← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) အသားကျင်း (၅၀၀)အတွက် အလုပ်မှတ်(၅၀၀၀)၊ နောက်ဆုံးဆုလာဘ်မှာ အပ်ချုပ်စက်လက်မှတ်

"အစ်ကိုလန်... အစ်ကိုက မီးနဂါးမုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်နေပြီလို့ အဘိုးက ကျွန်တော့်ကို ပြောတယ်... ကျွန်တော်လည်း အစ်ကိုနဲ့အတူ လိုက်ပြီး ဇိမ်ကျကျ နေလို့ရမလား..."

ကျန်းဝေ့ကော်သည် မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် လီလန်အား မော့ကြည့်လိုက်သည်။

စောစောက ထင်းရှူးပင်ပေါ်တွင် ကျန်းဝေ့ကော်သည် လီလန်၏ အလွန်ကောင်းမွန်လှသော သေနတ်ပစ်စွမ်းရည်ကြောင့် အလွန်အမင်း အံ့ဩသွားခဲ့ရသည်။

မီတာတစ်ရာအကွာမှနေ၍ လီလန်သည် အလွန်ပြတ်သားစွာဖြင့် သေနတ်ကို သုံးချက်ဆက်တိုက် ပစ်ခတ်ခဲ့လေသည်။

ဝက်၏မျက်လုံးများကို နှစ်ချက်၊ လည်ပင်းကို တစ်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်လိုက်သမျှ ကျည်တိုင်းမှာ လွဲချော်သွားခြင်း မရှိပေ။

အလေးချိန် ကျင်း(၆၀၀) ကျော်ရှိသော တောဝက်ဘုရင်ကြီးမှာ သေနတ်သုံးချက်ဖြင့်ပင် အသက်ထွက်သွားခဲ့ရသည်။

ကျန်းဝေ့ကော်က ထိုသေနတ်ပစ်စွမ်းရည်ကို အလွန်အမင်း အားကျသွားခဲ့၏။

သူသည် ငယ်စဉ်ကတည်းက သူ၏အဘိုးဖြစ်သူ ကျန်းတာပေါင်ထံမှ သေနတ်ပစ်စွမ်းရည်ကို သင်ယူခဲ့သော်လည်း သူ၏ပါရမီမှာ အကန့်အသတ်ရှိနေခဲ့သည်။

သူသည် ဆယ်ချက်ပစ်လျှင် သုံးလေးချက်ခန့် ထိမှန်ပါက ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး ပစ်လိုက်တိုင်း ထိမှန်ရန်ဆိုသည်မှာ အိပ်မက်တစ်ခုလိုပင် ဖြစ်နေသည်။

အရည်အချင်းပြည့်မီသော မုဆိုးတစ်ယောက်ဖြစ်ရန်အတွက် ကျွမ်းကျင်သော သေနတ်ပစ်စွမ်းရည်မှာ မရှိမဖြစ် လိုအပ်လှပေသည်။

ကျန်းဝေ့ကော်သည် လီလန်၏ သေနတ်ပစ်စွမ်းရည်အောက်တွင် ပြုတ်ပြုတ်ကျသွားခဲ့ပြီး မီးနဂါးမုဆိုးအဖွဲ့သို့ ဝင်ရောက်ကာ လီလန်၏ လမ်းညွှန်မှုအောက်တွင် သူ၏သေနတ်ပစ်စွမ်းရည်ကို လေ့ကျင့်ချင်နေမိသည်။

"ငါနဲ့ လိုက်ချင်လို့လား..."

လီလန်က ကျန်းဝေ့ကော်ကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းဝေ့ကော်သည် ကြက်ကလေး ဆန်စေ့ကောက်စားသကဲ့သို့ ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်၏။

"ကောင်းပြီလေ... ငါ သဘောတူတယ်..."

"ဒါပေမဲ့ မင်းအဘိုးကိုတော့ အရင်ပြောပြရလိမ့်မယ်..."

ကျန်းဝေ့ကော်သည် ကျန်းတာပေါင်၏ မြေးဖြစ်သည်။ ထိုကောင်လေးမှာ အသက်ဆယ့်ခြောက်နှစ်အရွယ်ရှိပြီဖြစ်သည်။ ကျန်းတာပေါင်သည် သူ့ကို ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ စောင့်ရှောက်လာခဲ့ခြင်းဖြစ်သည်။ အဘိုးနှင့်တူသော မြေးဟုဆိုရမည့်အတိုင်း ကျန်းတာပေါင်မှာ တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး သူ၏မြေးဖြစ်သူမှာလည်း များစွာကွာခြားမှု မရှိလှပေ။

တောဝက်တောင်ကြောခရီးစဉ်တွင် ပြသခဲ့သော ကျန်းဝေ့ကော်၏ စွမ်းဆောင်ရည်အရ သူသည် ရဲရင့်ပြီး ဉာဏ်ရည်လည်းပြည့်ဝကာ မုဆိုးတစ်ဦးဖြစ်လာရန် ကောင်းမွန်သော အရည်အချင်းရှိသူ တစ်ယောက်ဖြစ်ပေသည်။

သူ၏သေနတ်ပစ်စွမ်းရည်မှာ အနည်းငယ် လိုအပ်ချက်ရှိနေသေးသော်လည်း သူသည် ငယ်ရွယ်သေးသဖြင့် တိုးတက်လာနိုင်သေးသောကြောင့် ကိစ္စမရှိလှပေ။

မီးနဂါးမုဆိုးအဖွဲ့မှာ အသစ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်အနေဖြင့် လျူဇီတစ်ယောက်သာ ရှိသေးသောကြောင့် လူအင်အား လိုအပ်နေသေးသည်။

ကျန်းဝေ့ကော်သည် မီးနဂါးမုဆိုးအဖွဲ့သို့ ဝင်ရောက်လိုသဖြင့် လီလန်အနေဖြင့် သဘာဝကျစွာပင် ငြင်းဆန်မည်မဟုတ်ပေ။

သို့ရာတွင် ဤကောင်လေးမှာ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး အရွယ်မရောက်သေးသောကြောင့် အဘိုးကျန်းကိုတော့ ခွင့်တောင်းရန် လိုအပ်နေသေးသည်။

"ဘာ... မင်းက မီးနဂါးမုဆိုးအဖွဲ့ကို ဝင်ချင်တယ်ဟုတ်လား..."

ကျန်းဝေ့ကော်သည် လီလန်နောက်သို့ လိုက်မည်ဆိုသည်ကို ကြားလိုက်ရသောအခါ ကျိုးလျဲ့ရှန်နှင့် ရှန်းဖူကွေ့တို့မှာ မျက်လုံးများပြူးကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ရှန်းဖူကွေ့က ခါးသက်သက် ပြုံးလိုက်သည်။

"ခေါင်းဆောင်ကျိုး... ခင်ဗျားရဲ့ မျှော်လင့်ချက်တွေတော့ သဲထဲရေသွန် ဖြစ်သွားပြီထင်တယ်..."

ကျိုးလျဲ့ရှန်က ပြန်ပြောလိုက်သည်။

"အင်း... လီလန်လေးတော့ နောက်ထပ် အမြတ်ကြီးကြီး ထပ်ထွက်သွားပြန်ပြီ..."

"ဒီကောင်လေးက တော်တော်ကံကောင်းတာပဲ... အမဲလိုက်ခွေးရော အလားအလာရှိတဲ့ လူရည်ချွန်ကိုပါ ရသွားတာ..."

"ကောင်းတဲ့အရာမှန်သမျှ သူချည်းပဲ သိမ်းကြုံးယူသွားတော့မှာလား..."

ကျိုးလျဲ့ရှန်က ပြုံးလျက် ပြောလိုက်သည်။

ထိုသို့နောက်ပြောင်ပြောဆိုနေသော်လည်း ကျိုးလျဲ့ရှန်သည် အနည်းငယ်မျှပင် ဒေါသထွက်နေခြင်း မရှိပေ။

ကျန်းဝေ့ကော်သည် လီလန်အပေါ် အားကျလေးစားနေမှုများအရ အရူးမဟုတ်သူတိုင်း ဤကောင်လေးမှာ စောစောက လီလန်၏ သေနတ်ပစ်စွမ်းရည်ကြောင့် ဆွဲဆောင်ခံလိုက်ရကြောင်းကို သိမြင်နိုင်ပေသည်။

"ဟူး... ငါ့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်ပဲ ညံ့ဖျင်းလွန်းလှပါတယ်..."

ခေတ်အဆက်ဆက်တိုင်းတွင် မျိုးဆက်သစ်များ ရှိစမြဲဖြစ်ပြီး နောက်မျိုးဆက်များမှာ အရင်မျိုးဆက်များထက် ပိုမိုသာလွန်ကောင်းမွန်ကြစမြဲပင်ဖြစ်သည်။ ကျိုးလျဲ့ရှန်သည် ခါးသက်သက် ပြုံးလိုက်ပြီး သူကိုယ်တိုင် အိုမင်းလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

ယခုအခါတွင် ဤတောင်ပေါင်းတစ်သိန်းကို လီလန်ကဲ့သို့သော လူငယ်များထံသို့ လွှဲပြောင်းပေးအပ်သင့်နေပြီဖြစ်သည်။

ရှန်းဖူကွေ့သည်လည်း ခါးသက်စွာပင် ပြုံးလိုက်မိသည်။

ထို့နောက် သူသည် လီလန်ကို ကြည့်ကာ မေးလိုက်၏။

"ခေါင်းဆောင်လီ... ဒီတောဝက်ကို မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားသလဲ..."

ကျန်းဝေ့ကော်သည် ပုံမှန်အတိုင်း စားသောက်နိုင်ကာ ကျန်းမာရေးလည်း ကောင်းမွန်နေသည်။ ယမန်နေ့က တောဝက်တောင်ကြောပေါ်တွင် သူ မည်သို့ ညအိပ်ခဲ့ရကြောင်း ပြောပြသည်ကိုလည်း ရှန်းဖူကွေ့ ကြားခဲ့ရသည်။ ယခုအခါ ကျန်းဝေ့ကော်မှာ ဘာမှမဖြစ်တော့သဖြင့် သူ့ကို ရှာဖွေရသည့် တာဝန်မှာ အောင်မြင်စွာ ပြီးမြောက်သွားပြီဟု ဆိုနိုင်ပေသည်။

ယခုအခါတွင် အလေးချိန် ကျင်း(၆၀၀)ကျော်ရှိသော ဤတောဝက်ဘုရင်ကြီးကို မည်သို့လုပ်ဆောင်ရမည်ဆိုသော နောက်ထပ်ပြဿနာတစ်ခု ရှိနေပြန်သည်။

ကွန်မြူနစ်အဖွဲ့၏ စည်းမျဉ်းများအရ တပ်ဖွဲ့မှ အမဲလိုက်ထွက်သောအခါ အဖွဲ့ဝင်များက အမဲလိုက်ရာတွင် ကူညီပေးပါက လုပ်ငန်းခွင်တစ်ခုအဖြစ် သတ်မှတ်ပြီး လူတစ်ဦးလျှင် အလုပ်မှတ် ဆယ်မှတ် ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။

အကယ်၍ အဖွဲ့ဝင်တစ်ဦးက သားကောင်ဖမ်းမိပါက အလုပ်မှတ်များ ရရှိမည့်အပြင် သားကောင်ကို အပ်နှံသည့်အခါတွင်လည်း အပိုအသားများကို ရရှိမည်ဖြစ်သည်။

လီလန်သည် သူတို့၏ ထုတ်လုပ်ရေးတပ်ဖွဲ့ သို့မဟုတ် လျဲ့ရှန်တပ်ဖွဲ့တွင် ပါဝင်ခြင်းမရှိဘဲ သူကိုယ်တိုင် သီးခြားအဖွဲ့တစ်ခုကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

အမဲလိုက်ဖမ်းဆီးရမိသော အလေးချိန် ကျင်း(၆၀၀) ကျော်ရှိသည့် တောဝက်ကြီးမှာ သဘာဝကျစွာပင် မီးနဂါးမုဆိုးအဖွဲ့နှင့်သာ သက်ဆိုင်ပေသည်။

တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် လီလန်တစ်ယောက်တည်းနှင့်သာ သက်ဆိုင်ပြီး အခြားမည်သူ့တွင်မျှ အသားများကို ခွဲဝေခွင့် သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့် မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဤတောင်တက်ခရီးစဉ်၏ အဓိကတာဝန်မှာ ကျန်းဝေ့ကော်ကို ရှာဖွေရန်ဖြစ်ပြီး အမဲလိုက်ရန် မဟုတ်ပေ။

ရှန်းဖူကွေ့သည် ကျင်း(၆၀၀)ကျော်ရှိသော တောဝက်သားများကို အလွန်အမင်း မက်မောနေမိသည်။ နှစ်ကုန်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အမဲလိုက်ရန် သတ်မှတ်ချက်အပြင် ရွှမ်းရွှေရွာသည် အိမ်နီးချင်းရွာများသို့ အသားကျင်း (၃၀၀၀)မှ (၄၀၀၀)ခန့် အကြွေးတင်နေသေးသည်။

ဤအသားများကို လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရွာတွင် စားဝတ်နေရေး ခက်ခဲနေချိန်၌ အိမ်နီးချင်းရွာများထံမှ ချေးယူထားခဲ့ခြင်းဖြစ်သည်။

ချေးယူထားသော အသားများကို မဖြစ်မနေ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

နှစ်ကုန်ရန်အတွက် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ လိုပါတော့သည်။

နောက်ပိုင်းတွင် အကြွေးဆပ်ရန် ဖိအားများ လျော့ကျသွားစေရန်အတွက် ကွန်မြူနစ်အဖွဲ့အနေဖြင့် ဤအသားကျင်း(၆၀၀)ကျော်ကို ရှန်းဖူကွေ့က လက်ခံရယူချင်နေသည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူက အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိဘဲ ဆုံးဖြတ်ချက်ချရမည့်သူမှာ လီလန်သာလျှင် ဖြစ်သည်။

ရှန်းဖူကွေ့၏ စကားများကို နားထောင်ရင်း လီလန်၏ အကြည့်များက သူ၏ပတ်ဝန်းကျင်ရှိ လူများထံသို့ ကျရောက်သွားသည်။ သူတို့အားလုံးမှာ ကျင်း(၆၀၀) ကျော်ရှိသော အသားများကို စိုက်ကြည့်နေကြပြီး တောဝက်သားများကို ချက်ချင်းပင် ခွဲဝေချင်နေကြသကဲ့သို့ သူတို့၏မျက်နှာများတွင် လောဘတရားများ ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။

သူသည် ကျိုးလျဲ့ရှန်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ကျိုးလျဲ့ရှန်က ခေါင်းခါပြပြီး သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

လီလန်က ချက်ချင်းပင် နားလည်သွားပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ဒီတောဝက်ကြီးက ကျွန်တော်တစ်ယောက်တည်း စီမံဖို့ရာအတွက် အရမ်းလေးလွန်းနေပါတယ်... ခင်ဗျားပဲ ကျွန်တော့်ကို ကူညီပြီး စီစဉ်ပေးလို့ ရမလား..."

"အသားတွေ ခွဲဝေပြီးသွားရင် ကျွန်တော်က အသားကျင်း(၁၀၀)ပဲ ယူပါမယ်... ကျန်တဲ့ ကျင်း(၅၀၀)ကိုတော့ အလုပ်မှတ်နဲ့ပဲ လဲလှယ်လိုက်ပါ့မယ်..."

လီလန်သည် အတော်လေး လုံခြုံစိတ်ချရသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

နောင်တရနေရသည်ထက် ကြိုတင်သတိထားခြင်းက ပို၍ကောင်းမွန်ပေသည်။

ထိုခေတ်အခါက လူတို့သည် ငတ်မွတ်လာပါက ငွေအတွက် မိမိတို့၏ သမီးများကိုပင် ရောင်းချတတ်ကြပေသည်။

လီလန်သည် လူ့သဘာဝနှင့် ပတ်သက်၍ လောင်းကြေးထပ်ရန် မဝံ့ရဲခဲ့ပေ။

ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်တို့က သူ၏အပေါ်တွင် အလွန်ကောင်းမွန်သော အမြင်ရှိကြသော်လည်း လီလန်သည် သူတို့ကို အပြည့်အဝ ယုံကြည်ရန် မဝံ့ရဲဘဲ သတိထားနေခဲ့သည်။

ထို့ကြောင့် သူသည် အလုပ်မှတ်များနှင့် လဲလှယ်ရန်အတွက် ကွန်မြူနစ်အဖွဲ့သို့ ကျင်း(၆၀၀)ကျော်ရှိသော တောဝက်သားများကို ရောင်းချရန် ဆုံးဖြတ်လိုက်လေသည်။

အလုပ်မှတ်များကို နှစ်ကုန်လျှင် ငွေ သို့မဟုတ် စပါးများဖြင့် ပြန်လည်လဲလှယ်နိုင်သောကြောင့် အရှုံးတော့မရှိပေ။

ရှန်းဖူကွေ့သည် ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရွှမ်းရွှေရွာတွင် သြဇာတိက္ကမရှိသူဖြစ်သည်။ ဤမုဆိုးများသည် သူပြောသမျှကို နားထောင်ကာ လိုက်နာကြသောကြောင့် သူသည် ဤကျင်း(၆၀၀)ကျော်ရှိသော တောဝက်ကြီးကို စီမံခန့်ခွဲရန် အသင့်တော်ဆုံးလူပင် ဖြစ်သည်။

လီလန်၏ နည်းလမ်းမှာ အလွန်ပင် ပညာသားပါလှသည်။

ဤအချက်ကြောင့်ပင် တောင်ပေါ်သို့ အမဲလိုက်ထွက်သောအခါ ယုံကြည်စိတ်ချရသော အဖွဲ့ဝင်များကို ရွေးချယ်ရန် အရေးကြီးခြင်းဖြစ်သည်။

သို့မဟုတ်ပါက အကယ်၍ သူတို့သည် မုဆိုးတစ်ယောက်ကို ဖမ်းမိပြီး အသားကျင်း ရာနှင့်ထောင်ချီ ရှိနေမည်ဆိုပါက ဤကဲ့သို့ ငတ်မွတ်ခေါင်းပါးနေသော ခေတ်ကြီးတွင် မည်သူကမျှ မမက်မောဘဲ နေမည်မဟုတ်ပေ။

သူတို့က သင့်ကို နောက်ကျောမှ သေနတ်ဖြင့် အချက်အနည်းငယ်ပစ်ကာ အသားများကို ခိုးယူပြီး အလောင်းကို မြှုပ်နှံပစ်ကြလိမ့်မည်ဖြစ်သည်။ ထို့နောက် တောင်အောက်သို့ ရောက်သောအခါ ဝက်ဝံတစ်ကောင်နှင့် တွေ့ဆုံခဲ့ပြီး ကံဆိုးစွာဖြင့် စားသောက်ခံရကာ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်ဟု သူတို့က ပြောဆိုကြမည်ဖြစ်သည်။ ထိုဇာတ်လမ်းမှာ အမှန် သို့မဟုတ် အမှားဖြစ်ကြောင်းကို မည်သူကမျှ ခွဲခြားသိနိုင်မည် မဟုတ်ပေ။

လီလန်၏စကားကို ကြားလိုက်ရသောအခါ ရှန်းဖူကွေ့မှာ အလွန်အမင်း ဝမ်းသာသွားတော့သည်။

"ကောင်းပြီ ခေါင်းဆောင်လီ..ငါ့တို့ ရွှမ်းရွှေကွန်မြူနစ်အဖွဲ့ကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်..."

"အသားကျင်း (၅၀၀)ဆိုတော့ အသားတစ်ကျင်းကို အလုပ်မှတ် (၁၀) မှတ်နဲ့ဆိုရင် ကျင်း(၅၀၀)အတွက် အလုပ်မှတ် (၅၀၀၀) ရပါလိမ့်မယ်..."

"တောင်အောက်ရောက်တာနဲ့ အလုပ်မှတ်စာအုပ်ထဲမှာ မင်းအတွက် ငါ မှတ်တမ်းတင်ပေးထားပါ့မယ်..."

တောဝက်သားကို မြို့ထဲတွင် တစ်ကျင်းလျှင် အနည်းဆုံး ပြား (၃၀)ဖြင့် ရောင်းချနိုင်ပြီး အလုပ်မှတ် (၁၀)မှတ်ကို (၂၅) ပြားဖြင့် လဲလှယ်နိုင်သည်။ လီလန်သည် အသားကျင်း (၅၀၀) ကို အလုပ်မှတ် (၅၀၀၀)ဖြင့် လဲလှယ်ခဲ့သောကြောင့် တကယ်တမ်းတွင် လီလန်မှာ အမြတ်အနည်းငယ်ပင် ထွက်ခဲ့သေးသည်။

လီလန်က သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ခေါင်းဆောင်ရှန်းက ပြောဆိုပြီးဖြစ်သောကြောင့် ကျိုးလျဲ့ရှန်နှင့် လီဟူအပါအဝင် အခြားမုဆိုးများမှာလည်း မည်သည့်ကန့်ကွက်မှုမျှ မရှိကြတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ကွန်မြူနစ်အဖွဲ့၏ စည်းမျဉ်းဖြစ်ပေသည်။ တစ်ရက်တာ အလုပ်လုပ်ပါက အလုပ်မှတ် (၁၀)မှတ် ရရှိမည်ဖြစ်ပြီး သင် အမဲလိုက်ဖမ်းဆီးရမိ၍ အပ်နှံလိုက်သော သားကောင်၏ အလေးချိန်အပေါ် မူတည်ကာ အလုပ်မှတ်များ ပိုမိုရရှိမည်ဖြစ်သည်။

အကယ်၍ လီဟူက သားကောင်ကျင်း (၅၀၀) ကျော်ကို သူ့ဘာသာသူ သတ်ဖြတ်ပြီး ကွန်မြူနစ်အဖွဲ့သို့ အပ်နှံပါက သူလည်း အလုပ်မှတ် (၅၀၀၀) ရရှိနိုင်မည်ဖြစ်သည်။

အခြေခံအားဖြင့်ဆိုရသော် မည်သူမဆို အတော်ဆုံးဖြစ်ပြီး သားကောင်အများဆုံး သတ်ဖြတ်နိုင်သူက အလုပ်မှတ်များ ပိုမိုရရှိမည်ဖြစ်သည်။

"ဒီတောဝက်က သွေးနံ့ တော်တော်ပြင်းတယ်... ကျန်းဝေ့ကော်ကိုလည်း ရှာတွေ့ပြီဆိုတော့ ငါတို့ အသားတွေ ခွဲမနေကြတော့ဘူး... တောင်အောက်ကို မြန်မြန်ဆင်းဖို့လိုတယ်..."

ရှန်းဖူကွေ့သည် လက်ကိုဝှေ့ယမ်းကာ ရနိုင်သမျှသော အရာများကို အသုံးပြု၍ အသားသယ်ဆောင်ရန်အတွက် ကိရိယာတစ်ခုကို ပြုလုပ်လိုက်သည်။

မုဆိုးတစ်ဒါဇင်ခန့်သည် ကျင်း(၆၀၀) ရှိသော တောဝက်ကြီးကို တောင်အောက်သို့ သယ်ဆောင်ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

"အာ... ဟုတ်သားပဲ... ခေါင်းဆောင်လီ... မင်းကို ပြောပြဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."

"ရွာထဲက မုဆိုးတွေ တောင်ပေါ်ကို တက်ကြွစွာ အမဲလိုက်ထွက်ကြဖို့ အားပေးတဲ့အနေနဲ့ ကွန်မြူနစ်အဖွဲ့က လှုပ်ရှားမှုတစ်ခုကို စီစဉ်ထားတယ်..."

"နှစ်ကုန်တဲ့အခါ အလုပ်မှတ်အများဆုံးနဲ့ ပထမရတဲ့သူတွေကို အပိုလက်ဆောင်တစ်ခု ပေးလိမ့်မယ်..."

"ထိုလက်ဆောင်ကတော့ အပ်ချုပ်စက်လက်မှတ် တစ်စောင်ပဲ ဖြစ်တယ်..."

All Chapters