အခန်း ၉၅
Vol. 9 Ch. 95
အခန်း ၉၅ - ထူးခြားဆန်းပြားသော ပါရမီရှင်
"မင်း... ဘာကို ဆိုလိုတာလဲ"
ဝမ်ထောင် အနည်းငယ် ထိတ်လန့်သွားခဲ့ရ၏။
"အဟမ်း... ကော်မတီဝင် ဝမ်က ကျွန်တော့်မိန်းမကို ကယ်တင်ပေးခဲ့တာကို ကျွန်တောါ့ဘက်က ကျေးဇူးတင်ဖို့ တခြားနည်းလမ်း မရှိတော့လို့ပါ... တကယ်လို့ ခင်ဗျား စိတ်မရှိရင် ဒီမှာပဲ ခဏလောက် အနားယူလိုက်ပါဦး..."
ထိုသို့ ပြောပြီးနောက် ဆန်းဝေကွမ်း၏ မျက်နှာကြီးကလည်း နီရဲသွားခဲ့သည်။
သို့သော် သူတွေးလိုက်မိသည်မှာ ဟန်ရွှေသည် ယခုအချိန်တွင် သူနှင့် အိုရင်းရင်းတို့၏ ဖောက်ပြန်မှုကို သေချာပေါက် သိရှိသွားလောက်ပြီဖြစ်ရာ သူ အသက်ရှင်သန်နိုင်ရန်အတွက် သူမအပေါ် ဆက်လက် အားကိုး၍ ရတော့မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့ တစ်မိုးတည်းအောက်တွင် အတူတူ နေထိုင်နေကြဆဲ အချိန်၌ ဟန်ရွှေကို သူ့အတွက် နောက်ဆုံးတစ်ကြိမ် ကူညီခိုင်းရန် စိတ်ကူးခဲ့ခြင်းပင်။ ဟန်ရွှေက သူ့ကို အလွန် ချစ်မြတ်နိုးလှသဖြင့် သူမသည် သူ၏ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးပါလိမ့်မည်။
ဝမ်ထောင်သည် မိမိ၏ ဇနီးကို အခြားလူအား လက်ဆောင်ပေးသည့် ဇာတ်ကွက်မျိုးကို စာအုပ်များထဲတွင်သာ မြင်တွေ့ဖူးခဲ့ပြီး လက်တွေ့ဘဝတွင် ကြုံတွေ့ရခြင်းမှာ ယခုတစ်ကြိမ်က ပထမဆုံး ဖြစ်၏။ သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူက လူကောင်းတစ်ယောက် မဟုတ်ပါလား။
"မင်း... မင်းရဲ့ မိန်းမကို ငါနဲ့ အိပ်စေချင်တာ သေချာလို့လား"
ဝမ်ထောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သေချာပါတယ်"
ဆန်းဝေကွမ်းက ခေါင်းကို ပြတ်ပြတ်သားသား ညိတ်ပြလိုက်၏။
"မင်း မိန်းမရဲ့ သဘောထားကိုရော မမေးတော့ဘူးလား"
ဝမ်ထောင်က ထပ်မေးလိုက်သည်။
"မေးဖို့မလိုပါဘူး၊ ကျွန်တော်က အိမ်ထောင်ဦးစီးပဲလေ"
ဆန်းဝေကွမ်းက ခေါင်းကို မော့ကာအာမခံသည်။
"မဟုတ်သေးပါဘူး ၊ တကယ်လို့ မင်းမိန်းမက ရုန်းကန်နေရင်ကော ၊ ငါက အဓမ္မသမားဖြစ်မသွားဘူးလား"
"မဖြစ်နိုင်ပါဘူး ၊ ကျွန်တော် သူ့ကို ဆေးခတ်ထားတာပါ။ သူ မရုန်းကန်နိုင်သလို နိုးလာရင်လည်း ဘာမှ မှတ်မိမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး စိတ်ကြိုက်သာ ပျော်ပါးပါခင်ဗျ"
သူသည် ဤဆေးကို ရရှိရန်အတွက် အခြား အသက်ရှင်ကျန်ရစ်သူများထံမှ ဟန်ရွှေ၏ အစားအစာကူပွန် အမြောက်အမြားနှင့် လဲလှယ်ခဲ့ရခြင်း ဖြစ်သည်။
"..."
ဝမ်ထောင်မှာ လုံးဝ ဆွံ့အသွားခဲ့ရ၏။
ဤကဲ့သို့ ယုတ်ညံ့သော လူမျိုးကို တွေ့ဖူးခြင်းမှာ ပထမဆုံး ဖြစ်သည်။ ဟန်ရွှေသည် သူ့နောက်သို့ လိုက်ခဲ့မိခြင်းမှာ အမှန်တကယ်ပင် မျက်စိကန်းခဲ့ခြင်း ဖြစ်ရမည်။
ယနေ့ ဤနေရာသို့ ရောက်လာသူမှာ သူ ဖြစ်နေ၍ ကံကောင်းသည်ဟု ဆိုရမည်။ အကယ်၍ မရိုးသားသော ရည်ရွယ်ချက် ရှိသည့် အခြားလူတစ်ယောက်သာ ဆိုပါက ဟန်ရွှေ၏ဘဝလေး ပျက်စီးသွားပေလိမ့်မည်။
"အင်း.."
ထိုအခိုက် ကုတင်ပေါ်က ဟန်ရွှေက ရုတ်တရက် နာကျင်စွာဖြင့် ညည်းတွားသံ ပြုလုပ်လိုက်၏။
ဤသည်ကို မြင်သောအခါ ဆန်းဝေကွမ်းက ပျာပျာသလဲဖြစ်သွားသည်။
"ဟို..အဟမ်း... ကော်မတီဝင်ဝမ်... ကျွန်တော် သူ့ကို ပေးလိုက်တဲ့ ဆေးပမာဏက နည်းနည်း များသွားတယ်။ ခင်ဗျား မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် သူရဲ့ ခန္ဓာကိုယ်ကို ထိခိုက်သွားနိုင်တယ်။ကူညီပေးလိုက်ပါခင်မျာ..ကျွန်တော် အပြင်မှာ စောင့်နေပါ့မယ်"
ဝမ်ထောင်ကို ငြင်းပယ်ခွင့် မပေးဘဲ ဆန်းဝေကွမ်းက အပြင်သို့ အမြန် ပြေးထွက်သွားခဲ့ပြီး တံခါးကိုပါ သေသေချာချာ ပိတ်ပေးသွားခဲ့၏။
"..."
ဝမ်ထောင်က ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းလိုက်ပြီး ကုတင်ခြေရင်းသို့ လျှောက်သွားလိုက်သည်။
သူသည် သူတော်ကောင်းမဟုတ်သော်လည်း အခက်အခဲ ကြုံတွေ့နေရသူကို အခွင့်ကောင်းယူမည့် လူစားမျိုးတော့ မဟုတ်ပါ။ ဟန်ရွှေ၏ အခြေအနေ မည်သို့ ရှိသနည်းဆိုသည်ကိုသာ စစ်ဆေးကြည့်ချင်ခြင်း ဖြစ်သည်။
သို့သော် ဟန်ရွှေ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဝမ်ထောင် အံ့အားသင့်သွားခဲ့ရ၏။
အကြောင်းမူကား ဟန်ရွှေ၏ မျက်လုံးများ ပွင့်နေခဲ့ပြီး သူမ၏ မျက်နှာက နီမြန်းနေသော်လည်း မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နှက်နေခဲ့သောကြောင့် ဖြစ်သည်။
"ဟန်ရွှေ... ငါပြောတာ ကြားရလား။ ကြားရရင် မျက်လုံး တစ်ချက် မှိတ်ပြပါ"
ဝမ်ထောင်က တိုးတိုးလေး မေးလိုက်၏။
ဟန်ရွှေက ဝမ်ထောင်ကို စူးစိုက်ကြည့်နေခဲ့ပြီး မျက်လုံးထဲက မျက်ရည်များ စီးကျလာကာ မျက်လုံးတစ်ချက် မှိတ်ပြလိုက်သည်။
"ဒါဆို မင်း အားလုံးကို ကြားလိုက်ရတာပေါ့"
ဟန်ရွှေက မျက်လုံး ထပ်မံ မှိတ်ပြပြန်၏။
ဝမ်ထောင်က အကူအညီမဲ့စွာ ပုခုံးတွန့်ပြလိုက်သည်။
"မင်း ကြားလိုက်ရတာ ကောင်းပါတယ်။ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးနော်၊ မင်းရဲ့ယောက်ျားက အားလုံးကို လုပ်ခဲ့တာ"
ဟန်ရွှေက မျက်လုံး ထပ်မံ မှိတ်ပြပြန်၏။
"ဒီဆေးက ခဏနေရင် ပြယ်သွားမှာ မဟုတ်လား။ တကယ်လို့ မပြယ်ရင် ဆရာဝန် သွားရှာပေးရမလား"
ဝမ်ထောင်က သူမ၏သဘောထားကို မေးလိုက်သည်။သူမ နိုးနေပြီဖြစ်သောကြောင့် ကူညီရ ပိုလွယ်သွားလေပြီ။
ယခုတစ်ကြိမ်တွင် ဟန်ရွှေက မျက်လုံး မမှိတ်တော့ချေ။ ထို့ပြင် ခဏမျှ စောင့်ဆိုင်းပြီးနောက် သူမ၏ ပါးစပ်ကို ဟလိုက်၏။ ဝမ်ထောင်က သူမ ဘာပြောနေသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း ကြားရရန်အတွက် အနီးသို့ တိုးကပ်လိုက်သည်။
ဟန်ရွှေက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်ထောင်၏ လည်ပင်းကို အားနည်းစွာဖြင့် ဖက်တွယ်လိုက်၏။ သူမသည် စိတ်ပျက်အားလျော့စွာဖြင့် မျက်လုံးများကို ပိတ်ထားခဲ့ပြီး မျက်ရည်များက မျက်ဝန်းထောင့်မှ စီးကျလာခဲ့သည်။
"ကျွန်... ကျွန်မ အရမ်းပူပြီး ခံစားရခက်နေတယ်..."
"ကျွန်မကို ကူညီပါ..."
"ဟင်.."
ဟန်ရွှေ၏ အသံမှာ အားနည်းလွန်းသော်လည်း သူမ၏ လက်များက ဝမ်ထောင်၏ လည်ပင်းကို အသက်ရှူမှားလောက်အောင် တင်းကျပ်စွာ ဖက်တွယ်လာ၏။ ဝမ်ထောင်က သူမကို တွန်းထုတ်ရန် ပြင်လိုက်သော်လည်း ဟန်ရွှေ၏ မျက်လုံးများထဲက အရူးအမူး ဆာလောင်နေသည့် အကြည့်တို့က သူ့ကို တန့်သွားစေသည်။
ဝမ်ထောင်သည် သူမ၏လက်များကို ဖယ်ရှားရန် ကြိုးစားရင်းမှ သတိပေးလိုက်၏။
"ဟန်ရွှေ... ဒါက မင်းအတွက် မဟုတ်ဘူး၊ ငါ ဒီလိုမျိုး အခွင့်ကောင်းယူတဲ့ လူစားမျိုး လည်း မဟုတ်ဘူး"
သို့သော် သူမသည် သူ့စကားကို နားမထောင်တော့ဘဲ ပိုမိုတိုးကပ်လာကာ သူမ၏ နှုတ်ခမ်းတို့က ဝမ်ထောင်၏ လည်ပင်းအောက်သို့ အတင်းတိုးဝင်လာသည်။
သူမ၏ အကြည့်များတွင် အရှက်ကွဲရခြင်း၏ ဒေါသနှင့်အတူ ယောက်ျားတစ်ယောက်၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည့် နာကျည်းမှုတို့က ရောထွေးနေ၏။ အဆိုးဆုံးကတော့ လိုအပ်သည်ထက်ပိုနေသော ဆေးပမာဏကို သောက်မိထားခြင်းပင် ။ သူမသည် ထိန်းချုပ်မှုတို့ လုံးဝကင်းမဲ့နေလေပြီ..။
ဟန်ရွှေ၏ မျက်ရည်များရီဝေနေသောမျက်လုံးများက ဆာလောင်မှုနှင့်အတူ ကြေကွဲနေပုံရ၏။
"သူ... သူကတောင် ကျွန်မကို ပစ္စည်းတစ်ခုလို လက်ဆောင်ပေးနေပြီ။ရှင်က ယောက်ျားမဟုတ်ဘူးလား ၊ ဘာလဲ ရှင်ကြောက်နေတာလား "
ထိုစကားက ဝမ်ထောင်၏ ဒေါသကိုဖျင်းခနဲဖြစ်သွားစေသည်။ ဝမ်ထောင်၏ မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူသည် သူမ၏ မျက်နှာကို လက်ဖြင့် အတင်းမော့လိုက်စေပြီး မျက်လုံးချင်း ဆုံလိုက်၏။
"မင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်။ ဒါကို လုပ်ပြီးရင် မင်း နောက်ပြန်လှည့်လို့ မရတော့ဘူး"
သူ၏ အသံက ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် တိုးညှင်းနေသည်။ ဟန်ရွှေက ဖြေမည့်အစား ဝမ်ထောင်၏ ရှပ်အင်္ကျီကို ဆွဲဖြဲလိုက်ပြီး သူမ၏ အသိစိတ်တို့ကို လွှတ်ချလိုက်၏။ အခန်းထဲရှိ လေထုက ရုတ်တရက် အပူချိန်တက်လာပြီး သူတို့နှစ်ဦးကြားက ထိန်းချုပ်ထားသမျှ အရာအားလုံး ပြိုလဲသွားတော့သည်။
ဟန်ရွှေ၏ မျက်ဝန်းများထဲတွင် ရှက်ရွံ့မှုနှင့်အတူ တစ်စုံတစ်ခုကို အနိုင်ယူလိုသော အငြိုးအတေးတို့ကလည်း ရောထွေးနေသည်။ ဝမ်ထောင်သည် သူမ၏ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ချေ။ အရှက်ကွဲရခြင်း၊ နာကျင်ရခြင်းနှင့် ဆေး၏ပြင်းထန်သောလွှမ်းမိုးမှုကြောင့် အသိစိတ်လွတ်နေသော ဟန်ရွှေ၏ အပြုအမူတို့က ဝမ်ထောင်၏ ကာကွယ်ထားသော ခံတပ်ကို တစ်စစီ ပြိုလဲသွားစေတော့သည်။
"ဟန်ရွှေ..မင်း ရူးနေပြီ..."
ဝမ်ထောင်က သွားကြားထဲမှ တိုးတိုးလေး ညည်းတွားလိုက်သည်။ သို့သော် သူ၏ လက်တို့ကမူ သူမကို တွန်းထုတ်မည့်အစား ဟန်ရွှေ၏ ခါးကို ပိုမိုတင်းကျပ်စွာ ဆွဲသွင်းလိုက်သည်။ ဝမ်ထောင်၏ မျက်လုံးများထဲတွင် ယခုအခါ အတားအဆီးများ မရှိတော့ဘဲ တိရစ္ဆာန်ဆန်သော ပိုင်ဆိုင်လိုမှုတို့က လောင်မြိုက်နေလေပြီ။ သူသည် ဟန်ရွှေ၏ နှုတ်ခမ်းကို ပြန်လည် ဖိကပ်လိုက်စဉ်တွင် သူမ၏ ညည်းညူသံတို့က အခန်းထဲရှိ လေထုကို ပို၍ပင် ပူလောင်လာစေသည်။
ဟန်ရွှေသည် ဝမ်ထောင်၏ အထိအတွေ့အောက်တွင် ဝမ်းနည်းနာကျင်မှုနှင့် ပျော်ရွှင်မှုတို့၏ အထွတ်အထိပ်ကို ခံစားလိုက်ရသည်။ သူမသည် ရွဲ့ချင်စိတ်နှင့်အတူ ယောက်ျားတစ်ယောက်၏ပစ်ပယ်ခံရမှုကို ပြန်လည် လက်စားချေလိုသည့် ဆန္ဒတို့ကြောင့် သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်တွယ်ထား၏။
တံခါးအပြင်ဘက်တွင် သူမ၏ လင်ယောက်ျား နားထောင်နေသည်ဆိုသည့် အသိက သူမကို အရှက်ရစေသော်လည်း၊ ထိုရှက်စိတ်ကပင် သူမ၏ ဆန္ဒကို ပို၍ ပြင်းထန်လာစေသည်။ အရာအားလုံးသည် ထိန်းချုပ်မရတော့သော အရှိန်အဟုန်ဖြင့် အဆုံးစွန်ထိ မှောက်မှားသွားကြတော့သည်။
တစ်နာရီကျော်ကျော်ခန့် ကြာပြီးနောက်။
ဟန်ရွှေသည် ဆံပင်များ ရှုပ်ပွလျက် ဝမ်ထောင်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေခဲ့ပြီး သူမ၏ မျက်လုံးများက နီမြန်းကာ ဖောင်းအစ်နေ၏။ထို့အတူ အကြည့်များက လည်း ဗလာကျင်းလျက် ငေးငိုင်နေလေသည်။
အလွန်ကူညီတတ်သူကြီးဝမ်ထောင်ကတော့ အတူတူ နေထိုင်ပြီးနောက် သောက်လေ့ရှိသည့်အကျင့်အတိုင်း စီးကရက်တစ်လိပ်ကို ပါးစပ်တွင် ခဲထားခဲ့သော်လည်း မီးမညှိခဲ့ချေ။ သူသည် ဆေးလိပ်မသောက်တတ်ပါ ။ ထိုခံစားချက်ကိုသာ လိုချင်ခြင်း ဖြစ်သည်။
ထို့နောက် ဝမ်ထောင်က ဟန်ရွှေ၏ နဖူးပေါ်တွင် ကပ်ငြိနေသော ဆံစများကို သာသာယာယာ သပ်တင်ပေးလိုက်ရာ သူမ၏ သနားစဖွယ် ကောင်းလှသော ဖြူဖျော့ဖျော့ မျက်နှာလေး ထွက်ပေါ်လာခဲ့၏။
"မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
"..."
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ရွှေက နောက်ဆုံးတွင် တိုးတိုးလေး ရေရွတ်လိုက်၏။
"ကျွန်မ သေချင်တယ်၊ ဒါပေမဲ့ အသက်ရှင်ဖို့အတွက် ကျွန်မ ဒီလောက်တောင် ကြိုးစားခဲ့ရတာ... မသေနိုင်ပြန်ဘူး... ကျွန်မ ရှင့်ကို မမုန်းပါဘူး၊ ကျွန်မကို ကျွန်မနဲ့ သူ့ကိုပဲ မုန်းတယ်... ဒါပေမဲ့ ကျွန်. ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး..."
"ဘာလုပ်ရမှန်း မသိဘူး ဟုတ်လား။ ဒါဆို ငါ့ကိုပဲ ကိုင်တွယ်ခွင့် ပေးလိုက်—"
ဝမ်ထောင် စကားမဆုံးမီ ဟန်ရွှေက ဖြတ်ပြောလိုက်၏။
"မလိုဘူး။ ကျွန်မဘာသာပဲ ကိုင်တွယ်ပါ့မယ်..."
ဟန်ရွှေ၏ ငေးငိုင်နေသော မျက်လုံးများကို ကြည့်ပြီး ဝမ်ထောင်အနေဖြင့် သူမ ၎င်းကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါ့မလား မသေချာချေ။ သို့သော် သူသည် သူမ၏ ဆန္ဒကို လေးစားရန် ရွေးချယ်လိုက်သည်။
"ကောင်းပြီလေ"
ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် အဝတ်အစား ဝတ်ဆင်ရန် ထလိုက်၏။
ဟန်ရွှေက ဝမ်ထောင်ကိုသာ စိုက်ကြည့်နေခဲ့ပြီး ဘာမျှ မပြောခဲ့ချေ။
အဝတ်အစား ဝတ်ဆင်ပြီးနောက် ဝမ်ထောင်က ဟန်ရွှေကို စောင်သေသေချာချာ ခြုံပေးလိုက်ပြီး မျက်ဝန်းထောင့်က မျက်ရည်စများကို အသာအယာ သုတ်ပေးလိုက်ကာ တံခါးကို ဖွင့်၍ အခန်းထဲက ထွက်ခွာလာခဲ့သည်။
ဝမ်ထောင် ထွက်သွားသည်နှင့် ဟန်ရွှေသည် စောင်ထဲတွင် ခေါင်းနှစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ သို့သော် သူမ၏ မျက်ရည်များက ခန်းခြောက်သွားခဲ့ပြီဖြစ်ရာ သူမ ထပ်မံ မငိုကြွေးနိုင်တော့ချေ...။
အပြင်ဘက်တွင်တော့ ဝမ်ထောင် ထွက်လာသည်ကို မြင်သောအခါ ဆန်းဝေကွမ်းက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
တစ်နာရီကျော်တောင်လား။ ဒါက လူသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မှ ဟုတ်ရဲ့လား။ ငါ့မိန်းမက ဒီလို ပြင်းထန်တဲ့တိုက်ခိုက်မှုကို ဘယ်လိုများ .....
. "အဟမ်း... ကော်မတီဝင်ဝမ်.. ကျွန်တော်မိန်းမကို သဘောကျရဲ့လား"
ဆန်းဝေကွမ်းက တိုးတိုးလေး မေးလိုက်၏။
ယခုအချိန်တွင် သူကိုယ်တိုင်ပင် အနည်းငယ် အရှက်မရှိသလို ခံစားရသော်လည်း ဟန်ရွှေက သူ့ကို စွန့်ပစ်တော့မည်ဟု တွေးတောကာ သူမကို သူ၏ "ရာထူး" နှင့် လဲလှယ်လိုက်ခြင်းက မရှုံးဟု ခံစားရသည်။
ဝမ်ထောင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
ဝန်မခံသော်လည်း သူ အလွန် သဘောကျမိပါသည် ။ ဟန်ရွှေနှင့် တင်ယွီချင်တို့က လုံးဝ ကွဲပြားခြားနားသော စတိုင်များ ရှိကြ၏။
သို့သော် ဤသည်ကို သူကိုယ်တိုင် သိရှိလျှင် လုံလောက်ပြီဖြစ်ရာ အခြားလူများနှင့် မျှဝေရန် မလိုအပ်ပေ။ သူက ဆန်းဝေကွမ်းကို" မင်းမိန်းမက အရမ်းကောင်းတယ်" ဟု ပြောရမည်လား ။
အဟမ်း... အမှန်တိုင်း ပြောရလျှင် ပြောလို့ရလျှင်ပင် သူမပြောပါ။
ဝမ်ထောင် စကားမပြောသည်ကို မြင်သော်လည်း ဆန်းဝေကွမ်းက ဂရုမစိုက်ချေ။ အကယ်၍ ဝမ်ထောင် သဘောမကျပါက အခန်းထဲတွင် တစ်နာရီကျော်ကြာ သေချာပေါက် နေထိုင်မည် မဟုတ်ပေ။
"ငါ ပြန်တော့မယ်။ မင်းရဲ့ အလုပ်ပြောင်းမယ့် ကိစ္စကတော့... ငါ စဉ်းစားပေးပါ့မယ်"
ဝမ်ထောင်က တွန့်ဆုတ်အားနာနေသည့် အရိပ်အယောင်မျိုး လုံးဝ မပြဘဲ တိုက်ရိုက် လှမ်းထွက်သွားခဲ့သည်။
"ဂရုစိုက်ပါ၊ အားတဲ့အချိန်ကျရင် ခဏခဏ လာခဲ့ပါဦး"
ဝမ်ထောင်ကို မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် အောက်ထပ်အထိ လိုက်လံ ပို့ဆောင်ပြီးနောက် ဆန်းဝေကွမ်းက အိမ်သို့ အမြန် ပြန်ပြေးလာခဲ့၏။
အိပ်ခန်းထဲတွင် ဟန်ရွှေက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်သောအခါ သူ အခန်းထဲက ပြန်ထွက်လာခဲ့ပြီး အိမ်ကနေ ချက်ချင်း ထွက်ခွာသွားတော့သည်။
"အိုရင်းရင်းရဲ့ နေရာကို သွားရမယ်"
အိုရင်းရင်းနှင့် ရှိနေမှသာ သူသည် ယောက်ျားတစ်ယောက်၏ ယုံကြည်မှုကို ပြန်လည် ရှာဖွေနိုင်မည် ဖြစ်၏...။
နောက်တစ်နေ့သို့ ရောက်သောအခါ...
မိမိ၏ ပုဆိန်ပေါက်စွမ်းရည် သိသိသာသာ တိုးတက်လာသည်ကို ကြည့်ပြီး ဝမ်ထောင် အတော်လေး ကျေနပ်မိသည်။
သူ၏ လျှို့ဝှက်စွမ်းရည် ဖြစ်သော ခန္ဓာကိုယ်အားကောင်းစေခြင်းက သာမန် လေ့ကျင့်ခန်းများတွင်တင် မကဘဲ ပစ္စည်းများ ပစ်ပေါက်ခြင်း ကဲ့သို့သော လေ့ကျင့်မှုများတွင်လည်း အချို့သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပုံရလေ၏။
နေ့စဥ်လိုလို လေ့ကျင့်ပြီးနောက် သူသည် ပစ်တိုင်း ထိသည်ဟု မပြောနိုင်သော်လည်း အနီးကပ်နှင့် အလယ်အလတ် အကွာအဝေးတွင်မူ သူ၏ ပစ်ပေါက်ခြင်းက အနည်းဆုံးတော့ အလွန် တိကျလှသည်။ ခြေထောက်ကြားကို ချိန်သော်လည်း လက်ကို ထိမှန်သွားသည့် အနေရခက်သော အခြေအနေမျိုး ထပ်မံ ဖြစ်ပေါ်လာတော့မည် မဟုတ်ပါ။
ယခုအခါ သူသည် ပေါက်ပုဆိန်များကို မည်သို့ အသုံးပြုရမည်ကို အနည်းငယ် ကျွမ်းကျင်သွားပြီဟု ဆိုနိုင်လေပြီ။
"ပေါက်ပုဆိန်တွေက ကောင်းမွန်ပေမဲ့ လေးမြားနဲ့ ယှဉ်ရင်တော့ နည်းနည်း လိုအပ်ချက် ရှိနေသေးတယ်လို့ ခံစားရတယ်..."
သူ့တွင် ရှိသော မီးသတ်ပုဆိန် ပမာဏက ကန့်သတ်ချက် ရှိပြီး တစ်ခါတည်းနှင့် အများကြီး သယ်ဆောင်သွားရန် မလွယ်ကူချေ။ သို့သော် လေးနှင့်မြားကမူ ကွဲပြားလိမ့်မည်။အနည်းဆုံးတော့ သူက မြားတောင့်တစ်တောင့်ကို သယ်ဆောင်သွားနိုင်ပြီး လေးကို အသုံးပြုခြင်းက စွမ်းအင် ပိုမို သက်သာစေလိမ့်မည် ဖြစ်သည်။
ဖျက်ဆီးနိုင်စွမ်းနှင့် ပတ်သက်၍မူ ခေတ်မီလေးများ၏ စွမ်းအားက နည်းပါးမည် မဟုတ်ချေ။ အထူးသဖြင့် ဆန်းဝေကွမ်း ပြောပြခဲ့သော သူ၏ သူငယ်ချင်းထံက လေးက အလွန် ဈေးကြီးလှသဖြင့် အရည်အသွေးက သေချာပေါက် ကောင်းမွန်ရပေမည်။
"နောက်ရက်အနည်းငယ်အတွင်း အားတဲ့အချိန်ကျရင် အဲဒီကို တစ်ခေါက် သွားကြည့်ရမယ်..."
ဝမ်ထောင်က မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။
ဆန်းဝေကွမ်း ပြောပြခဲ့သော နေရာက စခန်းနှင့် ဝေးကွာသော်လည်း ငါးကီလိုမီတာ သို့မဟုတ် ခြောက်ကီလိုမီတာခန့်သာ ရှိ၏။ ၎င်းသည် ဟက်ပီးနပ်စ်နေရပ်ကွက်မှ ရွှေကျဲစခန်းသို့ သူ လာခဲ့သည့် အကွာအဝေးနှင့် အတူတူပင် ဖြစ်ပြီး ထိုစဉ်က သူ အဆင်ပြေပြေ ရောက်ရှိခဲ့သည်။ ဤအကွာအဝေးကသေချာပေါက် အန္တရာယ် ရှိသော်လည်း ကမ္ဘာပျက်ကပ်ခေတ်တွင် မည်သည့်နေရာက အန္တရာယ် မရှိဘဲ နေမည်နည်း။ အကယ်၍ ၎င်းက အလွန် ပြင်းထန်သော အန္တရာယ်မျိုး မဟုတ်ပါက အဆင်ပြေနိုင်သည်။
ဝမ်ထောင်သည် အိမ်တွင် ပုဆိန်ပေါက်ခြင်းကို ဆက်လက် လေ့ကျင့်နေခဲ့သည်။ သူသည် နောက်ထပ် တစ်ရက်ခန့် ထပ်မံလေ့ကျင့်ရန် စီစဉ်ထား၏။ မနက်ဖြန်ကျမှသာ သူ အပြင်ထွက်၍ သူ၏ စွမ်းရည်များကို စမ်းသပ်မည် ဖြစ်သည်။
ညပိုင်းသို့ ရောက်သောအခါ..
ဟန်ရွှေသည် သူမ ကတိပေးထားသည့်အတိုင်း ဝမ်ထောင်၏ အိမ်သို့ ရောက်ရှိလာခဲ့၏။
သူမသည် ဝမ်ထောင်ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိသဖြင့် အမှန်တိုင်း ပြောရလျှင် မလာချင်ခဲ့ချေ။
ထိုကိစ္စတွင် ဆန်းဝေကွမ်းက အရာအားလုံးကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဝမ်ထောင်က တမင်တကာ ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း အမှန်တရားက ရှိနေဆဲ ဖြစ်သည်။ သူမနှင့် ဝမ်ထောင်တို့သည် အမှန်တကယ်ပင် မဖြစ်သင့်သောဆက်ဆံရေး ရှိခဲ့ကြပြီး သူမ၏ လင်ယောက်ျားက တံခါးဝတွင်ပင် နားထောင်နေခဲ့သေး၏... ထိုအကြောင်းကို တွေးမိတိုင်း သူမ အလွန် အရှက်ရလှသဖြင့် မြေကြီးထဲသို့သာ တိုးဝင်သွားချင်မိတော့သည်။
သို့သော် သူမသည် ထိုဗီဒီယိုများကို ဘယ်သူ ရိုက်ကူးခဲ့သလဲဆိုသည်ကိုလည်း အလွန် သိချင်နေမိ၏။
ဆန်းဝေကွမ်းအတွက် အပြစ်ကို လွှဲပြောင်းယူမည့် အစီအစဉ်နှင့် ပတ်သက်၍မူ... ဟန်ရွှေက ရုတ်တရက် ထပ်မံ တွေဝေသွားခဲ့ရသည်။
သူမသည် ဆန်းဝေကွမ်း၏ များပြားလှသော အပြစ်အနာအဆာများကို အမြဲတမ်း သိထားခဲ့သော်လည်း သူ့အပေါ် ဆက်လက် သည်းခံရန် မညိုညင်ခဲ့ပါ။ လူတိုင်းတွင် အပြစ်များ ရှိကြပြီး သူမတွင်လည်း ရှိနေသဖြင့် ၎င်းကို ရှောင်လွှဲ၍ မရနိုင်ချေ။ သူတို့သည် လင်မယားများ ဖြစ်ကြပြီး လက်တွဲ၍ ဘဝကို ဖြတ်သန်းကြရမည် ဖြစ်ရာ အကယ်၍ တစ်ယောက်၏ အပြစ်ကို တစ်ယောက်က မသည်းခံနိုင်ပါက ရှေ့ဆက်လှမ်းရန် ခက်ခဲပေလိမ့်မည်။
သို့သော် သူမသည် ဆန်းဝေကွမ်းအတွက် အရာအားလုံးကို ပြုလုပ်ပေးခဲ့သည့်အပြင် သူ့အတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ချန်ထားခဲ့ရန် စခန်းကနေ ကိုယ့်ဘာသာ ထွက်ခွာသွားရန်ပင် ဆုံးဖြတ်ခဲ့သော်လည်း သူကမူ မိမိ၏ အနာဂတ်အတွက် သူစိမ်းတစ်ယောက်ထံသို့ သူ၏ ဇနီးကို ထိုးပေးပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဟန်ရွှေသည် အမှန်တကယ်ပင် စိတ်ပျက်အားလျော့ကာ နာကျည်းမိသော်လည်း ဆန်းဝေကွမ်းကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသေးပါ။ အကြောင်းမူကား သူမသည် တစ်သက်လုံး ကောင်းမှုများကိုသာ ပြုလုပ်ခဲ့ပြီး မှန်ကန်သောအရာများကိုသာ လုပ်ဆောင်ခဲ့သဖြင့် မိမိနှင့် အနီးစပ်ဆုံး လူတစ်ယောက်၏ သစ္စာဖောက်မှုကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ဘဲ ၎င်းကို မည်သို့ ဖြေရှင်းရမည်ကို မသိသောကြောင့် ဖြစ်လေသည်။
. "မင်း ရောက်လာပြီပဲ။ ထိုင်ပါဦး"
ဝမ်ထောင်က ဟန်ရွှေကို သူ့ရှေ့တွင် ထိုင်ရန် အမူအရာ ပြလိုက်သည်။
ဟန်ရွှေသည် အမြဲတမ်း မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသောလူတစ်ယောက် ဖြစ်ခဲ့ပြီး စခန်းကော်မတီဝင်များ၏ ရှေ့တွင်ပင် ၎င်းတို့၏ အကြည့်များကို တမင်တကာ ရှောင်လွှဲလေ့ မရှိချေ။ သို့သော် ယခုအခါ ဝမ်ထောင်၏ မျက်လုံးများကို စူးစိုက်ကြည့်ရန် အသာထားဦး၊ သူမသည် မိမိ၏ သဘောဆန္ဒအလျောက် သူ့ကို ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။
ဝမ်ထောင်အပေါ် ထားရှိသော သူမ၏ ခံစားချက်က အလွန် ရှုပ်ထွေးလှပေသည်။
ယခင်က ဝမ်ထောင်သည် သူမ၏ ကယ်တင်ရှင် ဖြစ်ခဲ့သဖြင့် သူ့အပေါ် နက်ရှိုင်းသော ကျေးဇူးတရား ရှိခဲ့၏။ နောက်ပိုင်းတွင် ဝမ်ထောင်က သူမနှင့်အတူ တိုက်ပွဲဝင်ခဲ့သဖြင့် သူသည် မိမိ၏ အသက်ကိုပါ ပုံအပ်နိုင်သည့် ယုံကြည်ရသော အသင်းဖော်တစ်ယောက် ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ယခုအခါ ဝမ်ထောင်က မမျှော်လင့်ဘဲ သူမနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ပြန်ရာ သူမ... ဘာလုပ်ရမှန်း အမှန်တကယ် မသိတော့ချေ။ သို့သော် ထူးဆန်းသည်မှာ သူမသည် ဝမ်ထောင်ကို မမုန်းတီးမိခြင်းပင်။
"မင်း ဘယ်လို ဖြေရှင်းခဲ့လဲ"
ဝမ်ထောင်က အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
သူ ပြောဆိုသော "ဖြေရှင်းခြင်း" မှာ ဆန်းဝေကွမ်းက သူမကို ဆေးခတ်ခဲ့သည့် ကိစ္စကို သဘာဝကျကျ ရည်ညွှန်းခြင်း ဖြစ်၏။
"ကျွန်မ. သူ့ကို စကားတစ်ခွန်းမှ မပြောရသေးဘူး..."
ဟန်ရွှေက အနည်းငယ် အနေရခက်စွာ စကားဆိုလိုက်သည်။
သူမသည် အရင်က ဘယ်တော့မှ ထွက်မပြေးခဲ့ဖူးချေ ၊ ထွက်ပြေးခြင်းက ရှက်စရာကောင်းသည်ဟု သူမ ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါ သူမသည် ထွက်ပြေးရန် ရွေးချယ်ခဲ့၏။ ထွက်ပြေးခြင်းက ရှက်စရာကောင်းသော်လည်း အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိလှသည်.။
" သူ့ကို စကားမပြောဘူး ဟုတ်လား။ ဒါပဲလား"
ဝမ်ထောင် အနည်းငယ် ဆွံ့အသွားခဲ့ရ၏။ ဤသည်က သူမ ကိုယ့်ဘာသာ ကိုင်တွယ်မည်ဟု ပြောဆိုခဲ့သည့် အဓိပ္ပာယ်လား။
"..."
ဝမ်ထောင်၏ အမေးကြောင့် ဟန်ရွှေမှာ ပို၍ အရှက်ရသွားခဲ့ရသည်။ အနေရခက်မှုကို လျှော့ချရန်အတွက် သူမက အကြောင်းအရာကို ပြောင်းလဲရန် စတင် လှုံ့ဆော်လိုက်၏။
"အဲဒါ... အဲဒီလူ ရောက်လာပြီလား"
ဝမ်ထောင်က တိုက်ရိုက် မဖြေပါ။
"မင်း မနေ့က ငါ့ကို ပြောခဲ့တဲ့ စကားတွေအားလုံးက အမှန်ပဲလား။ မင်း အသင်းဖော် နှစ်ယောက်ကို တကယ်ပဲ တွန်းချခဲ့တာလား။ ပြီးတော့ တစ်ယောက်ယောက်က အဲဒါကို ဗီဒီယိုရိုက်ထားတာလား"
"ဟုတ်ပါတယ်"
ဟန်ရွှေက ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ဝန်ခံလိုက်၏။
"ခေါင်းမော့ပြီး ငါ့ကို ကြည့်စမ်း"
ဝမ်ထောင်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
ဟန်ရွှေသည် အသိစိတ်မရှိသလို အမှတ်တမဲ့ ခေါင်းမော့လိုက်ရာ သူမ၏ မျက်လုံးများက အနည်းငယ် နီမြန်းကာ ဖောင်းအစ်နေဆဲရှိလေ၏။ ထို့နောက် ဟန်ရွှေသည် ဝမ်ထောင်က သူမ မှတ်မိနေသည်ထက် ပို၍ ကြည့်ကောင်းနေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
သို့သော် သုံးစက္ကန့်မျှ မပြည့်မီမှာပင် ဟန်ရွှေက အကြည့်ကို ပြန်လည် လွှဲဖယ်လိုက်ပြန်၏။
"ငါ မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်၊ မင်း မနေ့က ပြောခဲ့တာတွေက အမှန်ပဲလား။ အဖြေပေးဖို့ မလောပါနဲ့၊ စဉ်းစားဖို့ မင်းကို အချိန်ပေးပါ့မယ်။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို သေသေချာချာ စဉ်းစားပါ... ပြီးရင် ငါ့မျက်လုံးကို ကြည့်ပြီး ဖြေပေးပါ။ ငါတို့တွေက သေအတူရှင်အတူ ဖြတ်သန်းခဲ့ကြတဲ့ အဖော်တွေဖြစ်လို့ ငါ လိမ်လည်လှည့်ဖြားတာကို မခံချင်ဘူး"
"..."
ဟန်ရွှေ၏ မျက်နှာပေါ်တွင် ရုန်းကန်မှုများ ဖြစ်ပေါ်လာပြီး သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက် ပြန်လွှတ်လိုက် ပြုလုပ်နေခဲ့သည်။ ဝမ်ထောင်က သူမကို မည်သည့် တွန်းအားမျှ မပေးဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရဘဲ ဟန်ရွှေက ရုတ်တရက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ခံစားရသော်လည်း သိသိသာသာစိတ်အေးသွားခဲ့ရ၏။
သူမ ခေါင်းမော့လိုက်ပြီး ဝမ်ထောင်၏ မျက်လုံးများကို ရဲရဲဝံ့ဝံ့ စူးစိုက်ကြည့်ကာ အနည်းငယ် တောင်းပန်သည့် လေသံဖြင့် စကားဆိုလိုက်သည်။
"ဆောင်းရီးပါ... ကျွန်မ ရှင့်ကို လိမ်ခဲ့မိတယ်။ အမှန်တော့ အသင်းဖော်တွေကို သတ်ခဲ့တာ ကျွန်မ မဟုတ်ပါဘူး၊ အဲဒါ ဆန်းဝေကွမ်းပါ..."
ဟန်ရွှေက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို အတိအကျ ပြောပြလိုက်ပြီး သူမ၏ လက်ထဲက ဖုန်းကိုပင် ထုတ်ယူ၍ ဝမ်ထောင်ကို ပြသလိုက်၏။
ဝမ်ထောင်က ဖုန်းကို မကြည့်ဘဲ ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတယ်၊ ဒါမှ ငါသိတဲ့ ဟန်ရွှေပဲ"
"ရှင်.. ရှင် ကျွန်မကို ယုံတာလား"
ဟန်ရွှေ အနည်းငယ် မယုံနိုင်သလို ဖြစ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရှင်းပြချက်က အပြစ်ကို အခြားသူအပေါ် လွှဲချနေသလိုမျိုး ဖြစ်နေသောကြောင့်ပင် ။ ပုံမှန်အားဖြင့် ဤသည်ကို ကြားရသော မည်သူမဆို အသေးစိတ် အချက်အလက်များကို မေးမြန်းကြမည် သို့မဟုတ် သူမ၏ ဖုန်းကို ကြည့်ရှုချင်ကြမည် ဖြစ်၏။ သို့သော် ဝမ်ထောင်ကမူ ဘာမျှမလုပ်ဘဲ သူမကို တိုက်ရိုက် ယုံကြည်ပေးခဲ့သည်။
ဟန်ရွှေ ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူမ၏ လင်ယောက်ျားက သူမကို မယုံကြည်ချင်သော်လည်း သူမကို ယုံကြည်ပေးရန် ဆန္ဒရှိသည့် လူတစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် ထိုစိတ်လှုပ်ရှားဖွယ် ခံစားချက်က လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ထောင်က ပြောလိုက်သည်မှာ
"သေချာတာပေါ့၊ ငါ မင်းကို ယုံတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီဗီဒီယိုကို ရိုက်ခဲ့တဲ့လူက ငါကိုယ်တိုင် ဖြစ်နေလို့ပဲ"
"..."
ဟန်ရွှေ အနည်းငယ် ကြောင်အသွားခဲ့ရ၏။
"နေဦး၊ ရှင် ပြောလိုက်တာက ဗီဒီယိုကို မြင်ဖူးတာ မဟုတ်ဘဲ ရှင်ကိုယ်တိုင် ရိုက်ခဲ့တာ.. ဟုတ်လား"
ဝမ်ထောင်က ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ ငါ ရိုက်ခဲ့တာ။ ငါလည်း အဲဒီအချိန်တုန်းက ရေပေးဝေရေးစက်ရုံမှာ ရှိနေခဲ့တာ၊ ပျက်စီးနေတဲ့ အမြင့်ဆုံး အဆောက်အအုံထဲမှာလေ"
"..."
အကယ်၍ ဆန်းဝေကွမ်းသာ ဝမ်ထောင်၏ စကားကို ကြားရပါက ဝမ်ထောင် ဘာကြောင့် ၎င်းတို့ကို မကူညီခဲ့သလဲဆိုပြီး သေချာပေါက် အပြစ်တင်မိပေလိမ့်မည်။
သို့သော် ဟန်ရွှေကမူ သူမ၏ အသုံးမကျသော လင်ယောက်ျားနှင့် မတူပေ။ ဟန်ရွှေ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် အနည်းငယ် အံ့ဩတုန်လှုပ်စွာဖြင့် မှတ်ချက်ပြု၏။
"ကျွန်မတို့တွေ အဲဒီတုန်းက အဲဒီအဆောက်အအုံဆီကို သွားဖို့ နီးစပ်ခဲ့သေးတယ်... တကဟိလို့ သွားခဲ့မိရင် ကျွန်မတို့တွေ စောစော ကြုံတွေ့ခဲ့ကြမှာ—"
ဟန်ရွှေ တစ်ခုခုကို ရုတ်တရက် သတိရသွားပုံရပြီး လျင်မြန်စွာ ဖြည့်စွက်ပြောလိုက်သည်။
"ဒါဆိုရင် ရှင် ကျွန်မကို သိနေတာ ကြာပြီပေါ့ ဟုတ်လား။ ဒါဆို ကုန်သွယ်ရေးလမ်းမမှာ ဒုတိယအကြိမ် တွေ့တုန်းက ရှင် ကျွန်မကို ကယ်တင်ခဲ့ရတဲ့ အကြောင်းရင်းက..."
"မှန်တယ်၊ အဲဒါက ငါ မင်းကို မြင်ဖူးပြီး မင်းရဲ့ အရည်အချင်းကို သိလို့ပဲ။ မင်းက ကယ်တင်ဖို့ ထိုက်တန်တယ်လို့ ငါ ခံစားရလို့ ကယ်တင်ခဲ့တာ။ တကယ်လ်ု့ မင်းရဲ့ အသုံးမကျတဲ့ ယောက်ျားသာ ဆိုရင်တော့ ငါ ကယ်မှာ မဟုတ်ဘူး"
ဝမ်ထောင်က မျက်နှာမနီဘဲ လိမ်ညာလိုက်၏။ သူ ဟန်ရွှေကို ကယ်တင်ခဲ့စဉ်က သူမ၏ ကောင်းမွန်သော အရည်အချင်းက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သော်လည်း အခြားအကြောင်းရင်းတစ်ခုမှာ ဟန်ရွှေက စွမ်းရည်ရှင်တစ်ယောက် ဖြစ်သဖြင့် အခြားစွမ်းရည်ရှင်များ မည်သို့ ရှိသနည်းဆိုသည်ကို သိရှိချင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းက သူ့အတွက် အဆင်ပြေပြေ လုပ်ဆောင်နိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်၏။အသက်အန္တရာယ်ရှိမည်ဆိုလျှင် သူက လှုပ်ရှားမည်မဟုတ်ပါ။
သို့သော် သူ၏စကားများက အန္တရာယ်မရှိသော မရိုးသားမှု သက်သက်သာ ဖြစ်ပေသည်။နေရာတိုင်းတွင် မည်သူက အမှန်အတိုင်း ပြောကြမည်နည်း။
သူ၏စကားများကို ကြားရသောအခါ ဟန်ရွှေ၏ မျက်နှာလေးက အနည်းငယ် နီမြန်းသွားခဲ့၏။ ရှက်သွေးဖြာခြင်းကြောင့် မဟုတ်ဘဲ အရှက်ရခြင်းကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ယနေ့မတိုင်မီက ဝမ်ထောင်ကို လိမ်ညာခဲ့မိသည် မဟုတ်ပါလား... ဝမ်ထောင်က သူမ၏ယောက်ျားကို အသုံးမကျသောလူဟု ခေါ်ဆိုခြင်းနှင့် ပတ်သက်၍မူ ဟန်ရွှေက ထိုအမှန်တရားကို လက်ခံထားပြီးသားဖြစ်သဖြင့် လျစ်လျူရှုထားလိုက်သည်။
"ဒါဆို ရှင် အဲဒီတုန်းက ဘယ်လို ထွက်ခွာသွားတာလဲ"
ဟန်ရွှေက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ငါ့မှာ ကားရှိတယ်လေ။ ငါ မောင်းထွက်သွားရုံပဲ၊ ဇွန်ဘီ အရေအတွက်နည်းနည်းလေးက ငါ့ကို မဖမ်းနိုင်ပါဘူး။ တကယ်လို့ မင်းတို့တွေ အဲဒီတုန်းက ငါ ဇွန်ဘီတွေကို မောင်းထုတ်တဲ့အထိ နည်းနည်းလောက် ပိုပြီး စောင့်ဆိုင်းခဲ့မယ်ဆိုရင် အသက်ရှင်သန်ဖို့အတွက် အသင်းဖော် နှစ်ယောက်ကို စနစ်တကျ စတေးစရာ လိုမှာ မဟုတ်ဘူး"
ဝမ်ထောင်၏ အဖြေက နာကျင်စရာ အချက်ကို ထိမှန်သွားခဲ့၏။
"..."
ထိုကိစ္စသို့ ပြန်ပြောလိုက်သောအခါ ဟန်ရွှေ အလွန် စိတ်မကောင်း ဖြစ်မိသည်။
ပို၍ စိတ်မကောင်းစရာ ကောင်းသည်မှာ ဝမ်ထောင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိထားသော်လည်း မသိသလို ဟန်ဆောင်နေခဲ့ခြင်း ဖြစ်၏... သူမကို လူပြက်တစ်ယောက် ဖြစ်အောင် လုပ်နေခဲ့သည် မဟုတ်ပါလား။
ဟန်ရွှေက ဝမ်ထောင်ကို အနည်းငယ် နာကျည်းသော အကြည့်များဖြင့် ကြည့်လိုက်မိ၏။
"ဒါဆို ရှင် ဘာလို့ ကျွန်မကို တိုက်ရိုက် မပြောပြခဲ့တာလဲ... ပြီးတော့ လူတစ်ယောက်ကိုပါ ဖန်တီးခဲ့သေးတယ်..."
"ဘာလို့လဲဆိုတော့ မင်း ဆန်းဝေကွမ်းကို ကာကွယ်ပေးမလားဆိုတာ ငါ မသေချာလို့ပဲ။ ငါ အမှန်အတိုင်း ပြောလိုက်ရင် ငါတို့ရဲ့ ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်။ အမှန်တရားက သက်သေပြလိုက်သလိုပဲ၊ ငါ့ရဲ့ လုပ်ရပ်က မှန်ကန်ခဲ့ပါတယ်။ မင်း တကယ်ပဲ ဆန်းဝေကွမ်းကို ကာကွယ်ပေးခဲ့တာပဲ မဟုတ်လား"
"..."
ဟန်ရွှေသည် ယနေ့တွင် အလွန် အရှက်ရလှသဖြင့် သူမ၏ ခြေချောင်းလေးများကို လိမ်ကုတ်နေမိရာ အခန်းသုံးခန်းပါ အိမ်တစ်လုံးကိုပင် တူးဆွနိုင်လောက်သည်ဟု ခံစားလိုက်ရ၏။
"ဒါဆို... ဆန်းဝေကွမ်းကို ရှင်ဘယ်လို ကိုင်တွယ်ချင်လဲ"
ဟန်ရွှေသည် ယခုအခါ သူမ၏ ယောက်ျားကို နာမည်အပြည့်အစုံဖြင့် တိုက်ရိုက် ခေါ်ဆိုနေခဲ့ပြီ ဖြစ်သည်။
"ဒီကိစ္စကို မင်း၊ ငါနဲ့ ဆန်းဝေကွမ်းတို့ နှစ်ယောက်ပဲ သိတာ။ ငါ့အတွက်တော့ အရေးမကြီးပါဘူး။ မင်း ဘာမှမပြောသရွေ့နဲ့ အနာဂတ်မှာ သူတို့ ပြဿနာမရှာသရွေ့တော့ ငါလည်း မသိချင်ယောင် ဆောင်ပေးနိုင်ပါတယ်"
ဝမ်ထောင်က ဝတ်ကျေတန်းကျေ စကားဆိုလိုက်၏။
အသက်ရှင်ကျန်ရစ်သူများစခန်းသည် တည်ငြိမ်မှု ရှိရန် လိုအပ်သည်။ တည်ငြိမ်နေသရွေ့တော့ ပြဿနာ မရှိချေ။ ဆန်းဝေကွမ်း၏ ကိစ္စကဲ့သို့သော ဖြစ်ရပ်များလည်း သေချာပေါက် ရှိနေဦးမည်ဖြစ်ကာ ဖော်ထုတ်ခြင်း မခံရသေးရုံသာ ဖြစ်ရမည်။
ဝမ်ထောင်သည် ရန်ကျဲ့ စီမံခန့်ခွဲသော ဖိုင်များကို မြင်တွေ့ဖူးခဲ့ပြီး ထိုဖိုင်များထဲတွင် စခန်းထဲက လူများ ပြုလုပ်ခဲ့သော ဆိုးရွားသည့် ကိစ္စအချို့ကို မှတ်တမ်းတင်ထားခဲ့၏။ သို့သော် ၎င်းက စခန်းနှင့် ဘာမှမဆိုင်သရွေ့၊ စခန်း၏ အကျိုးစီးပွားကို မထိခိုက်သရွေ့နှင့် ဖော်ထုတ်ခြင်း မခံရသရွေ့တော့ ကြီးမားသော ပြဿနာ မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် စခန်းတွင် အလုပ်သမားများ လိုအပ်နေသည် မဟုတ်ပါလား။
အကယ်၍ ၎င်းတို့က "မည်သည့် အပြစ်အနာအဆာမျှ မရှိသော ပြီးပြည့်စုံသည့် လူများ" ကိုသာ လက်ခံရန် အတင်းအကျပ် တောင်းဆိုနေပါက စခန်းက ဆက်လက် ဖွင့်လှစ်ထားနိုင်တော့မည် မဟုတ်ဘဲ ပြိုလဲသွားပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် လူအများကြီး ရှာဖွေနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။ ၎င်းက ကမ္ဘာပျက်ကပ်ခေတ် ဖြစ်ရာ မည်သည့်နေရာတွင် အကြွင်းမဲ့ ကောင်းမွန်သော လူမျိုး ရှိနေပါ့မည်နည်း။
"ကျေးဇူးတင်ပါတယ်"
ဝမ်ထောင်၏ အဖြေကို ကြားရသောအခါ ဟန်ရွှေက ကျေးဇူးတင်စကား ဆိုလိုက်၏။
သူမသည် ဆန်းဝေကွမ်း၏ ကိစ္စရပ်များကို ဆက်လက် ဂရုမစိုက်ချင်တော့ဘဲ သူနှင့် လမ်းခွဲချင်နေခဲ့လျှင်ပင် ဝမ်ထောင်က ဤကိစ္စကို လက်လွှတ်ပေးရန် ဆန္ဒရှိခြင်းက သူမအတွက်ကြောင့် ဖြစ်နေသဖြင့် ကျေးဇူးတင်သင့်ပါသည်။
"တခြားကိစ္စ ရှိသေးလား။ မရှိရင် ငါ့အိမ်မှာပဲ ထမင်းစားသွားပါလား"
ဝမ်ထောင်က မတ်တတ်ရပ်လိုက်ပြီး ဟန်ရွှေ၏ ဘေးတွင် ဝင်ထိုင်ကာ သူမ၏ ပုခုံးကို ဖက်လျက် စကားဆိုလိုက်၏။
သူ့ကို အံ့ဩသွားစေသည်မှာ ဟန်ရွှေက လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်ခြင်း ဖြစ်သည်။
"ဝမ်ထောင်... ကျေးဇူးပြုပြီး... ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး"
ဟန်ရွှေ၏ မျက်နှာက ချက်ချင်းပင် သွေးကဲ့သို့ နီမြန်းသွားသည်ကို မြင်သောအခါ ဝမ်ထောင် ခေတ္တမျှ ကြောင်အသွားခဲ့ရ၏။
"မနေ့ညက ကျွန်မတို့နှစ်ယောက်လုံးက အခြေအနေတွေကြောင့် အတင်းအကျပ် ဖြစ်သွားခဲ့တာ။ ဘာမှမဖြစ်ခဲ့သလိုပဲ သတ်မှတ်လိုက်ရအောင်၊ ဟုတ်ပြီလား..."
ဝမ်ထောင်က သူမကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ ဟန်ရွှေက ပျာပျာသလဲ ဖြည့်စွက်ပြောလိုက်သည်။
"ဘာမှမဖြစ်ခဲ့ဘူး ဟုတ်လား။ မင်း အပေါ်က နေချင်တယ်လို့ ဇွတ်အတင်း ပြောနေခဲ့တာကို ငါ ဘယ်လိုမှ မေ့လို့မရဘူး ၊ တကယ်ကိုပဲ...."
ဝမ်ထောင်က သူ၏နှာခေါင်းကို ပွတ်ကာနောက်လိုက်၏။
"ရှင်....ရှင်... မပြောနဲ့တော့"
ဟန်ရွှေ၏ အရှက်ရနေသော အမူအရာနှင့်အတူ မျက်လုံးများထဲတွင် မျက်ရည်များပင် ဝဲလည်နေသည်ကို မြင်သောအခါ ဝမ်ထောင်က ပြုံး၍ ခေါင်းခါလိုက်သည်။
"ကောင်းပါပြီ။ ဒါဆိုရင် ဘာမှမဖြစ်ခဲ့သလိုပဲ သတ်မှတ်လိုက်ကြတာပေါ့"
"ကျေးဇူးတင်ပါတယ်"
"ဒါနဲ့ မနက်ဖြန် ငါ အပြင်ထွက်မလို့။ ငါနဲ့အတူ လိုက်ခဲ့ပါလား"
"ဟင်... ပစ္စည်းတွေ ရှာဖွေဖို့လား"
"အဲဒီလိုမျိုးပါပဲ"
ဟန်ရွှေ အနည်းငယ် စိတ်ဝင်စားသွားခဲ့၏။ သူမသည် စခန်းထဲက သေးဖွဲသော ကိစ္စရပ်များကို အမှန်တကယ်ပင် ဆက်လက် မကိုင်တွယ်ချင်တော့ချေ။ အပြင်ဘက်က အန္တရာယ် ရှိသော်လည်း အကယ်၍ ဝမ်ထောင်နောက်သို့ လိုက်သွားပါက အန္တရာယ်က သေချာပေါက် သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။ သို့သော် သူမနှင့် ဝမ်ထောင်၏ လက်ရှိ ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်ရာ... ဟန်ရွှေ တွေဝေသွားလေ၏။
သူမ ချက်ချင်း မငြင်းပယ်သည်ကို မြင်သောအခါ သွားချင်နေဆဲဖြစ်ကြောင်း သိသဖြင့် ဝမ်ထောင်က ထပ်ပြောလိုက်သည်။
"ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီနော်။ မနက်ဖြန် ဘက်စုံသုံးအဆောက်အအုံမှာ ငါ့ကို စောင့်နေပါ"
"ကောင်းပါပြီ"
ဟန်ရွှေက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့၏။
"ထမင်းစားသွားဦးမလား"
ဝမ်ထောင်က သူမကို ထပ်မံ ဖိတ်ခေါ်လိုက်ပြန်သည်။
"မစားတော့ဘူး၊ မစားတော့ပါဘူး။ ကျွန်မမှာ လုပ်စရာ ကိစ္စတွေ ရှိသေးလို့ အခုပဲ သွားတော့မယ်"
ဟန်ရွှေက လက်ကို ထပ်ခါတလဲလဲ ယမ်းပြလိုက်၏။ သူမသည် အလကားကျွေးမည့် အစားအစာကို စိတ်မရှိသော်လည်း အဓိကအချက်မှာ ဝမ်ထောင်၏ အိမ်တွင် အခြားအမျိုးသမီးတစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။ သူမသည် ထိုအမျိုးသမီး၏ အထောက်အထားကို မသေချာသော်လည်း ဝမ်ထောင်နှင့် အလွန် ရင်းနှီးကြောင်း ထင်ရှားလှပေသည်။ ဤနေရာတွင် နေထိုင်ခြင်းက အလွန် အနေရခက်စေလိမ့်မည်။
ဟန်ရွှေ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ထောင် ဘာကြောင့်လဲမသိဘဲ ပြုံးလိုက်မိသည်။
"ဟန်ရွှေ ထွက်သွားပြီလား။ ညစာစားဖို့ ခေါ်ထားတယ်ဆို..."
ဤအချိန်တွင် တင်ယွီချင်က လျှောက်လာခဲ့၏။
သူမသည် ဝမ်ထောင် ကိစ္စရပ်များကို ဆွေးနွေးနေစဉ် မည်သည့်အခါမျှ နှောင့်ယှက်ခြင်း မရှိချေ။ သူမသည် ဟန်ရွှေ အပေါ်ထပ်ကနေ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် အောက်သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
"အင်း၊ သူမမှာ ကိစ္စရှိလို့ အရင် သွားနှင့်ပြီ"
ဝမ်ထောင်က အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ရုတ်တရက် တင်ယွီချင်ကို ကြည့်ကာ စကားဆိုလိုက်၏။
"ဟန်ရွှေက အတော်လေး ကောင်းတဲ့လူလို့ ငါ ထင်တယ်။ မမချော... အစ်မ အားတဲ့အချိန်ကျရင် သူမနဲ့ အချိန်ပိုပြီး ကုန်ဆုံးပေးပါလား။ အစ်မတို့နှစ်ယောက် ညီအစ်မတွေ ဖြစ်လာနိုင်မယ်လို့ ငါ ထင်တယ်"
"ဟင်... ပြဿနာမရှိပါဘူး"
တင်ယွီချင် ခေတ္တမျှ ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
ဝမ်ထောင်သည် အခြားလူများကို ချီးကျူးခဲလှသည်။ သူက ဟန်ရွှေကို ဤမျှအထိ ချီးကျူးနေမှတော့ သူမတွင် ထူးခြားဆန်းပြားသော ပါရမီအချို့ သေချာပေါက် ရှိနေရပေမည်။
အင်း သူရဲ့ထူးခြားတဲ့ ပါရမီက ဘာပါလိမ့် ။
...........