← Chapters

အခန်း ၁၉၁၃

Vol. 128 Ch. 1913

အခန်း ၁၉၁၃

Vol. 128 Ch. 1913

အခန်း (၁၉၁၃) နတ်မီးလျှံအသီး

၎င်းတို့မလာရောက်မီကပင် ကြီးမြတ်သောတရှ၏ လီမျိုးနွယ်စုမှ စီမံကိန်းရေးဆွဲသူများသည် ဤအခြေအနေကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ လီမျိုးနွယ်စုသည် အရှေ့ပင်လယ်၏ အကျိုးစီးပွားများတွင် ဝင်ရောက်စွက်ဖက်တော့မည်ဖြစ်ရာ ဒေသခံများ၏ ရန်လိုမှုကို မလွဲဧကန် ခံစားရမည်ဖြစ်သည်။ သို့သော် ၎င်းတို့အမြင်တွင်မူ အနှောင့်အယှက် အနည်းငယ်သာ ကြုံတွေ့ရမည်ဖြစ်သောကြောင့် ကြီးမားသော ပြဿနာမဟုတ်ဘူးဟု မှတ်ယူထားကြသည်။ လီမျိုးနွယ်စု၏ အင်အားအရှိန်အဝါသည် အကြီးမားဆုံးသော အင်အားစုကြီးများနှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့နောက်ကွယ်တွင် ကြီးမြတ်သောတရှ၏ ထောက်ပံ့မှု တည်ရှိနေသည်။ ၎င်းတို့ အသုံးချနိုင်သော အင်အားသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှ၏။ အရှေ့ပင်လယ်တွင် လီမျိုးနွယ်စုကို အလွယ်တကူ အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိသည့် အင်အားစုသည် အနည်းအကျဉ်းသာရှိသည်။ ထိုလူတို့သည်လည်း ဤကိစ္စကြောင့် လီမျိုးနွယ်စုနှင့် ကိုယ်တိုင်တိုက်ပွဲ ဆင်နွှဲမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် လီမျိုးနွယ်စု​၏ ကမ္ဘာရန်သူကြီးဖြစ်သွားနိုင်သည့်အပြင် နှစ်ဦးနှစ်ဖက်အတွင်း တစ်ဦး မသေဆုံးလျှင် ရပ်တန့်သွားမည် မဟုတ်ပေ။

လီမျိုးနွယ်စုသည် အရှေ့ပင်လယ်၏ ဒေသခံအရှင်သခင် မဟုတ်သော်လည်း အရှေ့ပင်လယ် ရေတပ်အတွင်း၌ ခိုင်မာသော ဩဇာအာဏာများ ပိုင်ဆိုင်ထားသည်။ အရှေ့ပင်လယ်ရှိ အင်အားစုတစ်ခုခုကို ပြဿနာရှာရန် ၎င်းတို့အတွက် အလွန်လွယ်ကူလှသည့်အပြင် ပင်လယ်နက်ထဲတွင် ပုန်းအောင်းနေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သီးသန့် ကျင့်ကြံသူများနှင့် ပတ်သက်၍မူ ထိုလူတို့သည် လီမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်စွမ်း မရှိကြချေ။ စံအိမ်အတွင်း၌ ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူ အများအပြား တည်ရှိနေသည်။ ယခုကဲ့သို့ အများအပြားရှိနေခြင်းမဆိုနှင့် ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူတစ်ဦးတည်းနှင့်ပင် အရှေ့ပင်လယ်၌ ဂိုဏ်းတစ်ခု တည်ထောင်နိုင်သည်။

ဤအင်အားသည် အလွန်အမင်းကြီးမားသည်ဟု မဆိုနိုင်သော်လည်း လီချန်းယွမ်နှင့် အခြားသူများကို ထောက်ပံ့ပေးရန် ပြဿနာမရှိပေ။။ သို့သော် သာမန်အသိတရားဖြင့် တွက်ချက်၍မရသော ချူးယွင်ဖန်းကဲ့သို့သော မွန်းစတားတစ်ယောက်နှင့် တွေ့ဆုံလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ သာမန်လူတို့သည် လီမျိုးနွယ်စု၏ အရှိန်အဝါကို ကြောက်ရွံ့ကြသော်လည်း ချူးယွင်ဖန်းကမူ မကြောက်ရုံသာမကဘဲ လီမျိုးနွယ်စု၏ ခံတပ်ကိုပင် အမြစ်ပါမကျန်အောင် နှုတ်ပစ်နိုင်စွမ်းရှိနေသည်။ ဤဘဏ္ဍာတိုက်အတွင်းရှိ ပစ္စည်းများသည် များပြားလွန်းလှရာ ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်နှင့်ပင် အားလုံးကို သိမ်းယူရန် ၁၅ မိနစ်ခန့် ကြာမြင့်သွားခဲ့သည်။ ထိုအချိန်အတွင်း လီမျိုးနွယ်စုတစ်ခုလုံး ဆောင်းရာသီ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မြို့ပြင်ရှိ အင်အားစုကြီးများမှ ကျွမ်းကျင်သူများပင် မှင်တက်နေကြသည်။

မျက်နှာကို အားပြင်းပြင်းနှင့် ရိုက်နှက်ခြင်းဆိုသည် ဤသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် လီမျိုးနွယ်စု၏ မျက်နှာကို ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းဖြစ်သည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် လီမျိုးနွယ်စု သို့မဟုတ် လီချန်းယွမ်နှင့် ရန်ငြိုးတစ်ခုခု ရှိလိမ့်မည်ဟု လူတိုင်း ရိပ်မိသွားကြသည်။ မဟုတ်လျှင် ဤကဲ့သို့ တကူးတက လာရောက်၍ သိက္ခာချလိမ့်မည် မဟုတ်ပေ။ လီမျိုးနွယ်စုသည် အရှေ့ပင်လယ်တွင် နဂါးတစ်ကောင် မြစ်ကိုဖြတ်သန်းသကဲ့သို့ တန်ခိုးအာဏာ တည်ဆောက်ရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ၎င်းတို့၏ သိက္ခာများ မြေပေါ်သို့ ကျဆင်းသွားလေသည်။

"လီမျိုးနွယ်စုကတော့ ဒီကိစ္စကြောင့် ရူးမတတ် ခံစားရတော့မှာပဲ"

"ဒါပေမယ့် အရှေ့ပင်လယ်က အရမ်းကျယ်တာ၊ သူသာ ပုန်းနေဖို့ ဆုံးဖြတ်ထားရင် လီမျိုးနွယ်စုလည်း သူ့ကို ရှာတွေ့ဖို့ မလွယ်လောက်ဘူး"

အချို့က တိတ်တဆိတ် ရယ်မောနေကြသည်။ လီမျိုးနွယ်စုတွင် ကျွမ်းကျင်သူ အများအပြား ရှိသော်လည်း ချူးယွင်ဖန်း၏ စွမ်းရည်အရ သာမန်ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူများပင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

"ကောင်းပြီ၊ ခင်ဗျား ပြောခဲ့တဲ့ ဆေးဖက်ဝင် အပင်က ဘယ်မှာလဲ" ချူးယွင်ဖန်းက ကျန်းဟောင်ကို မေးလိုက်သည်။

"ကျွန်တော်..." ကျန်းဟောင်၏ မျက်နှာအမူအရာ ခါးသက်သွားသည်။

ချူးယွင်ဖန်းသည် ဘဏ္ဍာတိုက်ကို သိမ်းကျုံးယူပြီးနောက် ကျေနပ်သွားလိမ့်မည်ဟု သူ မျှော်လင့်ထားသော်လည်း ယခုမူ သူပြောခဲ့သော မြတ်ဆေးပင်ကိုပင် တောင်းဆိုနေပြန်သည်။ အခြေအနေသည် မွန်းကျပ်လွန်းလှသည်။ ကျန်းဟောင်သည် မည်သည့်အချိန်က ဤသို့ မွန်းကျပ်ခဲ့ဖူးသနည်း။

ဖြန်း

ချူးယွင်ဖန်းက ကျန်းဟောင်ကို စေ့စေ့ကြည့်ပင်မကြည့်ဘဲ ပါးရိုက်လိုက်သောကြောင့် သူ​၏ မျက်နှာတစ်ဖက် ရောင်ကိုင်းသွားရသည်။

"မြန်မြန်ပြော၊ ကျုပ် အချိန်တွေကို မဖြုန်းနဲ့။ လီချန်းယွမ် ပြန်လာရင်တောင် သူ မရောက်ခင် လီမျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပြီး ထွက်သွားဖို့ ကျုပ်မှာ အချိန်အလုံအလောက် ရှိတယ်"

ချူးယွင်ဖန်းသည် အပြုံးဖြင့် လီမျိုးနွယ်စုစံအိမ်ကို ကြည့်လိုက်သည်။ လီမျိုးနွယ်စုစံအိမ်ရှိ လူများသည် လီချန်းယွမ် ပြန်လာသည်အထိ အချိန်ဆွဲရန် ကြိုးစားနေကြောင်း သူ သိနေသော်လည်း ၎င်းကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ ချူးယွင်ဖန်းသည် လီချန်းယွမ်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်စဉ်ကကဲ့သို့ အားမနည်းတော့ဘဲ ယခုအခါ လီချန်းယွမ်ကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။

သူ့အတွက် တစ်ခုတည်းသော အခက်အခဲသည် လီချန်းယွမ်၏ ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ဖန်ဆင်းရှင် အထွတ်အထိပ်အဆင့်သို့ ရောက်နေသူများပင် ပါဝင်နိုင်သည်။ ချူးယွင်ဖန်းသည် မိမိကိုယ်ကို ကာကွယ်နိုင်ကာ အထိအခိုက်မရှိဘဲ ထွက်ပြေးနိုင်သည်ဟု ယုံကြည်သော်လည်း ထိုသူများ၏ အနှောင့်အယှက်ပေးမှုကို မလိုလားပေ။ သူ၏ လက်ရှိ ခွန်အားဖြင့်ပင် ဤမျှစွမ်းဆောင်နိုင်ခြင်းသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။ အကယ်၍ သူသာ နှစ်အနည်းငယ်ခန့် ရရှိမည်ဆိုပါက ထိုလူများကို သတ်ဖြတ်နိုင်ကြောင်း ချူးယွင်ဖန်းတွင် အပြည့်အဝ ယုံကြည်မှုရှိနေသည်။ ကျင့်စဉ်တိုးတက်မှုအရှိန်အဟုန်နှင့် ပတ်သက်လျှင် မည်သူ့ကိုမျှ ကြောက်ရွံ့ခဲ့ဖူးသူမဟုတ်ပေ။ တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု အခိုင်အမာရှိလွန်းသောကြောင့် ထိုလူများ​၏ စိတ်ကူးကြံစည်မှုများကို အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပေ။

ကျန်းဟောင်သည် ရွေးချယ်စရာမရှိဘဲ ချူးယွင်ဖန်း၏ ခြိမ်းခြောက်မှုအောက်တွင် ရှုပ်ထွေးသော လက်စည်းတံဆိပ်များ ပြုလုပ်လိုက်ရာ ဘဏ္ဍာတိုက် အထက်တွင် တံခါးငယ်တစ်ခု ပေါ်ပေါက်လာသည်။ ကျန်းဟောင်​၏ အသက်ရှင်မှုသည် အလဟဿ မဖြစ်ခဲ့ဘူးဟု တွေးတောကာ ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။ ဤလျှို့ဝှက်တံခါး​၏ ဖွင့်နည်းကို မသိပါက ဖန်ဆင်းရှင်အဆင့်ထက်သို့ ရောက်ရှိသူမှလွဲ၍ ၎င်းကို မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ကျန်းဟောင်း​၏ ထိန်းချုပ်မှုအောက်တွင် တံခါးပွင့်သွားသောအခါ အခန်းငယ်အတွင်း ဖွဲ့စည်းပုံတစ်ခုဖြင့် ပိတ်လှောင်ထားသည့် ဆေးဖက်ဝင် သစ်သီးကို တွေ့လိုက်ရသည်။ ၎င်းသည် မီးတောက်တစ်ခုကဲ့သို့ တောက်ပနေသောကြောင့် ပတ်ဝန်းကျင်ရှိ လေထုကိုပင် ပူပြင်းစေသည်။

'ဒါ... နတ်မီးလျှံသစ်သီးပဲ' ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းသည် ဤကမ္ဘာပေါ်တွင် သူ မသိသော ရတနာဟူ၍ မရှိပေ။ လီချန်းယွမ်သည် ဤသစ်သီးကို လျှို့ဝှက်ရတနာတိုက်အတွင်း သိမ်းဆည်းထားခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ဤအသီးသည် ဒဏ်ရာများကို မကုသနိုင်သကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကိုလည်း တိုက်ရိုက် မတိုးမြှင့်နိုင်ပေ။ သို့သော် ၎င်းသည် မီးဓာတ်နှင့် ဆက်နွှယ်မှုကို မြှင့်တင်ပေးကာ မီးအမျိုးအစား စွမ်းရည်များကို နားလည်သဘောပေါက်စေရန် ကူညီပေးသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်သဖြင့် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေနိုင်သော အဖိုးတန် ရတနာတစ်ခုဖြစ်သည်။

--

All Chapters