← Chapters

အခန်း ၁၉၀၇

Vol. 128 Ch. 1907

အခန်း ၁၉၀၇

Vol. 128 Ch. 1907

အခန်း (၁၉၀၇) အပြင်းအထန် အရိုက်ခံရခြင်း

ချူးယွင်ဖန်းသည် လီမျိုးနွယ်စုအိမ်တော်၏ အိမ်တော်ထိန်းကို ပြင်းထန်စွာ ပါးရိုက်လိုက်ကြောင်း ၎င်းတို့ မြင်လိုက်ရသဖြင့် လူတိုင်း ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည်။ ထိုအဘိုးအို၏ ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ရေး အလွှာတစ်ခု ပေါ်ပေါက်လာသော်လည်း ချက်ချင်းပင် ပြိုကွဲသွားသည်။ ပြီးနောက် ရိုက်ချက်သည် အိမ်တော်ထိန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သွေးများ နေရာအနှံ့ လွင့်စင်သွားကာ သွားအချို့ပင် ကျိုးထွက်သွားသည်။ အိမ်တော်ထိန်းအဘိုးအိုသည် ထိုရိုက်ချက်ကြောင့် ကြောင်အမ်းအမ်းဖြစ်ကာ လုံးလုံးလျားလျား ဆွံ့အသွားသည်။ ကြယ်များ မြင်လာသည်အထိ ရိုက်နှက်ခံရ၍ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

"ကျုပ်က လီမျိုးနွယ်စုနဲ့ လီချန်းယွမ်ဆီလာခဲ့တာ။ လီချန်းယွမ်က ဘယ်သူလဲ။ သူ့ကို ထွက်လာခိုင်းလိုက်၊ ကျုပ်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်ကြတာပေါ့" ချူးယွင်ဖန်းက ပြုံးကာ ပြောလိုက်သည်။

ဤရိုက်ချက်ကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ လီမျိုးနွယ်စုကို ရင်ဆိုင်ရဲသူများရှိသော်လည်း လီမျိုးနွယ်စု၏ သိက္ခာကို နင်းခြေသူမူ အလွန်ရှားပါးပေလိမ့်မည်။ အငြိုးအတေး အလွန်ကြီးမားခြင်း မရှိပါက သာမန်လူများသည် ထိုကဲ့သို့သော အင်အားစုမျိုးကို အလွယ်တကူ စော်ကားဝံ့မည် မဟုတ်ပေ။ သို့မဟုတ်ပါက ထိုအင်အားစုများသည် ၎င်းတို့ကို အသေအကျေ ပစ်မှတ်ထား တိုက်ခိုက်လာပေလိမ့်မည်။ ကျိုင်းကို ကိုင်စွဲထားသည့် ဤပညာရှင်သည် လီမျိုးနွယ်စုကို ကြောက်ရွံ့ခြင်း မရှိကြောင်း သိသာထင်ရှားသည်။ သူသည် လီမျိုးနွယ်စုကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်ပင် ရှိနေသည်။ သူသည် လီမျိုးနွယ်စုကို ပြစ်မှတ်ထား၍ ရိုက်နှက်လိုခြင်းဖြစ်ရာ အလွန်မောက်မာလွန်းလှသည်။

ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့ကြားတွင် သာမန်ထက် နက်ရှိုင်းသော အငြိုးအတေးများ ရှိနေခြင်းကို ၎င်းတို့ မသိကြပေ။ လီချန်းယွမ်သည် သူ့ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သောကြောင့် ချူးယွင်ဖန်းသည် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကာ အကြိမ်ကြိမ် သေလုမျောပါးဖြစ်ခဲ့ရသည်။ ချူးယွင်ဖန်းက လီမျိုးနွယ်စုကို အရှက်ရအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်ကြသည်။ သို့သော် လူအများအပြားသည် သူ၏ ဆိုလိုရင်းကို နားလည်ကြ၏။

လူအများ ကြောက်ရွံ့ကြသော လီချန်းယွမ်ကို ဂရုမစိုက်သည့်အပြင် လီချန်းယွမ်ကို တစ်ယောက်ချင်း တိုက်ခိုက်နိုင်သည်ဟုပင် ဆိုလိုနေသည့် ချူးယွင်ဖန်းအပေါ် လူတိုင်းက ချူးယွင်ဖန်းအပေါ် အမြင်သစ်ဖြင့် ကြည့်မြင်လာကြသည်။ သူ လေလုံးထွားနေခြင်းသော်လည်းကောင်း အမှန်တကယ် စွမ်းဆောင်နိုင်ရည် ရှိနေခြင်းသော်လည်းကောင်း ၎င်းတို့ မသိကြပေ။ လီချန်းယွမ်သည် လူငယ်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ ခွန်အားက ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေသည့်အပြင် ပါရမီရှင်စာရင်းတွင် နံပါတ်တစ်နေရာ ရရှိထားသူဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည် နှစ်ပေါင်းများစွာကြာ ကျင့်ကြံလာသည့် သာမန် ဖန်ဆင်းရှင်များထက်ပင် ကိုင်တွယ်ရ ပိုခက်ခဲပေသည်။

၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကျင့်စဉ်ထက် များစွာ သာလွန်ရုံသာမကဘဲ အရေးကြီးဆုံးအချက်မှာ ထိုလူများသည် အဓိက အင်အားစုများ၏ ရတနာသဖွယ် ဖြစ်တည်မှုများဖြစ်သည်။ ၎င်းတို့က အမျိုးမျိုးသော ကံကောင်းမှုများနှင့် ကြုံတွေ့ထားရသည့် ပါရမီရှင်များဖြစ်ကြ၍ ကောင်းကင်နှင့် ကမ္ဘာမြေ​၏ ရတနာများ၊ နတ်လက်နက်များ၊ မှော်ရတနာများနှင့် ဝှက်ဖဲအမျိုးမျိုးသည် ထိုသူများထံတွင် အလကားရသကဲ့သို့ ပုံအောနေကြသည်။

မိမိတို့၏ ကျင့်စဉ်သည် ထိုပါရမီရှင်များထက် မြင့်မားလျှင်ပင် ၎င်းတို့ကို အနိုင်ယူခြင်းသည် အဆတစ်ရာပို၍ ခဲယဉ်းလှသည်။ ဘေးအန္တရာယ်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသော ချူးယွင်ဖန်းကဲ့သို့၊ နတ်ဆိုးများက ကိုယ်တိုင် တိုက်ခိုက်ခဲ့လျှင်ပင် နောက်ဆုံး၌ သူသည် ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်။ အခြားလူများသည် ချူးယွင်ဖန်းကဲ့သို့ ဝှက်ဖဲများစွာ မရှိနိုင်သော်လည်း အဆင့်တူ သာမန်ကျွမ်းကျင်သူများထက် များစွာ ပို၍ သန်မာကြသည်။ ထို့ကြောင့် လူအများအပြားသည် ချူးယွင်ဖန်းကို ကြွားဝါနေသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။

"မင်းက ကျုပ်တို့မိသားစုကို စော်ကားရဲတယ်ပေါ့လေ။ ဒီကမ္ဘာပေါ်မှာ မင်းအတွက် ပြေးစရာမြေရှိမယ် မထင်နဲ့" အိမ်တော်ထိန်းအဘိုးအိုသည် ဒေါသတကြီး ပေါက်ကွဲသွားသည်။

သူသည် နတ်ဆိုးကဲ့သို့သော လက်သည်းဖြင့် ဝှေ့ယမ်းလိုက်ရာ ၎င်းသည် ကောင်းကင်တစ်ခုလုံး အမည်းရောင် ပြောင်းလဲသွားသည်အထိ ကြောက်မက်ဖွယ်ကောင်းစွာ ချူးယွင်ဖန်းထံသို့ တည့်တည့်ရောက်ရှိလာသည်။

"အို... ခင်ဗျားက နတ်ဆိုးအိုကြီးတစ်ကောင်ကိုး" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

အိမ်တော်ထိန်းသည် အစောပိုင်းက မလှုပ်ရှားခဲ့သဖြင့် မည်သည့် သိုင်းပညာကို ကျင့်ကြံထားမှန်း မည်သူမျှ မသိခဲ့ကြပေ။ သို့သော် ယခုမူ အရာအားလုံး ပေါ်လွင်သွားခဲ့သည်။ ဤလူသည် နတ်ဆိုးပညာရပ်များကို နှစ်ပေါင်းမည်မျှကြာသည်အထိ ကျင့်ကြံထားမှန်း မသိရသော နတ်ဆိုးအိုကြီးတစ်ဦးဖြစ်နေသည်။ လီမျိုးနွယ်စုအိမ်တော် အပြင်ဘက်ရှိ လူတိုင်း တုန်လှုပ်သွားကြသည်။ လီမျိုးနွယ်စုကဲ့သို့ အဆင့်အတန်းမျိုးဖြင့် နတ်ဆိုးပညာရှင်များကို မွေးမြူထားမည် မဟုတ်ကြောင်း ၎င်းတို့ သိကြသည်။ နတ်ဆိုးများသည် ကမ္ဘာကြီးကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ကြသဖြင့် သက်ရှိအားလုံး၏ အကြီးမားဆုံး ရန်သူဖြစ်ရာ ၎င်းတို့ကို ရှာဖွေတွေ့ရှိသွားပါက တုန်လှုပ်ခြောက်ခြားဖွယ် ကိစ္စရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုအခါ ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ ဤအိမ်တော်ထိန်းအဘိုးအိုသည် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတစ်ဦးဖြစ်၍ လီမျိုးနွယ်စု၏ ဖိနှိမ်မှုအောက်သို့ ရောက်ရှိပြီးနောက် လီမျိုးနွယ်စုအိမ်တော်၏ အိမ်တော်ထိန်းအဖြစ် ရိုရိုသေသေ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စွမ်းအင်ပြသမှုသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ မြစ်ချောင်းများ သမုဒ္ဒရာများသို့ စီးဝင်သကဲ့သို့ အရာအားလုံး စုစည်းနေသည့် ကြီးမြတ်သောတရှတွင်သာ ဖန်ဆင်းရှင်အဆင့်ရှိ နတ်ဆိုးတစ်ကောင်ကို မိမိအတွက် တာဝန်ထမ်းဆောင်စေရန် နှိမ်နင်းထားနိုင်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုများ မကျရောက်လာမီ လက်ထဲရှိ တောင်ဝှေ့ကို ဝှေ့ယမ်းလိုက်သည်။ ခဏအတွင်းပင် အိမ်တော်တစ်ခုလုံး တုန်ခါသွားသည်။ ကျိုင်းဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဧရာမ နတ်ဆိုးလက်သည်းကြီး လေထုထဲတွင် ပေါက်ကွဲထွက်ကာ သွေးများ လွင့်စင်သွားလေသည်။

"အား.... " အိမ်တော်ထိန်းသည် အော်ဟစ်ကာ အနောက်သို့ ဆုတ်ခွာသွားသည်။

အိမ်တော်ထိန်း၏ လက်တစ်ဖက်လုံး ပေါက်ကွဲပျက်စီးသွားကာ သွေးများ စီးကျလာသည်။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ယှက်သန်းနေ၏။ သူ၏ ကျင့်စဉ်သည် အားမနည်းလှပေ။ သူသည် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကျင့်စဉ်သည် လီမျိုးနွယ်စုထံ အညံ့ခံပြီးနောက် ကန့်သတ်ခံထားရသဖြင့် ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။ ထိုသို့ဆိုလျှင်ပင် သူသည် အားနည်းသူတစ်ဦး မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက သူ၏ လက်ကို အပိုင်းပိုင်းဖြစ်သည်အထိ ဖျက်ဆီးပစ်လိုက်သည်။ သူ၏ မျက်လုံးများ အလွန်ပင် အဆိပ်ပြင်းထန်သော အငြိုးအတေးများဖြင့် ဝင်းလက်လာ၍ သူ၏ ယခင် ကြောက်မက်ဖွယ် နတ်ဆိုးပုံစံကို ထုတ်ဖော်ပြသလာသည်။

သို့သော် အိမ်တော်ထိန်းအဘိုးအို မတုံ့ပြန်နိုင်မီ ချူးယွင်ဖန်းက လက်ကို ထပ်မံမြှောက်တင်၍ ရိုက်ချလာသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ပြင်းထန်သော ရိုက်သံနှင့်အတူ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာ၍ အိမ်တော်ထိန်းအဘိုးအိုသည် မြေပြင်ပေါ်သို့ ခွေကျသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးပေါင်းများစွာ ကျိုးကြေသွားကာ သူ စုစည်းနေသော နတ်စွမ်းအင်များ ပျောက်ကွယ်သွားသည်။ သူ ပိုင်ဆိုင်ထားသော ဖန်ဆင်းရှင်အဆင့်၏ စွမ်းအင်သည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရချိန်တွင် လုံးလုံးလျားလျား အသုံးမဝင်ဘဲ ခဏအတွင်း အာနိသင် ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။ ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သူ၏ ကျင့်စဉ်များ ပြန့်ကျဲသွားသည်။

"အောက်ခြေလွတ်မနေနဲ့ ကျုပ်တို့သခင်ကြီး ပြန်လာတဲ့အခါ သူ မင်းကို လက်တစ်ဖက်တည်းနဲ့ သတ်ပစ်လိမ့်မယ်" အိမ်တော်ထိန်းအဘိုးအို အံကြိတ်လျက် ချူးယွင်ဖန်းကို နာကြည်းစွာ စိုက်ကြည့်လိုက်သည်။

သူသည် ချူးယွင်ဖန်းကို အပိုင်းပိုင်း ဆွဲဖြဲချင်နေမိသည်။ လီမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို မကြောက်ရွံ့သော ဤငနဲသည် မည်သည့်နေရာက ရောက်ရှိလာသည်ကို အိမ်တော်ထိန်းအဘိုးအို မသိပေ။ သူသည် လီချန်းယွမ်ကြောင့် လာခဲ့ခြင်းဟု ဆိုခဲ့သေးသည်။ ဤရုတ်တရက် အပြောင်းအလဲသည် သူ့ကို အနည်းငယ် ထိတ်လန့်သွားစေသော်လည်း သူသည် ချူးယွင်ဖန်းကို အလွန်အမင်း မုန်းတီးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ပြောစမ်း၊ ပစ္စည်းတွေ ဘယ်မှာဖွက်ထားတာလဲ" ချူးယွင်ဖန်းက လှောင်ရယ်၍ နင်းချလိုက်ရာ အိမ်တော်ထိန်း၏ ရင်ဘတ်တစ်ခုလုံး နိမ့်ဝင်သွားသည်။

ထိုအခါ သွေးများ လွင့်စင်ထွက်လာသည်။ ချူးယွင်ဖန်းသည် အိမ်တော်ထိန်း၏ အရေးကြီးသော နေရာများကို တမင်ရှောင်ကွင်း၍ နင်းလိုက်သဖြင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေသော်လည်း သေဆုံးသွားခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူ့ကို အသက်ရှင်လျက် ထားခြင်းသည် အသုံးဝင်သေးသည်။ ချူးယွင်ဖန်း မလှုပ်ရှားမီက လီမျိုးနွယ်စုအိမ်တော်တစ်ခုလုံးကို အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ထားခဲ့သဖြင့် မည်သူမျှ ထွက်မပြေးနိုင်ပေ။ အိမ်တော်ထိန်းအဘိုးအိုသည် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရေတွက်နိုင်သော အရိုးများ ကျိုးကြေသွားသဖြင့် မရပ်မနား အော်ဟစ်နေ၏။

--

All Chapters