အခန်း ၁၄၈
Vol. 14 Ch. 148
အခန်း ၁၄၈ - ပိုင်နက်နယ်မြေ။
ရှောင်ချန်ယွီက ငွေရောင်အလင်းတန်းများနှင့်အတူ ယန်ဝူဒီထံသို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်သည်။ ယန်ဝူဒီကလည်း ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကြီးမားအောင် ဖောင်းကြွစေကာ ရွှေရောင်ပုံစံများဖြင့် တန်ဆာဆင်ထားသော သူ၏စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ ရှောင်ချန်ယွီ၏ တိုက်ခိုက်မှုများမှာမူ သူ၏ လှုပ်ရှားမှုများအကြားတွင် တိကျစွာ ရောက်ရှိလာသည်။
ထိုအချိန်တွင် ရှောင်ချန်ယွီက ရုတ်တရက် ပျောက်ကွယ်သွားပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
"အစီအရင်လျှို့ဝှက်ချက် ပိုင်နက်နယ်မြေ။"
ယန်ဝူဒီမှာ တုန်လှုပ်သွားသည်။ ဝိဉာဉ်ကုန်းမြေတွင် ပိုင်နက်နယ်မြေပိုင်ဆိုင်သူမှာ အလွန်ရှားပါးသည်။ ပိုက်နက်နယ်မြေသည် မွေးရာပါ သို့မဟုတ် ကိုယ်တိုင်လေ့ကျင့်ယူရသော စွမ်းအားမျိုးဖြစ်သည်။
ယန်ဝူဒီကိုယ်တိုင်ပင် မပိုင်ဆိုင်ထားသဖြင့် ရှောင်ချန်ယွီ၏ ဤစွမ်းအားကြောင့် အံ့အားသင့်သွားခြင်း ဖြစ်သည်။
သို့သော် သူ မသိသည်မှာ ရှောင်ချန်ယွီသုံးနေသည်မှာ သာမန် ပိုင်နက်နယ်မြေမဟုတ်ဘဲ အစီအရင်လျှို့ဝှက်ချက် ဖြစ်သည်။
၄င်းမှာ အသူရာ ပိုင်နက်နယ်မြေထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။
ယန်ဝူဒီ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းများ ဖြတ်သန်းသွားသည်။
ရှောင်ချန်ယွီကမူ ငွေရောင်အလင်းတန်းများဖြင့် သူ၏ နယ်မြေအာဏာအတွင်းသို့ ဝင်ရောက်သွားသည်။
ယန်ဝူဒီက ရှောင်ချန်ယွီ၏ ခေါင်းကို နင်းချေရန် ကြိုးစားသော်လည်း ရှောင်ချန်ယွီက မြေပြင်ကို လက်သီးဖြင့် ထုနှက်လိုက်ရာ မြေပြင်မှ အဝါရောင်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ယန်ဝူဒီသည် ထိုစွမ်းအားများကြားတွင် လှုပ်ရှားရခက်ခဲနေသည်။
"ဒုန်း..."
ရှောင်ချန်ယွီ၏ ဓားချက်မှာ ယန်ဝူဒီ၏ လက်သီးကို ထိမှန်သွားသည်။ ယန်ဝူဒီမှာ အရှိန်ပြင်းသော ကားတစ်စီးနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး သွေးများ အန်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ရှောင်ချန်ယွီ၏ စွမ်းအားပိုင်နက်ကြောင့် ထိန်းချုပ်ခံလိုက်ရသည်။
ရှောင်ချန်ယွီမှာ ယန်ဝူဒီကို တဖြည်းဖြည်းချင်း ပိတ်လှောင်လိုက်သည်။ သူ၏ ဝိဉာဉ်စွမ်းအားများမှာ အလွန်လျင်မြန်စွာပင် ယိုယွင်းပျက်စီးနေသည်။ ယန်ဝူဒီသည် ရွှေရောင်စွမ်းအင်များ ထုတ်လွှတ်ကာ ခုခံရန် ကြိုးစားသော်လည်း ရှောင်ချန်ယွီ၏ ပိုင်နက်နယ်မြေအောက်တွင် သူ၏ စွမ်းအားများမှာ လုံးဝ မသုံးနိုင်အောင် ပိတ်ဆို့ခံလိုက်ရသည်။
ယန်ဝူဒီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ နောက်ကျောတွင် ကြယ်ခုနစ်လုံး ပေါ်ထွက်လာပြီး ရှောင်ချန်ယွီကို နောက်ဆုံးအကြိမ် လက်သီးဖြင့် ထိုးနှက်ရန် ကြိုးစားသည်။
"ဘုန်းး"
ယန်ဝူဒီမှာ နောက်သို့ လွင့်စဉ်သွားသည်။ သူသည် အလွန်အမင်း စိတ်ပျက်နေသည်။ ဤလူငယ်မှာ အဆင့် ၁၉ သာ ရှိသည်ဟု ထင်ထားသော်လည်း ယခုအခါ သူ၏ စွမ်းအားများကို ချုပ်ကိုင်ထားနိုင်စွမ်း ရှိနေသည်။
ရှောင်ချန်ယွီကမူ မျက်ဝန်းများတွင် ပြုံးရွှင်လျက် ရှိနေသည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ၏ စွမ်းအားနှင့် သူ၏ အစီအရင်နည်းစနစ်များကြောင့် ယန်ဝူဒီမှာ ရှောင်ချန်ယွီ၏ လက်ဖဝါးထဲမှ ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယန်ဝူဒီသည် ဒေါသကြောင့် ရွှံ့ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်သွားပြီးနောက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်တော့သည်။