← Chapters

မီကာအဆင့်မြှင့်တင်ရေး (၂)

Vol. 64 Ch. 1058

မီကာအဆင့်မြှင့်တင်ရေး (၂)

Vol. 64 Ch. 1058

[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၂၆၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၄၀]

နှစ်ပိုင်းကွဲနေသော လေယာဉ်ငယ်တစ်စင်းကို လင်းရှန်က ဝါးမျိုလိုက်သည်။ သူ စနစ်မြင်ကွင်းကို ကြည့်ရင်း ဗိုင်အိုလာကို ဆက်သွယ်လိုက်သည်၊၊

“ဗိုင်အိုလာ”

[ကျွန်မ ဒီမှာရှိပါတယ်]

“ငါသာ သံမဏိအရိုးနဲ့ သံမဏိမုဆိုးစွမ်းအားဝတ်စုံကို ပေါင်းစပ်ထားတဲ့ ပျံသန်းမှုထိန်းချုပ်ရေးစနစ်တွေအုပ်စုတစ်ခုကို ဖန်တီးပြီးတော့၊ ကချေသည် ၀၁ နဲ့ တစ္ဆေဝံပုလွေစွမ်းအားဝတ်စုံကို ပေါင်းစပ်ထားတဲ့ ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်တွေ အုပ်စုတစ်ခုကို ဖန်တီးပြီး ချိတ်ဆက်လိုက်ရင်… အဲဒါက သံမဏိအရိုးနဲ့ ရိတ်သိမ်းသူရဲ့ အဆင့်မြှင့်တင်ထားတဲ့ဗားရှင်းတစ်ခုဖြစ်မလာနိုင်ဘူးလား”

ယခုအချိန်တွင် ဗိုင်အိုလာသည် လင်းရှန်၏ စွမ်းအားဝတ်စုံမှတစ်ဆင့် ဟိုလိုဂရမ်စနစ်မြင်ကွင်းတစ်ခုကို အဝေးမှ ထုတ်လွှင့်ပြသလိုက်သည်၊၊ စွမ်းအားဝတ်စုံနှစ်မျိုးနှင့် ကချေသည် ၀၁ ၏ ပြေပြစ်သောကိုယ်ထည်တို့ ပေါင်းစပ်ထားသည့်ပုံရိပ်တစ်ခုပေါ်လာပြီးနောက် သူမ၏အသံက နားကြပ်ထဲတွင် ထွက်ပေါ်လာသည်၊၊

[ဒါက တကယ်တော့ အများကြီးအကြမ်းထည်ဆန်တဲ့ အစီအစဉ်တစ်ခုပါပဲ။ အခုသတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်စနစ်တွေအတိုင်းသွားရင် ကုန်ကြမ်းတွေရဲ့ ၅.၃ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ ဖြုန်းတီးပစ်သလိုဖြစ်သွားနိုင်တယ်။ နောက်ပြီး ပင်မဖွဲ့စည်းပုံချင်း လုံးဝသဟဇာတမဖြစ်တဲ့ ပြဿနာတွေလည်း ရှိနေသေးတယ်၊၊ သံမဏိအရိုးနဲ့နှိုင်းယှဉ်ရင်တော့ ခံစစ်တချို့ကို စနစ်တကျစွန့်လွှတ်လိုက်ရမှာပါ။ ဒါပေမဲ့လည်း တစ်ဖက်ကကြည့်ရင် ကချေသည် ၀၁ ရဲ့ ပေါင်းစပ်ကိုယ်ထည်က စွမ်းအားဝတ်စုံရဲ့ ထိန်းချုပ်ခန်းနဲ့ အပြည့်အဝကိုက်ညီမှုရှိနေတာမို့လို့... ဒါက ကချေသည် ၀၁ အတွက် မျိုးပွားဝတ်စုံမြှင့်တင်မှုတစ်ခုလုပ်လိုက်သလိုမျိုး ဖြစ်သွားလိမ့်မယ်။ သူ့မှာရှိပြီးသား မြင့်မားတဲ့ လိုက်လျောညီထွေမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေအောက်မှာ... ဒီစနစ်က စွမ်းအားဝတ်စုံရဲ့ ခံစစ်၊ လက်နက်တပ်ဆင်မှုတွေအပြင် အဆင့်မြှင့်ထားတဲ့ စွမ်းအားအစိတ်အပိုင်းတွေကိုပါ ပိုင်ဆိုင်သွားမှာပါ။ ခြုံပြီးပြောရရင်တော့ သူ့ရဲ့စွမ်းဆောင်ရည်က သံမဏိအရိုးနဲ့ ACS ထက် အများကြီးသာလွန်သွားပါလိမ့်မယ်]

လင်းရှန်က နှုတ်ခမ်းထောင့်များက ညင်သာစွာ ကွေးညွတ်သွားသည်၊၊

“ဒါက ငါလိုချင်တဲ့အရာ အတိအကျပဲ။ ကုန်ကြမ်းပစ္စည်း လေလွင့်ဆုံးရှုံးမှုကို ရှောင်ရှားလို့ရမလား”

ဝူးး

ဟိုလိုဂရမ်စနစ်မြင်ကွင်းပေါ်ရှိ ပုံကြမ်းသည် စတင်ပြောင်းလဲလာပြီး ဗိုင်အိုလာက လင်းရှန်၏ မေးခွန်းကို တွက်ချက်ပေးလာသည်။ ထိုအချိန်တွင် အတွင်းပိုင်းစနစ်တစ်ခုကို ဖြုတ်ချလိုက်သည်။

[ကျွန်မက စွမ်းအားဝတ်စုံအတွင်းက အောက်ဆီဂျင်၊ အပူပေးစနစ်၊ ဇီဝကယ်ဆယ်ရေးနှင့် အပူလွန်ကဲမှု ကာကွယ်ရေးတွေပါဝင်တဲ့ အသက်ကယ်ထောက်ပံ့မှုစနစ်ကိုဖယ်ရှားလိုက်ပြီး ဖြန့်ဝေဆက်သွယ်ရေးတည်ဆောက်ပုံကိုယ်ပိုင်ကွန်ရက်စနစ်ကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ဒီစနစ်ပုံကြမ်းကို ပြန်ပြီးဒီဇိုင်းဆွဲဖို့နဲ့ ထပ်ဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကချေသည် ၀၁ ရဲ့ ပြင်ပကာကွယ်ရေးအလွှာပျော့ကို ဖယ်ရှားနိုင်တာကြောင့် စူပါဆလစ်ကာဗွန်သတ္တုစပ်ကုန်ကြမ်းပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချနိုင်ပါမယ်။ ဒီလိုမှမဟုတ်ရင် ကုန်ကြမ်းပစ္စည်းကို ပြင်ပစွမ်းအားဝတ်စုံ၏ အတွင်းဘက် ကာကွယ်ရေးအလွှာအဖြစ် အဆင့်မြှင့်တင်ပြီး ပေါင်းစပ်ဖွဲ့စည်းပုံတစ်ခု ဖန်တီးနိုင်ပါတယ်]

“ကောင်းတယ်”

လင်းရှန်သည် နားထောင်ရင်း မျက်လုံးများ ပိုတောက်ပလာပြီး စိတ်ဝင်တစားပြောလိုက်သည်၊၊

“နည်းနည်းတော့ ကြမ်းတမ်းပေမဲ့ နှစ်ခုကို ပေါင်းစပ်လိုက်ရင် ဉာဏ်ရည်တုစက်ရုပ်အသစ်တစ်ခုလို့ သတ်မှတ်လို့ရတယ်။ အခက်အခဲထက် နည်းလမ်းက ပိုများတာပဲ”

[အကယ်၍ သံမဏိအရိုးနဲ့ ရိတ်သိမ်းသူဒီဇိုင်းအဖြစ် ခွဲထုတ်မယ်ဆိုရင် ကာကွယ်ရေးစွမ်းအားနဲ့ ရိုက်ခတ်မှုအားကို တိုးမြှင့်ဖို့ သံမဏိအရိုးမှာ သံမဏိအကာကွယ်ဒရုန်းရဲ့ ဖွဲ့စည်းပုံဒိုင်းကာ၊ မိုးကြိုးအကျဥ်းထောင်ရဲ့ သံလိုက်မုန်တိုင်းစနစ်နဲ့ တည်ငြိမ်လျှပ်စစ်စက်ကွင်းစနစ်တို့ကို ထည့်သွင်းဖို့ အကြံပြုချင်ပါတယ်။ မြင့်မားတဲ့ စွမ်းအင်သုံးပလာစမာဖြတ်တောက်မှု ဝါယာကြိုးစုကိရိယာပါဝင်တဲ့ VK လျှပ်စစ်ဓားကို ရိတ်သိမ်းသူစီးရီးမှာ ပေါင်းစပ်တာက အရွယ်အစားကို ကြီးမားစေနိုင်ပေမယ့် ပထမဦးစွာ ဒါဟာ ရှိရင်းစွဲပုံကြမ်းစနစ်နဲ့ ကိုက်ညီပြီး ဒုတိယအနေနဲ့ ဒါဟာ ယန္တရားစစ်တပ်ရဲ့ ပူးပေါင်းတိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဒီလိုစွမ်းအင်အဆင့် ရိုက်ခတ်မှုအားနဲ့ အစုံ ၁၀၀ အရေအတွက်ကို ရောက်ရှိရင် A-Classနဲ့ အထူးအဆင့် မွန်းစတားတွေကို အလွယ်တကူချေမှုန်းနိုင်မှာဖြစ်ပါတယ်။ အစုံ ၁၀၀၀ အရေအတွက်ကို ရောက်ရှိရင် မနေ့က ကြုံတွေ့ခဲ့ရတဲ့ မိုးပျံဂျယ်လီဖစ်လို မွန်းစတားကြီးကို သုံးပုံတစ်ပုံကို အတွင်းပိုင်းသုတေသနပြုဖို့နဲ့ လူသားတွေ စားသုံးဖို့အတွက် အပိုင်းပိုင်းဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်]

“…”

လင်းရှန်က မျက်ခုံးတွန့်သွားသည်၊၊

“နေဦး။ မင်း ဒီအစီအစဉ်ကို အခုပဲ စဉ်းစားမိတာလား”

ဗိုင်အိုလာက တုံ့ဆိုင်းစွာဖြင့် ပြောလာသည်၊၊

[ဒါဟာ တစ်နည်းနည်းနဲ့ ရက်စက်မှုကို ပိုင်ဆိုင်ထားနိုင်ပြီး ကျွန်မတို့ဟာ မီကာယူနစ်တွေရဲ့ စွမ်းအင်အဆင့်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်...]

“ရက်စက်တယ် ဟုတ်လား”

လင်းရှန်၏ မျက်လုံးများ တောက်ပသွားပြီး ရုတ်တရက် ပေါင်ကို ရိုက်မိသွားသည်၊၊

“သိပ်တွေးမနေနဲ့။ ဒီလိုပဲဖြစ်ရမယ်။ ငါ သဘောကျတယ်”

ဗိုင်အိုလာသည် သူ့အတွက် လုံးဝအသစ်စက်စက်ဖြစ်သော ယန္တရားဒီဇိုင်းတစ်ခုကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် မဖန်တီးနိုင်သော်လည်း သိရှိပြီးသားအချက်အလက်များအပေါ် အခြေခံ၍ ပေးသောအစီအစဉ်သည် သူ့စိတ်ကြိုက်အတိအကျပင်ဖြစ်သည်။

လတ်တလောတွင် ကြယ်တာရာအဆင့် ဝတ်စုံများကို အမြောက်အမြားထုတ်လုပ်ရန် လင်းရှန်အတွက် အနည်းငယ် အခက်အခဲရှိနိုင်ပြီး ဖြုန်းတီးရာလည်း ကျလွန်းသည်။ သို့သော် ကချေသည် ၀၁ နှင့် ပေါင်းစပ်ထားသော တစ္ဆေဝံပုလွေအဆင့် အပြည့်အဝဖုံးအုပ်နိုင်သည့် ဝတ်စုံကို ထုတ်လုပ်ရန်မှာမူ ဖြစ်နိုင်ခြေရှိသေးသည်။

“ဒီတိုင်းပဲဆုံးဖြတ်လိုက်ပြီ။ အရင်က အတွေးအတိုင်း ပုံကြမ်းတွေကို ချက်ချင်းပေါင်းစပ်လိုက်တော့။ အရည်အသွေးကို စမ်းသပ်ဖို့ အရင်ဆုံးတစ်စုံလောက် ထုတ်ကြည့်မယ်”

[အသစ်ပေါင်းစပ်ထားတဲ့ ပုံကြမ်းနှစ်ခုအတွက် နာမည်အသစ်ပေးချင်လား။ သို့မဟုတ် နာမည်ဟောင်းတွေကိုပဲ ယာယီအသုံးပြုမှာလား]

“ငါ စဉ်းစားပါရစေဦး”

လင်းရှန်သည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်ပြီး အမျိုးသားသုံးသံမဏိမုဆိုး စွမ်းအားဝတ်စုံပုံကြမ်းနှင့် အမျိုးသမီးသုံးတစ္ဆေဝံပုလွေ စွမ်းအားဝတ်စုံပုံကြမ်းတို့ကို အပြန်လှန်ကြည့်ရှုလိုက်သည်။ ထိုခဏ၌ ကချေသည် ၀၁ သည် အမျိုးသမီးသုံးတစ္ဆေဝံပုလွေစွမ်းအားဝတ်စုံပေါင်းစပ်မှုနှင့် လုံးဝနီးပါးကွက်တိကျနိုင်ကြောင်း သူ သဘောပေါက်သွားသည်။ သို့သော် သံမဏိအရိုးက ၎င်း၏ အရွယ်အစားကြောင့် သံမဏိမုဆိုးစွမ်းအားဝတ်စုံကို အကြီးအကျယ်ပြုပြင်မွမ်းမံရန် လိုအပ်လိမ့်မည်။

“သံမဏိအရိုးအသစ်ကို Iron Manလို့ အမည်ပြောင်းမယ်။ တစ္ဆေဝံပုလွေအဆင့်နဲ့ ပေါင်းစပ်ထားတဲ့ ကချေသည် ၀၁ ကိုတော့ Dragon Girl လို့ အမည်ပြောင်းမယ်။ အဖိုနဲ့ အမ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အားဖြည့်ပေးပြီး အလုပ်လုပ်ရတာလည်း ပိုသက်သာတာပေါ့။ နောင်ကျရင် Iron Man မီကာက မြေပြင်နှိမ်နင်းရေးနဲ့ ရှေ့တန်းကာကွယ်ရေးကို တတာဝန်ယူပြီး နှိမ်နင်းရေးစက်ကွင်းတစ်ခု ဖွဲ့စည်းလိမ့်မယ်။ Dragon Girl မီကာကတော့ အရှိန်ပြင်းလေကြောင်းတိုက်ခိုက်မှု၊ ဖြိုခွဲခြင်းနဲ့ ဖြတ်တောက်ခြင်းတွေကို ကိုင်တွယ်လိမ့်မယ်”

လင်းရှန် တွေးနေရင်း ရုတ်တရက် အိုင်ဒီယာအသစ်တစ်ခုရရှိသွားပြန်သည်၊၊

“အော် ဒါနဲ့ စတားဖလိ့ရဲ့ စွမ်းအားဝတ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုစနစ်ရှိတယ်မဟုတ်လား။ မင်း ငါ့ကို မဟာဗျူဟာမြောက်အဖွဲ့ငယ်တစ်ခု ဖန်တီးပေးနိုင်မလား ကြည့်ပေးပါ။ ဥပမာ Iron Manက လျှပ်စစ်သံလိုက်စွမ်းအားစက်ကွင်းနဲ့ ချိတ်ဆက်နိုင်ပြီး Dragon Girlက ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုဖန်တီးဖို့ လေဆာတန်းတွေကို ပေါင်းစပ်အသုံးပြုတာမျိုးပေါ့”

[ဗိုင်အိုလာ နားလည်ပါပြီ]

“အဲဒါ အကောင်းဆုံးပဲ”

လင်းရှန် တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေဖြစ်လာသည်။ ယန္တရားစစ်တပ်၏ ဒီဇိုင်းသည် နောက်ဆုံးတွင် ဒရုန်းအုပ်စုတည်ဆောက်ခြင်းမှ ကျော်လွန်ကာ စိတ်ကူးအသစ်များ စတင်ရရှိလာခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ပုံကြမ်းများကို ပေါင်းစပ်ရန် ကူညီပေးနိုင်သော ဗိုင်အိုလာ၏ တွက်ချက်မှုစွမ်းပကားရှိနေသည့်အပြင် ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုစွမ်းရည်လည်း ရှိနေသဖြင့် ရှင်းဟွာ အကြီးစားစက်မှုလုပ်ငန်းပင်လျှင် အင်ဂျင်နီယာအမြောက်အမြားအသုံးပြုရမည့် ကြီးကျယ်သောစီမံကိန်းများကို သူ ပြီးမြောက်အောင်မြင်နိုင်ခြင်း ဖြစ်သည်။

“နည်းနည်းတော့ ကုန်ကျစရိတ်များပေမဲ့ ဒီအဆင့်ရောက်မှပဲ ကြီးမားထူးဆန်းတဲ့ သတ္တဝါတွေကို ခုခံနိုင်မယ်”

လင်းရှန်က ရေရွတ်လိုက်သည်။ သံမဏိအရိုး၊ ကချေသည် ၀၁၊ တစ္ဆေဝံပုလွေ၊ သံမဏိမုဆိုးစွမ်းအားဝတ်စုံတို့ကို အမြောက်အမြားထုတ်လုပ်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ လင်းရှန် နှင်းပြင်၌ ရှိစဉ်က ချန်ဆီရွှမ် ဝတ်ဆင်ရန်အတွက် တစ္ဆေဝံပုလွေအဆင့် စွမ်းအားဝတ်စုံတစ်စုံကို ဖန်တီးရန် တစ်ညလုံးအချိန်ပေးခဲ့ရသည်။ ၎င်းသည်ပင်လျှင် အကြီးစားသတ္တဝါလှိုင်းလုံးများကို တုံ့ပြန်နိုင်စွမ်းရှိသော အသက်ကယ်ရတနာတစ်ပါးဖြစ်နေပြီ ဖြစ်သည်။ ယခုအခါ လင်းရှန်က ၎င်းကို ယန္တရားစစ်တပ်အတွက် ဖြည့်စွက်ပစ္စည်းအဖြစ် အသုံးပြုနေခြင်းဖြစ်ရာ အတော်လေးဖြုန်းတီးရာကျပေသည်၊၊

သို့သော် အခြားရွေးချယ်စရာမရှိပေ။ အဆင့်နိမ့်ထူးဆန်းသည့် သတ္တဝါများကို စွမ်းအားရှင်များကသာ ကိုင်တွယ်နိုင်သော်လည်း ကြီးမားလွန်းသောသတ္တဝါများအတွက်မူ လူသားများသည် ယန္တရားစစ်တပ် သို့မဟုတ် ကြီးမားသော လူသားလက်နက်များတည်ဆောက်ခြင်းအပေါ်တွင်သာ မှီခိုပြီး ခုခံနိုင်လိမ့်မည်ဟု လင်းရှန်က ထပ်ခါတလဲလဲတွေးမိသည်။

“ကုန်ကြမ်းတွေ ထပ်ပြီး ကုန်ကြမ်းတွေပဲ။ အခု ပြောင်းလဲဖို့ ကုန်ကြမ်းတွေ အများကြီးရှိနေပြီ။ ပိုမြန်မြန်လုပ်ရမယ်”

လင်းရှန်သည် အင်ပါယာပရောဂျက်ကို တွေးမိပြီး သူသည် ထိုလမ်းကြောင်းနှစ်ခုလုံးသို့ ဦးတည်ဖွံ့ဖြိုးနေပုံရသည်ကို သဘောပေါက်သွားသည်။ ယန္တရားစစ်တပ်ကို တည်ဆောက်နေသလို တစ်ချိန်တည်းမှာပင် ကြယ်တာရာစီးနင်းသူ XR01 မီကာ၏ ပုံကြမ်းကို အဆင့်မြှင့်တင်ရန် မျှော်လင့်နေသည်။ ထို ဂြိုဟ်အဆင့်ပုံကြမ်းသည် အပြာရောင်ဂြိုလ်၏ ထုတ်ကုန်ဟုတ်၊မဟုတ်ကို သိချင်နေမိသည်။

ဟာဝိုင်အီကျွန်း၏ ညသည် ကောင်းကင်တွင် ကြယ်ပွင့်များ ကျဲပါးနေပြီး လှိုင်းလုံးများ ငြိမ်သက်နေသည်။ လပေါင်းများစွာ လူသူကင်းမဲ့တိတ်ဆိတ်နေခဲ့သော ဤစွန့်ပစ်ထားသည့်နေရာသည် ယနေ့ညတွင်မူ ထူးခြားစွာ ဆူညံနေလေသည်။ ဒရုန်းငယ်များသည် ကောင်းကင်ပြင်ကို ဖြတ်သန်းကာ လင်းရှန်သည် ကျွန်းလေဆိပ်ကို ဝါးမျိုပြီးနောက် မြို့ပြဘက်သို့ စတင်ပြောင်းရွေ့လာခဲ့သည်။

နံနက်ပိုင်း၊၊

ဗီးဂတ်စ်လောင်းကစားမြို့တော်ရှိ စွန့်ပစ်ထားသော အပန်းဖြေဥယျာဉ်တစ်ခုတွင် လင်းရှန်သည် ကားပါကင်ရှိ ကားအစီးရေ ရာနှင့်ချီကို ဝါးမျိုပြီးနေပြီ ဖြစ်သည်။ လေထုထဲတွင် ပင်လယ်လှိုင်းလုံးများ၏ ထူးခြားသောအေးမြမှုပါရှိနေပြီး ပျက်စီးနေသောချားရဟတ်ကြီး၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်လာသော ညကောင်းကင်ယံကို စောင်းလျက် ထိုးခွဲနေသည်။ ကျန်ရှိနေသော ကြယ်အနည်းငယ်သည် နက်မှောင်သော ကတ္တီပါရောင်နောက်ခံတွင် ဇွဲကောင်းကောင်းဖြင့်လင်းလက်နေကြသည်။ သံဇကာစည်းရိုးအပြင်ဘက်တွင်မူ မီးခိုးရောင်နှင့် အသက်မဲ့သောဖုတ်ကောင်များသည် ရည်ရွယ်ချက်မဲ့လှည့်လည်သွားလာနေကြသည်။ သံချေးတက်နေသော တံခါးပတ္တာများကဲ့သို့ ၎င်းတို့၏ တိုးညှင်းသောအော်ဟစ်သံများသည် ဤစွန့်ပစ်နယ်မြေ၏တစ်ခုတည်းသော ငြီးငွေ့ဖွယ် နောက်ခံဆူညံသံဖြစ်လာခဲ့သည်။

All Chapters