Chapters

အခန်း ၁၄၉

Vol. 14 Ch. 149

အခန်း ၁၄၉

Vol. 14 Ch. 149

အခန်း ၁၄၉ - အောင်ပွဲ။

"ပင်လယ်နတ်ဘုရား ကျွန်တော့်ကို ခွန်အားတွေ ပေးသနားပါ။"

ပိုင်နက်နယ်မြေတစ်ခုကို ခုခံရန် အကောင်းဆုံးနည်းလမ်းမှာ သူ၏ပိုင်နက်နယ်မြေ ဖြင့် ပြန်လည်ရင်ဆိုင်ခြင်းဖြစ်သည်။ ယန်ဝူဒီသည် ပင်လယ်နတ်ဘုရား၏ အကူအညီဖြင့် သူ၏ ပိုင်နက်နယ်မြေကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူတို့သည် ကုန်းမြေပေါ်တွင် ရှိနေသောကြောင့် ၎င်း၏ စွမ်းအားမှာ အကန့်အသတ်ရှိပြီး ရှောင်ချန်ယွီ၏ ပိုင်နက်နယ်မြေကို ခေတ္တမျှသာ ချိုးဖျက်နိုင်ခဲ့သည်။

ရှောင်ချန်ယွီသည် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။ ယန်ဝူဒီက သူ့ထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်လာပြီး အသက်ကိုပင် ပဓာနမထားဘဲ အားကုန်သုံးကာ တိုက်ခိုက်သည်။ သို့သော် ရှောင်ချန်ယွီ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို ဖောက်ထွင်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

ရှောင်ချန်ယွီသည် ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ယန်ဝူဒီ၏ ဘေးသို့ ရောက်ရှိသွားပြီး သူ၏ ခြေထောက်ဖြင့် ပြင်းထန်စွာ ဆောင့်ကန်လိုက်သည်။

"ဒုန်းးး"

ထိုကန်ချက်တွင် ရှောင်ချန်ယွီ၏ လျှို့ဝှက်စွမ်းအင်များ ပါဝင်နေသဖြင့် ယန်ဝူဒီမှာ ချက်ချင်းပင် လှုပ်ရှားနိုင်စွမ်း မဲ့သွားကာ ဝိဉာဉ်စွမ်းအားများမှာလည်း ပိတ်ဆို့ခံလိုက်ရသည်။

ရှောင်ချန်ယွီသည် ထိုအခွင့်အရေးကို အသုံးချ၍ တောင်ပြိုမတတ် ဖိနှိပ်ခြင်းပုံစံဖြင့် ယန်ဝူဒီ၏ ရင်ဘတ်ကို အားကုန်သုံးကာ ရိုက်ချလိုက်သည်။

"ဘုန်းးး"

ယန်ဝူဒီမှာ မြေပြင်အတွင်းသို့ နစ်ဝင်သွားပြီး ခေါင်းတွင်လည်း ဒဏ်ရာရကာ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်သွားသည်။ သို့သော် သူ၏ စိတ်ဓာတ်မှာ လျော့ကျမသွားဘဲ သူ၏ ဖျက်စီးခြင်လှံတံ ကို ဆွဲယူကာ ပိုမို ပြင်းထန်သော စွမ်းအားဖြင့် ပြန်လည် ထရပ်လိုက်သည်။

"လာစမ်း နောက်တစ်ခေါက်။"

ရှောင်ချန်ယွီက ရယ်မောလိုက်ပြီး သူ၏ စွမ်းအားကို အသုံးပြုကာ ယန်ဝူဒီထံသို့ တိုးဝင်သွားသည်။ ယန်ဝူဒီကလည်း နောက်မဆုတ်တမ်း ရင်ဆိုင်သည်။

ရှောင်ချန်ယွီသည် သူ၏ အစီအရင်လျှို့ဝှက်ချက်ခရမ်းရောင်တိမ်တိုက်အစီအရင်ကို ထုတ်လွှတ်လိုက်သည်။

ခရမ်းရောင်မြူခိုးများမှာ ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ယန်ဝူဒီ၏ ဝိဉာဉ်ရှာဖွေမှု ကိုပါ ပိတ်ဆို့လိုက်သည်။ ယန်ဝူဒီသည် ရှောင်ချန်ယွီ၏ တည်နေရာကို မခန့်မှန်းနိုင်တော့ဘဲ အထိအချက်ခံရကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူသည် ထပ်မံ၍ ထနိုင်စွမ်း မရှိတော့ပေ။

"မင်းရဲ့ ဒီအစွမ်းတွေအားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ။"

ယန်ဝူဒီမှာ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ပိုင်နက်နယ်မြေ၊ လက်နက်ကျင့်စဉ်များနှင့် မယုံနိုင်စရာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများမှာ သူ့အတွက် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ရှောင်ချန်ယွီက အေးစက်စက် ပြုံးလိုက်သည်။

"ယန်ဝူဒီ မင်းရဲ့ ရှီလိုင်ခဲအကယ်ဒမီနဲ့ ထန်စန်းကိုပဲ အပြစ်တင်လိုက်ပါ။ မင်းတို့ဟာ ငါ့ရဲ့ ရန်သူတွေ ဖြစ်ဖို့ သတ်မှတ်ခံထားရသူတွေပဲ။ ရန်သူဆိုမှတော့ သေဆုံးဖို့ပဲ ရှိတော့တယ်။"

ရှောင်ချန်ယွီသည် အချိန်ဆွဲမနေတော့ဘဲ သူ၏ နောက်ဆုံးတိုက်ခိုက်မှုကို ပြင်ဆင်လိုက်သည်။ ပင်လယ်နတ်ဘုရား၏ အစွမ်းအစများဖြင့်ပင် မကာကွယ်နိုင်သော ယန်ဝူဒီမှာ ယခုအခါတွင် ရှောင်ချန်ယွီ၏ လက်ချက်ဖြင့် အဆုံးသတ်ရတော့မည် ဖြစ်သည်။