← Chapters

အခန်း ၉၇

Vol. 9 Ch. 97

အခန်း ၉၇

Vol. 9 Ch. 97

အခန်း ၉၈ - မိုးအပြီး ဒုတိယအကြိမ်မြောက် လေထီးဖြင့် ပစ္စည်းချခြင်း

"မိုးတိတ်သွားပြီ..."

တစ်ခုသောမနက်ခင်းတွင် နိုးထလာပြီး အပြင်ဘက်ရှိ ကြည်လင်နေသော ကောင်းကင်ကို ကြည့်လိုက်ရင်း ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်သည်။

ယခုမိုးမှာ သူ၏ဘဝမြင်ဖူးသမျှထဲတွင် အကြာဆုံးရွာသော မိုးဖြစ်၏။ မိုးသည် သူ ရွှေကျဲအခြေစိုက်စခန်းကို ရှာဖွေရန် စတင်ထွက်ခွာချိန်မှစ၍ မကြာမကြာရွာရာမှ

ဆက်တိုက်ရွာလာပြီး ယမန်နေ့ကမှ ရပ်တန့်သွားခဲ့သည်၊ အချိန်ကာလအားဖြင့် လဝက်တိတိ ကြာမြင့်ခဲ့၏။

ကံကောင်းသည်မှာ အစောပိုင်းက ရွာသွန်းခဲ့သော မိုးသည် သိပ်မပြင်းထန်ခဲ့ပေ။ အကယ်၍သာ ပြီးခဲ့သည့် သုံးရက်ကကဲ့သို့ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ပါက ရွှေကျဲခရိုင်တစ်ခုလုံး ရေလွှမ်းမိုးခံရလောက်သည်အထိ ဖြစ်သွားနိုင်သည်။

တင်ယွီချင်မှာ နိုးထနှင့်ပြီးဖြစ်ကာ ဝမ်ထောင်အတွက် မနက်စာ ပြင်ဆင်ထားပေးပြီးဖြစ်သည်။

"မရီး၊ အိမ်မှာ အစားအစာ ဘယ်လောက် ကျန်သေးလဲ"

ဝမ်ထောင်က မနက်စာ စားရင်း မေးလိုက်သည်။

"အာဟာရဖြည့်စွက်စာတွေကို မထည့်တွက်ရင်၊ ဒီလောက်တော့ ကျန်သေးတယ်..."

တင်ယွီချင်က စာရင်းတစ်ခုကို ထုတ်ပြပြီး ဝမ်ထောင်ကို ရှင်းပြသည်။သူမ၏စကားကို ကြားပြီးနောက် ဝမ်ထောင်က စားပွဲကို ခေါက်လိုက်သည်။

"စားစရာ သိပ်မကျန်တော့ဘူးပဲ။ အပြင်ထွက်ပြီး ပစ္စည်းရှာဖို့ အချိန်တန်ပြီ..."

သူသည် အရင်က အစားအစာများစွာကို စုဆောင်းထားခဲ့သော်လည်း၊ သူ၏အစာစားချင်စိတ်မှာ လူအများစုပေါင်းစားသည်ထက်ပင် ပိုများနေသည့်အတွက် အစားအစာကုန်ဆုံးမှုမှာ အလွန်မြန်ဆန်လှသည်။

သူတို့သာ ချွေတာစားမည်ဆိုလျှင် အစားအစာများကို ပို၍ကြာရှည်စွာ စားသုံးနိုင်ပေလိမ့်မည်။ သို့သော် ဝမ်ထောင်တွင် စွမ်းရည်ရှိနေသည့်အတွက် အလွန်အကျွံ ချွေတာနေစရာ မလိုပေ။ သူသာ ဝဝလင်လင် မစားရပါက ဇွန်ဘီများကို သတ်ဖြတ်ရန် ခွန်အားရှိမည် မဟုတ်ပေ။

မနက်စာ စားပြီးနောက် တင်ယွီချင်၏ အကူအညီဖြင့် ဝမ်ထောင်သည် သူ့ကိုယ်သူ လက်နက်အပြည့်အစုံတပ်ဆင်ကာ ကားဂိုဒေါင်သို့ သွားပြီး သူ၏

လက်စွဲတော်မော်တော်ယာဉ်ကို မောင်းထုတ်ခဲ့သည်။အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် ကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

ခြံစည်းရိုးနံရံများပေါ်ရှိ အင်္ဂတေများမှာ အကုန်လုံးနီးပါး ကွာကျသွားပြီး နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသည်။ ခြံဝင်းအောက်ခြေတွင် ရေညှိများ ပေါက်ရောက်နေပြီး ခြံထဲရှိ

ပေါင်းပင်းများနှင့် ဟင်းသီးဟင်းရွက်များမှာလည်း သိသိသာသာ ကြီးထွားလာ၏။

ခြံပြင်တွင် ရပ်ထားသော ကင်းစောင့်များ ပိုင်ဆိုင်သည့် ကားအချို့မှာ အားလုံးမှာ သံချေးတက်နေကြသည်။ လမ်းညွှန်ဆိုင်းဘုတ်အချို့မှာလည်း သံချေးတက်နေကာ စာလုံးများပင် မဖတ်နိုင်တော့ပေ...

ဝမ်ထောင်သည် အချိန်များက အရှိန်မြန်ဆန်စွာ ကုန်လွန်သွားသလို ခံစားလိုက်ရပြီး အနည်းဆုံး သုံးလ သို့မဟုတ် ခြောက်လလောက်ကို ကျော်လွန်သွားသကဲ့သို့ ခံစားမိနေ၏။

"မင်းတို့ ကားတွေမှာ ပြဿနာရှိလား"

ဝမ်ထောင်က ကားပြတင်းပေါက်ကို ဖွင့်ပြီး ကင်းစောင့်များကို မေးလိုက်သည်။

ကင်းစောင့်များ၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။

"အစီရင်ခံပါတယ် ကော်မတီဝင် ဝမ်၊ ကားတွေမှာ ပြဿနာသေးသေးလေးတွေ အများကြီး ဖြစ်လာတယ်၊ အတွင်းပိုင်း အစိတ်အပိုင်းတွေလည်း သံချေးတက်ကုန်ပြီ... ဒါပေမဲ့ ကျွန်တော့်ကားကတော့ အဆင်ပြေသေးတယ်၊ အနည်းဆုံးတော့ စက်နှိုးလို့ရတယ်။ တခြားကားတွေကတော့ လုံးဝ စက်နှိုးလို့မရတော့ဘူး..."

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်သည်။

အသက်ရှင်ကျန်ရစ်သူအချို့အတွက် မော်တော်ယာဉ်များမှာ ရှားပါးသည်မဟုတ်ပေ။ လမ်းမများပေါ်တွင် ကားများ အများအပြား ရှိနေသည်၊ သော့ဖွင့်နိုင်သည့် စွမ်းရည်ရှိပြီး ဆူညံသံကြောင့် ဇွန်ဘီများ ရောက်လာမှာကိုသာ မကြောက်ပါက ကမ္ဘာပျက်ကပ်ထဲတွင် လူတိုင်းကိုယ်ပိုင်ကား ပိုင်ဆိုင်နိုင်၏။

သို့သော် တိုက်စားတတ်သောအက်ဆစ်မိုး ရွာသွန်းပြီးနောက်တွင် ကားများမှာ ပြဿနာရှိလာတော့မည်ဖြစ်၏။ လမ်းမများပေါ်ရှိ ကားအများစုမှာ အမိုးအကာ မရှိသဖြင့် အများစုမှာ စက်နှိုး၍ ရတော့မည်မဟုတ်ပေ။ အနာဂတ်တွင် ဤယာဉ်များမှာ တန်ဖိုးကြီးပစ္စည်းများ ဖြစ်လာလိမ့်မည်... ကော်မတီနယ်မြေမှ ထွက်ခွာပြီးနောက် ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံဆီသို့ ဖြည်းညှင်းစွာ မောင်းသွားလိုက်သည်။

ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများမှာလည်း အချိန်ကုန်မြန်ဆန်သွားသကဲ့သို့ အိုမင်းရင့်ရော်နေ၏။ အဆောက်အအုံများအောက်ရှိ အပင်များမှာ ရိုင်းစိုင်းစွာ ပေါက်ရောက်နေပြီး နံရံများပေါ်သို့ တက်ရောက်နေသည်။

"မင်္ဂလာပါ၊ ကော်မတီဝင် ဝမ"

ဝမ်ထောင် ဘက်စုံသုံးအဆောက်အအုံသို့ ရောက်သည့်အခါ အခြားအသက်ရှင်ကျန်ရစ်သူများက သူ့ကို မြင်သည်နှင့် လျင်မြန်စွာ နှုတ်ဆက်ကြသည်။

"အင်း။"

ဝမ်ထောင် ခေါင်းငြိမ့်လိုက်ပြီး ဝေကျန့်ကော်နှင့် အခြားသူများဆီသို့ တက်သွားသည်။

ရက်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ကောင်းမွန်လာသော ဝေကျန့်ကော်မှာ ဘီးတပ်ကုလားထိုင်ကို စွန့်ခွာနိုင်ပြီဖြစ်သည်။ သို့သော် အရိုးကျိုးပါက ရက်တစ်ရာ ကုသရမည်ဖြစ်ရာ သူ၏ ဒဏ်ရာများမှာ လွယ်လွယ်ဖြင့် ပြန်ကောင်းလာမည်မဟုတ်ဘဲ သွေးနည်းသောအခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။

ဝမ်ထောင်သည် ဆရာဝန်ဇွန်ဘီကို သတ်လိုက်စဉ်က ရရှိခဲ့သော ဆေးသေတ္တာကို ရုတ်တရက် သတိရသွားသည်။ ၎င်းသည် ဝေကျန့်ကော်ကဲ့သို့ ဒဏ်ရာရထားသူများကို ပြန်လည်သက်သာစေနိုင်ပါ့မလားဟု သူ တွေးမိ၏။

ဝေကျန့်ကော်က ဝမ်ထောင်ကို ခေါင်းငြိမ့်ပြသည်။

"အားလုံး ရောက်နေကြပြီဆိုတော့ စပြောကြတာပေါ့။ ဒီရက်ပိုင်းအတွင်း အခြေအနေတွေကို အားလုံး မြင်ပြီးသားဖြစ်မှာပါ။ ဒီ တိုက်စားအက်ဆစ်မိုးက ငါတို့ နယ်မြေကို ကြီးမားတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာတယ်။ ကားတွေ၊ အိမ်တွေ အပါအဝင် အပြင်မှာ ကျန်ရစ်သမျှ အရာအားလုံး တိုက်စားခံလိုက်ရပြီ... ဒါက အခြေစိုက်စခန်းအတွင်းက အခြေအနေပဲ ရှိသေးတယ်။ အပြင်ဘက်က အခြေအနေကိုတော့ အခုထိ မသိရသေးဘူး။ ဒါပေမဲ့ အပြင်ဘက်မှာ ပိုပြီး အန္တရာယ်များနိုင်တယ်လို့ ငါအလိုလို ခံစားနေရတယ်..."

ဝေကျန့်ကော်၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"ဘယ်သူဂရုစိုက်မှာလဲ.. ဘာလာလာ ရင်ဆိုင်မှာပေါ့။ ငါတို့ တစ်လကျော်တောင် အသက်ရှင်ခဲ့ပြီးပြီ၊ နောက်ထပ် တစ်လလောက် ထပ်ရှင်တာ ပြဿနာမဟုတ်ပါဘူး"

ရှန့်ဟုန်ပင်းက ခပ်ကျယ်ကျယ် ပြောလိုက်၏။

"ငါ စိုးရိမ်တာက အပြင်က အပင်တွေပါ ကြီးထွားလာရင် ဇွန်ဘီတွေ ပုန်းဖို့ ပိုလွယ်သွားမှာ စိုးတာ..."

ရန်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် အခြေစိုက်စခန်းမှ သိပ်မထွက်သော်လည်း အပြင်သို့ မကြာခဏ သွားလေ့ရှိသော အမဲလိုက်သမားများနှင့် ရှန့်ဟုန်ပင်းတို့ကဲ့သို့သူများကို အလွန်စိုးရိမ်နေသည်။

"အပင်တွေသာ ဒီလောက်မြန်မြန် ကြီးထွားနေရင် ဇွန်ဘီတွေ ပုန်းတာလောက်ပဲ ပြဿနာမဟုတ်တော့ဘူး..."

လျူ၏ ရေရွတ်သံကြောင့်

အားလုံး တိတ်ဆိတ်သွားကြ၏။

"ဟေ့.. အနာဂတ်အကြောင်း နောက်မှ စိုးရိမ်ကြတာပေါ့။ အခုလက်ရှိ အခြေအနေကို အရင်ကြည့်ကြရအောင်"

ဝေကျန့်ကော်က လက်ကာပြလိုက်သည်။

"အခု မိုးတိတ်သွားပြီဆိုတော့ အပြင်ထွက်ပြီး ပစ္စည်းတွေ စုဆောင်းရမယ်၊ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန် မိုးထပ်ရွာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ။ တကယ်လို့ ဒီလို တိုက်စားအက်ဆစ်မိုးမျိုး ထပ်ရွာရင်

ငါတို့အပြင်ထွက်လို့ မရတော့ဘူး ၊ အကုန်ငတ်ကုန်လိမ့်မယ်"

ဤသို့ဖြင့် အစည်းအဝေးအပြီးတွင် ဝမ်ထောင်နှင့် အခြားသူများက ရာသီဥတုသာယာချိန်ကို အခွင့်ကောင်းယူပြီး ပစ္စည်းရှာဖွေမှုအတွက် ထောက်ပံ့အမှတ်များကို တိုးမြှင့်ပေးရန်နှင့် အမဲလိုက်သမားများကို ပိုမိုတက်ကြွစွာ ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

"ဒါဆို အတည်ဖြစ်ပြီ။ လာမယ့်ရက်အနည်းငယ်အတွင်း တာဝန်တွေက ပစ္စည်းစုဆောင်းဖို့ပဲ အဓိကထားမယ် ၊ ရှန့်ဟုန်ပင်းက လုံခြုံရေးတပ်ဖွဲ့ကို ဦးဆောင်မယ်၊ ဖုန်းမင်အန်းက ရဲတပ်သားအမဲလိုက်အဖွဲ့ကို ဦးဆောင်မယ်၊ ပြီးတော့ လူကန်းက မင်းတို့ စနိုက်ပါသမားတပ်ဖွဲ့ကို ဦးဆောင်ရမယ်... ဝမ်ထောင်၊ မင်းက လူတွေခေါ်သွားမှာလား၊ ဒါမှမဟုတ် တစ်ယောက်တည်းပဲ လှုပ်ရှားမှာလား"

ဝေကျန့်ကော်က ဝမ်ထောင်ကို ကြည့်လိုက်သည်။ခဏလောက် စဉ်းစားပြီးနောက် ဝမ်ထောင်က ပြောလိုက်သည်။

"ကျွန်တော် ဟန်ရွှေကိုပဲ ခေါ်သွားလိုက်မယ်။"

အစည်းအဝေးအပြီး ဝမ်ထောင် ထလိုက်သည့်အခါ သူ၏ နားများမှာ ရုတ်တရက် လှုပ်ရှားသွားသည်။

"ဘာသံလဲ... လေယာဉ်ပဲ"

"ဝမ်ထောင်၊ ဘာဖြစ်လို့လဲ"

ဝမ်ထောင်က မျက်လုံးများကိုမှိတ်လိုက်ပြီးနောက် အာရုံခံကာ ရုတ်တရက် ကောင်းကင်ကောင်းကွတ်နေရာသို့ ညွှန်ပြ၏။

"ကောင်းကင်ကို ကြည့်ကြ"

စက္ကန့်အနည်းငယ်အကြာတွင် ဝေကျန့်ကော်၊ ရှန့်ဟုန်ပင်းနှင့် လူကန်းတို့ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

"လေယာဉ်ပဲ.. လေထီးနဲ့ ပစ္စည်းချတာများလား"

"စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်ပဲ တကယ်ပဲ လေထီးနဲ့ ပစ္စည်းချတာဟ"

ဝေကျန့်ကော်က ဝမ်းသာအားရအော်ဟစ်လိုက်၏။

"ဒီ လေထီးတွေထဲမှာ ကောင်းတဲ့ပစ္စည်းတွေ အများကြီး ရှိတယ် ၊ အစားအစာ၊ ခဲယမ်းမီးကျောက် ၊ ဆေးသေတ္တာ နဲ့ တချို့ဆိုရင် ဗိုင်းရပ်စ်ခုခံဆေးတွေတောင် ပါသေးတယ်"

"ဒါဆို အခု ကျွန်တော်တို့..."

လျူက အားလုံးကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။

"အရင်ဆုံး လေထီးတွေကို ယူကြမယ်"

ဝေကျန့်ကော်က ပြတ်သားစွာ ပြောလိုက်၏။

"အားလုံးပဲ.. အခွင့်အရေးရှိရင် လေထီးပါတဲ့ ပစ္စည်းတွေကို အရင်ယူကြပါ။ အဲဒီ လေထီးတွေထဲမှာ ခဲယမ်းမီးကျောက်တွေနဲ့ ခုခံဆေးတွေ ပါနိုင်တယ်"

လေထီးသတင်းကြောင့် အခြေစိုက်စခန်းမှာ ချက်ချင်းပင် ဆူညံသွားသည်။

ဝမ်ထောင်က ဟန်ရွှေကို လှမ်းခေါ်လိုက်သည်။

"ငါနဲ့ လိုက်ခဲ့၊ လေထီးပစ္စည်း သွားယူမယ်။"

"ဟုတ်ကဲ့"

လေယာဉ်သံမှာ ပိုမိုကျယ်လောင်လာပြီး မကြာမီမှာပင် ဥအုချသကဲ့သို့ လေထီးများ တစ်ပုံးပြီးတစ်ပုံး ကျလာသည်။

"သွား၊ သွား၊ သွား"

ရှန့်ဟုန်ပင်းက အားလုံးကို ကျယ်လောင်စွာ လှမ်းခေါ်ပြီး အခြေစိုက်စခန်းမှ ပထမဆုံး ထွက်သွားတော့သည်။

ဝမ်ထောင်က လေထီးပါသော ရိက္ခာပုံးအချို့ကို ကြည့်ပြီးနောက် ကားကို စက်နှိုးကာ ဟန်ရွှေနှင့်အတူ တံခါးပေါက်ဆီသို့ မောင်းသွား၏။အခြေစိုက်စခန်း အပြင်ဘက်အခြေအနေမှာ သိသိသာသာပြောင်းလဲနေပြီး ဇွန်ဘီများမှာလည်း ပိုမိုရုပ်ဆိုးကာ သွေး ၁၀၀၀ထိ ရှိနေကြ၏။

"ဒီဇွန်ဘီတွေ ပိုသန်မာလာတာပဲ။ သူတို့ရဲ့ ခွန်အားကို ငါ စမ်းကြည့်လိုက်ဦးမယ်။"

ဝမ်ထောင် ကားကို ရပ်လိုက်ပြီး သူ၏ မီးသတ်ပုဆိန်ကို ကိုင်ကာ သိပ်မဝေးသော နေရာရှိ ဇွန်ဘီလေးကောင်ဆီသို့ လျှောက်သွားလိုက်သည်။

"ဂီး..ဂယားဂယား.."

ဇွန်ဘီများက သူ့အားမြင်သောအခါ ယိမ်းထိုးကာပြေးလာကြကုန်၏။သူက ၄င်းတို့ကို အလောတကြီးမသတ်ခဲ့ပါ ။ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ​သေသေချာချာအကဲခတ်လိုက်သည်။

ဇွန်ဘီများ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အရှိန်ကို အတည်ပြုပြီးနောက်မှသာ ဝမ်ထောင်က သူ၏ ပုဆိန်ကိုမြှောက်ပြီး ဇွန်ဘီတစ်ကောင်၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။

ဒုတ်..

【-၁၀၀၀】

သာမန်ဇွန်ဘီ လေးကောင်စလုံး ချက်ချင်း သေဆုံးသွားတော့သည်။

"သွားကြမယ်။"

ဝမ်ထောင် ကားပေါ် ပြန်တက်ပြီး ဝေါကီတော်ကီကို ဖွင့်လိုက်၏။

"အားလုံး သတိထားကြ.. မိုးကြီးရွာပြီးနောကဇွန်ဘီတွေရဲ့ ခွန်အားက တိုးတက်လာ ၊ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာက ပိုတောင့်တင်းပြီး အရှိန်က နှေးကွေးသွားတယ်..."

......

All Chapters