အခန်း ၂၁၀
Vol. 21 Ch. 210
🍋 Chapter 210
သီးသန့်အခန်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု သိပ်မဝေးလှဘဲ တစ်မိနစ်ခန့် လမ်းလျှောက်ရုံမျှသာ ဖြစ်သည်။
ဝန်ထမ်းမလေး တံခါးမဖွင့်ပေးမီမှာပင် ကျောက်ဖန်သည် သိသိသာသာဖြင့် ကျိုးထျန်း၏ နောက်ကွယ်သို့ ခြေတစ်လှမ်းခန့် ဆုတ်ပေးလိုက်ပြီး ကျောက်ရှင်းမှာ သူမ၏ ဘေးတွင် ရပ်နေခဲ့သည်။
ကျိုးထျန်းက လျိုမုယန်၏ လက်ကို ဆွဲကာ အရှေ့ဆုံးမှ ဦးဆောင်၍ လျှောက်လှမ်းလာခဲ့သည်။
သူ့ စိတ်ထဲတွင် ကျောက်ဖန်အပေါ် ထားရှိသော အမြင်မှာ ပိုမိုမြင့်မားလာခဲ့ရသည်။
‘ပညာရှိဟူသည် အခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေ နေတတ်ကြတာပဲ။ ဒီအမျိုးသမီးက မိမိကိုယ်ကိုယ် ဘယ်နေရာမှာ ထားရမလဲဆိုတာ သေချာ သိပေသည်။
‘သူမရဲ့ အလိုအလျောက် အနောက်ကို ဆုတ်ပေးသော အမူအရာက ပုံမှန်အားဖြင့် ခေါင်းဆောင်တစ်ဦးအပေါ် လက်အောက်ငယ်သားတစ်ဦးရဲ့ ရိုသေပြသမှုမျိုး ဖြစ်သလို ငါ့အပေါ်ကို နာခံမှုရှိကြောင်း ပြသတာလည်း ဖြစ်တယ်’
ကျိုးထျန်း တွေးတောလိုက်သည့်အတိုင်းပင် ဖြစ်သည်။
‘ငါက အရှင်သခင်ဖြစ်ပြီး နင်က လက်အောက်ငယ်သား ပဲ’
ကျောက်ဖန်သည် ရုန်းကန်ရန် အင်အားမရှိတော့သဖြင့် ငြိမ်သက်စွာဖြင့် လက်ခံလိုက်ရုံသာ ရှိတော့သည်။
တံခါး ပွင့်သွားသည့်အခါ လူ ၁၆ ဦးထက်မက ထိုင်နိုင်သော လုံးဝန်းသည့် စားပွဲကြီးတစ်လုံးကို တွေ့ရှိလိုက်ရသည်။
စားပွဲကို ဝန်းရံလျက် လူ ၁၀ ဦးခန့် ကြိုတင်၍ ထိုင်နေကြပြီ ဖြစ်သည်။
၎င်းတို့ထဲတွင် ချောမောလှပသော လူငယ်မင်းသားများ ပါဝင်နေကြရာ ကျိုးထျန်းက တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်၊ ၎င်းတို့မှာ အခုတလော ခေတ်စားနေသော ရုပ်သံဇာတ်လမ်းတွဲမှ မင်းသားများ ဖြစ်ကြသည်။
ထို့ပြင် အလွန်ပင် စမတ်ကျကျ ဝတ်ဆင်ထားသော အမျိုးသမီးအချို့လည်း ရှိနေကြပြီး အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပုံရသည်။
သို့သော်လည်း ကျိုးထျန်းသည် ၎င်းတို့ထဲမှ မင်းသမီးတစ်ဦးကို မှတ်မိလိုက်သည်၊ သူမ၏ အသက်မှာ အနည်းဆုံး ၃၀ ခန့် ရှိနေပြီဖြစ်သော်လည်း အလွန် နုပျိုနေဆဲဖြစ်ရာ ဤလူများမှာ မိမိတို့၏ ရုပ်ရည်ကို မည်မျှအထိ ထိန်းသိမ်းထားကြကြောင်း ပေါ်လွင်လှသည်။
စားပွဲတွင် ထိုင်နေသော လူများထဲတွင် အသက်အကြီးဆုံးမှာ အသားညိုညို၊ ခန္ဓာကိုယ်ပိန်ပိန်နှင့် မျက်နှာတွင် အရေးအကြောင်းများ ရှိနေသော အမျိုးသားတစ်ဦး ဖြစ်သည်။
ကျိုးထျန်းသည် ဤလူနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လှသည်၊ သူကတော့ ဒါရိုက်တာ ကျန်းချန်ရိ ဖြစ်သည်။
ဤသူသည် တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် ကျော်ကြားလှသော တကယ့် ဝါရင့်ဒါရိုက်တာကြီးတစ်ဦး ဖြစ်သည်။
သူသည် အနုပညာရုပ်ရှင်များဖြင့် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရရှိထားခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပတွင်ပါ ဂုဏ်သတင်း ကျော်စောလှသည်။
သို့သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်တွင် သူသည် စီးပွားရေး ရုပ်ရှင်လောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။
သူ၏ ရိုက်ကူးမှုစွမ်းရည်မှာ ငြင်းပယ်ရန် မရှိသော်လည်း စီးပွားရေးရုပ်ရှင်များနှင့်မူ ကံဇာတာ မပါခဲ့ချေ။ သူ ရိုက်ကူးခဲ့သော ရုပ်ရှင် ၁၀ ကားခန့်တွင် ၇ ကား သို့မဟုတ် ၈ ကားခန့်မှာ ရုံဝင်ငွေ လုံးဝ ဆုံးရှုံးခဲ့ရသည်။
အထူးသဖြင့် သူ နောက်ဆုံးရိုက်ကူးခဲ့သော အထူးပြုလုပ်ချက်ရုပ်ရှင်ကားကြီးမှာ အလွန်ပင် ရည်မှန်းချက်ကြီးမားခဲ့ပြီး တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ပြည်ပမှ ကြယ်ပွင့်များကို ထည့်သွင်းရိုက်ကူးခဲ့သည်။
သရုပ်ဆောင်အဖွဲ့အင်အားကို ကြည့်ရုံမျှဖြင့်ပင် ထိုခေတ်ထိုအခါက အင်အားအကောင်းဆုံး ရုပ်ရှင်ကားကြီး ဖြစ်ခဲ့သည်မှာ ငြင်းပယ်ရန် မရှိချေ။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ မျှော်လင့်ချက် မြင့်မားလေလေ၊ ကျရှုံးမှုမှာ ပိုမိုပြင်းထန်လေလေ ဖြစ်ခဲ့ရသည်။
ရုံဝင်ငွေမှာ လုံးဝ ဆုံးရှုံးပျက်စီးသွားခဲ့ရသည်။
ရင်းနှီးမြှုပ်နှံသူများမှာ အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး စားပွဲကို လက်သီးဖြင့်ထုကာ သူ၏ ရုပ်ရှင်များတွင် နောက်ဘယ်တော့မှ ရင်းနှီးမြှုပ်နှံတော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ဤအချက်က အသက် ၆၀ ကျော် အရွယ်ရှိပြီဖြစ်သော ဒါရိုက်တာ ကျန်းချန်ရိအား အလွန် စိတ်ပျက်အားလျော့သွားစေခဲ့သည်။
‘မင်းတို့က ရိုက်ကူးရေးလုပ်ငန်းစဉ်တွေထဲကို ဝင်ရောက်စွက်ဖက်ပြီး သရုပ်ဆောင်အပိုတွေ ထည့်တာ၊ ဇာတ်ညွှန်းကို လျှောက်ပြင်တာတွေ လုပ်ခဲ့ကြတာလေ’
‘အခုတော့ ရုပ်ရှင်က ပျက်စီးသွားပြီဆိုတော့ အပြစ်အားလုံးက ငါ့အပေါ်ကိုပဲ ပုံချနေကြတာ၊ ဒါက ငါ့တစ်ယောက်တည်းကိုပဲ အပြစ်တင်ခံခိုင်းတာပဲ’
‘ငါက အနားယူဖို့ အစီအစဉ် မရှိသေးဘူး၊ ဒါပေမဲ့ အခုတော့ ဘယ်သူမှ ငါ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ မဝံ့ရဲကြတော့ဘူး’
မတတ်သာသည့်အဆုံးတွင် ဒါရိုက်တာကျန်းသည် မိမိ၏အိမ်တစ်လုံးကို ရောင်းချကာ ငွေကြေးများကို စုဆောင်းပြီး သူ၏ မူလ အသက်မွေးဝမ်းကျောင်းဖြစ်သော အနုပညာရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ဤအရာက သူ့အား မိမိ၏ရွှေရောင်နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
၎င်းမှာ ရင်းနှီးပြီးသား အရသာ၊ ရင်းနှီးပြီးသား ခံစားချက်မျိုးဖြစ်သည်။
သူသည် အချောသတ်ထားသော ရုပ်ရှင်အပေါ် အလွန်ကျေနပ်အားရနေခဲ့သည်၊ အသက် ၇၀ နီးပါး ရှိနေပြီဖြစ်သော်လည်း သူ၏ဘဝတွင် ဒုတိယမြောက် နွေဦးရာသီ ရောက်ရှိလာသကဲ့သို့ ခံစားနေရသည်။
သို့သော် ထို့ထက်ပို၍ စိတ်ပျက်စရာကောင်းသော အရာတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ရုပ်ရှင်၏ဆင်ဆာအဖွဲ့က စစ်ဆေးမှုကို ဆိုင်းငံ့ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်၏ နောက်ခံမှာ မငြိမ်မသက်ဖြစ်နေသော ခေတ်ကာလတစ်ခု ဖြစ်နေသဖြင့် ဇာတ်လမ်းအကြောင်းအရာမှာ အလွန် အထိမခံသော အနေအထားတွင် ရှိနေသောကြောင့်ပင်။
၎င်းမှာ ပြသခွင့် လုံးဝ မရှိခြင်းမျိုး မဟုတ်ချေ။
သို့သော် အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာပါက မည်သူက တာဝန်ယူပါမည်နည်း။
တာဝန်ရှိသူများအနေဖြင့် ပြဿနာရှိမရှိကို သေချာမသိရှိကြသဖြင့် အချိန်ဆွဲထားရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ဤကဲ့သို့ အချိန်ဆွဲထားခြင်းက ဒါရိုက်တာကျန်းအား လုံးဝ ဝေခွဲမရ ဖြစ်သွားစေခဲ့သည်။
အထက်လူကြီးများက သူ့အား ရှင်းလင်းသော အဖြေကို မပေးကြချေ။
သူသည် ဆင်ဆာဌာနသို့ သွားရောက်ကာ တဲထိုးပြီး နေထိုင်၍လည်း မရနိုင်ပါချေ၊ ထိုသို့လုပ်ပါက သူတို့က သူ့အား မောင်းထုတ်ကြမည်သာ ဖြစ်သည်။
သူသည် နေ့စဉ်နေ့တိုင်း ရုံးခန်းထဲတွင် လမ်းလျှောက်ရင်း စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့ရသည်။
အတိတ်ကာလတုန်းကဆိုလျှင် ရင်းနှီးမြှုပ်နှံသူများက ဤကဲ့သို့သော အခြေအနေမျိုးကို ဖြေရှင်းရန်အတွက် ဝင်ရောက်ကူညီလေ့ ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် သူဌေးကြီးများတွင် ကျယ်ပြန့်လှသော လူမှုဆက်ဆံရေးကွန်ရက်များ ရှိကြပြီး အချို့သော အခြေအနေများတွင် စကားအနည်းငယ်ပြောရုံ၊ အရက်အနည်းငယ် သောက်ရုံမျှဖြင့် ကြီးမားသော ပြဿနာများကို ဖြေရှင်းနိုင်သောကြောင့်ပင်။
သို့သော်လည်း သူ့ထံတွင်မူ ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိချေ။
သူ စိတ်ပျက်အားလျော့နေစဉ်မှာပင် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေး ပြန်လည်ရှင်သန်လာခဲ့ပြီဟူသော သတင်းကို ကြားသိလိုက်ရသည်။
သူနှင့် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးမှာ လှေတစ်စင်းတည်းစီး လက်တွဲဖော်များဖြစ်ကြပြီး နှစ်ဦးစလုံးမှာ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
သူသည် ကျောက်ရှင်း၏ ဖခင်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သူဖြစ်ကာ ‘Planetary Home’ ရုပ်ရှင်၏ အခြေအနေကိုလည်း သိရှိထားခဲ့သည်။
သူ၏ အနုပညာရုပ်ရှင်ကဲ့သို့ပင် ဤရုပ်ရှင်နှစ်ကားလုံးသာ ရုံတင်ပြသခွင့်ရရှိပါက သေချာပေါက် အရင်းကျေနိုင်မည် ဖြစ်သည်။
ဒါရိုက်တာတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် သူသည် မိမိ၏ ရုပ်ရှင်အရည်အသွေးကို ကောင်းစွာသိရှိထားသည်။
သူသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးမှာလည်း မိမိကဲ့သို့ပင် အနုပညာလောက၏ အစွန်းနားသို့ ဖြည်းဖြည်းချင်း မျောပါသွားပြီး နောက်ဆုံးတွင် ခေတ်ကာလနှင့် အနုပညာလောက၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ၎င်းတို့မှာ အရေးကြီးသော အခိုက်အတန့်တွင် ပြန်လည် နာလန်ထူလာခဲ့ကြသည်။
ထို့ပြင် နောက်ဆက်တွဲအနေဖြင့် သတင်းကောင်းများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
‘Planetary Home’ ၏ လူကြိုက်များမှုမှာ တိုးတက်လာခဲ့ပြီး ရုံတင်ပြသမှု အချိုးအစားမှာလည်း တဖြည်းဖြည်း မြင့်မားလာခဲ့သည်။
ဖျော်ဖြေရေးလောကရှိ မည်သည့်လူမှ လူအူကြောင်ကြောင်များ မဟုတ်ကြချေ။
အနည်းငယ် တွေးတောလိုက်ရုံမျှဖြင့်ပင် ဤအရာ၏ နောက်ကွယ်တွင် ဩဇာအာဏာကြီးမားသော လူတစ်ဦး ရှိနေကြောင်း နားလည်လိုက်သည်။
ထိုဩဇာအာဏာကြီးမားသော လူမှာ မည်သူဖြစ်မည်နည်းဟူသည်ကိုမူ တွေးနေရန်ပင် မလိုတော့ချေ၊
၎င်းမှာ ‘Planetary Home’ တွင် ရင်းနှီးမြှုပ်နှံခဲ့သော သူဌေးကြီးသာ ဖြစ်ရပေမည်။
ဤကဲ့သို့သော အမြော်အမြင်နှင့် စွမ်းရည်မျိုးရှိသူသာ သူ့အား ကူညီပေးရန် ဆန္ဒရှိပါက... သေချာပေါက် သူ၏ဘဝတွင် ဒုတိယမြောက် နွေဦးရာသီကို အမှန်တကယ် ခံစားရရှိနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ထိုနေရာရှိ လူတစ်ဒါဇင်ကျော်ထဲတွင် ကျောက်ဖန်သည် လူငယ်တစ်ဦးနှင့်အတူ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူသည် အသက်အကြီးဆုံး ဖြစ်သော်လည်း ပထမဆုံးအနေဖြင့် မတ်တတ်ရပ်ကာ တံခါးဝထံသို့ အပြေးအလွှား သွားရောက်၍ ဆီးကြိုလိုက်တော့သည်။
"မင်းက... ဥက္ကဋ္ဌကျိုး လား"
"ဟုတ်ပါတယ်၊ ကျွန်တော်ပါ အစ်ကိုကြီးက ဒါရိုက်တာကျန်း ဖြစ်ရမယ်၊ ကျွန်တော် ငယ်ငယ်ကတည်းက အစ်ကိုကြီးရဲ့ ရုပ်ရှင်တွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့ရတာပါ၊ အစ်ကိုကြီးက တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ဒါရိုက်တာတစ်ဦးပဲ"
ဒါရိုက်တာကျန်း၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားခဲ့ရသည်။
ချီးကျူးစကားကို ကြားရခြင်းမှာ သဘာဝအတိုင်း ပျော်ရွှင်စရာကောင်းလှသည်၊ အထူးသဖြင့် ဤသူသည် မိမိအနေဖြင့် မိတ်ဆွေဖွဲ့လိုသော လူတစ်ဦးဖြစ်နေသောကြောင့်ပင်။
သူ မျှော်လင့်ထားသည်ထက်စာလျှင် ပိုမိုနုပျိုလှသော်လည်း သူ၏ပတ်ဝန်းကျင်သို့ ထုတ်လွှတ်နေသော စွမ်းအင်များအရ သာမန်လူတစ်ဦး မဟုတ်ကြောင်း ထင်ရှားလှသည်။
"ဒီလို ချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူးဗျာ၊ ကျွန်တော်က အနုပညာသမားတစ်ယောက်ပါပဲ၊ ထူးခြားတာ မရှိပါဘူး" ဒါရိုက်တာကျန်းက ကျိုးထျန်းအား ဦးဆောင်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာကျန်း... ဘာဖြစ်လို့ ဥက္ကဋ္ဌကျိုးအပေါ် ဒီလောက်အထိ ယဉ်ကျေးနေရတာလဲ။ သမီးကိုဆိုရင်တော့ ပုံမှန်အားဖြင့် ခေါင်းညိတ်ပြီးပဲ နှုတ်ဆက်လေ့ရှိတာကို"
ကျောက်ဖန်မှ မကျေမနပ်ဖြင့် စနောက်လိုက်သည်။
အမှန်တကယ်တော့ ဤသည်မှာ နောက်ပြောင်ခြင်းသာဖြစ်ပြီး ကျောက်မိသားစုသည် ဒါရိုက်တာကျန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသောကြောင့်သာ ဤကဲ့သို့ စနောက်နိုင်ခြင်းဖြစ်သည်။
"ဖန်လေး... မဟုတ်ဘူး၊ အခုဆိုရင် ဥက္ကဋ္ဌကျောက်လို့ ခေါ်ရတော့မှာပေါ့။ သမီးပြောတာတော့ မဟုတ်သေးပါဘူး။ ဦးလေးက သမီးငယ်ငယ်တုန်းက ချီပိုးခဲ့တာကို၊ အခုတော့ ဒီအဘိုးကြီးရဲ့ အပြစ်တွေကို ရှာနေပြီပေါ့"
ဒါရိုက်တာကျန်း ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
ဤသည်မှာလည်း မိမိနှင့် ကျောက်မိသားစုတို့အကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ကောင်းမွန်သော ဆက်ဆံရေး ရှိကြောင်းကို ကျိုးထျန်းအား သိရှိစေရန် ဖြစ်သည်။
သူ့ စိတ်ထဲတွင် ကျိုးထျန်းသည် ကျောက်ရှင်း၏ မျက်နှာကြောင့် ဤညစာစားပွဲသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း သိရှိထားသဖြင့် ကျောက်မိသားစု၏ဩဇာအာဏာကို အသုံးချရမည် ဖြစ်သည်။
"လာပါ... လာပါ၊ ဥက္ကဋ္ဌကျိုး... ကျွန်တော် ဒီလူတွေနဲ့ မိတ်ဆက်ပေးပါရစေ"
စားပွဲရှိ လူတိုင်းနှင့် နှုတ်ဆက်ပြီးနောက်တွင် ထိုနေရာရှိ လူတိုင်းမှာ ဖျော်ဖြေရေးလောကမှ လူများဖြစ်ကြပြီး ရင်းနှီးမြှုပ်နှံသူဖြစ်သော ကျိုးထျန်းအပေါ် အလွန်အမင်း ယဉ်ကျေးပျူငှာကြကြောင်း သူ တွေ့ရှိလိုက်ရသည်။
"လာပါ ဥက္ကဋ္ဌကျိုး... ကျေးဇူးပြုပြီး အဓိကနေရာမှာ ထိုင်ပါဦး" ဒါရိုက်တာကျန်းက သူ့အား အစွန်ဆုံးရှိ အဓိကနေရာထံသို့ ခေါ်ဆောင်သွားခဲ့သည်။
တရုတ်နိုင်ငံ၏ ညစာစားပွဲ ယဉ်ကျေးမှုတွင် ထိုင်ခုံနေရာပေးခြင်းမှာ အလွန် အရေးကြီးလှသည်။
အစားအသောက်ကို မှားယွင်းစွာ စားသောက်မိခြင်း သို့မဟုတ် စကားလုံးများကို မှားယွင်းစွာ ပြောဆိုမိခြင်းမျိုး ရှိနိုင်သော်လည်း ထိုင်ခုံနေရာကိုမူ မှားယွင်းစွာ ထိုင်၍ မရနိုင်ပါချေ။
ထို့အပြင် ဝင်လာကတည်းကပင် သတိပြုမိခဲ့သည်၊ စားပွဲ၏ အဓိကနေရာကို တမင်သက်သက် ချန်လှပ်ထားခဲ့ပြီး အဓိကနေရာ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ ထိုင်ခုံများကိုလည်း ချန်လှပ်ထားခဲ့ကြရာ ၎င်းမှာ ကျိုးထျန်းသည် ကျောက်မိသားစုမှ အမျိုးသမီးများနှင့်အတူ လာရောက်မည်ဖြစ်ကြောင်း ကြိုတင်သိရှိထားကြသည့် သဘောပင် ဖြစ်သည်။
ထို့ပြင် ၎င်းတို့သည် အနည်းငယ် နောက်ကျမှ ရောက်ရှိလာခဲ့ကြသော်လည်း အစားအသောက်များကို ကြိုတင်မှာယူထားခြင်း မရှိရုံမျှမက လက်ဖက်ရည်ပင် တည်ခင်းထားခြင်း မရှိသေးချေ။
ထိုလူများမှာ သက်သက်မဲ့ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်ရာ သူ့အား မျက်နှာသာ များစွာပေးထားကြောင်း ထင်ရှားလှသည်။
ဤအရာကို မြင်တွေ့ရသည့်အခါ သူသည်လည်း ပိုမိုယဉ်ကျေးပျူငှာစွာ နေထိုင်ရမည်ဖြစ်ကြောင်း၊ မဟုတ်ပါက သူတို့၏ စေတနာကို စော်ကားရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထို့ကြောင့် ငြင်းပယ်ခြင်း မပြုဘဲ အဓိကနေရာတွင် တိုက်ရိုက်ပင် ထိုင်လိုက်ပြီး လျိုမုယန်အား မိမိ၏လက်ဝဲဘက်တွင် ထိုင်စေခဲ့သည်။
ကျောက်ရှင်းမှာမူ ကျောက်ဖန်၏တွန်းပို့မှုကြောင့် သူ့ လက်ယာဘက်တွင် ထိုင်လိုက်ရပြီး ကျောက်ဖန်ကိုယ်တိုင်မှာမူ ကျောက်ရှင်း၏ဘေးတွင် ထိုင်လိုက်သည်။
ကျိုးထျန်းသည် ကျောက်ဖန်အား တစ်ချက်ကြည့်လိုက်မိသည်၊ မဝင်မီက ခြေတစ်လှမ်းခန့် နောက် ဆုတ်ပေးခဲ့သည့် အမူအရာကဲ့သို့ပင် ဤအမျိုးသမီးသည် မိမိ၏ရှေ့မှောက်တွင် အမြဲတမ်း အလျှော့ ပေးသော အမူအရာကို ပြသနေခဲ့ပြီး သင့်တော်သော ကျင့်ဝတ်များကို ကောင်းစွာ နားလည်ထားပုံရသည်။
လက်ဝဲဘက်သည် အဆင့်မြင့်ပြီး လက်ယာဘက်သည် အဆင့်နိမ့်သည်၊ ဤသည်မှာ တရုတ်နိုင်ငံ၏ ရှေးရိုးရာ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သည်။
သူမ၏ စီစဉ်မှုအရ ကျောက်ရှင်းအား လက်ယာဘက်တွင် ထိုင်စေပြီး လျိုမုယန်အား လက်ဝဲဘက်တွင် ထိုင်စေခဲ့ခြင်းမှာ အနည်းငယ် မရေမရာနိုင်သော အဓိပ္ပာယ်ကို ဆောင်နေခဲ့သည်။
ထိုနေရာရှိ အခြားလူများလည်း ဤအချက်ကို သတိပြုမိကြပြီး အချို့မှာ မိမိတို့၏အတွေးကိုယ်စီ ရှိနေကြသည်။
ကျောက်ရှင်းမှာမူ ပြောနေရန်ပင် မလိုတော့ချေ၊ သူမသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နတ်ဘုရားမတစ်ပါးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ရာ သူမ၏ရုပ်ရည်မှာ သဘာဝအတိုင်း ထိပ်တန်းအဆင့်တွင် ရှိသည်။
သို့သော်လည်း သူ၏ အခြားတစ်ဖက်တွင် ရှိနေသော မိန်းကလေးမှာ ရုပ်ရည်နှင့် အဆင့်အတန်းအရ ကျောက်ရှင်းထက် လုံးဝလျော့နည်းခြင်းမရှိလှရာ အခြားလူများမှာ အခြေအနေကိုရိပ်မိသွားကြသည်