← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) ရိက္ခာများ လက်ဝယ်ရရှိပြီ၊ တာ့ချန်မန်ဆေးလိပ်၊ ဂလူတင်ဓာတ်ပါတဲ့ မုန့်ညက်နှင့် ကျူးဘားသကြားလုံး

"မင်းမှာတဲ့ ပြောင်းဖူးမှုန့် (၅)ကျင်းရပြီ..."

"ဒီဟာက အာဟာရဖြည့်မုန့်ညက် (၅)ကျင်းပဲ..."

"တာ့ချန်မန်ဆေးလိပ်ကတော့ မင်းအဖေ သောက်ဖို့အတွက်လေ..."

"ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းကနေ ပဲငံပြာရည် တစ်ပုလင်းလည်း ဝယ်ခဲ့တယ်..."

"သမဝါယမဆိုင် အတော်များများကို သွားရှာတာတောင် ယုန်ဖြူနို့သကြားလုံးက မရခဲ့ဘူး... ဈေးကြီးပြီး ပစ္စည်းက ပြတ်နေတာ... အဲ့ဒါအစား ကျူးဘားသကြားလုံး ကျင်းဝက်လောက် ဝယ်ခဲ့တယ်..."(ထန်းလျက်၊ အုန်းသီးတို့နဲ့လုပ်ထားတဲ့ သကြားလုံးပါ။ ငယ်ငယ်က စားဖူးကြမယ်ထင်ပါတယ်)

ကျန်းဝေမင်သည် လီလန်၏ ခြေရင်း၌ ဂုန်နီအိတ်ကြီးတစ်လုံးကို ချပေးလိုက်သည်။

ဤအိတ်ထဲတွင် လီလန်ပြီးခဲ့သည့်အကြိမ်က သူနှင့် လဲလှယ်ထားသော ကုန်ပစ္စည်းများ အားလုံး ပါဝင်နေ၏။

ကျင်း(၆၀)ရှိသော ဆားဖောင်ဇီတစ်ကောင်ကို ရိက္ခာများနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းပင်ဖြစ်၏။

လီလန်သည် ဂုန်နီအိတ်ကို ဖွင့်၍ ဂလူတင်ဓာတ်ပါတဲ့ မုန့်ညက်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

"ဖူချန်မုန့်ညက်" ဆိုသည်မှာ ဂျုံမှုန့်ပင် ဖြစ်သည်။

မုန့်ညက်အမှတ်တံဆိပ် သုံးမျိုးရှိပြီး ပထမတန်းစား၊ ဒုတိယတန်းစားနှင့် တတိယတန်းစားဟူ၍ အသီးသီး ရှိကြသည်။

ပထမတန်းစား မုန့်ညက်မှာ လက်ရှိ ဈေးကွက်တွင် ရရှိနိုင်သော အရည်အသွေး အမြင့်မားဆုံး မုန့်ညက်ဖြစ်၏။

ဤမုန့်ညက်အမျိုးအစားမှာ သန့်စင်ထားသော မုန့်ညက်ဖြစ်ပြီး ဂလူတင်ဓာတ် မြင့်မားကာ အညစ်အကြေးပါဝင်မှု နည်းပါးပြီး အရောင်မှာ ပို၍ ဖြူဖွေးလေသည်။ ၎င်းကို အကောင်းဆုံး ဂျုံစေ့များဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။

လီလန်သည် (၅)ကျင်းဝင် မုန့်ညက်အိတ်ကို ကိုင်ကာ အဖိုးတန်ရတနာတစ်ပါးကဲ့သို့ ဟိုဘက်ဒီဘက် လှန်လှောကြည့်ရှုနေတော့သည်။

သာမန်ဂျုံမှုန့် (၁)ကျင်းလျှင် (၂၅ )ပြား ကျသင့်ပြီး ဂလူတင်ဓာတ်ပါတဲ့ မုန့်ညက်ကမူ အနည်းငယ် ပို၍ဈေးကြီးကာ (၁)ကျင်းလျှင် ပြား (၃၀) သို့မဟုတ် (၄၀)ခန့် ရှိလေသည်။

ဤဂလူတင်ဓာတ်ပါတဲ့ မုန့်ညက် (၅ )ကျင်းမှာ (၁)ယွမ်နှင့် ပြား (၅၀) သာ ကျသင့်၏။

ပြောင်းဖူးမှုန့်မှာမူ ပြားအနည်းငယ်သာ ကျသင့်ပြီး (၁)ယွမ်နှင့် ပြား (၅၀)ဖြင့် ကျင်းပေါင်းများစွာ ဝယ်ယူနိုင်လေသည်။

"မင်းက တကယ့်ကို စားတတ်သောက်တတ်တဲ့ ကောင်လေးပဲ... ဒီလောက် အရည်အသွေးမြင့်တဲ့ မုန့်ညက်မျိုးကိုတောင် ပိုက်ဆံအကုန်ခံပြီး ဝယ်ရက်တယ်နော်..."

ကျန်းဝေမင်က မေးစေ့ကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။

လီလန်သည် မုန့်ညက်ကို ဂုန်နီအိတ်ထဲသို့ ပြန်ထည့်လိုက်၏။

"ကျွန်တော့်ရဲ့ ဒုတိယညီမနဲ့ အငယ်ဆုံးညီမလေးတို့က ကြီးပြင်းလာမယ့် အရွယ်တွေဆိုတော့ သူတို့ကို ကောင်းကောင်းမွန်မွန်လေး ကျွေးချင်လို့ပါ..."

"ခဏနေကျရင် ကျွန်တော် ဂျုံနယ်ပြီး သူတို့အတွက် ဖက်ထုပ်လေးတွေ လုပ်ပေးမလို့..."

ယခုအခါ လီလန်တွင် နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ် တစ်ခုရှိနေပြီး ထိုသေတ္တာထဲတွင် အမဲလိုက်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း ပါဝင်လာနိုင်လေသည်။

ထိုသတင်းအချက်အလက်များက သားကောင်၏ အတိအကျ အချိန်နှင့် နေရာအပါအဝင် အလွန်တိကျသော အချက်အလက်များကို ပေးစွမ်းနိုင်၏။

လီလန်သည် ယခုအခါတွင် သေနတ်ပစ်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားပြီး ပစ်လိုက်တိုင်း ပစ်မှတ်ကို ထိမှန်လေသည်။ ကြီးမားသော တောရိုင်းတိရစ္ဆာန်များနှင့် မကြုံတွေ့ရသရွေ့ သူသည် တောကြက်များ၊ တောယုန်များနှင့် ဆားဖောင်ဇီများကဲ့သို့ အသေးစားနှင့် အလတ်စား သားကောင်များကို တစ်ချက်ပစ်ရုံဖြင့် အလွယ်တကူ ဖမ်းဆီးနိုင်ပြီး အားလုံးကို အခြေခံအားဖြင့် ရယူနိုင်လေသည်။

ဤလျှို့ဝှက်သေတ္တာဖြင့် လီလန်၏ အနာဂတ်မှာ ပိုပို၍ ကောင်းမွန်လာမည်ဖြစ်ပြီး သူ၏ဘဝမှာလည်း ပိုမို သာယာဝပြောလာတော့မည် ဖြစ်၏။

ဤအာဟာရဖြည့်မုန့်ညက် (၅)ကျင်းမှာ အမြည်းသက်သက်သာ ဖြစ်လေသည်။

"ဒါနဲ့ ဦးလေးဝေမင်... မြို့ထဲမှာ ပြင်တဲ့ဆိုင်ရှိတယ်မလား... နောက်တစ်ခါ မြို့ကို ပြန်သွားရင် ကျွန်တော့်အတွက် သွားပြင်ပေးပါလား... ပိုက်ဆံကိုတော့ နောက်မှ ပြန်ပေးပါ့မယ်..."

လီလန်က ပျက်နေသော နာရီကို ကမ်းပေးလိုက်သည်။

"ရတယ်..."

ကျန်းဝေမင်သည် နာရီကို ယူ၍ အင်္ကျီအိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်လိုက်၏။

သူသည် မနက်ဖြန် မြို့သို့ ပြန်သွားကာ လီလန်၏ နာရီကို ကူညီပြင်ဆင်ပေးမည် ဖြစ်သည်။ ဤသည်မှာ သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်လေသည်။

"ဒါနဲ့ ဦးလေးဝေမင်... စက်ရုံက အသားအပြင် တခြားဘာတွေ လိုအပ်သေးလဲ..."

"အားလုံးလိုချင်တာပဲ... စက်ရုံက မကြာသေးခင်ကမှ အလုပ်သမား အသုတ်သစ် ထပ်ခေါ်ထားတော့ အခုဆို လူတစ်ထောင်လောက် ရှိနေပြီ... အသားအပြင် ငါးတချို့ပါ ရရင် ပိုကောင်းတာပေါ့..."

"ငါးလား..."

"မင်း ငါးရှာပေးနိုင်မလား... ရရင် ငါ အကုန်ယူမယ်..."

လီလန် မဖြေခင်မှာပင် ကျန်းဝေမင်က စွတ်ဖားလှည်း တစ်စီးကို ဆွဲယူလိုက်သည်။

"တခြားဘာမှမရှိတော့ရင် ငါ ပြန်တော့မယ်..."

"မနက်ဖြန် စက်ရုံကိုပြန်ပြီး တာဝန်သွားထမ်းဆောင်ရဦးမယ်..."

ယခုအကြိမ်တွင် တောဝက်သား ကျင်း (၁၀၀)ကျော်နှင့် ဆားဖောင်ဇီ တစ်ကောင်ကို ဝယ်ယူနိုင်ခဲ့ပြီး အားလုံးမှာ လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ထားခြင်း ဖြစ်သည်။ စက်ရုံမှူးက အလွန်ကျေနပ်နေမည်မှာ သေချာလေသည်။

စက်ရုံမှ ခေါင်းဆောင်များမှာ ဤဟင်းလျာကို အလွန်နှစ်သက်ကြ၏။ ဆောင်းရာသီတွင် သူတို့သည် သီးသန့်အခန်းတစ်ခန်း ဖွင့်ကာ စားပွဲပေါ်တွင် မြေအိုးနှင့် မီးဖိုတစ်ခုကို တင်၍ ဆားရည်စိမ်ဟင်းသီးဟင်းရွက်များနှင့် ဆားဖောင်ဇီအသားကို စွပ်ပြုတ်လုပ်လေ့ရှိသည်။ အရသာမှာ အံ့မခန်းပင် ဖြစ်၏။

"လျူဇီ... ဦးလေးဝေမင် အသားတွေ အိမ်သယ်သွားဖို့ ကူညီပေးလိုက်ပါဦး..."

"ဟုတ်ကဲ့..."

လျူဇီသည် စွတ်ဖားလှည်းကို ဆွဲကာ ကျန်းဝေမင် နောက်သို့ လိုက်သွားလေသည်။

"အဘိုးကျောက်... ဒီမှာ အဘိုးအတွက် တာ့ချန်မန်ဆေးလိပ် နှစ်ဘူး..."

လီလန်သည် တာ့ချန်မန်ဆေးလိပ်ဘူးကို ဖောက်၍ ဆေးလိပ်နှစ်ဘူးကို ထုတ်ကာ ကျောက်ထျဲ့ကျွင်းကို ကမ်းပေးလိုက်သည်။

ကျောက်ထျဲ့ကျွင်းမှာ ဆေးလိပ်အလွန်သောက်သူဖြစ်ပြီး ပုံမှန်အားဖြင့် ဆေးလိပ်ကြမ်းကိုသာ သောက်လေ့ရှိသည်။ သူသည် ဆေးလိပ်များကို ပြုံး၍ လက်ခံလိုက်၏။

"မင်းတော့ ချမ်းသာတော့မယ် ကောင်လေး... မင်းမှာ တာ့ချန်မန်ဆေးလိပ်တွေ၊ ဖူချန်မုန့်ညက်တွေနဲ့ ကျူးဘားသကြားလုံး ကျင်းဝက်တောင် ရှိနေပြီ... မင်းရဲ့ဘဝက အခုကစပြီး ပိုပိုကောင်းလာတော့မှာပဲ..."

လီလန်သည် ယနေ့တွင် အမွှေးဝါတောဝက် တစ်ကောင်နှင့် ဆားဖောင်ဇီ တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့ပြီး အသားကျင်းရာချီ ရရှိခဲ့ကာ သူ၏မြေးကိုပင် တစ်ဝက်မျှ ဝေပေးခဲ့သေးသည်။

တာဝန်ခံကျန်းနှင့်လည်း စကားပြောဆိုခဲ့ပြီး တောဝက်သားကို အမြင့်ဆုံးဈေးဖြစ်သော (၁)ကျင်းလျှင် (၃)ပြားဖြင့် ဝယ်ယူရန် စီစဉ်နိုင်ခဲ့သည်။

ယခုလည်း သူ့ကို ဆေးလိပ်နှစ်ဘူး ထပ်ပေးပြန်၏။

အဘိုးအိုကျောက်သည် လီလန်ကို ပိုမိုကျေနပ်အားရစွာဖြင့် ကြည့်ရှုနေပြီး ကြည့်လေကြည့်လေ ပို၍ အထင်ကြီးလာလေ ဖြစ်သည်။

ယနေ့ လီလန်မှာ လွန်ခဲ့သော ရက်အနည်းငယ်က လီလန်နှင့် လုံးဝမတူတော့ပေ။

အစပိုင်းတွင် အဘိုးအိုမှာ လီလန်ကို အထင်အမြင်သေးခဲ့သည်။ အခြားအရာများကို ဘေးဖယ်ထား၍ လီရှန်းဟွာ၏ တင်တောင်းစရိတ် ယွမ်(၁၀၀)ကိုပင် စဉ်းစားကြည့်ပါ။ လီလန်က လီတာ့ဟိုင်ထံမှ ပိုက်ဆံကို ပူဆာနေပြီး တင်တောင်းစရိတ်ရရန် ရှိသမျှပစ္စည်းများကိုပင် ရောင်းချနေကြောင်း လီတာ့ဟိုင်ထံမှ ကြားရသောအခါ အဘိုးအိုက လီတာ့ဟိုင်ကို သူ့သားစကားကို အမြဲတမ်း အလိုမလိုက်ရန်၊ သို့မဟုတ်ပါက သားကို ဖျက်ဆီးရာရောက်ပြီး လမ်းမှားသို့ ပိုမိုရောက်ရှိသွားစေမည်ဟုပင် အကြံပေးခဲ့သေးသည်။

ရလဒ်အနေဖြင့် လီလန်သည် စေ့စပ်ကြောင်းလမ်းသည့်နေ့တွင် သူက လီရှန်းဟွာနှင့် စေ့စပ်ထားမှုကို တိုက်ရိုက်ဖျက်သိမ်းခဲ့ပြီး သူမကိုပင် ထပ်မံ၍ အရှက်ခွဲခဲ့သေးသည်။

ဤအကြောင်းကို ကြားရသောအခါ အဘိုးအိုက "ကောင်းတယ်... ဒါမှ ယောကျ်ားဟေ့... သတ္တိရှိတယ်..." ဟု အော်ဟစ်ခဲ့လေသည်။

အတော်လေး ပြတ်သားပေသည်။

စေ့စပ်ထားမှုကို ဖျက်သိမ်းသင့်သည်။ ဤသည်မှာ ယောကျ်ားကောင်းတစ်ယောက် လုပ်သင့်သည့် လုပ်ရပ်ပင်ဖြစ်၏။

ထိုနေ့မှစ၍ လီလန်အပေါ် အဘိုးအို၏ အမြင်များ ပြောင်းလဲသွားခဲ့သည်။

အစပိုင်းတွင် လီလန်ကို အထင်အမြင်သေးရာမှ သူ၏ ပြတ်သားမှုကို ချီးကျူးလာသည်အထိ ဖြစ်လာခဲ့၏။

ထို့နောက် လီလန်သည် မိသားစုကို ထောက်ပံ့ရန် အမဲလိုက်ခြင်းကို စတင်ခဲ့သည်။ သူသည် ထောင်ချောက်များဆင်၍ သားကောင်များကို ဖမ်းဆီးခဲ့၏။ ရက်အနည်းငယ်ဆက်တိုက် တောယုန်များနှင့် မိုးပျံနဂါးများကို ဖမ်းဆီးနိုင်ခဲ့သည်။ အဘိုးအိုမှာ အံ့သြသွားတော့သည်။

နှင်းထုကြီးများက တောင်ကြားလမ်းများကို ပိတ်ဆို့ထားသဖြင့် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော ကျွမ်းကျင်မုဆိုးတစ်ဦးပင် တောင်ပေါ်မှ လက်ဗလာဖြင့် ဆင်းလာရချိန်တွင် လီလန်ကမူ တောယုန်များနှင့် မိုးပျံနဂါးများကို ရက်ပေါင်းများစွာ ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့လေသည်။

သူ၏ အမဲလိုက်စွမ်းရည်မှာ မည်မျှပင် အံ့မခန်းဖြစ်နေမည်နည်း။

ယနေ့မှာ လီလန် တောင်ပေါ်သို့ ပထမဆုံးအကြိမ် အမဲလိုက်ထွက်ခြင်းဖြစ်ပြီး သေနတ်ကို ပထမဆုံးအကြိမ် ကိုင်တွယ်ခြင်းလည်း ဖြစ်သည်။ သူသည် တောဝက်တောင်ကြောသို့ သွားခဲ့ရာ လူသစ်တစ်ယောက်ဖြစ်သော်လည်း ကျည်ဖြင့် ပစ်ခတ်လိုက်ရုံဖြင့် ကျင်း(၂၀၀)ကျော်ရှိသော အမွှေးဝါတောဝက်တစ်ကောင်နှင့် ကျင်း (၆၀)ကျော်ရှိသော ဆားဖောင်ဇီတစ်ကောင်ကို ပစ်ချနိုင်ခဲ့လေသည်။

ယခုအခါ အဘိုးအိုသည် လီလန်ကို အံ့သြမှု၊ အထင်ကြီးလေးစားမှုနှင့် သိမ်ငယ်မှုခံစားချက်များဖြင့်သာ ကြည့်ရှုနေတော့သည်။

အဘိုးအိုမှာ လီလန်အရွယ်တုန်းက မုဆိုးမအိမ်များသို့ ခိုးဝင်ရန်သာ အချိန်ပြည့် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ အမဲလိုက်ရန်ဆိုသည်မှာ အဝေးကြီး၊ ကြက်မွေးတစ်ချောင်းပင် မရှာနိုင်ခဲ့ပေ။

သေချာသည်မှာ အဘိုးအိုသည် ဤဂုဏ်ယူဖွယ်မကောင်းသော သူ၏အတိတ်ရာဇဝင်များကို လီလန်အား ပြောပြမည်မဟုတ်ပေ။

[ဒင်... ကျောက်ထျဲ့ကျွင်း၏ နှစ်သက်ခြင်းအမှတ် +၁၀၀…]

[ဒင်... ကျောက်ထျဲ့ကျွင်း၏ နှစ်သက်ခြင်းအမှတ် +၁၀၀…]

လီလန်က အဘိုးကျောက်ထံမှ အမှတ်နှစ်ရာ ထပ်မံရရှိလိုက်လေသည်။

"ရှောင်လန်... နောက်ဆိုရင် လျူဇီကို မင်းနဲ့အတူ ပိုခေါ်သွားပေးပါကွာ... မင်း အသားစားရရင် သူ့ကို ဟင်းရည်လေး တစ်ငုံလောက် တိုက်ရုံနဲ့ ရပါတယ်..."

ကျောက်ထျဲ့ကျွင်းက မှာကြားလိုက်သည်။

"အဘိုးကျောက်... စိတ်မပူပါနဲ့... ကျွန်တော် တစ်လုပ်စားရရင် လျူဇီလည်း ဆာလောင်နေရမှာ မဟုတ်ပါဘူး..."

လီလန်သည် လျူဇီကို သူ၏ ညီအစ်ကိုအရင်းတစ်ယောက်ကဲ့သို့ တကယ်ပင် သဘောထားခဲ့ခြင်းဖြစ်သည်။

"ပြန်တော့လေ... မင်းအဖေက မင်းကို အိမ်မှာ စောင့်နေလောက်ပြီ..."

အဘိုးအိုကျောက်သည် လက်ပြကာ ပြုံးနေသော်လည်း သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ထို့နောက် လီလန်သည် နှုတ်ဆက်ကာ လျူဇီ၏အိမ်မှ ထွက်ခွာလာခဲ့သည်။

မကြာမီ သူ အိမ်သို့ ပြန်ရောက်လာ၏။

"အဖေ…ဒုတိယညီမလေး၊ အငယ်ဆုံးညီမလေး... ကျွန်တော် ပြန်လာပြီ..."

လီလန်သည် ဂုန်နီအိတ်နှင့် တောဝက်သား (၃၅)ကျင်းကို ပခုံးပေါ်မှ ချလိုက်သည်။

တောဝက်သား ကျင်း(၈၀)ရောင်းရပြီး ကျင်း (၄၀)ကို ကျန်းဝေမင်အား ရောင်းချခဲ့ကာ (၅)ကျင်းကို ပညာတတ်လူငယ်မလေးအား ပေးခဲ့သဖြင့် (၃၅) ကျန်ရှိနေသေးခြင်း ဖြစ်သည်။

"ဟင်... အသားတွေ အများကြီးပဲ... ဘယ်ကနေ ရလာတာလဲ..."

လီတာ့ဟိုင်သည် အိမ်ထဲမှ ထွက်လာသည်နှင့် ကျင်းပေါင်းများစွာရှိသော တောဝက်သားများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ကျွန်တော် ပစ်လာတာလေ... ဒီနေ့ အမွှေးဝါတောဝက် တစ်ကောင်နဲ့ ဆားဖောင်ဇီ တစ်ကောင် ပစ်နိုင်ခဲ့တယ်..."

"ရှောင်လန်... မင်း... မင်း..."

လီတာ့ဟိုင်မှာ အလွန်အံ့အားသင့်သွားသဖြင့် နှုတ်ခမ်းများပင် တုန်ယင်နေတော့သည်။

"အစ်ကို..."

"အစ်ကို..."

မိန်းကလေးငယ် နှစ်ယောက်မှာ အပြစ်ကင်းစင်သော ပျော်ရွှင်မှုများ အပြည့်ဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ အိမ်ထဲမှ ထွက်လာကြသည်။

လီလန်သည် ရတနာတစ်ခုကို ဖန်ဆင်းလိုက်သည့်အလား သူ၏အိတ်ကပ်ထဲမှ ကျူးဘားသကြားလုံး တစ်ဆုပ်ကို ထုတ်ယူလိုက်၏။

"ကြည့်စမ်း... ဒါ ဘာလဲ..."

"ဝါး... သကြားလုံးတွေပဲ..."

"ဝါး... အစ်ကို... သကြားလုံးတွေ အများကြီးပဲ... သမီးအတွက်လား..."

မိန်းကလေးငယ် နှစ်ယောက်၏ မျက်လုံးများမှာ တောက်ပသွားပြီး ကြယ်လေးများကဲ့သို့ တလက်လက် တောက်ပနေတော့သည်။

"အစ်ကိုက ညီမလေးတို့အတွက် သီးသန့် ဝယ်လာခဲ့တာ... ရော့... တစ်ယောက် တစ်ဆုပ် ယူကြ..."

"အဖေ... အဖေလည်း စားကြည့်ပါဦး... ဒီကျူးဘားသကြားလုံးက တကယ်ချိုတယ်..."

"ကျွန်တော် မုန့်ညက်လည်း ဝယ်လာတယ်... ဒီနေ့တော့ တစ်ဝကြီး စားကြရအောင်..."

"အစ်ကို ညီမလေးတို့အတွက် ဖက်ထုပ်ကြီးတွေ လုပ်ပေးမယ်..."

All Chapters