အခန်း ၅၄၇
Vol. 40 Ch. 547
အခန်း ( ၅၄၇ ) - အချိန်ဆွဲပါက အပြောင်းအလဲများ ဖြစ်လာမည်၊ ကုချန်မှ ကူညီရန် ရောက်လာပြီဖြစ်ရာ မည်သူများ လှုပ်ရှားရဲမည်နည်း
ဝက်ဝံသားရဲကြီးသည် အဆက်မပြတ် ပျက်စီးနေသော်လည်း နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ကြီး ရှိနေသဖြင့် ၎င်းအား စွမ်းအင်များကို အဆုံးမရှိ ထောက်ပံ့ပေးနေခဲ့လေသည်။
အရေးအကြီးဆုံးမှာ ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို ချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ထားပုံမရဘဲ ဤမဟာအစီအရင်ကြီး၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်မပြသခဲ့ချေ။ ထို့ကြောင့် ဤဝက်ဝံသားရဲကြီး တစ်ကောင်တည်းကသာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်ရာ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီး၏ ထိပ်တန်း အစွမ်းအစနှင့် များစွာ ကွာဝေးနေသေးသည်။
" ချူးဧကရာဇ်... ရှင် ကစားလို့ ဝပြီလား... နောက်ပိုင်း အပြောင်းအလဲတွေ မဖြစ်ခင် ရှာနာကို အရင် သတ်လိုက်တာ ကောင်းမယ် "
ချီဖျန့်နတ်ဆိုးဧကရာဇ်မှ အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ပြောဆိုလိုက်လေသည်။
ချူးဧကရာဇ်၏ လုပ်ရပ်များသည် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလွန်းနေသည်ဟု သူ ခံစားရသည်။ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို အစီအရင်ထဲတွင် ထောင်ချောက်ဆင်မိထားပြီးဖြစ်ရာ မဟာအစီအရင်ကြီး၏ စွမ်းအားကို အသုံးပြု၍ သူ့အား အရင်ဆုံး သတ်ပစ်သင့်သည်။
အဘယ်ကြောင့် အချိန်များစွာ ဖြုန်းတီးနေရသနည်း။
" ချီဖျန့်နတ်ဆိုးဧကရာဇ်... စိတ်မပူပါနဲ့... မင်းကို ကတိပေးထားတဲ့ အရာတွေကို နောက်ကျရင် အပြည့်အဝ ပေးပါ့မယ် "
ချူးဧကရာဇ်သည် ချီဖျန့်နတ်ဆိုးဧကရာဇ်၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုခဲ့ချေ။
အမှန်တကယ်တော့ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ဤမျှ မြန်မြန်ဆန်ဆန် သတ်ပစ်ရန် လုံးဝ ရည်ရွယ်မထားခဲ့ချေ။
အတိတ်က ရှာနာနတ်ဆိုးဧကရာဇ် သူ့အပေါ် ကျူးလွန်ခဲ့သော စော်ကားမှုများကို ချူးဧကရာဇ် ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည် မဟုတ်ချေ။ အကယ်၍ သူသာ ရှာနာ့ကို ယခု ချက်ချင်း အလွယ်တကူ သတ်ပစ်လိုက်မည်ဆိုပါက ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် သူကိုယ်တိုင် မည်သို့ လက်စားချေနိုင်မည်နည်း။
ဖြစ်နိုင်ပါက ရှာနာအား နှစ်ပေါင်းသောင်းနှင့်ချီ၍ နှိပ်စက်ညှဉ်းပန်းလျှင်ပင် လုံလောက်မည် မဟုတ်ချေ!
မဟာအစီအရင်ကြီးအတွင်း၌ ရှာနာနတ်ဆိုးဧကရာဇ်သည် ဝက်ဝံသားရဲကြီးကို နောက်တစ်ဖန် ရိုက်ချိုးလိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ တဖြည်းဖြည်း ကျဆင်းလာသည်ကို ခံစားရရင်း ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ် မည်သို့ တွေးတောနေသည်ကို ရိပ်မိသွားပုံရကာ အေးစက်စွာဖြင့် အော်ဟစ်လိုက်လေသည်။
" ချူးဧကရာဇ်... ရှင်က ကျွန်မရဲ့ စွမ်းအားတွေကို ကုန်ခမ်းသွားအောင် လုပ်ပြီးတော့မှ ကျွန်မကို အရှင်လတ်လတ် ဖမ်းချင်နေတာလား...
ဟားဟားဟား... အဲဒီအတွေးကို စွန့်လွှတ်လိုက်... ကျွန်မ သေသွားရင်တောင် ရှင် ဘာမှ ရလိုက်မှာ မဟုတ်ဘူး! "
ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်ခုံးများမှာ ပင့်တက်သွားခဲ့လေသည်။ သူသည် လက်အုပ်ချီ၍ မန္တန်တစ်ခု ရွတ်ဆိုကာ ရှေ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်၏။ အသစ်ပြန်လည် ပေါ်ထွက်လာသော ဝက်ဝံသားရဲကြီးသည် သူ၏ရိုက်ချက်ကြောင့် ထပ်မံ၍ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီး အတွင်းမှ သန်းထောင်နှင့်ချီသော နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးတစ်ခုလုံးကို တိုက်ရိုက် ရိုက်ခတ်သွားလေသည်။
ရှာနာနတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ရာကို အကဲခတ်မိသွားခဲ့၏။ ချူးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးကို အသုံးပြု၍ သူ၏စွမ်းအားများကို ကုန်ခမ်းစေရန် ရည်ရွယ်နေပြီး ထို့နောက်မှ သူ့အား အရှင်လတ်လတ် ဖမ်းဆီးကာ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်နေခြင်း ဖြစ်ရမည်။
သို့သော် သူသည် ထိုသူ့အား မည်သို့လျှင် အလိုကျ ခွင့်ပြုနိုင်မည်နည်း။
နောက်ပိုင်းတွင် သူ၏ခွန်အားများ ကုန်ခမ်းသွားသောအခါ သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူ၏ဝိညာဉ်နှင့် ရုပ်ခန္ဓာကို အတူတကွ ပေါက်ကွဲစေလိုက်ပေမည်။ ချူးဧကရာဇ်ကိုတော့ မည်သည့်အခါမျှ အောင်မြင်ခွင့် ပေးမည်မဟုတ်ချေ!
" ဟွန့်! ခေါင်းမာပြီး အလကား ရုန်းကန်နေတာပဲ "
ချူးဧကရာဇ်၏ အမူအရာသည် အနည်းငယ် တောင့်တင်းသွားခဲ့၏။ ရှာနာနတ်ဆိုးဧကရာဇ်မှ သူ၏အတွေးများကို ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူ အနည်းငယ် ဒေါသထွက်ကာ ရှက်ရွံ့သွားဟန်ရှိသည်။
သို့သော် ယခုအချိန်တွင် ကွင်းပြင်ပေါ်၌ အသာစီးရနေသူမှာ သူပင် ဖြစ်သည်မဟုတ်လော။
ရှာနာသည် ယခုအခါ လွတ်မြောက်ရန် လမ်းမရှိဘဲ ပိတ်မိနေပြီ ဖြစ်သည်။
" သခင်... ဒီကျွန်မက သခင့်ကို နောက်တစ်ကြိမ် ပြန်မတွေ့ရတော့တာ တကယ်ကို နှမြောစရာပါပဲ "
အချိန်အနည်းငယ် ကြာပြီးနောက် မဟာအစီအရင်ကြီးအတွင်း၌ သူ၏ခန္ဓာကိုယ်အတွင်းမှ လျော့နည်းလာသော စွမ်းအားများကို ခံစားရရင်း ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။
သူသည် သူ၏စွမ်းအားများကို လုံးဝ ကုန်ခမ်းသွားအောင် အသုံးမပြုရဲချေ။ အကြောင်းမှာ ထိုအချိန်သို့ ရောက်ပါက ချူးဧကရာဇ်မှ သူ့အား ဖိနှိပ်၍ မဖမ်းဆီးမီ သူကိုယ်တိုင် ပေါက်ကွဲရန်ပင် အခွင့်အရေး ရနိုင်တော့မည် မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် သူ့အတွက် ယခုအချိန်သည် ကိုယ်တိုင် ပေါက်ကွဲရန်အတွက် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ရှာနာနတ်ဆိုးဧကရာဇ်သည် လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိထားသဖြင့် အလွန်အမင်း တွန့်ဆုတ်မနေတော့ချေ။ သူသည် နောက်ဆုံးအနေဖြင့် အသေခံတိုက်ခိုက်ရန် ပြင်ဆင်ရင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တိုက်ရိုက် စုစည်းလိုက်လေသည်။
သို့သော် ဤအချိန်တွင် ရင်းနှီးကျွမ်းဝင်သော အသံတစ်ခုက သူ၏နားဘေးတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
" ငါ ရောက်ပြီ "
ဒီအသံက... သခင်လား?!
ရှာနာနတ်ဆိုးဧကရာဇ်သည် အသံလာရာဘက်သို့ အံ့အားသင့်စွာ ကြည့်လိုက်လေသည်။
သူသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော သူနှင့် မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည့် ကုချန်၏ ပုံရိပ်ကို တွေ့လိုက်ရလေသည်။
" သခင်... ဘာလို့ ဒီကို ရောက်လာတာလဲ?! "
ကုချန်၏ပုံရိပ်ကို မြင်လိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် မအောင့်အီးနိုင်စွာ ရုတ်တရက် မေးမြန်းလိုက်မိလေသည်။
ဤနေရာသည် သေလမ်းဖြစ်ကြောင်း သူ၏ သခင်အား သူ ပြောပြခဲ့ပြီးသား ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူ၏သခင်က လာခဲ့သေးသနည်း။
ထို့အပြင် ယခုအခါ သူသည် ဤနတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးထဲသို့ပင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဒီ.....
ရှာနာနတ်ဆိုးဧကရာဇ်သည် စိုးရိမ်ပူပန်မှုများဖြင့် မီးလောင်နေတော့၏။
ကုချန်သည် သူ၏အကြံပြုချက်ကို အဘယ်ကြောင့် နားမထောင်ဘဲ သူ့အား ကယ်တင်ရန် အတင်းအကျပ် လာခဲ့ရသည်ကို သူ နားမလည်နိုင်ခဲ့ချေ။
သို့သော် တစ်ချိန်တည်းမှာပင် ဖော်ပြ၍မရသော ခံစားချက်တစ်ခုက ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာခဲ့သည်။ သခင်သည် သူ့အား ကယ်တင်ရန်အတွက် ဤမျှကြီးမားသော အန္တရာယ်ကို စွန့်စားခဲ့၏။ ဖြစ်နိုင်သည်မှာ သူသည်လည်း သခင်၏ နှလုံးသားထဲတွင် သေးငယ်သော နေရာလေးတစ်ခု ရရှိထားပြီး ထိုနေရာတွင် သူရှိနေခဲ့ခြင်း ဖြစ်မည်။
မဟာအစီအရင်ကြီး၏ အပြင်ဘက်တွင် ကုချန်သည်လည်း မဟာအစီအရင်ကြီးထဲသို့ ဆွဲသွင်းခံလိုက်ရသဖြင့် သူ၏ စောင့်ဆိုင်းမှုမှာ အချည်းနှီး မဖြစ်ခဲ့ဟု ခံစားကာ ဝမ်းသာအားရ ဖြစ်နေခဲ့သော ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ 'သခင်' ဟူသော အော်ခေါ်သံကို ကြားလိုက်ရပြီးနောက် လုံးဝ မှင်တက်သွားခဲ့လေသည်။
အချိန်အတော်ကြာပြီးနောက် သူသည် သူ့ဘေးရှိ ချီဖျန့်နတ်ဆိုးဧကရာဇ်ကို ကြည့်ကာ မသေချာမရေရာစွာဖြင့် ပြောလိုက်လေသည်။
" ချီဖျန့်နတ်ဆိုးဧကရာဇ်... ငါ... နားကြား မှားနေတာ မဟုတ်ဘူးမလား "
ချူးဧကရာဇ်၏အသံသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
သူ ဘာကြားလိုက်တာလဲ။
ရှာနာက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးဧကရာဇ်ကို တကယ်ကြီး 'သခင်' လို့ ခေါ်လိုက်တာလား!
ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။
သူက ဂုဏ်သိက္ခာကြီးမားတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးလေ! သူတစ်ပါးကို သခင်လို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ?!
" သူ တကယ်ပဲ အဲဒီလို ခေါ်လိုက်တာပါ "
ချူးဧကရာဇ်၏ ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ယှဉ်လျှင် ချီဖျန့်နတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးသည် လေးလံနေခဲ့၏။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ရှာနာသည် ဤသူကို သခင်ဟု ခေါ်ဆိုရန် ဆန္ဒရှိနေသဖြင့် ဤကိစ္စသည် သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။
အခြားရှုထောင့်တစ်ခုမှ တွေးကြည့်မည်ဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုကို သူ့အား သခင်ဟု လိုလိုလားလား ခေါ်ဆိုစေနိုင်သည့် မည်သို့သော တည်ရှိမှုမျိုး ဖြစ်နေနိုင်မည်နည်း။
ခဏတာမျှ ချီဖျန့်နတ်ဆိုးဧကရာဇ်သည် ဆိုးရွားသော ကြိုတင်နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရကာ သူ၏သတိကို တိတ်တဆိတ် ပိုကပ်လိုက်လေသည်။ နောက်ပိုင်းတွင် တစ်စုံတစ်ရာ မှားယွင်းသွားပါက သူသည် စောစောစီးစီး တုံ့ပြန်ရမည် ဖြစ်သည်။
" ဒီကောင်က တကယ်ပဲ ဘယ်သူလဲ... ရှာနာက သူ့ကို ဘာလို့ သခင်လို့ ခေါ်ရတာလဲ "
ချူးဧကရာဇ်သည် လုံးဝ ဇဝေဇဝါဖြစ်နေဆဲပင် ဖြစ်ပြီး ကုချန်၏ ဇာစ်မြစ်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို နားမလည်နိုင်သေးဟန် တူသည်။
သို့သော် ရှာနာ၏ ရည်ရွယ်ချက်မပါဘဲ ခေါ်ဆိုမှုကြောင့် သူ အံ့အားသင့်ကာ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် တည်ငြိမ်သော အသံတစ်ခုသည် နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးအတွင်းမှ ထွက်ပေါ်လာပြီး ချူးဧကရာဇ်၏ နားထဲသို့ တိကျစွာ ရောက်ရှိလာခဲ့လေသည်။
" ငါ့လူကို မင်းက ထိရဲတယ်ပေါ့လေ? "
စောစောက ရှာနာနတ်ဆိုးဧကရာဇ်သည် အံ့အားသင့်မှုကြောင့် သူတို့၏ ဆက်ဆံရေးကို မတော်တဆ ဖွင့်ချမိသွားခဲ့ပြီဖြစ်ရာ ကုချန်အနေဖြင့် နောက်ထပ် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
ထို့အပြင် လျှို့ဝှက်ချက် ပေါက်ကြားသွားလျှင်တောင်မှ ကိစ္စမရှိချေ။ အကြောင်းမှာ ယနေ့တွင် ချူးဧကရာဇ်ကို အရှင်ထွက်ခွာခွင့်ပြုရန် သူ လုံးဝ ရည်ရွယ်မထားသောကြောင့်ပင်!
" ဟက်... မင်းက ဘယ်သူပဲဖြစ်ဖြစ်... ငါ့ရဲ့ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးထဲ ရောက်လာပြီဆိုရင်တော့ မင်း ထွက်သွားလို့ မရတော့ဘူး! "
ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်အား ခေါ်ဆိုလိုက်မှုကြောင့် ချူးဧကရာဇ်သည် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သော်လည်း သူတို့နှစ်ဦးစလုံးသည် ယခုအခါ သူ၏ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးအတွင်း၌ ရှိနေပြီဖြစ်သဖြင့် အသာစီးရမှုမှာ သူ၏လက်တွင်း၌သာ ရှိနေသည်ဟု သူ ထင်မြင်လိုက်၏။
ထို့ကြောင့် သူ၏စိတ်နှလုံးထဲရှိ စိုးရိမ်ပူပန်မှုများမှာ တိတ်တဆိတ် နောက်ဆုတ်သွားခဲ့လေသည်။
သို့သော် ကုချန်သည် သူနှင့် အချိန်ဖြုန်းကာ စကားများနေရန် လုံးဝ ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားနေလေသည်။ အတွေးတစ်ချက်နှင့်အတူ သူသည် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ကို ချက်ချင်း အသုံးပြုလိုက်ကာ သူ၏ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့ စုစည်းသွား၍ ခန္ဓာကိုယ် သုံးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်လေသည်။
ကုချန်၏ မူလခန္ဓာကိုယ်သည် ပြီးပြည့်စုံသော အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားပြီးနောက် သူသည် ကွေ့ရွှီးနယ်မြေအတွင်းရှိ သူ၏ နတ်ဆိုးနယ်မြေ ကိုယ်ပွားနှင့် အဆက်အသွယ် မရနိုင်သည့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဤ 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' သည် ယခုတစ်ကြိမ်တွင် ရှာနာနတ်ဆိုးဧကရာဇ်အား လာရောက်ကယ်တင်ရန် ဝံ့ကြွားနိုင်ခဲ့သော ကုချန်၏ အကြီးမားဆုံး ယုံကြည်မှုပင် ဖြစ်လေသည်။
" ဝုန်း! "
ခန္ဓာကိုယ် သုံးခုစလုံး အတူတကွ စုစည်းသွားသည်နှင့်တစ်ပြိုင်နက် ကုချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ မီးတောင်ပေါက်ကွဲသကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာကာ အဆက်မပြတ် မြင့်တက်လာနေကြောင်း ချက်ချင်း ခံစားလိုက်ရလေသည်။
သူ၏မူလခန္ဓာကိုယ်သည် ပြီးပြည့်စုံသော အင်မော်တယ်ဘုရင်အဆင့်သို့ မတက်လှမ်းမီက သူ၏ခန္ဓာကိုယ်သုံးခု ပေါင်းစည်းမှုသည် သာမန် အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့်သာ ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။
ယခုအခါ သူ၏ မူလခန္ဓာကိုယ်မှာ အဆင့်တက်သွားပြီ ဖြစ်သည့်အပြင် ခန္ဓာကိုယ် သုံးခုစလုံးကို ထပ်မံ၍ ပေါင်းစည်းလိုက်ရာ မည်သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုးကို သူ ထုတ်ဖော်နိုင်မည်နည်း။
ကုချန်သည် အလွန်တရာ မျှော်လင့်ချက်ကြီးစွာဖြင့် ထုတ်ဖော်လိုက်လေသည်။