← Chapters

အခန်း ၁၀၂

Vol. 10 Ch. 102

အခန်း ၁၀၂

Vol. 10 Ch. 102

အခန်း (၁၀၂) - မင်းတို့နှစ်ယောက်ကိုသည်းခံလာတာ ကြာပြီ

သူ၏ရင်ခွင်ထဲတွင်ရှိနေသောသူ၏ ဒေါသထွက်နေသော မျက်နှာလေးကိုကြည့်၍ ဝမ်ထောင်က လက်ကိုမြှောက်ကာ အပြစ်ကင်းစင်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

"ငါ့အမှားမဟုတ်ဘူးလေ။ အိပ်တုန်းက ငါ့ရင်ခွင်ထဲ တိုးဝင်လာတာက မင်းလေ၊ ငါတောင် တွန်းမထုတ်နိုင်ဘူး—"

"သိပြီ..မပြောနဲ့တော့"

ဟန်ရွှေ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး ဝမ်ထောင်၏ပါးစပ်ကို ပိတ်ထားလိုက်သည်။

သူမက အိပ်စက်သည့်အခါ တစ်စုံတစ်ခုကို ပွေ့ဖက်ထားရမှ ကြိုက်တတ်သူဖြစ်သည်။ အိမ်မှာဆိုလျှင် ခေါင်းအုံးများကို ပွေ့ဖက်လေ့ရှိပြီး အခုတော့ ဝမ်ထောင်ကိုသာ ကိုယ်လုံးပြည့်ခေါင်းအုံးလို သဘောထားလိုက်မိခြင်းပင် ။ အခြားစိတ်များ မပါဝင်ပါ။

ဝမ်ထောင်က ရယ်ကျဲကျဲလုပ်လိုက်သည်။ ဟန်ရွှေက သူမ၏ဆံပင်ကို ပြန်သပ်လိုက်သောအခါ ဝမ်ထောင်က သူမကို ရုတ်တရက်ဆွဲဖက်လိုက်၏။

ဟန်ရွှေက အလန့်တကြားဖြင့် နှစ်ချက်သုံးချက် ရုန်းကန်လိုက်သော်လည်း နောက်ဆုံးတွင် အရှုံးပေးလိုက်သည့်ပုံဖြင့် ငြိမ်သွားလေသည်။

သို့သော် ဝမ်ထောင်က အခြားဘာမျှမလုပ်ပါ။ သူက သူမကို ပွေ့ဖက်ထားရုံသာ ။ ဟန်ရွှေက ဝမ်ထောင်၏ရင်ဘတ်ပေါ်တွင် မျက်နှာနီရဲလျက် တိတ်ဆိတ်စွာ မှီထားသည်။ သူတို့နှစ်ယောက်လုံး အိပ်ရာပေါ်တွင် ခဏတာ အေးအေးလူလူ လဲလျောင်းနေကြ၏။

ဟန်ရွှေနည်းတူ ဝမ်ထောင်သည်လည်း အိပ်သည့်အခါ တစ်စုံတစ်ခုကို ပွေ့ဖက်ထားရမှ ကြိုက်တတ်သည့် အလေ့အကျင့်ရှိသည်။ ၎င်းမှာ မကြာသေးခင်ကမှ ဖြစ်ပေါ်လာသော အကျင့်တစ်ခုပင်။

ထို့ကြောင့် အိပ်သည့်အခါ တစ်စုံတစ်ခုကို ပွေ့ဖက်ထားရမှ ကြိုက်တတ်သော လူနှစ်ယောက်သည် အမှောင်ထဲတွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။

"ထတော့မယ်... မဟုတ်ရင် လီချို့ယွီ မြင်သွားရင် ကျွန်မတို့ကို လှောင်နေလိမ့်မယ်"

ဟန်ရွှေက အရင်ဆုံး အိပ်ရာမှ ဆင်းလိုက်

၏။ဝမ်ထောင်က သူမကို မတားဆီးပါ။ ဟန်ရွှေက သူ့ကို ကျောပေးပြီး အဝတ်အစားလဲနေသည်ကို ခဏတာ ငေးကြည့်နေပြီးနောက် ဝမ်ထောင်သည်လည်း နောက်ဆုံးတွင် ထလိုက်သည်။

သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာသောအခါ လီချို့ယွီမှာ နိုးနေနှင့်လေပြီ ။ သူမက ဝမ်ထောင်နှင့် ဟန်ရွှေကို မနက်စာ စားမလားဟု မေးလိုက်သည်။

"မလိုတော့ပါဘူး၊ ကျွန်တော်တို့ဘာသာ ယူလာတယ်"

ဝမ်ထောင်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် အင်္ကျီအတွင်းမှ အာဟာရရည် ပုလင်းအနည်းငယ်ကို ထုတ်လိုက်သည်။

ဟန်ရွှေက အာဟာရရည်များကိုကြည့်ကာ တစ်မျိုးကြီး ဖြစ်နေသည်။ ယခုလေးတင် ဝမ်ထောင်မား အဝတ်အစားလဲရာတွင် ကူညီပေးခဲ့စဉ်က အာဟာရရည်ပုလင်းများကို သူမ မတွေ့ခဲ့မိပေ။

"ဒါက ဘာလဲ"

လီချို့ယွီက စိတ်ဝင်တစား မေးလိုက်ပြီး ထူးဆန်းသောပုလင်းများကို ကြည့်နေ၏။

သူမသည် မနေ့က ဝမ်ထောင်နှင့် ဟန်ရွှေတို့ အာဟာရရည်သောက်သည်ကို မမြင်ခဲ့ရပေ။

"အာဟာရရည်လေ။ နည်းနည်း စမ်းသောက်ကြည့်မလား"

ဝမ်ထောင်က ပုလင်းတစ်လုံး ကမ်းပေးလိုက်သည်။

"အင်း"

လီချို့ယွီက အားနာမနေပါ။ သူမသည် ဝမ်ထောင်ကဲ့သို့ သတိကြီးကြီးထားသူလည်း မဟုတ်ပေ။ ပုလင်းကိုဖွင့်၍ အနည်းငယ် မြည်းစမ်းလိုက်သည်။

"အမ်..ချောကလက်အရသာလား..အရမ်းကောင်းတာပဲ"

လီချို့ယွီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ ချောကလက်အရသာကို မစားရတာ ကြာပြီမဟုတ်ပါလား။

အရသာတင်မကဘဲ အာဟာရရည်သောက်ပြီးနောက် သူမခန္ဓာကိုယ်တစ်ခုလုံးတွင် နွေးထွေးပြီး သက်သောင့်သက်သာ ဖြစ်သွားကာ အဆုံးမရှိသော ခွန်အားများ ရှိနေသကဲ့သို့ လည်း ခံစားရသည်။

"သူတို့ ငါ့အစားအစာတွေကို မလိုတာ အံ့သြစရာ မဟုတ်တော့ဘူး..."

လီချို့ယွီ သက်ပြင်းချလိုက်သည်။ ၎င်းမှာ သူမ၏ အရသာမရှိသော ခေါက်ဆွဲခြောက်များထက် အများကြီး သာလွန်နေသည်။

တကယ်တော့ သူမသည်လည်း အိမ်တွင်သိုလှောင်ထားသော အစားအစာများကို ငြီးငွေ့နေ၍သာ ထိုသို့ ခံစားရခြင်းဖြစ်လေသည်။

အာဟာရရည်များစွာ သောက်သုံးထားသော်လည်း ဝမ်ထောင်က သာမန်အစားအစာကိုသာ ပိုကြိုက်သည်။ သို့သော်လည်း သာမန်အစားအစာ ရရှိရန်မှာ ယခုအချိန်တွင် ခက်ခဲလှသည်။

ဟန်ရွှေကတော့ အာဟာရရည် တစ်ပုလင်းဖြင့် ဗိုက်ဝသွားသည်။ လီချို့ယွီကလည်း တစ်ဝက်ခန့်သာ သောက်နိုင်ပြီး သူမက အစားနည်းသဖြင့် တစ်ဝက်သောက်ရုံဖြင့် ပြည့်အင့်သွားသည်။ ဝမ်ထောင်မှာမူ နှစ်ပုလင်းကို တစ်ရှိန်ထိုး သောက်လိုက်ပြီးသော်လည်း ၇၀ ရာခိုင်နှုန်းခန့်သာ ဝသေးသည်။

"အပြင်က ရူးသွပ်ဇွန်ဘီတွေ မထွက်သွားကြဘူး၊ ပေါက်ကွဲဇွန်ဘီ နှစ်ကောင်တော့ ပျောက်သွားပြီ၊ ဒါပေမဲ့ အော်ဟစ်ဇွန်ဘီကတော့ ရှိနေသေးတယ်..."

ခဏတာ စောင့်ကြည့်ပြီး သူမ၏ အာရုံခံစွမ်းရည်ကို အသုံးပြု၍ ဟန်ရွှေက ဝမ်ထောင်ဘက်သို့ လှည့်ကာ ပြောသည်။

"ကျန်တာက အဲဒီဇွန်ဘီ တစ်ကောင်တည်းလား..."

အကယ်၍ တစ်ကောင်တည်းဆိုလျှင် ဝမ်ထောင်က အလျှော့ပေးမည် မဟုတ်ပေ။

အော်ဟစ်ဇွန်ဘီ၏ တည်နေရာကို မြင်လိုက်ရသောအခါ ဝမ်ထောင်က ၎င်းကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

အော်ဟစ်ဇွန်ဘီမှာ အလွန်အားနည်းသော ဇွန်ဘီအမျိုးအစားဖြစ်ပြီး သာမန်ဇွန်ဘီထက် ပင် ခုခံမှု ပိုနည်း၏။ ဝမ်ထောင်က သွေးပမာဏ ၁၀၀၀ ရှိသော သာမန်ဇွန်ဘီကို တစ်ချက်တည်းနှင့် သတ်နိုင်သည်ဖြစ်ရာ သွေးပမာဏ ၁၀၀၀ ရှိသော ဤအော်ဟစ်ဇွန်ဘီကို သတ်ရန်မှာ ပြဿနာရှိမည် မဟုတ်ပေ။

သို့သော်လည်း စိတ်ချရစေရန် ဝမ်ထောင်က ပြင်ဆင်မှုအချို့ လုပ်လိုက်သည်။

အပြည့်အစုံ လက်နက်တပ်ဆင်ပြီးနောက် သူက လီချို့ယွီကို ပြောလိုက်၏။

"ငါ ဇွန်ဘီတစ်ကောင် သွားသတ်ဦးမယ်။ အားလုံး အဆင်ပြေရင် အဲဒီနောက်မှာ ငါတို့ ထွက်သွားမယ်။ တစ်ခုခု မမျှော်လင့်ဘဲ ဖြစ်လာရင်တော့ မင်းဆီ ပြန်လာဖို့ အကူအညီ တောင်းရတော့မယ်"

"ပြဿနာမရှိပါဘူး"

လီချို့ယွီက ပြုံး၍ ပြောသည်။

အော်ဟစ်ဇွန်ဘီက လက်ရှိတွင် နံရံခြေရင်း၌ ရှိနေပြီး မြေကြီးပေါ်တွင် ထိုင်ကာ သာမန်ဇွန်ဘီတစ်ကောင်နှင့် ဆင်တူနေသည်။

တစ်ချက်တည်းနှင့် သေချာပေါက် သတ်နိုင်ရန် ဝမ်ထောင်က အယုံကြည်ရဆုံး နည်းလမ်းကို ရွေးချယ်လိုက်၏။

"ငါ့အတွက် စောင့်ကြည့်ပေးထားဦး။ တခြားဇွန်ဘီတွေ အနားကို လာရင် ငါ့ကို သတိပေးလိုက်"

ဗီလာ၏ အပေါ်ဆုံးထပ်တွင် ဝမ်ထောင်က ဟန်ရွှေကို ပြောလိုက်သည်။

"အိုကေ"

ဟန်ရွှေက ခေါင်းညိတ်သည်။

မီးသတ်ပုဆိန်ကိုကိုင်ထားရင်း ဝမ်ထောင်က ဗီလာ၏ ဖွင့်ထားသော လသာဆောင်မှတစ်ဆင့် ခေါင်မိုးပေါ်သို့ တက်လိုက်သည်။

သူသည် လေး၊ ဒူးလေး သို့မဟုတ် ပုဆိန်ကို ပစ်ပေါက်၍ပင် အော်ဟစ်ဇွန်ဘီကို သတ်နိုင်သော်လည်း ဤဇွန်ဘီမှာ ထူးခြားပြီး အခြားဇွန်ဘီများကို အလွယ်တကူ ဆွဲဆောင်နိုင်သည့်အတွက် ဝမ်ထောင်က အလုံခြုံဆုံးနည်းလမ်းဖြစ်သော အပေါ်မှ ခုန်ချတိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်လိုက်၏။

ခေါင်မိုးသို့ ရောက်သောအခါ အော်ဟစ်ဇွန်ဘီရှိသည့် နေရာကို ရှာဖွေပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ဇွန်ဘီမှာ သူ၏ အောက်တည့်တည့်၌ ရှိနေသည်။

အသက်ကို ပြင်းပြင်းရှူသွင်းပြီး ဝမ်ထောင်က မီးသတ်ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြတ်သားစွာ ခုန်ချလိုက်သည်။

ဝှစ်....

ဖတ်..

ဒုတ်..

【-1000】

【0/1000】

အော်ဟစ်ဇွန်ဘီမှာ မည်သူမှန်းပင် မမြင်လိုက်ရဘဲ ဝမ်ထောင်၏ ပုဆိန်ချက်ဖြင့် ခေါင်းခွံကွဲသွားကာ အပေါ်မှ ဆင်းလာသော ပုဆိန်ဒဏ်ကြောင့် ရင်ဘတ်တစ်ခြမ်းပါ ကွဲထွက်သွားလေသည်။

ဗီလာပတ်လည်တွင် မြက်ခင်းများရှိသဖြင့် သူဆင်းသက်လိုက်ခြင်းမှာ အသံတိတ်

ဖြစ်သွား၏။

"မျှော်လင့်ထားတဲ့အတိုင်း ခုခံမှုက တကယ်ကို နည်းတာပဲ"

ဝမ်ထောင်က မြေပြင်ပေါ်ရှိ ခရမ်းရောင် အမြုတေကို ကောက်ယူလိုက်ပြီးနောက် ၎င်းချပေးခဲ့သော ပစ္စည်းများကို သိမ်းလိုက်သည်။

【ရရှိသည် - အော်ဟစ်ခြင်းဆေးရည် (အသေး) ချက်နည်း *၁】

【အော်ဟစ်ခြင်းဆေးရည် (အသေး) ပြု

လုပ်နည်း - သင်ယူပြီးပါက အော်ဟစ်ခြင်းဆေးရည် (အသေး) ငါးပုလင်းကို တစ်ပြိုင်နက် ဖော်စပ်နိုင်သည်။ လိုအပ်သောပစ္စည်းများ - အော်ဟစ်တတ်သောငါး၏ သည်းခြေအိတ် *၁၊ အမြုတေ *၁၊ သန့်စင်ထားသောရေ ၁၀၀ မီလီလီတာ၊ အစားအစာ ၁၀ ကယ်လိုရီ။】

【ရရှိသည် - အော်ဟစ်ခြင်းဆေးရည် (အသေး) *၂】

【အော်ဟစ်ခြင်းဆေးရည် (အသေး) - သောက်သုံးပြီး ၁၀ မိနစ်အတွင်း သင်သည် စူးရှပြီး ကြာရှည်ခံသော အော်ဟစ်သံကို ထုတ်လွှတ်နိုင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန် - ၁၂ နာရီ။ မှတ်ချက် - အော်ဟစ်ခြင်းသည် အသံအိုးကို အနည်းငယ် ထိခိုက်စေနိုင်သည်။ တစ်ရက်ခန့် စကားမပြောရန် အကြံပြုသည်။】

ဝမ်ထောင်က အခြားဆေးရည်တစ်မျိုး ဖော်စပ်နည်းကို သင်ယူလိုက်ရ၏။ ယခုတွင် သူသည် "အားဖြည့်ဆေးရည် (အသေး)"၊ "ခုခံမှုဆေးရည် (အသေး)" နှင့် ဤ "အော်ဟစ်ခြင်းဆေးရည် (အသေး)" ဟူ၍ သုံးမျိုး ဖော်စပ်တတ်နေပြီ ဖြစ်သည်။ ကံဆိုးစွာပင် ၎င်းတို့အားလုံးအတွက် လိုအပ်သော အဓိကပစ္စည်းများ မရှိသဖြင့် တစ်မျိုးမျှ ဖော်စပ်၍ မရသေးပေ။

ဤအော်ဟစ်ခြင်းဆေးရည်၏ အာနိသင်မှာ အခြားဆေးရည် နှစ်မျိုးလောက် မကောင်းသော်လည်း ရှိထားခြင်းက မရှိခြင်းထက် သာသည်။ နောက်ပိုင်းတွင် အသုံးဝင်လာနိုင်၏။

ပစ္စည်းများကို သိမ်းပြီးနောက် ဝမ်ထောင်က ဗီလာ၏ခြံစည်းရိုးဘက်သို့ လှည့်ပတ်ကာ ပြန်တက်လာခဲ့သည်။

ဟန်ရွှေက သူ့ကို အတွင်း၌ စောင့်နေသည်။ ဝမ်ထောင် ပြေးဝင်လာသည်ကို မြင်သောအခါ သူမက တံခါးကို အမြန် ပိတ်လိုက်သည်။

အားလုံးမှာ အန္တရာယ်မရှိဘဲ အဆင်ပြေသွား၏။ဝမ်ထောင်က သူ၏ သွေးပမာဏကို စစ်ဆေးလိုက်ရာ ၄၀ တိုးလာပြီး 【1290/1290】 ဖြစ်သွားခဲ့သဖြင့် အလွန်ကောင်းလှသည်။

ထို့နောက် သူသည် အော်ဟစ်ဇွန်ဘီက ချပေးသော အမြုတေကို ထုတ်ယူကာ အမျိုးသမီးနှစ်ယောက် ရှေ့တွင် ချထားလိုက်၏။

【ပထမအဆင့် အမြုတေ · အော်ဟစ်ခြင်း】

【အရည်အသွေး - ကောင်းမွန်သော (60%)】

【သန့်စင်မှု - 50% (ဘေးထွက်ဆိုးကျိုး - တိုးတိုးပြော၍မရခြင်း)】

【အော်ဟစ်ခြင်း - စွမ်းအင်ကို အသုံးပြု၍ စူးရှသော အော်ဟစ်သံကို ထုတ်လွှတ်နိုင်သည်။】

ဝမ်ထောင်က အမြုတေ၏ ဂုဏ်သတ္တိများကို ကြည့်လိုက်သည်။ သူသိပ်မမျှော်လင့်ထားသော်လည်း အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

၎င်းမှာ အသုံးမဝင်သော စွမ်းရည်တစ်ခု ဖြစ်နေသလိုပင်။

အော်ဟစ်ခြင်း စွမ်းရည်မှာ အသုံးမဝင်သည့်အပြင် ဇွန်ဘီများ ပေါများရာနေရာတွင် အော်ဟစ်ခြင်းမှာ သေလမ်းကို ရှာခြင်းနှင့် ထူးမခြားနားပေ။ "တိုးတိုးပြော၍မရခြင်း" ဟူသော ဘေးထွက်ဆိုးကျိုးမှာ တကယ့်ကို ထောင်ချောက်တစ်ခု ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဤစွမ်းရည်ကို သင်ယူမိပါက အပြင်ထွက်၍ မရဘဲ အခြေစိုက်စခန်းတွင် ပိတ်မိနေလိမ့်မည် မဟုတ်ပါလား။ အပြင်မှာ စကားမပြော

လျှင်တော့ တော်သေးသည် ။၊ မဟုတ်လျှင် စကားပြောလိုက်သည်နှင့် ဇွန်ဘီများကို ဆွဲဆောင်မိလိမ့်မည်...

"ဒါ... ဒါက ဇွန်ဘီအမြုတေလား ၊ အာ..."

လှပသော ခရမ်းရောင် အမြုတေကို ကြည့်၍ လီချို့ယွီက မသိစိတ်ဖြင့် တံတွေး မြိုချလိုက်သည်။ သူမ၏ ပါးစပ်ထဲတွင် တံတွေးများ စီးကျလာပြီး ၎င်းကို စားသုံးလိုသည့် ပြင်းပြသော ဆန္ဒကို ခံစားလိုက်ရသည်။

ဇွန်ဘီအမြုတေကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲ ထည့်ပြီးမှ ဝမ်ထောင်က ပြန်ထုတ်လိုက်ခြင်းဖြစ်ရာ သွေးစွန်းနေခြင်း မျိုးမရှိပါ။ အလွန်သန့်ရှင်းပြီး စက်ဆုပ်ရွံ့ရှာဖွယ် ခံစားချက်မျိုး မရှိပေ။

"ဟုတ်တယ်။ ဒါက ဇွန်ဘီအမြုတေပဲ၊ စားမိရင် စွမ်းရည်ရှင် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်"

ဟန်ရွှေက ပြုံးလျက် ရှင်းပြသည်။

သူမသည် လီချို့ယွီကို ဇွန်ဘီအမြုတေအကြောင်း အကျဉ်းချုပ် ရှင်းပြထားပြီး ဖြစ်သည်။ လီချို့ယွီမှာ ကမ္ဘာကြီး ပြောင်းလဲသွားပုံကို အံ့သြနေမိ၏။ ဗီလာတွင် ကြာရှည်နေခဲ့ရသဖြင့် သူမဘာမျှ မသိခဲ့ပေ..။

."မင်း စားချင်လား ၊ ငါတို့ အခြေစိုက်စခန်းမှာ ဇွန်ဘီအမြုတေတွေ အများကြီးရှိတယ်။ မင်း ငါတို့စခန်းကို လာရင် စွမ်းရည်ရှင် ဖြစ်ဖို့ အခွင့်အရေး ရလိမ့်မယ်"

ဝမ်ထောင်က သူမကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်လိုက်သည်။

သို့သော် လီချို့ယွီက အမြုတေကို စိုက်ကြည့်နေသော်လည်း ခါးသက်သက်သာ ရယ်မောလိုက်၏။

"ရှင် ကျွန်မကို စည်းရုံးဖို့ မလိုပါဘူး"

ဝမ်ထောင်က ပခုံးတွန့်လိုက်သည်။

ဟန်ရွှေက ထပ်မေး၏။

"ဒါပေမဲ့ ရှင်ရဲ့အစားအစာတွေက အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးနော်။ ရှင် ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး..."

"အဟမ်း..တကယ်တော့.. ငါ နင်တို့ကို လိမ်ပြောလိုက်တာပါ"

လီချို့ယွီက သူမ၏ဆံပင်ကို ပြန်သပ်လိုက်ရင်း အနည်းငယ် ရှက်ရွံ့နေသည့်ပုံ ဖြစ်သွားသည်။

"ငါ့မြေအောက်ခန်းမှာ အစားအစာတွေ အများကြီး သိုလှောင်ထားတာ ရှိတယ်။ ငါတို့ မိသားစုက အမြဲတမ်း အစားအစာတွေ စုဆောင်းတတ်တဲ့ အလေ့အကျင့်ရှိပြီး ငါ့သမီးမွေးနေ့အတွက် ဈေးဝယ်ထွက်ထားတာတွေလည်း ရှိတယ်။ ပျက်စီးလွယ်တဲ့ အစားအစာ အများစုတော့ စားပြီးပြီ၊ ဒါပေမဲ့ ဆန်နဲ့ ဂျုံမှုန့်လို ကြာရှည်ခံတဲ့ အစားအစာတွေ ကျန်နေသေးတော့ ငါ အကြာကြီး ဆက်နေနိုင်သေးတယ်။ ငါ့မှာ ဆေးဝါးတွေ၊ ဗီတာမင်တွေ... နောက်ပြီး အိမ်

မှာအသေးစားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်စက်လည်း ရှိတယ်..."

ဝမ်ထောင်နှင့် ဟန်ရွှေတို့နှင့် ဆက်ဆံပြီးနောက် လီချို့ယွီက သူတို့သည် လူကောင်းများ ဖြစ်ကြပြီး သူမကို အန္တရာယ်ပြုမည့်သူများ မဟုတ်ဟု ခံစားရသဖြင့် ဤအကြောင်းကို ပြောပြရန် မတွန့်ဆုတ်တော့ပေ။ အကယ်၍ ဝမ်ထောင်က သူမကို အန္တရာယ်ပြုလိုလျှင် လုပ်ဆောင်ပြီး ဖြစ်​ေ

နေပေလိမ့်မည်။ သူမ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အရေးမကြီးတော့ပါ။

"..."

ဝမ်ထောင်မှာ အလွန် အံ့အားသင့်သွားသည်။

ဗိုင်းရပ်စ် ပျံ့နှံ့ပြီးနောက် သူမ တစ်ယောက်တည်း ကြာရှည်စွာ အသက်ရှင်နိုင်ခဲ့ခြင်းမှာ အကြောင်းရင်း ရှိနေတာကိုး။

"ရှင် ဆက်နေနိုင်သေးတယ်ဆိုတော့ ကျွန်မတို့လည်း ဆက်မပြောတော့ပါဘူး။ ရှင့်ရဲ့ အ

စိန်ကူးပြောင်းသွားရင် ကျွန်မကို ဆက်သွယ်ပေးဖို့ မျှော်လင့်ပါတယ်"

ဟန်ရွှေက လီချို့ယွီကို မနေ့က ဝေါ်ကီတောကီ တစ်လုံး ပေးထားခဲ့သည်။ လျှပ်စစ်ဓာတ်အား ရှိနေသမျှ ကာလပတ်လုံး သူတို့ ဆက်သွယ်နိုင်ကြလိမ့်မည်။

"အင်း..ကျေးဇူးတင်ပါတယ်၊ ရှင်တို့နှစ်ယောက် လမ်းမှာ သတိထားကြပါ..."

မထွက်ခွာမီ ဝမ်ထောင်က လီချို့ယွီကို တံခါးနှင့် ပြတင်းပေါက်များတွင် ပြဿနာ မရှိစေရန် အိမ်ကို စစ်ဆေးပေးပြီးနောက် သူမကို နှုတ်ဆက်လိုက်သည်။

"သနားစရာကောင်းလိုက်တာ..."

ဟန်ရွှေက ခေါင်းခါလိုက်သည်။

သူမက လီချို့ယွီကို လူကောင်းတစ်ယောက်ဟု ခံစားမိ၏။ သူမထက် အသက်ကြီးသော်လည်း သူတို့နှစ်ယောက် ​

ပြောဆိုရ အဆင်ပြေကြသည်။ အခြေစိုက်စခန်းသို့ ခေါ်သွားနိုင်ပါက သူတို့ သူငယ်ချင်းကောင်းများ ဖြစ်လာနိုင်ဖွယ်ရှိ၏။ ကံမကောင်းစွာဖြင့် အခြားသူတွင် သူမ၏ ခံယူချက်များ ရှိနေသည်။ သူမ မလာချင်သဖြင့် သူတို့လည်း အတင်းအကျပ် ခေါ်သွား၍ မရပေ။

ဝမ်ထောင်က ခေါင်းခါလိုက်ပြီး ဘာမျှ မပြောတော့ပါ။

သူတို့နှစ်ယောက် ဗီလာဧရိယာမှ သတိထား၍ ထွက်လာကြပြီး လမ်းတစ်လျှောက် သာမန်ဇွန်ဘီ အနည်းငယ်ကို သတ်လိုက်သည်။ အခြားအထူးဇွန်ဘီများ မတွေ့ရပေ။

နေဦး..စစ်တပ်၏ အဆိုအရ ဤအမြုတေ ချပေးနိုင်သော ဇွန်ဘီများကို ထူးကဲဇွန်ဘီများဟု ခေါ်သင့်၏။

သို့သော် သူတို့နှစ်ယောက် ဗီလာဧရိယာမှ ထွက်လာသည်နှင့် တိုက်ခန်းတွဲ၏ အဝင်ဝတွင် ပေါက်ကွဲဇွန်ဘီ တစ်ကောင်ကို တွေ့လိုက်ရသည်။

【1200/1200】

ဒါ မနေ့က ဗီလာအပြင်ဘက်မှာ ရှိတဲ့ ပေါက်ကွဲဇွန်ဘီတွေထဲက တစ်ကောင် ဖြစ်ရမယ်။ သွေးပမာဏ ၁၂၀၀ ပဲ ရှိတယ်... ။ဝမ်ထောင်မှာ စိတ်ဝင်စားသွားသည်။

တကယ်တော့ သူသည် ပေါက်ကွဲဇွန်ဘီ၏ ခုခံမှုက မည်သို့ရှိသည်ကို မသိသေးပေ။ အကြောင်းမှာ ၎င်းတို့ ပေါက်ကွဲမသွားမီ သူတို့နှင့် ထိတွေ့ခွင့် မရခဲ့၍ ဖြစ်သည်။

သို့သော် ဝမ်ထောင်က ဤပေါက်ကွဲဇွန်ဘီ၏ ခုခံမှုမှာ အလွန်တရာ မများနိုင်ဟု ထင်သည်။ အကြောင်းမှာ ၎င်း၏ ကိုယ်တွင်းအင်္ဂါများ ပေါ်နေပြီး အနည်းငယ် ထိရုံဖြင့် ပေါက်ကွဲတတ်သဖြင့် ခုခံမှုမြင့်သော ဇွန်ဘီနှင့် မတူပေ။ ထို့အပြင် လူကန်းကလည်း ပေါက်ကွဲဇွန်ဘီကို သတ်ရန် ကျည်တစ်ချက်တည်းနှင့် လုံလောက်သည်ဟု ပြောဖူး၏။

သူသည် စနိုက်ပါရိုင်ဖယ်ကို အသုံးပြုခဲ့သော်လည်း ဝမ်ထောင်တွင် ယခုအခါ အတော်လေး စွမ်းအားကြီးသော ဒူးလေးနှင့် လေး ရှိနေသည်။

"မင်း သူ့ဦးခေါင်းကို ထိအောင် ပစ်နိုင်မယ်လို့ သေချာလား"

ဝမ်ထောင်က တိုက်ခန်းတွဲ အဝင်ဝတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေသော ပေါက်ကွဲဇွန်ဘီကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီအရှိန်နှုန်းဆိုရင် မီတာ ၂၀ အတွင်းမှာ ထိအောင် ပစ်နိုင်မယ်လို့ အာမခံတယ်"

ဟန်ရွှေက ယုံကြည်မှုရှိရှိ ပြောသည်။

"ဒါဆိုရင် ခဏနေရင် ငါတို့ သူ့ကို အမဲလိုက်မယ်"

ဝမ်ထောင် အလွန်စိတ်အားထက်သန်နေသည်။ မီတာ ၂၀ အကွာအဝေးမှာ အန္တရာယ် အတော်များများကို ရှောင်ရှားနိုင်ရန် လုံလောက်၏။

သတ်၍ မရလျှင်ပင် သူတို့ လွတ်အောင် ပြေးနိုင်သည်။ အကြောင်းမှာ သူတို့သည် သေနတ်များ မဟုတ်ဘဲ ဒူးလေးများကို အသုံးပြုနေကြ၍ ဖြစ်သည်။ ဒူးလေးများမှာ ပစ်လိုက်ပါက အသံထွက်ပေါ်ခြင်း မရှိသလောက်ဖြစ်ပြီး ဇွန်ဘီများကို ဆွဲဆောင်လိမ့်မည် မဟုတ်ပေ။ ပေါက်ကွဲဇွန်ဘီအနီးရှိ နေရာသာလျှင် ဇွန်ဘီများကို ဆွဲဆောင်နိုင်လိမ့်မည်။

ဝမ်ထောင်က လမ်းကြောင်းလွဲ၍ တိုက်ခန်းတွဲ၏ ခြံစည်းရိုးကို ကျော်တက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ဟန်ရွှေက ဝမ်ထောင်ကို ရုတ်တရက် တို့လိုက်သည်။

"ကြည့်လိုက်"

ဝမ်ထောင်က ဟန်ရွှေ၏ အကြည့်နောက်သို့ လိုက်ကာ မော့ကြည့်လိုက်သည်။

"အင်း"

အဆောက်အဦး (၁) ၏ (၁၂) ထပ်တွင် စာလုံးအချို့ ရေးထားသော ကတ်ထူပြားကြီးတစ်ခု ချိတ်ဆွဲထားသည်။ ဝမ်ထောင်က မှန်ပြောင်းကို ထုတ်၍ ကြည့်လိုက်သည်။

ထိုစာသားများမှာ—

"ငါတို့ စုစုပေါင်း ၇ ယောက် ရှိတယ်။ စင်္ကြံလမ်းမှာ ဇွန်ဘီတွေ သိပ်မရှိဘူး၊ ဒါပေမဲ့ တူကြီးကိုင်ထားတဲ့ ဇွန်ဘီတစ်ကောင် ရှိနေတော့ ငါတို့ အောက်ကို မဆင်းရဲဘူး ၊ ငါ့အသက်ကို ကယ်ပေးပါ၊ မင်းတို့အတွက် ကျွန်ခံပါ့မယ်"

တူကြီးကိုင်ထားတဲ့ ဇွန်ဘီတဲ့ ၊ ဘာဆာကာသွေးဆာဇွန်ဘီတစ်ကောင်လား..

ဝမ်ထောင်က ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူသည် လက်ရှိတွင် တုန်ခါလှိုင်းအမြုတေ လိုအပ်နေသည်။ အကယ်၍ ၎င်းမှာ တကယ်ပင် ဘာဆာကာဇွန်ဘီ ဖြစ်ပါက အခြားဘက်မှ ပြောဆိုချက်ကမှန်ကန်မည်ဆိုလျှင် သူ အန္တရာယ်ယူရန် ဝန်မလေးပေ။

ထို့အပြင် ဤအဖွဲ့ထဲတွင် မနေ့က ဝမ်ထောင်ကို အန္တရာယ်ဖြစ်စေသည့် ဒုက္ခပေးသူ အနည်းဆုံး တစ်ယောက် ရှိနေသည်။ သူသည် ထိုကဲ့သို့သောသူကို လုံးဝ ကယ်တင်မည် မဟုတ်ပေ။ ကယ်တင်ဖို့နေနေသာသာ ထိုသူက သူ့ရှေ့မှာ ပေါ်လာရဲလျှင် ဇွန်ဘီကို လုပ်သလိုမျိုး သူ အသေအချာ ပုဆိန်နှင့် ခုတ်ပစ်မည်ဖြစ်၏။

စာသားများကို ရေးသားသူနှင့် ပတ်သက်၍ ဝမ်ထောင်သည် မနေ့က သူတို့ကို မှန်နှင့် အချက်ပေးခဲ့သော ဉာဏ်ကောင်းသူ ဖြစ်မည်ဟု ထင်သည်။ အရူးတစ်ယောက်သာ အသိဉာဏ်မဲ့စွာ အော်ဟစ်နေမည်ဖြစ်ပြီး ထိုသို့သော နည်းလမ်းကို စဉ်းစားမိမည် မဟုတ်ပေ။

"သူတို့ ကျွန်မတို့ကို မြင်လိုက်လား"

ဟန်ရွှေက စိတ်ဝင်စားနေသည်။ သူမ၏ စနိုက်ပါဒူးလေးမှ မှန်ဘီလူးဖြင့် ကတ်ထူပြားပေါ်ရှိ စာလုံးကြီးများကို မြင်နိုင်သော်လည်း အခန်း၏ ကုလားကာများမှာ ပိတ်ထားသဖြင့် အတွင်းဘက်ရှိ အခြေအနေကို မမြင်နိုင်ပေ။

"မမြင်လောက်ပါဘူး။ သူတို့က ကံစမ်းကြည့်တာ ဖြစ်နိုင်တယ်။ ငါတို့အတွက်တောင် ဖြစ်ချင်မှ ဖြစ်မှာ..."

ဝမ်ထောင်က (၁၂) ထပ်၏ ထောင့်မှ ကြည့်လိုက်လျှင် မနေ့က ရူးသွပ်ဇွန်ဘီများ လိုက်ဖမ်းစဉ် သူတို့ကို မြင်ရနိုင်သည်ဟု ထင်မိသည်။ ဇွန်ဘီများစွာ လိုက်ဖမ်းခြင်း ခံရသဖြင့် ထိုသူတို့က သူနှင့် ဟန်ရွှေ သေသွားပြီဟု ထင်မှတ်ကြလိမ့်မည်.။

. "ခဏလောက် သွားကြည့်ရင် ကောင်းမလား"

ဝမ်ထောင်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

အကယ်၍ ၎င်းမှာ တကယ်ပင် ဘာဆာကာဇွန်ဘီ ဖြစ်ပါက သူ အမြန် ဖြေရှင်းနိုင်လိမ့်မည်။မရလျှင်လည်း ဆေးရည်များကို အသုံးပြုနိုင်၏။ အသုံးမပြုရသေးသော အားဖြည့်ဆေးရည် အချို့ ရှိသေးသည်။

သို့သော် စင်္ကြံလမ်းတွင် သာမန်ဇွန်ဘီများ များပြားနေလျှင်တော့ သူတို့ သတ်နေစရာ မလိုပါ။ ထွက်သွားလိုက်မည်သာ။

သာမန်ဇွန်ဘီများကို မနိုင်၍ မဟုတ်ဘဲ အလိမ်ခံရခြင်းကို သူ မုန်းတီး၍ဖြစ်သည်။

"အိုကေ"

ဟန်ရွှေက ခေါင်းညိတ်သည်။ ယခု သူမတွင် စနိုက်ပါဒူးလေး ရှိနေပြီဖြစ်ရာ သူမ၏ ယုံကြည်မှုမှာ တိုးတက်လာသည်။

သို့သော် သူတို့နှစ်ယောက် သွားရန် ပြင်လိုက်စဉ် ကုလားကာများ ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ခေါင်းတစ်လုံး ထွက်လာသည်။

ဝမ်ထောင်က မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ၎င်းမှာ မနေ့က အရူးတစ်ယောက်ဆိုလျှင် သူသည် ဟန်ရွှေကို ဆွဲခေါ်ကာ အဆောက်အဦး (၂) ရှိ ဗီလာသို့ ပြန်သွားမည်သာ။

တစ်စုံတစ်ယောက်က ထပ်ပြီး အော်ဟစ်နေပါက သူတို့ လုံခြုံသည့်နေရာ ရောက်သည်နှင့် ပုဆိန်ယူ၍ အပေါ်တက်ကာ ထိုသူကို ခုတ်ပစ်မည်ဟု ကျိန်ဆိုလိုက်သည်။

ကံကောင်းစွာပင် မနေ့က အော်ဟစ်ခဲ့သည့် အမျိုးသမီး မဟုတ်ပေ။

အခြားသူမှာ စကားမပြောရဲဘဲ ဝမ်ထောင်ကိုသာ ရူးသွပ်စွာ ဝှေ့ယမ်းပြနေသည်။

ဝမ်ထောင်က မှန်ပြောင်းဖြင့် ကြည့်လိုက်ရာ ရွှေဘောင်မျက်မှန်တပ်ထားပြီး ပညာတတ်ပုံပေါက်သည့် လူတစ်ယောက် ဖြစ်နေသည်။ ကောဟွာသည် အလေ့အကျင့်အတိုင်း ကုလားကာကို ဆွဲဖွင့်၍ ကြည့်လိုက်ရာ အောက်ဘက်တွင် ဝမ်ထောင်နှင့် ဟန်ရွှေကို မြင်လိုက်ရခြင်းဖြစ်သည်။

"ဒါ မနေ့က လူနှစ်ယောက်ပဲ""

"သူတို့ မသေဘူးပေါ့ ၊ ရူးသွပ်ဇွန်ဘီတွေ အများကြီး လိုက်ဖမ်းတာကိုမှ မသေဘူးဆိုတော့ ဒီလူတွေက တော်တော် သန်မာတာပဲ"

ကောဟွာမှာ အလွန် စိတ်လှုပ်ရှားနေသည်။

သူသည် ဤနေရာတွင် တစ်လကျော် ပိတ်မိနေပြီး ဤလူများမှလွဲ၍ အခြား အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မမြင်ခဲ့ရပေ။

ထွက်ပြေးရန် လမ်းမရှိတော့ပါက အပြင်ထွက်၍ အန္တရာယ်ယူမည် သို့မဟုတ် (၁၂) ထပ်မှ ဆင်းမည်ဟု စိတ်ကူးထားပြီး ဖြစ်သည်။

နည်းလမ်းနှစ်ခုလုံးက သေခြင်းတရား

နှင့်နီးစပ်သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ မကြာမီ အပြင်မထွက်ပါက သူ ငတ်သေလိမ့်မည်။

စင်္ကြံလမ်းတွင် တူကိုင်ဇွန်ဘီသာ မရှိပါက သူ အပြင်ထွက်ရန် ပို၍သေချာ၏။ သို့သော် ထိုဇွန်ဘီက အလွန် ကြောက်စရာကောင်းသည်။ ထွက်ပေါက်ကို တိုက်ရိုက် ပိတ်ဆို့ထား၏။

ထွက်ပြေးရန် ကြိုးစားသော အသက်ရှင်ကျန်ရစ်သူ သုံးယောက်ကို တူတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ဖြစ်သွားစေသည့် မြင်ကွင်းကို သူ ကိုယ်တိုင် မြင်ဖူးသဖြင့် ထိုအရာက တစ်သက်လုံး မေ့နိုင်မည် မဟုတ်သော အိပ်မက်ဆိုးကြီးပင်။ ကောဟွာက ဝမ်ထောင်နှင့် ဟန်ရွှေကို မြင်သောအခါ သူ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိလိမ့်မည်ဟု ခံစားရသည်။

သူတို့သည် ဇွန်ဘီများကို လွယ်လွယ်ကူကူ ပစ်သတ်နိုင်သည်ကို ကိုယ်တိုင် မြင်ခဲ့ရသည်။ သူတို့မှာ သာမန်လူများ မဟုတ်ကြပေ။

ကံမကောင်းစွာဖြင့် ထိုအခွင့်အရေးကြီးကို အရူးမ ရှဲ့ရှားကြောင့် အလဟဿ ဖြစ်သွားရသည်။ သူတို့ကိုတောင် သေလုနီးပါး ဖြစ်သွားစေခဲ့၏။

ကောဟွာက နောင်တနှင့် အားမလိုအားမရ ဖြစ်သော်လည်း လက်မလျှော့ခဲ့ပေ။ ဝမ်ထောင် ရောက်လာခြင်းက သူ့ကို မျှော်လင့်ချက် ပေးလိုက်သည်။ အပြင်ဘက်တွင် အသက်ရှင်ကျန်ရစ်သူများ ရှိနေသေး၏။

ထို့ကြောင့် ယနေ့မနက် အစောပိုင်းတွင် အခြားသူများ အိပ်ပျော်နေစဉ် သူသည် ဆိုင်းဘုတ်တစ်ခု ပြုလုပ်၍ ချိတ်ဆွဲထားလိုက်သည်။ တစ်စုံတစ်ယောက် မြင်

သွားလျှင် အကျိုးရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အခန်းထဲတွင် ဘာမှလုပ်စရာမရှိသဖြင့် သူ သတိရတိုင်း ခေါင်းထုတ်ကြည့်လေ့ရှိသည်။ယခုလို အသက်ရှင်ကျန်ရစ်သူများကို အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟုတော့ သူ ထင်မထားခဲ့ပါ။

မနေ့က လူနှစ်ယောက်ပင်...။

သူသည် ရူးသွပ်စွာ ဝှေ့ယမ်းပြသော်လည်း အသံထွက်ရဲခြင်း မရှိပေ။

သို့သော် ကောဟွာမှာ အလွန် စိုးရိမ်နေသည်။ ရှဲ့ရှားက သူတို့ကို မနေ့က ဒုက္ခပေးခဲ့သဖြင့် သူတို့ ပြန်မလုပ်လျှင်ပင် ကံကောင်းလှပြီ၊

ငါတို့ကို ကယ်တင်ပါ့မလား...

သူထင်သည့်အတိုင်းပင် အမျိုးသမီးက အကိုင်းအခက်တစ်ချောင်းကို ယူ၍ ဖုန်ထူသော မြေပြင်ပေါ်တွင် စာလုံးလေးလုံး ရေးလိုက်သည်။

အရူးတွေကို မကယ်ဘူး။

ဤစာလုံးလေးလုံးကို မြင်သောအခါ ကောဟွာ နောင်တရမိသည်။ အခွင့်အရေးမှာ အလဟဿ ဖြစ်သွားလေပြီ။

သို့သော် ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သော အမျိုးသမီးက မြေပေါ်ရှိ စာသားများကို ဖျက်ပစ်ပြီး စာကြောင်းတစ်ကြောင်း ပြန်ရေးလိုက်သည်။

"အသံမထွက်ဖို့ အာမခံရင် ငါတို့ လာမယ်"

ဤစာကြောင်းကို မြင်သောအခါ ကောဟွာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလာသည်။

သူသည် အမြန် လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဝမ်ထောင်ကို အရိုအသေပေးလိုက်သည်။ သို့သော် သူ ချက်ချင်း အာမခံမပေးသေးဘဲ ခဏရပ်တန့်ရန် အချက်ပြပြီးမှ ခေါင်းပြန်ရုပ်လိုက်သည်။

"သူ ဘာလို့ ထွက်သွားတာလဲ"

ဟန်ရွှေမှာ နည်းနည်း စိတ်ရှုပ်သွားသည်။

ဝမ်ထောင်ကမူ မျက်ခုံးပင့်လိုက်သည်။

"သူ အခြားသူတွေကို ငြိမ်အောင် လုပ်နည်း ရှာတော့မှာလေ..."

၁၀ မိနစ်ခန့် ကြာပြီးနောက် ကောဟွာက ခေါင်းပြန်ထုတ်ကာ 'အိုကေ' ဟု အချက်ပြသည်။

"မင်း ဘယ်လိုထင်လဲ"

ဟန်ရွှေက ဝမ်ထောင်ကို ကြည့်လိုက်သည်။

"သွားကြည့်ရအောင်"

ဝမ်ထောင်က လေးနှင့်မြားကို ကိုင်၍ ရှေ့မှ လမ်းလျှောက်သွားပြီး ဟန်ရွှေက လိုက်ပါလာသည်။

အဆောက်အဦး (၁) ၏ အဝင်ဝ တံခါးမှာ ပွင့်နေပြီး တစ်ချက်ကြည့်လိုက်သော်လည်း ဇွန်ဘီ တစ်ကောင်မျှ မတွေ့ရပေ။

ဝမ်ထောင်က သတိကြီးကြီးဖြင့် ဝင်ရောက်ကာ လှေကားထစ်များဆီသို့ သွားလိုက်သည်။ ဇွန်ဘီ မရှိသေးပေ။

သူတို့နှစ်ယောက် အပေါ်ထပ် တက်သွားရာ (၅) ထပ်အရောက်တွင် ဧရာမ ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဘာဆာကာဇွန်ဘီကြီး...။

ဝမ်ထောင်က ၎င်း၏ ခေါင်းပေါ်ရှိ သွေးပမာဏကို မြင်လိုက်ရသောအခါ ပါးစပ်မှာ ရုတ်တရက် ပြုံးသွားသည်။

【1000/1000】

သွေးပမာဏ ၁၀၀၀ ပဲ ရှိတာလား ၊ သာမန် သူထက်တောင် နည်းသေးတယ်။

စင်္ကြံလမ်းမှာ ရှည်လျားသော်လည်း ဝမ်ထောင် ဘာဆာကာဇွန်ဘီကို မြင်လိုက်ရချိန်တွင် ၎င်းကလည်း သူ့ကို မြင်လိုက်ရသည်။

"ဂီး..ဂစ်ဂစ်."

ဘာဆာကာဇွန်ဘီက ချက်ချင်းပင် တူကြီးကို ဆွဲလာပြီး အောက်ကို ဆင်းလာတော့မည်။

ဝှစ်..

ဟန်ရွှေက မြားတစ်စင်း ပစ်လိုက်ရာ ဘာဆာကာဇွန်ဘီ၏ ဦးခေါင်းတွင် တိကျစွာ စိုက်ဝင်သွားသော်လည်း အထဲအထိ မရောက်သွားပေ။

【-319】

ဝမ်ထောင်ကလည်း လက်မနှေးပါ ။ လေးကို ဆွဲ၍ မြားသုံးစင်း ဆက်တိုက် ပစ်လိုက်သော်လည်း တစ်စင်းသာ ထိပြီး မျက်နှာကို ထိသွားသည်။

【-73】

ဝမ်ထောင်က လေးကို စွန့်လွှတ်၍ ပုဆိန်ကို ဆွဲကာ အားကုန် ခုန်တက်လိုက်သည်။

【-426】

【-182】

【0/1000】

ဘုန်း...

ဘာဆာကာဇွန်ဘီမှာ မြေပေါ်သို့ ပြိုကျသွားသည်။

"ပုဆိန်ကသာ အဆင်ပြေဆုံးပဲ"

စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ဝမ်ထောင်က သူ၏ သွေးပမာဏ ၄၀ တိုးလာပြီး 【1330/1330】 သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။ တုန်ခါလှိုင်းအမြုတေ အပြာရောင်တစ်လုံးနှင့် အားဖြည့်ဆေးရည် (အသေး) နှစ်ပုလင်းကို ကောက်ယူပြီးနောက် သူနှင့် ဟန်ရွှေတို့ အပေါ်ထပ်သို့ ထပ်တက်သွားသည်။

မကြာမီ သူတို့နှစ်ယောက် (၁၂) ထပ်သို့ ရောက်သွားသည်။ ဤထပ်ရှိ လှေကားထစ် တံခါးမှာ ပိတ်ထားပြီး ဝမ်ထောင်က အသာအယာ ခေါက်လိုက်သည်။

မကြာခင်မှာပင် တံခါးရှိ မှန်ငယ်လေးမှတစ်ဆင့် စွန်းထင်းနေသော ဝတ်စုံနှင့် ရွှေဘောင်မျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက် စိတ်လှုပ်ရှားစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။

သူသည် တံခါးကို အမြန်ဖွင့်လိုက်ပြီး စကားမပြောမီ ဝမ်ထောင်က မေးလိုက်သည်။

"အဲဒီအရူးက နောက်ထပ် အော်မှာ မဟုတ်ဘူးလို့ သေချာလား"

ကောဟွာမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ၏ အမူအရာမှာ ရက်စက်သွားသည်။

"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

ဝမ်ထောင်က သူ့နောက်သို့ လိုက်၍ အခန်းထဲ ဝင်သွားရာ သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားပြီး တုန်လှုပ်နေသည့် မျက်နှာများဖြင့် ကြည့်နေသည့် လူအချို့ကို တွေ့လိုက်ရသည်။

အထူးသဖြင့် ဝမ်ထောင်ကို သူတို့ ကြောက်ရွံ့နေကြသည်။ သူ၏ ခန္ဓာကိုယ်မှာ စင်္ကြံလမ်းရှိ ဇွန်ဘီထက် မနည်းသော ကြောက်မက်ဖွယ်ကောင်းမှုမျိုး ခံစားရစေသည်။ ဤလူစု၏ အလယ်ဗဟိုတွင် အဘွားအိုတစ်ယောက်ကို ကြိုးတုပ်၍ မြေပြင်ပေါ် ပစ်ထား၏။

သူမမှာ မနေ့က အော်ဟစ်ခဲ့သည့် ရှဲ့ရှားပင် ။

"အွတ်—အွတ်—"

သူမက ဝမ်ထောင်ကို မြင်သောအခါ နတ်ဆိုးကို မြင်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည်။ တစ်စုံတစ်ခု ပြောချင်သော်လည်း ပါးစပ်ကို ပတ်တီးဖြင့် ပိတ်ထားသဖြင့် စကားမပြောနိုင်ပေ။

ကောဟွာသည် သူမဘေးသို့ လျှောက်သွားပြီး ဓားမြောင်တစ်ချောင်းကို ရုတ်တရက် ထုတ်လိုက်သည်။

ဝမ်ထောင်နှင့် ဟန်ရွှေတို့ပင် တုံ့ပြန်ချိန် မရလိုက်မီ သူ ရုတ်တရက် ခုတ်လိုက်သည်။

ဒုတ်..

ဓားမြောင်က သူမ၏ လေပြွန်ကို ဖြတ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး ကောဟွာ၏ မျက်နှာပေါ်သို့ စင်ကုန်သည်။

အားလုံးမှာ ကြောင်အသွားကြသည်။

ကောဟွာက လှည့်လာပြီး ဝမ်ထောင်ကို တည်ကြည်သော မျက်နှာဖြင့် ပြောသည်။

"သူ နောက်ထပ် အော်တော့မှာ မဟုတ်ဘူး"

"???"

ဝမ်ထောင်မှာ ဆွံ့အသွားသည်။ ငါ ပြောချင်တာက အဲဒီလို မဟုတ်ဘူးလေ ။

အခြား အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်လန့်လွန်းသဖြင့် ပါးစပ်ကို အမြန် ပိတ်ထားကြပြီး ကိုယ်ခန္ဓာများ တုန်ယင်ကာ မျက်ရည်များ ဝဲလာကြသည်။

သူတို့ ကယ်တင်ခံရတော့မည့်အချိန်တွင် တစ်စုံတစ်ယောက် သေဆုံးသွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ ၊ သူတို့၏ အဖော်က သူ့လက်ဖြင့် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

သူတို့အားလုံး ဤအဘွားအိုကို မုန်းတီးကြသော်လည်း သူမ၏ ပြစ်မှုမှာ သေဒဏ်ပေးလောက်အောင် မဟုတ်ပါ။

မိမိတို့ကိုယ်တိုင်၏ အကျိုးစီးပွားကို မထိခိုက်သည့် အခြေအနေတွင် လူအများစုမှာ သဘောထားကြီးတတ်ကြသည်။

ထိုအချိန်တွင် အခန်းထဲမှ ငယ်ရွယ်သော အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

"အဘွား၊ သမီး ဗိုက်ဆာတယ်... အဘွား..."

"အို၊ တစ်ယောက် ကျန်သေးတာ ငါ မေ့သွားတယ်..."

ကောဟွာက သွေးစွန်းနေသော မျက်နှာဖြင့် ဓားမြောင်ကို ကိုင်ကာ လျှောက်သွားသည်။

"အဘွား၊ သား..ဗိုက်—အာ—"

ခဏအကြာတွင် ကောဟွာ သွေးများ စွန်းထင်းလျက် ပြန်ထွက်လာသည်။

"အစ်ကိုကြီး၊ နောက်ထပ် ဘယ်သူမှ အော်တော့မှာ မဟုတ်ဘူး"

ကောဟွာက ဝမ်ထောင်ကို အရိုအသေပေး ပြောပြီးနောက် ခေါင်းကို လှည့်၍ အခန်းထဲရှိသူများကို ရက်စက်စွာ ကြည့်လိုက်သည်။

"မင်းတို့လည်း အရူးလို အော်ကြဦးမှာလား"

"အွတ်—အွတ်—"

အားလုံးမှာ ပါးစပ်ကို အမြန် ပိတ်ထား၍ ခေါင်းခါလိုက်ကြသည်။ လူနှစ်ယောက်မှာ အလွန် ကြောက်လန့်နေကြပြီး ယခု သူ၏ အကြည့်ကြောင့် ဆီးပင် ပေါက်သွားကြသည်။

လူအုပ်စု၏ တုံ့ပြန်မှုကို ကြည့်၍ ကောဟွာမှာ ရွံရှာသော ခံစားချက်ကို ရလိုက်သည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

"အသုံးမဝင်တဲ့ အမှိုက်တွေ၊ ငါ မင်းတို့ကို သည်းခံလာတာ ကြာပြီ"

------

All Chapters