← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း (၆၃) ကျင်း(၅၀၀) ၊ (၆၀၀) အလေးချိန်ရှိသော တောဝက်... လီလန် တောဝက်တောင်ကြောပေါ်သို့ ထပ်တက်သွားပြန်ခြင်း…

ရွှမ်းရွှေကွန်မြူနစ်အဖွဲ့။

ဝေဖန်ရှုတ်ချရေးပွဲတစ်ခု စတင်နေပြီ ဖြစ်သည်။

ခြံဝင်းအတွင်းရှိ နှင်းပြင်ပေါ်တွင် လူငယ်မုဆိုးအချို့မှာ တစ်တန်းတည်း ဒူးထောက်နေကြသည်။

သူတို့အားလုံးမှာ သိုးရေအင်္ကျီများနှင့် ဝါဂွမ်းအင်္ကျီများ ချွတ်ခံထားရပြီး ပါးလွှာသော အဝတ်အစားများသာ ကျန်ရှိတော့၏။ မြောက်လေက တဝူးဝူး တိုက်ခတ်နေကာ အအေးဒဏ်မှာ အရိုးခိုက်မတတ် ပြင်းထန်လှပြီး လူတိုင်းမှာ အအေးဒဏ်ကြောင့် ဖြူဖျော့နေကြကာ နှုတ်ခမ်းများမှာ ခရမ်းရင့်ရောင် သန်းနေလေသည်။ သူတို့မှာ ရင်ဘတ်ကို လက်ဖြင့်ဖက်ထားရင်း တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေကြတော့သည်။

စုစုပေါင်း လူလေးယောက် ရှိသည်။

ထိုမုဆိုးလေးယောက်မှာ စိုစွတ်ပြီး လေးလံသော သစ်ကိုင်းအပုံလိုက်ကို ကျောပေါ်တွင် ထမ်းထားကြလေသည်။

အပြစ်ကို တောင်းပန်ရန် ဆူးခက်များကို ကျောတွင် ထမ်းထားခြင်းပင်ဖြစ်၏။

ဤနေရာတွင် လီလန်သာ ရှိနေပါက ရုပ်ချင်းဆင်တူသော ညာဘက်မှ မုဆိုးနှစ်ယောက်ကို သေချာပေါက် မှတ်မိနေမည်ဖြစ်သည်။

လီလုံနှင့် လီဟူတို့ပင်ဖြစ်သည်။

"ဦးလေးကျန်း စိတ်မပူပါနဲ့..."

"တပ်ဖွဲ့ခေါင်းဆောင်လီကို သွားခေါ်ဖို့ လူလွှတ်လိုက်ပါပြီ..."

အိမ်ထဲတွင်မူ လူတိုင်းမှာ မီးဖိုကို ဝိုင်းထိုင်နေကြပြီး ရှန်းဖူကွေ့သည် အဘိုးကျန်းကို နှစ်သိမ့်ပေးနေလေသည်။

ဦးလေးကျန်းမှာ တာဝန်ခံကျန်းဖြစ်သူ ကျန်းတာပေါင်၏ ဦးလေးပင် ဖြစ်သည်။

"ငါက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ... ငါ့မြေးလေး တောင်ပေါ်မှာ တစ်ရက်နဲ့တစ်ညလုံး ပျောက်နေခဲ့တာလေ..."

အဘိုးကျန်း၏ မျက်လုံးများမှာ ငိုထားရလွန်းသဖြင့် ကန်းမတတ် ဖြစ်နေလေပြီ။ သူသည် စုတ်ပြဲနေသော ဝါဂွမ်းအင်္ကျီထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်၍ မျက်လုံးများကို သုတ်လိုက်ပြီးနောက် နှာခေါင်းပေါ်တင်ကာ အသံကျယ်လောင်စွာ နှပ်ညှစ်လိုက်သည်။

သူသည် လက်ကိုင်ပဝါကို သေချာစွာ ပြန်သိမ်းလိုက်ပြီးနောက် ဘေးတွင်ရပ်နေသော မုဆိုးမဝူကို လှည့်ကြည့်လိုက်၏။

"ဒါတွေအကုန်လုံး လီဟူ့ကြောင့်ပဲ... သူ့ရဲ့ သွေးထိုးလှုံ့ဆော်မှုသာမပါရင် ငါ့မြေးလေး ပျောက်သွားပါ့မလား..."

ဝူအိုက်ရုံမှာ အပြင်ဘက်တွင် အေးခဲနေသော သူမ၏ သားဖြစ်သူအတွက် စိတ်မကောင်း ဖြစ်နေသည်။ သူမသည် ဒေါသကို မြိုသိပ်ထားရပြီးဖြစ်ရာ မျက်လုံးပြူးကာ အဘိုးကျန်းအား ပြန်လည်ချေပလိုက်လေသည်။

"အဘိုးကျန်း ရှင်ပြောတာ မှားနေပြီ... ရှင့်မြေးက သူ့သဘောနဲ့သူ တောင်ပေါ်လိုက်သွားတာလေ... ငါ့ဟူဇီက သူ့ကို အတင်းအကျပ် ခေါ်သွားတာမှ မဟုတ်တာ... အခု သူပျောက်သွားမှ ငါ့ဟူဇီကို လာအပြစ်တင်နေတာလား... ဒါက မတရားဘူး..."

မုဆိုးမဝူမှာ စကားပြောသွက်လွန်းလှရာ သူမ၏ စကားများကြောင့် အဘိုးကျန်းမှာ ဆွံ့အသွားတော့သည်။

"ဝူအိုက်ရုံ... မင်း... မင်း..."

"အမေ... တော်ပါတော့..."

"အဘိုးကျန်းနဲ့ ဘာလို့ စကားများနေရတာလဲ... ကြည့်နေတဲ့သူတွေလည်း အများကြီးကို..."

လီရှန်းဟွာက သူမ၏မိခင်ကို မျက်ရိပ်ပြ၍ သတိပေးလိုက်လေသည်။

ရှန်းဖူကွေ့သည် မီးဖိုရှေ့တွင် ထိုင်၍ မီးလှုံနေရင်း မကျေနပ်သော အမူအရာဖြင့် မုဆိုးမဝူကို ကြည့်လိုက်၏။

"မုဆိုးမဝူ... ငါ စုံစမ်းပြီးသွားပြီ... လမ်းမှာ ကျန်းဝေ့ကော်ကို တွေ့ပြီး သူတို့လေးယောက်အတွက် အလုပ်လုပ်ပေးဖို့ တောင်ပေါ်ကို လှည့်စားခေါ်သွားတာ မင်းသား ဟူဇီပဲ..."

"ကျန်းဝေ့ကော်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ... သေနတ်တောင် သေချာကိုင်ဖူးတာ မဟုတ်ဘူး... သူက တောင်ပေါ်မှာ အမဲလိုက်တဲ့ အတွေ့အကြုံ ဘယ်လိုလုပ်ရှိမှာလဲ..."

ရှန်းဖူကွေ့က အေးစက်စွာ ပြောလိုက်လေသည်။

ထို့နောက် သူက ဆက်ပြောလေ၏။

"စကားများမနေကြနဲ့တော့... အခု အဓိကက ကျန်းဝေ့ကော်ကို ရှာတွေ့ဖို့ပဲ..."

ထိုအချိန်တွင် သူက စိတ်ထဲမှ တွေးနေမိသည်။

"လီလန်က ဘာလို့ မရောက်လာသေးတာလဲ..."

"တပ်ဖွဲ့ခေါင်းဆောင်... တပ်ဖွဲ့ခေါင်းဆောင်လီ ရောက်လာပါပြီ..."

အပြင်ဘက်မှ သတင်းပို့သံကို ကြားလိုက်ရသောအခါ ရှန်းဖူကွေ့မှာ အလွန်ဝမ်းသာသွားပြီး သွားရောက်ကြိုဆိုရန် အမြန်ထွက်သွားတော့သည်။

လီလန်သည် ကွန်မြူနစ်အဖွဲ့၏ တံခါးဝသို့ ဝင်လိုက်သည်နှင့် ခြံဝင်းအတွင်း၌ သေသပ်စွာ ဒူးထောက်နေပြီး အအေးဒဏ်ကြောင့် တုန်ယင်တွန့်လိမ်နေသော လူတစ်စုကို မြင်လိုက်ရသည်။

ညာဘက်မှ လူနှစ်ယောက်ကို ကြည့်ရင်း လီလန်သည် စုပ်သပ်လိုက်လေ၏။

*သူတို့က လီရှန်းဟွာရဲ့ မောင်နှစ်ယောက်ဖြစ်တဲ့ လီလုံနဲ့ လီဟူ မဟုတ်ဘူးလား..*

ဤသို့ အေးခဲနေသော ရာသီဥတုကြီးတွင် အဘယ်ကြောင့် အဝတ်အစားများ ချွတ်ကာ ခြံထဲ၌ ဒူးထောက်နေရသနည်း။

ဘာအမှားများ လုပ်ခဲ့သနည်း။

လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက်မှာ လီလန် ဝင်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ခေါင်းငုံ့ကာ အံကြိတ်ထားကြပြီး တိတ်ဆိတ်နေကြတော့သည်။

သူတို့သည် ဒူးများကို ဆန့်ရန် ကြိုးစားလိုက်ကြသော်လည်း သူတို့၏ ခေါင်းဆောင်ဖြစ်သူ ကျိုးလျဲ့ရှန်က စူးရဲစွာ စိုက်ကြည့်လိုက်သဖြင့် ပြန်လည် ဒူးထောက်လိုက်ရလေသည်။

"သေစမ်း... လီလန်က ဘယ်လိုလုပ် ဒါကို မြင်သွားရတာလဲ..."

"ရှက်စရာကောင်းလိုက်တာ..."

လီဟူမှာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်လေသည်။

ညီအစ်ကိုနှစ်ယောက်မှာ ခြံဝင်းအတွင်း၌ ဒူးထောက်နေရခြင်းကို မည်သူမြင်မြင် ဂရုမစိုက်သော်လည်း လီလန် မြင်သွားခြင်းကိုမူ လုံးဝ လက်မခံနိုင်ကြပေ။ ထိုမြင်ကွင်းကို လီလန် မြင်သွားခြင်းမှာ သူတို့ကို သတ်ဖြတ်လိုက်သည်ထက်ပင် ပို၍ ဆိုးရွားနေသေးတော့သည်။

ထိုအချိန်တွင် ဧည့်ခန်းမကြီးထဲမှ လူအုပ်ကြီးတစ်အုပ် ထွက်လာကြသည်။ သူတို့အားလုံးမှာ အမဲလိုက်အဖွဲ့ အသီးသီးမှ ခေါင်းဆောင်များဖြစ်ကြပြီး ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန် အစရှိသော ရင်းနှီးသည့် မျက်နှာများလည်း ပါဝင်လေသည်။

"ဟင်... သူတို့ကရော ဘာလို့ ရောက်နေကြတာလဲ..."

လီလန်က မျက်မှောင်ကြုတ်လိုက်သည်။

သူ မမြင်ချင်သော ရင်းနှီးသည့် မျက်နှာအချို့ကို မြင်လိုက်ရ၏။

ဟဲချွေ့ဟွာ၊ မုဆိုးမဝူနှင့် လီရှန်းဟွာတို့ပင် ဖြစ်သည်။

"သူကရော ဘာလို့ ရောက်လာတာလဲ..."

လီရှန်းဟွာသည် လီလန် ရောက်လာသည်ကို မြင်သောအခါ သူမ၏ အမူအရာ ပြောင်းလဲသွားလေသည်။ သူမသည် တင်းမာသော မျက်နှာထားကို ဖမ်းကာ လက်ပိုက်ထားပြီး ဂရုမစိုက်သကဲ့သို့ ကြည့်နေ၏။

"ဘာလို့ ကံဆိုးမိုးမှောင်ကျတဲ့ကောင် ဖြစ်နေရပြန်တာလဲ..."

မုဆိုးမဝူက လှောင်ပြောင်လိုက်လေသည်။

လီလန်သည် သူမ၏ သမီးဖြစ်သူနှင့် စေ့စပ်ထားခြင်းကို ဖျက်သိမ်းခဲ့သဖြင့် ရွှမ်းရွှေရွာတွင် သူမအား မျက်နှာပျက်စေခဲ့ပြီး သူမသမီး၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေခဲ့သည်။

လီလန်ကို မြင်လိုက်ရသည်နှင့် မုဆိုးမဝူမှာ အလွန် မကျေမနပ်ဖြစ်ကာ ရွံရှာမိလေသည်။ လီလန်မှာ မျက်စိရှင်သူဖြစ်ရာ သားအမိနှစ်ယောက်၏ မျက်နှာပေါ်ရှိ အမူအရာများနှင့် အထင်အမြင်သေးမှုများကို သတိပြုမိလိုက်၏။ လီလန်က လှောင်ပြုံး ပြုံးလိုက်ပြီး နောက်ပိုင်းတွင် သူတို့ကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိကြောင်း သိထားလေသည်။

ဟဲချွေ့ဟွာသည် လီလန်ကို မြင်သည်နှင့် တစ်ပြိုင်နက် နောက်သို့ အမြန်ဆုတ်ကာ လူအုပ်ထဲတွင် ပုန်းကွယ်သွားလေသည်။ သူမသည် ဤကြမ်းကြုတ်သော နတ်ဆိုး လီလန်ကို မစော်ကားရဲတော့ပေ။

ဤရက်စက်သော လူသည် ရှန်းဝူကိုပင် အရိုက်ရဲဆုံးဖြစ်ပြီး ၎င်းသာမက တာဝန်ခံကျန်းကလည်း သူ့ကို ကာကွယ်ပေးထားသေးသည်။ ယခုအခါ သူမသည် လီလန်ကို မြင်တိုင်း ကြောင်ကို မြင်သော ကြွက်တစ်ကောင်ပမာ ထိတ်လန့်တုန်လှုပ်နေပြီး သူ့ကို မစော်ကားရဲတော့ပေ။

လီလန်သည် လူအုပ်ထဲတွင် ပျောက်ကွယ်သွားသော ဟဲချွေ့ဟွာအား လုံးဝ ဂရုမစိုက်ဘဲ မမြင်ဟန်ဆောင်နေကာ သူ၏ မျက်နှာမှာ အေးစက်၍ ခံစားချက်ကင်းမဲ့နေလေသည်။

လီလန်ကို မြင်သည်နှင့် ရှန်းဖူကွေ့က နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

"အဖွဲ့ခေါင်းဆောင် လီလန်... ငါတို့ မင်းကို စောင့်နေကြတာ..."

ကျိုးလျဲ့ရှန်ကလည်း အနီးမှ ကပ်လျက် လိုက်ပါလာပြီး မေးလိုက်လေသည်။

"မင်းက ဘာလို့ ဒီလောက်နှေးနေရတာလဲ ကောင်လေးရ.."

လျဲ့ရှန်မုဆိုးအဖွဲ့၏ ခေါင်းဆောင်သည်လည်း လီလန်ကို ရင်းနှီးစွာ စတင်နှုတ်ဆက်လေသည်။

ခေါင်းဆောင်နှစ်ဦး၏ ဦးဆောင်မှုနှင့်အတူ အခြားသော အမဲလိုက်အဖွဲ့များမှ ခေါင်းဆောင်များသည်လည်း လီလန်အား ခေါင်းညိတ်ပြခြင်း သို့မဟုတ် ပြုံးပြခြင်းများ ပြုလုပ်ကြ၏။ လူတိုင်း၏ မျက်နှာပေါ်တွင် ရင်းနှီးသော အပြုံးများ ရှိနေကြပြီး စိတ်အားထက်သန်မှုနှင့် လေးစားမှုကိုပြသကာ လီလန်ကို စတင်နှုတ်ဆက်ကြလေသည်။

ဤမြင်ကွင်းကြောင့် လီရှန်းဟွာ၊ လီလုံနှင့် သူတို့အဖွဲ့မှာ ဆွံ့အသွားကြတော့သည်။

"လီလန်က ဘယ်အချိန်ကစပြီး ဒီလောက် နာမည်ကြီးသွားတာလဲ..."

၎င်းကိုမြင်သောအခါ လီရှန်းဟွာမှာ အလွန် မကျေမနပ် ဖြစ်သွားလေသည်။

အခြားသူများကို ယဉ်ကျေးစွာ ဆက်ဆံခြင်းမှာ တစ်ကဏ္ဍဖြစ်သော်လည်း တပ်ဖွဲ့ခေါင်းဆောင်ရှန်းမှာ ရွှမ်းရွှေရွာ ထုတ်လုပ်ရေးတပ်ဖွဲ့၏ အကြီးအကဲဖြစ်ပြီး ရွာကို တာဝန်ယူရသူဖြစ်သည်။ သူက အဘယ်ကြောင့် လီလန်အပေါ် ဤမျှ ယဉ်ကျေးနေရသနည်း။

*လီလန်က တောဝက်တစ်ကောင်ကို သတ်ရုံလေးပဲကို... ဘာကြောင့်လဲ…*

လီရှန်းဟွာမှာ တွေးလေတွေးလေ ဒေါသထွက်လေ ဖြစ်လာတော့သည်။ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူမ သို့မဟုတ် သူမ၏ မိခင်အပေါ်တွင်ပင် ဤသို့ မဆက်ဆံခဲ့ဖူးပေ။

သူတို့က သူမကို ဘယ်တုန်းကမှ မပြုံးပြခဲ့ကြဘဲ သူတို့၏ မျက်နှာများမှာ အမြဲတမ်း တင်းမာခက်ထန်ကာ စိတ်မရှည်မှုများသာ ပြည့်နှက်နေတတ်သည်။

သူက လီလန်အပေါ်တွင်မူ အလွန် စိတ်အားထက်သန်နေပြီး မျက်နှာပေါ်တွင် အပြုံးများဖြင့် ရင်းနှီးခင်မင်စွာ ခေါ်ဝေါ်နေလေသည်။

"အဖွဲ့ခေါင်းဆောင် လီလန်..."

*လီလန်က ဘာများ ထူးခြားနေလို့လဲ…*

*သူက မြို့ကလာတဲ့ ရာထူးကြီးကြီး အရာရှိမှ မဟုတ်တာ…*

*ဟွန့်... တပ်ဖွဲ့ခေါင်းဆောင်ရှန်းက လီလန်ကို သဘောကျရအောင် သူက မျက်စိကန်းနေတာပဲ…*

လီရှန်းဟွာက စိတ်ထဲမှ တွေးလိုက်လေသည်။

သူမ၏ အစ်မဖြစ်သူ လီရှန်းဟွာနှင့် မတူဘဲ ခြံဝင်းအတွင်း၌ ဒူးထောက်နေသော လီလုံမှာမူ အံ့သြမှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေသည်။

သူသာ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပါက ပုံမှန်အားဖြင့် တည်ကြည်၍ အပြုံးအရယ်ကင်းသော သူ၏ အကြီးအကဲ ကျိုးလျဲ့ရှန်သည် ယခုအခါ လီလန်နှင့်အတူ ဤမျှရင်းနှီးစွာ ရယ်မောနေလိမ့်မည်ဟု လုံးဝ ယုံကြည်မည် မဟုတ်ပေ။

"လီလန်... ဘာ... သူ ဘာတွေ လုပ်ခဲ့လို့လဲ..."

လီလုံ၏ အမြင်တွင် ကျိုးလျဲ့ရှန်မှာ သွေးအေးသော အာဏာရှင်တစ်ဦးဖြစ်ပြီး စကားနည်းကာ လျင်မြန်ပြတ်သားစွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။ ထို့ပြင် သူ၏ လက်အောက်ငယ်သားများအပေါ် အလွန် တင်းကျပ်ပြီး ကြင်နာသော အမူအရာမျိုး ပြသလေ့မရှိပေ။

သူတို့ ယနေ့ အမှားလုပ်မိခဲ့သဖြင့် အကြီးအကဲကျိုးမှာ အလွန် ဒေါသထွက်သွားခဲ့သည်။ သူသည် သူတို့ကို အဝတ်အစားများ ချွတ်စေကာ အေးခဲနေသော ရာသီဥတုတွင် ခြံထဲ၌ ဒူးထောက်ခိုင်းထားပြီး ကျင်းရာပေါင်းများစွာ အလေးချိန်ရှိသော ထင်းများကိုလည်း ထမ်းခိုင်းထားလေသည်။

သို့သော် ယခုအခါတွင်မူ အကြီးအကဲကျိုးက လီလန်ကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံနေသည်။

လီလုံသည် လီလန်၏ ကျောပြင်ကို စိုက်ကြည့်ရင်း ပို၍ပို၍ ထိတ်လန့်ကာ စိတ်ပျက်လာတော့သည်။ ရက်အနည်းငယ်သာ ကြာသေးသော်လည်း လီလန်သည် အမဲလိုက်အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့အပြင် မိုးပျံနဂါးများ၊ တောဝက်များနှင့် ဆားဖောင်ဇီများ အပါအဝင် သားကောင်မြောက်မြားစွာကိုလည်း အမဲလိုက်နိုင်ခဲ့သည်။

သူကိုယ်တိုင်ကတော့... လျဲ့ရှန်တပ်ဖွဲ့ထဲက အရေးမပါတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး အကြီးအကဲကျိုး တစ်ချက်လေးတောင် လှည့်မကြည့်တဲ့ ကောင်လေးတစ်ယောက်ပါပင်။

*ဟူး... ငါ့အစ်မသာ တင်တောင်းစရိတ်အဖြစ် ယွမ်(၁၀၀)ကို မတောင်းဆိုခဲ့ဘူးဆိုရင်…*

လီလုံသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး နောင်တရစွာဖြင့် တွေးလိုက်လေသည်။

အကယ်၍ အစ်မအကြီးဆုံးသာ ယွမ်(၁၀၀) တင်တောင်းစရိတ်ကို မလိုချင်ဘဲ လီလန်ကို အခက်အခဲ မတွေ့စေခဲ့လျှင် လီလန်သည် သူ၏ ယောက်ဖ ဖြစ်လာမည်ဖြစ်သည်။

လီလန်၏ ယောက်ဖအနေဖြင့် လီလန်တွင် ချမ်းသာကြွယ်ဝမှုဖြစ်စေ၊ ရာထူးဖြစ်စေ မည်သည့်အရာပင်ရှိစေကာမူ သူပါ အကျိုးခံစားခွင့် ရရှိနိုင်မည် မဟုတ်ပါလား။

ကွန်မြူနစ်အဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်များက လီလန်ထံ ချဉ်းကပ်၍ ရင်းနှီးစွာ နှုတ်ဆက်နေကြသည်ကို ကြည့်ရင်း မုဆိုးမဝူ၏ အမူအရာ ပြောင်းလဲသွားသော်လည်း သူမသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး မျက်နှာလွှဲသွားလေသည်။

"ဟွန့်... ဘာများ အဲဒီလောက် ကြီးကျယ်နေလို့လဲ..."

"ဒါက အဖွဲ့ခေါင်းဆောင် ရာထူးလေး တစ်ခုပါပဲ... ငါ့သား တာ့လုံနဲ့ ဟူဇီလည်း တစ်နေ့ကျရင် ဖြစ်လာနိုင်တာပဲ..."

"ရဲဘော်လီလန်... မင်းရဲ့ ပထမဆုံးအမွှေးတိုင်ကရော ဘယ်မှာလဲ..."

လီလန်သည် ဟေးလုံကို ခေါ်မလာသည်ကို မြင်သောအခါ ရှန်းဖူကွေ့က အလျင်စလို မေးလိုက်လေသည်။

"ဟေးလုံကို ခြံစောင့်ဖို့ အိမ်မှာ ထားခဲ့တယ်... တပ်ဖွဲ့ခေါင်းဆောင်ရှန်း ကျွန်တော့်ကို ဘာကိစ္စများ ရှိလို့လဲ..."

လီလန်သည် လီလုံ၊ မုဆိုးမဝူနှင့် အဒေါ်ဟဲတို့ကို ဝေ့ကြည့်လိုက်ပြီး သူမရောက်လာခင် ကွန်မြူနစ်အဖွဲ့မှ ရဲဘော်များ ပြောပြခဲ့သည့် တောဝက်တောင်ကြောပေါ်တွင် အမဲလိုက်ရင်း လူတစ်ယောက် ပျောက်ဆုံးသွားသည်ဆိုသော အကြောင်းကို ပြန်လည်သတိရသွားလေသည်။

"လီလုံနဲ့ လီဟူတို့နဲ့များ သက်ဆိုင်နေတာလား..."

"အဖွဲ့ခေါင်းဆောင် လီလန်... ရှောင်ဝမ်က ကွန်မြူနစ်အဖွဲ့ကို လာတဲ့လမ်းမှာ မင်းကို ပြောပြသင့်တယ်..."

ရှန်းဖူကွေ့သည် ခြံဝင်းအတွင်း၌ ဒူးထောက်နေသော လီလုံ၊ လီဟူနှင့် အခြားသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်လေသည်။

အဘိုးကျန်း၏ မြေးဖြစ်သူကို တောင်ပေါ်တွင် သွားရှာပေးရန် အကူအညီတောင်းရန်အတွက် ယနေ့ လီလန်ကို သူ အထူးဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တောဝက်တောင်ကြောသို့ အမဲလိုက်ထွက်ခဲ့ပြီး အန္တရာယ်ကင်းကင်းဖြင့် ပြန်လာနိုင်ကာ သားကောင်အချို့ကို ဖမ်းဆီးနိုင်ခဲ့သည့် တစ်ဦးတည်းသော မုဆိုးမှာ လီလန်သာ ဖြစ်လေသည်။

လီလန်သည် တိတ်ဆိတ်စွာနေပြီး ရှန်းဖူကွေ့ ဆက်ပြောသည်ကိုသာ အသံတိတ် နားထောင်နေလိုက်သည်။

"ဟူး... ဒ္နေ့မနက်က လီဟူက သူ့အစ်ကို လီလုံ၊ ယန်ညီအစ်ကိုဖြစ်တဲ့ ကျန်းကျွင်းနဲ့ အိုက်ကော်၊ ပြီးတော့ အဘိုးကျန်းရဲ့မြေး ကျန်းဝေ့ကော် အပါအဝင် စုစုပေါင်း လူငါးယောက်ကို တောဝက်တောင်ကြောပေါ် အမဲလိုက်ဖို့ ခေါ်သွားခဲ့တယ်... ဒါပေမဲ့ တောင်ပေါ်မှာ အဖြူရောင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်သွားခဲ့တယ်..."

"သူတို့ တောင်ပေါ်က ဆင်းလာတဲ့ လမ်းမှာ တစ်ကောင်ကို ကျင်း(၄၀၀) ၊ (၅၀၀)လောက် အလေးချိန်ရှိတဲ့ အမြောက်ဆန်ကြီးတွေနဲ့ ထပ်တွေ့ခဲ့ကြတယ်..."

"အဲဒီတောဝက်က ကြောက်စရာကောင်းလောက်အောင် ကြီးမားတယ်... လီလုံနဲ့ အခြားသုံးယောက်က အရမ်းကြောက်သွားပြီး တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးခဲ့ကြလို့ ကျန်းဝေ့ကော်က တောင်ပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တယ်..."

၎င်းကို ကြားသောအခါ လီလန်က စိတ်ထဲမှ တွေးလိုက်သည်။

*ကျင်း(၄၀၀)၊ (၅၀၀) ရာလောက် အလေးချိန်ရှိတဲ့ အမြောက်ဆန်ဟုတ်လား…*

*သူတို့က အဲဒါကို ဘယ်လိုများ ရန်စရဲရတာလဲ…*

*ဒီလူငါးယောက်က တကယ့်ကို အကြောက်အလန့် မရှိကြတာပဲ…*

"ရှောင်လန်... မင်း ဝေ့ကော်ကို ရှာပေးရမယ်နော်..."

"သူက ၁၆ နှစ်ပဲ ရှိသေးတာ..."

အဘိုးကျန်းသည် အပြေးအလွှား ရောက်လာပြီး လီလန်၏ ရှေ့တွင် 'ဒုန်း' ခနဲ ဒူးထောက်ချလိုက်တော့သည်။

လီလန်က အဘိုးကျန်းကို အမြန် ထူပေးလိုက်လေသည်။

"ဦးလေးကျန်း... စိတ်မပူပါနဲ့... ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဘာတွေးနေသည်ကို လီလန် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ပထမဆုံးအမွှေးတိုင် ခေါ်ရန်ပင်ဖြစ်သည်။

ရွာထဲတွင် ပထမဆုံးအမွှေးတိုင်ကို ပိုင်ဆိုင်သူ နှစ်ယောက် သုံးယောက်သာ ရှိလေသည်။

သူတို့က သူ့ကို ဟေးလုံအား ခေါ်ဆောင်ကာ တောင်ပေါ်သို့ တက်၍ ကျန်းဝေ့ကော်ကို ရှာဖွေစေချင်ခြင်းဖြစ်သည်။

ပထမဆုံးအမွှေးတိုင်ဖြစ်သော အမဲလိုက်ခွေးများသည် သာမန်အမဲလိုက်ခွေးများထက် များစွာသာလွန်သော အနံ့ခံအာရုံရှိကြပြီး ဤနှင်းများကျကာ လေတိုက်ခတ်နေသော ရာသီဥတုမျိုးတွင် လူရှာရာ၌ လျင်မြန်တိကျစေသည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... အချိန်က အရမ်း အရေးကြီးတယ်... အဘိုးကျန်းရဲ့မြေးကို တောင်ပေါ်မှာ မြန်မြန်သွားရှာကြရအောင်..."

လီလန်က လှည့်ကာ ပြောလိုက်လေသည်။

မနေ့ကမှ တောဝက်တောင်ကြောကနေ ဆင်းလာခဲ့ပြီး ယနေ့လည်း ထပ်သွားရဦးမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် လီလန်၏ အဓိကတာဝန်မှာ လူရှာရန်ဖြစ်ပြီး အမဲလိုက်ရန် မဟုတ်ပေ။ ထို့အပြင် ကျိုးလျဲ့ရှန်ကဲ့သို့ အတွေ့အကြုံရှိပြီး စွမ်းအားပြည့်ဝသော သူများ ပါဝင်လာသဖြင့် မနေ့ကထက် များစွာ ပိုမို လွယ်ကူလိမ့်မည် ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင်လီပြောတာ မှန်တယ်... လျဲ့ရှန်... ငါတို့ အမြန်ဆုံး လူစုပြီး တောင်ပေါ်တက်ဖို့ ပြင်ဆင်ကြရအောင်..."

ရှန်းဖူကွေ့မှာ ပြတ်သားပြီး စွမ်းဆောင်ရည်ရှိသူဖြစ်ကာ ပြဿနာ၏ ဆိုးရွားမှုကိုလည်း နားလည်ထားလေသည်။

တောဝက်တောင်ကြောမှာ မူလကတည်းက အန္တရာယ်များပြီး သားရဲတိရစ္ဆာန်များနှင့် ပြည့်နှက်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ပြင်းထန်သော နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့သဖြင့် မြင်ကွင်းမှာ သုညနီးပါးအထိ လျော့ကျသွားခဲ့သည်။ ထိုနေရာရှိ နှင်းများမှာ ရင်ဘတ်အထိ နီးပါး နက်ရှိုင်းလှသည်။

အဘိုးကျန်း၏ မြေးမှာ အမြောက်ဆန်တစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ သူ တောင်ပေါ်တွင် နေရသည့် မိနစ်တိုင်းမှာ အန္တရာယ်ကို တိုးပွားစေလေသည်။

"အဲဒီအသုံးမကျတဲ့ကောင်တွေကိုပါ ခေါ်သွား... သူတို့ ပျောက်သွားတဲ့လူကို သူတို့ကိုယ်တိုင် သွားရှာခိုင်းလိုက်..."

လီလန်သည် လီလုံ၊ လီဟူနှင့် အခြားနှစ်ယောက်ကို လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ လီရှန်းဟွာနှင့် မုဆိုးမဝူတို့၏ အမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

"ငါ သဘောမတူဘူး... တောဝက်တောင်ကြောက အန္တရာယ် အရမ်းများတယ်... ပြီးတော့ အခုက အဖြူရောင် လေဆင်နှာမောင်းပါ တိုက်နေတာ... ငါ့သားတွေ..."

"ပါးစပ်ပိတ်ထား..."

ကျိုးလျဲ့ရှန်သည် မှုန်ကုပ်နေသော မျက်နှာဖြင့် လျှောက်လာပြီး လက်ကို မြှောက်ကာ 'ဖြန်း' ခနဲ မုဆိုးမဝူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

All Chapters