← Chapters

အခန်း ၅၆၀

Vol. 40 Ch. 560

အခန်း ၅၆၀

Vol. 40 Ch. 560

အခန်း ( ၅၆၀ ) - အသက်ရှင်နေဆဲ၊ အချင်းချင်း တိုက်ခိုက်ခြင်းမရှိ၊ ရတနာများ မကျန်တော့ခြင်း

‎

‎

‎

‎မည်သို့ပင်ဆိုစေ ဤချီဖျန့်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။ သူ သေရတော့မည်ဖြစ်ကာ ယှဉ်နိုင်မည်မဟုတ်ကြောင်း သိထားလျှင်ပင် သူသည် သေချာပေါက် ရုန်းကန်မည်ဖြစ်ပြီး အသက်ရှင်ရန် မျှော်လင့်ချက်ကို ဤမျှ လွယ်လွယ်ကူကူဖြင့် အရှုံးပေးမည် မဟုတ်ချေ။

‎

‎

‎သို့သော် ယခုအခါ လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိသွားပြီးနောက် ဤချီဖျန့်ဧကရာဇ်သည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ပြတ်သားလွန်းစွာ ရွေးချယ်သွားခဲ့ကာ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို အသုံးပြု၍ သူ့ကို သိမ်းသွင်းရန် အခွင့်အရေးလေး တစ်ခုမျှပင် ကုချန်ကို မပေးခဲ့ချေ။

‎

‎

‎ဤအရာက ဤချီဖျန့်ဧကရာဇ် အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ်နှင့် လွတ်မြောက်ရန် ပရိယာယ်သုံးခြင်းသာ ဖြစ်နေမလားဟု ကုချန်အား တွေးတောသွားစေခဲ့သည်။

‎

‎

‎" အရှင်သခင်... ဒီချီဖျန့်ဧကရာဇ်က အသက်ရှင်နေသေးလောက်တယ် "

‎

‎

‎ကုချန်၏ တွေးတောနေသည့် အမူအရာကို မြင်လိုက်သည်နှင့် ချူးဧကရာဇ်သည် အလျင်အမြန် ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒီချီဖျန့်ဧကရာဇ်က လှည့်စားခြင်း တာအိုကို ကျင့်ကြံတာပါ... သူ့ရဲ့ နည်းလမ်းတွေက သဘာဝအရ ခန့်မှန်းရခက်ပါတယ်... ပြီးတော့ ခုနက သူ့စကားတွေထဲမှာ ကျွန်တော့်ကို လက်စားချေဖို့ ရည်ရွယ်ထားပုံရပါတယ်... ဒါကြောင့် ဒီချီဖျန့်ဧကရာဇ် သေမှာမဟုတ်ဘူးလို့ ကျွန်တော်‌တော့ ထင်တယ် "

‎

‎

‎ယခု ချူးဧကရာဇ်သည် ကုချန်၏ လက်အောက်သို့ ဝင်ရောက်ကာ သူ၏ကျေးကျွန် ဖြစ်လာပြီဖြစ်ရာ သဘာဝကျကျပင် အရာအားလုံးသည် ကုချန်အတွက် ပထမဖြစ်ပြီး သူ၏ ခန့်မှန်းချက်ကို ကုချန်အား တက်တက်ကြွကြွ ဝေမျှခဲ့လေသည်။

‎

‎

‎" ဟမ့်... ဒီနေ့ နင့်ကြောင့်သာ မဟုတ်ရင် အရှင်သခင်က ဘယ်လိုလုပ်ပြီး စွမ်းအားတွေ ဒီလောက် ဆုံးရှုံးရမှာလဲ... ပြီးတော့ နောက်ဆုံးမှာ အဲဒီ ချီဖျန့်ဧကရာဇ်က ဒီလောက် လွယ်လွယ်ကူကူ ထွက်ပြေးသွားနိုင်တာလဲ နင်လို အသုံးမကျတဲ့ကောင်ကြောင့်ပဲလေ... တကယ့် အသုံးမကျတဲ့ကောင်ပဲ! "

‎

‎

‎သူ၏ဘေးရှိ ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်ကို ချက်ချင်း လှောင်ပြောင်လိုက်လေသည်။

‎

‎

‎" အဲဒီ ချီဖျန့်ဧကရာဇ်က အမြဲတမ်း ခန့်မှန်းရခက်အောင် လှုပ်ရှားတတ်တာ... ငါက ဒီတစ်ကြိမ်မှာ သူ့ကို လှုပ်ရှားဖို့ ဖိတ်ခေါ်ရုံပဲ... သူဆီမှာ ဘာဝှက်ဖဲတွေ ရှိလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ လှောင်ပြောင်မှုများကို ရင်ဆိုင်ရချိန်တွင် ချူးဧကရာဇ်သည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်လေသည်။

‎

‎

‎" အဆုံးကျတော့ နင်က အရမ်းကို အသုံးမကျလို့လေ... အရင်တုန်းက နင်က ဝက်ဝံဧကရာဇ် ဖြစ်တဲ့အထိ အရိုက်ခံခဲ့ရတယ်... အခုကျတော့ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးရဲ့ အကူအညီနဲ့တောင် နင်က ဘာအရေးပါတဲ့ အလုပ်မှ မအောင်မြင်နိုင်ဘူး "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် သူ့ကို ဆက်လက် လှောင်ပြောင်နေခဲ့၏။

‎

‎

‎သူတို့နှစ်ဦးသည် ယခင်က ပြင်းထန်သော ရန်ငြိုးများ ရှိခဲ့သော်လည်း ယခုအခါ ထူးဆန်းသော ကံကြမ္မာအလှည့်အပြောင်းအရ နှစ်ဦးစလုံးမှာ ကုချန်၏ကျေးကျွန်များ ဖြစ်လာခဲ့ကြသည်။

‎

‎

‎ကုချန်၏ ရှေ့တွင် သူတို့သည် သဘာဝကျကျပင် အဆင်အခြင်မဲ့ မတိုက်ခိုက်ရဲကြသော်လည်း သူတို့ကြားတွင် ခနဲ့တဲ့တဲ့ အပြန်အလှန် စကားပြောဆိုမှု အနည်းငယ်မှာတော့ ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။

‎

‎

‎" တော်လောက်ပြီ "

‎

‎

‎ကုချန်သည် လက်ဝှေ့ယမ်းကာ သူ၏ လက်အောက်ငယ်သား နှစ်ဦးကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုကို ဟန့်တားလိုက်လေသည်။

‎

‎

‎သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို လှမ်းကြည့်လိုက်ရာ သူ၏အကြည့်မှာ တည်ငြိမ်နေသော်လည်း ရှာနာနတ်ဆိုးဧကရာဇ်ကို တုန်လှုပ်သွားစေကာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး နောက်ထပ် အသံတစ်သံမျှ မထွက်ရဲတော့ချေ။

‎

‎

‎ချူးဧကရာဇ်ကို ရင်ဆိုင်ရချိန်တွင် သူသည် လွတ်လွတ်လပ်လပ် ပြုမူရဲလေသည်။

‎

‎

‎သို့သော် ကုချန်၏ ရှေ့တွင်မူ သူသည် မလေးမစား၊ ရိုင်းစိုင်းသည့် အရိပ်အယောင်လေး တစ်ခုမျှပင် သဘာဝကျကျ မပြရဲခဲ့ချေ။

‎

‎

‎ယခု သူ၏အရှင်သခင်မှာ မကျေမနပ် ဖြစ်နေပြီဖြစ်ရာ ရှာနာနတ်ဆိုးဧကရာဇ်သည် သဘာဝကျကျပင် ထပ်မံ၍ စကားမပြောရဲတော့ပေ။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကုချန်၏ လက်အောက်သို့ ယခုလေးတင် ဝင်ရောက်လာသော ချူးဧကရာဇ်သည်လည်း သဘာဝကျကျပင် စကားပိုမပြောရဲတော့ချေ။ ကုချန်နှင့် ယခင် ထိပ်တိုက်ရင်ဆိုင်မှုက သူ၏ အရှင်သခင်သစ်၏ စရိုက်လက္ခဏာကို သူ့အား သတိပြုမိစေခဲ့ပြီး ဖြစ်သည်။

‎

‎

‎ကုချန်သည် သူ ပြောသည့်အတိုင်း လုပ်တတ်သော တည်ရှိမှုမျိုးဖြစ်ကြောင်းနှင့် သူ၏ စကားများနှင့် ဆုံးဖြတ်ချက်များကို အခြား မည်သူ့ကိုမျှ အာခံခွင့် လုံးဝ မပြုကြောင်း ရှင်းလင်းနေလေသည်။

‎

‎

‎အကယ်၍ သူသာ ဤကဲ့သို့သော အချိန်မျိုးတွင် ဤအရှင်သခင်သစ်ကို အမျက်ဒေါသ ထွက်အောင် လုပ်ရဲပါက သူ တကယ်ကို ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ချေ!

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ နောက်ဆုံးတွင် ငြိမ်သက်သွားကြသည်ကို မြင်သောအခါ ကုချန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

‎

‎

‎သူသည် သူ၏ လက်အောက်ငယ်သား နှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။

‎

‎

‎" မင်းတို့နှစ်ယောက် အရင်က ဘာရန်ငြိုးတွေ ရှိခဲ့လဲဆိုတာကို ငါကိုယ်တော် ဂရုမစိုက်ဘူး... ဒါပေမယ့် အခု မင်းတို့ နှစ်ယောက်လုံးက ငါကိုယ်တော့် လက်အောက်မှာ အမှုထမ်းနေပြီဖြစ်လို့ မင်းတို့ အချင်းချင်း အတွင်းရေး တိုက်ခိုက်တာကို ငါကိုယ်တော် ခွင့်မပြုဘူး "

‎

‎

‎" တကယ်လို့ ငါကိုယ်တော် သိသွားရင် မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး! "

‎

‎

‎ကုချန်သည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားက အတိတ်က ရန်ငြိုးများအကြောင်းကို အနည်းငယ် သိထားလေသည်။

‎

‎

‎သို့သော် ကုချန်သည် သူတို့၏ ယခင် ရန်ငြိုးများကို မထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ နှစ်ဦးစလုံးမှာ သူ၏ လက်အောက်တွင် အမှုထမ်းနေကြပြီဖြစ်ရာ ကုချန်သည် သူတို့၏ အချင်းချင်း အတွင်းရေး တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်ရန် လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကြားရှိ ပဋိပက္ခသည် သူ့ဘက်မှ အင်အားကို အလကားသက်သက် လျော့ကျသွားစေမည်သာ ဖြစ်သောကြောင့်ပင်။ ဤအလားအလာကို အစကတည်းက မဖြတ်တောက်ထားပါက ဤနှစ်ဦးသည် နောင်တစ်ချိန်တွင် ကုချန်အတွက် ပြဿနာများ ဖန်တီးလာနိုင်လေသည်။

‎

‎

‎" ကျေးကျွန်က နာခံပါ့မယ်! "

‎

‎

‎ကုချန်၏ တည်ငြိမ်နေပုံပေါ်သော စကားများကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသည့်အလား တုံ့ပြန်ကြကာ အဆင်အခြင်မဲ့ မပြုမူရဲဘဲ အလွန်တရာ လေးနက်စွာဖြင့် သဘောတူလိုက်ကြလေသည်။

‎

‎

‎ကုချန်သည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ သူတို့ကို အပြင်းထန်ဆုံး သတိပေးချက်တစ်ခု ပေးနေခြင်းဖြစ်ကြောင်း သူတို့ နှစ်ဦးစလုံး သိထားကြပေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း သူ၏ရင်ထဲတွင် တိတ်တဆိတ် သတိပေးလိုက်လေသည်။

‎

‎

‎အစောပိုင်းက အရှင်သခင်၏ လက်အောက်သို့ စောစီးစွာ ဝင်ရောက်ခဲ့သော သူ၏ 'စီနီယာ' ဖြစ်မှုကို အသုံးပြုကာ ချူးဧကရာဇ်ကို ဖိနှိပ်နိုင်မည်ဟု သူ တွေးနေခဲ့သေးသည်။

‎

‎

‎သို့သော် ယခုကြည့်ရသည်မှာ သူ၏အရှင်သခင်သည် ဤအရာများကို သဘောကျပုံ မပေါ်ချေ။

‎

‎

‎ထိုသို့ဆိုမှတော့ သူ၏ဗျူဟာကို ပြောင်းလဲရပေတော့မည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ အတွေးများမှာ မြန်ဆန်စွာ အလုပ်လုပ်နေခဲ့၏။

‎

‎

‎သူနှင့် ချူးဧကရာဇ်တို့တွင် အတိတ်က ရန်ငြိုးများ ရှိခဲ့သည်မှာ မှန်ပါသည်။

‎

‎

‎သို့သော် ယခုအခါ နှစ်ဦးစလုံးမှာ ကုချန်၏ ကျေးကျွန်များ ဖြစ်လာခဲ့ကြပြီဖြစ်ရာ သဘာဝကျကျပင် အရာအားလုံးသည် ကုချန်၏ အမိန့်များအပေါ်တွင်သာ မူတည်လေသည်။

‎

‎

‎ကုချန်၏ အမိန့်အောက်တွင် သူတို့သည် အတိတ်က ရန်ငြိုးများကို ဘေးဖယ်ထားကာ ကုချန်ကို အမှုထမ်းရန် စိတ်နှလုံး အပြည့်အဝဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရုံသာ ရှိတော့သည်။

‎

‎

‎သူ၏ စွမ်းဆောင်ရည်ပြည့်ဝသော လက်အောက်ငယ်သား နှစ်ဦး 'လက်ဆွဲနှုတ်ဆက်ကာ ပြေလည်သွားကြသည်' ကို မြင်သောအခါ ကုချန်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု မပေါ်လာဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎" ကောင်းပြီ... မင်းဆီမှာ နတ်ဘုရားပစ္စည်းတွေ ဒါမှမဟုတ် ရတနာတွေ ကျန်သေးလား "

‎

‎

‎ကုချန်သည် ချူးဧကရာဇ်ကို မေးမြန်းလိုက်လေသည်။

‎

‎

‎သူ၏ လက်အောက်ငယ်သားထံမှ ပိုင်ဆိုင်မှုများကို စူးစမ်းရှာဖွေလိုပြီး အဆုံးမဲ့ဓားကို စစ်မှန်သော နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားလက်နက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ချူးဧကရာဇ်ထံမှ နတ်ဘုရားပစ္စည်းအချို့ကို ရနိုင်မလားဟု ကြည့်လိုခြင်း ဖြစ်သည်။

‎

‎

‎ယခု သူ၏ တိုက်ခိုက်ရေးစွမ်းအား မြင့်တက်လာမှုနှင့်အတူ ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုသာ ဖြစ်သော အဆုံးမဲ့ဓားသည် အနည်းငယ် မလုံလောက်သလို ဖြစ်နေခဲ့ပြီ။ ၎င်းကို ပြီးပြည့်စုံသော နတ်ဆိုးဧကရာဇ်အဆင့် လက်နက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရမည် ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်၏မေးခွန်းကို ကြားသောအခါ ချူးဧကရာဇ်၏ အမူအရာမှာ ချက်ချင်းပင် အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့လေသည်။

‎

‎

‎" အရှင်သခင်... ကျွန်တော့်ဆီမှာ... နတ်ဘုရားပစ္စည်းတွေ၊ ရတနာတွေ မကျန်တော့ပါဘူး "

‎

‎

‎ချူးဧကရာဇ်မှာ အလွန် ရှက်ရွံ့နေခဲ့၏။

‎

‎

‎အစောပိုင်းက ကုချန်ကို ရင်ဆိုင်ခဲ့စဉ်တွင် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို သူ မီးရှို့ပစ်ခဲ့ပြီး နှစ်ပေါင်း သောင်းနှင့်ချီ၍ သူ စုဆောင်းလာခဲ့သော နတ်ဘုရားပစ္စည်းများ အားလုံးကို အပြည့်အဝ ဖြုန်းတီးပစ်လိုက်ပြီဟု သူ ဘယ်လိုလုပ် ပြောနိုင်မည်နည်း။

‎

‎

‎သို့သော် ယခုအခါ သူ၏ လက်ဝယ်တွင် မည်သည့် နတ်ဘုရားပစ္စည်းများနှင့် အမြင့်ဆုံးရတနာများမျှ အမှန်တကယ် မရှိတော့ချေ။ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ခင်းကျင်းစဉ်တွင် နတ်ဘုရားပစ္စည်းများ အားလုံးကို လုံးဝ အသုံးပြုသွားခဲ့ပြီး ဖြစ်သည်။

‎

‎

‎" အရှင်သခင်... အဲဒီ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ခင်းကျင်းဖို့ သူရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို အသုံးပြုပစ်လိုက်လောက်တယ်... အရှင်သခင် သူ့ကို မေးနေတာက အလကားပါပဲ "

‎

‎

‎ဘေးရှိ ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်၏ အခက်အခဲကို သတိပြုမိပုံရကာ သူ့ကို အညှာအတာမဲ့စွာ ဖော်ထုတ်လိုက်လေသည်။

‎

‎

‎" အဲလိုလား..... "

‎

‎

‎ကုချန်သည် ခေါင်းညိတ်လိုက်သော်ငြား သိပ်ပြီး စိတ်ပျက်မသွားခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ခင်းကျင်းပြီးနောက် ချူးဧကရာဇ်တွင် ပိုင်ဆိုင်မှုတစ်ခုခု ကျန်ရှိနေလိမ့်မည်ဟု မျှော်လင့်ခြင်းက လက်တွေ့မဆန်ကြောင်း သူလည်း သိထားသောကြောင့်ပင်။ သူသည် သာမန်ကာလျှံကာ မေးကြည့်လိုက်ရုံသာ ဖြစ်သည်။

‎

‎

‎" အရှင်သခင်! အရှင်သခင် လိုချင်တဲ့ နတ်ဘုရားပစ္စည်းတွေနဲ့ အမြင့်ဆုံးရတနာတွေ ကျွန်တော့်ဆီမှာ မရှိပေမယ့် အဲဒါတွေ ဘယ်မှာရှိလဲဆိုတာကိုတော့ ကျွန်တော် သိပါတယ်! "

‎

‎

‎ချူးဧကရာဇ်မှာ စိုးရိမ်ပူပန်သွားခဲ့၏။ ဤသည်မှာ သူ ကုချန်၏ လက်အောက်သို့ ဝင်ရောက်ပြီးနောက် အရှင်သခင်မှ သူ့ကို ပထမဆုံး တောင်းဆိုချက်တစ်ခု ပြုလုပ်ခြင်း ဖြစ်သည်။ ၎င်းကို သူ မပြီးမြောက်နိုင်ခဲ့လျှင် အရေးမကြီးသော်လည်း ထိုရှာနာနတ်ဆိုးဧကရာဇ်ကို သူ၏အပေါ် မတရားသဖြင့် အသာစီးရသွားအောင် သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

‎

‎

‎ချူးဧကရာဇ်သည် သူ၏ ဦးနှောက်ကို ညှစ်ထုတ်စဉ်းစားလိုက်ရာ ဤတစ်ကြိမ် ကွေ့ရွှီးနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားပစ္စည်းများ ရှိနိုင်သော လျှို့ဝှက်နေရာတစ်ခုကို သူ တွေ့ရှိခဲ့ကြောင်း ချက်ချင်း မှတ်မိသွားခဲ့လေသည်။

‎

‎

‎သို့သော် ထိုအချိန်က သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားရန် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ခင်းကျင်းရန် အလျင်လိုနေသောကြောင့် ထိုနေရာ၏ တည်နေရာကိုသာ မှတ်သားထားခဲ့ပြီး ရှာနာနတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးပြီးနောက် ဂရုတစိုက် စူးစမ်းလေ့လာရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခု သူ၏အရှင်သခင်က နတ်ဘုရားပစ္စည်းများနှင့် အင်မော်တယ်ပစ္စည်းများကို လိုချင်နေပြီဖြစ်ရာ သူ မှတ်မိနေသော နေရာ၌ ပုန်းကွယ်နေသည့် ရတနာများသည် သူ၏ အရှင်သခင်၏ လိုအပ်ချက်များနှင့် ကိုက်ညီနိုင်လောက်ပေသည်။

‎‎

‎

‎

All Chapters