← Chapters

အခန်း (၉၂၅-၉၂၆)

Vol. 47 Ch. 925-926

အခန်း (၉၂၅-၉၂၆)

Vol. 47 Ch. 925-926

အပိုင်း(၉၂၅) စကြဝဠာဂြိုဟ်တွေမှာ အသိစိတ် ရှိသလား

လင်းယွမ်၏ မျက်ဝန်းများတွင် အရောင်လက်သွားပြီး ယင်ယွိ၏ ရှင်းပြချက်ကို နားထောင်နေရင်း သူ၏ ရင်ထဲ၌ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာသည်။

ကြယ်သားရဲကြီးများက ဤသို့ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက် သူက ပြဿနာတစ်ခုကို တွေးမိသွားပြန်သည်။ ဂြိုဟ်များတွင် အကြီးအသေး ရှိကြရာ ကြယ်အမြူတေများတွင်ရော အရွယ်အစား ကွာခြားမှု ရှိနိုင်မည်လား။

၎င်းကို သန့်စင်လိုက်ပြီးနောက် ဖြစ်ပေါ်လာမည့် စိတ်နှလုံးအမြူတေ၏ ကြံ့ခိုင်မှုကရော ကွာခြားမှု ရှိနိုင်မည်လား။

လင်းယွမ်က သူ၏ မေးခွန်းကို ထုတ်မေးလိုက်သည်။

ယင်ယွိက ချက်ချင်း ပြုံးလိုက်ပြီး "ဆရာလင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ... ဟုတ်ပါတယ်... အဲဒီကြားထဲမှာ ကွာခြားချက်က သေချာပေါက် ရှိပါတယ်... ကွာခြားချက်ကလည်း အရမ်းကြီးမားတယ်လေ"

"တကယ်တော့ ဒီအချက်တွေက မျိုးရိုးဗီဇ လက်ဆင့်ကမ်းမှု မှတ်တမ်းတွေထဲမှာ ပါပြီးသားပါ... ဆရာ့အနေနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားတာနဲ့ အလိုအလျောက် ပေါ်လာလိမ့်မယ်"

"အခု ကျွန်တော်က ဆရာ့ကို ကြိုပြီး ပြောပြလိုက်တဲ့ သဘောပါပဲ"

"ယေဘုယျအားဖြင့် ပြောရရင်... စုပ်ယူသန့်စင်လိုက်တဲ့ ဂြိုဟ်က ပိုကြီးလေလေ ကြယ်အမြူတေရဲ့ စွမ်းအင်က ပိုအားကောင်းလေလေပါပဲ... အနာဂတ်မှာ ကြယ် သားရဲကြီးအဖြစ် ပြောင်းလဲသွားပြီး ကြယ် နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အခါ စွမ်းအားကလည်း အလိုအလျောက်ကို ပိုပြီး ကြီးမားလာမှာပါ"

"ဒါပေမဲ့ ဒီအထဲမှာ ကြိုတင်သတ်မှတ်ချက် တစ်ခုတော့ ရှိတယ်"

လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ "ဘယ်လို ကြိုတင်သတ်မှတ်ချက်လဲ"

ယင်ယွိက ပြုံး၍ ဖြေသည်။ "ဆရာ့အနေနဲ့ ဂြိုဟ်ရဲ့ အသိစိတ်ကို ဖိနှိပ်ထားနိုင်ဖို့ လိုအပ်တယ်... ကြယ်အမြူတေကို သန့်စင်ချင်တယ်ဆိုရင် ပထမဆုံး လုပ်ရမှာက ဂြိုဟ်ရဲ့ အသိစိတ်ကို ချေမှုန်းပစ်ရမှာပဲ"

"များသောအားဖြင့် ပိုကြီးတဲ့ ဂြိုဟ်တွေမှာ သူတို့ရဲ့ ဂြိုဟ်အသိစိတ်က သေချာပေါက် ပိုပြီး အားကောင်းတတ်တယ်... သန့်စင်ရတဲ့ အခက်အခဲကလည်း သဘာဝကျကျကို ပိုကြီးမားလာတာပေါ့"

"အဲဒါကပဲ ကျွန်တော်တို့ စိတ်နှလုံးအမြူတေကို မစုစည်းခင်မှာ ဦးနှောက်အမြူတေကို မဖြစ်မနေ အရင် စုစည်းရတဲ့ ရည်ရွယ်ချက်ပဲလေ"

"ဦးနှောက်အမြူတေက လုံလုံလောက်လောက် အားကောင်းနေမှသာ ဂြိုဟ်ရဲ့ အသိစိတ်ကို ဖိနှိပ်နိုင်ပြီး ကြယ်အမြူတေကို သန့်စင်နိုင်မယ်... အဲဒီအခါကျမှ ကိုယ်ပိုင် စိတ်နှလုံးအမြူတေကို စုစည်းနိုင်မှာပါ"

ဘေးနားရှိ ကျင်းဖုန်းက ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ကျွန်တော်လည်း ခုနက ဒီအချက်ကို အလေးပေး ပြောချင်နေတာ... စိတ်နှလုံးအမြူတေ မစုစည်းခင်မှာ ဦးနှောက်အမြူတေကို သေချာပေါက် အရင် စုစည်းရမှာပဲ"

"ဦးနှောက်အမြူတေ ပိုအားကောင်းလေလေ... ပိုပြီး အားကောင်းတဲ့ ဂြိုဟ်ကို သန့်စင်နိုင်လေလေပဲ... အဲဒီအခါကျမှ ပိုအားကောင်းတဲ့ စိတ်နှလုံးအမြူတေကို စုစည်းနိုင်မှာ"

"ဒါကြောင့် ဆရာလင်းအနေနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားပြီဆိုရင် ပထမဆုံး လုပ်ရမှာက ဦးနှောက်အမြူတေကို အမြန်ဆုံး စုစည်းဖို့ပဲ"

"ဦးနှောက်အမြူတေ ပိုအားကောင်းလေလေ... အနာဂတ်မှာ ဆရာလင်း ဂြိုဟ်ကို ရွေးချယ်သန့်စင်တဲ့အခါ ဧရာမဂြိုဟ်ကြီးတွေကို စိတ်ကြိုက် ရွေးချယ်နိုင်လေလေပဲ"

ထိုအခိုက်တွင် လင်းယွမ်က ထပ်မံ၍ အံ့ဩသွားပြန်သည်။

"စကြဝဠာထဲက ဂြိုဟ်တွေမှာ အသိစိတ် ရှိနေတာလား"

ကျင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... အခု ခေတ်စကားနဲ့ ပြောရရင်တော့ ဂြိုဟ်အသိစိတ်ပေါ့... ကျွန်တော်တို့ ခေတ်တုန်းကတော့ အဲဒါကို ကောင်းကင်တာအို လို့ ခေါ်ကြတယ်"

ယင်ယွိကလည်း ဝင်ပြောသည်။ "လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ဖုန်းထဲမှာ ကြည့်လိုက်ရတယ်... စိတ်ဝင်စားစရာကောင်းတဲ့ အသုံးအနှုန်း တစ်ခု ရှိတယ်... သူတို့က ဂြိုဟ်အသိစိတ်ကို ဂီယာ အသိစိတ် လို့လည်း ခေါ်ကြသေးတယ်"

"တကယ်တော့ ကျွန်တော်တို့ခေတ်ပဲ ဖြစ်ဖြစ်... အခုခေတ်ပဲ ဖြစ်ဖြစ် ဂြိုဟ်တွေမှာ ကိုယ်ပိုင်အသိစိတ် ရှိတယ်ဆိုတာကို သတိထားမိတဲ့သူတွေ ရှိကြတာပဲ"

"ကျွန်တော်တို့ရဲ့ အသိအမြင်အရဆိုရင်... ဂြိုဟ်ဆိုတာကလည်း ဧရာမ သက်ရှိကြီး တစ်ခုပါပဲ"

"အဆုံးအစမဲ့တဲ့ စကြဝဠာထဲမှာ ရေတွက်လို့မရတဲ့ ဂြိုဟ်တွေ ရှိတယ်... သူတို့တွေလည်း မွေးဖွားခြင်းကနေ ပျက်သုဉ်းခြင်းအထိ ဖြစ်စဉ်တွေကို ဖြတ်သန်းရတာပဲ"

"လူသားတွေရဲ့ တိုတောင်းလှတဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင်တော့ ဒီဖြစ်စဉ်က တကယ်ကို ရှည်လျားလွန်းပါတယ်... ဘယ်လောက်တောင် ရှည်လျားသလဲဆိုရင် သူတို့တွေလည်း သက်ရှိတွေပါလား ဆိုတာကို ကျွန်တော်တို့ သတိမထားမိလောက်တဲ့အထိပါပဲ"

ကျင်းဖုန်းက ယင်ယွိကို ပြုံးကြည့်ရင်း ပြောလိုက်သည်။ "ကျွန်တော် တခါတလေ တွေးမိတယ်... ကျွန်တော်တို့တွေ အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာပြီး စိတ်နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို စုစည်းနိုင်လို့ ကြယ် သားရဲကြီးတွေ ဖြစ်လာတဲ့အခါ... တခြားရှုထောင့်ကနေ ကြည့်ရင် ကြယ် သားရဲကြီးတွေကလည်း အာကာသရုပ်ဝတ္ထု တစ်မျိုးလို့ သတ်မှတ်လို့ ရမလားပေါ့"

ယင်ယွိ ကြောင်သွားပြီးနောက် ချက်ချင်း ရယ်မောလိုက်ကာ သက်ပြင်းချရင်း "တာအိုရောင်းရင်း ကျင်းဖုန်းရဲ့ အမြင်က တကယ်ကို လေးစားစရာပဲ"

လင်းယွမ်၏ ရင်ထဲတွင်လည်း ခံစားချက်ပေါင်းစုံ ရောထွေးသွားသည်။ ကြယ် နတ်ဘုရား အဆင့်ကို ဤရှုထောင့်မှနေ၍ ပထမဆုံးအကြိမ် နားလည်လာရခြင်း ဖြစ်သည်။

ထို့အပြင် ဂြိုဟ်များတွင် အသိစိတ် ရှိသည်ဆိုသည်ကိုလည်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

ကြယ်အမြူတေကို သန့်စင်လိုပါက ပထမဆုံး လုပ်ရမည့် အရေးကြီးဆုံးကိစ္စမှာ ဂြိုဟ်၏ အသိစိတ်ကို အနိုင်ယူရန်ပင် ဖြစ်သည်။

သို့ဆိုလျှင် အားကောင်းသော ဦးနှောက်အမြူတေတစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်ပေမည်။

သို့သော် ဦးနှောက်အမြူတေကို မည်သို့ စုစည်းရမည်နည်း။

လင်းယွမ်က ကျင်းဖုန်းနှင့် ယင်ယွိတို့ နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်... ဂြိုဟ်အသိစိတ်နဲ့ ယှဉ်နိုင်လောက်တဲ့ အားကောင်းတဲ့ ဦးနှောက်အမြူတေကို စုစည်းနိုင်ဖို့ ဘယ်လို လေ့ကျင့်ရမလဲ"

ကျင်းဖုန်းနှင့် ယင်ယွိတို့ နှစ်ဦးစလုံးက ခေါင်းအနည်းငယ် ခါယမ်းလိုက်ကြသည်။

ကျင်းဖုန်းက ပြောသည်။ "အဲဒါကတော့ မျိုးရိုးဗီဇ လက်ဆင့်ကမ်းမှု တစ်ခုချင်းစီရဲ့ သီးသန့် နည်းလမ်းတွေပါပဲ... ကျွန်တော်တို့လည်း အဲဒါကို မထိတွေ့ဖူးဘူး... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားမှပဲ အဖြေကို ရနိုင်လိမ့်မယ်"

ယင်ယွိကလည်း ဝင်ပြောသည်။ "ဆရာလင်း... လမ်းဆုံးရင်ရွာတွေ့မှာပဲ... ဆရာ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားတဲ့အခါ အရာအားလုံးအတွက် အဖြေပေါ်လာမှာပါ"

ထိုစကားကို ကြားသောအခါ ထိုသူနှစ်ဦးမှာ သက်ရှိထင်ရှား ရှိစဉ်ကတည်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံခြင်းသို့ မရောက်ခဲ့ကြသဖြင့် အသေးစိတ် အခြေအနေကို မသိနိုင်ကြခြင်းမှာ သဘာဝကျကြောင်း လင်းယွမ် နားလည်လိုက်သည်။

လက်ရှိအချိန်တွင် မိမိ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားမည့် အချိန်ကို စောင့်ဆိုင်းရုံမှလွဲ၍ ဤပဟေဠိကို ဖြေရှင်းရန် အခြားနည်းလမ်း မရှိတော့ပေ။

သို့သော် ယခု အခြေအနေကို ကြည့်ရလျှင် အမှတ်များကို ဆက်လက် စုဆောင်းထားရဦးမည် ဖြစ်သည်။ နောင်တစ်ချိန် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ဖောက်ထွင်း ကျော်လွန်သည့်အခါ ဦးနှောက်အမြူတေ၏ ကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် အမှတ်များကို အသုံးပြုရနိုင်ချေ ရှိနေသည်။

သူက ကျင်းဖုန်း၊ ယင်ယွိတို့ နှစ်ဦးနှင့် ခေတ္တမျှ စကားထပ်ပြောလိုက်သေးသည်။

ရုတ်တရက် လင်းယွမ် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။ "ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်... ဂြိုဟ်တွေမှာ အသိစိတ် ရှိတယ်လို့ ပြောခဲ့တယ်မလား... ဒါဆို ကျွန်တော်တို့ အခု နေထိုင်နေတဲ့ ဒီကမ္ဘာမြေကြီးမှာရော အသိစိတ် ရှိနေမလား"

ကျင်းဖုန်းက ကြားသောအခါ ချက်ချင်း ပြုံးလိုက်ပြီး "တကယ်တော့ ဒီမေးခွန်းကို ကျွန်တော်ရယ်... ယင်ယွိရယ်... ဟင်းလင်းပြင်နန်းတော်က နန်းတော်သခင်မ လင်ယွီရုံရယ် ဆွေးနွေးဖူးကြတယ်"

"ကျွန်တော်တို့ ခြေအောက်က ဒီဂြိုဟ်ကြီးမှာ သေချာပေါက် အသိစိတ် ရှိနေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူခဲ့ကြတယ်"

ယင်ယွိကလည်း "ရှိရုံတင် မကဘူး... ရှေးခေတ်ကတည်းကနေ ယနေ့အချိန်ထိ အဲဒါက အမြဲတမ်း တည်ရှိနေခဲ့တာ"

လင်းယွမ်က စူးစမ်းလိုက်သည်။ "ခင်ဗျားတို့က ဘယ်လိုသိတာလဲ"

ယင်ယွိက ပြန်ဖြေသည်။ "ကျွန်တော်တို့ ခန့်မှန်းကြည့်တာပါ... ဥပမာအနေနဲ့ အခုဖြစ်နေတဲ့ ဒီရေဘေးကြီးကိုပဲ ကြည့်လေ"

"အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးသည်းထန်မှုတွေကြောင့် ရေတွေကြီးလာပြီး ကမ္ဘာတစ်ဝန်းလုံး ကပ်ဘေးဆိုက်သွားတယ်"

"ဒါပေမဲ့ ကောင်းကင်ယံအထက်မှာ အမြဲတမ်း မည်းမှောင်နေတဲ့ တိမ်တိုက်တွေလိုမျိုး အကာအရံ တစ်လွှာက ဖုံးလွှမ်းနေတယ်လေ... ဆရာ ဘယ်တုန်းကမှ မစဉ်းစားမိဘူးလား... ဒီအကာအရံတွေက တကယ်တော့ ဘယ်ကနေ ရောက်လာတာလဲ ဆိုတာကိုပေါ့"

လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။ "မိုးသည်းထန်တဲ့ ရာသီဥတုမှာ မိုးတိမ်မည်းတွေ ရှိနေတာက ပုံမှန်ပဲ မဟုတ်ဘူးလား... မိုးတိမ်မည်းတွေသာ မရှိရင် မိုးတောင် ရွာမှာ မဟုတ်ဘူးလေ"

သို့သော် ကျင်းဖုန်းက ပြုံးလိုက်ပြီး "မိုးတိမ်မည်းတွေသာ မရှိဘူးဆိုရင်... ကောင်းကင်ယံက အဲဒီ မြစ်ရှည်ကြီးထဲက ရေတွေက ဒီဂြိုဟ်ကြီးထဲကို တိုက်ရိုက် စီးဝင်မလာနိုင်ဘူးလား"

"အဲဒီအချိန်ကျရင် ရေကြီးတာက အခုလိုမျိုး တဖြည်းဖြည်းချင်း တက်လာတာမျိုး မဟုတ်တော့ဘဲ တစ်ခဏချင်းအတွင်းမှာပဲ အလျင်အမြန် ထိုးတက်သွားမှာပဲ"

"ဒီလိုအခြေအနေမျိုးမှာ ပင်လယ်သမုဒ္ဒရာထဲက သက်ရှိတွေကလွဲရင် ဒီဂြိုဟ်ပေါ်က ဘယ်သက်ရှိကမှ အချိန်မီ တုံ့ပြန်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ အလေးအနက် မစဉ်းစားဘဲ မနေနိုင်တော့ပေ။

"ခင်ဗျား ဆိုလိုတာက... ဒီမိုးတိမ်မည်းတွေက တကယ်တော့ ဂြိုဟ်အသိစိတ်ကြောင့် ဖြစ်ပေါ်လာတာလို့ ပြောချင်တာလား"

"သူက ဂြိုဟ်ပေါ်က သက်ရှိတွေကို ကာကွယ်ပေးနေတာမို့လို့ ဂြိုဟ်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အကာအရံလိုမျိုး မိုးတိမ်မည်းတွေကို စုစည်းဖန်တီးပေးထားတာပေါ့"

ကျင်းဖုန်းက ဖြေသည်။ "ကျွန်တော်တို့လည်း အဲဒီလိုပဲ ထင်တာ... မဟုတ်ရင် ဒီမိုးတိမ်မည်းတွေက ဘယ်ကနေ ရောက်လာလဲဆိုတာ ရှင်းပြစရာ အကြောင်းပြချက် မရှိတော့ဘူးလေ"

လင်းယွမ်၏ ရင်ထဲတွင် သံသယ ဝင်သွားသည်။ မိုးတိမ်မည်းတွေက ဘယ်ကလာလဲ ဟုတ်လား။ နေရောင်ခြည်က ကမ္ဘာမြေကို ဖြာကျလို့ အပူချိန် မြင့်တက်လာတဲ့အခါ ရေခိုးရေငွေ့တွေ အငွေ့ပျံပြီး လေထဲမှာ စုစည်းသွားလို့ ဖြစ်လာတဲ့ မိုးတိမ်မည်းတွေ မဟုတ်ဘူးလား။

ဒီရာသီဥတု လည်ပတ်မှု စနစ်ကြီးကရော ကမ္ဘာမြေကြီးရဲ့ အသိစိတ် ဖော်ပြချက်လို့ သတ်မှတ်လို့ ရမလား။

လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ အနည်းငယ် မယုံနိုင်စရာ ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

သို့သော် ကျင်းဖုန်းနှင့် ယင်ယွိတို့၏ ခန့်မှန်းချက်တွင် လူများကို မယုံဘဲ မနေနိုင်အောင် ဖြစ်စေသည့် အချက်တစ်ချက် ရှိနေသည်ကိုတော့ ငြင်းဆို၍ မရနိုင်ပေ။

အခြားဂြိုဟ်များတွင် ဂြိုဟ်အသိစိတ် ရှိနေပါက ကမ္ဘာမြေကြီးတွင် မရှိဘဲ နေပါ့မလား။

နှမြောစရာကောင်းသည်မှာ မိမိအနေဖြင့် ကမ္ဘာမြေကြီး၏ အသိစိတ်နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပေ။ သို့မဟုတ်ပါက ၎င်းထံမှတစ်ဆင့် စကြဝဠာအတွင်းရှိ အခြေအနေများကို လေ့လာသိရှိနိုင်မည် ဖြစ်သည်။

မဟုတ်သေး၊ ကမ္ဘာမြေကြီး၏ အသိစိတ်နှင့် တစ်ကယ်ဆက်သွယ်ပြောဆို၍ ရ၊ မရ ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

ထိုသူနှစ်ဦးနှင့် ခေတ္တမျှ စကားထပ်ပြောပြီးနောက် လင်းယွမ်က မြူခိုးမြို့တော်ထဲမှ ထွက်ခွာလာပြီး ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲသို့ ပြန်ရောက်လာခဲ့သည်။

"အများကြီး စဉ်းစားနေလည်း အလကားပါပဲ... အချိန်လုပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံတဲ့အထိ စောင့်တာပဲ ကောင်းပါတယ်လေ"

နောက်ပိုင်း အချိန်များတွင်တော့ လင်းယွမ်သည် ကြိုးစားပမ်းစား လေ့ကျင့်သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။

နေ့စဉ် တောင်ပိုင်းရှိ အရိပ်တပ်ဖွဲ့များကို သုတ်သင်သည့် စာရွက်စာတမ်းအချို့ကို ကိုင်တွယ်ဖြေရှင်းရသည့်အပြင် မြောက်ပိုင်းရှိ မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ဘက်မှလည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အစီရင်ခံထားသော စာရွက်စာတမ်းများစွာ စုစည်းရောက်ရှိလာခဲ့သည်။

မြောက်ပိုင်း၏ သတင်းအချက်အလက်များသည် နတ်ဘုရားနိုင်ငံတော်နှင့် ကျင်းကျိုးမြို့ ဘက်တို့ကြားရှိ တိုက်ပွဲများအပေါ်တွင် အဓိက အာရုံစိုက်ထားသည်။ နတ်ဘုရားနိုင်ငံတော်သည် ကျင်းကျိုး စစ်တပ်ကို မယှဉ်နိုင်ဘဲ ယခုအခါ အဆင့်ဆင့် ဆုတ်ခွာနေရပုံပေါ်သည်။

ဂျိမ်းစ်နှင့် ဝမ်လင်းအာ တို့ နှစ်ဦးစလုံးက နတ်ဘုရားနိုင်ငံတော် အနေဖြင့် ကျင်းကျိုး စစ်တပ်ကို မခုခံနိုင်တော့သည့် တစ်နေ့တွင် ကျင်းကျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှ ရှောင်ရှားရန် ၎င်းတို့၏ ပင်မစခန်းကို တောင်ပိုင်းသို့ ပြောင်းရွှေ့လာမည်ကို စိုးရိမ်နေကြသည်။

ထိုသို့ဖြစ်လာပါက နတ်ဘုရားနိုင်ငံတော်သည် မူလက မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ တို့၏ နယ်မြေများကို သေချာပေါက် ကျူးကျော် ဝင်ရောက်လာမည် ဖြစ်သည်။

လင်းယွမ်က ထိုစာရွက်စာတမ်းများကို ဖတ်ပြီးနောက် သိပ်တော့ စိုးရိမ်ပူပန်မှု မဖြစ်မိပေ။

ဘေးနားရှိ တင်းယန်က မေးလိုက်သည်။ "နတ်ဘုရားနိုင်ငံတော် တောင်ဘက်ကို ဆင်းလာမှာကို ရှင် မစိုးရိမ်ဘူးလား"

လင်းယွမ်က ခေါင်းခါလိုက်ပြီး ပြုံးကာ ပြန်ဖြေသည်။ "အခုလို အခြေအနေမျိုးမှာ နယ်မြေပိုင်နက်ဆိုတဲ့ ခွဲခြားသတ်မှတ်မှုတွေက ဘယ်မှာ ရှိတော့လို့လဲ"

"လူတိုင်းက လေပေါ်ကျွန်းတွေနဲ့ ရေပေါ်ကျွန်းတွေပေါ်မှာ နေနေကြတာလေ... ဒီကျွန်းတွေက ရွှေ့ပြောင်းလို့ ရတယ်"

"နတ်ဘုရားနိုင်ငံတော်က တောင်ဘက်ကို ဆင်းလာရင်တောင် အလွန်ဆုံး ပင်လယ်ပြင်ကိုပဲ သိမ်းပိုက်နိုင်မှာပေါ့... လေပေါ်ကျွန်းတွေနဲ့ ရေပေါ်ကျွန်းတွေကို သူတို့က ဘယ်လိုလုပ် သိမ်းပိုက်လို့ ရမှာလဲ"

"ဝမ်ယွိအာ နဲ့ ဂျိမ်းစ် ဆီကို အကြောင်းကြားလိုက်ပါ... သူတို့လက်ထဲမှာရှိတဲ့ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်းတွေကို ငါတို့ရဲ့ ထိုက်ယန်တောင် ကျွန်းပတ်လည်ဆီကို ရွှေ့ပြောင်းလာဖို့ ပြောလိုက်"

"ဒါပေမဲ့ ဒီနှစ်ထဲမှာ ကျွန်မတို့တွေ အနောက်မြောက်ဘက်က အမြင့်ပိုင်း ဒေသတွေဆီကို ရွှေ့ပြောင်းရမယ်လို့ ရှင် ပြောထားတယ် မဟုတ်ဘူးလား" ဟု တင်းယန်က မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းယွမ်က စဉ်းစားလိုက်ပြီး "ဒါလည်း ဟုတ်တာပဲ... ဒါဆိုရင် ဒီလိုလုပ်... သူတို့ကို လောလောဆယ် အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်... ထိုက်ယန်တောင် ဘက်ကို အရှိန်မြှင့်ပြီး ငါတို့ အနောက်မြောက်ဘက်ဆီကို ရွှေ့ပြောင်းကြမယ်"

တင်းယန်က ကြားလျှင် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ ရှင်က အခုနောက်ပိုင်းမှ ဒီကိစ္စတွေကို သိပ်ပြီး စိတ်မဝင်စားတော့သလို ခံစားနေရတာလဲ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "တကယ်လည်း သိပ်ပြီး စိတ်မဝင်စားတော့ဘူး"

"ငါတို့ ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ... နောက်ဆုံးတော့ ဒီဂြိုဟ်ကြီးပေါ်မှာပဲ တိုက်ခိုက်နေရတာလေ"

"လုယက် တိုက်ခိုက်နေကြပေမဲ့ ဘာတွေများ ထူးခြားလာမှာမို့လို့လဲ"

"ဒီဂြိုဟ်ကြီးပေါ်မှာရှိတဲ့ ရေပေါ်ကျွန်းတွေ၊ လေပေါ်ကျွန်းတွေ အားလုံးက မင်းအပိုင် ဖြစ်သွားရင်တောင် ဘာတွေများ ဆက်ဖြစ်လာမှာလဲ"

"မိုးသည်းထန်တာက တစ်ရက်မှ မရပ်သရွေ့... ရေကြီးတာကလည်း တစ်ရက်မှ တက်တာ ရပ်မှာ မဟုတ်ဘူး... ကမ္ဘာမြေကြီးက အနှေးနဲ့အမြန် လုံးဝ ရေမြုပ်သွားမယ့် ကံကြမ္မာကနေ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး"

တင်းယန် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "ရှင်က ဘာလို့ ဒီလောက်တောင် အဆိုးမြင်နေရတာလဲ... ရေကြီးလို့ ဧဝရတ်တောင်ကြီး ရေမြုပ်သွားရင်တောင် ကျွန်မတို့မှာ လုံလောက်တဲ့ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်းတွေ ရှိနေသရွေ့တော့ ကျွန်မတို့ ရေနစ်သေမှာ မဟုတ်ဘူးလေ"

"ဒါက လေပေါ်ကျွန်းတွေနဲ့ ရေပေါ်ကျွန်းတွေရဲ့ အရေးပါမှုကို သက်သေမပြနိုင်ဘူးလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြန်ပြောသည်။ "မင်းက ကမ္ဘာမြေပေါ်က ရေဘေးအန္တရာယ်ကိုပဲ မြင်ပြီး... ဒီဂြိုဟ်ကြီးရဲ့ အပြင်ဘက်က အန္တရာယ်ကိုတော့ မမြင်ဘူး ဖြစ်နေတယ်"

"အင်း... ဂြိုဟ်ကြီးရဲ့ အပြင်ဘက် ဟုတ်လား" တင်းယန် အနည်းငယ် ကြောင်သွားပြီး အံ့ဩသွားသည်။

သူမက ဂြိုဟ်ကြီးအပြင်ဘက်က ကိစ္စတွေကို တကယ်ပဲ မစဉ်းစားမိခဲ့သည်မှာ သိသာထင်ရှားလှသည်။

လင်းယွမ်က ဆက်ပြောသည်။ "ငါ့ရဲ့ ရည်မှန်းချက်က ကမ္ဘာမြေပေါ်မှာ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး... ကောင်းကင်ယံမှာ တွဲလွဲခိုနေတဲ့ အဲဒီ အဆုံးအစမဲ့ မြစ်ရှည်ကြီးက တကယ်တော့ ဘာဖြစ်နေတာလဲ ဆိုတာကို ငါ သိချင်တာ"

"မင်း မေ့နေပြီလား... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရဲ့ အထက်မှာ စကြဝဠာကိုတောင် ဖြတ်သန်းသွားလာနိုင်တဲ့ ကြယ် နတ်ဘုရားတွေ ရှိနေသေးတယ်လေ"

"တစ်နေ့နေ့မှာ ကြယ် သားရဲကြီး တစ်ကောင်က နဂါးငွေ့တန်း ဂလက်ဆီ ဆီကို ရောက်လာခဲ့မယ်ဆိုရင်... သူက ပါးစပ်ကို အလွယ်တကူ ဟလိုက်ရုံနဲ့တင် ဂြိုဟ်တစ်လုံးကို ဝါးမျိုသွားနိုင်တယ်"

"ငါတို့တွေ ဒီနေရာမှာ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်းတွေကို လုယက် တိုက်ခိုက်နေကြတာက အဓိပ္ပာယ် ရှိသေးတယ်လို့ မင်း ထင်နေတုန်းပဲလား"

ထိုစကား ထွက်ပေါ်လာသည်နှင့် တင်းယန် ချက်ချင်း ကြောင်အမ်းသွားတော့သည်။

သူမက လင်းယွမ်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။ လင်းယွမ်က ဤမျှလောက်အထိ အဝေးကြီးကို စဉ်းစားထားလိမ့်မည်ဟု သူမ ထင်မထားခဲ့သည်မှာ သိသာလှသည်။

သူမက မသိစိတ်မှနေ၍ လွှတ်ခနဲ မေးလိုက်သည်။ "ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်လို့လား"

ထို့နောက် သူမက စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။ "အချိန်တိုအတွင်းမှာတော့ ဖြစ်မလာနိုင်လောက်ဘူး မဟုတ်လား"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ဒီလို ကံစမ်းချင်တဲ့ စိတ်မျိုး မထားနဲ့"

"ကမ္ဘာမြေရဲ့ အပြင်ဘက်က အဲဒီ အဆုံးအစမဲ့ မြစ်ရှည်ကြီးက အဲဒီနေရာမှာ တွဲလွဲခိုနေတာ နှစ်နှစ်တောင် ကြာခဲ့ပြီ"

"နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ... စကြဝဠာထဲက ကြယ် သားရဲကြီး တစ်ကောင်က အဲဒီ မြစ်ရှည်ကြီးရဲ့ ဘေးမှာ ရောက်နေလောက်ပြီလို့ ဘယ်သူကများ အတိအကျ ပြောနိုင်မှာလဲ"

"သူတို့တွေက မြစ်ကမ်းဘေးမှာ ရိုးရိုးလေး ဆူပူသောင်းကျန်းနေရင်တောင်... ငါတို့ရဲ့ ဒီဂြိုဟ်ကြီးကို အနည်းငယ်လေး ပွတ်တိုက်မိသွားခဲ့မယ်ဆိုရင်... ငါတို့အတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်မလဲ ဆိုတာ မင်း တွေးကြည့်စမ်းပါ"

တင်းယန်က လင်းယွမ်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိပြီး တစ်ခဏမျှ ပြောစရာ စကားလုံးများ ဆွံ့အသွားလေတော့သည်။

ဆက်ရန်...

အပိုင်း(၉၂၆) တင်းယန်၏ စိုးရိမ်ပူပန်မှု

"ကြယ်သားရဲဆိုတာ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ထက် ပိုမြင့်တဲ့အဆင့်လား"

"သူက အဲ့ဒီလောက်တောင် ကြီးတာလား... ဂြိုဟ်တစ်လုံးကိုတောင် မျိုချနိုင်တယ်ပေါ့"

တင်းယန်က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး မနေနိုင်ဘဲ မေးလိုက်၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တွေးကြည့်ရန် သူမအတွက် အမှန်တကယ် ခက်ခဲနေခဲ့သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်လျှင်ပင် အရွယ်အစားမှာ ပေ ၃၃၀ ခန့်သာ ရှိမည်ဖြစ်သည်။

သို့သော် ဂြိုဟ်တစ်လုံးနှင့် နှိုင်းယှဉ်လိုက်ပါက ဤအရွယ်အစားမှာ အလွန်သေးငယ်လွန်းလှပေသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်မှ ကြယ်နတ်ဘုရားအဆင့်သို့ တက်လှမ်းကာ ကြယ်သားရဲကြီး ဖြစ်လာချိန်တွင် အဘယ်ကြောင့် ဤမျှ ကြီးမားသော ပြောင်းလဲမှု ဖြစ်သွားရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ဖြစ်နေမိသည်။

လင်းယွမ်ကလည်း ခေါင်းခါယမ်းလိုက်ပြီး "ကြယ်သားရဲ ဘယ်လောက်ကြီးလဲ ဆိုတာကို ငါလည်း မမြင်ဖူးသေးဘူး"

"ဒါပေမဲ့ ယင်ယွိနဲ့ ကျင်းဖုန်းတို့ကတော့ သိလောက်တယ်... သူတို့ပြောစကားအရဆိုရင် ကြယ်သားရဲရဲ့ အရွယ်အစားက သူတို့ အဆင့်တက်ချိန်မှာ စုပ်ယူသန့်စင်ခဲ့တဲ့ ဂြိုဟ်အမြူတေ အရည်အသွေးပေါ် မူတည်တယ်တဲ့"

"ဂြိုဟ်အမြူတေ အရည်အသွေး"

"ဂြိုဟ်တွေရဲ့ အမြူတေကို ဆိုလိုတာ... အတိုကောက်အနေနဲ့ ဂြိုဟ်အမြူတေပေါ့... ရေပေါ်ကျွန်းတွေထဲက နှလုံးအမြူတေကို ပြောတာ မဟုတ်ဘူး"

"သူတို့ပြောပုံအရဆိုရင် ဂြိုဟ်အမြူတေတွေမှာ ပါဝင်တဲ့ စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု မတူကြဘူး... အဲ့ဒါကို စုပ်ယူသန့်စင်ပြီးတဲ့အခါ ကြယ်သားရဲရဲ့ ခန္ဓာကိုယ် အရွယ်အစားပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ရှိသွားတာပဲ"

"ဒါကြောင့် ငါစိုးရိမ်နေတာက နတ်ဘုရားနိုင်ငံတော်ကိုလည်း မဟုတ်ဘူး... တောင်ပိုင်းအရိပ်နိုင်ငံကိုလည်း မဟုတ်ဘူး... ငါ ပူပန်နေတာက အဲ့ဒီလိုအဆင့်ရှိတဲ့ ကြယ်သားရဲကြီးသာ ဂလက်ဆီထဲကို ရောက်လာပြီး ကမ္ဘာမြေကို မျက်စိကျသွားခဲ့ရင် သူ ကမ္ဘာမြေကြီးကို မျိုချသန့်စင်သွားတာကို ငါတို့ မျက်စိသူငယ်နဲ့ ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်မှာကိုပဲ... ငါတို့မှာ ခုခံနိုင်မယ့် နည်းလမ်းမှ မရှိတာ"

"ငါဆိုလိုတာကို မင်း နားလည်လား"

တင်းယန်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး "ရှင်က... ကျွန်မ တကယ်ကို တွေးမထားမိဘူး... ရှင်က ကမ္ဘာအပြင်ဘက်က ကိစ္စတွေကိုတောင် စဉ်းစားနေပြီလား"

ထို့နောက် သူမက ရုတ်တရက် သတိဝင်လာကာ လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး "ရှင်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်တော့မှာမို့လား"

ထိုအချက်ကို သူမ ရိပ်မိသွား၏။ အကယ်၍သာ ဤအဆင့်သို့ မရောက်ရှိသေးပါက လင်းယွမ်အနေဖြင့် ဤအကြောင်းအရာများကို တွေးတောနေမည် မဟုတ်ပေ။

ထိုအဆင့်နှင့် နီးစပ်လာမှသာ ဤပြဿနာများကို သူ ထည့်သွင်းစဉ်းစားလာခြင်း ဖြစ်ပေမည်။

လင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။ "ရောက်တော့မယ်... ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်က ၉၇ ရာခိုင်နှုန်းအထိ ရောက်နေပြီ"

"ဘာ"

တင်းယန် အလွန်တရာ အံ့အားသင့်သွားပြီး လင်းယွမ်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။ "၉၇ ရာခိုင်နှုန်း ဟုတ်လား... ရှင်... ရှင် ဘယ်လိုများ လေ့ကျင့်လိုက်တာလဲ"

ယခုအချိန်အထိ သူမ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်မှာ ၅၃ ရာခိုင်နှုန်းသာ ရှိသေးသည် မဟုတ်ပါလော။

လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်က သူမထက် နှစ်ဆနီးပါး ပိုမို များပြားနေပေသည်။

သူမကိုယ်သူမ လုံလောက်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်ဟု ယူဆထားခဲ့သည်။

သူမသည် နေ့စဉ်ရက်ဆက်လိုလို စွမ်းအင်စုဝေးအဆောက်အအုံ ထဲတွင်သာ အချိန်ဖြုန်းနေခဲ့ပြီး သူမ၏ လေ့ကျင့်ချိန်မှာ လူအများစုထက် သေချာပေါက် ပိုများနေခဲ့သည်။

သို့တိုင်အောင် လင်းယွမ်နှင့် သူမကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းမသွားသည့်အပြင် ပို၍ပင် ကြီးမားလာခဲ့ချေပြီ။

ဤအရာက သူမကို အဘယ်သို့ မအံ့သြဘဲ နေနိုင်ပါမည်နည်း။

လင်းယွမ်က ရယ်မောလိုက်ပြီး "ငါနဲ့ မယှဉ်နဲ့လေ... ငါ့ရဲ့ သန္ဓေပြောင်းအစွမ်းက နည်းနည်း ထူးခြားတယ်"

တင်းယန် ချက်ချင်းပင် တိတ်ဆိတ်သွား၏။ လင်းယွမ်နှင့် အရင်းနှီးဆုံး သူတစ်ယောက်အနေဖြင့် လင်းယွမ်၏ သန္ဓေပြောင်းအစွမ်း ထူးခြားမှုကို သူမ စောစောကတည်းက ရိပ်မိပြီးသား ဖြစ်သည်။

မိန်တုဥယျာဉ် တိုက်ခန်းတွင် ရှိနေစဉ်ကတည်းက လူတိုင်း ဤအချက်ကို သတိထားမိခဲ့ကြသည်။

အစောပိုင်းကာလများက လင်းယွမ်သည် ဟင်းလင်းပြင် အစွမ်းကို ပိုင်ဆိုင်ထားပြီး အစားအသောက်များ ပုပ်သိုးသွားမည်ကို စိုးရိမ်စရာမလိုဘဲ အမြောက်အမြား သိမ်းဆည်းထားနိုင်ကြောင်း အပြင်လူများကို ပြောဆိုခဲ့သည်။

သို့သော် မကြာမီမှာပင် လင်းယွမ်က သူ၏ ကြီးမားသော ခွန်အား၊ အံ့မခန်း အလျင်နှင့် သာမန်လူထက် သာလွန်သော ခန္ဓာကိုယ်ကြံ့ခိုင်မှု စသည်တို့ကို ထုတ်ဖော်ပြသခဲ့ပြန်သည်။

ဤအရာများသည် ဟင်းလင်းပြင် အစွမ်းကြောင့် ရရှိလာသော တိုးတက်မှုများ လုံးဝ မဖြစ်နိုင်ပေ။

ထိုအချိန်မှစ၍ တင်းယန်တို့သည် လင်းယွမ်၏ အစစ်အမှန် သန္ဓေပြောင်းအစွမ်းကို သံသယဝင်ခဲ့ကြသည်။

သို့သော် သန္ဓေပြောင်းအစွမ်းဆိုသည်မှာ လူတစ်ဦးချင်းစီ၏ အထူးအလျှို့ဝှက်ဆုံး ကိစ္စရပ်များနှင့် သက်ဆိုင်နေပေသည်။

လင်းယွမ်၏ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည့်တိုင် သူမ နှုတ်မှဖွင့်၍ တစ်ခါမျှ မမေးမြန်းခဲ့ဖူးချေ။

သို့ရာတွင် လင်းယွမ်၏ သန္ဓေပြောင်းအစွမ်းမှာ အလွန်ထူးခြားကြောင်းကို လူတိုင်း သိထားကြသည်။

ထိုက်ယန်တောင်သို့ ရောက်ပြီးနောက်ပိုင်းတွင် လင်းယွမ် ပိုင်ဆိုင်လာသော အစွမ်းများမှာ ပို၍ပင် များပြားလာခဲ့သည်။

ဟင်းလင်းပြင် အစွမ်းသာမက စိတ်စွမ်းအင်၊ မီးဓာတ်၊ မြေလျှိုးအစွမ်း စသည်တို့ကိုပါ သူက လွယ်ကူစွာ အသုံးပြုနိုင်လာသည်။

ရိုးရိုးသားသား ပြောရလျှင် လင်းယွမ်က သန္ဓေပြောင်းအစွမ်း မျိုးစုံကို သင်ယူနိုင်သည်ဟုပင် တင်းယန် တစ်ခဏမျှ ထင်မှတ်ခဲ့ဖူးသည်။

ကျင်းရှီရုံ ၏ ပုံတူကူးချအစွမ်း အကြောင်းကို ကြားပြီးနောက်တွင်မူ လင်းယွမ်သည်လည်း ထိုကဲ့သို့သော အစွမ်းမျိုးကို ပိုင်ဆိုင်ထားသည်ဟု သူမ အသေအချာ ယုံကြည်သွားခဲ့သည်။

သို့တိုင်အောင် သူမ နှုတ်မှဖွင့်၍ မမေးခဲ့သေးပေ။

ယခုမှသာ လင်းယွမ်က သူ၏ သန္ဓေပြောင်းအစွမ်းမှာ ထူးခြားကြောင်း သူမရှေ့တွင် ပထမဆုံးအကြိမ် ဝန်ခံလာခြင်း ဖြစ်သည်။

တင်းယန်က လင်းယွမ်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရယ်မောလိုက်ကာ "တချို့လူတွေက မွေးကတည်းကကို ထူးခြားဖို့ အကြောင်းဖန်လာတာပါ"

"ဟိုတုန်းက မိန်တုဥယျာဉ်မှာ ရှင်နဲ့ ပထမဆုံး စတွေ့ကတည်းက ရှင်က တခြားလူတွေနဲ့ မတူဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်"

"နည်းနည်းလေး နှာဘူးကျပေမဲ့ ရှင်က သတိကြီးတယ်... ပြီးတော့ ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိတယ်"

"ရှင်နဲ့ စသိကတည်းက ကပ်ဘေးကြီးအပေါ် ရှင့်ရဲ့ သဘောထားက တခြားလူတွေလို စိတ်ပျက်အားငယ်နေတာမျိုး မရှိဘူးလို့ ခံစားရတယ်"

"ရှင့်ဘေးမှာ ရှိနေရင် ရှင်က ဘယ်လို အခက်အခဲကိုမဆို ကျော်လွှားနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုး အမြဲတမ်း ရနေတတ်တယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်က ပြုံးလိုက်ပြီး "အဲ့ဒီလိုလား"

"ဟုတ်တယ်... ရှင်ကိုယ်တိုင် မသိလို့နေမှာပါ... အစောဆုံး အချိန်တွေတုန်းက ကျွန်မက ရှင့်ဆီက အဲ့ဒီ အရည်အသွေးလေးကို သဘောကျသွားခဲ့တာ" တင်းယန်က အလေးအနက် ပြောလိုက်သည်။

လင်းယွမ်က သူမကို ညင်သာစွာ ဖက်ထားလိုက်ပြီး "ပြောစမ်း... အစကတည်းက မင်းက ကိုယ့်ကို မျက်စိကျနေခဲ့တာပေါ့လေ" ဟု ရယ်မောရင်း ပြောလိုက်သည်။

တင်းယန်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် တိုးညင်းသော အသံဖြင့် "ကျွန်မ တကယ် နောင်တရမိတယ်... အဲ့ဒီတုန်းက ရှင့်အိမ်ပေါက်ဝကို စောစောလေး ပြေးသွားခဲ့သင့်တာ... ရန်မေထက်သာ ကျွန်မက ရှင့်ကို အရင်သိခဲ့ရင် ရှင့်ရင်ထဲမှာ ကျွန်မက အရေးအကြီးဆုံးလူ ဖြစ်နေမှာလား"

"အခုလည်း မင်းက ကိုယ့်ရင်ထဲမှာ အရေးအကြီးဆုံးလူပါပဲ"

"တော်ပါတော့... ဒီလိုစကားမျိုးနဲ့ ဆုန့်ဝမ် တို့ တုံယန် တို့ကို လိမ်လို့ရပေမဲ့ ကျွန်မက ရှင့်အကြောင်း မသိဘူးများ မှတ်နေလား... ရန်မေ ကမှ ရှင့်ရဲ့ အသည်းနှလုံးလေးပါနော်"

လင်းယွမ်က သူမကို အလေးအနက် ကြည့်လိုက်ပြီး "မင်းတို့အားလုံးက ကိုယ့်ရင်ထဲမှာတော့ အရေးအကြီးဆုံးတွေချည်းပါပဲ... ဘယ်သူမှ မပါလို့ မဖြစ်ဘူး"

တင်းယန်က သူနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ သူ၏ မျက်ဝန်းထဲမှ လေးနက်မှုကို မြင်တွေ့လိုက်ရပြီး သူမ၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းလုံးလေး တစ်ခု ဖြတ်သန်းသွားသည်။

သူမက စကားလမ်းကြောင်း လွှဲလိုက်ပြီး "ကဲပါ... ရှင့်ကို ကျွန်မ ယုံပါပြီ"

"ဒါနဲ့ ရှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အချိန်ဘယ်လောက်လောက် ထပ်ကြာဦးမယ်လို့ ထင်လဲ"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး "သုံးလလောက်ပေါ့"

"သုံးလ"

တင်းယန် အံ့အားသင့်သွားပြီး မယုံနိုင်သလို ဖြစ်သွားသည်။

"ဘယ်လိုလုပ် အဲ့ဒီလောက် ကြာရတာလဲ... ၉၇ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းဆိုတော့ ၃ ရာခိုင်နှုန်းပဲ ကွာတော့တာလေ... ဘာလို့ အဲ့ဒီလောက် ကြာမှာလဲ"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "နောက်ပိုင်း ရောက်လေလေ လေ့ကျင့်ရတာ ပိုခက်လာလေလေပဲ... မင်းလည်း နောက်ပိုင်း ရောက်လာရင် သိလာလိမ့်မယ်"

တင်းယန် ခေတ္တမျှ စကားဆွံ့အသွားပြီး မနေနိုင်ဘဲ ထပ်မေးလိုက်သည်။ "ရှင်တောင် အဲ့ဒီလောက် ကြာနေမှတော့ ကျွန်မဆိုရင် ဘယ်လောက်တောင် ကြာလိုက်မလဲ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် ၉၀ ရာခိုင်နှုန်း အထက်ကို ရောက်သွားရင် အလွန်ကို ခက်ခဲသွားတတ်တယ်... တစ်လကို တစ်ရာခိုင်နှုန်း တက်တာက တော်တော်လေး မြန်တဲ့နှုန်းလို့ ဆိုရမယ်"

"တကယ်လို့ လေ့ကျင့်ခြင်း အထောက်အကူပြု ပစ္စည်းတွေသာ မရှိဘူးဆိုရင် တစ်လကို တစ်ရာခိုင်နှုန်း တက်ဖို့တောင် ခက်ခဲလိမ့်မယ်"

"မင်းက စွမ်းအင်စုဝေးအဆောက်အအုံ ထဲမှာ မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ အကူအညီနဲ့ဆိုတော့ တစ်လကို တစ်ရာခိုင်နှုန်းလောက် တက်နိုင်တဲ့နှုန်းကိုတော့ ထိန်းထားနိုင်လောက်ပါတယ်"

တင်းယန်က တိတ်တဆိတ် တွက်ချက်ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ "ဒါဆို ၉၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိရောက်ဖို့ သက်သက်ကိုပဲ ဆယ်လလောက် ကြာမှာပေါ့ ဟုတ်လား"

လင်းယွမ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး "ကြာလောက်တယ်"

တင်းယန် မနေနိုင်ဘဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိကာ အလွန်တရာ ကြာညောင်းလှသည်ဟု ခံစားလိုက်ရသည်။

"အမြန် တက်နိုင်မယ့် နည်းလမ်းရော မရှိဘူးလား"

လင်းယွမ်က စဉ်းစားလိုက်ပြီး "ငါ နည်းလမ်းရှာကြည့်ပါ့မယ်... မကြာခင် သုတေသနဌာနကို အချိန်နည်းနည်းပေးပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထောက်အကူပြု လေ့ကျင့်ရေးပစ္စည်း အသစ်တွေကို တီထွင်ခိုင်းလိုက်မယ်"

တင်းယန်က မတတ်သာသည့်ဟန်ဖြင့် "အဲ့ဒါဆို ဘယ်တော့များမှ ပြီးမှာလဲ"

လင်းယွမ်က ရယ်မောလိုက်ပြီး "ဒီလိုကိစ္စမျိုးက လောလို့မရဘူးလေ... စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဖြည်းဖြည်းချင်း သွားရမှာပေါ့"

သူတို့နှစ်ဦး စကားပြောနေရင်းဖြင့် တင်းယန်သည် လင်းယွမ်နှင့် သူမကြားရှိ ကွာဟချက်ကို လုံးဝ နားလည် သဘောပေါက်သွားတော့သည်။

သို့သော် လင်းယွမ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ကျော်လွန်ကာ ကြယ်နတ်ဘုရား အဆင့်သို့ ဝင်ရောက်သွားပြီးနောက် ကမ္ဘာမြေမှ ထွက်ခွာသွားရနိုင်ခြေများကြောင်း သိလိုက်ရချိန်တွင် သူမ ချက်ချင်းပင် စိုးရိမ်လာပြန်သည်။

"ရှင် ကြယ်နတ်ဘုရား အဆင့်ကို ရောက်သွားရင် ကမ္ဘာမြေမှာ ဆက်နေလို့ မရတော့ဘူးလား"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ငါလည်း မသိဘူး... ဒါက ကျင်းဖုန်း နဲ့ ယင်ယွိ တို့ ပြောတာ"

"သူတို့နှစ်ယောက်က ရှေးခေတ်ကတည်းက အခုချိန်အထိ အသက်ရှင်လာခဲ့ကြတာဆိုတော့ လိမ်ပြောစရာတော့ အကြောင်းမရှိဘူး"

"ပြီးတော့ သူတို့ရဲ့ သုံးသပ်ချက်အရဆိုရင်လည်း အဲ့ဒီလို ဖြစ်နိုင်ခြေ ရှိနေတယ်"

"ဘာလို့လဲ" တင်းယန်က အလျင်စလို မေးလိုက်သည်။

လင်းယွမ်က ကြယ်သားရဲများသည် ဂြိုဟ်အမြူတေကို သန့်စင်ပြီး မိမိတို့ကိုယ်ပိုင် နှလုံးအမြူတေအဖြစ် ဖွဲ့စည်းရန် လိုအပ်ကြောင်းကို ချက်ချင်း ရှင်းပြလိုက်သည်။

တင်းယန် ကြားပြီးသွားသောအခါ ရေပေါ်ကျွန်း များနှင့် လေပေါ်ကျွန်း များရှိ နှလုံးအမြူတေ၊ ဦးနှောက်အမြူတေ များနှင့် ချက်ချင်း ဆက်စပ်တွေးမိသွားသည်။

ထပ်မံ စဉ်းစားကြည့်ရာ ဤလေပေါ်ကျွန်းများနှင့် ရေပေါ်ကျွန်းများသည် ယခင်က ကြယ်သားရဲကြီးများ သေဆုံးသွားပြီးနောက် ကမ္ဘာမြေ၏ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။

၎င်းတို့သည် အာကာသထဲမှနေ၍ ကမ္ဘာမြေဆီသို့ စုပ်ယူခံလိုက်ရကာ ရေပေါ်ကျွန်းများနှင့် လေပေါ်ကျွန်းများ အဖြစ် ဖြစ်တည်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ဤကြယ်သားရဲများ သေဆုံးသွားပြီးနောက် ရေပေါ်ကျွန်းများနှင့် လေပေါ်ကျွန်းများ ဖြစ်လာကြခြင်းပေတည်း။

လူသားများအတွက်မူ လူတိုင်း၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ အမှန်တကယ်တွင် သူတို့ ခြေအောက်ရှိ ဤရေပေါ်ကျွန်းများ၏ လမ်းကြောင်းအတိုင်းပင် ဖြစ်သည်။

အနာဂတ် လူသားများသည် လေပေါ်ကျွန်းများကဲ့သို့ ကြီးမားလှသော ကြယ်သားရဲများအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည်လား။

တစ်ခဏမျှ သူမ အလွန်တရာ အံ့အားသင့်သွားပြီး ရင်ထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

"ဒါပေမဲ့ မဟုတ်သေးဘူးလေ... ရေပေါ်ကျွန်း တွေက ကြယ်သားရဲတွေရဲ့ အလောင်းအကြွင်းအကျန်တွေ ဆိုရင် ဘာလို့ သူတို့က ကမ္ဘာမြေပေါ် ရောက်လာနိုင်ပြီး ရှင်ကျတော့ အနာဂတ်မှာ ကြယ်သားရဲအဖြစ် လေ့ကျင့်ပြီး ကြယ်နတ်ဘုရား ဖြစ်လာရင် ပြန်လာလို့ မရတော့တာလဲ"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ဒီကိစ္စကိုတော့ ငါလည်း သေချာ မသိဘူး... ဒါပေမဲ့ ငါထင်တာကတော့ ဒါက နှလုံးအမြူတေ ရဲ့ စွမ်းရည်နဲ့ သက်ဆိုင်လောက်တယ်"

"နှလုံးအမြူတေ ပိုအားကောင်းလေ ကြယ်သားရဲရဲ့ အရွယ်အစားက ပိုကြီးလာလေဖြစ်ပြီး သူ့ကိုယ်ပိုင် ဆွဲငင်အား စက်ကွင်းကလည်း ပိုအားကောင်းလာလေပဲ"

"အတိုင်းအတာ တစ်ခုအထိ အားကောင်းလာပြီဆိုရင် ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းနဲ့ တွန်းကန်တာ ဒါမှမဟုတ် ဆွဲငင်တာမျိုးတွေ ဖြစ်လာနိုင်တယ်"

"ဂြိုဟ်နှစ်လုံး အချင်းချင်း အရမ်းနီးကပ်သွားရင် တစ်လုံးက နောက်တစ်လုံးဆီကို စုပ်ယူဆွဲငင်ခံရသလိုမျိုးပေါ့... အဲ့ဒီအခါ နှစ်လုံး ဝင်တိုက်ပြီး ပျက်စီးသွားတာမျိုး ဖြစ်နိုင်သလို... ဒါမှမဟုတ် နောက်ဂြိုဟ်တစ်လုံးရဲ့ ဆွဲငင်အားစက်ကွင်းထဲကနေ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘဲ သူ့ရဲ့ အရံဂြိုဟ်လေး ဖြစ်သွားတာမျိုးပေါ့"

တင်းယန်က သေချာ စဉ်းစားလိုက်ပြီး "လ နဲ့ ကမ္ဘာမြေ ရဲ့ ဆက်စပ်မှုမျိုးလား" ဟု မေးလိုက်သည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ "ခပ်ဆင်ဆင်ပဲ"

"အဲ့ဒါဆိုလည်း ကောင်းတာပဲလေ... အနည်းဆုံးတော့ လ က ကမ္ဘာမြေကြောင့် ပျက်စီးမသွားဘူး မဟုတ်လား"

"ဒါပေမဲ့ လ က ကမ္ဘာမြေမျက်နှာပြင်ပေါ်ကို ဘယ်တော့မှ ရောက်မလာနိုင်တော့ဘူးလေ... ပြီးတော့ လ က ကမ္ဘာမြေရဲ့ ဆွဲငင်အားကနေ ဘယ်တော့မှလည်း ရုန်းထွက်နိုင်မှာ မဟုတ်ဘူး" လင်းယွမ်က ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။

တင်းယန်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒါက အမှန်တကယ်ပင်။

သို့သော် သူမ၏ စိတ်ကူးထဲတွင် နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြန်သည်။ "ဒါနဲ့... ကြယ်နတ်ဘုရား အဆင့်ကို ရောက်သွားရင် လူသားပုံစံ ပြန်ပြောင်းလို့ မရတော့ဘူးလား"

ထိုစကားကို ကြားသောအခါ လင်းယွမ်လည်း မျက်မှောင်ကြုတ်သွားသည်။

"ဒါကိုတော့... ငါလည်း မသိဘူး"

"အများကြီး တွေးမနေပါနဲ့တော့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ရောက်အောင် လေ့ကျင့်ပြီးသွားရင် မျိုးရိုးဗီဇထဲမှာ ပါလာတဲ့ အမွေအနှစ် အချက်အလက်တွေက အကုန်လုံးကို အဖြေပေးသွားမှာပါ"

"ဒါပေမဲ့ တကယ်လို့ အဲ့ဒီအချိန်ရောက်လာခဲ့ရင် ရှင်က ကျွန်မတို့ကို ထားခဲ့ရက်မှာလား... တစ်ယောက်တည်း စကြဝဠာထဲ လေလွင့်နေမှာလား" တင်းယန် မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "စိတ်ချပါ... ကိုယ် လွယ်လွယ်နဲ့ အဆင့်တက်မှာ မဟုတ်ပါဘူး"

"ကိုယ် လိုချင်တာက အချိန်မရွေး ကမ္ဘာမြေကနေ ထွက်ခွာသွားနိုင်တဲ့ စွမ်းရည်မျိုးပါ... ချက်ချင်းကြီး ကမ္ဘာမြေကနေ ထွက်သွားမယ်လို့ ဆိုလိုတာ မဟုတ်ဘူး"

"စိတ်ချရတဲ့ နည်းလမ်းမရသေးခင်အထိ ကိုယ် ထွက်သွားမှာ မဟုတ်ပါဘူး... စိတ်ချလက်ချသာ နေပါ"

တင်းယန် ထိုစကားကို ကြားမှသာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

သူမက ခဏစဉ်းစားလိုက်ပြီး "ဒီလိုဆိုရင်ရော... တကယ်လို့ ကြယ်နတ်ဘုရား ဖြစ်သွားရင် ပြန်လာလို့မရတော့ဘူးဆိုရင် ရှင်က ကျွန်မကို တစ်နှစ်လောက် စောင့်ပေးလေ... ကျွန်မလည်း ကြယ်နတ်ဘုရား ဖြစ်အောင် လေ့ကျင့်မယ်"

"အဲ့ဒီအချိန်ကျရင် ကျွန်မတို့နှစ်ယောက် အာကာသထဲ အတူတူ ဝင်သွားကြမယ်... စကြဝဠာထဲက ချစ်သူစုံတွဲလေး ဖြစ်သွားတာလည်း မဆိုးပါဘူး"

သူမ ဤနေရာအထိ ပြောပြီးသွားသောအခါ သူမကိုယ်တိုင်ပင် သဘောကျကာ တစ်ခစ်ခစ်ရယ်မောလိုက်မိသည်။

လင်းယွမ်လည်း လိုက်၍ ရယ်မောလိုက်မိပြီး ချစ်တင်းနှီးနှောလိုစိတ်များ ပြင်းထန်လာသဖြင့် မနေနိုင်တော့ဘဲ အိပ်ခန်းထဲသို့ ဝင်သွားကြလေတော့သည်။

ဆက်ရန်...

All Chapters