← Chapters

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အခန်း (၁၉၀၉) တစ်ချက်တောင် မခုခံနိုင်ဘူး

"ဟိုလေးယောက်က ဘာလို့ ရုပ်ချင်း တစ်ထေရာတည်း တူနေရတာလဲ"

မျှော်စင်ကဲ့သို့ သန်မာထွားကြိုင်လှသော ထိုလူလေးဦးသည် ရုပ်ချင်းဆင်တူနေကြောင်း သတိပြုမိပြီးနောက် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ အမွှာလေးဖော်ဟူသည် ရှားပါးသည့်အရာ မဟုတ်သော်လည်း ညီအစ်ကို လေးဦးစလုံး ဖန်ဆင်းရှင်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းသည် အံ့ဩဖွယ်ကောင်းလှသည်။

"ကျုပ် အခုမှ သတိရတတယ်၊ အရင်က လီချန်းယွမ်လက်အောက်က စစ်သည်တော် လေးဦးအကြောင်း ကြားဖူးတယ်။ သူတို့တွေ ငယ်ငယ်က အင်အားကြီးတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်တာကို ခံရချိန် နောက်ပိုင်း လီချန်းယွမ်က ကယ်တင်ခဲ့လို့ သူ့ဆီမှာ ခိုလှုံပြီး လက်အောက်ငယ်သားတွေ ဖြစ်လာခဲ့တာတဲ့"

"ဟုတ်တယ်၊ ကျုပ်လည်း အဲဒီစစ်သည်တော် လေးဦးအကြောင်း ကြားဖူးတယ်။ ဒါပေမယ့် လီချန်းယွမ်ဆီ ရောက်သွားပြီးနောက်ပိုင်း သူတို့တွေ တိုက်ပွဲဝင်တာ ရှားသွားတယ်။ ဒီမှာ သူတို့ကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး"

"ဒီလူတော့ အခြေအနေ မဟန်တော့ဘူး ထင်တယ်။ ဒီစစ်သည်တော် လေးဦးရဲ့ အင်အားက တော်တော် ကြောက်စရာကောင်းတာ။ ဒါ့အပြင် သူတို့လေးဦးက စုပေါင်းတိုက်ခိုက်တာလည်း ကျွမ်းကျင်ကြသေးတယ်။ သူတို့ထက် ကျင့်စဉ် မြင့်တဲ့သူတွေတောင် သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

မြို့ထဲရှိ လူအများသည် ထိုစစ်သည်တော် လေးဦးအကြောင်း အနည်းငယ် သိထားကြသဖြင့် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

"သူ့ကို သတ်လိုက်။ မဟုတ်ရင် ချန်းယွမ် ပြန်လာတဲ့အခါ ခင်ဗျားတို့တွေ ကောင်းကောင်းမွန်မွန် အဆုံးသတ်မယ် မထင်နဲ့"

ထူးခြားထက်မြက်ပုံရသော ဇိမ်ခံဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် အထဲမှ ထွက်လာကာ ပြောလိုက်သည်။ သူသည် စကြဝဠာသတ္တမအဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ထိုလူငယ်သည် ပါရမီရှင်စာရင်းဝင်ရန် အလှမ်းဝေးနေသေးသော်လည်း ၎င်း၏ သက်တူရွယ်တူများထဲတွင် အတော်ဆုံး ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသည်။ စစ်သည်တော် လေးဦးသည် ထိုလူငယ်ကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုထားလိုက်ကြသည်။ ၎င်းတို့၏ မာန်မာနအရ ဤလူငယ်သည် ၎င်းတို့ကို အမိန့်မပေးနိုင်ပေ။ ကျန်းဟောင်သည် လီချန်းယွမ်၏ ဝမ်းကွဲညီဖြစ်နိုင်သော်လည်း လီချန်းယွမ်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ အကယ်၍ လီချန်းယွမ်သာ ၎င်းတို့ကို မကယ်တင်ခဲ့ပါက ၎င်းတို့သည် လီချန်းယွမ်ထံတွင် တာဝန်ထမ်းဆောင်ကြမည် မဟုတ်ပေ။

"ကျန်းဟောင်၊ ကျုပ်တို့က ခင်ဗျားရဲ့ အမိန့်ကို နာခံနေတာ မဟုတ်ဘူး"

စစ်သည်တော် လေးဦးထဲမှ အကြီးဆုံးဖြစ်သူက ထိုလူငယ်ကို ကြည့်ကာ ပြောလိုက်သည်။ ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေသည့် အင်အားကြီး ကျွမ်းကျင်သူများဖြစ်သည့် ၎င်းတို့တွင် ကိုယ်ပိုင်မာန်မာနဟူ၍ ရှိကြသည်။ ထိုစကားကို ကြားသောအခါ ကျန်းဟောင်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အမြွက်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် ချူးယွင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"တိုက်ခိုက်ကြ"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ စစ်သည်တော် လေးဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံကို စတင်လိုက်သည်နှင့် ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော လှိုင်းလုံးကြီးတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ စစ်သည်တော် လေးဦးစလုံးသည် ဖန်ဆင်းရှင် တတိယအဆင့်တွင် ရှိကြသဖြင့် ၎င်းတို့၏ စုပေါင်းအင်အားသည် သူရဲကောင်းအားလုံးကို ငုံ့ကြည့်နိုင်လောက်သည်အထိ သန်မာလှသည်။ ပြီးနောက် ဖျာတစ်ချပ်စာခန့်ရှိသော လက်ဝါးကြီး လေးခုက အရပ်မျက်နှာ အသီးသီးမှ ချူးယွင်ဖန်းထံ စုပြုံရိုက်ချလာသည်။ သို့သော် ချူးယွင်ဖန်းကမူ တစ်လက်မမျှ မလှုပ်ရှားပေ။ သူ၏ ခန္ဓာကိုယ်သည် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေကာ ကျရောက်လာသော ရိုက်ချက်များကို လုံးလုံးလျားလျား ဂရုမစိုက်စွာ ပြုမူနေသည်။

ဘုံး

ချူးယွင်ဖန်း ရပ်နေသော နေရာတွင် မှိုပွင့်ပုံစံ ဖုန်မှုန့်တိမ်တိုက်ကြီးအဖြစ် ပေါက်ကွဲသွားသည်။ စစ်သည်တော် လေးဦး၏ တိုက်ခိုက်မှုသည် လေဟာနယ်ကိုပင် တုန်ခါစေနိုင်သည့် အံ့မခန်း စွမ်းအင်များ ပါရှိကြသည်။ သို့သော် လူတိုင်းသည် နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ဖုန်မှုန့်များကြားရှိ ချူးယွင်ဖန်း လုံးလုံးလျားလျား မရွေ့လျားခဲ့ကြောင်း မြင်တွေ့လိုက်ရသည်။ နတ်စွမ်းအင်များဖြင့် အကာအကွယ်အတားအဆီးတစ်ခု ပြုလုပ်ထားသောကြောင့် သူ၏ ဝတ်ရုံအစွန်းများပင် လှုပ်ရှားခြင်းမရှိပေ။ စစ်သည်တော် လေးဦး၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။

"စစ်သည်တော်လေးဦး ဟုတ်လား၊ ခင်ဗျားတို့က ဘာမှမဟုတ်ပါဘူး။ အခု ကျုပ်အလှည့်ပဲ" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

ဤစစ်သည်တော် လေးဦးသည် အမှန်တကယ် သန်မာကြသည်။ ၎င်းတို့၏ ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံနှင့် ပေါင်းစပ်လိုက်ပါက သာမန် ဖန်ဆင်းရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သေဆုံးသွားနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ကွဲပြားခြားသည်။ သူ၏ အင်အားသည် သာမန်လူသားများ နားလည်နိုင်သည့် အကန့်အသတ်ထက် ကျော်လွန်နေပြီဖြစ်ရာ သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ဖန်ဆင်းရှင် တတိယအဆင့်ကို ကျော်လွန်၍ စတုတ္ထအဆင့်သို့ နီးကပ်နေသည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးက ချူးယွင်ဖန်းကို အနည်းငယ်မျှ မထိခိုက်နိုင်ပေ။ ချူးယွင်ဖန်းက သူ၏လက်ထဲမှ ကျိုင်းကို ဝှေ့ယမ်းလိုက်ရာ လေထုနှင့် တိမ်တိုက်များကို အုပ်စိုးနေသကဲ့သို့ ထင်မှတ်ရစေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းကြီး ပျံ့လွင့်လာကာ တုန်လှုပ်ဖွယ်ရာ အလင်းတန်းကြီးအဖြစ် အရှေ့သို့ ကျရောက်လာသည်။

"မကောင်းတော့ဘူး"

ချူးယွင်ဖန်း အရှေ့တွင် ရှိနေသော ကျွမ်းကျင်သူသည် ရေခဲတွင်းထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ ကျောရိုးထဲအထိ အေးစိမ့်သွားသည်။ ဤခံစားချက်သည် ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည်။

"သူက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ"

ထိုကျွမ်းကျင်သူသည် အဘယ်ကြောင့် ဤမျှ ထိတ်လန့်နေရသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။

"အားလုံးပူးပေါင်းပြီး တိုက်ကြ"

ထိုလူသည် ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံ၏ စွမ်းအင်ကို စုစည်းလိုက်သဖြင့် သူ့အရှေ့တွင် အကာအကွယ် အလွှာများစွာ ပေါ်ထွက်လာကာ တိုက်စစ်မှ ခံစစ်အဖြစ် ပြောင်းလဲလိုက်သည်။

ဘန်း

ချူးယွင်ဖန်းသည် ကျိုင်းဖြင့် ရိုက်ချလိုက်သည်။ ကျိုင်းဖြင့် ထိမှန်သွားသည်နှင့် ဖွဲ့စည်းပုံတစ်ခုလုံး ချက်ချင်း ကွဲအက်သွားရသည်။ ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံ​၏ စွမ်းအင်သည် ကျိုင်းအောက်တွင် ပျက်စီးသွားကာ ရွှေရောင် ဒီရေလှိုင်းများအဖြစ် ပေါက်ကွဲထွက်လာသည်။

ဘုံး

ဖွဲ့စည်းပုံတစ်ခုလုံး ပေါက်ကွဲသွားကာ ကျိုင်းသည်လည်း အရှိန်ဖြင့် ကျဆင်းသွားသည်။

ဘန်း

ရိုက်ချက်သည် စစ်သည်တော် လေးဦးထဲမှ တစ်ဦးကို ထိမှန်သွားသဖြင့် ထိုစစ်သည်တော်သည် အနောက်သို့ လွင့်ထွက်သွားသည်။ ထိုကျွမ်းကျင်သူ၏ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်သွားကာ သွေးများ ပန်းထွက်လာကြောင်း လူတိုင်း မြင်လိုက်ရသည်။ သူ၏ အရိုးများ မည်မျှကျိုးကြေသွားကာ အတွင်းအင်္ဂါများ မည်မျှကြေမွသွားသည်ကို မည်သူမျှ မသိနိုင်ပေ။ သူသည် ဆိုးရွားဖွယ် သေဆုံးသွားရသည်။

"စတုတ္ထညီ"

ကျန်ရှိနေသော စစ်သည်တော် သုံးယောက် ချက်ချင်းပင် ဝမ်းနည်းမှုနှင့် ဒေါသတို့ဖြင့် လွှမ်းမိုးသွားကြသည်။ ၎င်းတို့လေးဦးသည် အမွှာညီအစ်ကိုများ ဖြစ်ကြကာ ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူ လျှောက်လှမ်းကာ ဖန်ဆင်းရှင်အဆင့်သို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။ နှစ်ပေါင်း တစ်ရာကျော်ကြာ အတူရှိခဲ့သောကြောင့် ၎င်းတို့၏ သံယောဇဉ်သည် အလွန်နက်ရှိုင်းလှသည်။ ယခုအခါ ၎င်းတို့၏ စတုတ္ထညီသည် ၎င်းတို့​၏မျက်စိရှေ့တွင် သေဆုံးသွားသဖြင့် မျက်လုံးများမှ သွေးမျက်ရည် ကျမတတ် နာကျင်ခံစားနေရသည်။

"တစ်ချက်တောင် မခံနိုင်ပါလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ထိုစစ်သည်တော် လေးဦးသည် သာမန်လူများအတွက် အလွန်သန်မာသော်လည်း သူ့အတွက်မူ မပြောပါ့လောက်ပေ။ ဤလူများသည် ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံ၏ အကာအကွယ်မရှိပါက သူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်စွမ်း မရှိကြပေ။

"သူ့ကို သတ်ပြီး စတုတ္ထညီအတွက် ကလဲ့စားချေကြမယ်"

ကျန်ရှိနေသော စစ်သည်တော် သုံးယောက်၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းနေသော်လည်း ၎င်းတို့သည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ စံအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းတို့ သုံးဦးသည် မည်သည်ကိုမှ မစဉ်းစားတော့ဘဲ ချူးယွင်ဖန်းဆီ ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့သည် တောင်ပေါ်မှ ဆင်းလာသော ကျားများကဲ့သို့ ၎င်းတို့​၏အကောင်းဆုံး တိုက်ခိုက်မှုများကို ပြသလာကြသည်။ ၎င်းတို့တွင် ပုံရိပ်လေးသွယ် ဖွဲ့စည်းပုံ မရှိတော့သော်လည်း နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် နားလည်မှုများကြောင့် ပုံရိပ်သုံးသွယ် ဖွဲ့စည်းပုံကို တည်ဆောက်ကာ ၎င်းတို့၏ အင်အားကို အစွမ်းကုန် မြှင့်တင်လိုက်ကြသည်။

ဘုံး

သို့သော် နောက်တစ်ခဏ၌ ချူးယွင်ဖန်းသည် သူ​၏ကျိုင်းကို ဝှေ့ယမ်းလာပြန်သည်။ ကျိုင်း ဖြတ်သန်းလာသောအခါ ဖွဲ့စည်းပုံတစ်ခုလုံး ဆုတ်ဖြဲခံရကာ ဗလာနတ္ထိအခြေအနေသို့ ရောက်ရှိသွားရသည်။

ဘန်း

စစ်သည်တော် တစ်ဦးသည် ချူးယွင်ဖန်း၏ ကျိုင်းဖြင့် ထိမှန်ကာ လွင့်ထွက်သွားသည်။ သူသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ရုန်းကန်ရန် ကြိုးစားနေသော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။ ခေတ္တမျှ ရုန်းကန်ပြီးနောက် သူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ ချူးယွင်ဖန်း၏ ကျိုင်းကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ထင်ကျန်ခဲ့ရာ၊ ကြည့်ရသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ စစ်သည်တော် သုံးဦးထဲမှ နောက်တစ်ဦးသည်လည်း တစ်ချက်တည်းဖြင့် သေဆုံးသွားပြန်သည်။

--

All Chapters