← Chapters

အခန်း ၉၇၉

Vol. 66 Ch. 979

အခန်း ၉၇၉

Vol. 66 Ch. 979

အခန်း ၉၇၉ - လိမ်လည်လှည့်ဖြားတဲ့နေရာမှာ ငါ့ကိုလာယှဉ်ချင်တာလား

"အဲဒါက ဘာကြီးလဲ"

ကျန်းမုန့်လောင်က ချီယာကို မျက်လံုးမှေးကြည့်လိုက်သည်။ သူ့အရေပြားက သိသိသာသာ ခြောက်ကပ်လာပြီး ဆံပင်များကလည်း အရောင်အသွေးကင်းမဲ့လာသည်။

"သူ့ပုံစံက ဆေးချထားတဲ့ပုံပေါက်နေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ"

"သူ မည်းနက်သွားတာလား။ မည်းနက်သွားရင် သုံးဆပိုသန်မာလာတယ်လို့ ပြောကြတယ်လေ"

"လျှောက်ပြောမနေနဲ့။ သုံးဆပိုသန်မာလာရင်တောင် ကျောင်းအုပ်ကြီးကို သူနိုင်မှာမဟုတ်ဘူး။ ဘာကြောက်စရာလိုလို့လဲ"

"ကျောင်းအုပ်ကြီး.. သူ့ကို သေအောင်သာ ရိုက်ချလိုက်စမ်းပါ"

ဧရာမလက်ချောင်းကြီးငါးချောင်းက မြို့တော်ဆီသို့ နီးကပ်လာလေရာ ပြိုကျပျက်စီးတော့မည့် မြို့တစ်မြို့အပေါ်သို့ မည်းမှောင်နေသော တိမ်တိုက်ကြီးများ ဖုံးလွှမ်းဖိကျလာသည့် မြင်ကွင်းမျိုးနှင့် တူနေတော့သည်။

"သူတို့တော့ သွားပြီ"

"ရှီလော့မျိုးနွယ်စုနဲ့ နိုအာမျိုးနွယ်စုက လူအယောက်တစ်သောင်းကျော်တော့ သေချာပေါက် သေရတော့မှာပဲ။ ဘယ်သူမှ ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး"

သို့သော် ထိုအချိန်တွင် စွမ်းအင်ထောက်လှမ်းရေးကိရိယာအားလုံးက လေဟာနယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအားတစ်ခုကို ထောက်လှမ်းမိသွားကြသည်။

"တီ... တီ... တီ... တီ... သတိပေးချက် သတိပေးချက်"

"အားကောင်းတဲ့ အမည်မသိသက်ရှိစွမ်းအင်ကို ထောက်လှမ်းတွေ့ရှိပါတယ်။ ချက်ချင်း ဆုတ်ခွာပါ"

"စွမ်းအင်ပြင်းအားမှာ လေ့လာစောင့်ကြည့်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတာကြောင့် သက်ရှိအဆင့်ကို သတ်မှတ်၍မရနိုင်ပါ"

ရတနာရှာဖွေသူများ ယူဆောင်လာသော ဉာဏ်ရည်တုစနစ်များထံမှ သတိပေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ယခုအချိန်အထိ ဤရတနာရှာဖွေရေးနယ်မြေတွင် အဆင့်ရှစ်အထက် သားရဲများ ပေါ်ထွက်လာခြင်း မရှိခဲ့သောကြောင့် သူတို့၏ ဉာဏ်ရည်တုများ၏ အမြင့်ဆုံးထောက်လှမ်းနိုင်စွမ်းမှာ အဆင့်ရှစ်သက်ရှိများသာ ဖြစ်၏။

စကြဝဠာမျိုးနွယ်စုတစ်ခုလုံးတွင်ပင် အဆင့်ရှစ်အထက် သက်ရှိများမှာ ရှားပါးလှပြီး လူသားများနှင့် သားရဲအမျိုးမျိုးတို့အကြား အသိအမှတ်ပြုထားသော အဆင့်ကိုးသက်ရှိ စုစုပေါင်း ၂၇ကောင်သာ ရှိလေသည်။

အဆင့်ရှစ်သက်ရှိစွမ်းအင်ထက် ကျော်လွန်နေသည်ဆိုခြင်းမှာ အဆင့်ကိုးသက်ရှိများ ဖြစ်နေမလား။ ဤရတနာရှာဖွေရေးနယ်မြေထဲတွင် အဆင့်ကိုးသက်ရှိတစ်ကောင် တကယ်ရှိနေလေသလား။

"ငါ့ရဲ့ဆင့်ခေါ်မှုကို နာခံလှည့်။ ထွက်လာခဲ့စမ်း... ပုံရိပ်ယောင်ကြယ်တာရာသားရဲ"

"ဂါး"

ဟိန်းဟောက်သံကြီးတစ်သံနှင့်အတူ မြို့အထက်၌ အမည်းရောင်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်ဟသွားပြီး ထိုအက်ကွဲကြောင်းထဲမှ ဧရာမအမည်းရောင်လက်တံကြီးတစ်ခု ထွက်ပေါ်လာသည်။

ကျန်းမုန့်လောင်၏ ဧရာမလက်ကြီးက မီတာနှစ်ရာကျော် ရှည်လျားသော်လည်း ထိုဧရာမအမည်းရောင်လက်တံကြီးကမူ မဟာကပ်ဘေးကောင်းကင်ချုပ်လက်နီးနီး ကြီးမားနေလေသည်။

ဘယ်လောက်တောင် အရပ်ရှည်လိုက်သလဲ။ မီတာရှစ်ရာလား။ မီတာတစ်ထောင်လား။

"ဂျွတ်"

စွမ်းအင်များနှင့်သာ ဖွဲ့စည်းထားသော ဧရာမသလင်းကျောက်လက်ကြီးမှာ ထိုအမည်းရောင်လက်ဝါးထဲတွင် အပိုင်းပိုင်းအစစ ကျိုးပဲ့ကြေမွသွားလေသည်။

ခဏအကြာတွင် အမည်းရောင်အက်ကွဲကြောင်းထဲမှ ဧရာမခေါင်းကြီးတစ်လုံး ထွက်ပေါ်လာပြီးနောက် ၎င်း၏ ရင်ဘတ်၊ ခြေထောက်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း အပြင်သို့ ထွက်လာလေသည်။

ဤသည်မှာ မီတာ၁၂၀၀ကျော်ရှည်လျားသော ဧရာမသတ္တဝါကြီးဖြစ်ပြီး ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်နေသော်လည်း ဦးချိုများ၊ အမြီးတစ်ချောင်း ၊ အကြေးခွံများနှင့် အစွယ်များ စသည့် သားရဲလက္ခဏာအချို့ ရှိနေပြီး ငရဲပြည်မှ နတ်ဆိုးတစ်ကောင်နှင့် တူနေပေသည်။

"ဒါက ဘာကောင်ကြီးလဲကွ"

"ချီယာဆိုတဲ့ကောင်က အဲဒါကို ဆင့်ခေါ်လိုက်တာနဲ့ တူတယ်။ ကြည့်ရတာ အဲဒါကြီးက သူ့ရဲ့သက်စောင့်စွမ်းအင်တွေကို စုပ်ယူနေတဲ့ပုံပဲ"

ဤသတ္တဝါကြီး ထွက်ပေါ်လာပြီး ငါးစက္ကန့်အတွင်းမှာပင် ချီယာ၏ခန္ဓာကိုယ်က သိသိသာသာ အိုမင်းရင့်ရော်သွားသည်။

"ငါသိပြီ။ အဲဒါ ပုံရိပ်ယောင်ကြယ်တာရာသားရဲပဲ။ ဇူဒါစကြဝဠာအင်ပါယာက ဖန်တီးထားတဲ့ အသန်မာဆုံးလက်နက်ကြီးပေါ့"

လူအုပ်ထဲမှ ရတနာရှာဖွေသူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

"မြို့ပျက်ကြီးတစ်ခုရဲ့ အချက်အလက်သိုလှောင်ကန်ထဲမှာ အဲဒီအကြောင်း ငါတွေ့ဖူးတယ်"

"ငါ့ကောင်ရေ.. အဲဒီအကြောင်း နည်းနည်းလောက် ရှင်းပြလို့ရမလား"

"အသန်မာဆုံးလက်နက် ဟုတ်လား။ ကြားရတာတော့ တော်တော်ကြောက်စရာကောင်းမယ့်ပုံပဲ"

"ဒီနေရာမှာ ဘာလို့ သားရဲတွေ ဒီလောက်များနေရတာလဲဆိုတာ မင်းတို့သိလား"

ထိုရတနာရှာဖွေသူက မေးလိုက်သည်။

"ငါတို့လို ရတနာရှာဖွေသူတွေကို စမ်းသပ်ဖို့ မဟုတ်ဘူးလား"

"မဟုတ်ဘူး။ အဲဒါက ဒုတိယအကြောင်းအရင်း။ အဓိကကတော့ ဇူဒါစကြဝဠာအင်ပါယာက သိပ္ပံပညာရှင်တွေဟာ အသန်မာဆုံးစစ်တပ်တွေနဲ့ လက်နက်တွေကို ဖန်တီးရုံနဲ့ အားမရခဲ့ကြဘူး။ သူတို့က အသန်မာဆုံးကိုယ်ပိုင်သက်ရှိတစ်မျိုးကို ဖန်တီးချင်ခဲ့ကြတာ။ သဘာဝအရ သန်မာတဲ့ ခန္ဓာကိုယ်တွေရှိပြီး စွမ်းအင်နဲ့လိုက်ဖက်တဲ့ သားရဲတွေက အကောင်းဆုံး စမ်းသပ်စရာနမူနာတွေ ဖြစ်ခဲ့တယ်လေ"

"ဒါကြောင့် သူတို့က စမ်းသပ်မှုတွေလုပ်ဖို့ အားကောင်းတဲ့ စကြဝဠာသားရဲတွေအများကြီးကို ဖမ်းဆီးခဲ့ပြီး စွမ်းအားကြီးမားတဲ့ မျိုးရိုးဗီဇအပိုင်းအစတွေကို ပေါင်းစပ်ပြီး အဆင့်မြင့်ဇီဝနည်းပညာကို သုံးပြီးတော့ ပုံရိပ်ယောင်ကြယ်တာရာသားရဲလို့ခေါ်တဲ့ ဒီအရာကို ဖန်တီးခဲ့ကြတာပဲ။ ငါကတော့ ဒါကို ဒဏ္ဍာရီတစ်ခုလို့ပဲ အမြဲထင်ခဲ့တာ… သူတို့ တကယ်ဖန်တီးနိုင်ခဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

"ဒီကောင်ကြီးက ဘယ်လောက်တောင် သန်မာတာလဲ"

အခြားသူများကလည်း စိတ်အားထက်သန်စွာ မေးမြန်းကြသည်။

"သူတို့ရဲ့အစီအစဉ်မှာတော့ ဒါကို တတ်နိုင်သမျှ ပြည့်စုံအောင် ဖန်တီးဖို့ မျှော်လင့်ခဲ့ကြပြီး အဆင့်ကိုး သားရဲတစ်ကောင်ကိုတောင် အခြေခံထားတာတဲ့"

"ဘုရားရေ… ဒါဆို အနည်းဆုံးတော့ အဆင့်ကိုးအလယ်အလတ် သက်ရှိအဆင့်နဲ့ ညီတာပေါ့"

"ဒီထက်တောင် ပိုသေးတယ်။ သားရဲရဲ့ မွေးရာပါအရည်အချင်းတွေနဲ့ဆိုရင် အဆင့်ကိုးအထွတ်အထိပ် လူသားသက်ရှိတစ်ယောက်တောင် သူ့အတွက် သားကောင်ဖြစ်သွားနိုင်တယ် မဟုတ်လား"

"ရီထျန်းဂိုဏ်းက လူတွေတော့ ဒီတစ်ခါ ဒုက္ခရောက်ပြီ။ အဆင့်ကိုးသက်ရှိ မိစ္ဆာကောင်ကြီးကို သူတို့ ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ"

"သူတို့ဘာသာ ဒုက္ခရှာတာလေ။ လူတွေကို ကယ်ပြီးတာနဲ့ အနိုင်ပိုင်းပြီး ထွက်သွားခဲ့ရင် တစ်ဖက်လူကို ဒီလောက်အထိလုပ်လာအောင် တွန်းပို့မိမှာ မဟုတ်ဘူး"

"သူက ဒီလိုအကောင်ကြီးကို ဘယ်လိုလုပ်ပြီး ဆင့်ခေါ်နိုင်ခဲ့တာလဲ။ တန်ဖိုးကြီးကြီးမားမားတော့ ပေးဆပ်ရမှာပဲ"

"အဟုတ်ပဲ… ဒီပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးက ဘာလို့ ထူးဆန်းတဲ့ ဒီအမည်းရောင်အက်ကွဲကြောင်းထဲကနေ ထွက်လာရတာလဲ"

...

ထိုမေးခွန်းအတွက်မူ ချီယာကိုယ်တိုင်သာ အဖြေသိပေသည်။

သူတို့ ဤမြို့ကို ထိန်းချုပ်နိုင်ခဲ့စဉ်က ပေါကြွယ်ဝလှသော သယံဇာတအရင်းအမြစ်များအပြင် ဤပုံရိပ်ယောင်သားရဲသလင်းကျောက်လည်း ရှိနေခဲ့သည်။

ဤပုံရိပ်ယောင်ကြယ်တာရာသားရဲကို ဖန်တီးခဲ့စဉ်က သူ့သက်ရှိအဆင့်သည် အဆင့်ကိုးအထွတ်အထိပ်ကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်၏။

သို့သော် ထိုအရာ၏ အလွန်အမင်း အားကောင်းပြီး ကြမ်းကြုတ်လွန်းသော စွမ်းအားကြောင့် ဇူဒါစကြဝဠာအင်ပါယာပိုင်ရှင်က ထိုအရာကို အလွန်ထူးခြားသော နေရာလွတ်တစ်ခုအတွင်း ချိတ်ပိတ်ထားခဲ့ပြီး တိုက်ပွဲဝင်ရာတွင် ယာယီဆင့်ခေါ်နိုင်ရန်အတွက် ထိုပုံရိပ်ယောင်သားရဲသလင်းကျောက်ကို လိုအပ်ခဲ့သည်။

ဆင့်ခေါ်သူ၏ စွမ်းအား ကြီးမားလေလေ ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ စွမ်းအားကလည်း ကြီးမားလေလေပင်။ ချီယာ၏ လက်ရှိစွမ်းရည်ဖြင့် ဆင့်ခေါ်လိုက်သော ပုံရိပ်ယောင်ကြယ်တာရာသားရဲမှာ အဆင့်ကိုးအခြေခံသက်ရှိအဆင့်တွင် ရှိနေလေသည်။

ဆင့်ခေါ်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာမူ သက်စောင့်စွမ်းအင်များကို လောင်ကျွမ်းစေခြင်းပင်။

အကယ်၍ အဆင့်ငါးသက်ရှိတစ်ယောက်သာဆိုလျှင် တစ်စက္ကန့်အတွင်း ခန်းခြောက်သွားလောက်ပေသည်။

ချီယာသည် အဆုံးအစမဲ့သက်တမ်းရှိသော အဆင့်ခြောက်သက်ရှိတစ်ယောက် ဖြစ်နေလျှင်ပင် သူသာ အချိန်ကြာကြာ ဆင့်ခေါ်ထားမိပါက သက်စောင့်စွမ်းအင်အမြောက်အမြား ဆုံးရှုံးသွားသောကြောင့် သူ့ခန္ဓာကိုယ်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားမည်ဖြစ်ပြီး ပြန်လည်နိုးထလာရန် အချိန်အကြာကြီး လိုအပ်ပေလိမ့်မည်။

သို့သော် ယခုမူ ကျန်းမုန့်လောင်၏ ဖိအားပေးမှုအောက်တွင် သူ့အတွက် အခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူသာ တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ခဲ့လျှင် သူ အိပ်မောမကျသွားခင် ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ပြန်လည်နှင်ထုတ်နိုင်ပေမည်။

"ကျောင်းအုပ်ကြီး.. ဟိုလူတွေပြောတာ ကြားလိုက်လား။ ဒီအကောင်ကြီးကို ပုံရိပ်ယောင်ကြယ်တာရာသားရဲလို့ ခေါ်တယ်တဲ့။ ပြီးတော့ တော်တော်လေး စွမ်းအားကြီးပုံရတယ်"

"လူငယ်တွေက မျှမျှတတ မကစားဘူး။ သူ စည်းဖောက်နေတာ"

"ဒါကို ဘယ်လိုပြန်တိုက်ကြမလဲ ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ ထွက်ပြေးကြမလား"

"ဘယ်ကိုပြေးမှာလဲ။ ဒါက အဆင့်ကိုးသက်ရှိလို့ ပြောနေကြပြီပဲ။ ငါတို့ ဘယ်လိုလုပ်ပြီး ပြေးလို့လွတ်မှာလဲ"

"ကျောင်းအုပ်ကြီး… ခင်ဗျားဆီမှာရော စည်းဖောက်လို့ရမယ့်ဟာတွေ ရှိလား။ မြန်မြန်လုပ်ပြီး သုံးလိုက်တော့လေ။ ကျောင်းအုပ်ကြီးက လူလိမ်အိုကြီးပဲဟာကို.. သူများကို လိမ်လည်လှည့်ဖြားတဲ့နေရာမှာ ရှုံးလို့မဖြစ်ဘူးနော်"

"ဟုတ်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သူက ငါ့ကျွမ်းကျင်နယ်ပယ်မှာလာပြီး သူ့စွမ်းရည်တွေကို ထုတ်ကြွားနေတာလား။ ငါ့ထက်ပိုပြီး လှည့်စားပြချင်နေတာလား။ ရယ်ချင်လိုက်တာ"

"သောက်ကျိုးနည်း.. ဒီလောက်တောင် များသွားတာလား"

ကျန်းမုန့်လောင်က သန်းဂဏန်းကျော်အထိ ထိုးတက်သွားသော သူ့ခွန်အားအမှတ်များကို စစ်ဆေးကြည့်လိုက်သည်။

ကြည့်ရသည်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများမှာ ဤတစ်ကြိမ်တွင် ထူးကဲကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပုံရသည်။

"ဒီလိုဆိုမှတော့ ဒီနေ့ ငါငွေဖြုန်းတဲ့လူတစ်ယောက် လုပ်ရတော့မှာပေါ့။ ကောထန်… အဆင့်တစ်ဆယ်သက်ရှိ ဆရာတစ်ယောက်ကိုငှားဖို့ ငါ အမှတ်ဘယ်လောက်လိုလဲ"

"တစ်မိနစ်ကို အမှတ် ၁၀၀၀၀၀ပါ"

"ဈေးပေါလိုက်တာ။ ကာကာရော့ရဲ့ စွမ်းအားတွေကို ငါ့ကိုပေးစမ်း"

"ကောင်းပါပြီ"

အမှတ်တစ်သိန်း နှုတ်ယူပြီးသွားသည်နှင့် ကျန်းမုန့်လောင်မှာ သူ့ခန္ဓာကိုယ် အသစ်ပြန်ဖြစ်သွားသလို ချက်ချင်းခံစားလိုက်ရပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ရပ်ကိုပါ ရရှိသွားသည်။

"ကျန်းမုန့်လောင်… ဒီနေ့ မင်းနဲ့ မင်းရဲ့ ရီထျန်းဂိုဏ်းကလူတွေ ဒီမှာပဲ သေရတော့မယ်။ ပြီးတော့ မင်းတို့ရဲ့ ကံကြမ္မာမီးတောက်တွေအားလုံး ငါတို့ နိုအာစကြဝဠာအင်ပါယာအပိုင် ဖြစ်လာတော့မယ်"

ချီယာက လှောင်ပြောင်လိုက်လေသည်။ ထို့နောက် ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ ဧရာမလက်သီးကြီးက သူတို့ဆီသို့ ဦးတည်လာလေသည်။

"သွားပြီ။ လှုပ်လို့မရတော့ဘူး"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများမှာ အဆင့်ကိုးသက်ရှိရှေ့တွင်မူ စွမ်းအားကြီးမားလှသော အရှိန်အဝါတစ်ခု၏ ဖိနှိပ်ချုပ်ချယ်မှုအောက်ဝယ် ကြက်ပေါက်လေးများအလား ရုတ်တရက် လှုပ်ရှားမရတော့ပေ။

ဖြတ်သန်းသွားရာ နေရာလွတ်တိုင်းကို ပြိုကျပျက်စီးစေသော ထိုဧရာမလက်သီးကြီးသည် မျှော်လင့်ချက်မဲ့နေသော သူတို့၏ မျက်ဝန်းအိမ်များထဲတွင် တဖြည်းဖြည်း ကြီးမားလာလေသည်။

"ဒိုင်း"

လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ တားဆီး၍မရနိုင်ဟု ထင်ရသော ထိုလက်သီးကြီးမှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်းပင်။

ကျန်းမုန့်လောင်သည် လက်တစ်ချောင်းတည်းကိုသာ ဆန့်ထုတ်ပြီး ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ လက်သီးချက်ကို အံ့ဩဖွယ်ကောင်းလောက်အောင် ကာကွယ်တားဆီးလိုက်သည်။

"မင်းရဲ့ခွန်အားက ဒီလောက်ပဲရှိတာလား။ ဗိုက်ဆာနေလို့လား"

***************************

All Chapters