← Chapters

ငြိမ်းချမ်းသောည

Vol. 64 Ch. 1056

ငြိမ်းချမ်းသောည

Vol. 64 Ch. 1056

ဗိုင်အိုလာက သူ့ဘက်သို့ ကိုယ်ကိုစောင်းကာ

[ရှင့်ရဲ့ ဖြတ်ထိုးဉာဏ်နဲ့ ထက်မြက်မှုက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်၊၊ ဗိုင်အိုလာက ရှင့်ကို အရမ်းကြည်ညိုလေးစားမိပါတယ်]

ဤသို့ပြောပြီးနောက် ဗိုင်အိုလာက သူ့ကို ခေါင်းငုံ့၍ ဦးညွှတ်လိုက်သည်။

လင်းရှန်သည် သူမ၏အပြုအမူကို မြင်သောအခါ မရယ်ဘဲမနေနိုင်တော့ပေ၊၊

“မင်းငါ့ကိုမြှောက်ပင့်ပြီး ချီးမွမ်းနေဖို့မလိုပါဘူး”

[လူသားတွေရဲ့ စိတ်ပညာအရ ချီးမွမ်းမြှောက်ပင့်တာက မာစလိုရဲ့ လိုအပ်ချက်အဆင့်ဆင့်သီအိုရီအရ လူမှုအဆင့်အတန်းနဲ့ မိမိကိုယ်ကိုယ်အသိအမှတ်ပြုမှုလိုအပ်ချက်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါတယ်၊၊ ရှင့်ရဲ့လက်ထောက်တစ်ယောက်အနေနဲ့ ကျွန်မက သင့်တော်တဲ့အချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကို ပေးစွမ်းရမှာပါ၊၊ ရှင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို စောင့်ရှောက်ဖို့က ကျွန်မရဲ့ တာဝန်တွေထဲက တစ်ခုပဲလေ]

လင်းရှန်က အလေးအနက်ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် ကောင်းကင်အမိုးခုံးရထားဆီသို့ ရိက္ခာများသယ်ဆောင်နေသော အပြင်ဘက်မှ ဒရုန်းများကိုကြည့်ကာ ဗိုင်အိုလာကို ပြောလိုက်သည်၊၊

“ဒီည တန်ဖိုးကြီးတဲ့ယန္တရားအုပ်စုထဲက ပစ်မှတ်အားလုံးကို ငါနဲ့ ချိတ်ဆက်ပေး… ငါတို့ စိတ်ကြိုက်ဝါးမျိုကြတာပေါ့”

[နားလည်ပါပြီ]

ဝူး...

ဗိုင်အိုလာက ကိုယ်ကိုလှည့်လိုက်ရာ မြို့ပြမြေပုံ၏ ဟိုလိုဂရမ်ပုံရိပ်တစ်ခု လင်းရှန်၏ရှေ့တွင် ပေါ်လာသည်။

[ကျွန်းလေဆိပ်၊ အစိမ်းရောင်စက်မှုဇုန်၊ ဗီးဂတ်စ်လောင်းကစားမြို့တော်လမ်းမအပါအဝင် စုပြုံနေတဲ့ ယန္တရားအုပ်စုတည်နေရာ ၇ခုကို စာရင်းပြုစုထားပါတယ်၊၊ ဒါတွေအပြင် ကားပါကင် ၁၉ခုထက်မနည်း၊ အပန်းဖြေဥယျာဉ်ဇုန် ၂ခုနဲ့ ရွက်လှေတွေနဲ့ အပျော်စီးပျံသန်းရေးယာဉ်တွေပါဝင်တဲ့ အိမ်ရာဝင်း ၃ခုကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်]

“ကောင်းပြီ”

လင်းရှန်က ကိုယ်ကိုလှည့်ကာ ကွပ်ကဲခန်း၏ ထိန်းချုပ်မှုကို ဗိုင်အိုလာထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ကွပ်ကဲခန်းမှ ထွက်ခွာကာ သူ၏ စွမ်းအားဝတ်စုံဂျက်စနစ်ကို နှိုးလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ ကြယ်ရောင်အောက်တွင် ရှိနေသော ဤပင်လယ်ကမ်းခြေမြို့လေးကို ငုံ့ကြည့်ရင်း သူသည် မြောက်ဘက်ရှိ ကျွန်းလေဆိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဤနေရာကို အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း မြေမျက်နှာသွင်ပြင်ကန့်သတ်ချက်များကြောင့် ပြေးလမ်းနှစ်ခုသာရှိသည်။ ထို့အပြင် လေယာဉ်များဆင်းသက်ရန်အတွက် ကျယ်ဝန်းသောကွင်းပြင်တစ်ခုလည်းရှိနေသည်။ လင်းရှန်သည် လေဆိပ်၏ ပျက်စီးနေသော ထိန်းချုပ်ရေးမျှော်စင်အထက်တွင် ဝဲပျံနေပြီး သူ၏အကြည့်ဖြင့် ထိုနေရာတစ်ဝိုက်ကို စကင်ဖတ်ကြည့်ရှုလိုက်သည်။ ညလေညင်းက သံချေးနံ့များနှင့် ပင်လယ်ရေနံ့များကို သယ်ဆောင်လာသည်။ သူ၏အောက်တွင် ပင်မပြေးလမ်းနှစ်ခုက အပြင်ဘက်သို့ ဆန့်တန်းနေပြီး ပြေးလမ်းပေါ်တွင် ပျက်စီးနေသော လူစီးလေယာဉ်အချို့ ပျက်ကျနေသည်။ ၎င်းတို့၏ သတ္တုကိုယ်ထည်များသည် သံချေးတက်ကာ ဆွေးမြည့်နေပြီး ပေါက်ကွဲမှုများကြောင့် ကျန်ရစ်ခဲ့သောအမှတ်အသားများသည် ရော်ဘာရောင်သံချေးကွက်များအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ မိုးရေများကြောင့် စိမ်းမှောင်နေသောရေညှိများ ပေါက်ပွားနေပြီး အေးစက်နေသောလေယာဉ်ပျက်ကြီးများကို ပုပ်သိုးနေသော အရေပြားအလွှာကဲ့သို့ ဖုံးလွှမ်းနေသည်။

ဤအပျက်စီးများအပြင် လေယာဉ်ကွင်းထဲတွင် လေယာဉ်ငယ် နှစ်စင်း၊ အရပ်ဘက်သုံး လေယာဉ်ကြီးတစ်စင်းနှင့် ပျက်ကျထားသော အရပ်ဘက်သုံး သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းကျန်ရှိနေသေးသည်။

ထိုအချိန်က လူများစွာသည် ဤကျွန်းမှ ထွက်ပြေးရန်ကြိုးစားခဲ့ကြသော်လည်း အနည်းငယ်သာအောင်မြင်ခဲ့ကြောင်းထင်ရှားပေသည်။

ဤလေယာဉ်သင်္ချိုင်းအတွင်း၌ ဖုတ်ကောင်များစွာသည် ဟိုတကောင်ဒီတစ်ကောင်ပြန့်ကျဲနေပြီး တိုက်ခိုက်ရမည့်ပစ်မှတ်မရှိခြင်းကြောင့် ခြောက်သွေ့နေသောသစ်ပင်များကဲ့သို့ မတ်တတ်ရပ်နေကြကာ ပင်လယ်လေနှင့် နေရောင်ခြည်ဒဏ်ကြောင့် ၎င်းတို့၏ ခြောက်ခြားဖွယ်ခန္ဓာကိုယ်များသည် အရိုးနှင့်ပြာအဖြစ်သို့ပြောင်းလဲလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ၎င်းတို့၏ အရိုးဖွဲ့စည်းပုံများက ကွေးကောက်နေပြီး အဝတ်အစားများသည် အရိုးစုများပေါ်တွင် တွဲလောင်းကျနေကာ ဗလာဖြစ်နေသော မျက်လုံးအိမ်များသည် လေတိုက်ရာဘက်သို့ အဓိပ္ပာယ်မဲ့စွာလိုက်ပါကြည့်ရှုနေရင်း လည်ချောင်းထဲမှ ရှည်လျားသော ညည်းတွားသံများကို ထုတ်လွှတ်နေကြသည်။ ၎င်းသည် ဤခြောက်ကပ်နေသော လေယာဉ်ကွင်း၏ ထူးဆန်းထိတ်လန့်ဖွယ်ပတ်ဝန်းကျင်ကို ပိုမိုစိုးမိုးနေသည်။

လင်းရှန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ထိုလူစီးလေယာဉ်ကြီးဆီသို့ ပျံသန်းသွားကာ ဖုတ်ကောင်များကို မနှောင့်ယှက်ဘဲ လေယာဉ်တောင်ပံပေါ်သို့ တိတ်တဆိတ်ဆင်းသက်လိုက်သည်။ သေးငယ်သော ထောက်လှမ်းရေးဒရုန်းအချို့က သူ့နောက်ကျောမှ တိတ်တဆိတ်ထွက်ပေါ်လာပြီး ၎င်းတို့၏ ပန်ကာဒရုန်းရွက်များက လိပ်ပြာတောင်ပံများကဲ့သို့ အရှိန်အဟုန်ဖြင့်လည်ပတ်နေသည်။ ၎င်းတို့သည် လေယာဉ်ကိုယ်ထည်ပတ်ပတ်လည်တွင် ဝဲပျံနေပြီး ၎င်းတို့၏ အီလက်ထရွန်နစ်မျက်လုံးများက အေးစက်သော အနီရောင်အလင်းတန်းများကို ဖြာထွက်စေလျက် သူ့အတွက် မမြင်နိုင်သော သတိပေးကွန်ရက်တစ်ခုကို ချက်ချင်းရက်လုပ်လိုက်ကြသည်။ ထို့နောက် လင်းရှန်သည် တင်ပလ္လင်ခွေထိုင်ကာ သက်ပြင်းတစ်ချက်ရှိုက်ပြီး ဝါးမျိုမှုဖြစ်စဉ်ကို စတင်လိုက်သည်။

မမြင်နိုင်သော သိမ်မွေ့လှသော အာရုံခံမျှင်တန်းများသည် အရပ်မျက်နှာအားလုံးသို့ ပင့်ကူအိမ်ကဲ့သို့ ပြန့်နှံ့သွားသည်။ မကြာမီတွင်ပင် တာဘိုအင်ဂျင်၏ ရှုပ်ထွေးလှသော သတ္တု‌လိုင်းများသည် သူ၏အာရုံခံစားမှုထဲတွင် ပေါ်လာပြီး စက်မှုယဉ်ကျေးမှု၏ ကြီးကျယ်ခမ်းနားသောပုံကြမ်းတစ်ခုကို ဖန်တီးပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အနန္တကောင်းကင်အမိုးခုံးရထားပေါ်တွင် ထောင်ပေါင်းများစွာသော ဒရုန်းများသည် ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်တွင် ရိက္ခာများကို စနစ်တကျသယ်ဆောင်နေကြပြီး စစ်သင်္ဘော၏ ကာကွယ်ရေးခံစစ်မျှော်စင်များအားလုံးကို အသက်သွင်းထားကာ ကင်းစောင့်စနစ်က ဖုံးကွယ်နေသောခြိမ်းခြောက်မှုများအတွက် အမှောင်ညကိုစကင်ဖတ်နေသည်။

အဓိကလူနေခန်းများသည် ပင်မကွပ်ကဲမှုခန်း၏ အောက်တည့်တည့်ရှိ တတိယမြောက်တွဲတွင် တည်ရှိသည်။ ဤနေရာရှိ လူနေခန်းများသည် အရေအတွက်အားဖြင့်မများပြားဘဲ ကြယ်သင်္ဘော၏ အမှုဆောင်အဖွဲ့အသုံးပြုရန်အတွက် သီးသန့်ဖြစ်သည်။ ကျယ်ဝန်းသောလူနေခန်းဧရိယာသည် လင်းထိန်နေပြီး လေထုထဲတွင် သန့်စင်စနစ်မှ ထွက်ပေါ်လာသော ထူးခြားသည့် သတ္တုအေးရနံ့နှင့် လတ်ဆတ်မှုတို့လွှမ်းမိုးနေသည်။

ချန်ဆီရွှမ်သည် သူမ၏ သီးသန့်အခန်းထဲရှိ သန့်စင်သော ရေချိုးခန်းထဲတွင် မတ်တတ်ရပ်နေပြီး နွေးထွေးသော ရေနွေးများအား သူမ၏ ခန္ဓာကိုယ်ပေါ်သို့ စီးကျလာစေသည်။ တက်လာသော ရေငွေ့များက မှန်ကို ဝေဝါးသွားစေပြီး မြူခိုးများကြားတွင် သူမ၏ ဖြူစင်ပြေပြစ်သော ကိုယ်လုံးအလှကိုသာ မထင်မရှားမြင်တွေ့နိုင်လေသည်။ မရေတွက်နိုင်သော သေရေးရှင်ရေးတိုက်ပွဲများနှင့် ခရီးစဉ်များကို ဖြတ်သန်းပြီးနောက်တွင် တစ်ခါက သားရဲလက်သည်းများကြောင့် ဒဏ်ရာရခဲ့ပြီး ပေါက်ကွဲမှုများကြောင့် စုတ်ပြဲခဲ့သော သူမ၏ အရေပြားသည် ယခုအခါ ကျန်းမာသောတောက်ပမှုဖြင့် ဝင်းပနေပြီ ဖြစ်သည်။

ပင်လယ်ကျောက်ဆောင်ကျွန်းမှ လွတ်မြောက်လာပြီးနောက် သူမ၏ ဒဏ်ရာများသည် သူမ၏ အားကောင်းသော ဗီဇဆင့်ကဲပြောင်းလဲမှုများအောက်တွင် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။ အချို့သောဒဏ်ရာများသည် ဖျော့တော့သော ပန်းရောင်အမာရွတ်များအဖြစ်သို့ ပြောင်းလဲသွားပြီး အချို့မှာမူ လုံးဝပျောက်ကင်းသွားခဲ့သည်။ နွေးထွေးသောရေများက ဤအမှတ်အသားများပေါ်သို့ စီးဆင်းသွားပြီး ဖုန်မှုန့်များနှင့် ပင်ပန်းမှုများကို ဆေးကြောပေးကာ ၎င်းတို့နှင့်အတူ တက္ကသိုလ်ဆရာမတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ရသော နေ့ရက်များ၏ အတိတ်အမှတ်တရများကိုပါ သယ်ဆောင်သွားခဲ့သည်။ သူမသည် မှန်ပေါ်မှ ရေငွေ့များကို သုတ်လိုက်ရာ မှန်ထဲမှ သူမ၏ ပုံရိပ်က တည်ငြိမ်သော်လည်း ထက်မြက်သော မျက်လုံးများဖြင့် ပြန်လည်ကြည့်ရှုနေသည်၊၊ သူမသည် တစ်ခါက နုနယ်ခဲ့သော တက္ကသိုလ်ဆရာမလေးမဟုတ်တော့ပေ။

ဘေးကပ်လျက်ရှိ မိန်းကလေးဆန်သော အငွေ့အသက်များဖြင့် ပြည့်နှံ့နေသော အခန်းထဲတွင်မူ နေရာကိုအကွက်ချ၍ နှစ်ပိုင်းခွဲထားသော်လည်း နှစ်ထပ်ကုတင်တစ်ခုရှိနေသေးသည်။

ကီကီသည် ဆိုဖာခုံပေါ်တွင် နောက်မှီ၍ ထိုင်နေပြီး သူမ၏ သေးငယ်သော မျက်နှာတစ်ဝက်နီးပါးကို ဖုံးအုပ်ထားသည့် အလွန်ကြီးမားပြီး တောက်ပသော နားကြပ်ကြီးကို တပ်ဆင်ထားသည်။ သူမသည် ဟိုလိုဂရမ်စခရင်ပေါ်ရှိ ပြင်းထန်သော ကြယ်တာရာစစ်ပွဲဂိမ်းတစ်ခုတွင် အာရုံအပြည့်စိုက်ထားပြီး သူမ၏ သွက်လက်သောလက်ချောင်းလေးများသည် ထိန်းချုပ်ခလုတ်ပေါ်တွင် ပျံသန်းနေကာ တိုက်ပွဲအခြေအနေများကို စိတ်လှုပ်ရှားစွာရေရွတ်နေသည်။ ရေချိုးပြီးခါစဖြစ်သဖြင့် သူမသည် အားကစားအင်္ကျီလက်ပြတ်နှင့် ပန်းရောင်အိမ်နေရင်းဝတ်ဘောင်းဘီတိုလေးကိုသာ ဝတ်ဆင်ထားပြီး သူမ၏ ဖြူဝင်းသော ခြေထောက်လေးများကို လေထဲသို့ မြှောက်ကာ လွှဲယမ်းနေသည်။

“ဟေး… အဲဒါတွေကို ပြင်ဆင်နေတာက အဆင်ပြေပေမဲ့ ဘာကိုမှ မဖောက်ခွဲလိုက်နဲ့ဦးနော်”

ကီကီက သူမ၏ ပါးစပ်ထဲမှ စုပ်လုံးကို ထုတ်ပြီး လှည့်၍ ရှားရှားကို လှမ်းအော်ပြောလိုက်သည်။

“ဒါက ပုံကြမ်းလေ အစ်မကီကီရဲ့… အစ်ကိုလင်းပေးထားတဲ့ အခြေခံပုံကြမ်းထုတ်လုပ်ရေးပုံစံ”

အခန်း၏ အခြားတစ်ဖက်ရှိ အစုံလင်ရှိနေသောကိရိယာစင်ရှေ့တွင် ရှားရှားက မျက်မှောင်ကြုတ်ကာ သူမရှေ့၌ လွင့်မျောနေသော လျှပ်စစ်ဓား၏ အဓိကအစိတ်အပိုင်းအချို့ကို အာရုံစိုက်ပြင်ဆင်နေသည်။ သူမ၏ သွက်လက်သောလက်ချောင်းလေးများက အသေးစားကိရိယာတစ်ခုကို ကိုင်တွယ်လျက် စွမ်းအင်လမ်းကြောင်းများ၏ ခရစ္စတယ်ပုံစံ အနားသတ်ညှိနှိုင်းမှုကို ဂရုတစိုက်ချိန်ညှိနေသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် သတ္တုအစိတ်အပိုင်းများသည် အေးစက်သောအရောင်အသွေးဖြင့် တောက်ပနေသည်။

ကျဉ်းမြောင်းသော်လည်း ပစ္စည်းကိရိယာစုံလင်သော သူ့၏သီးသန့်အခန်းထဲတွင် တာလို့သည် သူ၏လက်စွဲယန္တရားကိရိယာတစ်ခုချင်းစီကို နံရံပေါ်ရှိ သံလိုက်စင်များပေါ်တွင် အစီအရီချိတ်ဆွဲရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အခန်း၏ ထောင့်တစ်နေရာတွင်မူ သူ၏ နဂါးနက်တိုက်ပွဲဝတ်စုံကို အဆင်သင့်ချထားပြီးဖြစ်သည်။ ယခုအခါ ကိုယ်ပိုင်အခန်းရရှိသွားပြီဖြစ်သဖြင့် လုရှင်းချန်နှင့် သွားရောက်ပူးကပ်မနေရတော့ပေ။

စင်္ကြံလမ်း၏ အခြားတစ်ဖက်စွန်းတွင် လုရှင်းချန်၏ အခန်းတံခါးမှာ တင်းကျပ်စွာ ပိတ်ထားသည်။ အခန်းထဲတွင် လုရှင်းချန်သည် ဖုန်ကာနှာခေါင်းစည်းကို တပ်ဆင်ထားပြီး နေရာချထားမှုကို သေသပ်စွာ ချိန်ညှိနေသည်။ သူ အနန္တရထားပေါ်မှ ယူဆောင်လာသော လက်ဖက်ရည်ဖျော်စက်က တိုးညင်းသောမြည်ဟည်းသံကို ထုတ်လွှတ်နေသည်။ သူသည် ပြတင်းပေါက်နားရှိ ထောင့်တစ်နေရာတွင် သစ်မြစ်ဖြင့်ထုဆစ်ထားသော လက်ဖက်ရည်စားပွဲငယ်လေးကို ချထားပြီး ဘေးတွင် တောက်ပြောင်နေသော ဆိုဖာဖင်ထိုင်ဟောင်းတစ်ခုကိုထားရှိလိုက်သည်။ ဤအသစ်စက်စက်အခန်းကို နှစ်ကြိမ်တိုင်တိုင် စေ့စေ့စပ်စပ်သန့်ရှင်းရေးလုပ်ပြီးမှသာ တင်ပလ္လင်ခွေထိုင်၍ နေရာစမ်းကြည့်သည်။ ပြတင်းပေါက်အပြင်ဘက်မှ အဆုံးမဲ့ကြယ်တာရာကောင်းကင်ယံကို ငေးမောကြည့်ရင်း သူသည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်၊၊ ဤနေရာလေးက ကမ္ဘာပျက်ကပ်တစ်ခုလုံး၏ ဆူညံသံများကို အပြင်၌ အပြီးပိုင်ပိတ်ဆို့ထားနိုင်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ရှုချင်း၊ ရှောင်ယွမ်၊ မြောင်လုနှင့် စွန်းယုကျန်းတို့သည် တစ်ဦးကိုတစ်ဦးစောင့်ရှောက်နိုင်ရန် အခန်းများကို မျှဝေအသုံးပြုနေကြသည်။ ရှုချင်းသည် ရှောင်ယွမ်၊ မြောင်လု၊ စွန်းယုကျန်း၏ ကျောပေါ်တွင် အိပ်ငိုက်နေသော မာရှောင်ထန်းတို့နှင့်အတူ အခန်းကို သိမ်းဆည်းရင်း စကားစမြည်ပြောဆိုနေကြသည်။

All Chapters