြောက်ရွံ့ထိတ်လန့်ပြီး နောင်တရနေမည့်အစား ကျေနပ်နှစ်သိမ့်နေခြင်း ဖြစ်သည်။

​ယင်းက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသည်။ အလွန်အမင်း စိတ်ပျက်စရာ ကောင်း၏။ မိမိ ခံစားခဲ့ရသော နှစ်ပေါင်းထောင်ချီသည့် ဒုက္ခဝေဒနာများကို ထိုဒုက္ခများ ဖြစ်ပေါ်စေသည့် တရားခံကိုယ်တိုင်က မိမိ၏ မျက်စိရှေ့မှောက်တွင် လှောင်ပြောင် သရော်နေသည့်အလား ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

​"မင်း... မင်းကို ငါက မြန်မြန်ဆန်ဆန် သတ်ပစ်ပြီး သက်သောင့်သက်သာ သေဆုံးခွင့် ပေးပြီး ငါကိုယ်တိုင်လည်း ပိုပြီး မြန်မြန် လွတ်လပ်ခွင့်ရချင်ခဲ့တာ။ ဒါပေမဲ့ မင်းရဲ့စကားတွေက ငါ့ကို တကယ်ပဲ အမျက်ဒေါသ ထွက်စေခဲ့ပြီ။ မင်းပြောတာ မှန်တယ်... မင်းက ငါ့ကို နှစ်ပေါင်းထောင်ချီအောင် ဒုက္ခပေးခဲ့တာ" သူက ဆိုလိုက်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

​"မင်းကို ဒီလောက် မြန်မြန်ဆန်ဆန် သေခွင့်ပေးလို့ မဖြစ်ဘူး။ အဲဒါက မတန်ဘူး။ မင်းကို နှစ်ပေါင်းတစ်ထောင်ကြာအောင် ငါ မနှိပ်စက်နိုင်ရင်တောင် မင်း ငါ့ကို စောင့်ခိုင်းခဲ့တဲ့ နှစ်ကာလ အရေအတွက်အတိုင်း မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း အစစဖြစ်အောင် ငါ ဖြတ်တောက်ပြီး သတ်ပစ်မယ်။ အဲဒါ ဘယ်လိုလဲ" သူက မေးလိုက်ရင်း ရွှေရောင်ဓားမြှောင်အယး လုံချန်း၏ အချိန်ဓားကို ကိုင်ဆောင်ထားသည့် ညာဘက် လက်ကောက်ဝတ်ဆီသို့ ဦးတည်လိုက်သည်။

​"ပထမဆုံးအနေနဲ့... ဒီအရာကို ငါ အရင် ရှင်းပစ်ရမယ်။ ဒီဓားက တကယ်ကို ထင်မှတ်မထားစရာပဲ။ ဒီလောက်အထိ အခြေအနေ ဆိုးနေတာတောင် မင်း လက်ကနေ လွတ်မကျသေးဘူးပဲ။ ငါ မင်းကို ကူညီပေးပါရစေ" ဝူလျာက ဆိုလိုက်ရင်း လုံချန်း၏ ညာဘက် လက်ကောက်ဝတ်ဆီသို့ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။

​ထိုလက်က ဓားကို တင်းတင်းဆုပ်ကိုင်ထားသည့် လက် ဖြစ်သည်။

​"ဒီတစ်ချက်ကတော့... ငါ့ရဲ့ ပထမဆုံး စောင့်ဆိုင်းခဲ့ရတဲ့ နှစ်တစ်နှစ်အတွက်ပဲ။ အဲဒီနှစ်က ငါ့ရဲ့ မိသားစုကို ဆုံးရှုံးခဲ့ရတဲ့ နှစ်ပေါ့။ ဒါကြောင့် မင်း အမြတ်တနိုး ကိုင်ထားတဲ့ ဒီဓားကြီးကို ဆုံးရှုံးသွားစေမယ့် မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ငါ အရင် ဖြတ်တောက်ပေးမယ်" သူက ဆိုလိုက်ပြီးနောက် ဓားဖြင့် အားပြင်းစွာ ခုတ်ချလိုက်တော့သည်။

​"အား..."

​ပြင်းထန်သော ဝေဒနာကြောင့် နာကျင်စွာ အော်ဟစ်သံတစ်သံ လုံချန်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ရသည်။ သူ၏ လက်ကောက်ဝတ်မှာ ရုတ်တရက် ပြတ်တောက်သွားခဲ့ရပြီ ဖြစ်၏။ သို့သော် သူသည် နှုတ်ခမ်းကို သွားဖြင့် တင်းတင်းကိုက်ထားရင်း နောက်ထပ် အော်သံ ထွက်မလာစေရန် အစွမ်းကုန် အောင့်ထားမိသည်။ သူသည် မိမိကိုယ်ကိုယ် အားနည်းသူတစ်ဦးပမာ ပြသပြီး ဝူလျာကို ကျေနပ်အားရမှု ပေးရမည်အား အလွန် မုန်းတီးသောကြောင့် ဖြစ်၏။

​အချိန်ဓားမှာ လုံချန်း၏ အောက်ခြေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

​"ဒီဓားက ဘာလဲဆိုတာ ငါ သေသေချာချာ ကြည့်ရသေးတာပေါ့..."

​'မင်း စောင့်နေလိုက်စမ်း... ငါ မင်းကို အဆ တစ်ထောင် ပြန်ပြီး ပေးဆပ်စေရမယ်' လုံချန်းက မိမိ၏ လက်ကောက်ဝတ်မှ သွေးများ တရဟော စီးကျနေသည်ကို ကြည့်ရင်း စိတ်ထဲမှ ကြုံးဝါးနေမိသည်။ သူ၏ ဘယ်ဘက် လက်မောင်းမှာမူ အကောင်းအတိုင်း ရှိနေသေး၏။ လက်တစ်ဖက် ဆုံးရှုံးသွားခြင်းက ပြဿနာမရှိပါချေ။ အကြောင်းမှာ သူ၏ ဘယ်ဘက်လက်ကို အသုံးပြု၍ အသက်ပေးဆေးလုံးအား စားသုံးကာ လက်ကို ပြန်လည် ပေါက်ပွားစေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အကယ်၍ ဘယ်ဘက်လက်ပါ ထပ်မံ၍ ဆုံးရှုံးသွားခဲ့မည်ဆိုပါက ၎င်းက လုံးဝ ပြီးဆုံးသွားခြင်းကို ဆိုလိုပေလိမ့်မည်။

​မည်သို့ဆိုစေ ဝူလျာကို စကားဖြင့် မည်မျှပင် အချိန်ဆွဲထားရပါစေ သူ၏ ဘယ်ဘက် လက်မောင်းကိုမူ အပြတ်ခံ၍ မဖြစ်ချေ။

​သို့သော် ဘယ်ဘက် လက်မောင်း မဟုတ်သရွေ့ အခြား အစိတ်အပိုင်းများ ဆုံးရှုံးရခြင်းက အဆင်ပြေပေသည်။

​"အိုး... မင်းရဲ့ အော်သံက တကယ်ကို နားထောင်လို့ ကောင်းတာပဲ။ ငါက သင်္ချာတွက်တာ သိပ်မတော်တော့ ကြိုတင်ပြီး စီစဉ်ထားရမယ်။ မင်းကို အပိုင်းအစပေါင်း ထောင်ချီဖြစ်အောင် ဖြတ်ရမှာဆိုတော့ မင်းရဲ့ လက်မောင်းတစ်ဖက်စီကို အချက်ပေါင်း ရာနဲ့ချီပြီး ဖြတ်ရလိမ့်မယ်။ ငါ ခုနက လက်မောင်း အစိတ်အပိုင်း အကြီးကြီးတစ်ခုကို တစ်ခါတည်း ဖြတ်ပစ်လိုက်မိလို့ အလဟဿ ဖြစ်သွားရတယ်။ စိတ်မပူပါနဲ့... နောက်ပိုင်းကျရင် ငါ ပိုပြီး ဂရုစိုက်ပါ့မယ်"

​ဝူလျာ၏ ကျေနပ်အားရသော ရယ်မောသံက လုံချန်း၏ နားထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် သူ့ဓားမှာ အကြိမ်ပေါင်း ထောင်ချီ၍ လျင်မြန်စွာ လှုပ်ရှားသွားခဲ့တော့သည်။

​နောက်တစ်စက္ကန့်တွင် ဝူလျာသည် သူ့ဓားကို အလွန်အမင်း လျင်မြန်သော အရှိန်အဟုန်ဖြင့် အကြိမ်ပေါင်း ထောင်ချီ၍ တရစပ် ဝေ့ယမ်းလိုက်ခြင်း ဖြစ်ပြီး လက်မောင်းကို အပိုင်းအစ ရာဂဏန်းမကဘဲ အပိုင်းအစပေါင်း ထောင်ချီဖြစ်အောင် မွှမွှညက်ညက် ကြိတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။

​"ဟားဟား... ဒါက တကယ်ကောင်းတယ်။ လက်မောင်းတစ်ဖက်တည်းနဲ့တင် ငါတို့ရဲ့ ရည်မှန်းချက်ကို ပြည့်မီသွားခဲ့ပြီ။ နောက်ထပ် လက်မောင်းတစ်ဖက်နဲ့ဆိုရင် ငါတို့ ဘာတွေ ထပ်ပြီး ရနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဝူလျာက ဆိုလိုက်ရင်း ဓားဖျားကို လုံချန်း၏ ဘယ်ဘက်လက် မောင်းဆီသို့ ဦးတည်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

​ယခုအခါ လုံချန်း၏ ညာဘက်လက်မောင်းမှာ ပုခုံးရင်းမှစ၍ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သွေးများ တစိုစို ထွက်နေခဲ့သည်။ သူ၏ ဘယ်ဘက်လက်မောင်းမှာမူ ရန်သူ၏ ဓားဖျားနှင့် လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့သည့် အနေအထားသို့ ရောက်ရှိနေခဲ့လေတော့သည်။

​

All Chapters