← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀ - လီချို့ယွီ

ဝမ်ထောင်၏ လက်ရှိစွမ်းအားဖြင့် ရူးသွပ်ဇွန်ဘီများ၏ သွေးပမာဏနှစ်ဆတိုးလာလျှင်ပင် သူရင်ဆိုင်နိုင်ပါသေးသည်။ သို့သော် ပြဿနာမှာ ၎င်းတို့အလွန်များပြား

နေခြင်းဖြစ်၏။

၄င်းတို့၏ အရေအတွက်ကို သေချာမရေတွက်ရသေးသော်လည်း အကြမ်းဖျင်းကြည့်ရုံဖြင့် အကောင်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ရှိနေမှန်း သိလိုက်ရသည်။

အကယ်၍သာ ကားတစ်စီးရှိနေပါက သူတို့မောင်းနှင် ထွက်ပြေးနိုင်ကြလိမ့်မည်။ သို့သော် အစောပိုင်းက လုံခြုံရေးအတွက် ဝမ်ထောင်သည် ကားကို တိုက်ခန်းတွဲဝင်ပေါက်နှင့် အလှမ်းဝေးသောနေရာတွင် ရပ်ထားခဲ့မိလေ၏။ ယခုအချိန်တွင် ပြန်ပြေးရန်မှာ နောက်ကျနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် ဗီလာဧရိယာဘက်သို့ တိပြေးရလေတော့သည်။ အစောပိုင်း ဗီလာ ၃ ကိုရှာဖွေခဲ့စဉ်က ထိုဗီလာသည် လုံခြုံရေးတံခါးများနှင့် လုံခြုံရေးပြတင်းပေါက်များပါရှိ၍ အဆင်ပြေသည်ဟု ခံစားခဲ့ရ၏။ ၎င်းသည် ဤဇွန်ဘီများကို တားဆီးနိုင်လိမ့်မည်ဟု သူယူဆသည်။

သူ့တွင် ဇွန်ဘီများထံမှ ပုန်းကွယ်နိုင်သော ဖုံးကွယ်ဆေးရည် တစ်ပုလင်းကျန်ရှိသေးသော်လည်း ၎င်းသည် ရူးသွပ်ဇွန်ဘီများအတွက် ထိရောက်မှုရှိမရှိ သူသေချာမသိပေ။ ထို့အပြင် သူတို့တွင် လူနှစ်ဦးရှိပြီး ဖုံးကွယ်ဆေးရည်မှာ တစ်ပုလင်းသာရှိသည်။ သူသည် အတူပါလာသူကို စွန့်ပစ်ရန်တော့ စိတ်ကူးမရှိပေ။ အထူးသဖြင့် သူသည်

ဘာမှမတတ်နိုင်သော သာမန်လူတစ်ယောက်မဟုတ်သောကြောင့်ဖြစ်သည်။

တစ်ချိန်တည်းတွင် အဆောက်အဦး (၁) ၏ (၁၂) ထပ်​မြောက်၌ -

အသားအရေ မွဲခြောက်ကာ ပိန်လှီနေသော လူအချို့သည် ပြတင်းပေါက်ကို မှီလျက် အောက်ဘက်ကို ငေးကြည့်နေကြသည်။

"​သူတို့နှစ်ယောက် ထွက်သွားတော့မှာပဲ"

ခပ်ပိန်ပိန်လူငယ်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"အားလုံး ကောဟွာ ကြောင့်ပဲ။ ဘာလို့ မှန်ကို အဲဒီလောက် ဝှေ့ယမ်းပြနေရတာလဲ။ သူတို့ ဘာမှ မမြင်ရဘူးလေ! အစောကတည်းက ငါ့ကို အော်ခိုင်းလိုက်ရင် သူတို့ ဒီကို ရောက်လာလောက်ပြီ..."

အနည်းငယ် ဝဖြိုးသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ညည်းတွားလိုက်၏။

ကောဟွာဟုခေါ်သော လူမှာ အနည်းငယ် ရှုပ်ပွပြီး ညစ်ပေနေသော ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေဘောင်မျက်မှန်တပ်ထားသူဖြစ်သည်။ သူသည် မှန်ပြောင်းကို ချလိုက်ပြီး ထိုအမျိုးသမီးကို လျစ်လျူရှုကာ မျက်နှာပျက်ပျက်နှင့် သူ့ဘာသာတီးတိုးရေရွတ်လိုက်သည်။

"သွားပြီ၊ သူတို့နှစ်ယောက်ကို ငါတို့ သေအောင် လုပ်လိုက်မိပြီ..."

"ဟင်... သူတို့ ပြန်လာနေကြတာလား"

ထိုအချိန်တွင် အမျိုးသမီးငယ်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။

အားလုံးသည် အမြန်ကြည့်လိုက်ကြ၏။

"တကယ်ပဲ၊ သူတို့ ပြန်လာနေကြပြီ"

သက်လတ်ပိုင်းအမျိုးသမီးသည် ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် လူမျကိုကြည့်လိုက်သည်။

"ငါ အော်ခိုင်းတုန်းက နားထောင်လိုက်ရ

မှာ ...ကြည့်စမ်း၊ အခု သူတို့ ပြန်မလာဘူးလား"

"နေပါဦး၊ သူတို့နောက်မှာ... အမလေး"

ခပ်ပိန်ပိန်လူငယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဇွန်ဘီ ဒါဇင်နဲ့ချီပြီး သူတို့ကို လိုက်နေတယ်! ဒီဇွန်ဘီတွေက အရမ်း မြန်တယ် .. ပြီးပြီ၊ သူတို့နှစ်ယောက်တော့ သေပြီ! ခင်ဗျားတို့ သူတို့ကို သေအောင် လုပ်လိုက်တာ"

သူ၏မျက်နှာမှာလည်း ဖြူဖျော့သွား၏။

သက်လတ်ပိုင်းအမျိုးသမီးကလည်း ထိတ်လန့်သွားလေသည်။ ဇွန်ဘီများ

အသည်းအသန်ပြေးလာနေကြသည်ကို မြင်သောအခါ သူမ၏ ခြေထောက်များပင် ပျော့ခွေမတတ် အားနည်းသွားသော်လည်း သူမ၏ ပါးစပ်မှာမူ မာနကြီးနေဆဲဖြစ်သည်။

"အဲဒါ... အဲဒါနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ! အဲဒီဇွန်ဘီတွေက အပြင်မှာ ရှိပြီးသားဖြစ်မှာပေါ့၊ သူတို့ အပြင်ထွက်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ တွေ့သွားတာနေမှာ.. ငါက တစ်ခါပဲ အော်တာလေ၊ အဲဒါနဲ့တင် ဇွန်ဘီတွေ အများကြီး ရောက်လာနိုင်လို့လား။ မဖြစ်နိုင်ဘူး... သူတို့ကံမကောင်းလို့ပဲ၊ ဟုတ်တယ် ၊ သူတို့ ကံမကောင်းတာပဲ။ သူတို့သာ ငါတို့ကို အစောကြီးကတည်းက လာကယ်ရင် ဒီဇွန်ဘီတွေနဲ့ တွေ့စရာ မလိုဘူး"

ကောဟွာက အသက်ပြင်းပြင်းရှူကာ အသည်းအသန်ပြောသည်။

"ဒီလိုဇွန်ဘီမျိုးက အသံကို အလွန် အာရုံခံနိုင်တယ်။ ခင်ဗျား ထပ်အော်ရင် နောက်ထပ် အကောင်တွေ ပိုလာလိမ့်မယ်။ မယုံရင် စမ်းကြည့်လေ"

"..."

သူမ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ထပ်စမ်းကြည့်ရန် မဝံ့ရဲတော့ပေ။ သူမသည် ကောဟွာကို ရွံရှာဖွယ် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

"ဟွန့်..ဘယ်လိုပဲဖြစ်ဖြစ် ငါမဟုတ်ဘူး ၊ ပြီးတော့ သူတို့သေရင်လည်း သေပေါ့၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ သူတို့က ငါတို့ရဲ့ လေကြောင်းပစ္စည်းတွေ အကုန်ယူသွားတာလေ။ အဲဒီထဲမှာ အစားအသောက်တွေ အများကြီး ရှိကောင်းရှိနိုင်တယ်! အဲဒါတွေက နိုင်ငံတော်က ပေးထားတဲ့ အသက်ကယ်ပစ္စည်းတွေ ၊ သူတို့ယူသွားတာ တစ်ပြစ် ၊ အခု ငါတို့ကို လာမကယ်တာက တစ်ပြစ် ၊ အဲဒီတော့ သူတို့ သေသင့်တယ်"

ထိုအမျိုးသမီးသည် ဝမ်ထောင်က သူမအား တစ်စုံတစ်ရာ ပေးရန် အကြွေးရှိနေသကဲ့သို့ ပြောလေ ပို၍ ဒေါသထွက်လေ ဖြစ်နေ၏။

ကျန်သောသူများက ဘာမှ ထပ်မပြောကြတော့ပေ။ သူတို့လည်း လေကြောင်းမှချပေးသောပစ္စည်းများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေပုံရသည်။

ကောဟွာ သက်ပြင်းချလိုက်၏။ ဤအရူးအုပ်စုနှင့် ဆက်ပြောနေရန် သူပျင်းရိနေသည်။

သို့သော် ယခုအချိန်တွင် မည်သို့ပင် ပြောစေကာမူ သူတို့၏ ရှားပါးသော အခွင့်အရေးမှာ ပျက်စီးသွားပြီဖြစ်သည်။ သူတို့နောက်ထပ် ဘယ်နှစ်ရက် ဆက်ခံနိုင်မည်ကို သူ မသိပါ။

"ဟင်။ ကြည့်စမ်း.. ဒီဇွန်ဘီတွေက နံရံကို တက်နေကြပြီ ၊သူတို့ ငါတို့ဆီကို တက်လာနေကြပြီ"

ရုတ်တရက် လူတစ်ဦးက ထိတ်လန့်စွာ အော်လိုက်သည်။

အားလုံးသည် အပြင်ကိုကြည့်လိုက်ကြရာ ဇွန်ဘီများကနံရံကို တက်လာသည်ကို မြင်သောအခါ သူတို့ ချက်ချင်း ထိတ်လန့်သွားကြ၏။

"မြန်မြန်၊ မြန်မြန်လေး.. လုံခြုံရေးပြတင်းပေါက်တွေကို ပြန်တပ်၊ ပြတင်းပေါက်တွေ ပိတ်လိုက်"

အထပ်မြင့် အဆောက်အဦးများရှိ လုံခြုံရေးပြတင်းပေါက်များကို အတွင်းပိုင်းမှ တပ်ဆင်ထားပြီး အမြန်ဖြုတ်တပ်နိုင်သည်။ ၎င်းမှာ သူခိုးများကိုကာကွယ်ရန်မဟုတ်ဘဲ ပစ္စည်းများ အောက်သို့ ပြုတ်မကျစေရန် ဖြစ်၏။

ယခုလေးတင် မှန်ကို အသုံးပြုရလွယ်ကူစေရန် ကောဟွာသည် လုံခြုံရေးပြတင်းပေါက်တစ်ခုကို ဖြုတ်ထားခဲ့သည်။ အခြေအနေကို မြင်သောအခါ သူသည် လုံခြုံရေးပြတင်းပေါက်ကို အမြန်ပြန်တပ်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။ သို့သော် သူ စိတ်မအေးသေးဘဲ ကုလားကာများကိုပါ ဆွဲပိတ်လိုက်သည်။

သို့သော် ဇွန်ဘီများမှာ ဤမျှမြင့်သောနေရာသို့ တက်နိုင်မည်တော့ မဟုတ်ပုံရသည်။ သူတို့ ဘာမျှ ဝင်လာသည်ကို မတွေ့ရသလို ပြတင်းပေါက်အပြင်ဘက်တွင်လည်း အရိပ်များကို မတွေ့ရပေ။ ထိုကြောင့် အားလုံး

မှာယာယီ အသက်ရှူချောင်သွားရသည်။

ထို့နောက် လူတိုင်းသည် ထိုသက်လတ်ပိုင်းအမျိုးသမီးကို မကျေမနပ်အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ဇွန်ဘီများသည် ထိုအမျိုးသမီး၏ အသံကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ယခုအခါ အတည်ပြုနိုင်လေပြီ။ မဟုတ်ပါက ထိုမျှဝေးသောနေရာမှ ဇွန်ဘီများ သူတို့ကို မည်သို့ မြင်နိုင်မည်နည်း။

"နင်တို့ အားလုံး ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ။ ငါ ဒါကို လိုချင်လို့ လုပ်တာမှတ်လို့လား"

ထိုအမျိုးသမီးကလည်း အားလုံးကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ ကြမ်းတမ်းသော အရှိန်အဝါကြောင့် သူတို့အားလုံး အကြည့်လွှဲလိုက်လေ၏။

သူတို့သည် ထိုကဲ့သို့ ပြုမူလေလေ၊ ထိုအမျိုးသမီးမှာ ပို၍ မောက်မာလေ ဖြစ်လာလေသည်။

"ငါသာ နင်တို့ကို စုစည်းပြီး အစားအသောက် ဝေပုံချဖို့ စီစဉ်မပေးရင် နင်တို့ အခုထိ အသက်ရှင်နိုင်ဦးမလား။ ကျေးဇူးတင်ရမယ့်အစား ငါ့ကို အပြစ်တင်ချင်နေတာလား။ ရက်စက်လိုက်ကြတာ"

"ရှဲ့ရှား၊ အသံတွေကြောင့် နင့်ရဲ့ မြေး

နိုးသွားပြီ"

"အို၊ ငါ့ရဲ့ ချစ်မြေးချစ်လေး"

ထိုစကားကို ကြားသောအခါ အမျိုးသမီးသည် ဒေါသထွက်နေသည်ကို ရပ်လိုက်သည်။ သူမသည် အလယ်တန်းကျောင်း ယူနီဖောင်းဝတ်ထားသော ကောင်လေးတစ်ယောက် မျက်စိပွတ်နေသည့် အခန်းထဲသို့ အမြန်ပြေးဝင်သွား၏။

"အဘွား၊ သား..ဗိုက်ဆာတယ်..."

"အဘွား ငါ့မြေးလေးအတွက် အရသာရှိတဲ့ အစားအစာတွေ သွားယူပေးမယ်"

ကောဟွာသည် ထိုအမျိုးသမီး၏ ကျောပြင်ကို ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်မရှိသော စိတ်ပျော့သည့်လူအုပ်ကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ မျက်လုံးများကိုသာ မှိတ်လိုက်တော့သည်။

တစ်ဖက်တွင်လည်း ဟန်ရွှေ၏ အမြန်နှုန်းကမလုံလောက်သည်ကို မြင်သောအခါ ဝမ်ထောင်သည် သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ အတင်းဆွဲခေါ်သွားလိုက်သည်။

ဝမ်ထောင်ကဲ့သို့ အရွယ်အစားရှိသူတစ်ယောက်သည် အဘယ့်ကြောင့် ဤမျှ

မြန်သော အရှိန်ဖြင့် ပြေးနိုင်သည်ကို ဟန်ရွှေ နားမလည်နိုင်ပေ။ ၎င်းမှာ မယုံနိုင်စရာပင်။

အံ့အားသင့်နေစဉ်မှာပင် ဟန်ရွှေသည် သူမ၏ စွမ်းရည်ကို အမြန်ဖွင့်လိုက်ပြီး ဇွန်ဘီအသိုက်ထဲသို့ တည့်တည့်မဝင်မိစေရန် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။

မကြာမီပင် သူတို့နှစ်ဦး ဗီလာဧရိယာသို့ ရောက်ရှိသွား၏။

သို့သော် ဝမ်ထောင်က ဟန်ရွှေကို ဗီလာ (၃) ဘက်သို့ ဆွဲခေါ်သွားစဉ် ဟန်ရွှေ ရုတ်တရက် အော်လိုက်သည်။

"အတွင်းထဲမှာ ဇွန်ဘီ ငါးကောင်ရှိတယ်၊ ပြီးတော့ အထူးဇွန်ဘီ တစ်ကောင်လည်း ပါတယ်"

ဝမ်ထောင်မှာ ဝင်ခါနီးဖြစ်သော်လည်း အရှိန်မြန်မြန်သပ်ကာ အတွင်းဘက်

သို့ချောင်းကြည့်လိုက်သည်။

"ဒုက္ခပဲ"

ဗီလာ၏ ဝင်းထဲတွင် ပေါက်ကွဲတတ်သောဇွန်ဘီ တစ်ကောင်နှင့် သာမန်ဇွန်ဘီ အချို့ လှည့်လည်သွားလာနေကြသည်။

၎င်းမှာ သွေးပမာဏ [2500/2500] ရှိသော ပေါက်ကွဲဇွန်ဘီ ဖြစ်၏။

ကံကောင်းစွာဖြင့် ဟန်ရွှေက အချိန်မီ သတိပေးလိုက်သည်။ မဟုတ်ပါက သူသည် ပေါက်ကွဲတတ်သောဇွန်ဘီ၏ လက်ထဲသို့ တန်းဝင်မိပြီး ရှုပ်ထွေးကုန်လိမ့်မည်။

ရှေ့မှာ ဝံပုလွေ၊ နောက်မှာ ကျား ဖြစ်နေ၏။

ဝမ်ထောင်သည် ဤပေါက်ကွဲတတ်သောဇွန်ဘီကို သတ်ခြင်းက ပိုလုံခြုံမလား သို့မဟုတ် အခြားဗီလာတစ်ခုသို့ သွားခြင်းက ပိုလုံခြုံမလား တွန့်ဆုတ်နေစဉ် ဘေးဘက်ရှိ ဗီလာ (၂) ၏ အမိုးပေါ်တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။

"ဒီဘက်ကို လာခဲ့"

ဝမ်ထောင်သည် အသံလာရာဘက်သို့ ကြည့်လိုက်သည်။

[80/100]

အစိမ်းရောင် သွေးဘားတန်းတစ်ခု၊ ၎င်းမှာ ဇွန်ဘီမဟုတ်ဘဲ အမှန်တကယ်ပင် လူတစ်ယောက်ဖြစ်နေသည်။ သူသည် ဟန်ရွှေကို ဆွဲကာ အဆောက်အဦး (၂) ဘက်သို့ အမြန်ပြေးသွားလိုက်၏။ လမ်းတွင် သူက ဟန်ရွှေကို အမြန်ခိုင်း​လိုက်သည်။

"အဆောက်အဦး (၂) ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ ကြည့်"

သူတို့ အဆောက်အဦး (၂) ၏ ဝင်းနံရံအပြင်ဘက်သို့ ရောက်သောအခါ ဟန်ရွှေက အဖြေပေး၏။

"လူတစ်ယောက်ပဲ ရှိတယ်"

ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။

"မင်း အရင်သွားလိုက်"

ဝမ်ထောင်သည် နံရံတွင်ကျောကပ်ကာ သူ၏လက်ကို အသင့်ပြင်ပေးလိုက်၏။ ဟန်ရွှေက သဘောပေါက်စွာ သူ့လက်ပေါ်သို့ တက်နင်းလိုက်သည်။ ဝမ်ထောင်က အပေါ်သို့ တွန်းတင်လိုက်ရာ ဟန်ရွှေမှာ ဗီလာ (၂) ၏ ဝင်းနံရံပေါ်သို့ ရောက်သွားလေသည်။သူကိုယ်တိုင်လည်း နေရာမှ ခုန်လိုက်ကာ နံရံစွန်းကို ဆွဲကိုင်လိုက်သည်။ သူ၏ လက်မောင်းကြွက်သားများက တင်းခနဲဖြစ်သွားပြီး စွမ်းအားကို အသုံးပြု၍ ကျော်တက်သွားလိုက်သည်။

ဗီလာ (၂) ၏ တံခါးမှာ ပွင့်လျက်ရှိပြီး အမျိုးသမီးတစ်ဦးသည် ဝမ်ထောင်နှင့် ဟန်ရွှေကို လက်ယက်ခေါ်နေလေသည်။

သူတို့နှစ်ဦး အမြန်ဝင်သွားပြီး တံခါးကို ပိတ်လိုက်ကြ၏။

သူတို့ဝင်ပြီး မကြာမီမှာပင် ရူးသွပ်ဇွန်ဘီများ ဝင်းနံရံကို ကျော်တက်လာသည်ကို မြင်လိုက်ရသည် ။ သို့သော်လည်း ဗီလာ၏ တံခါးနှင့် ပြတင်းပေါက်များမှာ ပိတ်ထားခဲ့လေ

ပြီ ။ ဇွန်ဘီများမှာ မဝင်နိုင်ကြသဖြင့် လူအုပ်ကို မတွေ့လိုက်ကြပေ။

"ဟူး—"

ဝမ်ထောင်နှင့် ဟန်ရွှေနှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်"

ဟန်ရွှေ အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ရပါတယ်ရှင်။ ကျွန်မတို့အားလုံးက အသက်ရှင်ကျန်ရစ်သူတွေပါပဲ၊ ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူး..."

ဝမ်ထောင်သည် စကားပြောနေသူကို ကြည့်လိုက်သည်။

၎င်းမှာ နူးညံ့သိမ်မွေ့သော သဘာဝရှိသည့် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည် မိတ်ကပ်မလိမ်းထားသော်လည်း သူမ၏ပင်ကိုသဘာဝအလှမှာ ဆယ်လီတစ်ဦးထက် ပိုမိုလှပနေသည်။ အထူးသဖြင့် သူမ၏ ထူးခြားသော ခန္ဓာကိုယ်အချိုးအစားမှာ သူမဝတ်ဆင်ထားသည့် သာမန် အဖြူရောင် အိမ်နေဝတ်စုံအောက်တွင်ပင် ဖုံးကွယ်၍ မရပေ။ တင်ယွီချင်ပင် သူမနှင့် မနှိုင်းယှဉ်နိုင်ပေ။

ဝမ်ထောင်သည် ဤအမျိုးသမီးကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေသည်ဟု ခံစားရ၏။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဝမ်ထောင်ပါ"

ဝမ်ထောင်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျွန်မက ဟန်ရွှေပါ"

အမျိုးသမီးက ပြုံးလျက် တုန့်ပြန်သည်။

"ကျွန်မ နာမည်က လီချို့ယွီပါ"

ဤနာမည်ကို ကြားသောအခါ ဝမ်ထောင် ရုတ်တရက် သဘောပေါက်သွားသည်။

အော်...သူမကိုး၊ သူမကို ရင်းနှီးနေတာ မဆန်းပါဘူး။

တစ်နည်းအားဖြင့် လီချို့ယွီကို ဝမ်ထောင်၏ စီနီယာဟု သတ်မှတ်နိုင်သည်။

သူမသည် အရင်က ဆယ်လီတစ်ဦး ဖြစ်ခဲ့သည်။ အလွန်နာမည်မကြီးသော်လည်း သူမတွင် အလားအလာကောင်းများရှိပြီး လူအများက သူမကို မျှော်လင့်ချက်ထားကြ၏။ သို့သော် သူမသည် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ရှိနေစဉ်မှာပင် လုပ်ငန်းခွင်မှ ရုတ်တရက် ထွက်သွားခဲ့သည်။ သူမထွက်သွားရသည့်အကြောင်းရင်းမှာ အိမ်ထောင်ပြုလိုက်သောကြောင့်ဟု ပြောကြသည်။

သူမ၏ ပရိသတ်များမှာ အလွန် စိတ်မကောင်းဖြစ်ခဲ့ကြသော်လည်း ထိုအချိန်က သူမတွင် ပရိသတ် အများကြီး မရှိသေးသောကြောင့် အကြီးအကျယ် မလှုပ်ရှားခဲ့ပေ။

ဝမ်ထောင်က ဤအကြောင်းကို သိရခြင်းမှာ လီချို့ယွီသည် ဟွမ်ဖုန်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်တွင် ပွဲဦးထွက်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အခြားနေရာများက ပရိသတ်များက သူမကို မေ့သွားကြသော်လည်း ဤနေရာမှလူများကမူ ရံဖန်ရံခါ သူမအကြောင်း ပြောလေ့ရှိကြပြီး။ သူမအကြောင်း ပြောတိုင်း လူတိုင်းက အလွန် နှမြောတသ ဖြစ်ကြသည်။

သို့သော် ယခုအချိန်တွင် ကြည့်ရသည်မှာ သူမသည် အဆင်ပြေနေပြီး ဗီလာတွင် နေထိုင်နေသည်။ ထို့အပြင် သူမသည် ဆယ်ကျော်သက်အရွယ်ကဲ့သို့ အလှအပကို ထိန်းသိမ်းထားပြီး သက်သောင့်သက်သာ နေထိုင်နိုင်လေသည်။ ၎င်းမှာ သူတို့ကဲ့သို့သော အခြေခံလူတန်းစားများ စိုးရိမ်ရမည့်ကိစ္စ မဟုတ်ပေ။

သို့သော် ၎င်းမှာ ကပ်ဘေးမတိုင်မီက အခြေအနေဖြစ်သည်။ ယခု ကပ်ဘေး ရောက်လာပြီဖြစ်၍ လူတိုင်း တန်းတူပင်။

"ကျွန်မ ရှင်တို့ကို အစတည်းက မြင်လိုက်ပါတယ်၊ ဒါပေမဲ့ အပြင်မှာ ဇွန်ဘီတွေရှိနေလို့ နှုတ်ဆက်ဖို့ မဝံ့ရဲခဲ့ဘူး...ရှင်တို့ ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

လီချို့ယွီသည် သူမ၏ ဆံပင်ကို သပ်တင်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။

"ကျွန်တော်တို့ ရူးသွပ်ဇွန်ဘီတွေနဲ့ တွေ့လိုက်ရလို့ပါ၊ အပြင်မှာရှိတဲ့ အရမ်းမြန်တဲ့ ဇွန်ဘီအမျိုးအစားလေ..."

ဟန်ရွှေက ရိုးရှင်းစွာ ရှင်းပြလိုက်ပြီး သက်လတ်ပိုင်းအမျိုးသမီး၏ အော်ဟစ်သံကြောင့် ဇွန်ဘီများ ရောက်လာပုံကိုလည်း ပြောပြလိုက်သည်။

"အဲဒါကြောင့်ပဲ အခုလေးတင် အသံကြားလိုက်တာကိုး၊ ကျွန်မ နားကြားမှားတယ်လို့ ထင်နေတာ..."

လီချို့ယွီသည် စကားမပြောနိုင်တော့ဘဲ သူတို့၏ တိုက်ခန်းတွဲတွင် ထိုကဲ့သို့ ဒုက္ခပေးတတ်သော လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ခင်ဗျား တစ်ယောက်တည်းလား"

ဟန်ရွှေက စပ်စုစွာ မေးလိုက်သည်။

"ဟုတ်တယ်၊ တစ်ယောက်တည်းပါ။ အ

ရင်က ကျွန်မအမျိုးသားရယ် သမီးရယ် ကလေးထိန်းတစ်ယောက်ရယ်နဲ့ အတူနေတာပါ။ ဒါပေမဲ့ ကျွန်မသမီးက ဒီမှာ မရှိဘူး၊ ကလေးထိန်းကလည်း ခွင့်ယူပြီး ဗိုင်းရပ်စ် ကူးစက်မှု စဖြစ်တဲ့အချိန်မှာ အိမ်ပြန်သွားခဲ့တယ်... ကျွန်မက တစ်ယောက်တည်းဆိုတော့ အစားနည်းနည်းပဲ စားတယ်၊ ဒါကြောင့် အစားအသောက် သိပ်မရှိပေမဲ့ ခုချိန်ထိ ခံနိုင်ရည်ရှိနေတာပါ..."

ထိုစကားကို ကြားသောအခါ ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည်။

သူမမှာ သမီးတစ်ယောက် ရှိတယ်ပေါ့..

သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကိုကောင်းကောင်း ထိန်းသိမ်းထားနိုင်တာပဲ။ ဒါပေမဲ့ သူမသမီးကဘယ်အရွယ်လဲ ။ အပြင်မှာ အန္တရာယ်များနေမှာပဲ...

"အပေါ်တက်ပြီး စကားပြောကြရအောင်။ ဒီဇွန်ဘီတွေကို ကြည့်နေရတာ တော်တော် ကြောက်ဖို့ကောင်းတယ်..."

လီချို့ယွီသည် တံခါးအပြင်ဘက်တွင် လှည့်လည်သွားလာနေသော အရိပ်များကို ကြည့်လိုက်ပြီး မသိစိတ်ကပင် တုန်ယင်သွားသည်။

"ကောင်းပါပြီ"

ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် လီချို့ယွီနောက်သို့ လိုက်ပြီး အပေါ်ထပ်သို့ တက်သွားကြသည်။

တစ်ဖက်လူမှာ အမျိုးသမီးဖြစ်သည့်အတွက် ဝမ်ထောင် စကားမပြောဘဲ ဟန်ရွှေကိုသာ ပြောခိုင်းထားလိုက်၏။ အမျိုးသမီးနှစ်ဦးဆိုလျှင် ပြောစရာ ပိုများလိမ့်မည်။

သူကမူ ဗီလာ၏ တံခါးနှင့် ပြတင်းပေါက်များတွင် ပြဿနာမရှိစေရန် ဂရုတစိုက် စစ်ဆေးရန် သွားလိုက်သည်။ သူ ပြန်ရောက်လာသောအခါ လီချို့ယွီက ယဉ်ကျေးစွာ မေးသည်။

"ရေ သောက်မလားရှင်။ ကျွန်မမှာ အိမ်မှာ မြေအောက်ရေတွင်းရှိတယ်၊ အကုန်သန့်ရှင်းတဲ့ ရေလတ်လတ်ဆတ်ဆတ်တွေပါ"

"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်"

ဟန်ရွှေ အမြန်ပင် လက်ခါလိုက်သည်။

သူမက ယဉ်ကျေးခြင်းမဟုတ်ဘဲ သူစိမ်းများအပေါ် သတိထားနေခြင်းဖြစ်သည်။ သူမ၏ ခင်ပွန်းက သူမကို ဆေးခတ်ခဲ့သည့်အချိန်ကတည်းက သူမသည် ထိုကဲ့သို့သော အရာများတွင် အထူးသတိထားနေခဲ့သည်။

"ဒါဆို ဗိုက်ဆာနေကြသလား။ ကျွန်မမှာ အစားအစာ နည်းနည်း ကျန်သေးတယ်၊ သိပ်တော့ မရှိတော့ဘူး..."

လီချို့ယွီ အနည်းငယ် ရှက်သွားသည်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့မှာ ကိုယ်ပိုင် အစားအစာတွေ ပါပါတယ်"

ဝမ်ထောင်က ဝင်ပြောလိုက်သည်။

ဟန်ရွှေ အနည်းငယ် အံ့အားသင့်သွားပြီး သူ့အားလှည့်ကြည့်၏။

ဝမ်ထောင်က အစားအစာ ဘယ်တုန်းက ယူလာခဲ့တာလဲ။ သို့သော် အစားအစာ ရှိနေသရွေ့ ကိစ္စမရှိပါ၊ ဗိုက်ဆာနေလျှင် တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားလိမ့်မည်။

လီချို့ယွီသည် သူတို့နှစ်ဦးက အစားအစာကို ပင် ငြင်းပယ်လိုက်သည်ကို မြင်သောအခါ သူတို့သည် သူမကဲ့သို့သော သူစိမ်းအပေါ် သတိထားနေဆဲ ဖြစ်ကြောင်း သဘောပေါက်သွားသည်။

"ဟုတ်ပါပြီ၊ ဒါဆို ကျွန်မ အရင်စားလိုက်ဦးမယ်။ ကျွန်မ အခုလေးတင် နိုးတာ၊ နေ့လယ်စာလည်း မစားရသေးဘူး..."

လီချို့ယွီသည် ပြောပြောဆိုဆိုဖြင့် မီးဖိုချောင်သို့ သွားကာ ခေါက်ဆွဲခြောက် တစ်ပန်းကန် ပြုတ်လိုက်သည်။ ကြက်သွန်မြိတ် အနည်းငယ်ကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီးနောက် ဘားကောင်တာကို မှီကာ စားလိုက်သည်။

ဟန်ရွှေသည် တစ်ချက်ကြည့်လိုက်ပြီးနောက် မသိစိတ်က တံတွေးမြိုချလိုက်မိသည်။

သူမ ဗိုက်မဆာဟု ထင်ခဲ့သော်လည်း အခု ဗိုက်ဆာလာပြန်သည်။

ထိုအချိန်တွင် ဝမ်ထောင်သည် သူမကို

ကြည်လင်နေသော ပလတ်စတစ်ပြွန်တစ်ခု ထုတ် ပေးလိုက်သည်။

"ဒါ စားလိုက်"

"ဒါ ဘာလဲ"

ဟန်ရွှေ စပ်စုစွာ မေးသည်။

"အာဟာရရည်"

ဝမ်ထောင်သည် ပြောပြောဆိုဆိုဖြင့် သူ့အိတ်ထဲမှ နောက်ပုလင်းတစ်ခုကို ထုတ်ကာ ဖွင့်၍ သူ့ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သည်။

ဤပုလင်းမှာ ပန်းသီးအရသာ ဖြစ်ပြီး အတော်လေး ကောင်းမွန်၏။

ဟန်ရွှေသည် ဝမ်ထောင်၏ ပုံစံအတိုင်း လိုက်လုပ်ကာ ဖွင့်လိုက်ရာ ဆန်ဖြူနံ့သင်းသင်းလေး ရလိုက်သည်။

"အနံ့က တော်တော်မွှေးတာပဲ"

ဟန်ရွှေ၏ မျက်လုံးများ တောက်ပသွားသည်။ သူမ ဆန်ဖြူအရသာကို မေ့သလောက်တောင် ဖြစ်နေပြီ။

ဝမ်ထောင်ကို အတုယူကာ ပုလင်းထဲမှ အကုန်လုံးကို သူမ ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ ခဏအကြာတွင် သူမ၏ ဝမ်းဗိုက်တွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး ဤ နွေးထွေးမှု သည် တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ သူမ ဗိုက်မဆာတော့သည့်အပြင် စွမ်းအားများလည်း အပြည့် ရှိလာသလို ခံစားရ၏။

"ဒီ အာဟာရရည် က အရမ်းကောင်းတာပဲ"

ဟန်ရွှေ အံ့အားသင့်စွာ အော်လိုက်သည်။

ဝမ်ထောင် ပြန်မဖြေဘဲ နောက်ထပ် အာဟာရရည် တစ်ပုလင်း ထုတ်ကာ ရေသောက်သကဲ့သို့ သူ့ဗိုက်ထဲသို့ လောင်းချလိုက်ပြန်သည်။

ယခုတစ်ခါမှာမူ ခေါက်ဆွဲအရသာ ဖြစ်ပြီး အရင်က ပန်းသီးအရသာလောက် မကောင်းပေ။

ဟန်ရွှေ တံတွေး ထပ်မြိုချလိုက်သည်။ သူမ၏ ပါးစပ်က ဆက်စားချင်နေသော်လည်း ဗိုက်ကတော့ ပြည့်နေပြီဟု ပြောနေသည်။

လီချို့ယွီ သူမ၏ ရိုးရှင်းသော အစာကို စားပြီးနောက် ဟန်ရွှေနှင့် စကားပြောရန် ပြန်လာသည်။ လူတစ်ယောက်ကို အချိန်ကြာကြာ မတွေ့ရတာ ကြာပြီဖြစ်၍ သူမတွင် ပြောစရာများစွာ ရှိနေပုံရသည်။

"ရှင်တို့က အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်း ကလာတာလား"

ဟန်ရွှေ သူတို့၏ အထောက်အထားကို ထုတ်ပြောလိုက်သည်ကို ကြားသောအခါ လီချို့ယွီ အနည်းငယ် အံ့အားသင့်သွားသည်။

သူမသည် ရွှေကျဲခရိုင်တွင် အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် ဟုန်ရွှီခရိုင်ရှိ အခြေစိုက်စခန်း အကြောင်းကိုသာ သိသည်။ ထိုအကြောင်းကို အစိုးရက တစ်မြို့လုံးကို ထုတ်လွှင့်ခဲ့သောကြောင့်ပင်။

"အပြင်က ဇွန်ဘီတွေ ထွက်သွားရင် ကျွန်မတို့ ပြန်ကြတော့မှာပါ။ ရှင်ကျွန်မတို့နဲ့အတူ လိုက်ခဲ့မလား။ ရှင့်ရဲ့ လုံခြုံရေးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်"

ဟန်ရွှေက မေးလိုက်သည်။

သို့သော် လီချို့ယွီ ခေါင်းခါလိုက်၏။

"ကျွန်မ... ကျွန်မ မသွားနိုင်ဘူး"

"ဘာလို့လဲ"

ဟန်ရွှေ အနည်းငယ် နားမလည် ဖြစ်သွားလေသည်။လီချို့ယွီ၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်အနည်းငယ် ပေါ်လာ၏။

"ကျွန်မရဲ့ ရှောင်ရွှယ် ပြန်လာတာကို စောင့်ရမယ် - သူက ကျွန်မသမီးပါ"

"ရှင့်သမီးလား..သူက ဘယ်မှာလဲ။ကျွန်မတို့နဲ့အတူ အခြေစိုက်စခန်းကိုလိုက်ခဲ့ရင် သမီးအကြောင်း သတင်းရှာဖို့ ကူညီပေးလို့ရတယ်လေ၊ ဒီမှာ တစ်ယောက်တည်း စောင့်နေတာထက် အများကြီး ပိုကောင်းတာပေါ့"

ဟန်ရွှေ ဆက်လက်စည်းရုံးနေသည်။

သူမသည် တစ်ယောက်တည်းဖြစ်ပြီး အားနည်းသော အမျိုးသမီးလည်း ဖြစ်သည်။ ယခုလိုနေရာတွင် တစ်ယောက်တည်း နေထိုင်ခြင်းက အလွန်အန္တရာယ်များလှသည်။

"ရှောင်ရွှယ်က ရွှေကျဲတက္ကသိုလ်ကျောင်းသူပါ။ ကျွန်မသာ ဒီက ထွက်သွားရင် သူ ကျွန်မကို ရှာတွေ့မှာ မဟုတ်တော့ဘူး။ ဆက်သွယ်ရေးတွေ မပြတ်ခင်တုန်းက သူ ကျွန်မကို ဖုန်းဆက်ပြီး အိမ်မှာ စောင့်နေဖို့ ပြောခဲ့တယ်..."

"ဘာ.. ရွှေကျဲတက္ကသိုလ်က ကျောင်းသူလား"

ဟန်ရွှေ အနည်းငယ် အံ့အားသင့်သွားပြီး ဝမ်ထောင်သည်လည်ူ လီချို့ယွီကို တစ်ချက် ကြည့်လိုက်သည်။

"ကျွန်မတို့ရဲ့ အခြေစိုက်စခန်းက ရွှေကျဲတက္ကသိုလ်မှာ ရှိတာပါ။ ဒါပေမဲ့ ရွှေကျဲတက္ကသိုလ်မှာ ကျောင်းသူ တစ်ယောက်မှ မရှိဘူး။ သူ ရှင့်ကို ပြောတုန်းက သူ ဘယ်နေရာမှာလဲ"

"ဟင်"

"ရှင်တို့ အခြေစိုက်စခန်းက ရွှေကျဲတက္ကသိုလ်မှာလား"

လီချို့ယွီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောသည်။

"သူပြောတုန်းကတော့ သူတို့ကျောင်းရဲ့ အစိတ်အပိုင်းတချို့ကို ပြုပြင်မွမ်းမံနေလို့ အနံ့တွေ မပျောက်သေးတဲ့အတွက် ကျောင်းသူတွေကို ခွင့်ရက်အနည်းငယ် ပေးလိုက်တယ်လို့ ပြောတယ်။ သူက ကျောင်းက စီစဉ်တဲ့ ရွှေကျဲတောင် မှာ ပန်းချီဆွဲတဲ့ခရီးစဉ်ကို သွားနေတာပါ..."

ရွှေကျဲတက္ကသိုလ်၏ နောက်ဘက်တွင် မြစ်တစ်ခုရှိပြီး မြစ်နှင့် မဝေးသောနေရာတွင် ရွှေကျဲတောင် ဟုခေါ်သော တောင်တစ်ခု ရှိသည်။ ရွှေကျဲတောင် မှာ မြင့်မားခြင်း မရှိသော်လည်း ရှုခင်းမှာ အတော်လေး ကောင်းမွန်သည်။ ဝမ်ထောင်သည် ထိုနေရာသို့ အကြိမ်အနည်းငယ် သွားဖူးပြီး ကျောင်းသူများ တောင်ပေါ်တွင် ပန်းချီဆွဲ၊ ပန်းချီရေးဆွဲနေသည်ကို မကြာခဏ မြင်ဖူး၏။

ရွှေကျဲတောင် သည် နှစ်စဉ်လိုလို ရွှေကျဲတက္ကသိုလ် ကျောင်းသားများစွာကို လက်ခံလေ့ရှိပြီး အတွင်းထဲတွင် တည်းခိုရန်နေရာများစွာ ရှိသည်။ ဝမ်ထောင်သည် ထိုအချိန်က ဤရွှေကျဲတောင်ခရီးသွားဧရိယာ သည် ကျောင်းနှင့် အနီးဆုံး ဖြစ်နေသည့်တိုင် တောင်ပေါ်တွင် တည်းခိုနေသည်မှာ ကျောင်းနှင့် တစ်စုံတစ်ရာ ပူးပေါင်းထားသလားဟု တွေးမိခဲ့သည်။ တစ်ညလျှင် ယွမ်ငွေ ရာဂဏန်းခန့် ပေးရသည်ဟု ထင်သည်။

အကယ်၍ လီချို့ယွီ၏သမီးသည် ရွှေကျဲတောင်တွင် ရှိနေပါက သူမမှာ ပိုမို အန္တရာယ်များနေမည်မှာ သေချာသည်။ ရွှေကျဲတောင်တွင် လူများစွာ ရှိနေခြင်းကြောင့်သာမက ဇွန်ဘီများလည်း များပြားသည်။ ပို၍ အရေးကြီးသည်မှာ တောရိုင်းထဲတွင် သွေးပမာဏ သောင်းဂဏန်း ရှိသော မသိရှိရသေးသည့် ဘီလူးကြီးများ ရှိနေခြင်းပင်ဖြစ်သည်။

"ရှင့်သမီး ရှောင်ရွှယ် လုံခြုံပါစေလို့ ဆုတောင်းပါတယ်..."

ဟန်ရွှေ သက်ပြင်းချလိုက်သော်လည်း စိတ်ဓာတ်ကျစရာ စကားများ မပြောလိုက်ပေ။ လီချို့ယွီ ခံနိုင်ရည်ရှိနေခြင်းမှာ သူမသမီးကြောင့် ဖြစ်နိုင်သည်။ အကယ်၍ သူမသမီးမှာ သေဆုံးသွားနိုင်သည်ဟု ပြောလိုက်လျှင် အသိဉာဏ်မဲ့ရာ ရောက်ပေလိမ့်မည်။

"ကျွန်မ ရှင့်ကို ဝေါ်ကီတော်ကီ တစ်ခု ပေးခဲ့မယ်။ အနာဂတ်မှာ တစ်ခုခု လိုအပ်ရင် ကျွန်မတို့ ရွှေကျဲအခြေစိုက်စခန်း ကို ဆက်သွယ်နိုင်တယ်"

ဟန်ရွှေသည် ဝေါ်ကီတော်ကီ တစ်ခုကို ပေးလိုက်၏။

"အဲဒါဆို အများကြီး ကျေးဇူးတင်ပါတယ်"

လီချို့ယွီ အမြန်ယူလိုက်ပြီးနောက် နှစ်ဦးစလုံး စကားဆက်ပြောကြသည်။ အပြင်ဘက်ရှိ ဇွန်ဘီများမှာ ထွက်မသွားသေးသောကြောင့် အချိန်ကုန်စေရန် စကားပြောခြင်းဖြင့်သာ အချိန်ဖြုန်းနေကြရ၏။

ဝမ်ထောင်သည် နှစ်ဦးကြား ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ လီချို့ယွီက အများဆုံး ပြောပြီး ဟန်ရွှေက နားထောင်ပေးနေခြင်း ဖြစ်သည်။

ဝမ်ထောင်မှာ အမျိုးသမီးများ၏ စကားဝိုင်းတွင် မပါဝင်ဘဲ မျက်လုံးများကို မှိတ်ကာ နားနေလိုက်သည်။

သူ တကယ်နားနေခြင်း မဟုတ်ဘဲ သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ် ကို ကြည့်နေခြင်းဖြစ်သည်။

လေးသမားဇွန်ဘီကို သတ်ပြီးနောက် အချိန်မှာ အဖိုးတန်လွန်း၍ ဝမ်ထောင်သည် စစ်ပွဲမှ ရရှိသောပစ္စည်းကို တစ်ချက်သာ ကြည့်လိုက်ပြီး အသေးစိတ် မကြည့်နိုင်ခဲ့ပေ။ ယခုအချိန်ကို အခွင့်ကောင်းယူ၍ အသေးစိတ် လေ့လာနိုင်သည်။

ပထမဦးဆုံးမှာ ဇွန်ဘီ အမြုတေဖြစ်ပြီး ၎င်းမှာ အတွင်းတွင် ပစ်မှတ်အသေးစားလေး ပါဝင်သော အနီရောင် အမြုတေဖြစ်၏။

[ပထမအဆင့်အမြုတေ · တိကျသောပစ်ခတ်မှု]

[အရည်အသွေး: အလွန်ကောင်းမွန် (80%)]

[သန့်စင်မှု: 50% (ဘေးထွက်ဆိုးကျိုး: တစ်ဖက်မျက်စိကွယ်ခြင်း)]

[တိကျသောပစ်ခတ်မှု: အသုံးပြုနေစဉ်အတွင်း သင့်ကိုယ်ပိုင် ပစ်ခတ်မှု တိကျမှုမှာ သိသိသာသာ တိုးတက်လာမည်]

ဤသည်မှာ ကြေးအရေခွံနှင့်သံမဏိအရိုး ကဲ့သို့သော အချိန်ကာလတစ်ခုအထိ အသုံးပြုနိုင်သည့် စွမ်းရည်အမြုတေ ဖြစ်ပြီး ၎င်း၏ ဂုဏ်သတ္တိများမှာ ဝမ်ထောင်၏ ပါးစပ်ကိုပင် တံတွေးယိုစေသည်။

ဝမ်ထောင်သည် လက်ရှိတွင် အဝေးမှ တိုက်ခိုက်နိုင်စွမ်း မရှိသေးဘဲ လေးပစ်ကျင့်ရန်မှာလည်း တစ်ညတည်းဖြင့် အောင်မြင်နိုင်သည့်အရာ မဟုတ်ပေ။ အချိန်ယူပြီး လေ့ကျင့်ရမည့်အရာ ဖြစ်သည်။

အကယ်၍သာ သူ ဤအမြုတေကို ပေါင်းစပ်လိုက်ပါက သူသည် လမ်းကြောင်းများစွာကို ကျော်ဖြတ်နိုင်လိမ့်မည်။

သို့သော် ဤအမြုတေ၏ ဘေးထွက်ဆိုးကျိုးမှာ အနည်းငယ် ကြောက်စရာကောင်း၏

။မျက်စိတစ်ဖက်ကွယ်သွားခြင်း... ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်သည် အမြုတေများကို ပေါင်းစပ်နိုင်သေးသည်။ အလားတူ အမြုတေတစ်ခုကို နောက်ထပ် ဘယ်တော့ရနိုင်မလဲဆိုသည်ကိုသာ သူ စောင့်ကြည့်ရမည်ဖြစ်သည်။ လက်ရှိအတွက်မူ သူ မပေါင်းစပ်နိုင်သေးပေ။

ဝမ်ထောင်သည် အခြားပစ္စည်းများကို ကြည့်လိုက်သည်။

[တိကျသောလေးဒူးထုတ်လုပ်မှုပုံကြမ်း *1]

[လေးမြားထုတ်လုပ်မှုပုံကြမ်း *1]

[ရီကပ်လေး *1]

[မြားကျည်တောက် *1]

[မြားတံ *30]

.......

All Chapters