← Chapters

အခန်း ၅၅၈

Vol. 40 Ch. 558

အခန်း ၅၅၈

Vol. 40 Ch. 558

အခန်း ( ၅၅၈ ) - ချူးဧကရာဇ် အညံ့ခံခြင်း၊ သတိရှိနေခြင်းနှင့် ဟန်ဆောင်ပွဲတစ်ခု

‎

‎

‎

‎ဤဆန္ဒနှစ်ခုသည် ချူးဧကရာဇ်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာတွင် အဆက်မပြတ် တိုက်ခိုက်နေကြရာ သူ၏ အသိစိတ်ပင်လယ်ကို တစ်ဝက်စီ ဆွဲဖြဲပစ်တော့မည့်အလား ဖြစ်နေလေသည်။

‎

‎

‎" ထွက်သွားစမ်း... ထွက်သွားစမ်း! "

‎

‎

‎ချူးဧကရာဇ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူ၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာမှ ဇွဲကောင်းကောင်းဖြင့် ဖြစ်ပေါ်နေသော အညံ့ခံလိုသည့် အတွေးကို မောင်းထုတ်ပစ်လိုခဲ့၏။

‎

‎

‎သို့သော် သူ မသိခဲ့သောအရာမှာ ၎င်းသည် ပြင်ပစွမ်းအားတစ်ခုခုကြောင့် မဟုတ်ဘဲ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ လွှမ်းမိုးမှုအောက်တွင် သူ၏ စစ်မှန်သော ဆန္ဒများ ရုပ်လုံးပေါ်လာခြင်းပင် ဖြစ်လေသည်။

‎

‎

‎ထို့အပြင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ လွှမ်းမိုးမှုကို ခံရသော အစိတ်အပိုင်းများမှာ ပို၍ပို၍ များပြားလာခဲ့၏။

‎

‎

‎ချူးဧကရာဇ် တစ်ကိုယ်လုံးမှာ တိတ်တဆိတ် အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေရလေပြီ။

‎

‎

‎" ငါ အရှုံးမပေးနိုင်ဘူး... ဂုဏ်သိက္ခာရှိတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးက ဘယ်လိုလုပ်ပြီး တခြားလူရဲ့ ကျေးကျွန် ဖြစ်လာနိုင်မှာလဲ?! "

‎

‎

‎" ဘယ်တော့မှပဲ! ဘယ်တော့မှ မဖြစ်နိုင်ဘူး! ငါအရှင်ကို ဘယ်သူမှ အရှုံးပေးအောင် လုပ်နိုင်မှာ မဟုတ်ဘူး !"

‎

‎

‎" ဒါပေမယ့်... ငါသာ အညံ့ခံလိုက်ရင် အရာအားလုံး ပြီးဆုံးသွားမှာပဲ! "

‎

‎

‎" ကြည့်ရတာ ဒီအခိုက်အတန့်လေးမှာတင် ငါက ဒီလူရဲ့ ကျေးကျွန် ဖြစ်နေခဲ့ပြီပဲ... ဘာလို့ ငါအရှင်က အရှုံးမပေးနိုင်ရမှာလဲ? "

‎

‎

‎ချူးဧကရာဇ်၏ စိတ်ထဲတွင် ပြင်းထန်သော အတွေးများ အချင်းချင်း တိုက်ခိုက်နေကြကာ သူ့ကို ကုချန်အား အညံ့ခံမည့် တွင်းနက်ထဲသို့ အတင်းအကျပ် ဆင်းသက်သွားစေခဲ့၏။

‎

‎

‎ဤအခိုက်အတန့်တွင် အခြေအနေ အချိန်အခါကောင်းပြီဖြစ်ကြောင်း မြင်သော ကုချန်သည် မီးလောင်ရာ လေပင့်ပေးရန် ပြင်ဆင်လိုက်လေသည်။

‎

‎

‎သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အပြင်းအထန် လည်ပတ်စေလိုက်ရာ မဟာတာအိုများ မီးဖိုကြီးကို ပြင်းထန်စွာ လောင်ကျွမ်းစေခဲ့၏။ တောက်လောင်နေသော မီးတောက်များသည် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားကို ပို၍ပင် အားကောင်းလာစေခဲ့လေသည်။

‎

‎

‎" ဝှစ်! "

‎

‎

‎ချူးဧကရာဇ်၏ အသိစိတ်ပင်လယ်အတွင်း၌ အဆုံးအစမရှိသော တာအိုအက္ခရာများ ပြန့်ကျဲသွားကာ သူ၏အသိစိတ်ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး စိတ်ကို ဝေဝါးသွားစေကာ တစ်ခဏမျှ အလွန်အမင်း ရှုပ်ထွေးသွားစေခဲ့၏။ သူ ဘာလုပ်ရမည်ကိုပင် မေ့လျော့သွားလျက် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားကို အဆက်မပြတ် ဝင်ရောက်ကျူးကျော်ခွင့် ပြုထားကာ သူ၏အတွေးများကို ညင်သာစွာ ပြောင်းလဲစေခဲ့လေသည်။

‎

‎

‎အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချူးဧကရာဇ်၏ မျက်လုံးများထဲရှိ ရုန်းကန်မှုနှင့် ခုခံမှုများမှာ တဖြည်းဖြည်း အားနည်းလာခဲ့ကာ နောက်ဆုံးတွင် အနည်းငယ်မျှပင် မမြင်နိုင်လောက်အောင်ပင် ဖြစ်သွားခဲ့၏။

‎

‎

‎နောက်ဆုံးတွင် တိုးညှင်းသော သက်ပြင်းချသံတစ်ခုနှင့်အတူ ချူးဧကရာဇ်၏ အမူအရာနှင့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

‎

‎

‎ဖယောင်းတိုင်တာအိုကို ကိုယ်စားပြုသော ကောင်းကင်တိုင်သည် မည်သည့် ခုခံသည့် အရိပ်အယောင်မျှ ထပ်မံမပြသတော့ဘဲ ချူးဧကရာဇ်၏ အသိစိတ်ပင်လယ်မှာလည်း တည်ငြိမ်သွားခဲ့လေသည်။

‎

‎

‎အောင်မြင်သွားပြီ!

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချန်သည် အံ့အားသင့် ဝမ်းသာသွားခဲ့ရ၏။

‎

‎

‎ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာသည် အကျိုးသက်ရောက်သွားခဲ့ပြီဖြစ်ကာ ချူးဧကရာဇ်ကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး သူ့ကို ကျေးကျွန်တစ်ဦး ဖြစ်လာစေခဲ့ကြောင်း ကုချန် သိလိုက်လေသည်။

‎

‎

‎" ကျူးယန် အရှင်သခင်ကို ဂါရဝပြုပါတယ် "

‎

‎

‎အသိစိတ်ပင်လယ်အတွင်း၌ ချူးဧကရာဇ်မှ လေးစားစွာ ပြောဆိုလိုက်ကာ ကုချန်ထံ အညံ့ခံကြောင်း ပြသလိုက်လေသည်။

‎

‎

‎ချူးဧကရာဇ် အညံ့ခံသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကုချန်သည် မဟာတာအို ကောင်းကင်တိုင်များကို စိတ်သက်သာရာ ရစွာဖြင့် ပြန်လည်ရုပ်သိမ်းလိုက်ကာ ချူးဧကရာဇ်ကို သူ၏ တာအို ကောင်းကင်တိုင်အား ပြန်လည်ရယူ၍ ပြုစုပျိုးထောင်ရန် အလျင်အမြန် ပြောဆိုလိုက်လေသည်။

‎

‎

‎ယခု ချူးဧကရာဇ်သည် သူ၏ လက်အောက်ငယ်သား ဖြစ်နေပြီဖြစ်ရာ ချူးဧကရာဇ်၌ မည်သည့် မတော်တဆမှုမျှ မဖြစ်စေလိုသလို သူ၏တိုက်ခိုက်ရေးစွမ်းအား အလွန်အမင်း ကျဆင်းသွားမည်ကိုလည်း ကုချန် အလိုမရှိခဲ့ချေ။

‎

‎

‎တစ်ချိန်တည်းမှာပင် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာမှာ တကယ်ကို မည်မျှ ကြောက်စရာကောင်းကြောင်းကိုလည်း သူ အံ့ဩမဆုံး ဖြစ်နေခဲ့မိသည်။

‎

‎

‎ချူးဧကရာဇ်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာတွင် တာအိုအက္ခရာများဖြင့် ဖွဲ့စည်းထားသော မမြင်ရသည့် ပိုက်ကွန်ကြီးတစ်ခုက သူ၏ နတ်ဘုရားဝိညာဉ်ကို လုံးဝ လွှမ်းခြုံထားကြောင်း ကုချန် အာရုံခံနိုင်လေသည်။

‎

‎

‎ဤတာအိုအက္ခရာ ပိုက်ကွန်ကြီးသည် ဧကရာဇ်

‎ယွမ် ထိန်းချုပ်ခြင်းပညာ စွမ်းအား၏ အစစ်အမှန် ရုပ်လုံးပေါ်လာခြင်းပင် ဖြစ်လေသည်။

‎

‎

‎ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားနှင့် သက်ဆိုင်သော ဤပိုက်ကွန်ကြီးသည် ချူးဧကရာဇ်၏ နတ်ဘုရားဝိညာဉ်ကို တင်းကျပ်စွာ ဖုံးအုပ်ထားကာ သူ့ကို ခုခံ၍ မရနိုင်စေဘဲ သူ၏ အမြင့်ဆုံး အစပြုလုပ်ဆောင်နိုင်စွမ်းနှင့် စွမ်းအားများကိုမူ ထုတ်လွှတ်နိုင်ခွင့် ပေးထားလေသည်။

‎

‎

‎ယခင်က ကုချန်သည် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းကျင့်စဉ်၏ စစ်မှန်သော အကျိုးသက်ရောက်မှုမှာ နယ်မြေအဆင့် တည်ရှိမှုတစ်ခု၏ နတ်ဘုရားဝိညာဉ် အများစုကို ဖျက်ဆီးပစ်ကာ ၎င်းတို့ကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ပြုမူစေခြင်း ဖြစ်မည်ဟု စိုးရိမ်ခဲ့ဖူးသည်။

‎

‎

‎၎င်းက သစ္စာစောင့်သိမှုကို သေချာစေမည် ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကိုလည်း သံသယဖြစ်ဖွယ်မရှိ ကြီးမားစွာ လျော့ကျသွားစေမည် ဖြစ်သည်။

‎

‎

‎သို့သော် ယခု ချူးဧကရာဇ်ကို အမှန်တကယ် သိမ်းသွင်းလိုက်ပြီးနောက်တွင် ကုချန်မှာ လုံးဝ စိတ်သက်သာရာ ရသွားခဲ့လေသည်။

‎

‎

‎ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားသည် သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေခဲ့၏။

‎

‎

‎၎င်းသည် ချူးဧကရာဇ်၏ နတ်ဘုရားဝိညာဉ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေဘဲ ချူးဧကရာဇ်၏ အဓိက နတ်ဘုရားဝိညာဉ်ကို ထိန်းသိမ်းထားကာ သူ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကိုလည်း ထုတ်လွှတ်နိုင်ခွင့် ပေးထားလေသည်။

‎

‎

‎အဆင့်မြင့် တည်ရှိမှုတစ်ခုအတွက် ဤသည်မှာ နားလည်နိုင်စွမ်းမရှိသော၊ လုံးဝ မဖြစ်နိုင်သော လုပ်ရပ်တစ်ခုပင် ဖြစ်လေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားပြီဆိုပါက အခြားသူတစ်ဦး၏ ကျေးကျွန် ဖြစ်လာရန် မဖြစ်နိုင်တော့ကြောင်းကို လူတိုင်း သိထားကြပေသည်။

‎

‎

‎ပိုမိုမြင့်မားသော နတ်ဆိုးဧကရာဇ်အဆင့်အတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။

‎

‎

‎သို့သော် ယခုအခါ ကုချန်သည် ဤကန့်သတ်ချက်ကို ချိုးဖောက်ကာ သာမန်လူများ၏ အမြင်တွင် မဖြစ်နိုင်ဟု ယူဆထားသော အရာတစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့လေပြီ။

‎

‎

‎သို့သော် ထိုသို့ဖြစ်လင့်ကစား ကုချန်မှာ ရှင်းရှင်းလင်းလင်း သိရှိနေဆဲပင်။

‎

‎

‎ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ အောင်မြင်မှုက အချက်တစ်ချက်တည်းကိုသာ သက်သေပြနေ၏။ အဆင့်မြင့် တည်ရှိမှုများပင်လျှင် သူတို့၏ နတ်ဘုရားဝိညာဉ်များကို သိမ်းသွင်းခံရနိုင်ပြီး ကျေးကျွန်များ ဖြစ်လာနိုင်ကြောင်းပင်။

‎

‎

‎နတ်ဆိုးနယ်မြေတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း မည်သူမျှ ဤအရာကို မအောင်မြင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ လူတိုင်း၏ စွမ်းအားသည် မလုံလောက်သောကြောင့် ဖြစ်နိုင်ပြီး ထို့ကြောင့် အချင်းချင်း သိမ်းသွင်း၍ မရနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

‎

‎

‎သို့မဟုတ် နတ်ဆိုးဧကရာဇ်အဆင့် ကျေးကျွန်များ အမှန်တကယ် ရှိနေသော်လည်း ၎င်းကို လူသိရှင်ကြား မထုတ်ဖော်ခဲ့ခြင်းသာ ဖြစ်နိုင်သည်။

‎

‎

‎သို့သော် မည်သည့် ဖြစ်နိုင်ခြေရှိပါစေ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများကို သိမ်းသွင်းနိုင်သည်ဆိုသော အချက်မှာ သေချာသွားပြီ ဖြစ်သည်။

‎

‎

‎ထို့ကြောင့် သူသည် နတ်ဆိုးဧကရာဇ် နှစ်ပါးကို သိမ်းသွင်းထားပြီး ဖြစ်သော်လည်း ကုချန်သည် အလွန်အမင်း ဝမ်းသာမနေခဲ့ချေ။

‎

‎

‎နတ်ဆိုးနယ်မြေတွင် ယခုအခါ သူ၏ လက်အောက်၌ သစ္စာရှိသော နတ်ဆိုးဧကရာဇ်အဆင့် လက်အောက်ငယ်သား နှစ်ပါး ရှိနေပြီဖြစ်ရာ အတော်လေး ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုဟု ယူဆနိုင်ကောင်း ယူဆနိုင်ပေမည်။

‎

‎

‎သို့သော် အဆုံးအစမရှိသော ကောင်းကင်ဘုံများနှင့် မရေမတွက်နိုင်သော စကြဝဠာများကို ကြည့်မည်ဆိုလျှင် သူ၏ လက်ရှိ စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှုမှာ အရေးမပါသေးချေ။ ယင်းမှာ ချဲ့ကားပြောဆိုခြင်း လုံးဝ မဟုတ်ပေ။

‎

‎

‎သူ၏အတွေးများကို စုစည်းလိုက်ပြီးနောက် ကုချန်သည် သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ချူးဧကရာဇ်ထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်၏။

‎

‎

‎" ခဏနေကျရင်... မင်းနဲ့ ငါကိုယ်တော် ဟန်ဆောင်ပွဲတစ်ခု လုပ်ကြမယ်... ဒီလိုမျိုး..... "

‎

‎

‎ကုချန်သည် ချူးဧကရာဇ်ကို စကားအနည်းငယ် တိတ်တဆိတ် မှာကြားလိုက်လေသည်။ ဤကိစ္စများကို သူ အဘယ်ကြောင့် တိတ်တဆိတ် စီစဉ်နေရသနည်းဆိုလျှင် ထွက်မသွားသေးသော ချီဖျန့်ဧကရာဇ်အတွက်ပင် ဖြစ်လေသည်။

‎

‎

‎ယခု ချူးဧကရာဇ်သည် သူ၏ ကျေးကျွန် ဖြစ်လာပြီဖြစ်သော်လည်း ချီဖျန့်ဧကရာဇ်မှာမူ အနီးအနားတွင် ရပ်ကြည့်နေဆဲပင်။

‎

‎

‎ကုချန်သည် ဤအခွင့်အရေးကို အသုံးချကာ ချီဖျန့်ဧကရာဇ်ကို အငိုက်ဖမ်း၍ သူ့ကိုပါ သိမ်းသွင်းနိုင်မည်လား၊ သူ၏ လက်အောက်တွင် တတိယမြောက် နတ်ဆိုးဧကရာဇ်အဖြစ် ပြုလုပ်နိုင်မည်လားဆိုသည်ကို ကြည့်ရှုလိုခဲ့၏။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ချီဖျန့်ဧကရာဇ်သည် မည်မျှပင် စဉ်းစားစေကာမူ ယခုလေးတင် အသေအလဲ တိုက်ခိုက်နေကြသော ချူးဧကရာဇ်နှင့် ကုချန်တို့သည် နောက်တစ်စက္ကန့်တွင် သခင်နှင့် ကျေးကျွန် ဖြစ်သွားကြမည်ကို ဘယ်သောအခါမျှ တွေးမိမည် မဟုတ်ချေ!

‎

‎

‎သံသယဖြစ်ဖွယ်မရှိ ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင်!

‎

‎

‎" ဟမ့်! "

‎

‎

‎တိုက်ပွဲမြေပြင်တွင် ချူးဧကရာဇ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အရှိန်အဝါများ မတည်မငြိမ် တုန်ခါနေလျက် နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့၏။

‎

‎

‎သူ ဆုတ်ခွာသွားသော လမ်းကြောင်းမှာ ချီဖျန့်ဧကရာဇ်ရှိရာဆီသို့သာ ဖြစ်လေသည်။

‎

‎

‎ချီဖျန့်ဧကရာဇ်နှင့် မနီးမဝေးတွင် ချူးဧကရာဇ်သည် ရပ်တန့်ခဲ့၍ မျက်နှာထား တင်းမာစွာဖြင့် ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒီလူရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်... ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ငါအရှင်က သူ့ရဲ့ အသိစိတ်ပင်လယ်ကို တာအိုနဲ့ ပိတ်လှောင်ထားပြီးပြီ... မကြာခင်မှာ သူ့ရဲ့ အသိစိတ်ပင်လယ် လုံးဝ ပျက်စီးသွားတော့မှာ! "

‎

‎

‎" ဒါ သိပ် ကောင်းတာပေါ့ "

‎

‎

‎ချူးဧကရာဇ်၏ စကားများကို ကြားသောအခါ ချီဖျန့်ဧကရာဇ်သည် ကုချန်ရှိရာဘက်သို့ မသိစိတ်အလျောက် လှမ်းကြည့်လိုက်မိ၏။

‎

‎

‎ယခုအခါ ကုချန်သည် ထိုနေရာတွင် 'ကြောင်တောင်တောင်' ဖြင့် ရပ်နေကာ သူ၏ မျက်လုံးများမှာ ဟာလာဟင်းလင်း ဖြစ်နေကာ ချူးဧကရာဇ် ပြောခဲ့သည့်အတိုင်း ထိုသူ၏ နတ်ဘုရားဝိညာဉ်သည် ထိုသူ၏ ရုပ်ခန္ဓာအပေါ် ထိန်းချုပ်မှုကို တဖြည်းဖြည်း ဆုံးရှုံးနေပုံကို သူ မြင်တွေ့လိုက်ရလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ချီဖျန့်ဧကရာဇ်၏ အမြဲတမ်း သတိထားနေတတ်သော စိတ်နှလုံးမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားခဲ့တော့၏။

‎

‎

‎အစောပိုင်းက ချူးဧကရာဇ်၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် ချူးဧကရာဇ်မှာ ကုချန်ကို ယှဉ်နိုင်တော့မည် မဟုတ်ဘဲ ရှုံးနိမ့်တော့မည်ဟု ထင်မှတ်ထားခဲ့မိသည်။

‎

‎

‎အချိန်တိုလေးအတွင်းမှာပင် တိုက်ပွဲအခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎ထိုသို့ဖြစ်နေမှတော့ သူသည် အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်ထားဖို့ မလိုအပ်တော့ပေ။

‎

‎

‎ချီဖျန့်ဧကရာဇ်မှာ စိတ်အေးလက်အေး တွေးတောကာ သတိလျော့သွားခဲ့လေသည်။

‎

‎

All Chapters