← Chapters

အခန်း (၉၂၉-၉၃၀)

Vol. 47 Ch. 929-930

အခန်း (၉၂၉-၉၃၀)

Vol. 47 Ch. 929-930

အပိုင်း (၉၂၉) ကျွမ်းရှုယွမ်လည်း ကလေးလိုချင်နေသည်

တကယ်တမ်းတွင် ရန်ဆန်းမင်နှင့် အခြားသူများ၏ လေ့လာမှုအရ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မြင့်လေလေ၊ သာမန် အစွမ်းပိုင်ရှင်များနှင့် ကိုယ်ဝန်ရနိုင်ခြေ နည်းလေလေ ဖြစ်သည်။

ရန်ဆန်းမင်၏ ခန့်မှန်းချက်အရ ၎င်းသည် ဆင့်ကဲပြောင်းလဲမှု အဆင့်အတန်းနှင့် သက်ဆိုင်နိုင်ခြေရှိသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် အစွမ်းပိုင်ရှင်များသည် လုံးဝကွဲပြားခြားနားသော သက်ရှိမျိုးစိတ်တစ်ခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအချိန်တွင် ကြယ်စင်နတ်ဘုရားအဆင့်ရှိ အစွမ်းပိုင်ရှင်များနှင့် သာမန် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်များကြားတွင် မျိုးပွားခြင်းဆိုင်ရာ ကန့်သတ်ချက်များပင် ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် တင်းယန်၊ လင်းယာနှင့် တုံယန်တို့သည် တကယ်တမ်းတွင် အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။

အထူးသဖြင့် တင်းယန်ပင်။ လင်းယွမ်၏ ကျင့်ကြံမှု တိုးတက်နှုန်းကို သူမ သိရှိထားပြီး မကြာမီအချိန်အတွင်း ကြယ်စင်နတ်ဘုရားအဆင့်သို့ ထိုးဖောက်ဝင်ရောက်ကာ ဤကမ္ဘာဂြိုဟ်မှ ထွက်ခွာသွားနိုင်ခြေ ရှိနေသောကြောင့် သူမက သဘာဝကျကျ ပို၍ပင် စိုးရိမ်နေမိသည်။

လင်းယာသည်လည်း သူမ၏ အသက်အရွယ်ကြောင့် အတော်လေး စိုးရိမ်ပူပန်နေရှာသည်။

ကပ်ဘေးမတိုင်မီကဆိုလျှင် သူမက အသက်ကြီးမှ အိမ်ထောင်မကျဘဲ ကျန်ရစ်နေမည့် အမျိုးသမီးစာရင်းထဲတွင် အတိအကျ ပါဝင်နေပေလိမ့်မည်။

သေချာသည်မှာ အစွမ်းများ ပေါ်ပေါက်လာသည်နှင့်အမျှ အစွမ်းပိုင်ရှင်များအတွက် အသက်အရွယ်ဆိုသည်မှာ ဂဏန်းအရေအတွက် တစ်ခုသာဖြစ်သွားပြီး အိုမင်းရင့်ရော်ခြင်းကို ကိုယ်စားမပြုတော့ပေ။

အဒေါ်ကြီးလီဆိုလျှင် အသက် ခြောက်ဆယ် ရှိနေပြီဖြစ်သော်လည်း အစွမ်းနိုးထလာပြီးနောက်ပိုင်း တဖြည်းဖြည်း ပို၍ နုပျိုလာခဲ့သည်။

ယခု ကြည့်လိုက်လျှင် အသက် လေးဆယ်အရွယ်ခန့်နှင့်ပင် ဆင်တူနေပြီ ဖြစ်သည်။

မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းက အစွမ်းများ တိုးတက်လာစေရုံသာမက လူ့ခန္ဓာကိုယ်၏ လုပ်ဆောင်ချက် အသီးသီးကိုလည်း လျင်မြန်စွာ တိုးတက်ကောင်းမွန်လာစေသည်။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်းမှာလည်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

လင်းယွမ်ကလည်း သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းကို တမင်တကာ နှေးကွေးစေခဲ့ပြီး ဤရက်ပိုင်းအတွင်း သူ၏ အမျိုးသမီးများနှင့်သာ အချိန်ဖြုန်းနေခဲ့သည်။

တစ်နေ့တွင် လင်းယွမ်က ခေါင်းဆောင်စံအိမ်၌ စာရွက်စာတမ်းများကို ဖြေရှင်းနေစဉ် ဖြစ်သည်။

အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

တံခါးဝဆီမှ သင်းပျံ့သော ရနံ့တစ်ခု လွင့်ပျံလာ၏။

လင်းယွမ် မော့ကြည့်လိုက်သောအခါ ပခုံးဖော်ထားသည့် နှင်းဆီရောင် ချီပေါင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းရှုယွမ်က တံခါးဝတွင် မှီရပ်နေသည်ကို တွေ့လိုက်ရသည်။ နှင်းဆီရောင် ချီပေါင်းဝတ်စုံ၏ အလင်းဟပ်မှုအောက်တွင် သူမ၏ ဖြူဖွေးနုနယ်သော အသားအရေက ကြွေထည်တစ်ခုပမာ ချောမွေ့ဝင်းလက်နေသည်။

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ"

ကျွမ်းရှုယွမ်က ခါးလေးကို ယိမ်းနွဲ့ကာ ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး မေးလိုက်၏။ "မကြာသေးခင်က ဝန်ကြီးဆုန့် ကိုယ်ဝန်ရှိနေတယ်လို့ ကျွန်မ ကြားလိုက်တယ်"

လင်းယွမ်က ရယ်မောလိုက်သည်။ "သတင်းအချက်အလက်ပိုင်းကို တာဝန်ယူထားတဲ့ ကြီးကြပ်ရေးအဖွဲ့ ဝန်ကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီကိစ္စကို အခုမှ သိရတာလဲ"

ကျွမ်းရှုယွမ်က စားပွဲဘေးသို့ လျှောက်သွားကာ လင်းယွမ်အတွက် ရေတစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးရင်း ပြုံးလိုက်သည်။ "အခုမှ သိတာတော့ မဟုတ်ပါဘူး... သတင်းကို ကျွန်မ စောစောကတည်းက သိထားတာပါ... ဒါပေမဲ့ ရှင့်ကို တွေ့ဖို့ အခွင့်အရေး မရခဲ့လို့ပါ"

"ရှင် ခေါင်းဆောင်စံအိမ်ကို လာတာ ရှားရှားပါးပါးမို့လို့ ချက်ချင်းပဲ အပြေးလေး လာခဲ့ရတာလေ"

သူမ၏ မျက်နှာပေါ်တွင် နာကြည်းဝမ်းနည်းနေဟန် အမူအရာလေး ပေါ်လာပြီး လင်းယွမ်က သူမနှင့် မတွေ့ဖြစ်သည်မှာ အလွန်ကြာမြင့်နေပြီဟု အပြစ်တင်နေသကဲ့သို့ ရှိသည်။

သို့သော် လင်းယွမ်ကမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။ ကျွမ်းရှုယွမ်သည် အချစ်ကြောင့် မိုက်ရူးရဲတတ်သည့် အမျိုးသမီးမျိုး မဟုတ်မှန်း သူ သိထားသည်။

ဤအမျိုးသမီးက စံပြ ရည်မှန်းချက်ကြီးမားသူ တစ်ဦးဖြစ်ပြီး အချစ်ရေး ကိစ္စများအတွက်နှင့်တော့ သက်ပြင်းချ ငြီးတွားနေမည် မဟုတ်ပေ။

လင်းယွမ်က မေးလိုက်သည်။ "ပြောစရာရှိတာကို ပြော"

"အလိုက်ကို မသိဘူး" ကျွမ်းရှုယွမ်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဘေးတွင် ထိုင်ကာ ပြောလိုက်သည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မြင့်တဲ့ အစွမ်းပိုင်ရှင်တွေက ကိုယ်ဝန်ရဖို့ ပိုခက်ခဲတယ်လို့ ဒေါက်တာရန် ပြောတာ ကြားတယ်... အဲ့ဒီကိစ္စက တကယ်ပဲလား"

လင်းယွမ်က ခေါင်းမော့၍ သူမကို တစ်ချက် ကြည့်လိုက်ပြီး "အဲ့ဒီလို ပြောကြတာတော့ ရှိတယ်" ဟု ပြန်ဖြေလိုက်သည်။

ကျွမ်းရှုယွမ်၏ မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြသည့် အရိပ်အယောင်များ ပေါ်လာသည်။ "အဲ့ဒါ ဘာဖြစ်လို့လဲ"

"ဘာလို့လဲဆိုတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မြင့်လေလေ... အစွမ်းပိုင်ရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းက ပိုမြန်လေလေ ဖြစ်နေတာကို သက်သေပြနေလို့ပဲ... အဲ့ဒါက သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ မျိုးရိုးဗီဇ ပုံစံတွေ ပြောင်းလဲသွားပြီး သာမန် အစွမ်းပိုင်ရှင်တွေနဲ့ ကွဲပြားသွားပြီဆိုတာကို ကိုယ်စားပြုနေတယ်"

"လူနှစ်ယောက်ရဲ့ မျိုးရိုးဗီဇတွေက မတူညီတော့တဲ့အတွက် မျိုးဆက်ပွားနိုင်ခြေကလည်း သဘာဝကျကျ တဖြည်းဖြည်း နည်းပါးသွားတာပေါ့"

ကျွမ်းရှုယွမ်က သံသယဝင်စွာဖြင့် မေးလိုက်သည်။ "ဒါဆိုရင် ကြယ်စင်နတ်ဘုရားအဆင့် ရောက်သွားပြီးရင် ကလေး လုံးဝ မရနိုင်တော့ဘူးပေါ့"

လင်းယွမ်က "သာမန် အစွမ်းပိုင်ရှင်တွေနဲ့ ယူရင်တော့ ကလေးမရနိုင်တော့ဘူးပေါ့... အဆင့်တူ အစွမ်းပိုင်ရှင်ချင်း ဆိုရင်တော့ ရနိုင်ကောင်း ရနိုင်သေးတယ်" ဟု ပြောလိုက်သည်။

ကျွမ်းရှုယွမ်က အနည်းငယ် တွေဝေသွားပြီးနောက် မေးလိုက်သည်။ "ဒါဆို ရှင် အခု ဘယ်အဆင့်ထိ ရောက်နေပြီလဲ"

"ဒီကိစ္စကို မေးပြီး ဘာလုပ်မလို့လဲ"

"ရှင်နဲ့ ရန်မေတို့ အတူတူနေလာတာ နှစ်နှစ် သုံးနှစ်လောက် ရှိနေပြီလေ... အခုအချိန်အထိ ရန်မေနဲ့ ဆုန့်ဝမ်ပဲ ကိုယ်ဝန်ရှိသေးတာ... တင်းယန်၊ တုံယန်နဲ့ လင်းယာတို့မှာ ကိုယ်ဝန် မရှိသေးတာက ရှင့်ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်း အရမ်းမြန်နေလို့များလား"

လင်းယွမ်က "ဖြစ်နိုင်ပါတယ်" ဟု တုံ့ပြန်လိုက်သည်။

ကျွမ်းရှုယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "ရှင်လည်း သိတဲ့အတိုင်းပဲ... မိန်းမတစ်ယောက်မှာ ကလေးမရှိဘူးဆိုရင် တကယ်ကို သနားစရာကောင်းလွန်းတယ်"

"အထူးသဖြင့် အခုလို ခေတ်ကာလကြီးမှာ မိန်းမတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့က တကယ်ကို ခက်ခဲလွန်းတယ်... ယောက်ျားနဲ့ ကလေးကိုပဲ အားကိုးရတော့တာပါပဲ"

"ကလေးလေးတစ်ယောက်သာ ရှိမယ်ဆိုရင် သူတို့ရဲ့ ဘဝမှာ မျှော်လင့်ချက် ရှိလာမှာလေ"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "မင်း တကယ်တမ်း ဘာပြောချင်နေတာလဲ"

ကျွမ်းရှုယွမ်က သူ၏ စားပွဲဘေးတွင် ထိုင်လိုက်ပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မလည်း မိန်းမတစ်ယောက်ပါ... ရှင့်နောက်ကို လိုက်ပြီးပြီဆိုကတည်းက တခြားယောက်ျားနောက်ကို ထပ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာကို ကျွန်မ သိပါတယ်"

"ဒါပေမဲ့ ရှင်ကလည်း ကျွန်မကို လက်ထပ်မှာ မဟုတ်ဘူးလေ... ကျွန်မအတွက်တော့ ယောက်ျားမရှိသလိုပဲ ဖြစ်နေတာပေါ့"

"အခုချိန်မှာ ကလေးတစ်ယောက် ရဖို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခုပဲ ရှိပါတော့တယ်"

သူမက လင်းယွမ်ကို ရီဝေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရာ သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းနေပြီ ဖြစ်သည်။

လင်းယွမ် စကားမဟနိုင်တော့ပေ။ ဤအမျိုးသမီးက ရိုးသားသော ရည်ရွယ်ချက်ဖြင့် လာခြင်းမဟုတ်ကြောင်းကို သူ သိနှင့်ပြီးသား ဖြစ်သည်။

"မင်းက ဘာကလေးကို လိုချင်နေရတာလဲ... အခုဆို ရာထူးကလည်း မြင့်မြင့်၊ အာဏာကလည်း လက်ထဲရှိနေတာကို လုံခြုံမှု မရှိသေးဘူးလား"

ကျွမ်းရှုယွမ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မက ကိုယ့်အခြေအနေကို ကိုယ်သိပါတယ်နော်... ကျွန်မ ဒီနေရာကို ရောက်နေတာကလည်း ရှင့်ကြောင့်ပဲ မဟုတ်ဘူးလား"

"တကယ်လို့ တစ်နေ့နေ့ ရှင် စိတ်မကြည်လို့ ကျွန်မကို ဖြုတ်ချလိုက်ရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ"

လင်းယွမ်က ရယ်မောလိုက်ပြီး "မင်းမျက်စိထဲမှာ ငါက အဲ့ဒီလိုလူမျိုး ဖြစ်နေတာလား" ဟု မေးလိုက်သည်။

"ယောက်ျားတွေဆိုတာ ကောင်းတဲ့လူ သိပ်မှမရှိတာ"

ကျွမ်းရှုယွမ်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။ "ဒါပေမဲ့ ရှင်ကတော့ တခြားယောက်ျားတွေနဲ့ မတူပါဘူး... တကယ်လို့ တခြားလူသာ ရှင့်နေရာမှာဆိုရင် ကျွန်မကိုတောင် ပြောနေစရာ မလိုဘူး... ဟန်ရှန်းမန်၊ ဝမ်လင်းအာတို့လို အလှလေးတွေ တစ်ယောက်မကျန် သေချာပေါက် လွတ်မှာ မဟုတ်ဘူး"

"ရှင်မို့လို့သာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်တာလေ"

"ဒါပေမဲ့ ရှင်က အဲ့ဒီလိုဖြစ်နေလို့ကို ကျွန်မက ပိုကြောက်နေရတာပေါ့"

"ကြည့်လေ... အခုတောင် ရှင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက အရမ်းကောင်းနေတာ... နောက်ပိုင်း ကျွန်မ အသက်ကြီးလာပြီး ရုပ်ရည်လေး ကျသွားလို့ ရှင့်ကို ဖမ်းစားနိုင်စွမ်း မရှိတော့ရင် ဘယ်လိုလုပ်ရမလဲ"

"ကလေးလေး တစ်ယောက်ရှိတာက ပိုပြီး စိတ်ချရတယ်... နောက်ကျရင် ကျွန်မသားလေးက ကျွန်မကို ပြန်လုပ်ကျွေးမှာပေါ့"

လင်းယွမ် စကားမပြောနိုင်တော့ပေ။ ဤအမျိုးသမီးက တကယ်ကို တွက်ခြေကိုက်လွန်းလှသည်။

သူက ကျွမ်းရှုယွမ်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး "တခြား ပြောစရာ ကိစ္စ ရှိသေးလား... မရှိတော့ဘူးဆိုရင်လည်း တံခါးကို ပိတ်သွားပေး" ဟု ပြောလိုက်သည်။

ကျွမ်းရှုယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ရုတ်တရက် နှုတ်ခမ်းထောင့်လေး ကွေးတက်သွားသည်။ "ဟုတ်ကဲ့ပါ"

ထိုသို့ ပြောပြီးသည်နှင့် သူမက တံခါးဝသို့ ချက်ချင်း လျှောက်သွားကာ အခန်းတံခါးကို အတွင်းဘက်မှ ပိတ်လိုက်ပြီး တစ်ပါတည်း သော့ခတ်လိုက်လေသည်။

"ပိတ်ပြီးသွားပါပြီ ကိုလင်းယွမ်"

သူမက ခါးလေးကို လိမ်ကာ ဆွဲဆောင်မှု အပြည့်ဖြင့် ပြုံးရယ်လျက် ပြောလိုက်သည်။

လင်းယွမ် ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင် ဆွံ့အသွားပြီး "မင်းကို အပြင်ကနေ ပိတ်သွားခိုင်းတာလေ" ဟု ပြောလိုက်သည်။

ကျွမ်းရှုယွမ်က ညို့ဓာတ်ပြင်းပြင်းဖြင့် ပြုံးလိုက်သော်လည်း စကားနားမထောင်ဘဲ စားပွဲရှေ့သို့ လျှောက်လာကာ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်ရာ ဆွဲဆောင်မှုရှိသော ရင်သားအဟိုက်ကို ပေါ်လွင်စေသည်။

ထို့နောက် သူမ၏ ခြေအိတ်ရှည် ဝတ်ဆင်ထားသော သွယ်လျလှပသည့် ခြေတံများဖြင့် စားပွဲပေါ်သို့ တွားတက်လာခဲ့သည်။

သူမသည် ဆွဲဆောင်မှုအပြည့်ရှိပြီး အလွန်တရာ လှပသော ကြောင်မလေး တစ်ကောင်အလား ရှေ့မှ ကြီးမားလှသော အရာနှစ်ခုကို ယိမ်းနွဲ့ကာ လင်းယွမ် ရှိရာဘက်သို့ တွားသွားလာလေသည်။

"ကိုလင်းယွမ်... ကျွန်မက အဆင့်အတန်းလည်း မလိုချင်ပါဘူး... ရှင် တာဝန်ယူပေးဖို့လည်း မလိုသလို အချိန်ပေးစရာလည်း မလိုပါဘူး... ကျွန်မက ကလေးတစ်ယောက်လောက်လေး လိုချင်ရုံသက်သက်ပါ... ဒါလေးကိုတောင် ရှင်က ခွင့်မပြုနိုင်ဘူးလား ဟင်"

သူမ၏ သင်းပျံ့သော ဝင်သက်ထွက်သက်လေးများက လင်းယွမ်၏ ရှေ့သို့ ရောက်ရှိလာပြီး ခေါင်းလေးက လင်းယွမ်၏ ပခုံးနှင့် လည်ပင်းပေါ်သို့ မှီကျလာသည်။

အမျိုးသမီးတစ်ဦး၏ ကိုယ်သင်းရနံ့လေးက နှာခေါင်းထဲသို့ လှိုင်လှိုင်ကြီး ဝင်ရောက်လာလေသည်။

လင်းယွမ်၏ အမျိုးသမီးများအားလုံးထဲတွင် ကျွမ်းရှုယွမ် တစ်ယောက်တည်းကသာ ဤကဲ့သို့သော လှည့်ကွက်များကို သုံးတတ်သူ ဖြစ်သည်။

ရန်မေဖြစ်စေ၊ ဆုန့်ဝမ်ဖြစ်စေ၊ သို့မဟုတ် တင်းယန်နှင့် လင်းယာပင်ဖြစ်စေ ဤမျှအထိ ရဲတင်းစွာ မလုပ်ရဲကြပေ။

ကျွမ်းရှုယွမ်ထံမှနေ၍ လင်းယွမ်သည် ဖြူစင်သော ရမ္မက်ဆန္ဒကို အမြဲတမ်း ခံစားရလေ့ရှိသည်။

ထို့နောက် သူမက စားပွဲပေါ်မှ လျှောဆင်းလာပြီး လင်းယွမ်၏ ရင်ခွင်ထဲသို့ ရဲတင်းစွာ ဝင်ထိုင်လိုက်သည်။

လင်းယွမ်၏ ခန္ဓာကိုယ်မှာ မူလကတည်းက မြင့်မားထွားကြိုင်းသူဖြစ်ရာ သူမက သူ၏ ရင်ခွင်ထဲသို့ ဝင်ထိုင်လိုက်သောအခါ နူးညံ့ပျော့ပျောင်းသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ယခုအချိန်တွင် ကျွမ်းရှုယွမ်သည်လည်း အမှန်တကယ်ပင် ကြောင်ပေါက်လေး တစ်ကောင်အလား ပန်းနုရောင် လျှာလေးကို ထုတ်ကာ လင်းယွမ်ကို သွေးဆောင် ဖြားယောင်းနေလေသည်။

သူမ၏ သွယ်လျနူးညံ့သော လက်ကလေးများကလည်း လင်းယွမ်၏ ခါးပတ်ထဲသို့ ဖြည်းညင်းစွာ တိုးဝင်သွားလေသည်။

"သခင်... ကျွန်မကို ကူညီပေးပါလား ဟင်"

သူမက လေသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

အာဏာကို အလွန်အမင်း မက်မောသော အမျိုးသမီးတစ်ဦးသည် အပြင်ဘက်တွင် အမြဲတမ်း မြင့်မားသော အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားလေ့ရှိသည်။

ယခုကဲ့သို့ မိမိရှေ့မှောက်တွင် ဤသို့သော အမူအရာမျိုး လုပ်ပြလာပါက မည်သည့်ယောက်ျားကမျှ ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။

လင်းယွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် "ဒါမင်းဟာမင်း အပြစ်လာရှာတာပဲ" ဟု ပြောလိုက်သည်။

ထိုသို့ ပြောရင်း သူ၏ လက်ကြီးများဖြင့် သူမကို ပွေ့ချီလိုက်ရာ ကျွမ်းရှုယွမ်မှာ ချက်ချင်း လန့်အော်သွားလေသည်။

"ဗြိ" ဟူသော ချီပေါင်းဝတ်စုံ ဆွဲဖြဲခံလိုက်ရသည့် အသံကို ချက်ချင်း ကြားလိုက်ရသည်။

၎င်းနောက်တွင်တော့ ညည်းတွားသံများနှင့် ရူးသွပ်မှုများသာ လိုက်ပါလာတော့သည်။

အချိန်များ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး သုံးရက် ထပ်မံ ကုန်လွန်သွားခဲ့သည်။

ကျွမ်းရှုယွမ်သည် နေ့စဉ်ရက်ဆက်လိုလို အလုပ်အစီရင်ခံရန် ခေါင်းဆောင်စံအိမ်သို့ ရောက်လာတတ်သည်။

ထိုသို့ လာရောက်သည့် အကြိမ်အရေအတွက်မှာ ယခင် တစ်လစာ အစီရင်ခံသည့် အကြိမ်ရေထက်ပင် ပိုများနေခဲ့သည်။

သို့သော် သေချာ ဂရုတစိုက် ကြည့်မည်ဆိုလျှင် သူမ လာရောက်သည့် အကြိမ်တိုင်းတွင် တက်ကြွလန်းဆန်းနေပြီး အားအင်အပြည့် ရှိနေသော်လည်း အပြန်တွင်မူ အဝတ်အစားများ လဲလှယ်သွားရုံသာမက လမ်းလျှောက်သည့် ဟန်ပန်မှာလည်း အနည်းငယ် ထူးဆန်းနေသည်ကို တွေ့ရမည် ဖြစ်သည်။

ပျံသန်း၍ ရမည်ဆိုလျှင် သူမက လမ်းလျှောက်ရန် လုံးဝ ရည်ရွယ်ထားပုံမပေါ်ပေ။

ဤနေ့တွင် ကျွမ်းရှုယွမ်က အိမ်၌ ရွှေရောင် ညနေခင်းဝတ်စုံကို သေချာ ရွေးချယ်ဝတ်ဆင်ကာ ပုလဲဆွဲကြိုးကို ဆင်မြန်းပြီး ရှေးဟောင်းအလှပြင်ဆင်မှုဖြင့် ခေါင်းဆောင်စံအိမ်သို့ သွားရန် ပြင်ဆင်နေသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ကြီးကြပ်ရေးအဖွဲ့ လက်အောက်ခံများက တံခါးကို အလျင်စလို လာခေါက်ကြသည်။

ကျွမ်းရှုယွမ်က အသံကြားသဖြင့် အပြင်သို့ ထွက်လာလိုက်ရာ သူမ၏ လူယုံဖြစ်သူ ကျန်းလန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမက အံ့အားသင့်သွားပြီး "ဘာကိစ္စ ရှိလို့လဲ" ဟု မေးလိုက်သည်။

ပုံမှန်အားဖြင့် ကျန်းလန်တို့တွင် သတင်းအချက်အလက် ရှိပါက ကြီးကြပ်ရေးအဖွဲ့ဘက်တွင်သာ အစီရင်ခံလေ့ရှိပြီး သူမ၏ အိမ်အထိ လာရောက်လေ့ သိပ်မရှိပေ။

အချိန်မဆွဲရဲလောက်အောင် အလွန်အရေးကြီးသော သတင်းအချက်အလက်မျိုး ရှိနေမှသာ သူမထံသို့ ချက်ချင်း အပြေးအလွှား လာရောက်ခြင်း ဖြစ်ပေမည်။

ကျန်းလန်က အလျင်စလို ပြောလိုက်သည်။ "ဝန်ကြီး... မြောက်ပိုင်းကနေ အရေးကြီး သတင်းတစ်ခု ရောက်လာတယ်... ခိုက်ရီနည်းပညာက ဂျိမ်းစ် အဖမ်းခံလိုက်ရပြီတဲ့"

"ဘာ"

ကျွမ်းရှုယွမ် ချက်ချင်း အံ့အားသင့်သွားပြီး အနီးသို့ လျှောက်သွားကာ မေးလိုက်သည်။ "သတင်းကရော"

ကျန်းလန်က သတင်းအချက်အလက် စာရွက်တစ်ရွက်ကို အမြန် ကမ်းပေးလိုက်သည်။

ကျွမ်းရှုယွမ်က အလျင်အမြန် ဖတ်ရှုလိုက်ရာ သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားလေသည်။

"ကျင်းကျိုးစစ်တပ် ဟုတ်လား... နတ်ဘုရားနိုင်ငံတော် မဟုတ်ဘူးလား"

ကျန်းလန်က အလျင်အမြန် ရှင်းပြလိုက်သည်။ "ဟုတ်ပါတယ်... နတ်ဘုရားနိုင်ငံတော်က တောင်ပိုင်းကို ဆင်းလာနိုင်တယ်ဆိုပြီး ကျွန်မတို့ အမြဲ သတိထားနေခဲ့တာ... ဒါပေမဲ့ နတ်ဘုရားနိုင်ငံတော်က ဆင်းမလာသေးဘဲ ကျင်းကျိုးစစ်တပ်က အရင်လက်ဦးမှုရယူပြီး တောင်ပိုင်းကို လူလွှတ်ပြီး ဂျိမ်းစ်ကို ဖမ်းဆီးပြီး ခိုက်ရီနည်းပညာကို လက်နက်ချဖို့ ဖိအားပေးနေတာပါ"

ကျွမ်းရှုယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဂျိမ်းစ်ရဲ့ အစွမ်းက သာမန်မဟုတ်ဘူးနော်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကလည်း မနိမ့်တဲ့အပြင် သူ့ရဲ့ အစွမ်းက တခြားဘယ်အစွမ်းကိုမဆို ဖိနှိပ်ထားနိုင်တာ"

"သူက ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရတာလဲ"

"အခြေအနေ အတိအကျကို ကျွန်မတို့ စုံစမ်းနေတုန်းပဲ... တိုက်ပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး... ဒါပေမဲ့ ကျွန်မတို့ သူလျှိုတွေရဲ့ သတင်းပို့ချက်အရတော့ နှစ်ဖက်ကြားမှာ ကြီးကြီးမားမား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး"

"ဂျိမ်းစ်က အသံတိတ် ဖမ်းဆီးခံလိုက်ရတဲ့ပုံပါပဲ"

"ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ" ဟု ကျွမ်းရှုယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"တစ်ဖက်လူက လောလောဆယ် တောင်းဆိုထားတာကတော့ ခိုက်ရီနည်းပညာကို ကျင်းကျိုးစစ်တပ်နဲ့ ပူးပေါင်းပြီး နတ်ဘုရားနိုင်ငံတော်ကို အတူတူ ဝိုင်းရံတိုက်ခိုက်ဖို့ပါပဲ"

ကျန်းလန်က အလျင်အမြန် ဆက်ပြောသည်။ "သူတို့က ခိုက်ရီနည်းပညာကို အတင်းအကျပ် ဖိအားပေးပြီး တောင်ပိုင်းကနေ နတ်ဘုရားနိုင်ငံတော် ဆင်းလာမယ့် လမ်းကြောင်းကို ဖြတ်တောက်ချင်နေတာ... ပြီးတော့ သူတို့ ကျင်းကျိုးဘက်ကလည်း မြောက်ပိုင်းကနေ ဝင်တိုက်မယ်ဆိုတော့... နှစ်ဖက်ညှပ်တိုက်ပြီး နတ်ဘုရားနိုင်ငံတော်ကို အမြစ်ပြတ် ချေမှုန်းချင်နေကြတာပါ"

ကျွမ်းရှုယွမ်လည်း အခြေအနေအရပ်ရပ်ကို ချက်ချင်း သဘောပေါက်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားသည်။ ထို့နောက် သူမက "ငါ အခုချက်ချင်း ဆရာလင်းယွမ်ဆီ သွားလိုက်မယ်" ဟု ပြောလိုက်လေသည်။

ဆက်ရန်...

အပိုင်း(၉၃၀) ကျင်းကျိုးစစ်တပ်၏ တိုက်ခိုက်မှု

"ဒေါက်... ဒေါက်... ဒေါက်"

ခေါင်းဆောင်အိမ်တော်တွင် လင်းယွမ်က စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

သူ ခေါင်းမော့မကြည့်ဘဲနှင့်ပင် ကျွမ်းရှုယွမ် ရောက်လာမှန်း သိသည်။

အမှန်တိုင်းပြောရလျှင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဤမိန်းမလှလေးက မည်သို့သော အကွက်အဆန်းများ လုပ်ပြဦးမည်နည်းဟု သူပင် မျှော်လင့်မိလာသည်။

"ဝင်ခဲ့ပါ"

သူက တည်ငြိမ်သောအသံဖြင့် ပြောသည်။

တံခါးပွင့်သွားပြီးနောက် ဒေါက်မြင့်ဖိနပ်ဖြင့် ကြမ်းပြင်ကို နင်းသံ "ဒေါက်... ဒေါက်... ဒေါက်" ထွက်ပေါ်လာသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ဒေါက်မြင့်ဖိနပ်သံ၏ ကြိမ်နှုန်း မတူညီသည်ကို လင်းယွမ်က သိသိသာသာ ခံစားမိသည်။

သူမ၏ ခြေလှမ်းများကြားမှ အလောတကြီးဖြစ်နေမှုကို သူ အာရုံခံမိပုံရသည်။

လင်းယွမ်က တံခါးပေါက်ဆီသို့ မနေနိုင်ဘဲ ခေါင်းမော့ကြည့်မိသည်။

ကျွမ်းရှုယွမ်က ရွှေရောင် ချီပေါင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျလှပသော ခြေတံရှည်များပေါ်တွင် အနက်ရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ဖြူဖွေးသော လည်တိုင်တွင် ပုလဲဆွဲကြိုးတစ်ကုံးကို ဆင်ယင်ထားပြီး ဆံပင်ကို ထုံးဖွဲ့ကာ ရှေးခေတ်အလှပုံစံမျိုး ပြင်ဆင်ထားသည်။

ဒီနေ့လည်း သူမက အထူးတလည် အလှပြင်ထားမှန်း သိသာလှသည်။

သို့သော် အရင်နှင့်မတူဘဲ ကျွမ်းရှုယွမ်က ဤတစ်ကြိမ်တွင် မည်သည့် ဆွဲဆောင်မှုမျိုးကိုမှ မလုပ်ပြဘဲ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဤအချက်က လင်းယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

"ဘာကိစ္စရှိလို့ ဒီလောက်လောနေတာလဲ"

ကျွမ်းရှုယွမ်က သတင်းအချက်အလက်များကို လင်းယွမ်ထံ အမြန်ကမ်းပေးရင်း စိုးရိမ်တကြီး ပြောလာသည်။ "ကိုလင်းယွမ်... ပြဿနာတက်ပြီ... ခိုက်ရီနည်းပညာက ဂျိမ်းစ်ကို ကျင်းကျိုးစစ်တပ်က ဖမ်းသွားကြပြီ"

"အခု ခိုက်ရီနည်းပညာဘက်မှာ ခေါင်းဆောင်မရှိဖြစ်နေပြီ... မြောက်ပိုင်းက အခြေအနေတွေ ကမောက်ကမဖြစ်တော့မယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ "ဂျိမ်းစ် အဖမ်းခံရတယ်"

သူ စိတ်ထဲတွင် အံ့သြသံသယဖြစ်သွားပြီး သတင်းအချက်အလက်များကို အမြန်ယူကာ အစမှအဆုံးတိုင် တစ်ခေါက်ဖတ်ကြည့်ပြီးနောက် မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။

ဂျိမ်းစ်၏ စွမ်းရည်မှာ မညံ့ဖျင်းပေ။ သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် (၈၀) ရာခိုင်နှုန်းကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

သူ၏ အစွမ်းမှာ အခြားအစွမ်းများကို အထူးနှိမ်နင်းနိုင်သော တိတ်ဆိတ်ခြင်းအစွမ်း ဖြစ်ပြီး ခိုက်ရီနည်းပညာ၏ အားကောင်းသော နည်းပညာစွမ်းရည်များလည်း ပေါင်းစပ်ပါဝင်နေသေးသည်။

အမှန်တိုင်းပြောရလျှင် ကျင်းရှီရုံ ပြန်လည်ရှင်သန်လာလျှင်တောင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို အားမကိုးဘဲနှင့် ဂျိမ်းစ်ကို အနိုင်ယူနိုင်စရာ အကြောင်း လုံးဝမရှိပေ။

သို့ပါလျက်နှင့် ဤမျှစွမ်းအားကြီးမားသော ဂျိမ်းစ်သည် ကျင်းကျိုးစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်မှာ လင်းယွမ်အတွက် လုံးဝ မယုံကြည်နိုင်စရာပင် ဖြစ်သည်။

"ကျင်းကျိုးစစ်တပ်က ခိုက်ရီနည်းပညာကို ဖိအားပေးပြီး နတ်ဘုရားနိုင်ငံတော်ကို အတူတူတိုက်ခိုက်ဖို့ လုပ်နေတာလား"

ဘေးနားရှိ ကျွမ်းရှုယွမ်က အမြန် ဝင်ပြောသည်။ "ဒီလောက်တင် မကလောက်ဘူး... ကျင်းကျိုးစစ်တပ်က မုန်ယာကုမ္ပဏီကိုပါ ပါဝင်လာအောင် ဖိအားပေးနိုင်သေးတယ်"

"ဒါပေမဲ့ ခိုက်ရီနည်းပညာက နတ်ဘုရားနိုင်ငံတော်နဲ့ ပိုနီးတော့ သူတို့ကို အရင် ဖိအားပေးတာ ဖြစ်မယ်"

လင်းယွမ်က မေးသည်။ "ကျင်းကျိုးစစ်တပ်က ဂျိမ်းစ်ကို ဘယ်လိုဖမ်းသွားလဲ သိရလား"

ကျွမ်းရှုယွမ်က ခေါင်းခါပြသည်။ "သေချာမသိရဘူး... တိတ်တဆိတ် လှုပ်ရှားသွားတဲ့ပုံပဲ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ ပိုမို လေးနက်လာသည်။

"တိတ်တဆိတ် လှုပ်ရှားတယ်ဆိုတာ ဂျိမ်းစ်ကို အသံတိတ် ဖမ်းဆီးသွားတာကို ဆိုလိုတာပေါ့"

"ဂျိမ်းစ်က အညံ့စားမှ မဟုတ်တာ... ဘယ်လိုလုပ်ပြီး နည်းနည်းလေးတောင် မခုခံဘဲ နေမှာလဲ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့အသွင်နဲ့ဆိုရင်တောင် ကြီးမားတဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်လာမှာပဲ... ဘယ်လိုလုပ်ပြီး အသံတိတ် အဖမ်းခံလိုက်ရတာလဲ"

ကျွမ်းရှုယွမ်က ခေါင်းခါပြသည်။ "အဲဒါကို ကျွန်မတို့လည်း မသိဘူး... ကျွန်မလူတွေ အမြဲစုံစမ်းနေပေမဲ့ အခုချိန်ထိ ဘာသဲလွန်စမှ ရှာမတွေ့သေးဘူး"

လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောသည်။ "ငါ ကိုယ်တိုင် တစ်ခေါက်သွားမှပဲ"

"ကိုလင်းယွမ် ကိုယ်တိုင် သွားမလို့လား" ကျွမ်းရှုယွမ်က လင်းယွမ်ကို ကြည့်ရင်း မနေနိုင်ဘဲ မေးသည်။ "ကိုလင်းယွမ်မှာ နည်းလမ်းကောင်း ရှိလို့လား"

လင်းယွမ်က ပြောသည်။ "ဘာနည်းလမ်းကောင်းမှ မရှိပါဘူး... ခြိမ်းခြောက်မှုကို ရင်ဆိုင်ရရင် တိုက်ရိုက် သွားတိုက်ခိုက်ရုံပဲ"

"အရင်ဆုံး တစ်ဖက်လူရဲ့ စွမ်းရည်ကို စမ်းသပ်ကြည့်တာပေါ့"

ကျွမ်းရှုယွမ်က မနေနိုင်ဘဲ ပြောလာသည်။ "ဒါဆို တခြားသူတွေကို အရင်သွားစမ်းခိုင်းရင်ရော... တကယ်လို့ ကျင်းကျိုးစစ်တပ်မှာ အစွမ်းထက်တဲ့ လက်နက်တွေ တကယ်ရှိနေရင်..."

လင်းယွမ်က ခေါင်းခါယမ်းပြီး ပြောသည်။ "ဂျိမ်းစ်တောင် ယှဉ်မနိုင်မှတော့ တခြားသူတွေလည်း တောင့်ခံနိုင်ဖို့ ခဲယဉ်းလောက်တယ်"

"စိတ်ချပါ... တစ်ဖက်လူမှာ ဘယ်လိုလက်နက်မျိုးပဲ ရှိနေပါစေ ငါ့ကို ဖမ်းထားဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး"

လင်းယွမ်က မိမိကိုယ်ကိုယ် အထင်ကြီးနေခြင်း မဟုတ်ပေ။ သူ့တွင် ထိုသို့သော ယုံကြည်မှု အမှန်တကယ် ရှိနေခြင်း ဖြစ်သည်။

ယခုဆိုလျှင် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် (၉၈) ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ မျိုးရိုးဗီဇ အသွင်တစ်ရာ အစွမ်းပါ ပေါင်းစပ်လိုက်လျှင် မျိုးရိုးဗီဇမျိုးစေ့ အမျိုးမျိုးကို အသွင်ပြောင်းလဲ တုပနိုင်သဖြင့် သူ့အတွက် အားနည်းချက်ဟူ၍ သိပ်မရှိတော့ပေ။

သူသာ ထွက်သွားချင်လျှင် လက်ရှိ ဤကမ္ဘာဂြိုဟ်ပေါ်တွင် သူ့ကို တားဆီးနိုင်မည့်သူ မရှိတော့ဟုပင် ဆိုနိုင်သည်။

"ဒါဆို... သေချာ ဂရုစိုက်နော်"

ကျွမ်းရှုယွမ်က မနေနိုင်ဘဲ သတိပေး မှာကြားရှာသည်။

လင်းယွမ်က ခေါင်းညိတ်ပြပြီး မတ်တတ်ထရပ်ကာ ပြောသည်။ "အချိန်ဆွဲမနေတော့ဘူး... ငါ အခုပဲ သွားလိုက်မယ်"

"အစည်းအဝေး ခေါ်ဦးမလား... တခြားသူတွေကို အကြောင်းကြားရမလား" ကျွမ်းရှုယွမ်က အလျင်စလို မေးသည်။

လင်းယွမ်က ပြောသည်။ "အချိန်ကပ်နေပြီ... မင်းပဲ ကိုယ်စား အကြောင်းကြားပေးပါ... ငါ အိမ်ပြန်ပြီး တင်းယန်တို့ကို သွားပြောရင် ရပြီ"

ထိုသို့ပြောပြီးသည်နှင့် လင်းယွမ်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအလား လှုပ်ရှားသွားပြီး ခေါင်းဆောင်အိမ်တော်ထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျွမ်းရှုယွမ် ကြောင်သွားပြီးနောက် တံခါးပေါက်ဆီသို့ အမြန်ပြေးသွားသော်လည်း လင်းယွမ်၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။

လင်းယွမ် အိမ်ပြန်ရောက်သောအခါ အိမ်တွင် လင်းယာနှင့် ဆုန့်ဝမ်တို့သာ ရှိနေသည်။

သူက အခြေအနေများကို ထိုနှစ်ယောက်အား အမြန် ရှင်းပြပြီး အခြားအမျိုးသမီးများကိုလည်း ပြန်လည်ပြောပြပေးရန် မှာကြားခဲ့သည်။ ထို့နောက် လေဆိပ်သို့ ချက်ချင်းသွားကာ ယာဉ်ပျံတစ်စီးကို ရှာတွေ့ခဲ့သည်။

ယာဉ်ပျံကို ရွှီဟွမ်က မောင်းနှင်မည်ဖြစ်သည်။ သူသည် ထိုက်ယန်တောင် လေယာဉ်မှူး ပထမအသုတ် သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ယခုအခါ လေတပ်၏ ဗိုလ်ချုပ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူက လင်းယွမ်အတွက် ယာဉ်ပျံကို ကိုယ်တိုင်မောင်းနှင်ပေးရန် တောင်းဆိုခဲ့သည်။

"ဆရာလင်း... တစ်နေ့ကျရင် ဆရာ့ကိုတင်ပြီး ဒီယာဉ်ပျံကို မောင်းနှင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

ရွှီဟွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် လင်းယွမ်ကို ပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။ "မင်းက ထိုက်ယန်တောင်ရဲ့ ပထမဆုံး သင်တန်းဆင်း လေယာဉ်မှူးလေ... အစတုန်းက ထိုက်ယန်တောင်မှာ စမ်းသပ်လေယာဉ်မှူးတွေ ခေါ်တော့ မင်းက ရဲရဲဝံ့ဝံ့ ထွက်လာပြီး ထိုက်ယန်တောင်ရဲ့ နည်းပညာကို ယုံကြည်ပေးခဲ့တာ... ဒါကြောင့် ငါတို့က မင်းကို သေချာပေါက် နေရာပေးရမှာပေါ့"

"နောက်ဆိုရင် ငါတင်မကဘူး... တခြားလူတွေ အများကြီးလည်း မင်းရဲ့ ယာဉ်ပျံကို စီးကြဦးမှာ"

ရွှီဟွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။ "ဆရာလင်း... အမှန်တိုင်း ဝန်ခံရရင် အစတုန်းက ကျွန်တော် တကယ်ကို ရွေးစရာမရှိလို့ စမ်းသပ်လေယာဉ်မှူး သင်တန်းကို စာရင်းသွင်းခဲ့တာပါ"

"အစတုန်းက ကျွန်တော် ထိုက်ယန်တောင်ရဲ့ နေထိုင်ခွင့်ကတ်ကိုတောင် မရခဲ့လို့ ရေခဲပြင်ပေါ်မှာ နေပြီး တောင်းရမ်းစားသောက်ခဲ့ရတာ"

"အဲဒီအချိန်တုန်းက လူအများကြီးက ကျွန်တော့်ကို သေချင်လို့ စမ်းသပ်လေယာဉ်မှူး သွားလုပ်တာလို့ ပြောကြတယ်... ဒါပေမဲ့ ကျွန်တော့်လိုလူမျိုးက အသက်ကို နှမြောနေသေးရင် ဘဝမှာ ခေါင်းမော့နိုင်မယ့် အခွင့်အရေး တကယ်ရတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်လေ"

"ကျွန်တော်က တစ်သက်လုံး ရေခဲပြင်ပေါ်မှာ ငါးမျှားပြီး ပိုက်ဆံ နည်းနည်းလေးရှာ... သူများအနိုင်ကျင့်တာခံ... မိသားစုကိုတောင် မကျွေးမွေးနိုင်တဲ့ ဘဝနဲ့ နေမလား... ဒါမှမဟုတ် တစ်ခါတလေလောက် စွန့်စားပြီး အနာဂတ်တစ်ခုကို ဖန်တီးမလား ရွေးချယ်ရတာပဲ"

"ထိုက်ယန်တောင်က ကျွန်တော့်ကို ဒီအခွင့်အရေး ပေးခဲ့တာပါ... ဆရာကလည်း ကျွန်တော့်ကို ဒီအခွင့်အရေး ပေးခဲ့တာပါ... ထိုက်ယန်တောင်ရဲ့ ကျေးဇူးကို ကျွန်တော် အမြဲ မှတ်ထားပါတယ်"

လင်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ပခုံးကို ပုတ်ပေးသည်။

"ဟိုးအရင်တည်းက ကပ်ဘေးကာလတွေမှာ သူရဲကောင်းတွေ ပေါ်ထွက်လာစမြဲပဲ... မင်းကလည်း ဒီကပ်ဘေးကာလထဲက သူရဲကောင်းတစ်ယောက်ပဲ... ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့"

"ဟဲဟဲ... ဆရာ့ရှေ့မှာတော့ ကျွန်တော်က သူရဲကောင်းလို့ မခံယူရဲပါဘူး" ရွှီဟွမ်က တဟဲဟဲ ရယ်မောလိုက်သည်။

အကယ်၍ သူ၏ ယခင် သင်တန်းသား တပည့်များသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက မေးရိုးပြုတ်ကျမတတ် အံ့အားသင့်သွားကြမည်မှာ သေချာသည်။

အလွန် တင်းကျပ်ပြတ်သားသည်ဟု နာမည်ကြီးသော သူတို့၏ နည်းပြကြီးက ဤမျှ ရိုးအပြီး ချစ်စရာကောင်းသော အသွင်မျိုး ရှိနေမည်ဟု ထင်မှတ်ထားမည် မဟုတ်ပေ။

ယာဉ်ပျံက ခဏပျံသန်းပြီးနောက် ရွှီဟွမ်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လင်းယွမ်ကို စကားစကာ မေးမြန်းလိုက်သည်။

"ဆရာလင်း... ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် ရန်သူက ဘယ်သူလဲ"

"ကျင်းကျိုးစစ်တပ်"

လင်းယွမ်က ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောသည်။

နောက်ထပ် ခိုက်ရီနည်းပညာကုမ္ပဏီ၏ လေပိုင်နက်ထဲသို့ ဝင်ရောက်ပါက ကျင်းကျိုးစစ်တပ်၏ ယာဉ်ပျံများနှင့် ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် ကြိုတင်ပြင်ဆင်မှု ရှိစေရန် ရွှီဟွမ်အား အသိပေးထားရမည်မှာ သဘာဝပင်။

ရွှီဟွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း အံ့အားသင့်သွားသည်။ "ကျင်းကျိုးစစ်တပ် ဟုတ်လား... မြို့တော်မှာ စစ်တပ်တွေ ရှိသေးတာလား... သူတို့က ဘယ်လိုလုပ် ကျွန်တော်တို့ရဲ့ ရန်သူတွေ ဖြစ်သွားတာလဲ"

"ကျွန်တော်တို့က အရင်တုန်းက သာမန်ပြည်သူတွေပဲလေ... သူတို့က စစ်တပ်တွေဖြစ်နေမှတော့ ကျွန်တော်တို့ကို ဆက်သွယ်ပြီး မပူးပေါင်းဘဲ ဘာလို့ တိုက်ပွဲဝင်ချင်နေကြတာလဲ"

ရွှီဟွမ်၏ စိတ်ထဲတွင် စစ်တပ်ဆိုသည်မှာ အစိုးရဟောင်းကို ကိုယ်စားပြုနေသည်။

အထူးသဖြင့် ကျင်းကျိုး၏ စစ်တပ်ဆိုသည်မှာ တစ်ချိန်က နိုင်ငံ၏ မြို့တော်ပင် ဖြစ်သည်။

လင်းယွမ်က လေးနက်သောအသံဖြင့် ပြောသည်။ "သူတို့က စစ်တပ်လို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားပေမဲ့ တကယ့် စစ်တပ်အစစ် ဟုတ်ချင်မှ ဟုတ်မှာ"

"တခြား ရည်မှန်းချက်ကြီးတဲ့သူတွေက စစ်တပ်ဆိုတဲ့ နာမည်ကို အသုံးချပြီး နိုင်ငံကို အပိုင်စီးဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်"

"အရင်ခေတ်က စည်းမျဉ်းတွေ ပြိုလဲသွားပြီ... ခေတ်သစ် စည်းမျဉ်းတွေက အခုမှ စတင်မွေးဖွားလာတာ"

"ရွှီဟွမ်... မင်း မှတ်ထားပါ... အခုချိန်မှာ သာမန်ပြည်သူတွေနဲ့ အစိုးရဆိုတာ မရှိတော့ဘူး... အင်အားစုကြီးတွေနဲ့ အစွမ်းပိုင်ရှင်တွေ ကြားက တိုက်ပွဲတွေပဲ ရှိတော့တာ"

"အနာဂတ်မှာ ငါတို့က ကြယ်တွေဆီကို ဦးတည်သွားရမှာ... လူသားတွေက အနှေးနဲ့အမြန် တိုက်ပွဲတွေကို အဆုံးသတ်ပြီး ညီညီညွတ်ညွတ်နဲ့မှ ဒီ ဆင့်ကဲပြောင်းလဲခြင်း အကျပ်အတည်းကြီးကို ရင်ဆိုင်နိုင်လိမ့်မယ်"

ရွှီဟွမ်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ဆရာ ဆိုလိုတာက... နောင်တစ်ချိန် လူသားတွေက ရုပ်ရှင်တွေထဲကလို ပြည်ထောင်စုခေတ်ကြီးထဲကို ဝင်ရောက်သွားမယ်လို့ ပြောတာလား"

လင်းယွမ်က ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်... ဒါက သေချာပေါက် ဖြစ်လာမှာပဲ... ငါတို့ရဲ့ ရန်သူက လူသားအချင်းချင်း မဟုတ်ဘူး... အဆုံးအစမဲ့တဲ့ စကြဝဠာကြီးထဲမှာ ငါတို့ကို စောင့်ကြိုနေတဲ့ ပိုမို အားကောင်းတဲ့ ရန်သူတွေ ရှိလာလိမ့်မယ်"

ရွှီဟွမ်၏ ရင်ထဲတွင် အလွန်တုန်လှုပ်သွားသည်။ ဆရာလင်း၏ အမြင်ကျယ်မှုက ဤမျှ ကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြားသော လူသားအင်အားစုများကို ရန်သူအဖြစ်ပင် မသတ်မှတ်ထားခဲ့ချေ။

ချက်ချင်းဆိုသလိုပင် လင်းယွမ်အပေါ် သူ၏ လေးစားကြည်ညိုမှုက ပိုမို နက်ရှိုင်းသွားတော့သည်။

ဆရာလင်းဆိုသည့် နာမည်နှင့် အမှန်တကယ် လိုက်ဖက်ပေသည်ဟု ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာဂုဏ်ယူမိသည်။

ယာဉ်ပျံ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသည်။ ယခုအခါ ထိုက်ယန်တောင်၏ ယာဉ်ပျံများသည် တတိယမျိုးဆက်ပုံစံအထိ အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။

ယခင် ထိုက်ယန်တောင် ယာဉ်ပျံများ၏ ပထမမျိုးဆက်ပုံစံပေါ်တွင် မုန်ယာ၊ ခိုက်ရီနည်းပညာ အစရှိသည့် အင်အားစုများ၏ ယာဉ်ပျံ အားသာချက်များကို ပေါင်းစပ်ရယူကာ နည်းပညာကို အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယခု ယာဉ်ပျံ၏ အမြန်နှုန်းသည် တစ်မိနစ်လျှင် ပေပေါင်း (၁၃၀၀) အထက်သို့ပင် ကျော်လွန်နေပြီ ဖြစ်သည်။

၎င်းသည် အသံထက်မြန်သော အမြန်နှုန်း ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် ယာဉ်ပျံတွင် တပ်ဆင်ထားသော အကာအကွယ် စနစ်မှ ဖြစ်ပေါ်လာသည့် အကာအကွယ်သည် ပြင်ပဖိအား အပြောင်းအလဲပေါ် မူတည်၍ အကာအကွယ်စွမ်းအားကို ပိုမို တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။

မိုးကြိုးတိမ်တိုက်များထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလျှင်ပင် မည်သည့် ဖိအားမျိုးကိုမှ ခံစားရမည် မဟုတ်တော့ပေ။

ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များ၏ စွမ်းရည် တဟုန်ထိုး တိုးတက်လာခြင်းသာမက ထိုက်ယန်တောင်၏ နည်းပညာကလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် လေကြောင်း၊ ရေကြောင်း၊ ဆေးဘက်ဆိုင်ရာနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ပြောင်းလဲမှုများက ပို၍ပင် သိသာထင်ရှားလှသည်။

တစ်နေ့တခြား မတူညီအောင် ပြောင်းလဲနေခြင်း ဖြစ်သည်။

များပြားလှသော သင်္ကေတများက ခိုလှုံရေးစခန်းရှိ ကျွမ်းကျင်သူများကို မရေမတွက်နိုင်သော အတွေးအမြင်များ ပေးစွမ်းနိုင်ခဲ့သည်။ ထိုအတွေးအမြင်များ ပေါင်းဆုံမှုကြားတွင် ထူးခြားဆန်းသစ်သော ဖန်တီးမှုများစွာ ဖြစ်ပေါ်လာပြီး သင်္ကေတနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာ တွန်းအားပေးနေသည်။

ဤအချိန်တွင် လူဦးရေ အရေးကြီးကြောင်း လင်းယွမ် ယခင်က အလေးအနက် ပြောခဲ့သည့်အချက်မှာ ပေါ်လွင်လာတော့သည်။

လူဦးရေများပြားလာသည်နှင့်အမျှ အရည်အချင်းရှိသူ အသီးသီး ပေါ်ထွက်လာတော့သည်။

ယခုအခါ ဟာ့ဒ်ဝဲ စွမ်းရည်သာမက ဆော့ဖ်ဝဲပိုင်း အထူးသဖြင့် ဉာဏ်ရည်တုစနစ်မှာလည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။

ယခု ရွှီဟွမ် မောင်းနှင်နေသော ယာဉ်ပျံမျိုးဆိုလျှင် ရိုးရှင်းသော ဉာဏ်ရည်တုစနစ်ကိုပင် တပ်ဆင်ထားပြီး ဖြစ်သည်။

၎င်းသည် အနီးအနားရှိ ရေဒါ ထောက်လှမ်းမှု အတိုင်းအတာအတွင်းမှ အရာဝတ္ထု ပစ်မှတ်များကို လျင်မြန်စွာ ခွဲခြားသတ်မှတ်နိုင်ပြီး လေယာဉ်မှူးထံ အချိန်မီ သတင်းပို့ပေးနိုင်သည်။

လေယာဉ်မှူးများအနေဖြင့် လေကြောင်းလိုင်းကို လျင်မြန်စွာ တွက်ချက်ဆွဲနိုင်ရန်အတွက် အလွန် မြန်ဆန်သော တုံ့ပြန်မှုစွမ်းရည် လိုအပ်ပေသည်။

ယခုအချိန်တွင် နာရီဝက်ပင် မပြည့်သေးဘဲ ယာဉ်ပျံသည် ယွီကျိုးပြည်နယ် မြောက်ပိုင်းရှိ ခိုက်ရီနည်းပညာ အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဆရာလင်း... မုန်ယာဘက်ကို တစ်ခေါက် ဝင်သွားစရာ မလိုဘူးလား"

"မလိုဘူး... ခိုက်ရီနည်းပညာကိုပဲ တိုက်ရိုက်သွား"

"နားလည်ပါပြီ"

ရွှီဟွမ်က ချက်ချင်း ဆက်လက် ပျံသန်းလိုက်ရာ မိနစ်အနည်းငယ် ကြာပြီးနောက် ခိုက်ရီနည်းပညာ ဌာနချုပ် ရေပေါ်ကျွန်းသို့ ရောက်ရှိသွားသည်။

"သတိပေးချက်... သတိပေးချက်... သင် ခိုက်ရီနည်းပညာကုမ္ပဏီ၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာပါပြီ... ချက်ချင်း ရပ်တန့်ပေးပါ... ချက်ချင်း ရပ်တန့်ပေးပါ"

ခိုက်ရီနည်းပညာ၏ ကောင်းကင်ယံတွင် ယာဉ်ပျံများ ချက်ချင်း ထွက်ပေါ်လာပြီး သတိပေး အချက်ပြသံများ ထုတ်လွှင့်လာသည်။

ရွှီဟွမ်က အမြန် ရပ်တန့်လိုက်ပြီး ထိန်းချုပ်ရေးစင်တာ အချက်ပြ လက်ခံစနစ်ကို ဖွင့်ကာ မြေပြင်နှင့် အမြန် ဆက်သွယ်လိုက်သည်။

"ဒီယာဉ်က ထိုက်ယန်တောင် ကျွန်းပတ် သိမ်းငှက် အမှတ် ၀၀၁ ယာဉ်ပျံ ဖြစ်ပါတယ်... ဆင်းသက်ခွင့် တောင်းခံပါတယ်"

မြေပြင်မှ သတိပေးသံများ ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ထိန်းချုပ်ရေးစင်တာမှ အသံ ထွက်ပေါ်လာသည်။ "ဆင်းသက်ခွင့် ပြုပါတယ်"

ထို့နောက် ရေပေါ်ကျွန်း၏ အကာအကွယ် ပွင့်သွားပြီး ယာဉ်ပျံသည် အမြန် ဝင်ရောက် ပျံသန်းသွားသည်။

ယာဉ်ပျံ သေချာ မရပ်တန့်ရသေးမီ လူရိပ်အချို့က လျင်မြန်စွာ ပျံသန်းလာကြသည်။

"ထိုက်ယန်တောင်က လူတွေ ရောက်လာတာပဲ... ဘယ်သူများ ကြွလာတာလဲ မသိဘူး"

မော်လီက ယာဉ်ပျံကို ကြည့်ပြီး အမြန် လှမ်းမေးသည်။

ယာဉ်ပျံတံခါး ပွင့်သွားပြီး လင်းယွမ် ထွက်လာသည်။

"မော်လီ... ဂျက်ခ်... အခု အခြေအနေ ဘယ်လိုရှိလဲ"

ဆက်ရန်...

All Chapters