အခန်း ၉၈၈
Vol. 66 Ch. 988
အခန်း ၉၈၈ - မင်းကပဲ ရူးနေတာလား။ ငါကပဲ ရူးနေတာလား
ကိစ္စသေးသေးလေးတဲ့လား။ ဒါက ကိစ္စသေးသေးလေးလား။
အိုတစ်စ်မှာ ငိုချင်လျက်ဖြင့် မျက်ရည်မထွက်ေပ။ ပြီးခဲ့သည့်တစ်ေခါက်က နေရာခွဲဝေမှုတွင် ကျန်းမုန့်လောင်သည် လွန်ကျူးထားခဲ့ပြီးဖြစ်၏။ ထိုစဉ်က သူတို့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကျန်းမုန့်လောင်နှင့်အတူ အဆင့်ကိုးသက်ရှိ သက်တော်စောင့်တစ်ဦး ပါလာသောကြောင့်သာ။
သို့သော် ဤတစ်ခေါက် ထွက်လာသောအခါတွင် မာကာဘာကာကို သူတို့နှင့်အတူ ခေါ်မလာခဲ့ပေ။ သူသည် သူ့မျိုးနွယ်စုအကြောင်းကိုသာ အမြဲတွေးနေသောကြောင့် ကျန်းမုန့်လောင်က မာကာဘာကာအား သူ့မျိုးနွယ်စုကို ပြန်လည်ဖွဲ့စည်းရန်နှင့် သူ့လူများအတွက် လက်စားချေနိုင်ရန် ကာလရှည်အားလပ်ရက်ပေးလိုက်သည်။
အကယ်၍ ဤတစ်ခေါက် အကျည်းတန်သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက သူတို့အနေနှင့် ဖြေရှင်းရခက်ခဲသွားနိုင်ပေသည်။
မလှမ်းမကမ်းတွင်မူ နိုအာစကြဝဠာအင်ပါယာ၏ ဘုရင်မှာ မျက်နှာပျက်၍ ဒေါသထွက်နေေလသည်။ သူတို့၏မျိုးနွယ်စုမှ စေလွှတ်လိုက်သော ရတနာရှာေဖွသူတစ်သောင်းအနက် ကိုးဆယ်ရာခိုင်နှုန်းမှာ ခေါင်းပေါ်တွင် အစိမ်းရောင်ကံကြမ္မာမီးတောက်များသာ ရှိနေကြပြီး ကျန်လူများထဲတွင် အကောင်းဆုံးလူကပင် လိမ္မော်ရောင်ကံကြမ္မာမီးတောက်သာ ရှိ၏။
ထိုကဲ့သို့သော မှတ်တမ်းဆိုးမျိုး နိုအာစကြဝဠာအင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် တစ်ခါမှမဖြစ်ဖူးခဲ့ပေ။ အဆိုးဝါးဆုံးနှစ်တွင်ပင် အနည်းဆုံး လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်က အနက်ရောင် ကံကြမ္မာမီးတောက်ကို ရခဲ့ဖူးသည်။
"မင်းတို့ေတွအားလုံး ဘာတွေဖြစ်လာခဲ့တာလဲ။ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"
နိုအာစကြဝဠာအင်ပါယာ၏ ဘုရင်က တင်းမာစွာ မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ရဲ့ လေ့ကျင့်ရေးအတွက် အင်ပါယာက အားထုတ်မှုတွေ အရင်းအမြစ်တွေအများကြီး ရင်းနှီးမြှုပ်နှံခဲ့တာကို မင်းတို့ပြန်ယူလာတဲ့ ရလဒ်က ဒါပဲလား"
"ဆရာ... ကျွန်တော်တို့ သူတို့ကို လျှော့တွက်မိသွားတယ်။ ရီထျန်းဂိုဏ်းက သူတို့ သိမ်းပိုက်လို့ရတဲ့ မြို့တွေအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး ဟိုတယ်ခွဲလိုမျိုးတွေတောင် ဖွင့်ထားကြသေးတယ်။ သားရဲတွေရဲ့ တိုက်ခိုက်မှုကနေ ရှောင်ရှားဖို့ အဲဒီမြို့တွေမှာ နေချင်ရင် သူတို့ကို ဝင်ကြေးနဲ့ တည်းခိုခတွေ ပေးရတယ်။ ပြီးတော့ ဈေးနှုန်းတွေကလည်း မတန်တဆတွေချည်းပဲ"
"ပြီးတော့ သားရဲလှိုင်းလုံးကြီး လာတဲ့အခါ သူတို့ဘက်က အကြောင်းအမျိုးမျိုးပြပြီး ကျွန်တော်တို့ကို ငွေညှစ်ကြသေးတယ်။ ကျွန်တော်တို့ယူလာတဲ့ ရန်ပုံငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေအားလုံးနီးပါး ပြောင်သလင်းခါသွားမှပဲ လွှတ်ပေးကြတော့တယ်"
"ရတနာတိုက်ထဲကနေ နေ့တိုင်းရလာတဲ့ ကျွန်တော်တို့ရဲ့ အကျိုးအမြတ်တွေက မြို့ကို ပြန်သွားလို့ရရုံလေးပဲ ရှိတာ။ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားကြိုးစား သူတို့အတွက် အလုပ်လုပ်ပေးနေရသလိုပဲ။ အခုချိန်အထိ ဘာမှမစုဆောင်းမိခဲ့ဘူး"
"အသုံးမကျတဲ့ကောင်တွေ"
နိုအာစကြာဝဠာအင်ပါယာ၏ ဘုရင်က သူတို့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
တန်ကြေးမပေးဘဲ အကျိုးအမြတ်ဆိုသည်မှာ ဘယ်ကလာေလမလဲ။ ရတနာရှာဖွေရေးနယ်မြေအတွင်း အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူတို့တစ်ယောက်ချင်းစီတိုင်းကို စကြဝဠာဒင်္ဂါးကြယ်ဂဏန်းပေါင်းများစွာ တန်ကြေးရှိသော ထောက်ပံ့ရေးပစ္စည်းများကို ပြင်ဆင်ပေးခဲ့သည့်အတွက် အပြည့်အဝ ပြန်လည်သယ်ဆောင်လာနိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။ သို့သော် ယခုမူ အရင်းရော အမြတ်ပါ ဆုံးရှုံးသွားခဲ့ေလပြီ။
"ရီထျန်းဂိုဏ်း... တယ်ဟန်ကျတဲ့ ဗျူဟာပါလား"
သူ့အကြည့်များက ကျန်းမုန့်လောင်နှင့် အခြားသူများအပေါ်သို့ ကျရောက်သွားသည်။
"ငါ ဖြေရှင်းစရာ ကိစ္စတချို့ ရှိသေးတယ်။ မင်းတို့ အရင်သွားနှင့်။ ဒီနားမှာ ဆက်မနေကြနဲ့တော့"
နိုအာစကြာဝဠာအင်ပါယာရှိ လူငယ်များ ခေတ္တမှင်တက်သွားကြသည်။ သူတို့အရှင်သခင်၏ မျက်လုံးထဲတွင် ပြင်းထန်လှသော သတ်ဖြတ်ချင်စိတ်ကို သူတို့ မြင်တွေ့ရသည်။ သူတို့၏အရှင်သခင် ဤမျှဒေါသထွက်နေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ အကြောင်းမှာ အဆင့်ကိုးသက်ရှိတစ်ေယာက်အနေနှင့် ဤလောကရှိ ဘယ်အရာကမှ သူ့ကို ဒေါသထွက်အောင် မစွမ်းဆောင်နိုင်တော့သောကြောင့်ပင်။
"ဟားဟားဟား...မင်းကတော့ တကယ်ပဲ။ လူတိုင်းကို အပြောင်ရှင်းပစ်လိုက်တာကိုး။ ကိုယ်မကြိုက်တာကို သူတစ်ပါးကိုလည်း မလုပ်ရဘူးဆိုတာ မသိဘူးလား"
"မင်းကများ ငါ့ကို လာဝေဖန်ရဲသေးတယ်ပေါ့။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်း အွန်လိုင်းကနေ အနက်ရောင်ခြေအိတ်ရှည်တွေနဲ့ ဂျေကေယူနီဖောင်းတွေအများကြီး မှာတုန်းကဆိုရင် ငါက မင်း နှာဘူးထတဲ့ကိစ္စတစ်ခုခု လုပ်တော့မလားလို့တောင် ထင်နေတာ။ လူသောင်းဂဏန်းကို jkယူနီဖောင်းတွေ အတင်းအဓမ္မ ဝတ်ခိုင်းပြီး အိုတာကုအကတွေ ကခိုင်းရအောင် မင်း ဘာတွေများ တွေးနေခဲ့တာလဲ"
"အသာလုပ်ပါ။ အများစုကို ငါ ကျောင်းအုပ်ကြီးဆီက သေချာသင်ယူထားတာပါ။ ရွှီချောင်ဘာလုပ်ခဲ့လဲဆိုတာ သွားမေးကြည့်လိုက်"
"ငါလား။ သိပ်မရှိပါဘူး။ ငါ အခု ကျန်းနန်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ စာသင်နေတယ်ဆိုတာ မင်း သိတယ်မလား။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ ပရောဂျက်တွေလုပ်ဖို့နဲ့ စာတမ်းတွေရေးဖို့ ကူညီပေးမယ့် အဖွဲ့တစ်ဖွဲ့ကို စုစည်းခဲ့ရုံလေးပါ။ ဒါက သဘာဝကျတယ်မဟုတ်ဘူးလား။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေအားလုံးထက်တော့ သာပါတယ်"
"ရုပ်ကတော့ လူရုပ်နဲ့...ဒါပေမဲ့ မင်းလုပ်သမျှ အရာအားလုံးက မရိုးမသားတွေချည်းပဲ။ အဲဒီလို အကြံဉာဏ်မျိုးတွေ ဘယ်ကနေများ ရလာတာလဲ"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများမှာ သူတို့၏ ထူးဆန်းလှသော စွမ်းဆောင်ချက်များကို မျှဝေနေကြသော်လည်း ပတ်ဝန်းကျင်ရှိ ရတနာရှာေဖွသူများအဖို့တော့ ဤသည်မှာ အရှက်မဲ့ပြီး လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် ပြစ်မှုဆိုင်ရာ အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်နေကြသော အဖွဲ့တစ်ဖွဲ့နှင့် တူနေလေသည်။
"ဘုရင်ကြီး... ကျွန်တော်တို့ ဒီတိုင်းပဲ ထွက်သွားကြတော့မှာလား။ သူတို့ကို လွယ်လွယ်ေလးလွှတ်ပေးလိုက်ရာ မရောက်ဘူးလား"
ရတနာရှာေဖွသူတချို့က မကျေမနပ်ဖြင့် ညည်းတွားလိုက်ကြသည်။
"ငါတို့က ဘာတတ်နိုင်မှာလဲ။ ငါက အဆင့်ခြောက် သက်ရှိတစ်ယောက်လေ။ ရီထျန်းဂိုဏ်းထဲက ဘယ်သူမဆို ငါ့ကို အနိုင်ယူနိုင်တယ်။ မင်းတို့က ငါ့ကို သေစေချင်နေတာလား။ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်စမ်းပါ"
"ဒါပေမဲ့... သူတို့က ဇူဒါမျိုးနွယ်စုရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကို အမွေဆက်ခံသွားပြီး စကြဝဠာမျိုးနွယ်စုတွေကို လုယက်ခဲ့ကြတာလေ။ ဒီကိစ္စကို ငါတော့ မျိုသိပ်မထားနိုင်ဘူး"
"ဒါက ငါတို့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ်။ ဒါပေမဲ့ တခြားလူတွေ ဖြေရှင်းနိုင်ပါတယ်"
ထိုစကြဝဠာအင်ပါယာ၏ အရှင်သခင်က နိုအာစကြာဝဠာအင်ပါယာဘက်သို့ လှမ်းကြည့်လိုက်သည်။
"ကြည့်စမ်း... နိုအာစကြဝဠာအင်ပါယာက လူတွေ ထွက်သွားကြပြီ။ သူတို့ရဲ့ ဘုရင်ကြီးလည်း မရှိတော့ဘူး။ ငါ ထင်တာမမှားဘူးဆိုရင် ရီထျန်းဂိုဏ်းရဲ့ လုပ်ရပ်တွေက သူတို့ရဲ့အာရုံစိုက်မှုကို ရသွားပြီထင်တယ်"
"ဒါဆို ကျွန်တော်တို့..."
"ဒီကနေ အမြန်ထွက်သွားကြရအောင်။ ဒီနေရာက မကြာခင် ဖရိုဖရဲဖြစ်လာနိုင်တယ်"
...
ပိုမိုများပြားသော စကြဝဠာအင်ပါယာများက မငြိမ်မသက်ဖြစ်နေသော အခြေအနေကို သတိပြုမိလာကြသည်။ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး သူတို့ဘက်က ဘာမှလည်း မရခဲ့သောကြောင့် ဆက်နေလျှင် တံုးအရာေရာက်ပေသည်။ ချက်ချင်းထွက်ခွာသွားရန်သာ အဓိကဦးစားပေးပင်။
...
ရင်ပြင်နှင့် မလှမ်းမကမ်းရှိ သီးခြားဖြစ်နေသော နေရာတစ်ခုတွင် ထူးဆန်းသော သက်ရှိခုနစ်ေယာက်က ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
"မင်းတို့အားလုံး ဘယ်လိုထင်လဲ"
နိုအာစကြဝဠာအင်ပါယာ၏ အရှင်သခင်က တင်းမာခက်ထန်စွာ မေးလိုက်သည်။
"ပြီးခဲ့တဲ့တစ်ေခါက်တုန်းက သူတို့ကို နေရာတွေ အများကြီး ခွဲပေးလိုက်တာ အမှားပဲလို့ ငါ ပြောခဲ့တယ်လေ"
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါတို့ရဲ့ ဆုံးဖြတ်ချက်က အလောတကြီးဖြစ်သွားတယ်။ သူတို့လွှတ်လိုက်တဲ့ လူတွေက ဒီလောက်အဓိပ္ပာယ်မရှိေလာက်အောင် စွမ်းအားကြီးနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
အခြားအဆင့်ကိုး သက်ရှိခုနစ်ေယာက်မှာ မည်သည့် စကြဝဠာအင်ပါယာ၏ အရှင်သခင်များဖြစ်ကြောင်း မသိရသော်လည်း သူတို့တစ်ေယာက်ချင်းစီ၏ နောက်ကွယ်တွင် ကြီးမားလှသော အင်အားစုကြီးများ ရှိပြီး အားကောင်းလှသော စကြဝဠာအင်ပါယာ အများအပြားနှင့် အဆက်အသွယ်ရှိနေကြသည်။
ဤတစ်ကြိမ်တွင် သူတို့ ဘာအကျိုးအမြတ်မှ မရရှိခဲ့ပေ။ ဇူဒါမျိုးနွယ်စု ချန်ထားရစ်ခဲ့သော နောက်ဆုံးရတနာတိုက်ကိုပင် အခြားတစ်ယောက်က အမွေဆက်ခံသွားခဲ့သည်။ ဤသည်မှာ သာမန်ကိစ္စလေးတစ်ခု မဟုတ်တော့ပေ။
အမြွှာဝေလငါးစကြဝဠာအင်ပါယာက လက်ရှိတွင် အားနည်းသော အဆင့်ငါးအခြေခံမျိုးနွယ်စုလေးဖြစ်ခြင်းကြောင့် လှည့်စားမခံကြနှင့်။ အသစ်ဝယ်ယူထားသော လက်နက်များနှင့်ဆိုလျှင် ၎င်းမှာ အလွန်ဆုံးရှိလှ အတော်အသင့်အားကောင်းသော အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုလေးတစ်ခုမျှသာ ဖြစ်၏။
သို့သော် ဤတစ်ကြိမ်ရရှိလာသော အကျိုးအမြတ်များကို သူတို့ ကောင်းစွာ အသုံးချနိုင်ပါက ဒုတိယမြောက်ဇူဒါမျိုးနွယ်စုသည် ဤလောကတွင် ပေါ်ပေါက်လာပေလိမ့်မည်။
"မင်းတို့အားလုံးပဲ ဆုံးဖြတ်ကြတော့"
"နိုအာရဲ့ ရွေးချယ်မှုကို ငါ သဘောတူတယ်"
"ထောက်ခံပါတယ်"
"ရီထျန်းဂိုဏ်းရဲ့ အဆင့်ကိုးသက်ရှိက ဒီခရီးမှာ သူတို့နဲ့အတူ ပါမလာဘူး။ ဒါက ငါတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။ ဒါမှမဟုတ် ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်"
"ပထမဆုံးအနေနဲ့ ပစ္စည်းတွေကို ရလာတဲ့အခါ ဘယ်လိုခွဲဝေကြမလဲဆိုတာ ဆွေးနွေးရအောင်"
"မေးနေစရာ လိုသေးလို့လား။ တန်းတူခွဲဝေရမှာပေါ့။ မင်းတို့ထဲက တစ်ယောက်ယောက်ကများ ပိုယူချင်နေလို့လား"
"ဒါဆိုရင်တော့ ငါတို့ သဘောတူညီမှုရသွားပြီနော်"
...
"မစ္စတာကျန်း... ကျွန်တော်တို့ အမြန်ထွက်သွားသင့်ပြီ။ အချိန်လည်း နောက်ကျနေပြီ"
အိုတစ်စ်သည် သူတို့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး တဖြည်းဖြည်း နည်းပါးသွားသည်ကို ကြည့်ရင်း စိတ်မငြိမ်တော့ပေ။
"ဘာလို့လောနေရတာလဲ။ ငါ ဒီတစ်ခေါက်ရလာတဲ့ ပစ္စည်းတွေကို စာရင်းပြုစုနေတုန်းပဲ ရှိသေးတယ်"
"ကျွန်တော်တို့ အပြန်လမ်းကျမှလည်း ရေတွက်လို့ရပါတယ်။ အခုချက်ချင်း ထွက်မသွားရင် နောက်ပိုင်း သွားလို့မရတော့မှာ စိုးရိမ်မိတယ်"
အိုတစ်စ်က အလောတကြီး ပြောလိုက်သည်။
"ကောင်းပြီလေ။ မင်း ဒီလောက်တောင် ကြောက်နေမှတော့လည်း"
ကျန်းမုန့်လောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"သွားကြစို့.. ငါတို့ ပြန်ကြမယ်"
"နေပါဦး... အားလုံးပဲ ခဏစောင့်ပါဦး"
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက်က သူတို့၏လမ်းကို ပိတ်ရပ်လိုက်သည်။
"မစ္စတာကျန်း... ကျွန်တော်က အင်ပါယာမဟာမိတ်ကောင်စီရဲ့ဥက္ကဋ္ဌ နိုအာ့စ်ပါ။ ဇူဒါမျိုးနွယ်စုရဲ့ အမွေအနှစ်တွေက ခင်ဗျားတို့ ရီထျန်းဂိုဏ်းရဲ့ လက်ထဲမှာ ရှိနေလားဆိုတာ ကျွန်တော် အတည်ပြုချင်ပါတယ်"
"အင်း... မှန်ပါတယ်"
ကျန်းမုန့်လောင်ကလည်း ဝန်ခံလိုက်သည်။
"မစ္စတာကျန်း... အင်ပါယာမဟာမိတ်ကောင်စီအနေနဲ့ အဖွဲ့ဝင်အင်ပါယာတွေအားလုံးအပေါ်မှာ ကျွန်တော်တို့ တာဝန်ရှိပါတယ်။ ဇူဒါမျိုးနွယ်စုရဲ့ ရတနာတွေကို ကျွန်တော်တို့ရဲ့ စုပေါင်းပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားတဲ့အတွက် အဲဒါကို ခင်ဗျားတို့ ပြန်လည်ပေးအပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ပြန်ပေးရမယ်"
ကျန်းမုန့်လောင်က အံ့သြသွားေလဟန် အမူအရာကို ပြသလိုက်သည်။
"မင်းတို့က ငါတို့ဆီကနေ အချောင်နှိုက်ချင်နေတာလား"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အဲဒီတန်ဖိုးကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးတော့ လျော်ကြေးပေးဖို့လည်း ဆန္ဒရှိပါတယ်"
နိုအာ့စ်က ရှင်းပြသည်။
"ကျွန်တော်တို့ အင်ပါယာမဟာမိတ်ကောင်စီက စကြဝဠာဒင်္ဂါးကြယ်တစ်သောင်း ပေးဖို့ ပြင်ဆင်ထားပါတယ်"
"ဇူဒါမျိုးနွယ်စု ချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုအားလုံးအတွက် စကြဝဠာဒင်္ဂါး ကြယ်တစ်သောင်းတဲ့လား။ မင်းကပဲ ရူးနေတာလား။ ငါကပဲ ရူးနေတယ်လို့ ထင်နေတာလား"
*****************